← Chapters

လုပ်ငန်းစဉ် အဆင့်ဆင့်

Vol. 8 Ch. 106

လုပ်ငန်းစဉ် အဆင့်ဆင့်

Vol. 8 Ch. 106

ထိုစကားကြောင့် ရှချင်းချင်း မျက်လုံးအရောင်လက်သွားပြီး စိတ်ဝင်တစားဖြင့်

“ချန်းချန်း အကုန်ပြန်ပြောပြရမယ်နော်”

“ဒါပေါ့။ အစအဆုံး ပြောပြမယ်”

ရှန်ချန်းချန်းနှင့် ရှချင်းချင်းတို့ လက်တွဲလျှောက်၍ ညီအစ်မများကဲ့သို့ အခန်းထဲ ဝင်သွားကြလေသည်။ 

ထိုစဉ် ပိုင် ဆံပင်များ အဆင်ပြေအောင် သပ်၍ အနားရောက်လာပြီး

“အစ်ကို ကျွန်တော့်ကိုလည်း နည်းလမ်းလေး မျှဦးလေ”

“ဘာနည်းတုန်း”

လင်းချွမ် နားမလည်နိုင်စွာ ကြည့်နေသည်။ 

“တစ်ချိန်တည်း ကောင်မလေး (၂) ယောက်ကို အဆင်ပြေအောင် ဘယ်လိုစီမံလဲဟင်”

ပိုင် အားတက်သရော ပြောလေသည်။ 

“သွားစမ်းပါကွာ”

လင်းချွမ် လက်ယမ်း၍ ရယ်မောကာ

“ဘာတွေ လျှောက်တွေးနေတာလဲ။ အဲ့ရဲမေနှစ်ယောက်နဲ့ ကျွန်တော်က ဒီအတိုင်း သူငယ်ချင်းတွေပါ။ ကောလာဟလတွေ ပြန့်ကုန်ရင် သူတို့ဂုဏ်သိက္ခာ ထိခိုက်နေပါမယ်”

ပိုင် ပါးစပ်လေး ပိတ်သွား၏။ 

လင်းချွမ်လည်း ထွက်သွားသော မိန်းကလေးများကို ငေးကြည့်နေမိသည်။ 

ထိုနှစ်ယောက်နှင့် ယခုလိုအထိ ရင်းနှီးလာမည်ဟု မထင်ထားခဲ့ချေ။ အထူးသဖြင့် ရှန်ချန်းချန်းနှင့် စတွေ့ခဲ့စဉ်က ဖြစ်၏။ သို့သော် လောင်းကစား တိုက်ဖျက်ရေးနှင့် မှုခင်းစစ်ဆေးမှုများအတွက် အတူပူးပေါင်းရင်း မကြာခဏ တွေ့ဖြစ်ခဲ့ကြသည်။ 

အလုပ်တွဲလုပ်ရင်း စကားများစွာ ပြောဖြစ်ပြီး လင်းချွမ်၏ စာအုပ်အသစ်များအကြောင်းလည်း အမြဲပါသည်။ 

“ဟက်ကာလောက” နှင့် “လှည့်စားခြင်း” ကို ရှန်ချန်းချန်းမှ ပထမဆုံး subscribe လုပ်ခြင်း ဖြစ်၏။ 

ထိုအကြောင်းကို ရှန်ချန်းချန်းမှ ပြောပြ၍တော့ မဟုတ်ပေ။ အချက်အလက်များ စစ်ဆေးရင်း လင်းချွမ် သိရခြင်းပင်။ 

ရှချင်းချင်းနှင့်တော့ ဟက်ကာပြဿနာများဖြင့် စသိခဲ့ရသည်။ ထိုအခါ ရှချင်းချင်းတစ်ယောက် လင်းချွမ်အပေါ် ချက်ချင်း လေးစားကြည်ညိုသွားလေသည်။ 

လင်းချွမ် တွေးနေရင်း နှာခေါင်းလေးပွတ်၍ နေရခက်သွား၏။ 

ဒါ ကံကြမ္မာပဲ။ စောင့်ကြည့်ရမှာပေါ့။ 

“ရဲဘော် လင်းချွမ်”

ထိုစဉ် အသံတစ်ခု ပေါ်လာပြီး ကောင်းမင် ဖြစ်၏။ 

“ရဲဘော်လင်းချွမ် လင်းကန်ရဲစခန်း ဒါရိုက်တာ မျှော်နေတာကြာပြီ။ ဒီဘက် လိုက်ခဲ့ပေးပါဦး”

ကောင်းမင် လက်ဖြင့်ညွှန်၍ ပြလိုက်သည်။ 

လင်းချွမ် ထိုစကားကြောင့် အံ့ဩသွားမိ၏။ 

ဒါရိုက်တာက ကိုယ်တိုင် တွေ့မှာလား။ 

ပုံမှန်အားဖြင့် ထိုသို့ တွေ့ဆုံခြင်းမျိုးကို ရာထူးကြီးများမှ ဝင်ပါလေ့ မရှိပေ။ 

ရှန်ချန်းချန်းနှင့် ရှချင်းချင်းတို့လည်း သာမာန်ဝန်ထမ်းများဖြစ်၍ နေရခက်နေကြသည်။ 

ဒါရိုက်တာမှာ သူတို့ကြောင့် ရောက်နေခြင်း မဟုတ်ဘဲ ကြုံ၍တွေ့ခြင်းသာ ဖြစ်မည်ဟုတွေးကာ လင်းချွမ် ကောင်းမင်နောက် လိုက်လာခဲ့သည်။ 

ဧည့်တွေ့ခန်း၌။ 

လင်းကန်ရဲစခန်း ဒါရိုက်တာ ဖန်ရှန်မှာ အဖြူရောင် ရှပ်အင်္ကျီကို ဝတ်ဆင်၍ မျက်မှန်တပ်ဆင်ထားပြီး လင်းချွမ်ထံ လျှောက်လာကာ လက်ကမ်းပေး၍ နှုတ်ဆက်လိုက်သည်။ 

“ဒါ အန်လင်းမြို့က ရဲဘော်လင်းချွမ်ဆိုတာ ဖြစ်မယ်။ ကျွန်တော်က လင်းကန်ရဲစခန်းက ဒါရိုက်တာ ဖန်ရှန်ပါ”

လင်းချွမ် သူ့အပြုအမူကြောင့် အံ့ဩနေရင်းမှ လက်ဆွဲပြန်နှုတ်ဆက်၍

“မင်္ဂလာပါဗျ ကျွန်တော် လင်းချွမ်ပါ”

ဖန်ရှန် ခေါင်းငြိမ့်ပြ၍ လင်းချွမ်အား ထိုင်ရန် အမူအရာ ပြလိုက်သည်။ 

“ရဲဘော်လင်းချွမ်ရဲ့ လုပ်ဆောင်မှုက လင်းကန်စခန်း အတွက်တော့ ကိစ္စကြီးပါပဲ”

ဖန်ရှန် ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။ 

“မလိုပါဘူးဗျာ။ ကျွန်တော်လည်း သတင်းကြားကြားချင်း ပြေးလိုက်တာ။ အချိန်ပိုကြာအောင် မလုပ်မိရင်ပဲ ဝမ်းသာနေပါပြီ”

“မဖြစ်ပါဘူးဗျာ။ လင်းကန်ရဲ့ တကယ့် သူရဲကောင်းပဲ”

ဖန်ရှန် လင်းချွမ်ကိုကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ 

လင်းချွမ်မှာ ကိုယ်တိုင် လုံခြုံစွာ ပြန်ရောက်လာရုံမက လူဆိုးများဖမ်း၍ နစ်နာသူများကိုပါ ကယ်လာနိုင်၏။ 

ထို့ကြောင့် အလွန် လေးစားအံ့ဩဖွယ်ရာ ဖြစ်လေသည်။ 

သူတို့နှစ်ယောက်တည်းနှင့် အားလုံးကို မည်သို့ ဖမ်းလိုက်သည်ကိုလည်း အလွန်သိချင်နေ၏။ အထက်ကလည်း စုံစမ်းခိုင်းထားသည်။ 

ထိုသို့ နှုတ်ဆက်စကား ပြောဆိုပြီးနောက် လင်းချွမ်အား စုံစမ်းမေးမြန်းရန် ကောင်းမင်မှ ခေါ်သွားသည်။ အခြား ရှန်ချန်းချန်း၊ ရှချင်းချင်းနှင့် နစ်နာသူများ၊ တရားခံများမှာလည်း အသီးသီး သက်သေထွက်ဆိုရန်၊ စစ်ဆေးရန် ပါသွားကြလေသည်။ 

စစ်ဆေးရေးအခန်းထဲ၌။ 

လင်းချွမ် ကောင်းမင်ရှေ့တွင် မျက်နှာချင်းဆိုင် ထိုင်နေသည်။ 

ဖန်ရှန်မှာတော့ ဘေးတွင် ငြိမ်သက်စွာထိုင်၍ နားထောင်နေ၏။ 

အခြေခံအချက်အလက်ကဲ့သို့ နာမည်၊ အသက်မျာူ မေးပြီးသောအခါ အရေးပါသော မေးခွန်းများ စမေးတော့သည်။ 

“ရဲဘော်လင်းချွမ် ပိုင်ယန်ဆီက အကူအညီတောင်းခံရတာ ဘယ်အချိန်လဲ”

“(၁:၂၀) လောက်ကပါ”

“သူက ဘယ်လိုပြောလာတာလဲ”

လင်းချွမ် သူ့ဖုန်းဖွင့်ပြလိုက်ပြီး

“ပိုင်ယန်ပြောတက မစ္စတာလင်း အားလုံး ခင်ဗျားကြောင့်ပဲ”

“အဲ့တာကိုကြည့်ပြီး အကူအညီတောင်းတယ်လို့ ဘယ်လိုသိပါသလဲ”

ကောင်းမင် တစ်ခုချင်းစီ စိတ်ရှည်စွာ မေးနေသည်။ 

လင်းချွမ်မှ

“ကျွန်တော်က အွန်လိုင်းစာရေးဆရာလေ။ ကျွန်တော့် ဇာတ်လိုက်နာမည်ကို မစ္စတာလင်းလို့ ပေးလေ့ရှိတယ်။ ကျွန်တော့်ကလောင်နာမည်လည်း ဒါပဲ။ စာရေးရင် ကျွန်တော်က ပြစ်မှုတွေအကြောင်းပဲ ရေးလေ့ရှိတော့ ပရိသတ်တွေက သံသယရှိသူလင်းလို့ နောက်ပြီးခေါ်ကြတယ်။ အဲ့လိုကနေ ကျွန်တော်တို့ချင်းပဲသိတဲ့ ကုဒ်လို ဖြစ်လာတာပဲ”

ကောင်းမင် ခေါင်းငြိမ့်ပြ၍

“ပိုင်ယန့်ဆီက အဲ့လိုစာရပြီး နေရာကိုရော ဘယ်လိုလုပ် အဲ့လောက်မြန်မြန် ရှာတွေ့သွားတာလဲ”

“ကျွန်တော် hacking နည်းနည်းရတယ်လေ။ သူတို့ လိပ်စာကို ပိုင့်ဖုန်းကနေတစ်ဆင့် စစ်လိုက်တာ။ အဲ့တာလည်း အန်လင်းရဲစခန်း ဒါရိုက်တာကို တင်ပြပြီး ခွင့်ပြုချက် ရပြီးပါပြီ”

လင်းချွမ်မှ ရှင်းပြလေသည်။ 

“ပိုင်ယန့်နေရာကို စုံစမ်းနိုင်ဖို့ အချိန်ဘယ်လောက် ကြာလိုက်လဲ”

“(၅) မိနစ်လောက်လားပဲ”

(၅) မိနစ်လား။ 

ကောင်းမင်နှင့် ဖန်ရှန်တို့အချင်းချင်းကြည့်ရင်း အံ့ဩမှင်တက်နေကြသည်။ 

လင်းချွမ် ထိုသို့ စုံစမ်းရာတွင်လည်း နည်းပညာမြင့် ပစ္စည်းများမရှိဘဲ သာမာန်လမ်းဘေး အင်တာနက်ဆိုင်လေးတွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။  

ဘယ်လိုတောင် တော်တာလဲ။ 

“နေရာသိပြီးတော့ ဘယ်လိုဆက်လုပ်လဲ”

“အင်တာနက်ဆိုင်ပိုင်ရှင်ဆီက ဆိုင်ကယ်ငှါးပြီး ထွက်လာခဲ့ပါတယ်”

“အဲ့တာ ဘယ်အချိန်လောက် ဖြစ်မလဲ”

“(၁:၂၇) ဝန်းကျင်ပေါ့”

လင်းချွမ် အမှန်အတိုင်း ပြောလိုက်၏။ 

သူ့စကားကြောင့် အလွန်လန့်ဖျပ်သွားကြသည်။ 

ပိုင်ယန့်ဆီက သတင်းရတာ (၁:၂၀) ဆိုပြီး အဲ့လောက် မြန်တာလား။ 

(၇) မိနစ်အတွင်း အားလုံး စီစဉ်နိုင်တယ်လား။ 

အခြားရဲဝန်ထမ်းများရော ထိုသို့ ပြုလုပ်နိုင်မည်လား။ 

သေချာပေါက် မည်သူမျှ မဖြစ်နိုင်ပေ။ 

။ 

All Chapters