ငါးစာဟပ်ခြင်း
Vol. 8 Ch. 111
စက်ရုံထဲတွင်။
အပေါ်ဆုံးထပ်၌ မီးရောင်မှာ အရမ်းမလင်းဘဲ ခပ်မှိန်မှိန်အရိပ်သာ သူဌေးပေါင်အပေါ်သို့ ကျရောက်နေသည်။
သူ တက်ဘလက်ထဲမှ ဗီဒီယိုကိုကြည့်၍ မီ၏ မျက်နှာရှေ့တွင် ဆေးလိပ်ငွေ့များ မှုတ်ထုတ်ကာ
“သူ့အချက်အလက်တွေ ရှာလို့ရပြီလား”
“ဟုတ်ကဲ့”
မီ ချက်ချင်း ခေါင်းငြိမ့်ပြ၍
“ပညာရှင်တွေကို ရှာခိုင်းလိုက်တာ တန်းတွေ့ပါတယ်”
[ကလောင်အမည် : မစ္စတာလင်း]
[စာအုပ်များ: သူခိုး၊ လူလိမ်၊ ကျွမ်းကျင်လှသော လုပ်ကြံသူ၊ ဟက်ကာလောက၊ လှည့်စားခြင်း]
မီက
“ဒီလှည့်စားခြင်းစာအုပ်က ကျားဖြန့်ဆန့်ကျင်ရေးအတွက် ဝင်ပြိုင်ထားတာလေ။ စာရေးဆရာ မင်ဆီကနေ ခိုးချထားတယ်လို့ သတင်းထွက်နေတာ။ သူဌေး မင့်ကို သိတယ်မလား”
ပေါင် မျက်မှောင်ကြုတ်သွားပြီး
“ထွက်ပြေးသွားတဲ့တစ်ယောက်မလား”
“ဟုတ်ပါတယ်။ သူက အခု ကျွန်တော်တို့အကြောင်း စာရေးပြီး တိုက်ရိုက် ထုတ်လွှင့်မှုတွေ လုပ်နေတာ။ တော်တော်တောင် အောင်မြင်နေပြီ”
ပေါင် ဆေးလိပ်တိုကို ပြာခွက်ထဲ ချေထည့်လိုက်ပြီး
“သူက ထွက်ပြေးပြီးတော့ လျှို့ဝှက်ချက်တွေ လိုက်ပြောနေတယ်ပေါ့”
“ဟုတ်ပါတယ်။ သူနဲ့ မစ္စတာလင်းရဲ့ စာအုပ်တွေမှာ လျှို့ဝှက်ချက် တော်တော်များများ ပါနေတယ်”
အားလုံး ခဏတိတ်ဆိတ်သွားပြီးမှ ပေါင်က
“အခုတစ်လော ကျားဖြန့်ဗဟုသုတတွေ အရမ်းပေါလာတော့ ဝက်ငတုံးတွေကိုဖမ်းဖို့ အရင်လို မလွယ်တော့ဘူး”
“ဟုတ်ပါတယ်”
“မင်နဲ့ နောက်တစ်ယောက် ဘယ်သူ”
“မစ္စတာလင်းပါ”
“အင်း သူတို့ကို ဘယ်လိုရှင်းရင် ကောင်းမလဲ”
မီ စိတ်လှုပ်ရှားစွာ လှမ်းကြည့်ရင်း
“သတ်ပစ်လိုက်ရမလား”
“အင်း…”
“ကျွန်တော် ချက်ချင်း ပြင်ဆင်ထားလိုက်ပါမယ်”
ပေါင် မီ့ကို ပါးလှမ်းရိုက်လိုက်ပြီး
“အရူးကောင် သူတို့ကို အခုသတ်ရင် ငါတို့အကြောင်း အကုန် ပေါ်ကုန်မှာပေါ့”
“ဒါဆို ဘယ်လိုလုပ်ရမလဲဟင်”
“မစ္စတာလင်းသတင်းတွေ ငြိမ်တဲ့အထိ စောင့်ရမှာပေါ့”
“ဟုတ်ကဲ့ပါ”
“အရင်ဆုံး သူတို့စာအုပ်တွေကိုတော့ ရှင်းရမယ်။ အဲ့တာမှ ထပ်ပြီး ဖျားယောင်းနိုင်မှာ”
“အဲ့တာကို ဘယ်လိုလုပ်လိုက်ရမလဲ”
“မင်ရဲ့ ပြစ်မှုတွေ၊ မစ္စတာလင်းရဲ့ ပြစ်မှုတွေကို ရှာပြီး ဖန်တီးရမှာပေါ့။ အဲ့တာမှ မယုံကြတော့မှာဎ
မီ ချက်ချင်း သဘောပေါက်သွားပြီး လက်ခုပ်တီး၍
“သူဌေးက ထက်မြက်လွန်းလှပါတယ်”
“မစ္စတာလင်းကို ဆက်စုံစမ်းထားဦး။ သူ့နားမှာ ငါးစာတစ်ခုခု ချလိုက်”
မီချက်ချင်း ထွက်သွားပြီး မကြာမီ ပြန်ရောက်လာ၏။ “သူဌေး ကျွန်တော်တို့လူတစ်ယောက်ကို လွှတ်လိုက်ပြီး ငါးစာဟပ်လာပါပြီ”
…
ညအချိန် ကျော်လွန်၍ မိုးသောက်ရောင်ခြည်များ တောက်ပလာသည်။
သာယာသော လင်းကန်မြို့လေးလည်း အသက်ဝင်နေပြီ ဖြစ်၏။
မေလ (၅) ရက်၊ နေ့လယ်။
လင်းချွမ်တို့ (၃) ဦး ပြန်ရမည့်အချိန်ရောက်ကာ ယွန်းထျန်းလေဆိပ်မှ အန်လင်းအထိ စီးနင်းလာကြ၏။
(၂) ရက်တာ ခရီးထွက်ပြီးနောက် မိန်းကလေးများ ပင်ပန်းနေကြလေပြီ။ နောက်တစ်ရက်လည်း လုပ်ငန်းခွင် ပြန်ဝင်ရတော့မည်ဖြစ်၍ လင်းချွမ် ပုခုံးထက်တွေ မှေးစက်နေကြ၏။
လင်းချွမ်ကတော့ မလှုပ်မယှက်ဖြင့် သူ့စာအုပ် အခြေအနေကို စနစ်မှ စစ်ဆေးနေသည်။
[စာအုပ် : လှည့်စားခြင်း]
[လက်ရှိ အခြေအနေ : ထုတ်ဝေဆဲ]
[အောင်မြင်မှုစံနှုန်း : ၀/၁၀၀၀၀]
မှတ်ချက်: ငွေလဲ၍ ဝယ်နိုင်သော အပိုင်းအသစ်အထိ မရောက်သေးပေ။
[စုစည်းမှု အရေအတွက်: ၁၅၅၂၇၈]
“အများကြီး လိုသေးတာပဲ”
လင်းချွမ် တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။
သို့သော် ပြိုင်ပွဲတွင်တော့ အဆင့် (၂) အထိ ရောက်ရှိသွားလေပြီ။
[၁- ‘စက်ရုံထဲတွင် ကျင်လည်ရသော ခုနှစ်များ’ - မင်]
[၂- ‘လှည့်စားခြင်း’ - မစ္စတာလင်း]
[၃- ‘ကျားဖြန့်မရှိသော ကမ္ဘာ’ - ဟန်တန်]
ထိုပုံအတိုင်းဆိုလျှင် လင်းချွမ် အဆင့်တစ်အထိ မကြာမီ တက်လှမ်းနိုင်လောက်သည်။
“ဇွန်လထဲ နောက်တစ်ဆင့် တက်နိုင်ရင် အဆင်ပြေမှာပါ”
အွန်လိုင်းစာရေးဆရာများအတွက် အသိအမှတ်ပြုခံရခြင်းမှာ အကောင်းဆုံး လက်ဆောင် ဖြစ်၏။
လင်းချွမ်တွင် သူ့အလုပ်ကို လေးစားပေးသော အမျိုးသမီးများကို ပိုင်ဆိုင်ထားသော်လည်း တစ်ခါတစ်ရံတော့ စိတ်အနှောင့်အယှက် ဖြစ်ရသည်။
“အွန်လိုင်းဝတ္ထု၊ ကုမ္ပဏီ၊ ဘဝ… လမ်းခရီးအရှည်ကြီးကို ဖြတ်သန်းရဦးမှာပဲ”
လင်းချွမ် ထပ်ရေရွတ်မိသည်။
သူ့ လုပ်ငန်းနှင့် ဘဝအားလုံးမှာ အစအခြေအနေသာ ရှိသေးသည်။
လင်းချွမ် အငှါးတိုက်ခန်းလေးထဲ ရောက်ပြီး မကြာမီ ကျယ်လောင်သော တံခါးခေါက်သံနှင့် ရင်းနှီးနေသော အသံအား ကြားလိုက်ရ၏။
“သူဌေး ထွက်ခဲ့ပါဦး”
လင်းချွမ် တံခါးဖွင့်ကာ ပြုံး၍
“ကျန်း ဘာကိစ္စလဲ”
“အလုပ်အကြောင်း တင်ပြစရာ ရှိလို့ပါ”
ကျန်းမှာ ဂါဝန်ဒူးဖုံး မီးခိုးရောင်လေးကို ဝတ်ဆင်ထားပြီး ရှူးဖိနပ်အဖြူလေး စီးထား၏။ ခြေသလုံးလှလှလေးမှာတော့ အရမ်း မသွယ်ဘဲ ခပ်ပြည့်ပြည့် ဖြစ်လေသည်။ မိတ်ကပ်ကိုတော့ ခပ်ပါးပါးသာ လိမ်းခြယ်ထားပြီး ထမင်းချိုင့်လေးကို ကိုင်ထား၏။
လင်းချွမ် ထမင်းချိုင့်ကိုကြည့်၍
“ကျွန်တော် ဘာမှမစားရသေးတာ ဘယ်လိုလုပ် သိတာလဲ”
“ဒီအတိုင်း ကျွန်မအတွက်ပဲ မှာထားတာပါ။ ရှင် ပြန်ရောက်လာတော့ ကံကောင်းသွားတာပေါ့”
ကျန်းရှင်းရှင်း ပြုံး၍ ပြောလိုက်သည်။
“ဝင်ခဲ့လေ”
ကျန်း အထဲဝင်လာရင်း
“သူဌေး ယွန်းထျန်းမှာ ပျော်ခဲ့လား”
“ကောင်းပါတယ်”
လင်းချွမ် ထမင်းစစားရင်း ဖြေလေ၏။
“နောက်တစ်ခါသွားရင် ကျွန်မကို ခေါ်ပါလား။ ကျွန်မ ရိုက်ကူးရေး လုပ်ပေးမယ်လေ”
“ဘာရိုက်ကူးရေးတုန်း”
“ရှင် လင်းကန်မှာ ကျားဖြန့်ဂိုဏ်းကို ဖမ်းခဲ့တယ် မဟုတ်ဘူးလား။ ဒါပေမဲ့ ဗီဒီယို လှလှပပ မထွက်လာဘူးလေ”
လင်းချွမ်ပြုံးကာ
“မင်းက သိနေပြီလား”
“ရှင်ကသာ ကျွန်မကို ဂရုမစိုက်တာပါ”
“အမလေး ကုမ္ပဏီရဲ့ ငွေကြေးတာဝန်ခံပဲကို။ ဒါနဲ့ ဟင်းတွေက ကောင်းတယ်နော်။ ဘယ်က မှာတာလဲ”
“ဟီးဟီး မှာတာ မဟုတ်ပါဘူး။ ကျွန်မ ချက်ထားတာ”
“မင်းလား။ မင်းက ချက်တတ်တာလား”
“စားသောက်ဆိုင် သတင်းတွေဖတ်ရင်း စိတ်ဝင်စားလို့ လိုက်လုပ်ကြည့်တာပါ”
“ဒါနဲ့ အကုန်ယူလာတာလား။ ဦးလေးကျန်းကရော”
“သူလား။ သူက အခုတစ်လော အိမ်တောင် မကပ်ဘူး။ ရည်းစားရနေလား မသိပါဘူး”
“ရည်းစားလား”
လင်းချွမ် မျက်နှာပျက်သွားသည်။
“ဟုတ်တယ်။ လောင်းကစား တိုက်ဖျက်ရေးအဖွဲ့က မိတ်ဆက်ပေးတာတဲ့။ အသက် (၃၀) ဝန်းကျင်ပဲ ရှိသေးတယ်။ တစ်ခါမှတော့ မတွေ့ရသေးလို့ ဘယ်လိုပုံလဲ မသိပါဘူး”
“မင်း မဆန့်ကျင်ဘူးမလား”
လင်းချွမ်မှ မေးလိုက်သည်။
“ဒါပေါ့။ အဖေလည်း သူ့ဘဝသူ အချိန်ပေးရဦးမယ်လေ။ ဒါပေမဲ့ ရှင်ပါ မရှိရင်တော့ အထီးကျန်တယ်”
ကျန်း သက်ပြင်းချ၍ ပြောလိုက်၏။
“ကဲပါ။ နောက်တစ်ခါ ဦးလေးကျန်းကို ခေါ်လာခိုင်းလိုက်လေ။ အခြေအနေ ကြည့်ရတာပေါ့”
လင်းချွမ် ရယ်မော၍ ပြောလေသည်။
“ဟုတ်ပါပြီ။ ရှင်ရော လိုက်မယ်မလား။ ကျွန်မ လူကဲခတ် မကျွမ်းဘူး”
“ရတယ်လေ။ ကျွန်တော်ကတော့ ကျွမ်းတယ်”
လင်းချွမ် ရယ်မောနေမိသည်။
“ဒါဆို ဒီရက်ပိုင်း ခေါ်ခဲ့ဖို့ ပြောလိုက်မယ်နော်”