သွားပြီ
Vol. 7 Ch. 94
အငှါးတိုက်ခန်းလေး၏ အပြင်ဘက်တွင် နေရောင်ခြည်များ နွေးထွေးစွာ ကျရောက်နေ၏။
လင်းချွမ်တစ်ယောက် ပန်ကာရှေ့တွင် ရှိနေသော်လည်း နဖူး၌ ချွေးသီးပေါက်များ စို့နေလေသည်။
ယုယွီ၏စာကိုကြည့်ရင်း မှင်တက်နေ၏။
ယုယွီရော ပါတာလား။ မဟုတ်သေးပါဘူး။
ကျန်း၊ ရှချင်းချင်း၊ ရှန်ချန်းချန်း၊ ယုယွီ…
မဖြစ်ဘူး။ ငါ တစ်ယောက်တည်း မနိုင်ဘူးလေ။
လင်းချွမ် မတတ်သာဘဲ စာပြန်လိုက်သည်။
“ယုယွီ ကျွန်တော် အဲ့နေ့တော့ အန်လင်းမှာ မရှိလောက်ဘူး။ အားနာပါတယ်နော်”
“ကောင်းပါပြီ”
ယုယွီ နှုတ်ခမ်းလေးစူ၍ စာပြန်လိုက်၏။
ထိုစဉ် တိမ်မည်းများမှ နေရောင်ခြည်ကို ဖုံးအုပ်ကာ ရုတ်တရက် လျှပ်စီးများလက်၍ မိုးပေါက်များ ကျလာတော့သည်။
မိုးလေညင်းမှာ အခန်းထဲအထိ ဝင်လာပြီး ခြောက်သွေ့ပူအိုက်မှုများကို သယ်ဆောင်သွား၏။
လင်းချွမ် ပြတင်းအပြင်မှ မိုးပွင့်များကိုကြည့်ရင်း သက်ပြင်းချလိုက်မိလေသည်။
သို့သော် သူ့စိတ် မပြင်ဆင်နိုင်သေးမီ ဖုန်းမြည်လာပြန်သည်။
တီ တီ တီ—
ရှန်ချန်းချန်း ဖြစ်၏။
ဟင်။
သူ လန့်ဖျပ်နေသော်လည်း ဖုန်းဖြေရန် နှိပ်လိုက်သည်။
“ဆရာလင်း မင်္ဂလာပါ”
“ရဲမေရှန် မင်္ဂလာပါ”
လင်းချွမ် ပြန်နှုတ်ဆက်လိုက်၏။
“ပထမဆုံးအနေနဲ့ အန်လင်းရဲစခန်းနဲ့ ပူးပေါင်းဖြစ်သွားတာ ဝမ်းသာပါတယ် ဆရာလင်း။ နောက်တစ်ခုက ကျားဖြန့်ဆန့်ကျင်ရေး အက်ပ်အတွက် စတူဒီယို ၇၂၀ က အဓိက တာဝန်ယူဖြစ်သွားတာလည်း ဂုဏ်ယူပါတယ်နော်”
“ကျေးဇူးပါဗျာ”
လင်းချွမ် ရယ်မော၍ ပြန်ဖြေလိုက်သည်။
“ဆရာလင်းမှာ ဒီလိုအလုပ်တွေ အများကြီး ရှိနေမယ်လို့ ဘယ်သူက ထင်မှာလဲ။ အရည်အချင်းကလည်း တကယ့် ကျွမ်းကျင်အဆင့်ပဲ။ ရှင် စာရေးတာကနေ ပိုက်ဆံ သိပ်မရမှာစိုးလို့ ကျွန်မသူငယ်ချင်းတွေကို subscribe လုပ်ဖို့ လိုက်ပြောခဲ့ရတာ”
ရှန်ချန်းချန်း ရယ်မော၍ ပြောနေ၏။
လင်းချွမ် သက်ပြင်းချကာ
“ဒီလိုမျိုး ဂရုတစိုက် ပြောပေးတာ ကျေးဇူးပါ ရဲမေရှန်ရယ်”
“ဘယ်လို ကျေးဇူးပြန်ဆပ်မယ် တွေးထားလဲ”
“အာ အဲ့တာက…”
“နောက်တာပါ”
ရှန်ချန်းချန်း ရယ်မော၍ ပြော၏။
“တခြားကိစ္စ ပြောမလို့လား”
“ရှင့်ကျေးဇူးနဲ့ ကျွန်မ အခု ကျားဖြန့်ဆန့်ကျင်ရေး အဖွဲ့ထဲ ရောက်သွားပြီ”
“ဟုတ်လား”
လင်းချွမ် အံ့ဩသွားမိ၏။
“ရဲဘော်လင်းချွမ် ကျွန်မကိုယ်ကိုယ် တရားဝင် မိတ်ဆက်ပါမယ်။ ကျွန်မက အန်လင်းရဲစခန်း ကျားဖြန့် တိုက်ဖျက်ရေးအဖွဲ့က ရှန်ချန်းချန်းပါ။ အက်ပ်အတွက် လိုအပ်တဲ့အချက်အလက်တွေ ကူးသန်းဖြန့်ဝေဖို့ ပူးပေါင်းသွားပါမယ်”
ရှန်ချန်းချန်း အားကြိုးမာန်တက် ပြောနေသည်။
“အက်ပ်က ခွင့်ပြုမိန့် ကျလာပြီလား”
လင်းချွမ် မျက်ခုံးလေးပင့်ကာ ပြောမိ၏။
မည်သို့ပင်ဖြစ်စေ ရင်းနှီးပြီးသော ရဲမေရှန်နှင့် အလုပ်တွဲလုပ်ရမည်မှာ ပိုကောင်းပါသည်။
“မင်္ဂလာပါ ရဲမေရှန်”
ရှန်ချန်းချန်း လည်ချောင်းရှင်း၍
“ရဲဘော်လင်းချွမ် အထူးခွင့်ပြုမိန့်က ကျပြီးပါပြီ။ လက်ရှိမှာ စတူဒီယို ၇၂၀ က ဦးဆောင်ပြီး ကျင်းထန်၊ ကြေးနီနံရံနဲ့ ဂလက်ဆီ နည်းပညာကုမ္ပဏီတွေက ကူညီပေးပါလိမ့်မယ်”
ရှန်ချန်းချန်းမှ ရှင်းပြ၏။
“ကောင်းပါပြီ”
“နောက်ပြီး မနက်ဖြန်မနက် (၉) နာရီကို ပရောဂျက် စတင်ခြင်းပွဲရှိတယ်။ အန်လင်းရဲစခန်း အစည်းအဝေးခန်းမမှာပဲ။ ကနဦး အစီအစဉ်တွေလည်း ဆွေးနွေးမှာပေါ့”
“ရပါတယ်”
လင်းချွမ် ပြန်ဖြေလိုက်သည်။
“ဆရာလင်း တိုးတက်ရေး အစီအစဉ်ကလေ…”
နှစ်ဦးသား အလုပ်အကြောင်း ဆက်၍ ပြောကြလေသည်။
လင်းချွမ်ပြောရသည်ကတော့ များ၏။
ရှန်ချန်းချန်းမှာ တက်တက်ကြွကြွဖြင့် မှတ်စုလိုက်ရေးနေသည်။
သတိမထားမိမီမှာပင် မိုးစဲသွားလေပြီ။
ကောင်းကင်၌ နေပြန်ပွင့်လာပြီး မိုးရေစက်များမှာ ရွှေရောင်တလက်လက် ထနေ၏။
ရှန်ချန်းချန်း လက်မှနာရီကို တစ်ချက် လှမ်းကြည့်၍ ပြုံးကာ
“ရဲဘော်လင်းချွမ် ညစာစားချိန်တောင် ရောက်နေပြီပဲ။ ကျွန်မ လာခေါ်ရမလား”
“ဟင်”
လင်းချွမ် လန့်သွား၏။
“ဒီည ချိန်းထားတာ ရှိလို့လား”
ရှန်ချန်းချန်း တစ်ဖက်မှ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“မ မရှိပါဘူး”
“ဒါဆို နောက်နာရီဝက်လောက်နေရင် ရှင့်အိမ်အောက်မှာ စောင့်နေမယ်နော်”
“ဟုတ်ကဲ့”
လင်းချွမ် ခေါင်းကုတ်၍ နေဝင်ချိန်ကို လှမ်းကြည့်မိ၏။
‘ညစာ အတူစားတာပဲကို ဘာကြောက်စရာရှိလဲ’
လင်းချွမ် တီရှပ်အား နမ်းကြည့်လိုက်ပြီးနောက် ရေချိုးခန်းဆီ ထထွက်သွားပြီး ရေမိုးချိုးရင်း သီချင်းပင် ညည်းနေလေသည်။
“…”
နာရီဝက်အကြာတွင်။
လင်းချွမ် အောက်ထပ်သို့ ဆင်းလာပြီး ခိုးကြောင်ခိုးဝှက်နှင့် ကျန်းရှင်းရှင်း တွေ့သွားမည်ကို စိုးရိမ်နေမိသည်။
ထို့ကြောင့် ဂိတ်တံခါးအထိ လျှောက်သွားပြီး စောင့်နေလိုက်သည်။
မကြာမီ မာစီဒီးကားလေး ထိုးရပ်လာ၏။
လင်းချွမ် ထိုကားမှာ ရွှယ်ချီချီ၏ကားမှန်း မှတ်မိပါသည်။
“ဆရာလင်း ဘာတွေတွေးနေတာလဲ။ ဒီကားနဲ့ လာခေါ်တာ အဆင်ပြေတယ်မလား”
“ပြေပါတယ်”
လင်းချွမ် ပြုံး၍ ဘေးခုံတွင် ဝင်ထိုင်လိုက်သည်။
“ဒီနေ့ မိုးရွာထားတော့ နေဝင်တာ လှတယ်နော်။ မြစ်ဘေးက လေကလည်း လတ်ဆတ်နေမှာ။ မြစ်ကမ်းဘေးဆိုင်ကို သွားကြမလား”
ရှန်ချန်းချန်းမှ အကြံပေးလိုက်၏။
လင်းချွမ်လည်း ထိုင်ခုံခါးပတ်ပတ်ရင်း
“အဲ့ဆိုင်က ဟင်းတွေ မဆိုးပါဘူး”
မကြာမ္ စားသောက်ဆိုင်ရှေ့ ရောက်လာကြပြီး လမ်းဘေးတစ်နေရာ၌ ကားရပ်ထားလိုက်သည်။
“လမ်းကူးကြမယ်”
ဆိုင်မှာတစ်ဖက်လမ်းဘက်တွင် ရှိနေပါသည်။
လင်းချွမ် ထိုနေရာတစ်ဝိုက်ကို အတော်ကျွမ်းနေပြီ ဖြစ်၏။
ဝန်ထမ်းလေးမှ သူတို့ကို တွေ့သောအခါ
“အစ်ကို ဘိုကင်တင်ထားသေးလားဗျ”
လင်းချွမ် ခေါင်းယမ်းပြရန် ပြင်လိုက်စဉ် ရှန်ချန်းချန်း ခေါင်းငြိမ့်၍
“နေ့လယ်က တင်ထားပါတယ်။ ရှန်မျိုးရိုးနာမည်နဲ့ပါ”
“ဟုတ်ကဲ့ ဒီဘက် ကြွပါဗျ”
ဝန်ထမ်းလေးမှ ဦးဆောင်၍ ခေါ်သွားလေသည်။
“ရဲမေရှန် ဘိုကင်တင်တဲ့အချိန်က စောနေတယ် မဟုတ်ဘူးလား”
“အစက တစ်ယောက်တည်း လာစားမလို့ပါပဲ။ နောက် ရှင်နဲ့ ဖုန်းပြောရင်း ဒီအချိန် ရောက်သွားတော့ လိုက်ကျွေးဖြစ်သွားတာ”
“ဟုတ်ပါပြီဗျာ”
လင်းချွမ် ရယ်မော၍ ပြောလိုက်သည်။
ထို့နောက် နှစ်ယောက်သား ထောင့်တစ်နေရာ၌ ထိုင်ကာ စားပွဲထိုးလေး ရောက်လာသည်။
“ဘာများ သုံးဆောင်မလဲဗျ။ ကျွန်တော်တို့ဆီမှာ ပုစွန်ဟင်း နာမည်ကြီးပါတယ်”
“ပုစွန် မစားတော့ဘူး”
လင်းချွမ် ထ၍ငြင်းလိုက်သည်။
သူ ပုစွန်အသံကြားရုံဖြင့် ကြောက်နေလေပြီ။
“ဒါဆိုလည်း ပုစွန်မပါဘဲ မှာကြတာပေါ့”
ရှန်ချန်းချန်း အဆင်ပြေသလို မှာလိုက်၏။
ရှန်ချန်းချန်းမှာ ပန်းပွင့်အဆင် ဂါဝန်လေး ဝတ်ဆင်ထားပြီး ဖိနပ်အပါးလေးအား ပေါ့ပေါ့ပါးပါး စီးထားသည်။
မျက်နှာလေးမှာလည်း ကြည်လင်ရှင်းသန့်၍ သဘာဝကျကျ လှနေသည်။
“ကျွန်မတို့ ထမင်းအတူမစားရတာ တော်တော် ကြာပြီနော်”
“ဟုတ်ပါ့”
“ရှင်က ဒီတစ်လော အလုပ်ရှုပ်နေတာကိုး”
ရှန်ချန်းချန်းမှ စလိုက်၏။
“ကျွန်မ တချို့ပြစ်မှုတွေ တိုင်ပင်စရာတော့ ရှိတယ်။ ရှင်မအားမှ စိုးနေတာ”
“အခု မင်းက ကျားဖြန့်ဆန့်ကျင်ရေးအဖွဲ့ထဲ ရောက်နေပြီပဲ။ သက်သက်ကြီး တိုင်ပင်စရာ မလိုတော့ပါဘူး”
“ဒါရိုက်တာကျန်း ပြောတာတော့ ရှင် အဲ့နယ်ပယ်မှာ သိပ်တော်တာဆို။ အဲ့တာ ပိုတောင် တိုင်ပင်ရဦးမယ်”
“အပြန်အလှန် ဆွေးနွေးကြတာပေါ့ဗျာ”
“ရှင် စာရောရေးဖြစ်သေးလား”
ရှန်ချန်းချန်း ဆံနွယ်လေးများ သပ်ရင်း ပြောလိုက်သည်။
လင်းချွမ် ခေါင်းငြိမ့်ပြ၏။
“ကျွန်မ ချီချီ့ဆီက ကြားတာတော့ စာရေးဆရာတွေ အိမ်ထဲမှာပဲ တစ်နေကုန် ထိုင်နေရင် အကြံမရတော့ဘဲ စိတ်ရှုပ်လာတတ်တယ်တဲ့”
“မှန်သင့်သလောက် မှန်ပါတယ်”
“ရှင် အပြင်လေးဘာလေးသွားဖို့ စိတ်ကူး မရှိဘူးလား”
“ဟင်”
ရှန်ချန်းချန်းမှ ဆက်၍
“ယွန်းထျန်းမှာ ရှုခင်းတွေ အရမ်းလှတယ်လို့ ကြားတယ်။ နှင်းဖုံးနေတဲ့ တောင်ထိပ်ရယ်၊ အာဟိုင်ရေကန်ရယ် စာရေးဆရာတွေအတွက် စိတ်ကူးကောင်းတွေ သေချာပေါက် ထွက်နိုင်တဲ့ နေရာပဲ”
“အဲ့တာက…”
လင်းချွမ် တွေဝေနေ၏။
“အလုပ်သမားနေ့ကျရင် ယွန်းထျန်းကို ခရီးထွက်ကြမလားဟင်”
လင်းချွမ် ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။
ရှန်ချန်းချန်းမှ
“ရှင့်ရဲ့ပရိသတ်အနေနဲ့ စာပေကောင်းတွေ ထွက်စေချင်လို့ပါ။ မဟုတ်ရင် ဝတ္ထုအသစ် မဖတ်ရတော့ဘူးလေ”
“ဘယ်ပရိသတ်က စာရေးသူကို ခရီးခေါ်သွားလို့လဲ”
“အာ အမှန်တော့ ကျွန်မ ယွန်းထျန်း သွားလည်ချင်နေတာ ကြာပြီ။ ဒါပေမဲ့ ချီချီက အမြဲ ရှင့်သူငယ်ချင်းနဲ့ဆိုတော့ အဖော်မရှိဘူး ဖြစ်နေတာ”
ရှန်ချင်းချင်း နှုတ်ခမ်းလေးစူ၍ မျက်နှာငယ်ဖြင့် ပြောလေသည်။
ထိုစဉ် ဖုန်းမြည်လာ၏။
တီ တီ တီ—
“ရဲမေရှန် ကျွန်တော် ဖုန်းခဏ ပြောလိုက်ဦးမယ်နော်”
လင်းချွမ် ထထွက်လာပြီး ဖုန်းကိုင်လိုက်သည်။
ရှချင်းချင်း ဖြစ်၏။
“ချင်းချင်း ဘာကိစ္စရှိလို့လဲ”
“လင်းချွမ် ရှင် ညစာကို ရှင့်ငွေကြေးတာဝန်ခံ ကောင်မလေးနဲ့ စားနေတာလား”
ရှချင်းချင်း နှုတ်ခမ်းလေးစူကာ မေးလိုက်၏။
“ဟင် မဟုတ်ပါဘူး”
“မဟုတ်ဘူးလား”
သူ့မျက်နှာလေး ချက်ချင်း ဝင်းပသွားပြီး
“ဒါဆို ကျွန်မ ညစာလိုက်ကျွေးမယ်”
“ဘယ်လို”
“မကြိုက်ဘူးလား”
“အာ အဲ့လိုမဟုတ်ပါဘူး။ ကျွန်တော် အခု စားနေပြီမို့လို့”
“ကောင်းပါပြီ”
ရှချင်းချင်း အောက်နှုတ်ခမ်းလေး အသာကိုက်၍
“ကျွန်မတစ်ယောက်တည်း စားရတော့မယ် ထင်ပါတယ်”
လင်းချွမ် သက်ပြင်းချကာ ဖုန်းချလိုက်သည်။
ထို့နောက် စားပွဲသို့ ပြန်ရောက်လာ၏။
စားစရာများ ရောက်နေပြီဖြစ်၍ လင်းချွမ် စစားရန် ပြင်လိုက်သည်။
ထိုစဉ် ဘေးမှ ရင်းနှီးနေသောအသံလေး ပေါ်လာလေ၏။
“လင်းချွမ်။ ချန်းချန်း။ နင်တို့လည်း ရောက်နေတာလား”
စံပယ်ရနံ့သင်းပျံ့ပျံ့ပါ နှာခေါင်းထဲ တိုးဝင်လာပြီး လင်းချွမ် ရင်တဒိတ်ဒိတ်ဖြင့် မော့ကြည့်လိုက်သည်။
ရှချင်းချင်းပင်။