← Chapters

တကယ့် ပြစ်မှုပါရမီရှင်ပဲ

Vol. 9 Ch. 130

တကယ့် ပြစ်မှုပါရမီရှင်ပဲ

Vol. 9 Ch. 130

အန်လင်းရဲစခန်း။ 

ကျားဖြန့်တိုက်ဖျက်ရေးစင်တာ ဧည့်ခန်း။ 

ရှန်ချန်းချန်းစကားကြောင့် ဒါရိုက်တာကျောက်တုံ လန့်ဖျပ်၍ လင်းချွမ်အား မျက်မှောင်ကြုတ်၍ လှမ်းကြည့်ကာ

“အပြစ်ဝန်ခံမှာလား။ ရဲဘော်လင်းချွမ် ဘာတွေများ လုပ်ခဲ့လို့လဲ”

ကျန်းပြောင်မှ အထူးတလည် ဂရုစိုက်ခိုင်းထားသူဖြစ်၍ ရဲမေရှန်မှတစ်ဆင့် အမြဲ သတင်းယူနေရသူ ဖြစ်သည်။ 

ဒီရက်ပိုင်း ကျားဖြန့်ဆန့်ကျင်ရေးအမှုများ ဝင်ပါကာ အလုပ်များနေခဲ့ပြီး လင်းချွမ်မှာ ဆော့ဖ်ဝဲလ်များပင် ရေးဆွဲပေးနေပါသေးသည်။ 

ထိုအခြေအနေအတိုင်း လည်ပတ်နေသည်မှာ တစ်ပတ်ကျော်သာ ရှိသေးသော်လည်း မထင်မှတ်စွာဖြင့် လင်းချွမ် ရုတ်တရက် ပြဿနာပါလာ၏။ 

လင်းချွမ်ကတော့ ခပ်အေးအေးပင် ပြုံးလျက်

“ဒါရိုက်တာကျောက် ကျွန်တော် အကြွေစေ့တစ်ခု လိမ်ရောင်းပြီး ယွမ် (၆) သန်း ရထားပါတယ်”

“ဟင်”

ရှန်ချန်းချန်းနှင့် ကျောက်တုံတို့ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ 

(၆) သန်းလား။ ဒါ သာမာန်မှ မဟုတ်ဘဲ။ 

ထိုအခြေအနေမှာ ထောင် (၁၀) နှစ်မျှ ချနိုင်သည်အထိ ကြီးလေးလွန်းပါသည်။  

ကံပိုဆိုးလျှင် တစ်သက်တစ်ကျွန်းလည်း ဖြစ်နိုင်သည်။ 

ရှန်ချန်းချန်း လင်းချွမ်အား နားမလည်နိုင်စွာ ငေးကြည့်နေ၏။ 

လင်းချွမ်မှာတော့ ပြုံး၍ ကြောက်လန့်မှုမရှိ တည်ငြိမ် အေးဆေးနေသည်။ 

ရဲစခန်းကိုလည်း သူ့အိမ်ကဲ့သို့ မှတ်နေသည်။ 

ရှန်ချန်းချန်းက

“ရဲဘော်လင်းချွမ် ရှင် ရှေးဟောင်းပစ္စည်းကို လိမ်ရောင်းရအောင် နားလည်လို့လား”

“နည်းနည်းပါးပါးပေါ့”

“ဘယ်လိုလုပ်ခဲ့လို့ ယွမ် (၆) သန်းအထိ ရခဲ့တာလဲ။ အသေးစိတ် ပြောပြပါဦး”

ရှန်ချန်းချန်း ဆက်မေးလိုက်သည်။ 

လင်းချွမ် ခဏစဉ်းစား၍

“ရဲမေရှန်၊ ဒါရိုက်တာကျောက် ဇာတ်လမ်းအစကို ပြောရရင်တော့ ကျွန်တော့်အိမ်ပိုင်ရှင်ရဲ့ အချစ်ရေးက စပါတယ်။ သူ့ချစ်သူအမျိုးသမီးက ကျန်းကို ပတ္တမြားလက်ကောက်တစ်ကွင်း လက်ဆောင်ပေးတယ်”

လင်းချွမ် အဖြစ်အပျက်များအားလုံးကို တစ်ခုချင်း ပုံဖော်၍ ပြန်ပြောပြနေသည်။ 

“ဒါက လိမ်ရောင်းပြီး ရလာတဲ့ (၃) သန်းပါ။ နောက်ထပ် (၃) သန်းက ကျွန်တော့်ဘဏ်အကောင့်ထဲမှာ ရှိပါတယ်။ ငွေတွေ ထုတ်မရအောင် အကောင့် ရပ်လိုက်လား စစ်ကြည့်ပါ”

ရှန်ချန်းချန်း မျက်မှောင်ကြုတ်၍ အံ့ဩစွာ စိုက်ကြည့်နေသည်။ 

အဖြစ်အပျက်မှာ မယုံကြည်နိုင်စရာ ကောင်းသော်လည်း သက်သေများ အပြည့်ရှိနေ၏။ 

စားပွဲပေါ်မှာ ငွေသား (၃) သန်းမှာတော့ အထင်ရှားဆုံး ဖြစ်လေသည်။ 

“ရဲဘော်လင်းချွမ် အဲ့တော့ လျှိုချင်းရဲ့ လိမ်မယ့်အကွက်ကို ကြိုသိနေလို့ တန်ပြန် တိုက်ခိုက်တာပေါ့လေ”

ရှန်ချန်းချန်း သက်ပြင်းချကာ စိတ်ငြိမ်အောင် မနည်း ထိန်းနေရ၏။ 

လင်းချွမ် ခေါင်းငြိမ့်ပြလိုက်သည်။ 

“ဟုတ်ပါတယ်”

“နောက်ပြီး လျှိုချင်းဆိုတာ ဟိုတစ်လောက ကျားဖြန့် အဖွဲ့နဲ့ ဆက်စပ်နေမယ်လို့ ထင်တယ်ပေါ့”

ရှန်ချန်းချန်း ထပ်မေး၏။ 

“အစကတော့ သံသယဝင်ရုံလောက်ပဲ။ ဒါပေမဲ့ သူ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ငွေအဝင်အထွက်တွေ ရှိထားတယ်။ လေလံပွဲတွေ သွားတယ်။ နောက်ဆုံး ဥက္ကဋ္ဌလီနဲ့ လျှိုချင်းတို့ စကားပြောနေတာလည်း ကြားဖူးတယ်။ အဲ့တာကြောင့် သေချာသွားတာ”

လင်းချွမ်မှ ရှင်းပြရင်း ငွေရောင် USB လေးအား ပေးလိုက်သည်။ 

“သက်သေတွေအထိ အဆင်သင့်ပဲလား…”

ရှန်ချန်းချန်း စွံ့အနေမိသည်။ 

ရဲဘော်လင်းချွမ်က တကယ် အစီအစဉ်တကျ လုပ်တတ်တာပဲ။ 

“ဒါက အခြေခံသက်သေလောက်ပဲ ရှိပါသေးတယ်။ နောက်ထပ်အသစ်တွေလည်း စုရဦးမှာ”

လင်းချွမ် ပြုံး၍ ပြောလိုက်သည်။ 

ငွေအလဲအလှယ်ပြီးနောက် လျှိုချင်းလောဘဖြင့် အကြွေစေ့၏ အခန်းကဏ္ဍ ပေါ်လွင်လာပေတော့မည်။ 

ဒါရိုက်တာကျောက် ခဏငြိမ်နေပြီးမှ

“ရဲဘော်လင်းချွမ် ပြောတဲ့ထဲမှာ တစ်ခု ထူးဆန်းတာ ရှိတယ်”

“ရပါတယ်။ မေးပါ”

“သူတို့ အဲ့အကြွေစေ့ကို အစစ်လို့ယုံမယ်ဆိုတာ ဘယ်လိုလုပ် သေချာသိလဲ”

ကျောက်တုံ နားထောင်နေရင်း လုံးဝ နားမလည်နိုင်သောကိစ္စ ဖြစ်လေသည်။ 

လင်းချွမ်၏ အစီအစဉ်မှာ အကွက်ကျ၍ ရှင်းလင်းသော်လည်း ပညာရှင်များပင် မသိအောင် မည်သို့ပြုလုပ်ထားသနည်း။ 

အရောင်းအဝယ်လုပ်ရင်းသာ ပေါ်သွားခဲ့လျှင် အလွန် အန္တရာယ်များပါသည်။ 

“အာ ဒါကတော့ ကံပေါ့ဗျာ”

လင်းချွမ် ဆက်၍

“ပထမဆုံး အကြွေစေ့ကိုက တော်တော်လေး အဆင့်မြင့်အောင်လုပ်ထားတဲ့ အတု ဖြစ်တယ်။ ကျွန်တော်ကလည်း ရှေးဟောင်းပစ္စည်းအကြောင်း နည်းနည်း နားလည်တော့ ပြန်မွမ်းမံလိုက်တာ။ ဆရာကျန်း လုံးဝ သတိမထားမိဘူး ဖြစ်သွားတာပေါ့”

“ရဲဘော်လင်းက ရှေးဟောင်းပစ္စည်းအကြောင်းလည်း သိတာပဲလား”

ကျောက်တုံ အံ့အားသင့်စွာ မေးလိုက်သည်။ 

“ဒါနဲ့ နှစ်ပေါင်းများစွာ ရပ်တည်နေတဲ့ ပညာရှင်တွေကို လိမ်ဖို့ မလွယ်ဘူးမလား”

“အင်းပေါ့။ နည်းနည်းပါ”

လင်းချွမ်ပြုံး၍ ရှင်းပြ၏။ 

“ကျွန်တော့်မှာ ပိုင်ယန်ဆိုတဲ့ မိတ်ဆွေရှိတယ်လေ။ ဟိုတစ်ခါ လင်းကန်မှာ ကျားဖြန့်ထဲ အဖမ်းခံရတဲ့ တစ်ယောက်။ သူက ရှေးဟောင်းပစ္စည်းတွေအကြောင်း နားလည်တယ်။ ဒါနဲ့ ကျောင်းပြီးထားတာပေါ့။ ရဲမေရှန် မှတ်မိတယ်မလား”

သူ ပုံရိပ်ယောင်လောကမှ သင်ယူလာသည်ဟု မပြောနိုင်၍ ပိုင်အား အသုံးချလိုက်ရသည်။ 

သို့သော် သူ လိမ်နေခြင်း မဟုတ်ပါ။ အချင်းချင်း တောက်လျှောက် အဆက်အသွယ်ရှိ၍ တိုင်ပင်ရသည့် ကိစ္စများလည်း ရှိခဲ့ပါသည်။ သူ ပိုင်၏ ဗီဒီယိုများပင် ကြည့်ဖူးလေ၏။ 

All Chapters