အစီအစဉ်ကောင်း
Vol. 9 Ch. 132
နယ်စပ်ဒေသ ကျားဖြန့်ဂိုဏ်းဝန်းအတွင်း၌ ဆာဗာ ထုတ်လွှတ်ပေးသူများ ရှိနေသည်။
ဒေသခံရဲများ၏ လုပ်ပိုင်ခွင့်ဖြင့် နိုင်ငံခြားဖုန်းများအား ခြေရာခံရန်မှာ ထင်သလောက် မရိုးရှင်းလှပေ။
ကံကောင်းစွာဖြင့် လင်းချွမ် ကျားဖြန့်လုပ်ငန်း၌ လုပ်ကိုင်ခဲ့ဖူးသောကြောင့် ထိုသို့ ဖုန်းခြေရာခံမှုများနှင့် ရင်းနှီးနေ၏။
လျှိုချင်း၏ ထိုသို့ လျှို့ဝှက် ဆက်သွယ်ရေးမှတ်တမ်းများနှင့် အဆင့်မြင့် ဟက်ကာနည်းပညာတို့ ပေါင်းစပ်လိုက်သောအခါ ခြေရာခံခြင်းမှာ အရမ်းမခက်တော့ပေ။
အချိန်တိုအတွင်း မကြာမီ။
ညနေ (၅:၄၂)။
လင်းချွမ် လျှို့ဝှက်ဖုန်းနံပါတ်နှင့် အရင်းအမြစ်အား ရှာတွေ့သွားလေပြီ။
IP လိပ်စာ: တရုတ်နယ်မြေ။
နေရာအတိအကျ: တရုတ်နယ်စပ်၏ စက်ရုံလမ်းဟောင်း။
“တကယ်ပဲ နယ်စပ်က ကျားဖြန့်ဂိုဏ်းနဲ့ ပတ်သက်နေတာပဲ”
ရှန်ချန်းချန်း လန့်ဖျပ်ကာ မျက်မှောင်ကြုတ်၍ ရေရွတ်မိ၏။
ကျားဖြန့်တိုက်ဖျက်ရေးစင်တာ၏ ဒါရိုက်တာ ကျောက်တုံလည်း ထိုအခါမှ အခြေအနေကို ချက်ချင်း နားလည်ကာ လေးနက်စွာဖြင့်
“ရဲဘော်လင်းချွမ် လျှိုချင်းရဲ့ ဖုန်းမှတ်တမ်းတွေကနေ သူတို့ပြောတဲ့ အရင်နေရာကို ရှာလို့ရနိုင်လား”
လင်းချွမ် ခေါင်းငြိမ့်ပြ၍
“အဲ့တာက မြို့ပြင်က သစ်ရွက်စိမ်း ကြွေထည်စက်ရုံပါ။ ဖုန်းကိုစစ်ရင်း ရှာလိုက်ပါတယ်”
ည (၇) နာရီ၊ သစ်ရွက်စိမ်းကြွေထည် စက်ရုံ၊ တရုတ်နယ်စပ်။
အရေးကြီးသောအချက်များတော့ ပေါ်ပေါက်လာလေပြီ။
ကျောက်တုံ သက်ပြင်းချ၍ ချက်ချင်း အထက်လူကြီးများအား ခွင့်ပြုချက်နှင့် လုပ်ပိုင်ခွင့်များ လိုက်တောင်းလေ၏။
ထို့နောက် ခွင့်ပြုချက်များ ကျလာပြီးနောက် မှုခင်းရဲအဖွဲ့နဲ့ ပူးပေါင်းကာ လုပ်ဆောင်ချက်များ စတင်တော့သည်။
“ရဲဘော်လင်းချွမ် ရှင်က ကိုယ့်ကိုယ်ကိုယ် အပြစ်ဝန်ခံဖို့ လာတာမဟုတ်ဘူးပဲ”
ရဲယူနီဖောင်းလေးဖြင့် ရှန်ချန်းချန်းမှ ပြုံး၍ ပြောလေ၏။
လင်းချွမ်လည်း ပြုံးကာ
“ကျွန်တော့်အပြစ် ဝန်ခံတာမဟုတ်ရင် ဘာလဲ”
“ကျွန်မတို့အလုပ်အတွက် လာညွှန်ကြားတာလေ”
ရှန်ချန်းချန်း စားပွဲပေါ်မှ ရေတစ်ခွက် ယူသောက်ရင်း လင်းချွမ်အား ကြည့်နေသည်။
“ဟင်”
လင်းချွမ် မှင်တက်၍ ကြည့်နေ၏။
“တွေ့လား။ ရှင် ရဲစခန်းကို (၄) နာရီနောက်ပိုင်း ရောက်လာပြီး အမှုကို ပြောပြတယ်။ သက်သေရှာတယ်။ လျှို့ဝှက်ဖုန်းကို ခြေရာခံမိပြီးတာနဲ့ အရေးကြီး အချက်အလက်တွေလည်း ပေါ်လာတယ်။ အခု ကျွန်မတို့ စခန်းတစ်ခုလုံး နယ်စပ်က ကျားဖြန့်ဂိုဏ်းဝန်းထဲကို သွားဖို့ ပြင်နေရပြီလေ”
ရှန်ချန်းချန်းပြုံး၍ ပြောလေ၏။
လင်းချွမ်မှာ ရဲစခန်းနှင့် တိုက်ရိုက် မပတ်သက်သော်လည်း အားလုံးကို တစ်ယောက်တည်း စီမံလိုက်သလိုပင်။
လင်းချွမ် နှာခေါင်းလေးပွတ်၍ နေရခက်စွာဖြင့်
“နည်းနည်း ပိုပိုသည်းသည်း လုပ်လိုက်မိတယ် ထင်တယ်။ ဒါပေမဲ့ ရဲမေရှန်တို့အတွက် အောင်မြင်မှုတွေ ယူလာပေးမှာလေ”
“ဟုတ်ပါပြီ။ ကျွန်မက ကျေးဇူးတင်ရမှာပေါ့”
ရှန်ချန်းချန်း ရယ်မော၍ ပြောပြီးနောက် ဦးထုပ်လေး ဆောင်းလိုက်ပြီး လင်းချွမ်အား စူးရှစွာ ကြည့်နေသည်။
“ဒီလိုလုပ်။ ကျွန်တော်ရော ဖမ်းဆီးရေးထဲ ပါလို့ရမလားလို့ ဒါရိုက်တာကျောက်ကို မေးကြည့်လိုက်မယ်”
လင်းချွမ်မှ လေးနက်စွာ ပြန်ကြည့်၍ အကြံပေးလေ၏။
ရှန်ချန်းချန်း ချက်ချင်း မျက်လုံးအရောင်လေး လက်သွားပြီးမှ ပြုံး၍
“ရဲဘော်လင်းချွမ် နားလိုက်ပါဦး။ အရင်တစ်ခါ လင်းကန်မှာတုန်းကလည်း ကျွန်မ ဘာမှသိပ်မကူလိုက်ရဘူး။ ကျွန်မ အစွမ်းလည်း ပြချင်သေးတယ်”
“ဒါဆိုလည်း ဂရုစိုက်သွားပါဗျာ”
လင်းချွမ် သတိပေးလိုက်သည်။
“မစိုးရိမ်ပါနဲ့။ ကျွန်မက အဲ့လောက် နူးညံ့တဲ့ မိန်းကလေး မဟုတ်ပါဘူး။ နည်းလမ်းကောင်းတွေရော၊ အင်အားရော ရှိပါတယ်”
ရှန်ချန်းချန်း ပြုံးရွှင်စွာပြော၍ ထွက်သွာပြီးမှ နောက်သို့ ပြန်လှည့်ကြည့်၍
“ကျွန်မပြန်လာရင် ညစာအတူစားဖို့သာ စောင့်နေလိုက်”
ကျန်းမှာ ရှန်ချန်းချန်း၏ အမိုက်စားပုံကို အားကျစွာ ကြည့်၍
“ရဲမေရှန်က အထာကျလိုက်တာ”
“အထာကျတယ်မလား။ ကျွန်တော့်ကို ခဏခဏ လာဖမ်းနေကျလေ”
လင်းချွမ်မှ ထောက်ခံလိုက်၏။
“ဒါဆို ဒီည ညစားစားပွဲကျရင် ရှင့်မှာ ဘယ်လိုပြစ်မှုတွေရှိလဲ မေးရမယ်”
“ပြစ်မှုလား”
လင်းချွမ် မျက်နှာပျက်သွားပြီး
“ကျန်းရယ် ကျွန်တော် ဘယ်လိုလူမျိုးလဲ မသိဘူးလား”
“အဲ့တာကြောင့် ရဲမေရှန်ကို အတိအကျ ပိုမေးချင်တာပေါ့”
ကျန်း မျက်လုံးလေးတစ်ဖက် မှိတ်ပြရင်း ပြော၏။
လင်းချွမ်မျ
“ကျန်း ကျွန်တော် ဘာများမဟုတ်တာ လုပ်ဖူးလို့လဲ ပြော။ အစီအစဉ်ကောင်း ဆွဲနိုင်ရုံပါပဲ”
“အစီအစဉ်ကောင်းလား။ ရှင့်စာဖတ်သူတွေကတော့ သံသယရှိသူလင်းလို့ ခေါ်တာပဲ”
“အထင်လွဲတာ။ ဒါ သက်သက် စော်ကားကြတာ”