← Chapters

သူက တကယ့်ဘုရင်ပဲ

Vol. 7 Ch. 103

သူက တကယ့်ဘုရင်ပဲ

Vol. 7 Ch. 103

လူသူရှင်း၍ တိတ်ဆိတ်သော လမ်းမအလယ်တွင် လင်းချွမ်တို့ရန်ပွဲ စတင်လေသည်။ 

သူ့ဘေးတွင်တော့ စကတ်အဖြူလေးနှင့် ရှန်ချန်းချန်း ရှိနေသည်။ 

ဗလကြီးများမှာ ချက်ချင်း တုတ်၊ ဓားများဆွဲကာ အနားကပ်လာကြသည်။ 

ရှေ့ဆုံးမှ ဦးဆောင်လာသူမှာတော့ ဝေ့နှင့် အစ်မမိုင်တို့ ဖြစ်၏။ 

“လင်းချွမ် နီးလာရင် ရှင် ထွက်ပြေးတော့။ ကျွန်မ ဒီမှာ အချိန်ဆွဲထားမယ်။ လင်းကန်ရဲအဖွဲ့လည်း ခဏနေ ရောက်တော့မှာပါ”

ရှန်ချန်းချန်း (၁၀) ယောက်ကျော်သော လူအုပ်ကိုကြည့်ကာ ပြောလိုက်၏။ 

သူ မှုခင်းရဲအဖွဲ့၌ အလုပ်လုပ်နေသောကြောင့် တိုက်ခိုက်ရေးမှာတော့ မထူးဆန်းလှပေ။ 

သို့သော် ကွန်ပျူတာရှေ့ အမြဲထိုင်နေသော လင်းချွမ်အတွက်တော့ စိတ်ပူမိ၏။ 

လင်းချွမ်မှာ တစ်ဖက်အဖွဲ့ကိုကြည့်၍ ပြုံးကာ

“ကိစ္စမရှိပါဘူးဗျာ”

“အဲ့တာဆိုလည်း ဂရုစိုက်နော်”

ရှန်ချန်းချန်း စိုးရိမ်နေဆဲ ဖြစ်၏။ 

ထိုစဉ် အနားရောက်လာသော အစ်မမိုင်မှ

“မင်းရဲ့ အမာခံပရိသတ်က ဘယ်သူလဲ”

“ခင်ဗျားက အစ်ကိုပိုင့် အွန်လိုင်းချစ်သူမလား”

လင်းချွမ် ပြုံး၍ ပြောလိုက်သည်။ 

သူ့ပုံစံမှာ ယုံကြည်ချက်အပြည့်ဖြင့် စိုးရိမ်ကြောက်လန့်နေခြင်း အလျင်းမရှိပေ။ 

အစ်မမိုင် မျက်မှောင်ကြုတ်သွားပြီး

“မင်းက သူ့ကို လာကယ်တာလား”

လင်းချွမ် ခေါင်းငြိမ့်၍ ရယ်မောလျက်

“ခန့်မှန်းတာ တစ်ဝက်တော့ မှန်တယ်”

“တစ်ဝက်လား”

“သူပဲ မဟုတ်ဘူး။ အကုန်လုံးကို ကယ်မှာ”

“အမလေး ဝက်ထပ်ဖမ်းရသေးတာပေါ့”

ဝေ့မှ ဒေါသတကြီး ဝင်ပြောလေသည်။ 

လင်းချွမ်ကတော့ သူ့ကို ဂရုမစိုက်ဘဲ ကားအနောက်ခန်းဘက်သို့ လှမ်းအော်၏။ 

“အစ်ကိုပိုင်ရယ် အွန်လိုင်းချစ်သူဆီ မသွားပါနဲ့လို့ ပြောသားပဲ။ အခုတော့ ကျွန်တော်ပြောတာ ယုံပြီမလား”

အထဲမှ ပိုင် မျက်လုံးလေး ပြူးသွား၏။ 

ဆရာလင်း လာကယ်ပြီ။ 

ဝူး ဝူး ဝူး—

သူ့ပါးစပ်ကို တိပ်ဖြင့် ပိတ်ထားသောကြောင့် တဝူးဝူး အသံသာ ထွက်နေသည်။ 

မည်သို့ပင်ဖြစ်စေ လင်းချွမ် သူ့အသံကို ကြားရပါသည်။ 

“ကောင်းပါပြီဗျာ”

“မင်း သူ့ကို စိတ်မပူခင် ကိုယ့်ကိုယ်ကိုယ် အရင်စိတ်ပူသင့်တာကွ”

မိုင် မျက်မှောင်ကြုတ်လျက်

“စကြဟေ့”

တစ်ဖက်တွင် ဗလကြီးများစွာနှင့် အခြားတစ်ဖက်မှာတော့ လူငယ် မိန်းကလေးနှင့် ယောက်ျားလေးတို့ ရှိလေသည်။ 

“နေဦး”

ရှန်ချန်းချန်းမှ ထအော်၏။ 

ထို့နောက် သေနတ်ကို အမြဲဆွဲထုတ်လိုက်ပြီး ချိန်၍

“ငါက အန်လင်းမှုခင်းအဖွဲ့က ရဲပဲ။ အားလုံး သံသယရှိသူအဖြစ် ဖမ်းဆီးတယ်။ လက်နက်ချပြီး လက်နွေ ခေါင်းပေါ်တင်ထားပါ” 

ရဲလား။ 

သေနတ်နဲ့လား။ 

အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ 

ရှန်ချန်းချန်း မျက်နှာထားတည်လျက် ထပ်အော်၏။ 

“လက်နက်ချပြီး လက်တွေကို ခေါင်းပေါ် တင်ထားပါ”

အစ်မမိုင်နှင့် ဝေ့တို့လည်း အချင်းချင်း ကြည့်လိုက်ပြီး ဘာဆက်လုပ်ရမည်မသိ ဖြစ်နေသည်။ 

ထိုစဉ် ဝေ့ ရှန်ချန်းချန်းအား စိုက်ကြည့်၍

“ကောင်မလေး အဲ့တာ အရုပ်သေနတ်မလား။ ဘယ်သူ့ကို လာလိမ်ဖို့ တွေးနေတာလဲ”

ရှန်ချန်းချန်း ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။ 

သူ့လက်ထဲမှ သေနတ်မှာ အမှန်ပင် အရုပ် ဖြစ်လေသည်။ လမ်းတွင် လင်းချွမ်မှ အရုပ်သေနတ်များ ဝင်ဝယ်၍ စီစဉ်ခဲ့ခြင်း ဖြစ်သည်။ “ငါ့ရှေ့မှာ ဒီလိုလှည့်စားရဲတာ တော်တော် သတ္တိရှိတာပဲ။ ငါတို့ ဘယ်သူလဲရော သိရဲ့လား”

ဝေ့စကားကြောင့် အခြားတပည့်များလည်း လက်နက်များ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ လင်းချွမ်တို့အား ရင်ဆိုင်ရန် ပြင်လိုက်သည်။ 

“လင်းချွမ် ရှင် ပြေးတော့။ ကျွန်မ ထိန်းထားလိုက်မယ်”

“ပြေးစရာ မလိုပါဘူး”

လင်းချွမ် သူ့ပုခုံးလေးအား ပုတ်၍ အားပေးလိုက်သည်။ 

ထို့နောက် ရှေ့တိုးသွားပြီး ပြုံးလျက်

“ဒါကို သေနတ်အတုလို့ ပြောနေတာလား”

ဝေ့မှာ ပြီတီတီဖြင့်

“ကလေးကစားစရာနဲ့ လာမနောက်စမ်းနဲ့ကွာ”

လင်းချွမ်မှာ သားကောင်တွေ့သော ကျားသစ်ကဲ့သို့ စူးရဲစွာ စိုက်ကြည့်လျက် သူ့သေနတ်အား ထုတ်ကာ ကျွမ်းကျင်စွာ လှည့်လိုက်သည်။ 

နောက်ဆုံးမှ ဝေ့ဘက်သို့ ချိန်ထားလေသည်။ 

ဝေ့မှာ သူ့အသက်ကို တိုက်ရိုက် ထိခိုက်ရန်တော့ မစွန့်စားရဲပေ။ 

ဘေးမှ ရှန်ချန်းချန်း အလွန် စိတ်လှုပ်ရှားနေသော်လည်း လင်းချွမ်၏အလှပြကွက်မှာတော့ အံ့ဩစရာပင်။ 

ထို့နောက် လင်းချွမ် ခပ်တည်တည်ဖြင့် ထပ်အော်လိုက်၏။ 

“အားလုံး လက်နက်ချပြီး လက်မြှောက်ထားကြ”

ဗလကြီးအချို့ လန့်ဖျပ်၍ ချက်ချင်း လက်များ ခေါင်းအနောက်ပစ်၍ ဒူးထောက်ရန် ပြင်လိုက်သည်။ 

ထိုစဉ် အစ်မမိုင်၏ အေးစက်သောအသံ ပေါ်လာပြန်၏။ 

“အဲ့လို လှည့်ပြလိုက်တာနဲ့ သေနတ်အတုကနေ အစစ် ဖြစ်သွားရောလား”

လင်းချွမ်၏ လှည့်စားမှုကို ခေါင်းဆောင်တစ်ဦးအနေဖြင့် ကောင်းစွာ မြင်ပါသည်။ 

လင်းချွမ် မဲ့ပြုံးပြုံးလျက်

“အတုတဲ့လား။ ဒါက တစ်မိနစ်အတွင်း အချက် (၅၀၀) အထိ ပစ်နိုင်တဲ့ Glock ရဲ့ (၄) ကြိမ်မြောက်စီးရီးပဲ။ အရှည် (၂၀၂) မီလီနဲ့ (၆၂၅) ဂရမ်လေးတယ်။ အထဲမှာ ကျည်အပြည့် (၁၇) တောင့် ပါလို့ (၁၀) စက္ကန့်အတွင်း မင်းတို့အားလုံးရဲ့ ခန္ဓာကိုယ်ထဲ ရောက်သွားနိုင်တာပဲ။ ကြားဖူးမှာပါ။ ခြေလှမ်း (၇) လှမ်းအတွင်း ပစ်ရင် အမြန်ဆုံးနဲ့ အတိကျဆုံးပဲလေ”

လင်းချွမ် ထိုသို့ပြော၍ မိုင်၏နဖူးသို့ ချိနိထားလိုက်၏။ 

မိုင်လည်း ကိုယ်တိုင် ခံစားရသောအခါ တုန်လှုပ်လာမိသည်။ 

“ကဲ နောက်ဆုံး အခွင့်အရေးပေးမယ်။ ဒူးထောက်ပြီး လက်ကို ခေါင်းအနောက်တင်လိုက်ပါ”

လင်းချွမ် အေးစက်စက် အမိန့်ပေးလေသည်။ 

မိုင် အသက်ကိုလုရှူရင်း ဒူးထောက်ချလိုက်သောအခါ အခြားတပည့်အားလုံး မဆန့်ကျင်ရဲတော့ဘဲ ဒူးထောက်သွားကြသည်။ 

ခုနက ဆဲဆိုနေသော ဝေ့ပင် ငြိမ်၍ ဒူးထောက်နေ၏။ 

ရှန်ချန်းချန်းလည်း လင်းချွမ်၏ ထိုပုံစံကြောင့် အလွန် အံ့ဩထူးဆန်းနေမိသည်။ 

သူကတကယ်ပဲ အွန်လိုင်းစာရေးဆရာရော ဟုတ်ရဲ့လား။ 

ထိုစဉ် လင်းချွမ် ပူဖောင်းကို သေနတ်ဖြင့်ပစ်ရင်း အရူပ်ယူပေးခဲ့ဖူးသည်အား ပြန်သတိရသွားသည်။ 

ထိုစဉ် လင်းချွမ်၏ အသံပေါ်လာ၏။ 

“ချန်းချန်း အလုပ်စကြမယ်”

All Chapters