ဟန်ဆောင်နေတာလား
Vol. 9 Ch. 134
“ရဲခေါ်လိုက်တာ မင်းလား”
လျှိုချင်း ဥက္ကဋ္ဌလီအား ဒေါသတကြီး လှမ်းကြည့်၏။
လီ ချက်ချင်း ခေါင်းယမ်းပြကာ တုန်တုန်ရီရီဖြင့်
“အစ်မလျှိုရယ် ကျွန်တော် တကယ် မဟုတ်ရပါဘူး”
“ဒီကိစ္စကို မင်းရယ်၊ ငါရယ်၊ ဝံပုလွေအိုရယ်ပဲ သိထားတာလေ။ တခြား ဘယ်သူရှိဦးမှာလဲ”
လျှိုချင်း မျက်မှောင်ကြုတ်၍ ပြောလေသည်။
“လင်းချွမ်များလား။ ဒီကောင်လေး…”
လျှိုချင်း ရုတ်တရက် မျက်နှာပျက်သွား၏။
“မဖြစ်နိုင်တာ။ သူ အခု အိမ်မှာ ပိုက်ဆံထိုင်ရေနေရမှာလေ”
လီ နားမလည်နိုင်စွာ ပြော၏။
“ထွက်ပြေးဖို့နည်းလမ်း အမြန်စဉ်းစားရမယ်”
လျှိုချင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သို့သော် စက်ရုံတစ်ခုလုံးကို အန်လင်း ကျားဖြန့် တိုက်ဖျက်ရေးအဖွဲ့မှ ဝိုင်းထားပြီး၍ လုံးဝ လွတ်လမ်း မရှိပေ။
ထိုသို့ လူ (၂) ယောက် ထွက်ပြေးရန် မဆိုထားနှင့်။ ယင်တစ်ကောင်ပင် မဖြတ်သန်းနိုင်လောက်ပေ။
စက်ရုံပြင်ပ၌ မီးရောင်များ တဖျတ်ဖျတ်လက်၍ ရဲကား ဥဩသံများလည်း ဆူညံနေ၏။ လျှိုချင်းနှင့် လီတို့မှာ ထိုအခြေအနေကြောင့် ပို၍ စိတ်လှုပ်ရှားနေကြလေသည်။
“အားလုံးကို ဝိုင်းထားပြီ။ ခုခံဖို့တော့ မစဉ်းစားနဲ့နော်။ အားလုံး လက်မြှောက်ပြီး ဒူးထောက်နေ”
ဘုံး!
ရုံးခန်းတံခါး ရုတ်တရက် ပွင့်လာပြီး ကျယ်လောင်သော အသံကြီးပါ ထွက်လာ၏။
ရှန်ချန်းချန်းမှာ လျှိုချင်း၏ ခေါင်းအား သေနတ်ဖြင့် တည့်တည့်ချိန်ထားပြီး အခြားရဲဝန်ထမ်းမှ လက်ထိပ်လာခတ်သည်။
လီကိုလည်း ထိုသို့ပင် ဖမ်းဆီးလိုက်သည်။
ထိုညလုပ်ငန်းစဉ်အတွင်း အန်လင်းရဲများမှ ကျားဖြန့်အဖွဲ့ထဲရှိ ခေါင်းဆောင်ပိုင်း (၃) ဦးကို အောင်မြင်စွာ ဖမ်းဆီး၍ အမှုကို ပိတ်သိမ်းနိုင်ခဲ့သည်။
…
“နာမည်ပြော”
“လျှိုချင်း”
“လိင်အမျိုးအစား”
“မ”
“အလုပ်အကိုင်”
“ရှေးဟောင်းပစ္စည်း အရောင်းအဝယ်”
စစ်ဆေးရေးအခန်းထဲတွင် သပ်ရပ်သော ယူနီဖောင်း ဝတ်ဆင်ထားသည့် ရှန်ချန်းချန်းမှာ ဆံပင်ကို ခပ်မြင့်မြင့်စည်း၍ ခရမ်းရောင်ရိုးရာဝတ်စုံဖြင့် လျှိုချင်းရှေ့တွင် ထိုင်နေသည်။
“ရှေးဟောင်းပစ္စည်း အရောင်းအဝယ်ပဲ လုပ်တာလား”
“ဟုတ်ပါတယ်။ ဟိုတစ်လောကတင် အန်လင်းက ဈေးကွက်ကို လေ့လာရင်း သဘောကျသွားလို့ အခြေချဖို့ လုပ်နေတာ”
လျှိုချင်းတစ်ယောက် အေးစက်သော မျက်နှာထားဖြင့် အမှန်တရားကို ကြိုးစား ဖုံးကွယ်နေ၏။
သူ တစ်လမ်းလုံး မည်သည့်အချက်တွင် မှားသွားသနည်းဟု စဉ်းစားခဲ့သော်လည်း ယခုအချိန်အထိ လုံးဝအဖြေရှာမရပေ။
တိုက်ဆိုင်တာလား။
ဝံပုလွေအိုကို လာခေါ်လာတာလား။ သူ့ကြောင့် အကုန် အဖမ်းခံရတာလား။
ဒါပဲ ဖြစ်နိုင်တော့တယ်။
“အဲ့အလုပ်မဟုတ်ဘဲ တခြား မရှိဘူးလား”
ရှန်ချန်းချန်း ခပ်အေးအေး ပြန်မေး၏။
“မရှိဘူး”
လျှိုချင်း ခေါင်းယမ်းပြသည်။
“နယ်စပ်က စက်ရုံနဲ့ စီးပွါးရေးပေါင်းလုပ်နေတာ မဟုတ်ဘူးလား”
လျှိုချင်း လန့်ဖျပ်သွားပြီးမှ အမူအရာ ချက်ချင်းထိန်း၍
“အဲ့အကြောင်း ကြားတောင် မကြားဖူးဘူး”
“အဲ့လိုလား”
ရှန်ချန်းချန်း ပြုံး၍ စာရွက်တစ်ရွက် ထုတ်ပြသည်။
ထိုစာရွက်မှာ ကျားဖြန့်ဂိုဏ်းနှင့် ပတ်သက်၍ ဆက်သွယ်ဖူးသော ဖုန်းနံပါတ်အချက်အလက်များ ဖြစ်၏။
လျှိုချင်း မျက်နှာအလွန်ပျက်သွားသည်။
“အဲ့လို စီးပွါးရေးနဲ့ မပတ်သက်တာ သေချာလား”
သူ တစ်ကိုယ်လုံး ကြက်သီးများထကာ နေရခက်နေတော့သည်။
ထို့နောက် အံကြိတ်၍
“လုံးဝ မကြားဖူးဘူး။ နိုင်ငံခြားကနေ ရှေးဟောင်း ကြွေထည်တွေ မှာတာတော့ ရှိတယ်။ ဒါပေမဲ့ ဘာက ဘာတွေလည်း သေချာမသိဘူး”
ရှန်ချန်းချန်း မှောက်ထားသော စာရွက်အား လှန်ပြ၍
“ဒီလိုဆိုရင်ရော ကြားဖူးပြီလား”
လျှိုချင်း အလွန်တုန်လှုပ်လာသည်။
ထိုအခါမှ ယခုဖမ်းဆီးမှုသည် သူ့ကို ပစ်မှတ်ထားနေမှန်း သိတော့၏။
“မဖြေချင်လည်း ရပါတယ်။ ဒါပေမဲ့ ဒါလေးတော့ သေချာ ကြည့်ပါဦး”
လျှိုချင်း မယုံနိုင်စွာ စိုက်ကြည့်နေမိသညိ။
သူ လုံးဝ မဖုံးကွယ်နိုင်တော့ပေ။ သူ့အပြစ်များ ဘူးပေါ်သလို ထင်ရှားစွာ ပေါ်လာရတော့၏။
သို့သော် သူနားမလည်နိုင်သည်မှာ အန်လင်းရဲစခန်းမှ ထိုကဲ့သို့ အချက်အလက်များကို မည်သို့ ရှာထားနိုင်သနည်း။
“ဝန်ခံတော့မလား”
ရှန်ချန်းချန်း ပြုံး၍ မေးလိုက်၏။
သူ့စစ်ဆေးခဲ့ရသော အမှုများထဲတွင် အလွယ်ဆုံး ဖြစ်လာခဲ့သည်။ တရားခံမှ လုံးဝမငြင်းနိုင်သည့် သက်သေများ ရှိနေပြီး၍ ဖြစ်လေသည်။
“တစ်ခုလောက် မေးလို့ရမလား”
လျှိုချင်း သက်ပြင်းချ၍ ပြောလိုက်သည်။
“ပြောပါ”
“ဒီအချက်အလက်တွေ ဘယ်သူပေးတာလဲ”
“မပြောနိုင်ဘူး”
လုံခြုံရေးအတွက် အရင်းအမြစ်ကိုတော့ ကာကွယ်ရပေမည်။
လျှိုချင်း တိတ်ဆိတ်သွားပြီး ရင်ထဲတွင်တော့ ဗလောင်ဆူနေတော့သည်။
သူ ကျူးလွန်ခဲ့သမျှ ပြစ်မှုတိုင်းမှာ ရှင်းလင်း တိကျခဲ့ပါသည်။
ဧကန္တ… ကျန်းတီ ငါ့ကို သံသယဝင်သွားပြီး စုံစမ်းလိုက်တာလား။
လျှိုချင်း ခေါင်းထပ်ယမ်းမိပြန်၏။
သူ့သမီး ကျန်းရှင်းရှင်းလား။
နောက်တစ်ယောက် ထပ်စဉ်းစားမိသည်။
သို့သော် ဆက်တွေးကြည့်လျှင် ကျန်းမှာ သူ့ကောင်လေးအပေါ် ယုံကြည်လွန်း၏။
လင်းချွမ်လား။
ဟုတ်တယ် သူပဲ။
သူ ထိုသို့ တွေးမိသည်နှင့် အမြင်များ ချက်ချင်း ရှင်းလင်းကာ ပုစ္ဆာများကို ဖြေရှင်းနိုင်သွား၏။
လင်းချွမ်က လူသစ် မဟုတ်ဘူးပဲ။
အားလုံး အကွက်ချစီစဉ်ထားတာ။
အကုန်လုံးကို အရူးလုပ်လိုက်တာ။
နောက်ပြီး နည်းပညာကုမ္ပဏီထောင်ထားတယ်ဆိုတော့ ဒီလို အချက်အလက်လောက်တော့ ရှာနိုင်မှာပဲ။
လျှိုချင်း မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“ဘယ်သူလဲ သိပြီ”
သူ ရှန်ချန်းချန်းအား စေ့စေ့ကြည့်၍
“အချက်အလက်တွေကို လင်းချွမ်ပေးတာမလား”
“ဘယ်သူပေးလဲက အရေးကြီးလို့လား”
ရှန်ချန်းချန်း ပြန်မေးလိုက်၏။
လျှိုချင်း ဒေါသထွက်လျက် အေးစက်သော အသံဖြင့်
“ကျွန်မ လိမ်စားလာတာ နှစ်ပေါင်းများစွာကြာပြီ။ ဒီလိုကောင်လေးဆီမှာ လုံးဝ သတိမထားမိဘဲ ထောင်ချောက်ထဲ ဝင်သွားရတယ်လို့။ တကယ် ရူးနေတာပဲ။ သူ့မှာ ရှေးဟောင်းပစ္စည်းဈေးကွက် ဗဟုသုတ မရှိဘူးလို့ပဲ ထင်ထားတာ”