← Chapters

အရင်အပတ် ရှေးဟောင်းပစ္စည်း

Vol. 8 Ch. 119

အရင်အပတ် ရှေးဟောင်းပစ္စည်း

Vol. 8 Ch. 119

ကျဉ်းမြောင်းလှသော အငှါးတိုက်ခန်းထဲ၌ လင်းချွမ် ကျိန်ဆဲလျက် ရှိလေသည်။ 

ထိုစဉ် စနစ်ထံမှ အသံထပ်ထွက်လာ၏။ 

[ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူ ဖြစ်လာသည့်အတွက် ဂုဏ်ယူပါသည်။ ရှေးဟောင်းပစ္စည်း ခွဲခြမ်းစိတ်ဖြာနေသော အရည်အချင်း ရရှိပါမည်။]

[ပုံရိပ်ယောင်လောက စတင်ပါတော့မည်။ အသင့်ပြင်ထားပါ]

“ကဲ ရတဲ့အရည်အချင်းပဲ ယူတာပေါ့…”

လင်းချွမ် ရေရွတ်လိုက်၏။ 

ဘဝဆိုသည်မှာ မငြင်းဆန်နိုင်လျှင် ပျော်ရွှင်လိုက်ရုံသာ ရှိပါသည်။ 

ဤသို့ဖြင့် လင်းချွမ် ပုံရိပ်ယောင်လောကသို့ ရောက်သွားပြီး အိမ်ကြီးတစ်လုံးရှေ့၌ ရပ်နေလေသည်။ 

သူ့ရှေ့မှ သစ်သားတံခါးကြီးတွင် ကြေးလက်ကိုင်များ ရှိနေပြီး ဟောင်းနွမ်းနေမှန်း သိသာ၏။ 

တံခါးကိုဖွင့်လိုက်သောအခါ ကျွီခနဲအသံကြီး ထွက်လာပြီး ဖုန်နံ့များ ထောင်းခနဲ ရလိုက်သည်။ 

အောက်တွင် ကျောက်ပြားအပြာများ ခင်းထားပြီး နံရံစိမ်းများမှာတော့ လေဒဏ်၊ နေဒဏ်ကြောင့် ဝါနေလေပြီ။ 

ကြွေရုပ်အချို့ ချိတ်ဆွဲထားပြီး ရိုးရှင်း၍ ကျက်သရေရှိသော အသွင်အပြင်ကို ဖော်ဆောင်နေလေသည်။ 

“အစ်ကိုလင်း ပြန်ရောက်လာပြီပဲ”

ထိုစဉ် အသက် (၁၈) ဝန်းကျင်ရှိ အစေခံမလေးတစ်ဦး ပြေးလာ၏။ 

မျက်နှာလေးမှာ ရွှံ့များနှင့် ညစ်ပေနေသော်လည်း မ်ုးပြာရောင်အင်္ကျီ သန့်သန့်လေးကို ရိုးရှင်းစွာ ဝတ်ဆင်ထားလေသည်။ 

သို့သော် မျက်နှာအမူအရာမှာလည်း သိပ်မကောင်းလှပေ။ 

“ဘာဖြစ်လို့လဲ”

လင်းချွမ် အခြေအနေကို နားမလည်နိုင်သေးဘဲ မေးလိုက်၏။ 

“ကျွန်မတို့နယ်ရဲ့ ကြွေကုန်သည်တွေက အဖွဲ့အစည်းနဲ့ ရောင်းဝယ်တာမျိုး မလုပ်တော့ဘူးဆိုလို့ ပြဿနာ တက်နေပြီ။ အခု ကိုယ့်ဖာသာသီးသန့် ရှာရတော့မှာဆိုရင် လင်းအိမ်တော်လုပ်ငန်းတွေ လည်ပတ်ဖို့ အဆင်မပြေလောက်ဘူး”

“ဘာလို့ အဲ့လိုပြောင်းသွားတာလဲ”

လင်းချွမ် မျက်မှောင်ကြုတ်၍ မေးလိုက်၏။ 

မိန်းကလေး ခေါင်းလေးငုံ့ကာ 

“ကြွေထည်အဖွဲ့အစည်းဥက္ကဋ္ဌရဲ့သားက နိုင်ငံရပ်ခြား လှုပ်ရှားမှုကို ဦးစားပေးတယ်လေ။ အဲ့တာက သခင့် ကြွေထည်အတွေးအခေါ်တွေနဲ့ဆိုရင် လုံးဝ ဆန့်ကျင်ဘက်ပဲ။ အဲ့တာ သခင့်ပစ္စည်းတွေက သူ့ထက်လည်း လှတယ်။ နောက်ပြီး တစ်ခါ သခင် အရက်မူးလို့ မှားပြောမိတာလေ။ တစ်နိုင်ငံလုံး ဘယ်သူမှ အသိအမှတ်မပြုကြဘူးဆိုတာ။ သူက အဲ့တာကို အကျယ်ချဲ့ပြီး လျှောက်ပြောပစ်တာ”

လင်းချွမ် သက်ပြင်းချလိုက်မိ၏။ 

ဇာတ်လမ်းမှာ အွန်လိုင်းဝတ္ထု ပီသလှသည်။ 

“အဲ့တော့ လင်းအိမ်တော် ကြွေထည်လုပ်ငန်းကို ဆက်လုပ်ဖို့ မဖြစ်နိုင်တော့ဘူးပေါ့”

“နောက်လအထိ ထိန်းထားဖို့တောင် မလွယ်တာတော့ အမှန်ပါပဲ”

မိန်းကလေး၏အသံမှာ တုန်ရီ၍ မျက်ရည်များ ဝဲနေသည်။ 

လင်းချွမ် ခဏငြိမ်နေပြီးမှ

“ဒါဆိုလည်း မထိန်းထားဘူးပေါ့။ အခုပဲ ဒေဝါလီခံမယ်လို့ ကြေညာလိုက်။ အလုပ်သမားတွေကိုလည်း လျော်ကြေးကောင်းကောင်း ပေး။ ဘာပဲဖြစ်ဖြစ် ငါတို့က ကိုယ်ချင်းစာတတ်တဲ့ ကုမ္ပဏီပဲ”

“ဟင်”

မိန်းကလေး မှင်တက်လျက်

“ကျွန်မတို့ ကြွေထည် ဆက်မလုပ်ရင် ဘာလုပ်ကြမှာလဲ”

“ရှေးဟောင်းကြွေထည်တွေ ရောင်းဝယ်ကြမယ်”

လင်းချွမ် ပြုံး၍ ပြောလိုက်သည်။ 

“ကြွေထည်လုပ်ငန်းလုပ်တဲ့ လင်းအိမ်တော်က ရှေးဟောင်းကြွေထည်တွေ ရောင်းဝယ်မှာ အသင့်တော်ဆုံးပဲမလား”

လင်းချွမ်တစ်ယောက် ဝတ္ထုနှင့် လိုက်လျောညီထွေစွာ လုပ်ငန်း ပြောင်းလဲလိုက်သည်။ 

ထို့နောက် ဒေသမှ ရှေးဟောင်းဈေးကွက်သို့ စတင်ဝင်ရောက်လေသည်။ 

ရှေးဟောင်းတုပခြင်းတွင် အရေးအကြီးဆုံးမှာ တုပခြင်း ဖြစ်၏။ 

လင်းချွမ် ဈေးကွက်ထဲမှပစ္စည်းများကို လေ့လာ၍ စနစ်မှ ပေးသည့် အရည်အချင်းနှင့် ခွဲခြားစိတ်ဖြာနိုင်နေသည်။ 

နောက်ဆုံး၌ ပစ္စည်းအဟောင်းများကို ဆေးပြန်ရေးခြင်းဖြင့် တုပရန် ဆုံးဖြတ်လိုက်သည်။ 

ထိုပစ္စည်းများမှာ ချင်မင်းဆက် အလယ်ခေတ်နှင့် နှောင်းခေတ်တို့တွင် ထင်ရှားပြီး အစစ်အမှန်ကို ခန့်မှန်းရန် အလွန်ခက်ခဲပါသည်။ 

ခေတ်ပစ္စည်းကို ရှေးဆန်အောင် ပြုလုပ်ရန်မှာ ကြွေထည်အဖြူခန္ဓာကိုယ်နှင့်တော့ မပြီးပေ။ 

လင်းချွမ် အခြားဈေးများသို့ပါ သွား၍ ဓာတုပစ္စည်း အချို့ ဝယ်ရလေသည်။ 

အစေခံမိန်းကလေးမှာ မှင်တက်လျက်

“အစ်ကိုလင်း နေမကောင်းဘူးလား”

“ကောင်းပါတယ်။ ဒါ ပိုက်ဆံရှာနည်းပဲလေ”

လင်းချွမ် ပြုံး၍ ပြောလိုက်သည်။ 

ဤသို့ဖြင့် အားလုံး အသင့်ဖြစ်သောအခါ အလုပ်စရန်သာ ကျန်တော့သည်။ 

လင်းချွမ် ပန်းကန်လုံးဗြောင်တစ်ခုတွင် အပြင်ရော၊ အတွင်းပါ ပန်းချီများ ရေးဆွဲလေ၏။ 

သူ့လက်ရည်ဖြင့် ပန်းကန်လုံးမှာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာသည်။ 

ထို့နောက် မီးအပူချိန် သင့်တင့်အောင်ပေး၍ ဆေးရောင် ထိန်းရသည်။ 

အားလုံး ပြီးသောအခါ အအေးခံရလေသည်။ 

အစေခံမလေး အံ့ဩစွာ ကြည့်နေ၏။ 

ပန်းကန်လုံး၏ အပြင်ဘက်တွင် ငါးရောင်စုံ ခုန်ကူးနေပုံဖြစ်ပြီး အတွင်းဘက်တွင်တော့ အရောင်အသွေးစုံသည့် ပန်းမန်၊ ငှက်နှင့် လိပ်ပြာများ ပျော်မြူးနေပုံ ဖြစ်သည်။ 

နောက်ဆုံး အရောင်တင်လိုက်သောအခါ အတော်လေး လှပသွားလေပြီ။ သို့သော် ရှေးဟောင်းဆန်ရန် ပြန်ပြင်ဆင်ရဦးမည်။ 

ထိုသို့ အဟောင်းဆန်ရန်မှာ နည်းလမ်းများစွာ ရှိပါသည်။ 

လင်းချွမ် ခေတ်အခြေအနေနှင့် ကိုက်ညီပြီး အကုန်အကျ သက်သာစေရန် တွေးနေသည်။ 

အချို့နည်းများမှာ ဈေးပေါလွန်း၏။ သို့သော် ဝယ်သူများမှာတော့ မခွဲခြားနိုင်ပေ။ 

လင်းချွမ် ခဏစဉ်းစားပြီးနောက် ပန်းကန်လုံး အနားသတ်၌ ကြက်ခြေထောက်ပုံစံ ထွင်းကာ ဆေးရည်တစ်မျိုးထဲ စိမ်လိုက်သည်။ 

ထို့နောက် အချိန်ခဏစောင့်ပြီးသောအခါ

“အစ်ကို ဘာလို့ ဒီဆေးရည်ထဲ စိမ်ရတာလဲ”

“အနုပညာမြောက်နေရုံနဲ့ မရဘူးလေ။ ရှေးဆန်ရဦးမှာ”

“ဟင် ဘာကို ပြောချင်တာလဲ”

“ဒီလို ဆေးစိမ်ပြီး ရှေးဆန်ရင် ချင်မင်းဆက် ပန်းကန်လုံးအနေနဲ့ သိန်းနဲ့ချီပြီး ရပြီ”

ချင်း မျက်လုံးအရောင်လေးလက်၍

“ဒါဆို ရိုးရိုးကြွေထည် လုပ်တာထက်တောင် အမြတ်များသေးတယ်ပေါ့”

“ဒါပေါ့”

ထို့နောက် အားလုံး ပြင်ဆင်ပြီး၍ ဈေးကွက်ထဲ ချပြသောအခါ ထင်သည့်အတိုင်း ဝယ်သူမှ (၄) သိန်းအထိ တန်ကြေးပေးလေသည်။ 

သို့သော် လင်းချွမ် မရောင်းသေးပေ။  

ထိုပန်းကန်လုံးမှာ ကြွေထည်အဖွဲ့အစည်းဥက္ကဋ္ဌ၏ သားကို ရောင်းရန် ဖြစ်လေသည်။ 

…

ထို့နောက် လင်းချွမ် အခြားပစ္စည်းများစွာကိုလည်း တုပပြုလုပ်လေသည်။ 

မည်သူမျှ အတုဟုမပြောမီ အစစ်သာ ဖြစ်၏။  

မကြာမီ ပုံရိပ်ယောင်လောက ပြီးဆုံးလေပြီ။ 

ထို့နောက် စနစ်၏အသံ ထွက်လာ၏။ 

[ပိုင်ရှင်သည် ရှေးဟောင်းပစ္စည်း ပြုလုပ်ခြင်း ပညာ ရရှိထားပါသည်။]

[ဤအတွေ့အကြုံကို အခြေခံ၍ “အရင်အပတ်က ရှေးဟောင်းဈေးကွက်” ဟူသော စာအုပ်အသစ် ထုတ်ဝေပါမည်။] 

[ထိုစာအုပ်အတွက် subscription (၂) ထောင် လိုအပ်ပါသည်။]

“(၂၀၀၀) လား”

လင်းချွမ် မတတ်သာဘဲ မကျေမနပ်ဖြင့် အိပ်ပျော်သွားတော့သည်။ 

မနက်ခင်း ကျေးငှက်သံများကြားမှ တံခါးခေါက်သံတစ်ခု ပေါ်လာသည်။ 

‘ဒုန်း ဒုန်း ဒုန်း’

လင်းချွမ် အိပ်ချင်မူးတူးဖြင့် တံခါးထဖွင့်လိုက်သောအခါ ကျန်း ဖြစ်နေသည်။ 

“သူဌေး ထတော့။ အရေးတကြီး ဆွေးနွေးစရာ ရှိတယ်”

“ဘာများလဲ”

ထို့နောက် အခန်းထဲဝင်လာပြီး ထမင်းစားပွဲတွင် ထိုင်ကာ မနက်စာများ ထုတ်ပေးလေသည်။ 

“အရေးကြီးကိစ္စက ဘာမို့လို့လဲ”

“ရှင့်ကိုနှိုးပြီး မနက်စာစားဖို့လေ”

“ကျေးဇူးပဲ”

လင်းချွမ် မချိုမချဉ်ဖြင့် ပြန်ပြော၏။ 

“တကယ် ဒါပဲလားလို့”

ထိုအခါမှ ကျန်းရယ်မော၍ အိတ်ထဲမှ လက်ကောကိလေး ထုတ်ပြ၍

“တခြားကိစ္စလည်း ရှိတော့ရှိတယ်။ ဒီမနက် ဒီလက်ကောက်ဝယ်ချင်တယ်ဆိုပြီး တစ်ယောက် ပြောထားတာတွေ့လို့။ ရှင်နဲ့ လာတိုင်ပင်တာ”

လင်းချွမ် မျက်မှောင်ကြုတ်၍ ကြည့်ကာ

“အဲ့တာ အန်တီလျှို ပေးထားတာမလား”

All Chapters