← Chapters

နာမည်ကြီးနေသော စာရေးဆရာ

Vol. 8 Ch. 108

နာမည်ကြီးနေသော စာရေးဆရာ

Vol. 8 Ch. 108

လင်းချွမ်၏ စာဖတ်သူအဖွဲ့ထဲ၌။ 

“ဥပဒေကို လိုက်နာဖို့က အားလုံးရဲ့ တာဝန်ပဲ”

လင်းချွမ်၏ အမာခံပရိသတ်အနေဖြင့် ပိုင် ခုခံပေးချင်နေမိသည်။ 

[ဟေ့ အစ်ကိုပိုင် ဘာကို ပြချင်တာလဲ]

[ခင်ဗျားနဲ့ မစ္စတာလင်းတို့ ရုပ်ရှင်ရိုက်ထားတာလား]

[နေပါဦး။ အရင်ကြည့်ရအောင်ပါ]

[…]

ဗီဒီယိုထဲတွင် ရဲစခန်း စစ်ဆေးရေးအခန်းထဲ၌ ဆံပင်ရှုပ်ပွနေသော လူတစ်ယောက်ထိုင်နေပြီး စိတ်လှုပ်ရှားနေပုံ ပေါ်၏။ 

မျက်နှာပြင်အောက်နား၌ နစ်နာသူ မစ္စတာပိုင်ဟု စာတန်းထိုးထားလေသည်။ 

“ခင်ဗျား လိမ်လည်နည်းတွေ ဖတ်ဖူးနေရဲ့သားနဲ့ အွန်လိုင်းချစ်သူကိူယုံပြီး ဘာလို့ လူရှင်းတဲ့နေရာ သွားခဲ့တာလဲ”

ရဲဝန်ထမ်းမှ မေးလိုက်၏။ 

“ကျွန်တော် သူနဲ့ မနေ့ကတစ်ခါ တွေ့ဖြစ်ပါသေးတယ်။ အွန်လိုင်းပေါ်မှာတုန်းက အတိုင်း နူးနူးညံ့ညံ့ပုံလေးပါ။ နောက်ပြီး တစ်နေကုန်လည်း တခြားထူးခြားနေတာမရှိလို့ သတိလွတ်သွားမိပါတယ်။ နောက်ပြီး ဆွဲဆောင်မှုရှိရှိ ပြောလာတာမို့လို့ ကျွန်တော်လည်း မသွားချင်ပေမဲ့ ငြင်းဆန်ဖို့ ခက်ပါတယ်…”

ထိုအခါ အဖွဲ့ထဲမှလူများ ဆက်မေးကြလေသည်။ 

[ဘယ်လို ဆွဲဆောင်တာလဲ ပြောပါဦး]

[ခင်ဗျားက တစ်ခုခုပဲ]

[မသွားချင်ပေမဲ့လား]

[လိမ်နေတာ]

အစ်ကိုပိုင် မျက်နှာပျက်လျက်

“ဒီဗီဒီယို မဟုတ်ဘူး။ မှားပို့တာ”

သူ လင်းချွမ်ဗီဒီယိုပို့ရင်း သူ့ဗီဒီယိုနှင့် မှားသွားခြင်း ဖြစ်သည်။ 

ဗီဒီယိုခေါင်းစဉ်မှာ ‘အွန်လိုင်းစာရေးဆရာမှ သူရဲကောင်းဆန်ဆန် ကျားဖြန့်ဂိုဏ်းကို ဖမ်းဆီး၍ နစ်နာသူများအား ကယ်ခဲ့ခြင်း’

စာဖတ်သူများ နားမလည်နိုင်စွာဖြင့် ဗီဒီယိုအား ဖွင့်ကြည့်လိုက်ကြသည်။ 

ဗီဒီယိုထဲတွင်။ 

လင်းချွမ်တစ်ယောက် သေနတ်ကို ကျွမ်းကျင်စွာလှည့်၍ စူးရှသော မျက်လုံးအကြည့်များကြောင့် အားလုံး မှင်တက်နေကြသည်။ 

ထို့နောက် နောက်ခံစကားပြောသံ ပေါ်လာသည်။ 

“သူ့ကိုသိလား ရွှယ်”

“သူက သာမာန် အွန်လိုင်းစာရေးဆရာလေ”

“ဒါပေမဲ့ အထင်မသေးလိုက်နဲ့နော်။ သာမာန် စာရေးဆရာတော့ မဟုတ်ဘူး”

“သူ့အရည်အချင်းနဲ့ ကျားဖြန့်ဂိုဏ်းကို ဖမ်းလိုက်တာတဲ့”

ထို့နောက် လမ်းမကြီးတစ်ခုပေါ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတို့ ရပ်နေပြီး လူအချို့ ဒူးထောက်နေသည့်မြင်ကွင်း ပြောင်းသွားသည်။ မျက်နှာများကိုတော့ သေချာမမြင်ရချေ။ 

စကားပြောသံ ပြန်ဆက်၏။ 

“ဒါတွေအားလုံးက စာဖတ်သူပိုင်ရဲ့ အွန်လိုင်းအချစ်ရေးကြောင့် စတင်ခဲ့တာပေါ့”

“…”

ဗီဒီယ်ိုပြီးသွားသော်လည်း ကြည့်ရှုနေသူများ တုန်လှုပ်လျက် ခဏကြာမှ သတိဝင်လာကြသည်။ 

[တကယ် မစ္စတာလင်းလား]

[အဲ့တာ လင်းကန်ရဲစခန်းကနေ ထုတ်ပေးတာလား]

"…"

[တကယ် သတ္တိရှိတာပဲ]

“တွေ့လား။ ကျွန်တော် ပြောသားပဲ”

[ဘယ်လိုဖြစ်ရတာလဲ]

[မစ္စတာလင်း တစ်ခုခု လာပြောပါဦး]

[ဒီပုံစံနဲ့ ခင်ဗျားနဲ့ မလိုက်လိုက်တာဗျာ]

[ဒီတစ်လော ချန်းချန်းက စာအုပ်မကြော်ငြာပေးတော့လို့ ဒီလိုတွေ လုပ်နေရတာလား]

[ကျွန်တော် သွားပြောပေးပါမယ်]

[…]

…

စုချန်းချန်း တိုက်ရိုက်ထုတ်လွှင့်မှု၌။ 

စုချန်းချန်း ပန်းရောင်အင်္ကျီလေး ဝတ်ဆင်ထားပြီး ဆံပင်ကို ထိပ်တွင် စုထုံးထား၏။ မိတ်ကပ်မှာတော့ ခပ်ပါးပါးပင် လိမ်းခြယ်ထားလေသည်။ 

“ဒီည စာရေးဆရာလင်းရဲ့ ‘လှည့်စားခြင်း’ ဆိုတဲ့ စာအုပ်ကို ဆက်ညွှန်းပေးသွားပါမယ်။ အခု အပိုင်းအသစ်တွေလည်း ထပ်ထွက်နေပြီမို့လို့ မြန်မြန် သွားဖတ်ကြပါ”

ထိုရက်ပိုင်းတွင် ဝတ္ထုကူးချသည့် ကိစ္စနှင့် လင်းချွမ်ကို မထောက်ခံသူများနှင့် သဘောကျသူများ အပြိုင်အဆိုင် ဖြစ်နေသည်။ 

စုချန်းချန်းကတော့ သေချာဖတ်လေ လင်းချွမ်၏စာက ပိုစစ်မှန်ကြောင်း သေချာလေ ဖြစ်သည်။ ကိုယ်တွေ့အဖြစ်အပျက်နှင့် ပိုတူ၏။ 

ထို့အပြင် ဂိုဏ်းအကြောင်း အသေးစိတ်ပါ ပါဝင်၍ ပိုစိတ်ဝင်စားစရာကောင်းလှသည်။ 

ထိုစဉ် comment များ၌ ထွေရာလေးပါး လျှောက်ပြောနေကြ၏။ 

[ချန်းချန်းရဲ့ ဆံထုံးလေးကို ကိုင်ကြည့်လို့ ရလား]

[ကျွန်တော်လည်း အဲ့စာအုပ် ဖတ်နေတာကို။ မိန်းမနဲ့ တိုက်ဆိုင်လိုက်တာ]

[အိပ်မက်မက်မနေနဲ့။ ချန်းချန်းက ငါ့လက်မောင်းပေါ် မှီရင်း စာအုပ်ဖတ်နေတာ]

[…]

စုချန်းချန်း ထိုစကားများကို စိတ်ထဲထားမနေတော့ပါ။ 

ထို့နောက်ပြုံး၍

“မစ္စတာလင်းရဲ့ စာအုပ်ကို ဘာလို့ ခိုးချတယ်လို့ ပြောနေကြတာလဲ။ ထုတ်ဝေချိန် (၂) နာရီလောက် ပိုနောက်ကျတာနဲ့ပဲ အဲ့လိုလား]

ထိုအခါ မကျေနပ်သူများမှ

[အဲ့တာတွေအထိ လိုက်စဉ်းစားပေးရမှာလား]

[ချန်းချန်းရယ် လူတိုင်းအသိသာကြီးကို]

[သူရော စက်ရုံက ထွက်ပြေးလာတာမို့လို့လား]

[မင်လိုလူကမှ ရေးနိုင်မှာပေါ့]

စုချန်းချန်းပြုံး၍ ပြန်ပြောလေ၏။ 

“အဲ့တော့ အဖမ်းမခံရဖူးရင် မရေးနိုင်ဘူးလား”

[မင်ရေးထားတာ ရှင်းနေတာပဲလေ]

[လာလိမ်မနေနဲ့]

စုချန်းချန်း ခဏစဉ်းစား၍

“မစ္စတာလင်း အဲ့လ်ုမကြုံဖူးဘူးလို့ရော ဘယ်လိုသိလဲ”

[ကြုံဖူးရင် ကိုယ်တိုင် ထွက်ရှင်းမှာပေါ့]

[အခု သူကြောက်နေလို့ပေါ့]

[သူသာ မခိုးချရင် ချက်ချင်း ရှင်းရမယ်လေ]

မုန်းတီးသူများမှာ အခြေအနေ ပိုဆိုးလာသည်။ 

စုချန်းချန်း ခေါင်းယမ်း၍ ဘာပြောရမည်မသိပင် ဖြစ်နေ၏။ 

[ချန်းချန်းလေးရယ် သူတို့နဲ့ ငြင်းမနေပါနဲ့တော့။ အလကားပဲ]

[သူတို့က ဘာပြောပြော လက်ခံမှာ မဟုတ်ဘူး]

[မုန်းတီးစကားပြောပေးရင် ပိုက်ဆံရတယ်လေ]

[ချန်းချန်းရေ ကျွန်တော် မစ္စတာလင်းစာဖတ်အဖွဲ့ထဲက ရလာတာ။ သတင်းကောင်း ရှိတယ်ဗျို့]

[ဆန့်ကျင်သူတွေ ငြိမ်နေလိုက်တော့]

စုချန်းချန်း စိတ်ဝင်တစား ပြန်မေးလိုက်သည်။ 

“ဘာတွေများ လုပ်လိုက်လို့လဲ”

[မစ္စတာလင်း ဟိုနေ့က ယွန်းထျန်းကို သွားတယ်လေ…]

စုချန်းချန်း မျက်မှောင်ကြုတ်၍ နားထောင်နေ၏။ 

[ဟားဟားဟား တကယ်တော်တဲ့လူပဲ]

[တစ်ခုခုမှားရင် သူပါ ဒုက္ခရောက်နိုင်တာကို]

[တကယ်တော်တဲ့ စာရေးဆရာက ဘယ်လိုလဲ ကြည့်ထားကြ]

[မုန်းတီးသူတွေရေ အမြင်ကျယ်ကြစမ်းပါ]

စုချန်းချန်းမှ

“အွန်လိုင်းစာရေးဆရာတစ်ယောက်က ရှာဖွေခံရဆုံး စာရင်းဝင်နိုင်တယ်လား”

All Chapters