သူက ကျားဖြန့်ဂိုဏ်းခေါင်းဆောင်ပဲ
Vol. 7 Ch. 105
လင်းချွမ် ရဲကားထဲ လိုက်လာရင်း ပြတင်းပေါက် အပြင်ဘက်အား ငေးကြည့်နေမိ၏။
အချိန်မှာ နေဝင်ချိန်ဖြစ်ပြီး တောင်တန်းနှင့် တောအုပ်အပေါ်သို့ ရွှေရောင်များ ဖြန့်ကျက်လျက် ရှိသည်။
တောင်မှာ အရမ်းမမြင့်သော်လည်း အထပ်ထပ် ဖြစ်နေသော ပုံစံကြောင့် သစ်ပင်ပန်းမန်များနှင့် ပေါင်းစပ်လိုက်သောအခါ ပန်းချီကားတစ်ချပ်သဖွယ် ဖြစ်နေသည်။
ထိုအချိန်တွင် တရှုံ့ရှုံ့အသံတစ်ခု ကြားလိုက်ရ၍ လှည့်ကြည့်သောအခါ အစ်ကိုပိုင်ထံမှ ဖြစ်လေသည်။
လင်းကန်ရဲအဖွဲ့၏ စီမံမှုကြောင့် လူမိုက်များကို ကားတစ်စီးဖြင့် ခေါ်သွားပြီး အစ်ကိုပိုင်ကတော့ ရဲကားနှင့် ပါလာ၏။
“ဆရာလင်း အခုကစပြီး ဆရာလင်းက ကျွန်တော့် ညီအစ်ကိုပဲ”
သူ ငိုမဲ့မဲ့ဖြင့် လင်းချွမ်အား ကျေးဇူးတင်စွာ ပြောလေသည်။
ထိုအချိန်တွင် အမြဲသပ်ရပ်၍ နောက်သို့ လှန်ဖြီးထားလေ့ရှိသော ဆံပင်များမှာ ရှုပ်ပွညစ်ပတ်လျက် ရှိ၏။
သို့သော် ပိုင် သူ့ပုံစံကို ဂရုမစိုက်နိုင်ဘဲ လင်းချွမ်ကိုသာ ထပ်ခါထပ်ခါ ကျေးဇူးတင်နေသည်။
“ကျွန်တော့်ကို အစ်ကိုတော့ မခေါ်နဲ့နော်။ ကျွန်တော့်မှာ အဲ့လောက်တုံးတဲ့ ညီလေးမရှိဘူး”
လင်းချွမ် လက်ယမ်း၍ ပြုံးကာ စလိုက်သည်။
“အစ်ကိုရယ် အဲ့လိုတော့ အထင်မသေးလိုက်ပါနဲ့။ ကျွန်တော်လည်း တက္ကသိုလ်ကောင်းကောင်းကနေ ဘွဲ့ရထားတာပါ”
ပိုင် အမြန် ရှင်းပြ၏။
“ကျွန်တော်က အရမ်းဉာဏ်ကောင်းတာ။ အခုက စိတ်နည်းနည်း ရှုပ်သွားလို့ပါ”
“အဲ့ဘွဲ့က ဘာလုပ်ရမှာလဲ။ အဲ့လိုအလိမ်ခံရမယ်။ သတိထားပါလို့ မပြောဘူးလား”
လင်းချွမ် ရယ်မော၍ ပြောပြန်သည်။
“ဟုတ်…”
ပိုင် မျက်နှာငယ်လေးဖြင့်
“မိုင်လေးက အရမ်းလှည့်စားတာ တော်တာကိုး။ ကျွန်တော်လည်း လုံးဝ မထိန်းချုပ်နိုင်ဘူး ဖြစ်သွားတာ”
“နောက်ရော အဲ့လို အွန်လိုင်းကတွေ့တဲ့သူကို ချစ်တယ်ဆိုပြီး ယုံဦးမလား”
လင်းချွမ် ထပ်မေးလိုက်သည်။
ထိုအခါ ပိုင် ယုံကြည်ချက်အပြည့်ဖြင့်
“နောက်တစ်ခါ တွေ့ဖြစ်ရင် အစ်ကို့ကို သေချာပေါက် ခေါ်သွားပါမယ်”
“နောက်တစ်ခါကို တွေးရဲသေးတယ်နော်”
“ဟီးဟီး”
ပိုင် ခေါင်းလေးကုတ်၍
“တက္ကသိုလ်ကောင်းကနေ ဘွဲ့ရခဲ့ကြောင်း ပြောရတာတောင် ရှက်တော့ ရှက်ပါတယ်”
“ဒါနဲ့ အစ်ကိုကြီးကို ကျေးဇူးမတင်တော့ဘူးလား”
“ကျေးဇူးပါ အစ်ကို”
ပိုင် ရှန်ချန်းချန်းဘက် လှည့်ကြည့်၍
“မရီးရောပဲ ကျေးဇူးတင်ပါတယ်နော်”
မရီးလား။
လင်းချွမ် လန့်ကာ စနောက်သလိုလေး ဆူလိုက်သည်။
“ဘာမှ လျှောက်ဖားမနေနဲ့။ ရဲမေရှန်ပဲခေါ်”
“ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ် ရဲမေရှန်”
ရှန်ချန်းချန်းကတော့ စကားမှားခြင်းကို ဂရုမစိုက်ဘဲ ပြုံး၍
“ကျွန်မကို ကျေးဇူးတင်စရာ မလိုပါဘူး။ အားလုံး ရှင့်အစ်ကိုကြောင့်ပါ”
သူပြောတာလည်း မှန်ပါသည်။
လင်းချွမ်သာ ချက်ချင်း လိုက်မကယ်ခဲ့လျှင်၊ ကယ်နေစဉ် အမှားအယွင်းတစ်ခုခု ဖြစ်ခဲ့လျှင် ပိုင်တစ်ယောက် ယခုအချိန်တွင် ကျားဖြန့်ဂိုဏ်းသို့ ရောင်းစားခံရပြီး အခြားနိုင်ငံထဲ ရောက်နေလောက်လေပြီ။
အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသော သေနတ်အတုကိစ္စမှာလည်း လင်းချွမ်မှသာ ကြိုးပမ်းခဲ့သောကြောင့် ရှန်ချန်းချန်း ဘာမှပင် မလုပ်လိုက်ရဟု တွေးမိပါသည်။
“အစ်ကို နောက်ဆို အစ်ကို့စာအုပ်အသစ်ထွက်တိုင်း ရတနာသေတ္တာ ပို့ပေးပါမယ်နော်”
ပိုင် ရယ်မော၍ ပြောလေ၏။
“အရင်တစ်ခါကလည်း ပို့ပေးတယ်မလား”
လင်းချွမ် ပြန်ပြောသည်။
“ပိုက်ဆံသာ စုစမ်းပါ။ အခုမှ ဘွဲ့ရပြီး အလုပ်တောင် မရသေးဘူးမလား”
“မစိုးရိမ်ပါနဲ့ အစ်ကိုရယ်။ ကျွန်တော့်မှာ အချိန်ပိုင်း အလုပ်ရှိပါတယ်”
“ဘာအချိန်ပိုင်းလား”
“တိုက်ရိုက်ထုတ်လွှင့်တာလေ”
“ဘာကိုလဲ”
“လိုက်အတုခိုးတာမျိုးပေါ့။ ဟာသပါပဲ။ အပျော်လေး”
ပိုင် ရယ်မော၍ ပြောလိုက်သည်။
“အတုခိုးတယ်လား။ အဲ့တာ ပြစ်မှုနော်”
လင်းချွမ် အံ့ဩစွာဖြင့်
“မင်း ဘာမေဂျာယူခဲ့တာလဲ”
“ယဉ်ကျေးမှု ထိန်းသိမ်းရေးပါ”
လင်းချွမ် ခေါင်းငြိမ့်၍ လက်မ ထောင်ပြလိုက်ပြီး
“ကျွန်တော့်မှာ ပိုက်ဆံရှိရင် အလုပ်အတွက် လာခဲ့ဦးမယ်”
ပိုင် ရယ်မော၍
“ရတာပေါ့ဗျာ”
ရဲကားလေးမှာ တောအုပ်လေးအား ပြန်ဖြတ်လာပြီး စခန်းရောက်ချိန်၌ အတော်လေးမှောင်နေလေပြီ။
ရဲစခန်း ဧည့်ကြိုကောင်တာ။
ဆံပင်တိုဖြင့် ကောင်မလေးတစ်ယောက် ထိုင်နေပြီး တိတ်ဆိတ်စွာဖြင့် ပြတင်းပေါက်အပြင်ဘက်အား ကြည့်နေ၏။
ထို့နောက် ရဲကားဆိုက်လာသည်နှင့် ချက်ချင်း မတ်တပ်ထရပ်၍ တံခါးဆီ လျှောက်လာခဲ့သည်။
ရှချင်းချင်း လင်းချွမ်တို့ ကားထဲမှ ထွက်လာသောအခါ လင်းချွမ်အား ဒဏ်ရာရှိမရှိ စိုးရိမ်တကြီး စစ်ဆေးကြည့်နေ၏။
“လင်းချွမ် အဆင်ပြေရဲ့လား”
လင်းချွမ် ပြုံးပြ၍
“ဒီလောက်က အကင်းပါ။ လွယ်လွယ်လေး ရှင်းနိုင်တယ်”
“ကြွားပြန်ပြီ”
ရှချင်းချင်း နှုတ်ခမ်းလေးစူ၍ ပြောလိုက်၏။
ရှန်ချန်းချန်း ထွက်လာသောအခါ ရှချင်းချင်းမှ လှမ်းမေးလိုက်လေသည်။
“လင်းချွမ်က တကယ် အဲ့လောက်တော်လား”
“သူက ဂိုဏ်းခေါင်းဆောင်လေ။ တော်တာပေါ့”
ဘယ်လို။
လင်းချွမ် မျက်နှာပျက်လျက်
“ဟေ့ ကျွန်တော် ဘယ်တုန်းက ဂိုဏ်းခေါင်းဆောင် ဖြစ်သွားတာလား”
“လူမိုက်ဗလကြီးတွေ အကုန် ဒူးထောက်ရအောင် ချက်ချင်း လုပ်နိုင်တယ်လေ”
ရှန်ချန်းချန်