← Chapters

လိမ်နည်းအစစ်

Vol. 9 Ch. 122

လိမ်နည်းအစစ်

Vol. 9 Ch. 122

အန်လင်းမြို့၊ အရှေ့ပိုင်းလမ်း။ 

ထိုနေရာမှာ ရှေးဟောင်းပစ္စည်းအရောင်းလမ်း ဖြစ်ပြီး အုတ်အစိမ်းရောင်များနှင့် အနက်ရောင် တိုင်ကြီးများတွင် ကနုတ်များရေးဆွဲထား၍ ခေတ်ဆန်သည့် ပုံစံမဟုတ်ဘဲ လမ်းကိုကပင် ရှေးဆန်လှသည်။ 

လမ်းဘေးတစ်လျှောက်တွင်တော့ လှပအနုစိတ်သော အဟောင်းဆိုင်လေးများစွာ ရှိနေသည်။ 

ပစ္စည်းများ စုံလင်၍ အရောင်အသွေးစုံလင်နေကြသည်။ ကြွေထည်၊ ကျောက်စိမ်းထည်၊ ပန်းချီများ၊ ဒင်္ဂါးပြားများ အမျိုးစုံ၏။ 

ရိုးရာဝတ်စုံ ဝတ်ဆင်ထားသော ဈေးသည်ကြီးများမှာလည်း ဆေးတံကိုကိုက်လျက် ယပ်တောင်အလှအား ဝှေ့ယမ်းကာ ဝယ်သူ ဖိတ်ခေါ်နေကြသည်။ 

ကျန်းမှာ တီရှပ်ဖြူ ခပ်ပွပွနှင့် ဂျင်းဘောင်းဘီအတိုကို ပြန်လဲထားပြီးဖြစ်ကာ လင်းချွမ်လက်မောင်းအား တင်းကြပ်စွာဖက်၍ ပါလာ၏။ 

“ဖေဖေ အန်တီလျှို”

ကျန်း သူတို့အတွဲကို ခပ်လှမ်းလှမ်းမှ လှမ်းတွေ့ကာ လက်လှမ်းပြ၍ နှုတ်ဆက်လေသည်။ 

လင်းချွမ် လမ်းတစ်လျှောက် ကျန်း ပြုလုပ်ရမည့် အမူအရာကို သင်ထားပြီးဖြစ်ကာ စောင့်ကြည့်ရန်သာ ကျန်ပါတော့သည်။ 

ကံကောင်းစွာဖြင့် သူတို့ အံ့ဩသည့်ပုံ ပြထား၍ အောင်မြင်နိုင်ချေ ၉၀ ရာခိုင်နှုန်းအထိ ရှိပါသည်။ 

လျှိုချင်းမှာ ကျက်သရေရှိလှသော ရိုးရာဝတ်စုံကို ဝတ်ဆင်၍ ကျန်းတို့ထံ လျှောက်လှမ်းလာသည်။ 

ထို့နောက် သူ့လက်ကို လှမ်းဆွဲကာ

“ကျန်းရယ် ရက်ပိုင်းပဲ ရှိသေးတာကို ပိုလှလာတာပဲ”

ကျန်းလည်း သရုပ်ဆောင်စွမ်းရည်အပြည့်ဖြင့် ပြုံး၍

“အန်တီလျှိုလည်း ဒီဝတ်စုံနဲ့ အရမ်းကျက်သရေ ရှိတာပဲ”

“ပြောတတ်လိုက်တာကွယ်”

လျှိုချင်းပြုံး၍ ပြောလိုက်၏။ 

အမှန်ပင် အသက် (၄၀) နီးပါး အရွယ်နှင့် မလိုက်အောင် ကြည့်ကောင်းလှပါသည်။ ဗိုက်တွင် အဆီပိုများ မရှိဘဲ အသားအရည်မှာလည်း ဖြူဖွေး တင်းရင်းနေဆဲပင်။ ထိုပုံစံဖြင့် ရိုးရာဝတ်စုံ ဝတ်ထားသောအခါ အလွန်ပင် ထင်ရှားတောက်ပနေတော့၏။ 

ဦးလေးကျန်းမှာတော့ ထိုအခြေအနေကို မရှောင်လွှဲနိုင်ပေ။ 

သူတို့ လမ်းထဲ လျှောက်လာကြပြီး ဆိုင်များတွင် လိုက်ကြည့်ကြ၏။ 

လင်းချွမ် ပုံရိပ်​ယောင်လောက၌ ရောက်ဖူးသော နေရာနှင့်ယှဉ်လျှင် ယခုအရှေ့လမ်းမှာ ပိုကြီးပြီး ပိုစုံလင်သည်။ 

ထို့ကြောင့် သူလည်း စိတ်ဝင်တစား လိုက်ကြည့်မိ၏။ 

“လင်း အပြင်ကဆိုင်တွေက အဟောင်းပစ္စည်း ရောင်းဝယ်တာလေ။ အတုတွေပေါတယ်။ မဟုတ်လည်း သာမာန်ပစ္စည်းလေးတွေပဲ”

လျှိုချင်းလှည့်၍ ရှင်းပြ၏။ 

လင်းချွမ် ဘာမှမတတ်သလိုလေး လှည့်ကြည့်၍

“ကျွန်တော် ရှေးခေတ်ဝတ္ထုတွေထဲ ဖတ်ဖူးတာ ရှိတယ်။ ဇာတ်လိုက်က ဆိုင်အသေးလေး ဖွင့်ထား၍ ညတွင်းချင်း ချမ်းသာသွားတာမျိုးလေ”

“ဝတ္ထုတွေဆိုတာ လက်တွေ့မှ မဆန်တာ။ လက်တွေ့မှာ ပစ္စည်းကောင်း ရှာချင်ရင် အမြင်ရှိမှဖြစ်မှာ”

လျှိုချင်းစိတ်ထဲတွင်တောါ လင်းချွမ်၏ အရည်အချင်း မရှိမှုအား အသိအမှတ် ပြုလိုက်မိသည်။ 

ထို့နောက် လမ်းကြားထဲမှ ဆိုင်များသို့ ခေါ်ပြရင်း ‘ရှေးဟောင်း’ ဟူသော ဆိုင်တစ်ခုသို့ ရောက်လာသည်။ 

“သူဌေးကျန်းနဲ့ သူဌေးကတော်လျှို လာလည်ပေးတာ ကျွန်တော့်ဆိုင်လေးက ဂုဏ်ယူလှပါတယ်”

ရိုးရာဝတ်စုံ ဝတ်ဆင်ထားသော ခပ်ဝဝဆိုင်ရှင်မှ ဦးညွှတ်၍ နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။ 

ကျန်းလည်း ဦးပြန်ညွှတ်၍ ပြုံးကာ

“သူဌေးကုရဲ့ စီးပွါးရေးက ကောင်းပြီးသားပါ”

“ဒါ သူဌေးတို့ ကူညီလို့ပါဗျာ”

ထိုလူမှ ရယ်မော၍ ပြောလေ၏။ 

ထို့နောက် အားလုံးကို ဒုတိယထပ်သို့ ခေါ်သွားပြီး ရှေးဟောင်းပစ္စည်းများ တစ်ခုချင်းစီ၍ ဇာတ်လမ်းများကို ရှင်းပြလေသည်။ 

လင်းချွမ် ဆိုင်ထဲတွင် လှည့်ပတ်ကြည့်ရှုရင်း တွေးမိ၏။ 

“ဒီနေရာက တကယ့် အစုတ်ပလုတ်ပဲ”

ပထမထပ်မှ ကြွေထည်၊ ကျောက်စိမ်းနှင့် ကြေးထည်များမှာ အလွန်အရည်အသွေးနိမ့်ပြီး အနည်းငယ် ကောင်းသောပစ္စည်းများမှာ အတု ဖြစ်လေသည်။ 

ဒုတိယထပ်မှာတော့ ပြတိုက်နှင့် ပိုတူပြီး တန်ဖိုးကြီး ပစ္စည်းအနေဖြင့် မှန်ဘောင် သွင်းထား၏။ 

သို့သော် ဆွဲဆောင်မှုရှိနေသော ပစ္စည်း မပါပေ။ 

လင်းချွမ် ယခုအချိန်တွင် အတုများ ဖော်ထုတ်ရန် ရောက်နေခြင်း မဟုတ်ပေ။ 

လိမ်နိုင်သ၍ လိမ်နိုင်အောင် လွှတ်ထားခြင်းက အဖြေ ဖြစ်ပါသည်။ 

ထိုသို့မဟုတ်ဘဲ အတင်းရှင်းပြခြင်းက ပို၍ ခက်ခဲကာ ရှုပ်ထွေးသွားနိုင်သည်။ 

“ကျန်း ကြွေထည်ရယ်၊ ပန်းချီရယ်၊ ကျောက်စိမ်းရယ်မှာ ဘယ်ဟာကြိုက်လဲ”

လျှိုချင်းမှ မေးလိုက်၏။ 

ကျန်း ခေါင်းယမ်းပြကာ

“ကျွန်မ ရှေးဟောင်းပစ္စည်းတွေအကြောင်း သိပ်မသိပါဘူး။ ဝယ်မပေးပါနဲ့။ အန်တီလျှိုရယ်။ များနေပါပြီ”

“တို့ကို အားမနာပါနဲ့ကွာ”

လျှိုချင်း ပြောပြောဆိုဆိုနှင့် ကျန်းလက်ကိုဆွဲကာ ကျောက်စိမ်းများဘက် ခေါ်သွားပြီး

“ဒီလို ရေခဲကျောက်စိမ်းဆွဲသီးဆိုရင်ရော”

ထိုစဉ် သူဌေးကုမှ ဝင်ရှင်းပြလေ၏။ 

“သူဌေးကတော်လျှိုက အမြင်ရှိလိုက်တာ။ ဒီဆွဲသီးက မြန်မာနိုင်ငံက အဆင့် A ကျောက်စိမ်းလေ။ ကျောက်စိမ်းလောကမှာတော့ ဘုရင်ပဲ။ ဒီမှာ သူ့ရဲ့ အထောက်အထားလက်မှတ်တွေပါ ရှိသေးတယ်”

လျှိုချင်းပြုံး၍

“ကဲပါ ဝတ်ကြည့်လိုက်”

“ရတာပေါ့ဗျာ”

သူဌေးကု မျက်လုံးအရောင်များလက်၍ ဆွဲကြိုးကို ထုတ်ပေးလေသည်။ 

ထို့နောက် လျှိုချင်း ကျောက်စစ်ဓာတ်မီးဖြင့် စစ်ဆေးကြည့်ပြီး ကျေနပ်စွာဖြင့်

“ကျောက်စိမ်းအသွေးက ဝတ်ဆင်တဲ့သူကို အင်အားပါ ရှိစေတယ်။ ကျန်းကို ဝတ်ပေးမယ်နော်”

ကျန်း တွေဝေသလိုပြုပြီးမှ ခေါင်းငြိမ့်ပြ၏။ 

“လှလိုက်တာကွယ်”

လျှိုချင်း ငေးကြည့်ရင်း ဆက်ပြောသည်။ 

“ဒါလေးနဲ့ဆို ကံကောင်းခြင်းတွေ၊ စိတ်လုံခြုံခြင်းတွေပါ ရမှာ”

ကျောက်စိမ်းဆွဲကြိုးလေးမှာ ဆိုင်မီးရောင်အောက်တွင် ထင်ရှား၍ ကျန်း၍ တီရှပ်အဖြူလေးကြောင့် ပိုပေါ်လွင်နေ၏။ 

ကျန်း နေရခက်စွာဖြင့်

“ဒါက ဈေးကြီးတယ်မလား”

လျှိုချင်း သူဌေးကုကို လှမ်းကြည့်သောအခါ လက် (၂) ချောင်း ထောင်ပြလေသည်။ 

“သိပ်မများပါဘူး။ (၂) သောင်းတည်းပါ”

“များတာ…”

“ကျွန်မစာရင်းထဲ ထည့်လိုက်နော် သူဌေးကု”

ကျန်း၏စကား မဆုံးမီ လျှိုချင်းမှ လှမ်းပြောလေသည်။ 

“အန်တီလျှိုက အရမ်းသဘောကောင်းတာပဲ”

“အဲ့လို သူစိမ်းဆန်တဲ့စကားတွေ မပြောပါနဲ့ကွယ်။ တို့တွေက မိသားစုတွေ ဖြစ်နေပြီပဲကို”

လျှိုချင်း သူ့ကိုငေးကြည့်၍

“ဒီကျောက်စိမ်းဆွဲကြိုးလေးရယ်၊ ပတ္တမြားလက်ကောက်ရယ်နဲ့ဆိုရင် ကျန်း ပိုလှမှာပဲ။ ဒါနဲ့ ဘာလို့ လက်ကောက် မဝတ်ထားတာလဲ”

All Chapters