← Chapters

ကြိုဆိုခြင်း

Vol. 8 Ch. 109

ကြိုဆိုခြင်း

Vol. 8 Ch. 109

[ဟုတ်တယ်။ ချန်းချန်းလေး ရှာဖွေမှုစာရင်းကို ကြည့်လိုက်ဦး]

[ဒါကိုသာတွေ့ရင် ဆန့်ကျင်သူတွေအကုန် ပါးစပ်ပိတ်သွားလိမ့်မယ်]

[ကြည့်နေကြသေးလား။ မင်းတို့ရဲ့ အံ့ဩနေတဲ့ မျက်နှာတွေကို တွေ့ချင်လိုက်တာ]

စုချန်းချန်းလည်း ရှာဖွေခံမှုစာရင်းကို ချက်ချင်း ဖွင့်ကြည့်လိုက်၏။ 

> ကျားဖြန့်တိုက်ဖျက်ရေးဝတ္ထုမှာ ဘယ်သူ အနိုင်ရမလဲ။ 

>အလုပ်သမားနေ့အတွက် ခရီးသွားအများဆုံး လည်ပတ်သော နေရာများ

>ခေတ်သစ်ကို စတင်ရန် မျက်စိဖွင့်ကြည့်ခြင်း (ဆွေးနွေးပွဲ)

>အလုပ်သမားနေ့တွင် အွန်လိုင်းစာရေးဆရာတစ်ဦးမှ ကျားဖြန့်ဂိုဏ်းအား ဖမ်းဆီး

>သင် ယုံနိုင်မလား။ ကျားဖြန့်ဂိုဏ်း အွန်လိုင်းစာရေးဆရာဆီမှာ အဖမ်းခံလိုက်ရပြီ။ 

[…]

အားလုံး ထိုရှာဖွေခံရမှုစာရင်းများကို ကြည့်နေပြီး အောက်ဆုံး (၂) ခုကို ပိုအာရုံစိုက်မိ၏။ 

စုချန်းချန်း မျက်မှောင်ကြုတ်ကာ ဂရုတစိုက် ဖတ်နေရင်း မယုံနိုင်စွာ ရေရွတ်မိလေသည်။ 

“အလုပ်သမားနေ့မှာ အွန်လိုင်းစာရေးဆရာက ကျားဖြန့်ဂိုဏ်းကို ဖမ်းလိုက်တာလား”

တကယ်လား။ 

သူ ဖတ်ပြီးနောက် မေးလေးထောက်လျက် မယုံနိုင်စွာ ဖြစ်နေ၏။ 

တိုက်ရိုက်ကြည့်ရှုနေသူများလည်း ထိုသို့ပင်။ 

[ဒီလို ရှာဖွေခံရဆုံးဖြစ်အောင် ဝယ်လို့ရတယ်မလား]

[ဒါ ကြော်ငြာနည်းတစ်မျိုးပဲ]

[တစ်ချက်ကြည့်လိုက်ရုံနဲ့ အတုမှန်း သိသာတယ်]

[အွန်လိုင်းစာရေးဆရာက ဒီလိုခေါင်းစဉ်နဲ့ ပေါ်လာတာကို ဘယ်သူက ယုံမှာလဲ]

[သေချာမြင်အောင် ကြည့်ကြပါဦး]

[…]

စုချန်းချန်းလည်း သူတို့အပြိုင်ရန်ဖြစ်နေသည်ကို ကြည့်၍ ရယ်မောကာ link ထဲသို့ ဆက်ဝင်ရန် ပြင်လိုက်သည်။ 

“အွန်လိုင်းစာရေးဆရာမှ ကျားဖြန့်ဂိုဏ်းကို ဖမ်းဆီး” ဟူသည့် ခေါင်းစဉ်အောက်၌ ဗီဒီယိုတစ်ခု ရှိနေလေသည်။ 

ထုတ်လွှင့်သူမှာ လင်းကန်ရဲစခန်းမှ ဖြစ်၏။ 

စုချန်းချန်း ထိုစကားလုံး တွေ့သောအခါ မျက်မှောင်ကြုတ်၍

“မစ္စတာလင်း တကယ်ပဲ ဖမ်းပေးခဲ့တာလား”

ကြည့်ရှုသူများလည်း ဘာမှဆက်မပြောနိုင်တော့ပေ။ 

တကယ်ဆိုရင်ရော…

အားလုံး တိတ်ဆိတ်၍ ဗီဒီယိုအား ကြည့်နေကြသည်။ 

စုချန်းချန်းကတော့ မိုးရွာပြီးနောက် လတ်ဆတ်သော လေညင်းလေးကဲ့သို့ တောက်ပစွာ ပြုံးလျက် ရှိလေသည်။ 

ဗီဒီယိုထဲတွင်။ 

‘အားလုံးပဲ အာရုံစိုက်ပေးကြပါ။ ဒီလူက လူ (၁၅) ယောက်ပါတဲ့ ကျားဖြန့်ဂိုဏ်းကိုဖမ်းပြီး နစ်နာသူ (၁၂) ယောက်လုံးကို ကယ်တင်ပေးခဲ့တဲ့သူပါ’

‘…’

အားလုံး နားမလည်နိုင် ဖြစ်နေကြ၏။ 

[???]

[လင်းကန်ရဲစခန်းကရော သရုပ်ဆောင်နေတာလား]

[ခုနက သေနတ်လှည့်ပြသွားတာက ရုပ်ရှင်ထဲက အတိုင်းပဲ]

[ဒါက အရမ်မများလွန်းဘူးလား]

[ကျွန်တော်က ကြားနေပါ။ ဒါပေမဲ့ အရမ်းအတုအယောင် ဆန်လွန်းတယ်လေ]

စုချန်းချန်းလည်း ဗီဒီယိုကိုကြည့်ကာ စွံ့အနေသည်။ 

သူ လင်းချွမ် ဝတ္ထုခိုးမချသည်အား ယုံကြည်သော်လည်း ယခုအခြေအနေကိုတော့ နားလည်ရန် ခက်နေ၏။ 

အွန်လိုင်းစာရေးဆရာက ဘယ်လိုလုပ် ဂိုဏ်းတစ်ခုလုံးကို ဖမ်းနိုင်တာလဲ။ 

ဤသို့ဖြင့် ဗီဒီယိုကိုဆက်ကြည့်သောအခါ ဓာတ်ပုံတစ်ပုံ ပေါ်လာ၏။ 

ဗလကြီး (၁၅) ယောက်ခန့် လင်းချွမ်နှင့် ရှန်ချန်းချန်းရှေ့တွင် ဒူးထောက်လျက်ရှိပြီး လက်များမှာလည်း ခေါင်းပေါ်တင်ထား၏။ မျက်လုံးများမှာလည်း ကြောင်ကိုတွေ့သော ကြွက်လေးများကဲ့သို့ တုန်လှုပ် ခြောက်ခြားနေကြသည်။ 

ထို့နောက် လင်းကန်ရဲစခန်း၏ အဖွဲ့မှူး ကောင်းမင်၏ စစ်ဆေးခြင်း၊ သက်သေ ရှန်ချန်းချန်းနှင့် ပိုင်တို့၏ ထွက်ဆိုခြင်းများလည်း ပါဝင်လေသည်။ 

ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးထိန်းသိမ်းခံရခြင်းဖြစ်စဉ်ကို အစအဆုံး ဖော်ပြသွား၏။ 

စုချန်းချန်း ကြည့်ပြီးနောက် သက်ပြင်းချ၍

“တကယ့်လက်တွေ့က ဝတ္ထုတွေထက် ပိုစိတ်လှုပ်ရှားစရာ ကောင်းတာပဲ”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင်။ 

ကြည့်ရှုသူများမှာ သံသယများစွာဖြင့် မှင်တက်နေကြ၏။ 

[သူက တကယ် အွန်လိုင်းစာရေးဆရာလား]

[စာရေးဆရာဟန်ဆောင်ထားတဲ့ အထူးတပ်ဖွဲ့က မဟုတ်ဘူးလား]

[သူ့အရည်အချင်းနဲ့ စိတ်ပညာက အရင် သူကိုယ်တိုင် ကျားဖြန့်နဲ့ ပတ်သက်ဖူးပုံပဲ]

[ယုံကြည်ချက်အပြည့်ရှိတဲ့ ယောက်ျားက ကြည့်ကောင်းလိုက်တာ]

[မျက်နှာမပြထားတာကို ကြည့်ကောင်းမှန်း ဘယ်လိုသိလဲ]

[မစ္စတာလင်းကို တွေ့ဖူးတယ်လေ။ ချောတာပဲကို]

[မင်းက ဘယ်သူမို့လို့လဲ]

[ကိုယ်တိုင် မထိန်းချုပ်နိုင်ဘဲ အွန်လိုင်းချစ်သူဆီက အလိမ်ခံရတဲ့ ပိုင်ဆိုတဲ့တစ်ယောက်လား]

[ဘာတွေပြောနေလဲ မသိပါ။ သွားပြီ]

အားလုံး အပြင်းအထန် ငြင်းခုံကြပြီးနောက် ပြန်တိတ်ဆိတ်သွားကြသည်။ 

လင်းချွမ်အား ကျားဖြန့်အတွေ့အကြုံမရှိ၍ ဝတ္ထုခိုးချထားသည်ဟု ပြောထားသည်များလည်း ငြိမ်သွားလေပြီ။ 

လင်းချွမ်မှာ အလုပ်သမားနေ့တွင် ယွန်းထျန်းသို့ ခရီးသွားရင်း အရုပ်သေနတ်လေးဖြင့် ကျားဖြန့်ဂိုဏ်းမှ (၁၅) ယောက်လုံးကို ဖမ်းဆီးနိုင်ခဲ့လေသည်။ 

သို့သော် ထိုသေနတ်မှာ တော်ရုံလူအား တစ်ရေးနိုး ထမေးလျှင်ပင် အတုမှန်း သိသာလွန်း၏။ 

ထိုစဉ် စုချန်းချန်း ပြုံးရွှင်လျက် မျက်တောင်လှလှလေး တဖျတ်ဖျတ်ခတ်ကာ

“ကဲပါ ဒါဆို လှည့်စားခြင်းဝတ္ထုထဲမှာ ဆရာဘာတွေ ဆက်ရေးထားလဲဆိုတာ ဆက်ပြီး ဖတ်ကြည့်လိုက်ရအောင်နော်”

သူ ကျေနပ်စွာ ပြုံး၍ ပြောလိုက်သည်။ 

သူ သဘောကျသော စာရေးဆရာ၏ အရည်အချင်းအစစ်ကို သက်သေပြနိုင်လေပြီ။ 

သူ့အပြုအမူမှာ အလွန်အန္တရာယ်များသော်လည်း စုချန်းချန်းအကြိုက်နှင့်တော့ တိုက်ဆိုင်၏။ 

ရိုးရှင်း၍ ကြမ်းတမ်းသည်။ 

ထို့နောက် လတ်တလော ဆက်သွယ်လေ့ရှိနေသော အယ်ဒီတာယုယွီတစ်ယောက် ထိုအကြောင်း မသိလောက်သေးဟုထင်ကာ ချက်ချင်း စာပို့လိုက်လေသည်။ 

All Chapters