← Chapters

မထိုးဖောက်နိုင်သော

Vol. 8 Ch. 117

မထိုးဖောက်နိုင်သော

Vol. 8 Ch. 117

ညနေစောင်းအချိန် နေဝင်ရီတရော၌။ 

အန်လင်းမြို့။ 

လင်းချွမ် ကျန်းရှင်းရှင်း၏ အနောက်မှ လိုက်လာရင်း လမ်းတစ်လျှောက် ပန်းရနံ့များ ရှူရှိုက်ကာ ပတ်ဝန်းကျင်ကို ငေးကြည့်နေမိသည်။ 

ထို့နောက် မကြာမီ မြို့စွန်ရှိ ယူရန်ဗီလာသို့ ရောက်လာကြတော့သည်။ 

လင်းချွမ် ပြဿနာများ ဖြေရှင်းထားနိုင်၍ စိတ်ထဲတွင် ရွှင်မြူးနေ၏။ 

ကျားဖြန့်ဂိုဏ်း၏ လက်ရှိအလုပ်များကို မစုံစမ်းနိုင်သော အချက်တစ်ခုသာ စိတ်ညစ်စရာ ရှိလေသည်။ 

သူသာ ဒေတာအတိအကျသိပါက အလံနီများ ပို့ရုံနှင့် ရပ်လိုက်မည်မဟုတ်ပါ။ 

နောက်ထပ် ဝမ်းသာစရာမှာ သူ့ဝတ္ထုပြန်တင်ထားနိုင်ပြီး အခပေးအပိုင်းများအထိ ထွက်နေလေပြီ။ 

“သူဌေး ရောက်ပါပြီ”

ကျန်း ယူရန်ဗီလာရှေ့တွင် စကူတာလေးရပ်၍ ဦးထုပ်ချွတ်လိုက်သောအခါ လှပသောမျက်နှာလေး ထင်းခနဲ ပေါ်လာသည်။ 

နေဝင်ချိန်အလင်းရောင်မှာ မျက်နှာပေါ်သို့ တစ်ပိုင်းတစ်စ ကျရောင်နေသောကြောင့် မျက်နှာလေး ရဲ၍ နှာတံမြင့်မြင့်မှာ အရိပ်ဖြင့် ပိုပေါ်နေသည်။ 

ကျန်း ဒီနေ့ မီးခိုးရောင်ဂါဝန်အကြပ်လေး ဝတ်ထားပြီး ဒူးအထက်အထိသာ ရှည်၍ ဝင်းပသော ခြေတံများကို တွေ့နေရသည်။ 

လင်းချွမ်မှာတော့ တီရှပ်အဖြူခံ၍ မီးခိုးရောင် အနောက်တိုင်းဝတ်စုံ ထပ်ဝတ်ထားကာ ရိုးရှင်းနေသည်။ 

သို့သော် သူ့အရပ်နှင့် ရုပ်ရည်ကြောင့် အဝတ်အစားမှာ အရေးမကြီးလှပေ။ 

ယူရန်ဗီလာမှာ ဆင်ခြေဖုံးရပ်ကွက်နား၌ တည်ရှိပြီး တိတ်ဆိတ်၏။ 

နှစ်ယောက်သား ဗီလာထဲ လျှောက်လာလိုက်သည်။ 

“ကျန်း ဟိုမှာ”

အဝင်ဝ၌ ထွက်စောင့်နေသော ဦးလေးကျန်းကိုတွေ့ကာ လင်းချွမ် လှမ်းပြောလိုက်သည်။ 

ဦးလေးကျန်းမှာ အရင်ထက် နုပျို၍ ကြည့်ကောင်းနေလေသည်။ 

အချစ်မှာ လူသားများအတွက် အကောင်းဆုံးဆေး ဖြစ်၏။ 

ဦးလေးကျန်းဘေး၌ အဝါနုရောင် တရုတ်ရိုးရာဝတ်စုံ ဝတ်ထားသော အမျိုးသမီးတစ်ဦး ရပ်နေပြီး အသက် (၃၇) နှစ် ဝန်းကျင် ရှိလောက်သည်။ 

မျက်နှာဘဲဥပုံ၊ ရင်သပ်ရှုမောဖွယ် ကောက်ကြောင်းနှင့် မိတ်ကပ်ပါးပါးသာ လိမ်းခြယ်ထားသော ထိုအမျိုးသမီးမှာ လင်းချွမ်တို့အား နွေးထွေးစွာ ပြုံးပြနေသည်။ 

နာမည်မှာ လျှိုချင်း ဖြစ်လေ၏။ 

ကျန်းလည်း ပြုံး၍ အခန်းထဲ ဝင်လာလိုက်ကြသည်။ 

“မင်္ဂလာပါ အန်တီလျှို”

လင်းချွမ်နှင့် ကျန်းတို့ နှုတ်ဆက်လိုက်သည်။ 

“အစ်ကိုကျန်း ဒါက”

လျှိုချင်း လင်းချွမ်ကိုကြည့်၍ မေးလိုက်၏။ 

ထိုစဉ် ကျန်း လင်းချွမ်လက်မောင်းအား ဖက်၍

“ကျွန်မရဲ့ချစ်သူ လင်းချွမ်ပါ”

“ကျန်းကောင်လေးက ချောလိုက်တာ”

လျှိုချန်း ပြုံး၍ ပြောလိုက်၏။ 

“ဒါပေါ့”

လင်းချွမ်ကတော့ နေရခက်စွာဖြင့်သာ ပြုံးနေသည်။ 

“ကဲပါ။ အထဲရောက်မှ စကားအေးဆေး ပြောတာပေါ့”

ကျန်းမှ ပြုံး၍ ပြောလိုက်သည်။ 

သီးသန့်ခန်းထဲတွင် လေးထောင့်စားပွဲတစ်လုံးရှိပြီး နှစ်တွဲမှာ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။ 

ကျန်းမှ လျှိုချန်းအား ဂရုတစိုက်ကြည့်ကာ

“အန်တီလျှို အဖေနဲ့ ဘယ်လိုစသိတာလဲ”

လျှိုချင်းပြုံးလျက်

“ကျန်းရယ် ရေစက်ကြောင့်ပေါ့။ လွန်ခဲ့တဲ့ တစ်လက လောင်းကစားတိုက်ဖျက်ရေးပွဲမှာ တွေ့ဖူးတာလေ။ နောက်ပြီး သူငယ်ချင်းတစ်ယောက်ရဲ့ပွဲမှာ မချိန်းဘဲ ထပ်တွေ့ဖြစ်တာ”

ဦးလေးကျန်း လျှိုချင်းလက်ကို လှမ်းကိုင်၍ ဝင်ပြော၏။ 

“မင်းတို့ အန်တီလျှိုက အန်လင်းကို ရောက်တာတောင် မကြာသေးဘူး။ ဖဲရိုက်ရတာလည်း ဝါသနာပါတော့ အတူဆော့ကြရင်း တဖြည်းဖြည်း…”

လျှိုချင်း နားထောင်ရင်း ရှက်သွားသလိုဖြင့် ပါးလေးများ ရဲလာ၏။ 

“ဦးလေးကျန်း ဖဲပြန်ရိုက်နေတာလား”

လင်းချွမ် ရယ်မော၍ နောက်လိုက်သည်။ 

ထိုအခါ ဦးလေးကျန်းမှ

“ပိုက်ဆံကြေး မဟုတ်ပါဘူးကွာ။ အပျော်ပါပဲ”

လျှိုချင်း ဦးလေးကျန်းကို တစ်ချက် လှမ်းကြည့်ကာ ပြုံး၍

“အစ်ကိုကျန်းက ဖဲရိုက်တာ သိပ်တော်တာ။ သူနဲ့ဆော့တိုင်း တို့ပဲအမြဲရှုံးတာလေ။ ပိုက်ဆံကြေး မဆော့ရဲပါဘူး”

“ပိုက်ဆံကြေးဆိုရင်လည်း အနိုင်မယူရက်ပါဘူးဗျာ”

တစ်ခန်းလုံး ရယ်မောသံများ ညံသွား၏။ 

ထိုစဉ် စားပွဲထိုးမိန်းကလေး ရောက်လာလေသည်။ 

ဟင်းပွဲများ ချပြီးသောအခါ လျှိုချင်း ဦးလေးကျန်း ပန်းကန်ထဲ ထည့်ပေး၍

“အစ်ကိုကျန်း ဒါလေး စားကြည့်။ ဒီဆိုင်က ငါးပေါင်းက သိပ်ကောင်းတာ”

“အင်း လတ်ဆတ်ပြီး နူးညံ့တယ်နော်”

ဦးလေးကျန်း စားကြည့်ရင်း ပြုံးရွှင်နေသည်။ 

ကျန်း သူတို့ကိုပြုံး၍ ကြည့်နေရင်း ထပ်မေး၏။ 

“ဒါနဲ့ အန်တီလျှိုက ဘာအလုပ်လုပ်တာလဲ”

“ရှေးဟောင်းပစ္စည်း စုဆောင်းရေး လုပ်တာပါ။ အန်လင်းမြို့က ရှေးဟောင်းဈေးကွက်ကို လေ့လာရင်း အဆင်ပြေလို့ ပိုတိုးတက်အောင် ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်တာ။ အစ်ကိုကျန်းနဲ့ ဒီလိုတွေ့ရမယ်တော့ မထင်ထားဘူး”

“ရှေးဟောင်းပစ္စည်း စုဆောင်းရေးလား”

ကျန်း ထိုနယ်ပယ်အကြောင်း နားမလည်ပေ။ 

ဦးလေးကျန်း ရယ်မောကာ

“ကျန်းရယ် အန်လင်းမြို့မှာ ဒီအလုပ်လုပ်တဲ့သူတွေ အများကြီးပဲရယ်။ အခု နင့်အန်တီလျှို လုပ်နေတာလည်း တော်တော် ခရီးရောက်နေပြီ”

ထိုစဉ် လျှိုချင်း မတ်တပ်ထရပ်ကာ သူဝတ်ထားသည့် လက်ကောက်ကို ချွတ်၍ ကျန်းနား လျှောက်သွား၏။ 

“ကျန်း အန်တီလျှို လောလော လောလောနဲ့ လာလိုက်ရလို့ ဘာလက်ဆောင်မှ မပြင်ခဲ့မိဘူး။ ဒီရာစုနှစ်ကြာ ပတ္တမြားလက်ကောက်ကိုပဲ လက်ဆောင်လို့ သဘောထားပေးနော်”

“အန်တီလျှို ဒါက အရမ်းဈေးကြီးတယ် မဟုတ်ဘူးလား”

ကျန်း အံ့ဩစွာ ပြန်မေးလိုက်သည်။ 

“အဲ့လောက် မဟုတ်ပါဘူး”

လျှိုချင်းပြုံး၍

“ဒီလောက်ဆို သိန်းချီတန်သလောက်ပဲ ရှိပါတယ်”

“အဲ့တာ ဈေးကြီးတာပေါ့”

ကျန်း ခေါင်းယမ်း၍ ပြောလိုက်သည်။ 

“ကျန်းရယ် အန်တီလျှိုက ပေးနေတာကို။ လက်ခံလိုက်ပါကွယ်”

ဦးလေးကျန်းမှ ဝင်ပြော၏။ 

“ဟုတ်တယ် ကျန်းရဲ့။ ဒီလက်ကောက်ရဲ့ ကောင်းတဲ့ စွမ်းအင်တွေက စိတ်ဖိအားတွေကို လျှော့ချပေးပြီး သွေးလည်ပတ်မှု ကောင်းစေတယ်။ နောက်ပြီး ပိုတောင်လှလာဦးမှာ”

“ကျေးဇူးတင်လိုက်တာ အန်တီလျှိုရယ်”

ကျန်းရှင်းရှင်း ကျေနပ်စွာ ပြောလိုက်၏။ 

“ကျန်း ဒါနဲ့ လင်းကရော ဘာအလုပ်လုပ်တာလဲ”

လျှိုချင်းမှ မေးလိုက်သည်။ 

ကျန်း လင်းချွမ်ကို တစ်ချက် စောင်းကြည့်ကာ

“အဓိက အလုပ်ကတော့ အွန်လိုင်းစာရေးဆရာပေါ့။ တခြားအပြင်အလုပ်တွေလည်း လုပ်သေးတယ်”’

“စာပေပညာရှင်လား”

လျှိုချင်း စိတ်ဝင်တစား ကြည့်နေ၏။ 

လင်းချွမ်မှ 

“စာပေပညာရှင်လို့တော့ ပြောလို့မရသေးပါဘူး။ ဒီအတိုင်း လျှောက်ရေးနေတာပဲ”

“လူငယ်တွေက အတွေးအမြင်ဆန်းတွေ ရှိတယ်နော် အစ်ကိုကျန်း”

ထို့နောက် လင်းချွမ်ဘက် ပြန်လှည့်လာကာ 

“အခုခေတ် လူငယ်တွေက သတ္တိလည်း ရှိတယ်။ ကျွန်မတုန်းကဆို အများကြီး တွေဝေခဲ့တာ”

“ဒါနဲ့ ရှေးဟောင်းပစ္စည်းဈေးကွက်ကို ဘယ်နေရာမှာ တည်ဖို့ တွေးထားလဲ”

“ချင်းရှုနယ် အရှေ့တောင်ပိုင်းတော့ တွေ့ထားတယ်။ ခရီးသွားလည်း များတယ်လေ”

“ရှေးဟောင်းပစ္စည်းတွေ စုရတာ ပျော်စရာကောင်းမှာပဲနော်”

ကျန်းမှ ဝင်ပြော၏။ 

လျှိုချင်း ခေါင်းယမ်း၍

“ပျော်စရာတော့ မကောင်းပါဘူး။ ရှေးဟောင်းပစ္စည်းတွေနဲ့ ပတ်သက်ရတာ မျက်စိလည်း နောက်တယ်။ ဦးနှောက်လည်း ခြောက်တယ်”

“ဟုတ်တယ်။ အဖေတောင် သင်မလို့ကို အခုထိ အဆင်မပြေဘူး”

ဦးလေးကျန်းမှ ပြော၏။ 

လျှိုချင်း ရယ်မောကာ

“ကျန်း တို့ အစ်ကိုကျန်းဆီက ကြားတာတော့ လင်းနဲ့ပေါင်းပြီး နည်းပညာကုမ္ပဏီ ထောင်ထားတယ်ဆို။ မိုက်လိုက်တာ”

“တကယ် မိုက်တာလား”

“ဒါပေါ့။ တက္ကသိုလ်ဘွဲ့ရပြီးပြီးချင်းကို ဒီလို လုပ်ငန်း စရဲနေပြီ”

ဤသို့ဖြင့် ညစာစားပွဲလေးမှာ အောင်မြင်စွာ ပြီးဆုံးသွားတော့သည်။ 

ပြန်ခါနီးတွင် လျှိုချင်းမှ

“ကျန်းနဲ့လင်း နောက်မှ ထပ်တွေ့မယ်နော်”

“ဟုတ် အန်တီလျှို တာ့တာ”

ထို့နောက် လင်းချွမ်တို့လည်း စကူတာလေးဖြင့် အိမ်ပြန်ခဲ့ကြသည်။ 

လမ်းတွင် ကျန်းမှ

“သူဌေး ဘယ်လိုမြင်လဲဟင်”

“ပြောရတော့ ခက်တယ်”

“ဘာလို့လဲ”

“ဒီညကြည့်ရတာတော့ ဦးလေးကျန်းအပေါ် သဘောကျနေသလိုပဲ”

လင်းချွမ် ငြိမ်နေ၏။ 

“ဒါပေမဲ့ ဘာဖြစ်လဲ”

“ဒါပေမဲ့ ရှိမှန်း ဘယ်လိုလုပ် သိတာလဲ”

“ဟားဟား သူဌေးအကြောင်း သိနေတာပဲကို။ ပြောမှာသာ ပြောပါ”

လင်းချွမ် ခဏစဉ်းစား၍

“အန်တီလျှိုက အရမ်းပြီးပြည့်စုံလွန်းတယ်။ အပြောအဆို၊ အနေအထိုင်၊ ရုပ်ရည်။ လုံးဝ ကျွမ်းကျင်အဆင့် လေ့ကျင့်ထားသလိုပဲ။ ဒါပေမဲ့ ဒါက ခန့်မှန်းချက်ပါ။ သူ့နဂိုပုံလည်း ဖြစ်ချင် ဖြစ်မှာပေါ့”

ကျန်း မျက်မှောင်ကြုတ်၍ ကြည့်နေ၏။ 

လင်းချွမ်မှ ဆက်ကာ

“ဒါပေမဲ့ ရင်းနှီးနေသလို ခံစားရတယ်။ သူ့စကားလုံးတွေက တစ်ခုခု တိုက်တွန်းနေသလိုပဲ”

All Chapters