ဒီလောက် အဖမ်းခံရတာ မလုံလောက်သေးဘူးလား
Vol. 10 Ch. 136
ဦးလေးကျန်း အလွန်ဝမ်းနည်းနေမိသည်။ သူ သဘောကျနေသူမှာ အခြားပိုကောင်းသူထံ ရောက်သွားပြီဟု ထင်နေ၏။
ထိုစဉ် ကျန်း သူ့အဖေဘေး ဝင်ထိုင်၍ ပုခုံးကိုပုတ်ကာ နှစ်သိမ့်ပေးလေသည်။
“အဖေရယ် လျှိုချင်းကို စောင့်မနေပါနဲ့တော့။ သူက အဖမ်းခံလိုက်ရပြီ”
“ကျန်း နင် လူကြီးတွေကိစ္စကို မသိ…”
ဦးလေးကျန်း စိတ်ပျက်လက်ပျက် ပြောလိုက်ပြီးမှ လန့်ဖျပ်၍ သမီးဖြစသူကို လှည့်ကြည့်ကာ
“ခုနက ဘာပြောလိုက်တယ်”
ကျန်းမှ
“အဖေ ကြားတဲ့အတိုင်းပဲ။ လျှိုချင်း အဖမ်းခံလိုက်ရပြီ”
“အဖမ်းခံရတယ်။ သူက ဘာလို့လဲ”
သူ ချက်ချင်း ကိုယ်လေးမတ်သွားကာ စိုးရိမ်သွားမိ၏။
“အရမ်း စိတ်မလှုပ်ရှားပါနဲ့”
ကျန်းမှ သူ့အဖေအဝတ်အစား အနားများကို ပြင်ပေးရင်း ပြောလေသည်။
“လင်းချွမ်သာ အဖမ်းခံရရင် နင်ရော စိတ်အေးနိုင်ဦးမှာလား”
ဘေးမှ လင်းချွမ် လန့်သွား၏။
ငါက ဘာလို့ အဖမ်းခံရမှာလဲ။
ကျန်း လင်းချွမ်အား တစ်ချက် လှမ်းကြည့်ပြီးမှ
“မစိုးရိမ်ပါနဲ့ အဖေရယ်။ လင်းချွမ်က အဖမ်းမခံရပါဘူး”
ဦးလေးကျန်း မျက်စောင်းထိုးလျက်
“မသိရင် သူက အဖမ်းမခံရဖူးတာကျနေတာပဲ”
အဟမ်း!
ကြားထဲမှ လင်းချွမ် မနေနိုင်တော့ဘဲ ချောင်းဟန့်၍
“ဦးလေးကျန်းနဲ့ ရှင်းရှင်း အခုတော့ တော်ကြပါတော့။ လျှိုချင်း အဖမ်းခံရတဲ့အကြောင်းပဲ ဆက်ပြောပါ”
ထိုနာမည်ကြားသည်နှင့် ဦးလေးကျန်း လှုပ်လှုပ်ရှားရှား ဖြစ်လာပြန်သည်။
“သူ ဘာလို့ အဖမ်းခံရတာလဲဟင်”
“နယ်စပ်က ကျားဖြန့်ဂိုဏ်းနဲ့ ပတ်သက်ပြီး ငွေလိမ်နေတယ်လို့ သံသယရှိလို့”
ကျန်း အမှန်အတိုင်း ပြောပြလိုက်သည်။
“ငွေလိမ်တယ်လား။ သူက ဒီအတိုင်း အရောင်းအဝယ် လုပ်တဲ့ စီးပွါးရေးသမားလေ”
ဦးလေးကျန်း မျက်မှောင်ကြုတ်နေမိသည်။
“ရှေးဟောင်းပစ္စည်းဈေးကွက်မှာ လိမ်တာတွေလည်း ရှိတယ်”
“လိမ်တယ်လား။ သူက ဘယ်သူ့ကို လိမ်တာလဲ”
“အဖေ့ကိုလေ”
ကျန်း သူ့ကို လက်ညှိုးထိုး၍ ပြော၏။
ဦးလေးကျန်း စွံ့အနေမိလေသည်။
စတိုးဆိုင်မှ မီးရောင်သည် ဦးလေးကျန်းမျက်နှာပေါ် တည့်တည့်ကျနေပြီး မှင်တက်အံ့ဩမှု အပြည့်ဖြစ်နေသည်အား တွေ့ရ၏။
ဦးလေးကျန်း နားမလည်နိုင်စွာဖြင့်
“လျှိုချင်း ဘာလို့ ငါ့ကို လိမ်ရတာလဲ”
ကျန်း သူ့အဖေပုခုံးအား ပုတ်ပေးလျက်
“ဪ အဖေရယ် လိမ်ပါတယ်ဆို ဘာလို့ ရှိဦးမလဲ”
“ဒါဆို ပြောပါဦး။ ဘယ်လိုနေရာကနေ လိမ်လိုက်တာလဲ”
ကျန်း ပြုံးလျက်
“သူက နယ်စပ်ဒေသ ကျားဖြန့်ဂိုဏ်းရဲ့ ခေါင်းဆောင်ပိုင်းထဲမှာ ပါတယ်လေ။ အသက်ကြီးပိုင်းတွေရဲ့ စိတ်ခံစားချက်နဲ့ နူးညံ့မှုကို အသုံးချပြီး ဆွဲဆောင်တာ။ အဲ့လူတွေ သူတို့ဆီမှာ ရင်းနှီးမြှုပ်နှံလိုက်တာနဲ့ လုံးဝထိန်းချုပ်ပြီးသား ဖြစ်ပြီ”
“မဖြစ်နိုင်တာ။ ငါက ဘာလို့ အသက်ကြီးပိုင်းလဲ”
“မဟုတ်လို့လား။ လင်းချွမ်နဲ့ကျွန်မ အမြန် ဝင်တားပေးလို့ပေါ့။ မဟုတ်ရင် အဖေလည်း အခု ရဲစခန်းမှာ သက်သေလိုက်ထွက်နေရပြီ”
“နင်နဲ့ လင်းချွမ် တားတယ်လား”
ဦးလေးကျန်း အံ့ဩစွာ ငေးကြည့်နေ၏။
“ဟုတ်တယ်လေ”
ကျန်း ဂုဏ်ယူစွာ ပြောလေသည်။
“လျှိုချင်းကို တိုင်လိုက်တာ နင်တို့ပေါ့”
ကျန်း ခေါင်းငြိမ့်ပြ၍
“ဟုတ်တယ်လေ။ ညနေ (၄) နာရီလောက်တည်းက ရဲစခန်းကို အကြောင်းကြားခဲ့တာ။ အခု ည (၇) နာရီလောက်ကျတော့ အဖမ်းခံရပြီး စခန်းရောက်တာနဲ့ ဝန်ခံလိုက်တာပဲ”
ဦးလေးကျန်း ရီဝေစွာငေးရင်း သက်ပြင်းချမိသည်။
ကျန်းမှာ စတိုးဆိုင်ထဲဝင်သွားပြီး ဘီယာတစ်ပုလင်းနှင့် မြေပဲထုပ်များ ယူလာပြီး သူ့အဖေကို ပေးလိုက်သည်။
“အဖေ အသည်းကွဲတာ သက်သာအောင် သောက်လိုက်နော်”
ဦးလေးကျန်း လင်းချွမ်အား လှည့်ကြည့်ကာ
“လင်းချွမ် ငါ့ကို အဖော်လုပ်ပေးဦး”
ကျန်း လင်းချွမ်လက်မောင်းအား အမြန် လှမ်းဆွဲ၍
“သောက်မယ်ဆို အေးဆေး သောက်ကြနော်။ မူးလာမှ ညီအစ်ကိုလုပ်မယ်တွေဘာတွေ မပြောနဲ့။ ကျွန်မ ဦးလေးအသစ် မလိုချင်ဘူး”
“ညီအစ်ကိုလား။ ကောင်းသားပဲ”
ဦးလေးကျန်း တမင်နောက်လိုက်သည်။
ထို့နောက် စတိုးဆိုင်ရှေ့၌ပင် ခုံခင်း၍ ကျန်းပါ ဝင်ထိုင်နေ၏။
ဦးလေးကျန်း အရက်တစ်ခွက် မော့လိုက်ပြီး
“လျှိုချင်း လိမ်နေတာကို မင်းတို့ ဘယ်လိုသိတာလဲ”
“ပထမဆုံး စတွေ့တည်းက သူတို့ မရိုးသားမှန်း လင်းချွမ် ရိပ်မိနေတာ”
ကျန်းမှ ရယ်မော၍ အစပျိုးလိုက်သည်။
ထို့နောက် လင်းချွမ်ဆက်၍ ရှင်းပြလေသည်။
“အဲ့နေ့က လျှိုချင်း ရှင်းရှင်းကို ပတ္တမြားလက်ကောက် ပေးတယ်လေ။ ကျွန်တော် ကြည့်လိုက်တော့ အတုကြီး ဖြစ်နေတာ။ ဒါပေမဲ့ ရှေးဟောင်းပစ္စည်းအကြောင်း နားလည်တယ်ပြောတဲ့ ဥက္ကဋ္ဌလီက ဈေးကြီးပေးပြီး ဝယ်သွားတယ်။ အဲ့မှာ သံသယပိုဝင်လာတာပဲ…”
အသေးစိတ် နားထောင်ပြီးနောက် ဦးလေးကျန်း အရက်တစ်ခွက် ထပ်မော့ကာ
“ငါတကယ် တုံးတာပဲ”
ကျန်း လင်းချွမ်အား မြေပဲ ခွံ့ကျွေးရင်း
“လျှိုချင်းကိုက ဆိုးတာပဲ။ အဖေလည်း မတတ်နိုင်ခဲ့ဘူးလေ။ ဒီလို ရှေးဟောင်းပစ္စည်းတွေ အကြောင်းမှ မသိတာ။ အဲ့တာတွေမေ့ပြီး အိမ်ငှါးခသာ လိုက်ကောက်နေလိုက်ပါ။ အဲ့တာ အဖေ့အလုပ်ပဲ”
ဦးလေးကျန်းမှ
“ငါလည်း တစ်သက်လုံး အဲ့တာချည်းပဲတော့ မလုပ်နိုင်ဘူးလေ”
“ဒါဆို ဘာထပ်လုပ်ချင်သေးလို့လဲ”
“နင့်ဦးလေး အင်တာနက်ဂိမ်းဆိုင် စဖွင့်နေပြီလေ။ အဲ့တာ အဆင်ပြေတယ်တဲ့။ နင်တို့လည်း ရဲစခန်းနဲ့တောင် ပူးပေါင်းပြီး နည်းပညာကုမ္ပဏီ ထောင်ထားတာဆိုတော့ ငါလည်း တစ်ခုလောက် လုပ်ကြည့်မလို့”
ကျန်းနှင့် လင်းချွမ်တို့ အချင်းချင်း ကြည့်လိုက်မိကြသည်။
စီးပွါးရေးအသစ် စလုပ်ခြင်းမှာ ကောင်းပါသည်။
သူ အလုပ်ရှုပ်နေလျှင် လျှိုချင်းကိုလည်း မြန်မြန် မေ့နိုင်ပြီး အဆင်ပြေနိုင်၏။
“အရင်က ဝင်ထားတဲ့ လောင်းကစားတိုက်ဖျက်ရေး အဖွဲ့ကရော”
ဦးလေးကျန်း ခေါင်းယမ်းပြ၍
“လောင်းကစားသမားတွေဆိုတာ အကြံဉာဏ်ကို နားမထောင်ဘူး။ နားထောင်တဲ့သူက ရှုံးတာပဲ။ အဲ့တာကြောင့် အကြံဉာဏ် မလိုအပ်ဘူး”
“အဲ့တော့ အဖေက ဘာလုပ်ချင်တာလဲ”
ကျန်း မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“တကယ်တော့ ငါ ရှေးဟောင်းပစ္စည်းတွေကို တကယ် သဘောကျတာ”
“ဒါပေမဲ့ ဘာမှ မသိဘူးလေ”
ကျန်း နှုတ်ခမ်းလေးစူ၍ ပြန်ပြော၏။
“ဒါပေမဲ့ အဲ့အကြောင်း လေ့လာရတာ အရမ်း အဓိပ္ပာယ်ရှိတယ်။ ဥပမာဆိုရင် သူ့နောက်ကွယ်က သမိုင်းကြောင်းတွေပါ ဆက်သိချင်လာတာလေ။ အရမ်းမိုက်တယ်”
“ရုတ်တရက်ကြီး ကြိုးစားနေပါလား။ မရင်းနှီးလိုက်တာ”
ကျန်း အံ့ဩနေမိ၏။
“ကျန်းရယ် ငါ ငယ်ငယ်က သမိုင်းကို အရမ်းစိတ်ဝင်စားလို့ အမြဲ အမှတ်ကောင်းခဲ့ပါတယ်”
“အဖေ ရူပဗေဒနဲ့ ဘွဲ့ရတာမလား။ ဘယ်လိုလုပ် သမိုငိးကို ကြိုက်သွားရပြန်တာလဲ”
“သမိုင်းကို ကျောင်းမှာတုန်းက အများကြီး သင်ခဲ့ဖူးတာပဲ”
“စိတ်ဝင်စားရုံနဲ့တော့ မရဘူးနော်။ ထဲထဲဝင်ဝင် နားလည်မှ”
ထိုအခါ ဦးလေးကျန်းမှ ပြန်ပက်လေ၏။
“နင်ရော နည်းပညာကုမ္ပဏီထောင်တော့ ဘယ်လောက် တတ်လို့လဲ”
ကျန်း စူပုတ်၍ လင်းချွမ်လက်မောင်းအား ဖက်ကာ
“ကျွန်မတော့ မတတ်ပေမဲ့ သူဌေး ရှိတယ်လေ”
ဦးလေးကျန်း ရယ်မောလျက်
“ရှင်းရှင်း ငါ့လည်း လင်းချွမ် ခဏငှါးပါဦး”
“ကျွန်မတောင် မသုံးရသေးတာကို”
“…”
“ဘာကို မသုံးရတာလဲ”
ဦးလေးကျန်း ပြန်မေးမှ ကျန်း မျက်နှာလေးရဲလျက်
“အဖေကလည်း ကုမ္ပဏီမှာ ကျွန်မက အရမ်း အသုံးမဝင်ဘူး ပြောတာပါ”
“ထားပါ။ ငါ တကယ် ရှေးဟောင်းပစ္စည်းဆိုင်လေး ဖွင့်ချင်တာ။ နင် ရင်းနှီးမြှုပ်နှံပေးမယ်မလား”
ကျန်း လင်းချွမ်အား လှမ်းကြည့်မိ၏။
ပတ္တမြားလက်ကောက်အား အတုမှန်း တန်းသိပြီး ဖုန်ထျန်းအကြွေစေ့ကိုပင် အစစ်ကဲ့သို့ ပြောင်းလဲနိုင်သော အရည်အချင်းရှိသူ ဖြစ်ပါသည်။
ထို့ကြောင့် လင်းချွမ်နှင့်ဆို အဆင်ပြေနိုင်သည်။
လင်းချွမ်ကတော့ ခပ်အေးအေးပင် ကျန်း ခေါင်းလေးကို ပုတ်၍
“မနက်ဖြန်မနက်စာ ချက်ပေးဖို့ မမေ့နဲ့နော်”
“ဟုတ်”
ကျန်း ပြုံးရွှင်၍ ကျန်ခဲ့လေ၏။
ဦးလေးကျန်းမှာ ရီဝေဝေဖြင့်
“ဘယ်လိုလဲ ဆိုင်က”
“ဖွင့်သာဖွင့်လိုက်။ ဘာမှထပ်မမေးနဲ့တော့ဎ
ကျန်း ရယ်မောနေမိ၏။
ဏ်းက သူဌေးပေါင် ဒီမနက် (၁၀:၃၆) လောက်မှာ ရုတ်တရက် အသတ်ခံလိုက်ရပါတယ်”