← Chapters

သာမာန် အွန်လိုင်းစာရေးဆရာ

Vol. 8 Ch. 107

သာမာန် အွန်လိုင်းစာရေးဆရာ

Vol. 8 Ch. 107

စစ်ဆေးရေးအခန်းထဲတွင်။ 

ဖန်ရှန်နှင့် ကောင်းမင်တို့ လင်းချွမ်ကိုကြည့်ကာ သက်ပြင်းချလိုက်မိကြသည်။ 

ကောင်းမင်က

“ရဲဘော်လင်းချွမ် ဆိုက်ကယ်ငှါးပြီးတော့ ချက်ချင်း ဖမ်းဖို့ ထွက်လာတာလား”

“ဟုတ်ပါတယ်”

“ဂိုဏ်းအဖွဲ့ကို ဘယ်နားမှာ စတွေ့ခဲ့တာလဲ”

လင်းချွမ် ခဏစဉ်းစား၍

“စတွေ့တာတော့ ကျောက်ချောက်ကမ်းပါးနဲ့ (၁၀) မိုင်လမ်းနားမှာ။ သူတို့က ဂိုဏ်းအဖွဲ့တွေလို့ သေချာတာနဲ့ နောက်ထပ် လမ်းအချိုးရောက်တော့ ရှေ့က ပိတ်လိုက်တာပဲ”

ဖန်ရှန် လက်မြှောက်လိုက်ပြီး ကြားဖြတ်မေးလိုက်၏။ 

“ခဏလောက် ဖြတ်မေးချင်တာလေး ရှိလို့ပါ။ သူတို့ လမ်းကြောင်းအထိပါ အတိအကျ ဘယ်လိုသိတာလဲ”

လင်းချွမ်ပြုံး၍

“အဲ့တာကတော့ အန်လင်းဆိုက်ဘာရဲဌာနက ရဲမေ ရှချင်းချင်း ကျေးဇူးနဲ့ပါ”

“ဘယ်လိုလုပ်ခဲ့လဲ ပြပေးလို့ရလား”

လင်းချွမ် ခေါင်းငြိမ့်ပြကာ ရှချင်းချင်း အကောင့်နှင့် လုပ်ဆောင်ပုံအား ရှင်းပြလိုက်၏။ 

“ဖုန်းအချင်းချင်းကနေ ဆက်သွယ်ပြီး ဒီလို ထောက်လှမ်းနိုင်ခဲ့တာ မင်းတို့ အဖွဲ့စည်းလုံးမှုကြီးက တကယ်ပြီးပြည့်စုံလွန်းတယ်”

“မြှောက်လွန်းနေပါပြီဗျာ”

ကောင်းမင် နားထောင်ရင်း ဆက်မေးရန်ပင် သိမ်ငယ်လာမိသည်။ သို့သော် သိချင်စိတ်လည်း များနေသည်။ 

“ရဲဘော်လင်းချွမ် သူတို့နဲ့တွေ့တဲ့အခါ ဂိုဏ်းအဖွဲ့မှာ ကျား (၁၃)၊ မ (၂) ရှိတာကို ဒီဘက်က (၂) ယောက်တည်းနဲ့ ဘယ်လိုထိန်းချုပ်လိုက်တာလဲ”

ဖန်ရှန်လည်း စိတ်ဝင်တစား အာရုံစိုင်နေ၏။ 

လင်းချွမ်ပြုံး၍

“အဲ့တာက သေနတ်အတုနဲ့ ဖြဲခြောက်လိုက်ရုံပါ”

ထိုသေနတ်အတုမှာ စားပွဲပေါ်၌ ရှိနေလေသည်။ 

ပုံစံမှာ တကယ့်သေနတ်အတုနှင့် တူပြီး ထူးခြားချက်လည်း မရှိပေ။ 

ထို့ကြောင့် နားမလည်နိုင် ဖြစ်နေကြသေး၏။ 

လင်းချွမ် သူတို့အမူအရာကြောင့် ရယ်မော၍

“ဆိုရိုးရှိတယ်လေ။ ‘စိတ်ပညာလှည့်စားခြင်းက ရန်သူကို မတိုက်ခိုက်ဘဲ အောင်မြင်ရာသည်တဲ့’ လေ။ သူတို့လည်း လူလိမ်တွေဆိုတော့ အမြင်ကို မယုံဘူး။ ကျွန်တော်နဲ့က နည်းနည်းလှမ်းနေတာလည်း ပါတယ်။ အဲ့တော့ ကျွန်တော် မပစ်ပြမချင်း အစစ်လို့ ထင်စရာ ရှိတာပေါ့”

လင်းချွမ် အေးဆေးစွာ ပြောနေသော်လည်း တကယ် ဖြစ်ခဲ့ချိန်က အလွန် ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလှ၏။ 

“ရဲဘော်လင်းချွမ် အဲ့တုန်းက ဖြစ်စဉ်ကို ပြန်ပြပေးလို့ ရလား”

“ပြန်ပြရမှာလား”

“ဟုတ်ပါတယ်။ ကျွန်တော့်ကို လူဆိုးလို့ သဘောထားပြီး သရုပ်ပြန်ဆောင်ပြပေးပါ”

လင်းချွမ် သူ့ကိုတစ်ချက်လှမ်းကြည့်ပြီးနောက် သေနတ်ကိုယူ၍ စူးရှသော မျက်လုံးများဖြင့် ပြန်လည် သရုပ်ဖော်ပြလေသည်။ 

အခန်းထဲတွင် တိတ်ဆိတ်လျက် ဖန်ရှန်နှင့် ကောင်းမင်တို့ ပါးစပ်အဟောင်းသား ကြည့်နေ၏။ 

ထို့နောက် အားလုံးပြီးသွားသောအခါ

“အကြမ်းဖျင်းတော့ အဲ့လိုပါပဲ”

လင်းချွမ် ခုနကအကြည့်နှင့် မတူတော့ဘဲ ဖော်ရွေစွာ ပြုံးလျက် ပြန်ထိုင်လိုက်သည်။ 

ကောင်းမင် လက်မထောင်ပြကာ

“ခင်ဗျား တကယ့်သေနတ်ဘုရင်ပဲ”

“အကောင်းမြင်ပေးတာ ကျေးဇူးပါ”

ထို့နောက် လင်းချွမ်တို့ ပြန်သွားသောအခါ ဖန်ရှန် လေးစားစွာဖြင့်

“ဒီကောင်လေးရဲ့ အတွေးတွေ၊ အရည်အချင်းတွေက ကြောက်စရာပဲ။ ရဲဝန်ထမ်း ဖြစ်လာရမှာ”

“ဟုတ်တယ်။ အွန်လိုင်းစာရေးဆရာ လုပ်နေတာ နှမျောစရာပဲ”

ကောင်းမင် သက်ပြင်းချမိ၏။ 

“သူ့ကိုသာ လင်းကန်စခန်းအတွက် ခန့်နိုင်ရင်…”

ဖန်ရှန်မှ ပြောလိုက်သည်။ 

“ဒါရိုက်တာ ပြောချင်တာက…”

ကောင်းမင် မျက်လုံးအရောင်လက်သွား၏။ 

သို့သော် ဖန်ရှန်ပြုံး၍ ခေါင်းယမ်းကာ

“ဒီလိုပုဂ္ဂိုလ်ထူးကို လင်းကန်ရဲစခန်းက ရဖို့ မဖြစ်နိုင်ပါဘူးကွာ”

အခြားတစ်ဖက်တွင်။ 

ဟန်မြစ်အပိုင်းစခန်း၌။ 

ကျုံချန်မင်း တင်ပြချက်ကို ဖတ်ပြီးနောက် ယူနီဖောင်းလဲကာ အားရပါးရ ရယ်မောနေလေသည်။ 

“ရဲဘော်လင်းကတော့ တကယ့် စံပြပဲကွာ။ အရုပ်သေနတ်လေးနဲ့ ဂိုဏ်းတစ်ခုလုံးက လူ (၁၅) ယောက်ကို ဖမ်းလိုက်တယ်တဲ့။ ငါ့ခေတ်တုန်းက သတ္တိရှိတယ်ဆိုတာထက် သူတို့က ပိုသေးတယ်။ မဆိုးဘူး”

ကျုံချန်မင်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ရေရွတ်နေသည်။ 

ထို့နောက် စားပွဲပေါ်မှ သူ့သားနှင့် တွဲရိုက်ထားသော ဓာတ်ပုံကိုကြည့်ကာ သက်ပြင်းချလျက်

“မင်း လင်းချွမ်ရဲ့ အရည်အချင်း တစ်ဝက်လောက်ပဲ ရှိရင်တောင် ငါ့အမွေကို ခံလို့ရတယ်။ အခုတော့ သမိုင်းအမွေအနှစ် ရှာဖွေရေးကို လုပ်နေရတယ်လို့”

…

လင်းကန်၏ ညမှာ အလွန်လှပသာယာနေသည်။ 

...

စစ်ဆေးမှုများပြီးနောက် ပိုင်၏ ဖုန်းပြန်ရကာ သူ့မိသားစုများကိုလည်း လုံခြုံဘေးကင်းကြောင်း အကြောင်းကြားပြီးလေပြီ။ 

ထို့နောက် လင်းချွမ်တို့ (၃) ဦးအား ညစာ လိုက်ကျွေးချင်ကြောင်းပြောလာ၍ သဘောတူလိုက်လေသည်။ 

ထမင်းစားပြီးနောက် လင်းချွမ်တို့ ပိုရင်းနှီးလာပြီး လင်းချွမ်ကို တကယ့်အစ်ကိုအရင်းကဲ့သို့ သဘောထားနေတော့သည်။ 

ထို့နောက် လင်းချွမ်အား ကြော်ငြာပေးရန် ပြင်လေသည်။ 

“အစ်ကိုတို့ ကျွန်တော် ကျားဖြန့်ဂိုဏ်းထဲ ရောင်းစားခံရမလို ဖြစ်သွားသေးတယ်”

ပိုင် စာဖတ်သူအဖွဲ့ထဲ ပို့လိုက်၏။ 

[အစ်ကိုပိုင် ဘာဖြစ်တာလဲ]

[အလိမ်ခံရတာလား]

[အွန်လိုင်းချစ်သူနဲ့ သွားတွေ့တာ မဟုတ်ဘူးလား]

[မနေ့ကတောင် ဓာတ်ပုံလာပို့ပြီး ကြွားနေသေးတယ်လေ]

ပိုင် ဟိုတယ်အခန်းထဲ၌ ပြတင်းပေါက်ဘက် တစ်ချက် ငေးလိုက်ပြီး

“မစ္စတာလင်းပြောတာ မှန်တယ်။ အွန်လိုင်းအချစ်ရေးက တကယ် အန္တရာယ်များတာ။ အဲ့စုန်းမက လူလိမ်လေ။ ကျွန်တော့်ကို ဆွဲဆောင် ခေါ်သွားပြီး လူရှင်းတော့ ဖမ်းတာပဲ”

[အစ်ကိုပိုင် တကယ်ပြောနေတာလား။ ဇာတ်လမ်းလာရေးနေတာလား]

[မယုံနိုင်ဘူး။ အခုက ဂိုဏ်းထဲမှာလား]

[အင်းလေ ဒီလောက်ကြောက်စရာကောင်းတာကို။ ဘယ်လို လွတ်လာလဲ]

[အလကား လျှောက်ပြောနေတယ်]

“အားလုံး မယုံကြမှာ နားလည်ပါတယ်။ ဒါပေမဲ့ ဒီမှာ ကြည့်လိုက်လေ”

သူ ဓာတ်ပုံနှစ်ပုံ ပို့လိုက်ပြီး တစ်ပုံမှာ လင်းကန်ရဲစခန်း၌ ရိုက်ထားပုံ ဖြစ်ကာ နောက်တစ်ပုံသည် လင်းကန်စခန်း၏

တင်ပြချက် အချက်ပေးပုံ ဖြစ်သည်။ 

[တကယ်ကြီး ပြောနေတာလား]

[လင်းကန်ဆိုတာ ယွန်းထျန်းထဲက မြို့မလား]

[အစ်ကိုပိုင့်ဘိုးဘေးတွေ ကယ်ပေးလိုက်တာလား]

အားလုံး စိတ်ဝင်စားသွားကြသည်။ 

ပိုင်မှဆက်၍

“ကျွန်တော်လည်း တကယ် ဒုက္ခရောက်ပြီ မှတ်တာ။ ဒါပေမဲ့ အစ်ကိုအရင်းလိုလူကို တွေ့ခဲ့ရတယ်လေ။ ခင်ဗျားတို့ လုံးဝထင်ထားမှာ မဟုတ်ဘူး”

[မစ္စတာလင်းလို့တော့ မပြောနဲ့နော်]

[ဟေ့ မစ္စတာလင်းလည်း ဟိုတစ်နေ့က ယွန်းထျန်း သွားမယ် ပြောတယ်မလား]

[တကယ် သူကယ်တာလား]

“အစ်ကိုတို့ အရမ်းတော်တာပဲ။ ချက်ချင်း သဘောပေါက်တယ်”

[ဒါတော့ နည်းနည်းများပြီ အစ်ကိုပိုင်]

[သူက ဘယ်လိုလုပ် ကျားဖြန့်ဂိုဏ်းလက်ထဲကနေ ကယ်နိုင်မှာလဲ]

[မစ္စတာလင်းကို ဖားနေတာလား]

[…]

“အားလုံး မယုံလောက်မှာ သိပါတယ်။ ဒီဗီဒီယိုကိုသာ ကြည့်ကြည့်လိုက်”

သူ လင်းကန်ရဲစခန်းအဖွဲ့ထဲ တင်ထားသော ဗီဒီယိုအား ပို့ပေးလိုက်လေသည်။ 

All Chapters