← Chapters

လက်ဆောင်များ

Vol. 9 Ch. 123

လက်ဆောင်များ

Vol. 9 Ch. 123

လင်းချွမ် တစ်ဖက်သို့ လှည့်နေလိုက်၏။ 

ဇာတ်လမ်း စလေပြီ။ 

လျှိုချင်းမှာ ထိုအကွက်ကို လိုချင်၍ အစအဆုံး ဇာတ်လမ်းဆင်နေခဲ့ခြင်း ဖြစ်သည်။ 

ကျန်းမှာ အိုက်တင်အပြည့်ဖြင့် သနားစဖွယ် အပြစ်ရှိသလိုလေး လုပ်ကာ

“အန်တီလျှို အဲ့လက်ကောက်ကို ကျွန်မမိတ်ဆွေတစ်ယောက် ဝယ်သွားပြီ”

ဦးလေးကျန်း ချက်ချင်း မျက်နှာပျက်ကာ ဝင်ပြောလေ၏။ 

“ကျန်း နင့်အန်တီလျှိုပေးတဲ့ လက်ကောက်ကို ဘယ်လိုလုပ် ရောင်းနိုင်တာလဲ”

“အစ်ကိုကျန်းရယ် လက်ကောက်လေးပဲကို။ ဘာဖြစ်လဲ။ နောက်တစ်ခု ဝယ်ပေးမှာပေါ့”

လျှိုချင်းပြုံး၍ လှမ်းတားလေသည်။ 

“ဒါနဲ့ ဘယ်လောက်နဲ့ ရောင်းလိုက်တာလဲဟင်။ ရှေးဟောင်းပစ္စည်းဈေးကွက်က အလိမ်တွေ ပေါတယ်”

“တစ်… တစ်သိန်းနဲ့”

“တို့ (၇) သောင်းနဲ့ ရထားတာ။ အဲ့ဆွဲကြိုးကို။ အမြတ်တောင် ပြန်ရသေးတာပဲ”

လျှိုချင်း ချီးကျူးစကားပြောပြီးနောက် ဦးလေးကျန်းဘက် လှည့်ကာ

“တွေ့လား အစ်ကိုကျန်း သမီးလေးက ရှေးဟောင်းပစ္စည်း ဈေးကွက်နဲ့ ကိုက်တယ်လို့။ ဆိုင်မှာ အတူထားလို့ ဘာပြဿနာမှ ဖြစ်လာစရာ မရှိဘူး”

“အဲ့တာက…”

ဦးဆလးကျန်းပြုံး၍

“ကို သမီးနဲ့ တိုင်ပင်လိုက်ပါဦးမယ်”

“ရပါတယ် အေးဆေး စဉ်းစားပေါ့။ အလျင်မလိုပါဘူးကွယ်”

လျှိုချင်း ပြုံး၍ ပြောပြီးနောက် ကျန်းဘက်သို့လှည့်ကာ

“လာ လက်ကောက်အသစ် ထပ်ရွေးရအောင်”

ထိုအခြေအနေကိုကြည့်ကာ ဦးလေးကျန်းကတော့ ရယ်မောပျော်ရွှင်နေမိတော့သည်။ 

ထိုစဉ် မျက်လုံးထောင့်နားမှ လင်းချွမ်ကို သတိထားမိသွား၏။ 

သူ့အဖိုးတန်သမီးလေးမှာ လင်းချွမ်လက်ထဲ ရောက်ပေတော့မည်။ 

တကယ်ပါပဲ။ 

ထို့နောက် ခဏစဉ်းစား၍ လင်းချွမ်အား သတိပေးလိုက်သည်။ 

“လင်းချွမ် မင်းလည်း အန်တီလျှိုဆီက သင်ထားဦး။ နောက်ဆို ဒါတွေ မင်းပါ လုပ်ရမှာ”

“ဦးလေးကျန်း ဒီလောကထဲ ဝင်ချင်တာ သေချာရဲ့လား”

လင်းချွမ် သူ့ကိုစိုက်ကြည့်၍ မေးလေသည်။ 

ဦးလေးကျန်း ခေါင်းငြိမ့်ပြကာ

“ငှါးခတွေပဲ လိုက်ကောက်နေရတာ စိတ်ဝင်စားစရာ မကောင်းတော့ဘူးလေ။ မင်းတို့ အန်တီလျှို ရှေးဟောင်းပစ္စည်းဈေးကွက် နားလည်နေတာပဲ။ အဲ့တော့ ဆိုင်လေးတစ်ခုဖွင့်ပြီး ရင်းနှီးထားမလားလို့လေ။ (၂) သန်းလောက် အများဆုံးပါပဲ။ မင်းလည်း ဝတ္ထုဆက်ရေးမနေနဲ့တော့။ ပိုက်ဆံလည်း အဲ့လောက် ရတာမဟုတ်ဘူး။ နောက်ပိုင်း ငါနဲ့ ကျန်းတို့ လုပ်ငန်းကိုပဲ ဝိုင်းစီမံပေး”

လင်းချွမ် မျက်မှောင်ကြုတ်သွားပြီး

“ရှေးဟောင်းပစ္စည်းဆိုင်မှာ ရင်းနှီးမြှုပ်နှံမှာလား။ ပစ္စည်းတွေက ဘယ်က ရမှာလဲ”

ဦးလေးကျန်း လျှိုချင်းအား လှမ်းကြည့်၍

“လျှိုချင်းနဲ့က မကြာခင် မိသားစုတွေ ဖြစ်တော့မှာလေ။ သူက ကျွမ်းကျင်ပညာရှင်ပဲကို။ သူ့ဆီက ရမှာပေါ့။ မင်းသာ သေချာလိုက်သင်”

“ဟုတ် သင်ရမှာပေါ့”

လင်းချွမ် သူ့အကြံအား ပို၍ သေချာလာသည်။ 

လိမ်နည်းများထဲတွင် အဆင့်မြင့်၍ သက်ရောက်မှုကြီးသော နည်းလမ်း ဖြစ်ပါသည်။ 

ဆိုင်ဖွင့်၍ အစပိုင်း ရောင်းအားကောင်းကာ ဦးလေးကျန်းကို အောင်မြင်မှု ခံစားစေမည်။ 

တဖြည်းဖြည်းမှ အရင်းများများထည့်သည့်အခါ ပြန်ရောင်းမထွက်တော့ဘဲ ပိုက်မိနေမည့် အကြံ ဖြစ်၏။ 

အခြေအနေမှာ လွတ်လမ်းတော့ မရှိပေ။ 

လူသားများ၏ စူးစမ်းလိုစိတ်၊ လောဘ၊ စွန့်စားခြင်းတို့ကို အခြေခံကာ တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ 

နစ်နာသူမှာ အလိမ်ခံနေရသည်ဟု ရိပ်မိချိန်တွင်တော့ နောက်ကျသွားလေပြီ။ 

လင်းချွမ်မှာ ပုံရိပ်ယောင်လောက အတွေ့အကြုံများကြောင့် ထိုအခြေအနေ အမျိုးမျိုးနှင့် ရင်းနှီးနေပါသည်။ 

သူသာ တကယ်လုပ်စားလျှင် မိနစ်ပိုင်းအတွင်း ငွေများစွာ ဝင်လာနိုင်သည်။ 

သို့သော် လင်းချွမ် အသိဉာဏ်ဖြင့်သာ စီးပွါးရှာရန် တွေးထား၏။ 

ထို့နောက် လျှိုချင်းနှင့် ကျန်းတို့ လက်ကောက် ရွေးနေသောနေရာနား လျှောက်သွားသည်။ သူ့အရည်အချင်း စပြရမည့်အချိန် ရောက်လေပြီ။ 

“ရှင်းရှင်း၊ အန်တီလျှို ကျွန်တော်လည်း လက်ဆောင်လေး တစ်ခုခု ပေးချင်လို့ အောက်ထပ်မှာ တစ်ချက် သွားကြည့်လိုက်ဦးမယ်နော်”

လင်းချွမ် ကျန်းအား ရှင်းရှင်းဟု ပထမဆုံး ခေါ်ဖူးခြင်းဖြစ်၍ နေရတော့ ခက်လှသည်။ 

“သွားလေ ချွမ်”

ကျန်းမှလည်း ရယ်ချင်စိတ်ကို ထိန်း၍ အလိုက်သင့် ပြန်ဖြေ၏။ 

“လင်း ဈေးသည်လေးတွေကို ဂရုစိုက်ဦးနော်”

လျှိုချန်းမှ သတိလှမ်းပေးလေသည်။ 

လင်းချွမ် ခေါင်းကုတ်ကာ ရှက်သလိုဖြင့်

“အန်တီလျှိုရယ် ဒီကပစ္စည်းတွေက ဈေးကြီးကကြီးနဲ့ ကျွန်တော့်မှာ အဲ့လောက်ပိုက်ဆံမပါပါဘူး”

“အန်တီလျှို ကူညီပေးမှာပေါ့”

“မဟုတ်တာ။ ကျွန်တော် ရှင်းရှင်းကို ကိုယ်ပိုင် ပိုက်ဆံနဲ့ပဲ ဝယ်ပေးချင်ပါတယ်”

လင်းချွမ် ပြန်ပြော၏။ 

“ဒီလိုကောင်လေးမျိုး သိပ်ရှားတာပဲ”

လျှိုချင်းမှ ချီးမွမ်းလိုက်သည်။ 

ထို့နောက် လင်းချွမ် အောက်ထပ်ဆင်းသွားကာ ဆိုင်ငယ်လေးတစ်ခုထဲ ဝင်သွား၏။ 

“သူဌေး ဒီအကြွေစေ့က ဘယ်လောက်လဲ”

“ကောင်လေး မင်းက အမြင်ရှိတာပဲ။ ဒါ သိပ်ရှားတယ်။ ဖုန်ထျန်းအကြွေစေ့လေ။ တခြားနေရာမှာလည်း မရှိဘူး။ တစ်ခွန်းဈေးပဲ။ (၃) သန်း”

“(၃၀) ရရင် ယူမယ်”

“(၃) သောင်းနဲ့ ပေးမယ်”

“ဦးလေး နေ့ခင်းကြောင်တောင်ကြီး ဘာတွေ အိပ်မက် မက်နေတာလဲ။ ဒါ အဆင့်မြင့်အတုပဲလေ။ ဘာမှ အဲ့လောက် ခက်ခဲအောင် လုပ်ရတာလည်း မဟုတ်ဘူး။ (၂၅) ယွမ်ပဲ ထားတော့”

“ကောင်လေး မင်းခုနက (၃၀) ပြောထားတာလေ။ အဲ့လောက်တော့ ထား”

လင်းချွမ် သဘောတူ၍ ဝယ်ကာ နောက်တစ်ဆိုင် ရောက်သွားသည်။ 

“သူဌေး ဒီမီးဖို…”

“ကောင်လေး မင်းကြည့်ရတာ လူသစ် ထင်တယ်။ ဒီရွှမ်တီ မီးဖိုအကြောင်း ရှင်းပြ…”

“ရွှံ့နဲ့လုပ်တယ်။ ဟိုက်ဒရိုဖလူရစ်အက်ဆစ်ထဲ (၄၈) နာရီစိမ်ပြီးတော့ ပိုတက်ဆီယမ်ပါမက်ဂ်နိတ်နဲ့ ပြန်ဆေးတယ်။ စက်ရုံကနေ (၁၀) ယွမ်နဲ့ အသစ်စက်စက် ထုတ်ထားတယ်။ အဲ့တော့ (၁၃) ယွမ်နဲ့ ဝယ်ပေးမယ်။ (၃) ယွမ် ခင်ဗျား စားပေါ့”

လင်းချွမ်မှ အဆက်မပြတ် ပြောလေသည်။ 

“ကောင်လေး (၃) ယွမ်ကတော့ ငါ့ ဘတ်စ်ကားခပဲ ရှိသေးတယ်။ အသွားအပြန်ဆို မလောက်ဘူးလေ”

“(၁၅) ပေးမယ်။ အဲ့ထက်တော့ မရဘူး”

“ကောင်းပါပြီ။ သေချာထုတ်ပိုးပေးလိုက်မယ်နော်”

မကြာမီ လင်းချွမ် ဆိုင်များစွာ လှည့်ပတ်၍ ရှေးဟောင်းပစ္စည်းဟု ခေါ်သော ပစ္စည်းအချို့ ရလာလေသည်။ 

“သူဌေး အများကြီး ဝယ်လာတာပဲ”

ကျန်း လင်းချွမ်ကို တွေ့သောအခါ အံ့ဩတကြီး ပြောလိုက်သည်။ 

“ရှင်းရှင်း ဒီကလစ်လေး မလှဘူးလား။ တရုတ်ပြည်ထောင်စုခေတ်က ထက်မြက်တဲ့မိန်းမတွေ ပန်ခဲ့တာတဲ့”

လင်းချွမ် လိပ်ပြာပုံပါ ကလစ်လေး ထုတ်ပြ၏။ 

“လှလိုက်တာ”

ကျန်း ပြုံးရွှင်နေ၏။ 

သူ လင်းချွမ်ထံမှရရှိသော လက်ဆောင်မှာ အတုဖြစ်စေ၊ အစစ်ဖြစ်စေ စိတ်မဝင်စားလှပေ။ 

All Chapters