တစ်ချက်တည်းအပြီး
Vol. 8 Ch. 114
ညမှာ တဖြည်းဖြည်း မှောင်လာပြီး ဆိုင်ထဲတွင်လည်း လူများ အလွန်ရှုပ်နေ၏။
သို့သော် ရုတ်တရက် ရဲကားအသံကြောင့် အားလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
လင်းတို့ ဆိုင်ထောင့်နား၌ ထိုင်နေပြီး ရဲဝန်ထမ်း နှစ်ဦး သူတို့ဝိုင်းသို့ ဦးတည်ကာ ဝင်လာသည်။
ဆိုင်ထဲမှ အားလုံးလည်း မှင်တက်၍ ကြည့်နေကြသည်။
ကံကောင်းစွာဖြင့် လင်းချွမ် ထိုအခြေအနေမျိုးကို ရိုးနေလေပြီ။
ရောက်လာသူများမှာလည်း ရင်းနှီးနေသော မျက်နှာများပင်။
“ရဲနေရှန် စားပြီးပြီလား”
လင်းချွမ် ပြုံး၍ မေးလိုက်၏။
“မစားရသေးပါဘူး။ ရှင့်ကြောင့် အချိန်ပို ဆင်းနေရတယ်လေ”
ချန်းချန်း နှုတ်ခမ်းလေးစူ၍ ပြောလိုက်သည်။
“ဒါဆိုလည်း တစ်ခုခု အရင်စားလိုက်ပါလား”
လင်းချွမ် အခြားရဲကိုပါ မေးငေါ့၍ ပြော၏။
“လင်းချွမ် ကျွန်မတို့ အခု တာဝန်နဲ့လာတာပါ”
ရှန်ချန်းချန်း ပြုံး၍ ပြန်ပြောသည်။
လင်းချွမ် ရယ်မောလိုက်ပြီး
“မြန်သားပဲ။ ကျွန်တော့်စာအုပ် အခုပဲ အဖယ်ခံရတာကို။ ရောက်နေကြပြီ”
ရှန်ချန်းချန်း ရယ်မော၍ ဝမ်ကျီခန်အား လက်ညှိုးထိုးပြကာ
“သူ ချီချီ့ကို ပြောလို့လေ။ ကျွန်မတို့လည်း နေရာ တန်းသိသွားတာ”
လင်းချွမ် မတ်တပ်ထရပ်ကာ
“ဒါဆိုလည်း အချိန်မဆွဲတော့ပါဘူး။ စစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်ပါ့မယ်။ လက်ထိတ်ရော ခတ်ဦးမှာလား”
ရှန်ချန်းချန်းပြုံး၍
“လင်းချွမ်ရယ် ရှင်က အခု အန်လင်းရဲ့ ရတနာပဲကို။ ဘယ်သူက လက်ထိတ်ခတ်ရဲမှာလဲ။ စကားပြောဖို့ ဖိတ်ရုံပါ”
“လာဖမ်းတာ မဟုတ်ဘူးပေါ့”
“မဟုတ်ပါဘူး။ ဖိတ်တာပါ”
ဝမ်ကျီခန် ဘေးမှ လက်မထောင်ပြ၍
“လင်း မင်းကတော့ ရဲမေရှန်ကတောင် စကားပြောဖို့ လာဖိတ်နေရပြီ”
လင်းချွမ် မကျေမနပ် လှမ်းကြည့်၍
“အစ်ကို့ရော ဖိတ်ပေးရမလား”
“မ မလုပ်ပါနဲ့”
ဝမ်ကျီခန် ခေါင်းယမ်း၍
“မင်းလိုတော့ ဝင်လိုက်ထွက်လိုက်နဲ့ လွယ်လွယ် မလုပ်နိုင်ဘူးလေ”
လင်းချွမ်မှ
“ကျွန်တော်မှ မဟုတ်တာ မလုပ်ထားတာ။ ဘာလို့ မထွက်နိုင်ရမှာလဲ”
“ဟုတ်ပါပြီ။ ကောင်းကောင်းသွား။ မြန်မြန် ပြန်လာနော်”
ဝမ်မှပြောလိုက်သည်။
“လင်းချွမ် အရမ်းစိတ်မလှုပ်ရှားပါနဲ့။ အိမ်ပြန်သလိုပဲပေါ့”
ရှန်ချန်းချန်း ရယ်မော၍ ပြောလိုက်၏
မည်သို့သော လူကောင်းက ရဲစခန်းကို အိမ်ကဲ့သို့ သွားလာနေမည်နည်း။
“သွားရအောင်။ အရမ်းမကြာလောက်ပါဘူး”
လင်းချွမ်လည်း ခေါင်းငြိမ့်၍ ရှန်ချန်းချန်းတို့နှင့်အတူ ရဲကားပေါ် လိုက်ပါသွားတော့သည်။
အမှန်ပင် သူရင်းနှီးနေသော နေရာတော့ ဖြစ်၏။
စခန်းသို့ ရောက်သောအခါ အခန်းတစ်ခုသို့ ခေါ်သွားလေသည်။
“ဒါက ပြစ်မှုစစ်ဆေးရေးနေရာလေ”
“ကျွန်တော် ကျားဖြန့်တိုက်ဖျက်ရေးစင်တာနဲ့တော့ အရမ်းမရင်းနှီးဘူး”
လင်းချွမ် ပြုံး၍ ပြောလိုက်၏။
“ကျွန်မနောက်သာ လိုက်ခဲ့ပါ”
အခန်းထဲ ရောက်သောအခါ ဒါရိုက်တာ ကျောက်တုံမှ လက်ဖက်ရည် ပြင်ဆင်၍ စောင့်နေပြီး လင်းချွမ်ကို တွေ့သော် ချက်ချင်း မတ်တပ်ရပ်ကာ နှုတ်ဆက်လေသည်။
“ရဲဘော်လင်းချွမ်ရယ် ကိစ္စတွေက ရုတ်တရက်ကြီး ဖြစ်သွားတော့ ဒီလိုမျိုး ခေါ်လိုက်ရတယ်”
“ရပါတယ်။ ပူးပေါင်းပေးရမှာ ကျွန်တော့်တာဝန်ပါပဲ”
“ကဲပါ ထိုင်ပါဦး”
ကျောက်တုံ လက်ဖက်ရည်ငှဲ့ပေး၍
“လင်းချွမ် ကျွန်တော်တို့ အထက်ကနေ အမိန့်ရတာပါ။ ခင်ဗျားက ကျားဖြန့်အဖွဲ့နဲ့ ပူးပေါင်းနေတယ် ဆိုပြီးပေါ့”
“ဘယ်လို”
လင်းချွမ် မျက်မှောင်ကြုတ်ကာ အံ့ဩနေမိသည်။
ကျောက်တုံ ရယ်မောလျက်
“ကြားရတာ တကယ် ထူးဆန်းလွန်းပါတယ်။ ဒါပေမဲ့ အဲ့လို ဖယ်ရှားဖို့ အကြောင်းကြားပြီး စစ်ဆေးဖို့ ဖြစ်လာရတယ်”
လင်းချွမ် တဖြည်းဖြည်း နားလည်လာ၏။
သို့သော် အခြေအနေမှာတော့ လွန်လွန်းပါသည်။
ကျောက်တုံမှ ဆက်၍
“ကျွန်တော်တို့ အကြောင်းကြားစာ ရပြီးပြီးချင်း စစ်ဆေးဖို့ တာဝန်လည်း ရှိတာမို့လို့ အခုလို ဖိတ်လိုက်ရတာပါ။ ခင်ဗျားမှာ ရန်သူတွေဘာတွေများ ရှိနေသေးလား”
လင်းချွမ် နားထောင်ရင်း အခြေအနေကို ခန့်မှန်းနေ၏။
သူ ခဏစဉ်းစားပြီးနောက်
“ဒါနဲ့ ဒါရိုက်တာကျန်းရော”
“ဒါရိုက်တာကျန်းက တခြားကိစ္စလေးရှိနေလို့ ကျွန်တော်တဲ့ ရဲမေရှန်ကို တာဝန်ပေးသွားတာပဲ”
ကျောက်တုံ ပြုံး၍ ရှင်းပြ၏။
ရှန်ချန်းချန်းလည်း ခေါင်းငြိမ့်ပြ၍ ဝင်ထောက်ခံလေသည်။
“ကျွန်တော့်အထင်တော့ တစ်ယောက်ယောက်နဲ့ ရန်ညှိုးရှိတာမဟုတ်ဘဲ အဖွဲ့အစည်းနဲ့ တူတယ်”
“ပြောပါဦး။ ကျွန်တော် အသေးစိတ်ကို ဒါရိုက်တာကျန်းဆီ ပြန်တင်ပြပေးပါမယ်”
လင်းချွမ်ပြုံး၍
“ဒါရိုက်တာကျန်းလည်း သိပြီးသားပါ။ နယ်စပ်က ကျွန်တော်တို့ ဖမ်းလိုက်တဲ့ ကျားဖြန့်ဂိုဏ်းလေ”
ကျောက်တုံ စာရွက်ထဲ၌ တစ်ခုချင်း ရေးမှတ်နေ၏။
ကျန်းပြောင်မှ လင်းချွမ်လုံခြုံရေးကို အထူး ဂရုစိုက်ခိုင်းခဲ့သည်မှာ ထိုသို့ ပစ်မှတ်ထားခံရမည်စိုး၍ ဖြစ်သည်။
ကျောက်တုံမှ ဆက်၍
“ဒါနဲ့ ကျားဖြန့်တိုက်ဖျက်ရေး ဆော့ဖ်ဝဲလ်ရော အခြေအနေ ဘယ်လိုရှိလဲ”
လင်းချွမ် ခဏငြိမ်နေပြီးမှ ပြုံးကာ
“လက်ရှိမှာ စစ်ဆေးမှုတွေလည်း အောင်မြင်ပြီး အဆင်ပြေပါတယ်။ နောက် (၃) ရက်အတွင်း တရားဝင် သုံးနိုင်ပါလိမ့်မယ်”
“ကောင်းတာပေါ့”
ကျောက်တုံ မျက်လုံးအရောင်လက်၍
“ဒါဆို နည်းပညာပစ္စည်းတွေမှာ ထည့်သုံးဖို့ ကုမ္ပဏီတွေနဲ့ ချိတ်ထားလိုက်တော့မယ်နော်”
“ကောင်းပါ့ဗျာ”
…
ညခင်းလေပြေများကြားတွင် လင်းချွမ်နှင့် ရှန်ချန်းချန်းတို့ စခန်းထဲမှ ထွက်လာကြ၏။
လင်းချွမ် အမှုမှ လွတ်လာပြီး ရှန်ချန်းချန်းလည်း ဂျူတီပြီးသွားလေပြီ။
“လင်းချွမ် ကျွန်မတို့ဘက်က လိုအပ်တဲ့စာတွေ တင်ပြီးရင် ရှင့်စာအုပ် ပြန်ရတော့မှာပါ”
လင်းချွမ် ခေါင်းငြိမ့်ပြ၍
“ကျေးဇူးပါဗျာ”
“လင်းချွမ် ကျွန်မ တစ်ခုတော့ ပြောထားမယ်နော်။ ရှင်သာ အပြစ်တစ်ခုခု ကျူးလွန်လာရင် ကျွန်မ လက်ထိတ်ခတ်မှာ”
“ကျွန်တော်က ဒီလောက် ဥပဒေလိုက်နာတာကို။ ချန်းချန်း အဲလိုအခွင့်အရေး ရတော့မှာ မဟုတ်ပါဘူး”
“အဲ့လိုဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်ရှင်”
“ဒါနဲ့ ဒီနေ့ကိစ္စကို ဘယ်သူ သတင်းပေးတယ်လို့ ထင်လဲ”
“မပြောတတ်သေးပါဘူး”
လင်းချွမ် ခေါင်းယမ်းမိ၏။
ရှန်ချန်းချန်း မျက်မှောင်ကြုတ်ကာ
“စိတ်ထဲထင်တဲ့သူ မရှိဘူးလား”
“ရှိတာပေါ့”
လင်းချွမ် ပြန်လှည့်လာပြီး ပြောလေ၏။
“ပြောပါဦး”
“ပထမဆုံး မင်နဲ့ ကျွန်တော်က ပြိုင်ပွဲမှာ ဝင်ပါပြီး အဆင့်တွေ ကောင်းတော့ လူတွေ သတိထားမိတယ်လေ။ အဲ့တော့ ကျားဖြန့်ဂိုဏ်းအနေနဲ့ သွေးဆောင်ဖို့ မလွယ်တော့ဘူး”
“အဲ့လိုလား။ နောက်တော့ရော”
“နောက်ထပ် ထင်နေတာက နယ်စပ်ဘက်က ဂိုဏ်းပဲ”
“ရှင်ပြောချင်တာက ကျွန်မတို့ ဖမ်းလိုက်လို့ လက်စားချေတာမျိုးလား”
“အဲ့လိုလည်း အဲ့လိုဆိုပေမဲ့ ကျွန်တော်တို့ စာအုပ်တွေကို လူတွေဆီ မရောက်စေချင်တာပေါ့”
“သူတို့ပဲ လွှမ်းမိုးချင်တာလား”
“အမှန်ပဲ။ စာအုပ်တွေကြောင့် လူတွေက အခြေအနေအမှန်ကို ပိုမြင်လာတယ်လေ”
လင်းချွမ် ဆက်စပ်စဉ်းစားရင်း အားလုံး ပေါ်လာသည်။
“လင်းချွမ် သူတို့က အညှိုးထားနေရင် ရှင် ဒုက္ခရောက်မယ်နော်”
ရှန်ချန်းချန်း စိုးရိမ်စွာ ပြော၏။
“ပြဿနာမရှိပါဘူး။ လာရှုပ်ရဲရှုပ်ကြည့်။ တစ်ချက်တည်း အကုန် ရှင်းပစ်မယ်”
လင်းချွမ် ပြုံး၍ ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည်။
ရှန်ချန်းချန်း ဘေးမှ လှမ်းကြည့်ရင်း ထိုနေ့က လင်းချွမ်အာရ ပြန်မြင်ယောင်လာသည်။
ယုံကြည်ချက် ရှိလွန်းတာပဲ။