← Chapters

အသရေဖျက်ခြင်း

Vol. 7 Ch. 98

အသရေဖျက်ခြင်း

Vol. 7 Ch. 98

မကြာမီ ယုယွီ မဖြစ်နိုင်သော သူ့အတွေးနှင့်သူ ကျေနပ်နေမိ၏။ 

ဂိုဏ်းထဲမှ ထွက်ပြေးရန်ပင် မလွယ်ကူသည်ကို ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးရန် မည်သို့ ဖြစ်နိုင်မည်နည်း။ 

ထို့အပြင် ဖြစ်လာမည့်အန္တရာယ်များမှာလည်း မတွေးရဲစရာပေ။ 

“အယ်ဒီတာကောင်း တစ်ယောက်အနေနဲ့ ငါ့ရတနာလေးကို ကူညီဖို့ နည်းလမ်းတော့ စဉ်းစားရမယ်”

ယုယွီ ယခုပြိုင်ပွဲကိုလည်း များစွာ မျှော်လင့်ထား၏။ 

လင်းချွမ်သာ ဆုတစ်ခုမှ မရလျှင် သူ့အတွက်လည်း အကျိုးမရှိပေ။ 

ထို့ကြောင့် သေချာစဉ်းစားရင်း နောက်ဆုံး တိုက်ရိုက်ထုတ်လွှင့်ခြင်းဖြင့် ကြော်ငြာရန် ဆုံးဖြတ်လိုက်သည်။ 

နောက်ဆုံးတစ်ခေါက်က ‘ကျွမ်းကျင်လှသော လုပ်ကြံသူ’ ဝတ္ထုကို စုချန်းချန်း တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့သည်။ 

ထို့ကြောင့် ယုယွီ စိတ်ပိုင်းဖြတ်ပြီးနောက် စုချန်းချန်းအား ချက်ချင်း ဆက်သွယ်လိုက်တော့သည်။ 

စုချန်းချန်းမှာ ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်နှင့် မကြာခဏ ပူးပေါင်းလေ့ ရှိသောကြောင့် ဆက်သွယ်ရန် မခက်ခဲပါ။ 

“ဟယ်လို ချန်းချန်းလား။ တို့ယုယွီပါ။ ရွက်လွှင့်ခြင်း ဝက်ဘ်ဆိုဒ်က အယ်ဒီတာလေ”

“ဟယ်လို ယုယွီ ပြော”

“ရှင် စာအုပ်တစ်အုပ်လောက် ကြော်ငြာပေးနိုင်မလားလို့ပါ။ ဘယ်လို ယူလဲမသိဘူး”

“ဘယ်စာအုပ်လဲ”

“လှည့်စားခြင်းပါ”

မကြာမီ စုချန်းချန်းထံမှ စာပြန်လာ၏။ 

“ကိစ္စမရှိပါဘူး။ ဒီညတောင် live လွှင့်စရာ ရှိတယ်။ စာအုပ်အကြောင်း ထည့်ပြောပေးမယ်လေ”

“ကောင်းတာပေါ့”

ယုယွီမျက်နှာလေး ဝင်းလက်သွား၏။ 

“ဘယ်လောက်ကျလဲ မသိဘူးနော်”

“ပေးစရာ မလိုပါဘူး”

ယုယွီ နားမလည်နိုင်သလို အီမိုဂျီလေး ပြန်ပို့လိုက်သည်။ 

အလကား ကြော်ငြာပေးမှာလား။ 

ပုံမှန်ဆို ကြော်ငြာခက ရာထောင်ချီနေတာကို။ 

ဒီကနေပဲ အကျိုးအမြတ် ရချင်လို့ လုပ်နေကြတာလေ။ 

စုချန်းချန်းမှ

“ကျွန်မ သူ့အရင်စာအုပ်တုန်းက အရမ်းကြိုက်တာလေ။ ‘ကျွမ်းကျင်လှသော လုပ်ကြံသူ’ ကို နှစ်ခေါက်တောင် ဖတ်ထားတာ”

စုချန်းချန်း ပုံမှန်လည်း သူကြိုက်သည့် ဝတ္ထုများဆိုလျှင် ပရိသတ်များအား ညွှန်းပေးလေ့ ရှိပါသည်။ 

ညွှန်းစရာ စာအုပ်ကောင်း မရှိပါက လျှို့ဝှက်သည်းဖို ရုပ်ရှင်မျိုး အတူကြည့်လေသည်။ 

ယုယွီ ရယ်မော၍ ရေရွတ်မိလိုက်၏။ 

‘လင်းချွမ်ရယ် ရှင်ကတော့ တစ်ခုခုပဲ ဟင်။ follower သန်းချီရှိတဲ့သူကတောင် ရှင့်ပရိသတ်တဲ့’

ထို့နောက် စုချန်းချန်းအား စာပြန်လိုက်၏။ 

“ဒါဆို အဆင်ပြေသွားတာပေါ့။ ဒီတစ်ခေါက်က သူ ကျားဖြန့်တိုက်ဖျက်ရေးအကြောင်း ရေးထားတာ။ အဲ့စက်ရုံဝန်းအကြောင်းရော။ သွေးထွက်သံယိုလည်း နည်းနည်းပါတယ်။ ပြောလိို့ အဆင်ပြေရဲ့လား”

“ပြေတာပေါ့”

စုချန်းချန်းမှာ ထိုကဲ့သို့ အကြောင်းအရာမျိုးကို ရှာနေခြင်း ဖြစ်လေသည်။ 

…

ညနေ (၆) နာရီ။ 

စုချန်းချန်း၏ တိုက်ရိုက်ထုတ်လွှင့်မှု စတင်လေပြီ။ 

နောက်ခံပုံစံမှာတော့ ရင်းနှီးနေသော စာအုပ်များစွာနှင့်အခန်း ဖြစ်၏။ 

စုချန်းချန်းမှာ အစိမ်းရောင် ရှပ်အင်္ကျီလေးကို ဝတ်ဆင်ထားပြီး နက်မှောင်နေသော ဆံနွယ်များအား အပေါ်တွင် စုချည်ထား၏။ 

သူ စတင်သည်နှင့် ပရိသတ်များ ချက်ချင်း စုဝေး ရောက်ရှိလာသည်။ 

အများစုမှာတော့ အကြောင်းအရာကို စိတ်ဝင်စား၍ မဟုတ်ဘဲ စုချန်းချန်းအလှကြောင့် ဖြစ်လေသည်။ 

[ချန်းချန်း ဒီနေ့ ထူးဆန်းနေတယ်နော်။ ထူးထူးဆန်းဆန်းကြီး ချစ်စရာကောင်းနေတာ]

[ငါတို့ချင်းမတွေ့တာ (၃) နှစ်တောင် ရှိပြီနော်]

စုချန်းချန်း ပြုံး၍

“ကျွန်မ မနေ့ညကတင် live လွှင့်သေးတယ်လေ။ ဘယ်လိုလုပ် (၃) နှစ်လဲ”

[တစ်ရက်လေး မတွေ့ရတာနဲ့ တစ်နှစ်လို့ ခံစားရတာပါပဲ]

စုချန်းချန်း ရယ်မောနေမိသည်။ 

“ရှင် အဲ့စကားတွေ အပြင်မှာပြောရင် ရည်းစား ရနေလောက်ပြီ”

[မဟုတ်တာ။ ဒီစကားတွေက မင်းလေးတစ်ယောက်ပဲ နားထောင်ရမှာ။ အပြင်မှာတွေ့တဲ့ တစ်ယောက်ကို ပြောတုန်းကတော့ ပါးရိုက်ပြီး ခွေးသူတောင်းစားလို့ ဆဲသွားတယ်]

[အဲ့လို ကြမ်းတမ်းတဲ့သူလည်း မကြိုက်ပါဘူး။ ချန်းချန်းလို ထက်မြက်ပြီး နူးညံ့တဲ့သူကို ကြိုက်တာ]

[ချန်းချန်း ဒီနေ့ ဘာစာအုပ် ညွှန်းပေးမှာလဲ]

[ကျွန်တော် မကြောက်ပါဘူး။ အခုပဲ ပြောလိုက်ပါ ချန်းချန်းရယ်]

စုချန်းချန်း ပြုံး၍

“ဒီနေ့ဖတ်ပြမယ့်စာအုပ်က အရင်ဖတ်ဖူးတဲ့ စာရေးဆရာဟောင်းတစ်ယောက်ပဲ”

[ဘယ်သူများလဲ။ မနောက်နဲ့နော်]

[ကျွန်တော် လန့်သွားပြီ။ တာဝန်ယူရတော့မယ်]

[…]

စုချန်းချန်း ဖုန်းထုတ်၍ ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်ကို ဖွင့်ကာ

“အားလုံးပဲ ကျွမ်းကျင်လှသော လုပ်ကြံသူကို မှတ်မိကြသေးလား”

[ဝါး သိတာပေါ့။ အဲ့စာအုပ်ဖတ်ပြီး တစ်ပတ်လောက် ထမင်း မစားနိုင်ဘူး]

[တရားခံလင်းက စာအုပ်အသစ် ထွက်တာလား]

[စိတ်လှုပ်ရှားစရာပဲ]

စုချန်းချန်းမှ ဆက်၍

“ဒီတစ်ခါကတော့ ကျားဖြန့်တိုက်ဖျက်ရေး ပြိုင်ပွဲအတွက် ‘လှည့်စားခြင်း’ ဆိုတဲ့စာအုပ်

ထွက်ထားတာ”

ထို့နောက် ကွန်ပျူတာ မျက်နှာပြင်တွင် ဝတ္ထုစာမျက်နှာများ ပေါ်လာလေသည်။ 

‘လွန်ခဲ့တဲ့ (၁၀) နှစ်က ကျွန်တော် ကေကေစက်ရုံထဲ ဝင်ခဲ့တယ်’

‘…’

သူတို့ စိတ်ဝင်တစား ဖတ်လိုက်ပြီးနောက် (၁၅) ပိုင်းစလုံး ပြီးသွားပြီး မိနစ် (၂၀) မျှသာ ကြာလိုက်သည်။ 

[ဒါပဲလား။ တိုလိုက်တာ]

[သူ ဘယ်လိုလိမ်မလဲ သိချင်လာပြီ]

[ချန်းချန်းရေ ပြိုင်ပွဲဝင်ဝတ္ထု သေချာရဲ့လား။ သူ့အတ္ထုပတ္တိ ထင်တယ်နော်]

[ဟုတ်တယ်]

[မင်ရဲ့ စာအုပ်လိုပဲ]

[ဘယ်က မင်လဲ]

[စက်ရုံထဲမှ ခုနှစ်များ ရေးတဲ့သူလေ]

မင်ဆိုသူလည်း ကိုယ်တိုင် live လွှင့်၍ ကြော််ငြာကာ ကြည့်ရှုသူ (၂) သန်းကျော် ရှိ၏။ 

မင်၏ တိုက်ရိုက်ထုတ်လွှင့်မှု။ 

[ဆရာ့စာအုပ်က တကယ့်အဖြစ်အပျက်လား]

[အရမ်း လက်တွေ့ဆန်တာပဲ]

[ဆရာ နိုင်ငံထဲ ဘယ်လို ပြန်ရောက်လာတာလဲ]

[ဆရာ ဆက်တင်ပေးပါဦး။ ကျွန်တော်ဖြင့် ညက အိပ်လို့တောင် မပျော်ဘူး]

တီရှပ်အနက်ဝတ်ထားသော မင်ဆိုသူမှာ မျက်နှာကို ပုံစံပြင်လျက်

“ထောက်ပံ့ပေးကြတာ ကျေးဇူးပါ အစ်ကိုတို့ရယ်။ ဒါတွေက အကုန် အဖြစ်မှန်ချည်းပါပဲ။ ကျွန်တော့် အမှားကနေ သင်ခန်းစာ ယူနိုင်ကြရင် ကောင်းမယ်”

[ဆရာ အဲ့လိုရေးတာ အပိတ်မခံရဘူးလား]

[အတိုင်ခံရရင် ဘယ်လိုလုပ်မလဲ]

[အဲ့လိုတော့ မဖြစ်လောက်ဘူး။ ဒါနဲ့ ဆင်တူတာ ထွက်ထားသေးတယ်]

[ဆင်တူတာလား]

[ဟုတ်တယ်။ လှည့်စားခြင်းတဲ့]

ရုတ်တရက် ကြည့်ရှုသူများ လင်းချွမ်၏ စာအုပ်ကို သွားရှာ၍ ဖတ်ကြည့်လိုက်ကြသည်။ 

[အရမ်းတူနေတယ်လေ]

[လင်းဆိုတဲ့သူလည်း ထွက်ပြေးလာတဲ့ထဲက ဖြစ်ရမယ်]

[ဒါနဲ့ နှစ်ယောက်က အဲ့လောက် တိုက်ဆိုင်တာလား]

[ဘာကို ဆိုလိုတာလဲ]

[လိုက်ခိုးချတာပေါ့]

[သူတို့ ထုတ်ဝေတာ တစ်ရက်တည်းပဲ။ အဲ့လိုတော့ မဟုတ်သေးဘူး]

[အမလေး ခိုးချတဲ့သူတွေကို အထင်သေးလိုက်တာပဲ။ မင်က ဒါမျိုးအကြောင်း အရင်လည်း ရေးဖူးတယ်လို့ ပြောတယ်လေ]

[မဟုတ်သေးဘူး။ လင်းရဲ့ အရင်စာအုပ်တွေကရော]

[အဲ့တာတော့ မသိဘူးလေ။ သူခိုးကိုယ်တိုင်ပဲ သိမှာပေါ့]

[အဲ့လိုပဲ မဟုတ်တာတွေ ပြောနေတော့မှာလား]

ယုယွီ မကျေမနပ် ပြန်ရန်ဖြစ်နေမိ၏။ 

သူ အခြားအပြစ်တင်မှုများကို လက်ခံနိုင်သော်လည်း ထိုသို့ ခိုးချသည်ဟု စွပ်စွဲခြင်းကိုတော့ လုံးဝ သည်းမခံနိုင်ပါ။ 

ဒါ အသရေဖျက်တာပဲ။ 

All Chapters