← Chapters

အပိုင်း (၇၆၄)

Vol. 52 Ch. 764

အပိုင်း (၇၆၄)

Vol. 52 Ch. 764

“နတ်ဘုရား အင်ပါယာပိုင်ယု”

အရိုးခြောက်ကဲ့သို့သောလူသည် ခေါင်းကို အသာလှည့်ပြီးသည့်နောက် အင်ပါယာပိုင်ယုဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် အသာပင် ပြောဆိုလိုက်၏။ “နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ။ ဒါပေမဲ့ မထင်မှတ်ထားလောက်အောင်ဘဲ ရင်းနှီးနေတဲ့ မျက်နှာတွေ ရှိနေသေးတာပဲ။”

“တာအိုရောင်းရင်း… ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားရတာလဲ။ နတ်ဘုရားမြို့က ဘာတွေဖြစ်ကုန်တာလဲ၊ နတ်ဘုရား အင်ပါယာ ဘယ်ရောက်သွားတာလဲ။ သူ တံခါးပိတ် ကျင့်ကြံနေတုန်းလား” အင်ပါယာပိုင်ယုက ပျော်ရွှင်သွားမိ၏။ သူ၏ရှေ့တွင် ရှိနေသောလူသည် ဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိနေသည် ဆိုလျှင်တောင်မှ အခြေအနေ တစ်ခုလုံးကို သိရှိနေသည့်သူလည်း ဖြစ်၏။ သူတို့ မမှတ်မိသည့် အကြောင်းအရာများကို သိရှိနေသောသူ ဖြစ်မည်ဆိုပါက မည်မျှ ကောင်းမွန်လိုက်မည်နည်း။

“နတ်ဘုရားမြို့လား”

နန်းကုန်းယွင်သည် သူ၏အကြည့်ကို ပြန်လည် ရုတ်သိမ်းပြီးသည့်နောက် မျက်လုံးထဲတွင် နက်နဲသည့် အဓိပ္ပာယ်များ ပေါ်ပေါက်လာခဲ့၏။ သူက တီးတိုး ရေရွတ်လိုက်သည်။ “ခင်ဗျားတို့အားလုံး မေ့သွားပြီလား။ ဒါနတ်ဘုရားမြို့ မဟုတ်ဘူးလား”

“ဘာ”

အောက်တွင်ရှိနေသည့် အင်ပါယာပိုင်ယု၊ လျှိုကလန် (သို့မဟုတ်) နတ်ဆိုးလောကတွင် ရှိနေသည့် အင်မော်တယ်ဘုရင်များပင်လျှင် အမူအရာများ ပြောင်းလဲသွားခဲ့ကြ၏။

ဤအရာသည် နတ်ဘုရားမြို့ဖြစ်၏။ မည်သို့ဖြစ်နိုင်မည်နည်း။ နတ်ဘုရားမြို့သည် အင်မော်တယ် လောကကြီး၏ အားအကောင်းဆုံးသော ခံတပ်ကြီးတစ်ခုဖြစ်ပြီး ယနေ့အချိန်ထိ ၎င်းတို့၏ အကြွင်းအကျန် များပင် ကျန်ရှိခဲ့သေးသည်။

အဘယ့်ကြောင့် ဤသို့ ပြောင်းလဲသွားရသနည်း။ နတ်ဘုရားမြို့သည် အဘယ့်ကြောင့် ပျက်စီးသွားသည့် လောကကြီးအဖြစ် ပြောင်းလဲသွားရသနည်း။ ဤတည်နေရာသည်သာ နတ်ဘုရားမြို့ဆိုပါက အင်မော်တယ် လောကကြီး ဘာဖြစ်သွားမည်နည်း။

“တာအိုရောင်းရင်းနန်းကုန်း... ခင်ဗျား ဘာကိုဆိုလိုတာလဲ” လျှိုကလန်၏ ဒုတိယဘိုးဘေးက လှမ်းကာ မေးမြန်းလိုက်၏။

“မတွေ့ရတာကြာပြီ။ တာအိုရောင်းရင်း လျှိုယွမ်”

တာအိုရောင်းရင်း နန်းကုန်းယွင်သည် ဒုတိယဘိုးဘေးကို လှမ်းကာကြည့်ရှုရင်း အသာခေါင်းညိတ်ကာ နှုတ်ဆက်လိုက်သည်။

“တာအိုရောင်းရင်း... ခင်ဗျား ကျုပ်ကို မှတ်မိသေးတယ်ပေါ့” ဒုတိယဘိုးဘေးသည် ပျော်ရွှင်သွား၏။

“တကယ်ပဲ။ လောကအသီးသီးဘက်က ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်သွားတဲ့နောက်မှာ ငရဲလောကရဲ့အရှင်က ခင်ဗျားတို့ကို တစ်စုံတစ်ခု လုပ်ခဲ့တာပဲဖြစ်မယ်။ ပြီးတော့ ကျုပ်က တည်နေရာတစ်ခုထဲမှာ ပိတ်လှောင်ခြင်း ခံထားရပြီး ကပ်ဘေးကြီးအောက်ကနေ မနည်းလွတ်မြောက်ခဲ့ရတာလေ”

“နေအုံး”

အင်ပါယာပိုင်ယုသည် နန်းကုန်းယွင်၏ စကားကို ကြားရသည့်အချိန်မှာတော့ အရေးကြီးသည့် တစ်စုံတစ်ခုကို သတိပြုမိသွား၏။ သူက လေးလေးနက်နက် ပြောဆိုလိုက်၏။ “တာအိုရောင်းရင်း... ခုဏက ပြောတာ လောကအသီးသီးတို့က ရှုံးနိမ့်သွားခဲ့တယ်လား။ ငရဲလောကကြီး ရှုံးနိမ့်တာ မဟုတ်ဘူးလား”

“အမှန်ပဲ” နန်းကုန်းယွင်သည် ကောင်းကင်ယံတွင် ဖြစ်တည်လျက် ရှိနေသည့် ဒေါက်တိုင်ကြီးကို လှမ်းကာ ကြည့်ရှုရင်း သူ၏မျက်လုံးများထဲတွင် အမှတ်တရ အတိတ်က အကြောင်းအရာများနှင့် ပြည့်နှက်လာခဲ့ တော့၏။ သူက ပြောဆိုလိုက်သည်။ “အမှန်ပဲ။ လောကအသီးသီးဘက်က ရှုံးနိမ့်သွားခဲ့တာ အလုံးစုံကို ရှုံးနိမ့်သွားခဲ့တာပဲ”

“ဘယ်လိုဖြစ်နိုင်မှာလဲ” အင်ပါယာပိုင်ယု၏ စိတ်တစ်ခုလုံးသည် စိတ်လှုပ်ရှားသွားခဲ့၏။ သူ၏ နှလုံးသား ထဲတွင် မကောင်းသည့် ခံစားချက်များ ဖြစ်တည်လာခဲ့၏။ စောဏကလေးတင် ဤအရာကို ခန့်မှန်းခဲ့ပြီးသား ဖြစ်သော်လည်း တကယ်တမ်း အစစ်အမှန်ကို သိရှိရချိန်မှာတော့ ယုံကြည်ရန် ခက်ခဲလို့နေ၏။ လောကအသီးသီး တို့က ရှုံးနိမ့်ခဲ့ပြီး အလုံးစုံ ရှုံးနိမ့်ခဲ့ခြင်းလည်းဖြစ်၏။ မယုံကြည်နိုင်ဖွယ်ရာပင်။ ကောင်းကင်ကြီးသည် သူတို့ကို ဟာသ လုပ်လေသည်လား။

“ဒီတော့ ရှုံးနိမ့်ခဲ့တဲ့လူတွေက ကျုပ်တို့ပေါ့။ နှစ်သန်းပေါင်းများစွာကြာအောင် ကျုပ်တို့က ကိုယ့်ကိုယ်ကို အောင်နိုင်သူတွေအဖြစ် တွေးတောခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ဘာမှမဟုတ်ဘူး။ ငရဲလောကရဲ့ ရုပ်သေးတွေ ဖြစ်ခဲ့တာပဲ။ စီနီယာနန်းဆောင်သခင်က အရင်တုန်းက သဲလွန်စအနေနဲ့ ပြောခဲ့ဖူးတယ်ဆိုပေမဲ့ ကျုပ် ဒီလိုမျိုးတစ်ခါမှ မစဉ်းစားခဲ့ဘူး။ အဆုံးသတ်မှာတော့ ကျုပ်တို့က ကိုယ့်ဘာကိုယ် ဂုဏ်မောက်နေခဲ့တာပဲ။ ဒါပေမဲ့ မေးဖို့ရှိတာက ငရဲလောကက အနိုင်ယူခဲ့တယ်ဆိုရင် ဘယ်လိုဖြစ်ပြီးတော့ လောကအသီးသီးတို့ကို မအုပ်ချုပ်ရတာလဲ”

“ငရဲလောကရဲ့အရှင်က ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားလို့လည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒီလိုဆိုရင် အချိန်အတော် ကြာပြီးတဲ့နောက်မှာ ငရဲလောကရဲ့အရှင်က ဒဏ်ရာတွေကနေ ပြန်ပြီး ကောင်းမွန် နေလောက်ပြီ မဟုတ်လား”

လက်ရှိအခြေအနေမှာတော့ အင်မော်တယ်ဘုရင်ပေါင်း မြောက်များစွာတို့၏ စိုးရိမ်စိတ်များသည် ဆူဝေလာ ခဲ့၏။ ၎င်းတို့၏ အနာဂတ်တွင် မည်သည့်မျှော်လင့်ချက်မှ မရှိတော့သလိုပင်။ နှစ်သန်းထောင်ပေါင်း များစွာကြာတုန်းက လောကအသီးသီးတို့နှင့် နတ်ဘုရားအင်ပါယာတို့သည် အတူပူးပေါင်းကာဖြင့် တိုက်ခိုက်ခဲ့၏။ ထိုအထဲတွင် ကွာစီအင်မော်တယ် အင်ပါယာများသည် ပါဝင်ခဲ့၏။ ထိုကဲ့သို့သော အခြေအနေမျိုး တွင်ပင် ရှုံးနိမ့်သွားခဲ့ရ၏။

နတ်ဆိုးလောကကြီး၌ ဝိညာဉ်နတ်ဆိုးတောအုပ်၏ ဌာနေအရှင် တည်ရှိသည်။ ထိုသူသည်သာ လှုပ်ရှား တိုက်ခိုက်မည်ဆိုပါက သူတို့၌ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ လမ်းညွှန်ချက်များ တည်ရှိနေသည် ဆိုလျှင်တောင်မှ အနိုင်ရရှိနိုင်ဖို့ မဖြစ်နိုင်ချေ။ ထို့အပြင် သူတို့သည် ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်ဖြစ်လာရန် လွယ်လွယ်ကူကူ အဆင့်ချိုးဖြတ်နိုင်လိမ့်မည်ဟု အာမခံချက် မရှိချေ။

တွေးကြည့်ပြီးသည့်နောက် များပြားလှသည့် အင်မော်တယ်ဘုရင်များသည် ငရဲလောကဆီသို့ ပူးပေါင်းရန်ပင် စဉ်းစားလာမိကြ၏။ ငရဲလောကကြီး၏ တည်ရှိမှုသည် ကြောက်မက်ဖွယ်ရာ ကောင်း၏။ သူတို့ တွန်းလှန်နိုင်သည့်အရာမျိုး မဟုတ်ချေ။ ထို့အပြင် အင်မော်တယ်ဘုရင်များသည် ခန့်မှန်း၍ မရနိုင်သည့် ကျင့်ကြံသူများ ဖြစ်သည်ဆိုသော်လည်း အလုံးစုံကို ပြုပြင်နိုင်စွမ်း ရှိနေသည့်လူများ မဟုတ်ချေ။

“ဒီတော့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း များစွာတုန်းက တည်ရှိခဲ့တဲ့ အမှန်တရားက ....” အင်မော်တယ်ဘုရင်များ၏ မျက်လုံးထဲတွင် ရုတ်တရက် နားလည်မှုများနှင့် ပြည့်နှက်လာခဲ့၏။ ၎င်းတို့၏ မှတ်ဉာဏ်များသည် ဖျက်ဆီးခြင်း ခံလိုက်ရ၏။ ထို့ကြောင့် သူတို့သည် ယနေ့ မတိုင်ခင်ထိ အမှန်တရားကို မသိရှိခဲ့ရချေ။

နတ်ဆိုးလောကမှ လူပေါင်းများစွာတို့သည် ပျော်ရွှင်သွားခဲ့ကြ၏။ ၎င်းတို့သည် ရှုံးနိမ့်သူအဖြစ်မှ အောင်နိုင်သူ အဖြစ်သို့ ပြောင်းလဲသွားခဲ့သောကြောင့်ပင်။

“ဒီကိစ္စတွေ သိပြီဆိုမှတော့”

မီးတောက်ဘုရင်က ထပ်မံပြောဆိုလိုက်၏။ သူ၏ မျက်လုံးများသည် နန်းကုန်းယွင်ကို ကြည့်ကာ ပြောလိုက်၏။ “ခင်ဗျား မသေသေးဘူးဆိုမှတော့ နေရာကောင်း တစ်ခုခုကိုရှာပြီး ပုန်းနေသင့်တယ်လေ။ ဘယ်လိုဖြစ်ပြီး ခင်ဗျားရဲ့ ပျက်စီးလုနီးပါး ခန္ဓာကိုယ်ကြီးကို အတင်းဆွဲပြီး ဒီနေရာကို ရောက်ရှိလာရတာလဲ။ ဒီကိစ္စတွေကို လာပြောတော့ ဘာထူးလဲ။ အင်မော်တယ်ဘုရင်စာရင်းမှာ ခင်ဗျားရဲ့အဆင့်က ကျုပ်ထက်မြင့်တယ် ဆိုပေမဲ့ ခင်ဗျားရဲ့ လက်ရှိအခြေအနေက အရမ်းကို ဆိုးရွားနေတယ်”

ဤနေရာတွင် တည်ရှိနေသည့် လူပေါင်းများစွာတို့သည် အရူးများ မဟုတ်ကြချေ။ လက်ရှိ နန်းကုန်းယွင် ပေါ်ပေါက်လာသည် ဆိုသော်လည်း နန်းကုန်းယွင်သည် ဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သိရှိ၏။ သေဆုံးလုနီးပါး အခြေအနေမျိုးပင်။ တစ်ဖက်လူအနေနှင့် မည်ကဲ့သို့သော ပေးဆပ်မှုမျိုးကို ပြုလုပ်ပြီး ဤကပ်ဘေးကြီးမှ ရှောင်လွဲလာခဲ့ရသည်ဖြစ်ကြောင်း မည်သူမှ မသိရှိနိုင်ချေ။ ထို့ကြောင့် ၎င်းရောက်ရှိလာသည် ဆိုလျှင်တောင်မှ ရလဒ်က ပြောင်းလဲသွားလိမ့်မည် မဟုတ်ချေ။

“ဟုတ်လား”

နန်းကုန်းယွင်သည် မီးတောက်ဘုရင်ကို တစ်ချက်လှမ်းကြည့်ပြီးသည့်နောက် ထူးမခြားနား သလိုပင် ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း ကင်းမဲ့သည့် အသံဖြင့် ပြောဆိုလိုက်သည်။ “လောကကြီးတွေ ပြိုလဲသွားပြီ ဆိုရင်တောင်မှ နန်းကုန်းယွင်ဆီမှာ ဝှက်ဖဲသုံးခု ရှိသေးတယ်”

သူသည် ခြေလှမ်းကို အသာလှမ်းတက်လိုက်၏။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အင်မော်တယ် ရောင်စဉ် ရောင်ဝါများသည် ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွန်းတောက်လာခဲ့ပြီး လောကကြီးတစ်ခုလုံးကို တုန်ခါစေခဲ့၏။

မဲမှောင်လျက် ရှိနေသည့် လောကကြီးတွင် ကြယ်စင်စုများသည် ပြန်လည်ကာ ထွန်းတောက်လာခဲ့၏။ ရှေးသင်္ကေတများသည် ကောင်းကင်ယံထက်တွင် ဖြစ်တည်လာခဲ့၏။‌ ရှေးနတ်ဘုရားမြို့ ချန်ခဲ့သည့် ကြယ်တာရာ ကြယ်စင်စုများအားလုံး ပြန်လည်ကာ အသက်ဝင်သွားခဲ့သလိုပင်။

လက်ရှိအခြေအနေတွင်တော့ ထိုအရာများအားလုံးသည် နန်းကုန်းယွင်၏ အသက်သွင်းမှုကြောင့် အသက်ပြန်လည်ဝင်ခဲ့ပြီဖြစ်၏။ ထူးခြားလွန်းသည့် အင်မော်တယ် အင်ပါယာတစ်ယောက်၏ အော်ရာများ ထွက်ပေါ်လာခဲ့ပြီး နတ်ဘုရားတစ်ပါးသည် သက်ရှိသတ္တဝါအားလုံးကို အပေါ်မှငုံ့ကာ ကြည့်ရှုနေသကဲ့သို့ပင်။

“အင်း... ကျုပ်ပြန်လာခဲ့ပြီဆိုမှတော့ မပြီးစီးခဲ့တဲ့ အရာအားလုံးကို ပြန်ပြီး ပြီးစီးအောင် လုပ်ရတော့မှာပေါ့” နန်းကုန်းယွင်က အသာပြောလိုက်၏။ သူ၏ အရှိန်အဟုန်သည် ထိပ်ဆုံးအခြေအနေ၌ မရှိချေ။ ၎င်း၏ ဝိညာဉ်တစ်ခုလုံးလည်း ကျွမ်းလောင်ခြင်းကို ခံစားရ၏။ အရိုးပေါ်အရေတင် ခန္ဓာကိုယ်တစ်ခုလုံးသည် ပျက်စီးလုနီးပါး အခြေအနေဆီသို့ပင် ရောက်ရှိနေသည်။

All Chapters