← Chapters

စက်ရုံကနေ ထွက်ပြေးရမှာလား

Vol. 7 Ch. 96

စက်ရုံကနေ ထွက်ပြေးရမှာလား

Vol. 7 Ch. 96

ပျော်ရွှင်ခြင်း ရပ်ကွက်။ 

ကျန်း အမှောင်ထဲမှ ထွက်လာ၏။ 

“ကျန်း အခုထိ

မအိပ်သေးဘူးလား”

လင်းချွမ် အံ့ဩကာ မေးလိုက်သည်။ 

“အင်း အခုထိပဲ”

သူ့ပုံစံမှာ လင်းချွမ် ထင်ထားသည်နှင့် တခြားစီ ဖြစ်နေ၏။ 

“ချင်းရှုဘက်က ရုံးခန်းအတွက် ပြင်စရာတွေ ရှိနေလို့ပါ”

သူ ဂုဏ်ယူစွာပြုံး၍ ပြောလိုက်သည်။ 

လင်းချွမ် မျက်ခုံးလေးပင့်လျက်

“ကျန်း တစ်နေ့ခင်းလုံး ကုမ္ပဏီကိစ္စတွေ လုပ်နေတာလား”

“ဟုတ်တာပေါ့”

ကျန်းပြုံးလျက်

“စတူဒီယိုက တိုးတက်ဖို့ လုပ်ရမှာရော၊ ရဲစခန်းနဲ့ ပူးပေါင်းဖို့ရော ရှိနေတယ်လေ။ အလုပ်တွေမှ အများကြီးပဲ”

“ဟုတ်တယ်နော်”

လင်းချွမ် ခေါင်းငြိမ့်လိုက်မိသည်။ 

“ဒီအက်ပ်ကိစ္စသာ ကောင်းကောင်း ပြီးသွားရင် အရမ်း သက်ရောက်မှုကြီးမှာ”

ကျန်းမျက်လုံးအရောင်များ တောက်နေ၏။ 

လင်းချွမ်က

“ဟုတ်တယ်။ တရားဝင်ပရောဂျက်က မနက်ဖြန် ကြေညာတော့မှာ။ ကုမ္ပဏီကြီးတွေလို ကြိုးစားကြတာပေါ့”

“စတူဒီယိုမှာက ဝန်ထမ်းတော့ မလုံလောက်ဘူးနော်”

“ဟုတ်တယ်။ လူတွေတော့ ထပ်ခန့်ရဦးမှာ”

“ဒီည ကျွန်မ စီစဉ်ထားလိုက်မယ်”

ကျန်း ပြုံး၍ ပြောလိုက်သည်။ 

“ကြိုးစားပေးတာ ကျေးဇူးတင်ပါတယ် ငွေကြေးတာဝန်ခံကြီးရယ်”

လင်းချွမ် ရယ်မော၍ ပြောလေ၏။ 

“တခြားရော”

“ကျန်းက ပိုင်ရှင်ပေမဲ့ အကုန် ကိုယ်တိုင်စီစဉ် လုပ်ကိုင်နေတာပဲ။ ဘာထပ်ပြောစရာ ရှိလို့လဲ”

လင်းချွမ် ပြန်မေးသည်။ 

ကျန်း သူ့ကို မော့၍ ငေးကြည့်ကာ

“ကုမ္ပဏီအပြင်က ကိစ္စဆိုရင်ရော”

လင်းချွမ် နေရခက်စွာဖြင့်

“အဲ့တာဆို စောစောအိပ်တော့လေ။ အရမ်း နောက်ကျအောင် မနေနဲ့”

“ဒါပဲလား”

လင်းချွမ် သူ့ကို မျက်မှောင်ကြုတ်ကြည့်၍ ခဏစဉ်းစားကာ

“အင်း ဒါဆို အတူအိပ်ကြမလား”

“အင်း”

လင်းချွမ် ပြုံး၍

“ဒါဆို လိုအပ်တာ သွားယူလိုက်ဦးမယ်”

“တော်ပါ။ အိပ်မက်သာ မက်နေ”

ကျန်း ပြုံး၍

“အလုပ်သမားနေ့ကျရင် ကုမ္ပဏီခရီး သွားကြမလား”

လင်းချွမ် သက်ပြင်းချ၍

“ကျွန်တော် ယွန်းထျန်းဘက်ကိုသွားဖို့ ပြောထားပြီးနေပြီ”

“ခုနက အမျိုးသမီး (၂) ယောက်လား”

“ဟုတ်တယ်။ ဒီအတိုင်း စိတ်ကူးအသစ်တွေ ခံစားနိုင်အောင် အပျော်သွားတာပါ”

လင်းချွမ် ပြန်ရှင်းပြလေသည်။ 

“ရှင့်မှာ ပရိသတ်တွေ များသားပဲ”

ကျန်း သူ့ကိုကြည့်၍

“ကျွန်မပါ လိုက်ခဲ့လိုက်မယ်လေ”

“ကျန်း အဲ့တာက သင့်တော်ပါ့မလား”

“ကျွန်မက စတူဒီယို ၇၂၀ ရဲ့ ငွေကြေးတာဝန်ခံပဲကို။ လိုက်တာ ဘာထူးဆန်းလို့လဲ”

“ဒါပေမဲ့ မင်းက တက္ကသိုလ်ကျောင်းသူလေ။ ဦးလေးကျန်းကရော သဘောတူမှာတဲ့လား။ မင်းရဲ့ ဘွဲ့စာတမ်းတင်ဖို့ ကိစ္စကရော”

ကျန်း ငြိမ်ကျသွား၏။ 

လင်းချွမ် ထိုအခွင့်ကောင်းကို နင်း၍

“မင်းက ဘွဲ့ရတဲ့အထိ စောင့်ပါဦး။ အဲ့အခါမှ ခရီးထွက်လည်း နောက်မကျသေးပါဘူး”

ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် အပေါ်ထပ်သို့ ပြေးတက်လာခဲ့သည်။ 

“ကျွန်မ ဘွဲ့ရပြီးလို့ကတော့ ရှင့်ကို လုံးဝ ဖျက်ဆီးပစ်မယ်”

ကျန်း လှမ်းအော်ရင်း ကျန်ခဲ့လေသည်။ 

မကြာမီ အမှောင်ထု ကွယ်ပျောက်၍ နေရောင် ပြန်ထွက်လာသည်။ 

အားလုံးလည်း အလုပ်ကိုယ်စီ ရှုပ်နေကြ၏။ 

လင်းချွမ် အက်ပ်ရေးဆွဲခြင်းဖြင့် ရှုပ်နေပြီး ကျန်းလည်း ကုမ္ပဏီသစ်အတွက် အစီအစဉ်များ ဆက်တိုက်ဆွဲနေရသည်။ 

ဤသို့ဖြင့် နေ့ရက်များ ကုန်ဆုံးကာ အလုပ်သမားနေ့သို့ ရောက်လာတော့သည်။ 

မေလ (၁) ရက်နေ့။ 

လင်းချွမ်၏ စာအုပ်အသစ် “လှည့်ဖျားခြင်း” လည်း ထွက်ရှိလာခဲ့၏။ 

လင်းချွမ်နင်မက ဝမ်ကျီခန်နှင့် အခြား စာရေးဆရာများလည်း အပြိုင်အဆိုင် စာအုပ်များ ထွက်လာကြသည်။ 

ပြိုင်ပွဲမှာ မေလ (၁) ရက်နေ့မှ (၃၁) ရက်နေ့အထိ ဖြစ်၍ ယခုတည်းက တင်ထားမှ ဖြစ်ပေမည်။ 

ယခုအချိန်တွင် လင်းချွမ်ကတော့ ယွန်းထျန်းတက္ကသိုလ်၌ မနက်စာစားလျက် ရှိပြီး ထိုင်ခုံမှာ အနောက်လှန်နိုင်သည့် ခေါက်ကုလားထိုင် ဖြစ်လေသည်။ 

သူတို့ ဧပြီလ (၃၀) ရက်နေ့ညတည်းက လေယာဉ်စီးလာခဲ့ပြီး ရိုးရိုးတန်းတွင် သက်တောင့်သက်သာ မရှိဘဲ မိန်းကလေးများမှ မှီနေကြ၍ လင်းချွမ် တစ်လမ်းလုံး နေရခက်စွာ ပါလာခဲ့သည်။ 

ထို့နောက် ယွန်းထျန်းသို့ ညသန်းခေါင်ချိန်တွင် ရောက်လာလေ၏။ 

ရဲမေနှစ်ဦးမှာ ဘေးအခန်းတွင်ရှိနေပြီး အိပ်ရာထကြသေးပုံ မပေါ်ပေ။ 

လင်းချွမ် ထိုအချိန်အတွင်း သူ့စာအုပ်အသစ်ကို အာရုံစိုက်နေလိုက်၏။ 

သူ့ပရိသတ်အဖွဲ့ထဲသို့ စာသွားပို့လေသည်။ 

“အစ်ကိုတို့ စာအုပ်အသစ် ထွက်ပြီနော်”

ထို့နောက် စာအုပ်လင့်ခ်ကိုပါ တွဲပို့ပေးလိုက်သည်။ 

သူ့စာကိုတွေ့သောအခါ ပရိသတ်များ အပြေး ရောက်လာ၏။ 

“ဆရာလင်းက စာအုပ်အသစ် ထုတ်ပြီပဲ”

“ကြည့်လိုက်ဦးမယ်။ ဒါကကျ ကျားဖြန့်ဂိုဏ်းမှာ ကြုံရတဲ့ အတ္ထုပတ္တိပဲ”

“ဒီသံသယရှိသူလင်းကတော့ ဟန်တောင်မဆောင်နိုင်တော့ဘူးပဲ”

“ဆရာလင်း အခုဘယ်မှာလဲ။ တရုတ်မှာပဲလား”

“မေးမနေပါနဲ့။ သေချာပေါက် နိုင်ငံခြားက ကျားဖြန့်စက်ရုံထဲမှာပေါ့”

သူ ထိုစကားများကို ရိုးနေလေပြီ။ 

ထို့နောက် 

“ယွန်းထျန်းမှာ နေတဲ့သူရှိလား”

သူ့မေးခွန်းကြောင့် အားလုံး ဆူညံသွားကြသည်။ 

“နေပါဦး။ မစ္စတာလင်းက ယွန်းထျန်းမှာလား”

“ဟုတ်မှာပေါ့”

“ယွန်းထျန်းက အစ်ကိုတို့။ သတိသာထားနေနော်။ ကျားဖြန့်ပစ်မှတ် ဖြစ်လာမယ်”

“မစ္စတာလင်းက ငါတို့ကို ရောင်းစားတော့မလို့ ထင်တယ်”

“…”

လင်းချွမ် မနေနိုင်တော့ဘဲ ခုခံရလေ၏။ 

“ဒီလူတွေကတော့ စာအုပ်မဖတ်ရသေးဘဲ လာစွပ်စွဲနေတာပဲ။ ဒါ ကျားဖြန့်ဆန့်ကျင်ရေးအတွက် ရေးထားတာကွ”

ဘယ်လို။ 

ထိုအခါမှ အားလုံးအံ့ဩငြိမ်သက်သွားကြ၏။ 

“လွန်ခဲ့တဲ့ (၁၀) နှစ်က ကေကေစက်ရုံထဲ ဝင်ခဲ့တယ်”

“…”

ပထမဆုံးနေ့ဖြစ်၍ သူ (၁၅) ပိုင်းသာ ထုတ်ထားသေး၏။ 

“ဒီမှာ ဒါ ဆန့်ကျင့်တာလား။ ရိုးရိုး ကျားဖြန့် အကြောင်းလေ”

“ဟုတ်တယ်”

“ကျွန်တော် စက်ရုံကနေ ထွက်ပြေးလာဖူးပါတယ်။ သူရေးထားတာနဲ့ အထဲမှာ တစ်ထပ်တည်းပဲ”

“တကယ်ကြီးလား”

“ကျွန်တော် မလိမ်ပါဘူး။ အလောင်းအိတ်ထဲ ဝင်ပုန်းရင်း ထွက်ပြေးခဲ့ရတာပါ”

“မဟုတ်တာတွေ။ စာရေးဆရာနဲ့ ပေါင်းကြံနေတာလား”

လင်းချွမ် စာများလိုက်ဖတ်ရင်း ငြိမ်နေ၏။ 

အပြင်တွင် ဝမ်ကျီခန်၏ စာအုပ်ကဲ့သို့ ထွက်ပြေးရန် သေချာပေါက် မလွယ်ပါ။ စွမ်းဆောင်ရည်ကျလျှင် တခြားနေရာသို့ ရောင်းစားခံရဦးမည်။ 

သူ ခဏစဉ်းစား၍ ပြန်မေးလိုက်၏။ 

“ခင်ဗျား အထဲမှာတုန်းက ဘယ်အပိုင်းမှာ လုပ်ခဲ့တာလဲ”

“ငါးဖမ်းတဲ့နေရာပါ”

“ဘာငါးဖမ်းတာလဲ”

ကျန်လူများ နားမလည်ကြပေ။ 

“သူတို့ချင်း လျှို့ဝှက် ဆက်သွယ်နေတာလား”

လင်းချွမ် ထပ်ရှင်းပြရပြန်သည်။ 

“ငါးဖမ်းတယ်ဆိုတာ အွန်လိုင်း ရင်းနှီးမြှုပ်နှံမှုနဲ့ လိိမ်တာမျိုးပေါ့”

“ခင်ဗျား တကယ် ထွက်ပြေးလာနိုင်တာလား”

“အံဩစရာပဲ”

“ဒီအကြောင်းတွေ သေချာသိမှာပေါ့”

“ဆရာ့စာအုပ်ထဲမှာ ပိုစုံပြီး အသေးစိတ်ကျပါတယ်။ ဒီအကြောင်း ကောင်းကောင်းသိချင်ရင် သူ့စာအုပ်ကို ဖတ်ကြည့်လိုက်ပါ”

လင်းချွမ် အပြစ်ရှိသလိုပင် ခံစားလိုက်ရသည်။ 

“ဒါနဲ့ ခင်ဗျား ထွက်ပြေးလာပြီးတော့ အပြစ်ပေးခံရသေးလား”

“ဒါပေါ့။ ဒါပေမဲ့ စက်ရုံထဲ ကြာကြာ မနေတာရယ်၊ ဝန်ခံလိုက်တာရယ်ကြောင့် အပြစ်က မကြီးပါဘူး”

“ခင်ဗျား လျှောက်ပြောနေတယ် ထင်နေတာ။ တကယ်ကြီးပဲ”

“ဂုဏ်ယူပါတယ်။ ဘဝအသစ်မှာ နေတော့နော်”

“အားလုံး ကျေးဇူးပါဗျာ”

ထိုစဉ် လင်းချွမ်ကို အာရုံစိုက်လာကြပြန်၏။ 

“ဟိုအစ်ကိုတော့ ဝန်ခံပြီးပြီ။ စာရေးဆရာကြီး ခင်ဗျား အလှည့်နော်”

“အရမ်းမဆိုးသေးရင် ချက်ချင်း ပြန်လွတ်မှာပါ”

“အခု စောင့်ကြည့်ခံနေရရင် အီမိုဂျီပဲ ပြန်ပို့လိုက်။ ကျွန်တော် ရဲကို အကြောင်းကြားပေးမယ်”

All Chapters