← Chapters

ကျားဖြန့်ဂိုဏ်း ပျောက်ကွယ်သင့်တယ်

Vol. 10 Ch. 147

ကျားဖြန့်ဂိုဏ်း ပျောက်ကွယ်သင့်တယ်

Vol. 10 Ch. 147

အငှါးတိုက်ခန်း၌။ 

အချိန်မှာ မနက် (၁) နာရီ ထိုး၍ တောက်ပသော လရောင်မှာ စတုရန်းပုံ ပြတင်းပေါက်မှတစ်ဆင့် ထိုးဖောက်၍ အငှါးတိုက်ခန်းထဲ ဝင်ရောက်နေလေသည်။ လရောင်နှင့်အတူ ညင်သာစွာ ပါလာသည်မှာတော့ ညခင်းလေညင်း ဖြစ်၏။ 

ညဉ့်နက်ချိန်ဖြစ်ပြီး အပြင်လောက၌ တိတ်ဆိတ်နေသည်။ အခန်းထဲတွင်တော့ စားပွဲတင် မီးအိမ်လေးသာ ထွန်းထားပြီး အဝါရောင် ခပ်ဖျော့ဖျော့ လင်းနေ၏။ 

ကျန်းမှာ လင်းချွမ်၏ ရှပ်အင်္ကျီနှင့် ဘောင်းဘီတိုတို့ကို ဝတ်ဆင်ထားပြီး လင်းချွမ်၏ ကုတင်အစွန်းနား၌ တင်ပျဉ်ခွေထိုင်ကာ လင်းချွမ်လက်အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ 

လင်းချွမ်မှာ ဒူးတစ်ဖက်ထောက်လျက် ကျန်းကို နူးညံ့စွာကြည့်၍

“အခု အိပ်တော့နော်”

ညမှာ အလွန်မှောင်မိုက်နေလေပြီ။ 

ကျန်းရှင်းရှင်း လင်းချွမ်အားဖက်ကာ အသံလေး တုန်ရီစွာဖြင့်

“ကျွန်မ တကယ်တော့ အရမ်းကြောက်နေတာ”

လင်းချွမ် စိတ်မကောင်းဖြစ်သွားကာ ကျန်း ဆံနွယ်လေးများအား သပ်ပေးရင်း မျက်နှာလေးကို ကိုင်၍ မော့စေလိုက်သည်။ 

“ကျန်း ဘာမှ ကြောက်စရာမလိုတော့ဘူးနော်”

ကျန်း သူ့ကိုမျက်လုံးလေးပြူး၍ စိုက်ကြည့်နေပြီး ဘာမှပြန်မဖြေပေ။ 

လင်းချွမ် သူ့ကို ဆွဲထူ၍ ကုတင်အလယ်၌ လဲလျောင်းစေလိုက်သည်။ ထို့နောက် နဖူးလေးအား ခပ်ဖွဖွနမ်းကာ 

“ကောင်းသောညပါနော်”

ထိုအချိန်တွင် ကျန်းမှာ လိမ္မာသော ကြောင်ပေါက်လေးကဲ့သို့ ခေါင်းလေး ဖြည်းဖြည်း ငြိမ့်ပြကာ မျက်လုံးများ မှိတ်၍ အိပ်ရန် ကြိုးစား၏။ 

လင်းချွမ်ကတော့ လက်ဖက်ရည်တစ်ခွက်ဖျော်ကာ လန်းအောင်ပြုလုပ်၍ ကွန်ပျူတာရှေ့ထိုင်ကာ ကီးဘုတ်အဟောင်းလေးအား ဖုန်သုတ်နေ၏။ 

သူ ယနေ့ညအတွက် အရေးတကြီးပြုလုပ်စရာ အလုပ်ရှိနေသည်။ 

သူတစ်ယောက်တည်းသာဆိုလျှင် ကိစ္စမရှိသော်လည်း အခုတော့ စိုးရိမ်စရာ ရှိနေလေပြီ။ 

ထို့ကြောင့် ယခုညလိုအခြေအနေမျိုး နောက်တစ်ကြိမ် ထပ်အဖြစ်မခံနိုင်တော့ပေ။ 

သူ ထိုကိစ္စကို အလွန်စိုးရိမ်နေမိခြင်း ဖြစ်၏။ 

ဝါဖျော့ဖျော့မီးရောင်မှာ လင်းချွမ်မျက်နှာပေါ် အရိပ်ကျနေပြီး စူးရှတောက်ပသော မျက်လုံးများ ပေါ်လွင်ထင်ရှားနေစေ၏။ 

လင်းချွမ် ကီးဘုတ်ပေါ်၌ လက်ချောင်းများ စတင် လှုပ်ရှားလာသည်။ 

ယနေ့ည အမှုအတွက် တီရှပ်အပြာလူမှ ကျားဖြန့်ဂိုဏ်း၏ စေခိုင်းခံရကြောင်း ဝန်ခံပြီး ဖြစ်ပါသည်။ သူနှင့် ကျန်းရှင်းရှင်းအား အရှင်ဖမ်း၍ ဂိုဏ်းသို့ခေါ်လာရန် ခိုင်းထားခြင်း ဖြစ်၏။ 

လင်းချွမ် သူ့စကားကြောင့် ချက်ချင်း နားလည်သွားပါသည်။ 

ကျားဖြန့်ဂိုဏ်း၌သာ အဖမ်းခံရပါက ငရဲကျသကဲ့သို့ နှိပ်စက်ခြင်းများ ပြည့်နှက်၍ နတ်ဆိုးများကို ခစားရသည့် ကြောက်စရာဘဝကြီး ဖြစ်လာပေမည်။ 

သူ့တစ်ယောက်တည်းသာ ပစ်မှတ်အဖြစ်ထားလျှင် မနက်ဖြန်အထိ အခြေအနေ စောင့်ကြည့်ဦးမည် ဖြစ်သော်လည်း ယခုအခါ ကျန်းရှင်းရှင်းပါ ပါဝင်နေသည်။ 

ကျန်းမှာ သူ့အပေါ် ကျေးဇူးများစွာရှိပြီး လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်သောကြောင့် နောက်တစ်နေ့ နေမထွက်ခင် ကိစ္စများပြတ်အောင် လုပ်ရတော့မည်။ 

သူ့အလုပ်မှာ ရိုးရှင်းပါသည်။ ကျားဖြန့်ဂိုဏ်း၏နောက်ကွယ်မှ လက်မည်းကို ဖော်ထုတ်ရန် ဖြစ်၏။ 

ပထမဆုံးအနေဖြင့် တီရှပ်အပြာလူ၏ဖုန်းအား hack လိုက်သည်။ 

လင်းချွမ်အတွက်တော့ ထိုအခြေအနေမှာ အလွန်လွယ်ကူလွန်းပါသည်။ 

သူ ကုဒ်အချို့ အဆက်မပြတ် ရိုက်နှိပ်ရင်း မကြာမီ လိုအပ်သော အချက်အလက်များ ကျလာတော့၏။ 

ထိုလူဖျက်ပစ်ထားသော အချက်အလက်များကိုပါ ပြန်လည်ထိန်းသိမ်းနိုင်သွားသည်။ 

“တာဝန်အသစ် (၃) သန်း”

“ဘယ်သူလဲ”

“ဒီမှာ သူတို့ရဲ့ အသေးစိတ် အချက်အလက်တွေ။ ရှေးဟောင်းပစ္စည်းဆိုင်လေး ဖွင့်ထားတယ်။ ဒီနေ့လယ်ကို ပစ္စည်းအကဲဖြတ်ဖို့ဆိုပြီး အရင်သွားလိုက်။ ညနေမှ နောက်ပစ္စည်းအသစ် သွားရောင်း”

“ဟုတ်ကဲ့ပါ”

“လုံးဝမှားလို့ မရဘူးနော်။ အရည်အချင်းရှိတဲ့ ညီအစ်ကိုတွေ ထပ်ခေါ်သွားဦး”

“အွန်လိုင်းစာရေးဆရာလေးတစ်ယောက်ပါ။ နည်းနည်းပါးပါးဆို ရပါပြီ”

“ကျရှုံးခြင်းရဲ့ နောက်ဆက်တွဲကိုတော့ သိထားပြီးသားပါနော်”

“သိပါတယ်”

“ဒီည အောင်မြင်ရင် အရင်နေရာမှာပဲ တွေ့ဖို့ လူလွှတ်လိုက်မယ်”

“ဟုတ်ကဲ့”

“ဟိုကောင်မလေးကိုလည်း မလွတ်စေနဲ့ဦး”

“ကိစ္စမရှိပါဘူးဗျာ”

လင်းချွမ်မျက်နှာပျက်၍ မျက်ဝန်းများမှာ အေးစက်နေသည်။ 

ထို့နောက် အိပ်ရာပေါ်၌ အိပ်မောကျနေသော ကျန်းအား လှည့်ကြည့်မိလိုက်သည်။ 

မီးရောင်အောက်တွင် ကျန်း၏ စောင်လေးကိုဖက်၍ အိပ်နေပုံမှာ အကူအညီမဲ့နေသော ကြောင်ပေါက်လေးကဲ့သို့ သနားစရာ၊ ချစ်စရာကောင်းနေသည်။ 

ရုတ်တရက်။ 

သူ့ခန္ဓာကိုယ်လည်း သိမ့်ခနဲတုန်သွားကာ စောင်ကို ပို၍တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။ 

အိပ်မက်ဆိုးများ မက်နေပုံ ရပါသည်။ 

လင်းချွမ် အမြန်ထသွားပြီး ခေါင်းလေးကို ပုတ်ပေးမှ ကျန်း ပြန်ငြိမ်၍ အေးအေးဆေးဆေး အိပ်ပျော်သွားတော့သည်။ 

လင်းချွမ်လည်း ထိုအခါမှ သက်ပြင်းချ၍ စောင်ပြန်ခြုံပေးကာ ကွန်ပျူတာရှေ့ ပြန်ရောက်လာသည်။ 

သူ ကွန်ပျူတာမှ အချက်အလက်များကို ပြန်ကြည့်မိသောအခါ မျက်မှောင်ကြုတ်၍ ဒေါသများ အလိပ်လိုက် ထွက်လာမိပြန်၏။ 

သားကောင်ကိုတွေ့သော ကျားရဲကဲ့သို့ ခက်ထန်မာကြောနေ၏။ 

“ကျားဖြန့်ဂိုဏ်း မင်းတို့ ပျောက်ကွယ်ရမယ့်အချိန်ပဲ”

သူ အံကြိတ်၍ ကြုံးဝါးလိုက်လေသည်။ 

ယခုည ပေါ်ပေါက်လာသောအခြေအနေမှာ ရေပြင်အောက်မှ ရေခဲတောင်အောက်ခြေမပါဘဲ တောင်ထိပ်မျှသာ ဖြစ်၏။ 

လင်းချွမ် ကီးဘုတ်ပေါ်၌ လက်ချောင်းများ ပိုမိုလျင်မြန်စွာ လှုပ်ရှားလာပြီး မကြာမီ ကွန်ပျူတာ မျက်နှာပြင်၌ ပုံရိပ်အချို့ ပေါ်လာတော့သည်။ 

All Chapters