တိုက်ပွဲ
Vol. 10 Ch. 143
သူ အွန်လိုင်းစာရေးဆရာရော ဟုတ်သေးရဲ့လား။
ထွီ!
သူတို့ လင်းချွမ်ကို မယှဉ်နိုင်သည့်အပြင် မကြာမီ ရဲအဖွဲ့များကို ရင်ဆိုင်ရနိုင်၏။
ထို့နောက် အစီအစဉ်အမြန် တွေး၍
“ဒီကောင့်ကို လုံးဝ အလွတ်မပေးနဲ့”
ထိုအခါ ကျန်ဗလကြီးများ ချက်ချင်း လှုပ်ရှားရန် ရှေ့တိုးလာကြသည်။
လင်းချွမ် နောက် (၂) လှမ်း ဆုတ်သွားပြီးမှ ထိုအုပ်စု မထင်ထားချိန်တွင် ဘယ်ဘက်အရှေ့သို့ ခုန်တက်ကာ ဓားကို ဆွဲလုလေသည်။
ထိုလူလည်း ဓားဖြင့် အမြန်ခုခံရန် ကြိုးစားသော်လည်း လင်းချွမ်တိုက်ကွက်က ပိုလျင်၏။
ထိုလူ၏ ရင်ဘက်အား အဆက်မပြတ် ထိုးနှက်နေလေသည်။
ထို့နောက် ထပ်ရောက်လာသူအား နောက်ခြေဖြင့် လှမ်းကန်လျက် နောက်တစ်ဦး၏ လက်ကောက်ဝတ်ကို ဆွဲဖမ်းလိုက်သည်။
ထိုသို့ မခုခံနိုင်မှန်း သေချာမှ အမြင့်ကန်ချက်ဖြင့် အားလုံးကို ရိုက်ချလိုက်တော့သည်။
ဂျွတ် ဂျွတ် ဂျွတ်!
အားလုံး နံရိုးများ ကျိုးကုန်သကဲ့သို့ပင်။
တိတ်ဆိတ်သောည၌ အရိုးကျိုးသံများ ဆူညံနေတော့သည်။
ထို့နောက် ပစ္စည်းထည့်ထားသော ဗီရိုအထိ တိုက်မိကာ သတ္ထုနှင့် ကြွေထည်များ ကျကွဲ၍ ဒဏ်ရာများနှင့် ထိခိုက်ကုန်၏။
ရတနာများမှာလည်း ပျက်စီးကုန်လေပြီ။
“အဟွတ် အဟွတ်”
အချို့မှာ သွေးများပင် အန်ထွက်ကုန်နေသည်။
ထိုစဉ် တီရှပ်အပြာလူက သူ့ဘေးမှလူကို လှမ်းအော်၏။
“မင်း လက်ဖက်ရည်အခန်းထဲက ကောင်မလေးကို ဆွဲထုတ်လာခဲ့”
“ဟုတ်ကဲ့”
သို့သော် လင်းချွမ်ကို အရင် ရင်ဆိုင်ရလေသည်။
လင်းချွမ်ရှေ့မှ တားထားသောကြောင့် အပြန်အလှန် အပြင်းအထန် တိုက်ခိုက်ပြီးမှ အနည်းငယ် ရှောင်ထွက်နိုင်ကာ အခန်းနှင့် နီးကပ်လာသည်။
“ရှင်းရှင်းကိုများ ရှုပ်ချင်တယ်ပေါ့”
လင်းချွမ်မျက်လုံးမှာ အေးစက်၍ ဓားတစ်ချောင်း ကောက်ကာ ပြေးလိုက်သွားသည်။
သူ့အရှိန်မှာ သေချာပေါက် အားလုံးကို ယှဉ်နိုင်ပါသည်။
အနောက်မှ ဒူးခေါင်းနေရာအား ကန်ချလိုက်ပြီး ထိုလူ ပုံလျက်သားလဲကျသွားသည်။ ထို့နောက် ရင်ဘက်အား ထပ်ကန်နေသည်။
ထိုလူလည်း သွေးများအန်လျက် နံရိုးများ ကျိုးမလို ခံစားနေရ၏။
လင်းချွမ် မျက်လုံးထဲ ဘာမှမမြင်နိုင်တော့ပေ။
လက်ဖက်ရည်ခန်းထဲမှ ကျန်းရှင်းရှင်းအား ကာကွယ်ရန်သာ စိတ်ထဲရှိတော့သည်။
သူ့ကိုသတ်ရန် စောင့်နေကြသော ဗလကြီးများကိုလည်း တစ်စက်မှ မမှုတော့။
ဒေါသများသာ အလိပ်လိုက်ထွက်၍ တီရှပ်အပြာလူကို စိုက်ကြည့်နေသည်။
ဆိုင်တစ်ခုလုံး အခြေအနေလည်း တင်းမာလျက် လင်းချွမ်ကြောင့်လား၊ အအေးဓာတ်ကြောင့်ပင်လား ကြက်သီးများ ထလာရသည်။
မကြာမီ ရင်ခုန်သံတဒိတ်ဒိတ်ဖြင့် စိတ်မတည်မငြိမ်ဖြစ်ကာ လင်းချွမ်ကိုပင် စေ့စေ့ မကြည့်ရဲတော့ချေ။
လင်းချွမ်မျက်လုံးများမှာ နတ်ဆိုးတစ်ကောင်ကဲ့သို့ တောက်ပစူးရှလွန်းကာ ကြောက်စရာ ကောင်းနေသည်။
သူ့တစ်ဘဝလုံးတွင် ကြောက်စရာအကောင်းဆုံး အခြေအနေကို ပထမဆုံး ကြုံဖူးခြင်း ဖြစ်၏။
သူ့ရှေ့တွင် ထိုပုံစံမျိုး တစ်ခါမှ မတွေ့ခဲ့ဖူးပါ။
ကျားဖြန့်လုပ်ငန်းမှ သူဌေးပေါင်ကိုပင် ဤမျှ မကြောက်ရချေ။
လင်းချွမ် သူ့အရှေ့သို့တိုးလာပြီး ပြုံးလျက်
“မိတ်ဆွေကြီး တာဝန်မပြီးမြောက်ဘဲ ဒီလိုဖြစ်ကုန်တာရဲ့ နောက်ဆက်တွဲကို သိသင့်တယ်နော်”
“မိတ်ဆွေလား။ ဘာကို ဆိုလိုတာလဲ”
“ဘယ်လို ထင်လို့လဲ”
လင်းချွမ် ခပ်အေးအေး ပြန်မေးလိုက်၏။
တီရှပ်အပြာလူ တံတွေးမျိုချ၍ တုန်ရီစွာဖြင့်
“မင်းလည်း လုပ်ကြံသူပဲလား”
“ခန့်မှန်းတာ တော်သားပဲ။ ဒါပေမဲ့ ဒီညတော့ မဟုတ်သေးပါဘူး”
လင်းချွမ် ဓားတစ််ချက်ယမ်း၍ ပြောလိုက်သည်။
သို့သော် တီရှပ်အပြာလူ အမြန်ရှောင်လိုက်သောကြောင့် နောက်ကျောသာ ရှပ်၍ ထိသွား၏။
ထိုလူမှာ နာကျင်လွန်း၍ မှောက်လျက်လဲကျကာ တအီအီ ညည်းနေသည်။
လင်းချွမ် သူ့အနောက်မှ ထပ်ကန်လိုက်ရာ ဗီရိုကို တိုက်မိပြီး ဖန်ပစ္စည်းတစ်ခု ကျကွဲ၍ ခေါင်း၌ သွေးများ ဖျန်းခနဲ စီးကျလာ၏။
ထိုစဉ် အခြား ဗလကြီးများ ပြန်ကပ်လာကြပြန်သည်။
လင်းချွမ် ခပ်မြင့်မြင့် ဆက်တိုက်ကန်၍ အလွယ်တကူ ရှင်းလိုက်၏။
ထိုအခါ တီရှပ်အပြာလူ တံခါးပေါက်နားပြေး၍ ထွက်ပြေးရန် ကြံတော့သည်။
“ဒီအတိုင်း ထွက်သွားလို့ရမယ် ထင်နေလား”
လင်းချွမ် လှမ်းအော်၍ ရှေ့တိုးသွားသည်။
အားလုံး လင်းချွမ် အကန်ခံရ၍ ခြေထောက်များ ယိုင်နဲ့နေကြလေပြီ။
ကောင်းကောင်းပင် မလှုပ်နိုင်တော့ချေ။
ထိုစဉ်။
အရှေ့ပိုင်းလမ်း၌ မီးရောင်များ တဖျတ်ဖျတ် တောက်လာပြီ ရဲကားဥဩသံများ ဆူညံလာသည်။
ရွှေတုံးဆိုင်။
ဆိုင်ရှေ့တွင် ကားအကောင်းစားတစ်စီး ထိုးရပ်လာပြီး ရှန်ချန်းချန်း ပြေးဆင်းလာ၏။
ထို့နောက် ဆိုင်ထဲ အမြန်ဝင်သွားကာ
“လင်းချွမ် အဆင်ပြေတယ်နော်”