← Chapters

အပိုင်း (၇၆၅)

Vol. 52 Ch. 765

အပိုင်း (၇၆၅)

Vol. 52 Ch. 765

“ဘယ်လိုဖြစ်နိုင်မှာလဲ။ နတ်ဘုရားမြို့မှာ ဝှက်ဖဲတွေ ရှိနေသေးတာလား” မီးတောက်ဘုရင်၏ မျက်နှာက ပြောင်းလဲသွားခဲ့၏။ သူသည် လေးလေးနက်နက်ဖြင့် လှမ်းကာကြည့်ရှု၏။ သူသည် တချို့သော မှတ်ဉာဏ်များ တည်ရှိနေသည်ကို သိရှိ၏။ သို့ပေမဲ့ နတ်ဘုရားမြို့နှင့်ပတ်သက်သည့် မှတ်ဉာဏ်များကို တစ်ခုမှ မမှတ်မိတော့ချေ။ ယခု နတ်ဘုရားမြို့ကြီးသည် နန်းကုန်းယွင်၏ အလုံးစုံ အသက်သွင်းမှုကို ခံရပြီ ဖြစ်၏။ ထို့ကြောင့် သူသည် တကယ့်ကို နဝေတိမ်တောင်နှင့် ခံစားနေမိ၏။

“အင်း”

ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးသည် တုန်ယင်သွားခဲ့၏။ ရေတွက်၍မရအောင် များပြားသည့် သင်္ကေတများသည် ကြယ်စင်စုများကဲ့သို့ပင် ကောင်းကင်ယံကြီး တစ်ခုလုံး၌ ထွန်းတောက်လာခဲ့၏။ ထိုအရာကြီးသည် ကောင်းကင်ယံအထက်ဆီ၌ ဆန်းကြယ်လွန်းသည့် အစီအရင်များအဖြစ် ဖြစ်တည် လာခဲ့ပြီး အားလုံးသော သူတို့ကို လွှမ်းခြုံထားခဲ့သည်။

နန်းကုန်းယွင်သည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိသည်။ ခန္ဓာကိုယ်မရှိဘဲ အရိုးကြီးများသာ တည်ရှိနေသည် ဆိုလျှင်တောင်မှ ၎င်းသည် လောကကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားနိုင်သည့် အရှိန်အဟုန်မျိုးကို ပိုင်ဆိုင်၏။

လူပေါင်းများစွာတို့သည် သူ့ကို တည့်တည့် မကြည့်ရဲကြချေ။ ငြိမ်ငြိမ်သက်သက်ဖြင့် တည်နေရာတွင် မတ်တပ်ရပ်လျက်ရှိနေပြီး အရိုးခေါင်းကြီးထဲမှ ဟောက်ပက် မျက်လုံးကြီးများသည် ကြမ်းတမ်းလွန်းသည့် အော်ရာများ ထွက်ပေါ်လျက် ရှိနေ၏။ သူသည် လောကကြီးကို တစ်ချက်လှမ်းကြည့်လိုက်သည်။

“ဒီနေ့ တိုက်ပွဲပြီးတဲ့နောက်မှာ ဒီလောကကြီးက ထပ်ပြီးမရှိတော့မှာကို စိုးရိမ်ရတယ်။ ရှေးအင်မော်တယ် လောကကြီးက အချိန်ရဲ့မြစ်ရေစီးကြောင်းအောက်မှာ ပျောက်ကွယ်သွားခဲ့ပြီ” သူက ဆက်လက်ကာ ပြောဆိုလိုက်၏။

သူသည် မီးတောက်ဘုရင်နှင့် နတ်ဆိုးလောကတွင် ရှိနေသည့် အခြားသော အင်မော်တယ်ဘုရင်များကို လှမ်းကာကြည့်ရှုရင်း ပြီးနောက် ကောင်းကင်၏ ဒေါက်တိုင်ကြီးကို လှမ်းကြည့်ရှုကာဖြင့် ပြောဆိုလိုက်သည်။ “အင်း.. ငရဲလောကရဲ့ တည်ရှိနေသူအားလုံးကို ဒီနေရာမှာ မြေမြှုပ်နိုင်မယ်ဆိုရင်တော့ ထိုက်တန် ပါတယ်လေ”

ပြောပြီးသည့်နောက် သူ၏အရိုးခြောက်ကဲ့သို့ လက်များသည် လေဟာနယ်ထဲသို့ ဖိနှိပ်လိုက်၏။

လောကကြီးတစ်ခုလုံးသည် ကြမ်းကြမ်းတမ်းတမ်း တုန်ခါလာခဲ့ပြီး ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးတွင် ရှိနေသည့် အော်ရာများသည် ပြန်လည် အသက်ဝင်လာသကဲ့သို့ပင်။ အေးစက်သည့် လေမုန်တိုင်းများ ဖြစ်တည်လာခဲ့ပြီး တည်နေရာအနှံ့ကို ပျံ့နှံ့ကာ တိုက်ခတ်နေသည်။

“သူ ဘာလုပ်နေတာလဲ။ ဘာလို့ ငါမသက်မသာ ခံစားနေရတာလဲ” နတ်ဆိုးလောက၏ အင်မော်တယ်ဘုရင် တစ်ယောက်သည် ထကာ အော်ဟစ်လိုက်၏။

“ကျုပ်လည်း သေသေချာချာ မသိရှိဘူး။ ဒါပေမဲ့ ရှေးအစီအရင်တစ်ခု အသက်ဝင်တာ ဖြစ်လိမ့်မယ်။ ကျုပ်သာ မမှားဘူးဆိုရင် နတ်ဘုရားအင်ပါယာ အရင်တုန်းက ချန်ထားခဲ့တဲ့ အစီအရင်တွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်” တောင်ပံခြောက်ခု တည်ရှိသော နတ်ဆိုးလောက၏ အခြားသော အင်မော်တယ်ဘုရင်တစ်ယောက် သည် လေးလေးနက်နက် ပြောဆိုလိုက်၏။ သူသည် မျက်လုံးကို မှိတ်လိုက်ဖွင့်လိုက် လုပ်ပြီးနောက် လေဟာနယ်ထဲသို့ စူးစိုက်ကာ ကြည့်ရှုလိုက်၏။ သူသည် ဤအစီအရင်ကြီးထဲတွင် ရှေးဆန်ပြီး ခန့်မှန်း၍ မရနိုင်သည့် အရှိန်အဝါမျိုး ထွက်ပေါ်လျက် ရှိနေသည်ကို အာရုံခံမိသည်။

ချလွမ် ချလွမ် ချလွမ် .....။

အမဲရောင် လေပွေမုန်တိုင်းများ တိုက်ခတ်လျက်ရှိနေပြီး ထိုအရာများသည် သံသံချင်း ထိခတ်နေသော အသံများပင် ထွက်ပေါ်လျက် ရှိနေ၏။ ရှင်းလင်းစွာဖြင့် ကြောက်မက်ဖွယ်ရာ ကောင်းလှချေ၏။

စွပ်

သွေးမြူများဖြစ်တည်ပြီး ကောင်းကင်ယံတစ်ခုလုံးကို ပြည့်နှက်သွား၏။ အင်မော်တယ်ဘုရင် ဖြစ်သည်ဆိုလျှင်တောင်မှ ၎င်းတို့သည် အော်ဟစ်သံပင် မထွက်ဘဲ အလုံးစုံ သုတ်သင်ခံခဲ့ရ၏။ ဝိညာဉ်များ သည် မည်သည့်နေရာသို့ ရောက်ရှိသွားမှန်းပင် မသိခဲ့ချေ။

“ဒါက”

နတ်ဆိုးလောကကြီး၏ အင်မော်တယ်ဘုရင်များသည် ဆွံ့အသွားခဲ့ကြ၏။ ၎င်းတို့သည် သေဆုံး သွားခဲ့သည့် အင်မော်တယ်ဘုရင်များကို အကူအညီမဲ့စွာဖြင့် ကြည့်နေရ၏။ မည်ကဲ့သို့သော ကူညီမှုကိုမှ မပြုလုပ်နိုင်ခဲ့ကြချေ။

“အိုး... မဟုတ်တော့ဘူး”

နတ်ဆိုးလောကကြီး၏ အင်မော်တယ်ဘုရင်များသည် မြန်မြန်ဆန်ဆန်ပဲ တုံ့ပြန် လာခဲ့ကြ၏။ ကောင်းကင်ယံတွင် ရှိနေသည့် နန်းကုန်းယွင်ကို မော့ကာကြည့်ရှုပြီးသည့်နောက် ၎င်းတို့သည် အမှုန့်ခြေချင်စိတ်များပင် ဖြစ်တည်နေခဲ့၏။ “နတ်ဆိုးလောကကြီးမှာရှိတဲ့ ကျုပ်တို့ အားလုံးကို သုတ်သင် ရှင်းလင်းဖို့ သူက ရည်ရွယ်နေတာပဲ”

ကောင်းကင်၏ ဒေါက်တိုက်ကြီးဆီမှ ဖြစ်တည်လာခဲ့သည့် ဖိအားများသည် အကောင်းဆုံး အကူအညီ အထောက်အပံ့သာဖြစ်ပြီး တည်နေရာတစ်ခုလုံးကို ဖိနှိပ်ထားနိုင်၏။ အင်မော်တယ်ဘုရင်များသည် များပြားလွန်းသည့် နည်းစနစ်များကို ထုတ်ဖော်ကာဖြင့် ခုခံခြင်း ပြုလုပ်ကြသည်။

“ထပ်မလုပ်နဲ့တော့” နတ်ဆိုးလောက၏ အင်မော်တယ်ဘုရင်များသည် လှမ်းကာ အော်ဟစ်လိုက်ကြ၏။ သို့ပေမဲ့ ၎င်းတို့သည် မည်သို့မှ မခံစားနိုင်ခဲ့ကြချေ။ ချက်ချင်းဆိုသလိုပဲ ကြီးမားသည့် ဖိအားကြီးသည် ၎င်းတို့ပေါ်သို့ ကျဆင်းလာခဲ့ပြီးသည့်နောက် ၎င်းတို့သည် အမှုန့်များအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ် ကုန်၏။

“နန်းကုန်းယွင်.. ခင်ဗျား လုပ်ရဲတယ် ဟုတ်လား”

ဝေါ့

“ဌာနေအရှင်”

ဝေါ့

နတ်ဆိုးလောက၏ အခြားသော အင်မော်တယ်ဘုရင်များသည်လည်း ဆက်တိုက်ဆိုသလိုပဲ အော်ဟစ်သံများ ထွက်ပေါ်လာ၏။ အင်မော်တယ်ဘုရင် တော်တော်များများတို့သည် ဖိနှိပ်ခြင်းကို ခံခဲ့ရ၏။ နန်းကုန်းယွင်သည် အရူးတစ်ယောက်ကဲ့သို့ပင် အားလုံးသောသူတို့ကို သက်ညှာပေးရန် စိတ်ဆန္ဒမရှိသလိုပင်။ ကြမ်းတမ်းစွာဖြင့် အစီအရင်ကြီးကို အသုံးပြုကာ တိုက်ခိုက်လျက် ရှိနေသည်။

“ကောင်းတယ်” လောကအသီးသီးတို့ဘက်မှ တစ်စုံတစ်ယောက်က ထကာအော်လိုက်၏။ ၎င်းတို့သည် နတ်ဆိုးလောကနှင့်ပတ်သက်၍ ကိုယ်ချင်းစာတရားဟူ၍ မရှိခဲ့ကြချေ။ နတ်ဆိုးလောကကြီးသည် ကျိန်းသေပေါက် ဆိုးရွားသည့်အရာများကို ပြုလုပ်ခဲ့ကြ၏။ ထို့ကြောင့် ဖြစ်နိုင်မည်ဆိုပါက အားလုံးသောသူတို့ သေဆုံးသွားပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သူတို့သည်လည်း နန်းကုန်းယွင်ကဲ့သို့ ပြုလုပ်နိုင်စွမ်းရှိသည် ဆိုပါက ကျိန်းသေပေါက် အားလုံးသော သူတို့ကို သက်ညှာမှုမရှိဘဲ သတ်ဖြတ်မှာ သေချာ၏။

နတ်ဆိုးလောက၏ ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူများအားလုံး သေဆုံးသွားခဲ့ပြီဆိုလျှင် သူတို့ ရင်ဆိုင်ရမည့် အင်အားသည် ပိုမိုကာ အားနည်းသွားပေလိမ့်မည်။ ဝိညာဉ်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်သည် ခန့်မှန်း၍မရနိုင်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်သော်လည်း ပြိုင်ဘက်ကင်း တစ်ယောက် မဟုတ်ချေ။ ၎င်းကို တိုက်ခိုက်ရန်အတွက် နည်းလမ်း တစ်ခုခုကတော့ ကျိန်းသေပေါက်ရှိမှာ သေချာ၏။ စောဏက ပြောဆိုခဲ့သည့် ကွာစီအင်မော်တယ်အင်ပါယာအဆင့် အခွင့်အရေးကိုသာ သူတို့ ရရှိမည်ဆိုပါက ကျိန်းသေပေါက် လောကအသီးသီးတို့ဘက်တွင် မျှော်လင့်ချက်များ တောက်ပလာပေမည်။

“တာအိုရောင်းရင်း နန်းကုန်းယွင်... နတ်ဆိုးလောကမှာ ရှိနေတဲ့ အင်မော်တယ်ဘုရင် အကုန်လုံးကို ခင်ဗျား သတ်ဖြတ်ချင်နေတာလား” အောက်တွင်ရှိနေသည့် လျှိုကလန်မှ ဒုတိယဘိုးဘေးသည် ကောင်းကင်ယံတွင် ရှိနေသည့် အစီအရင်ကြီးကို လှမ်းကာကြည့်ရှု၍ လေးနက်တည်ကြည်စွာဖြင့် မေးမြန်းလိုက်၏။

အမှောင်လောကကြီး၏ အထက်ရှိ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အစီအရင်ကြီးသည် တည်နေရာ တစ်ခုလုံးကို ဖုံးလွှမ်းလျက်ရှိနေပြီး ဤအစီအရင်ကြီးသည် ပျက်စီးလျက် ရှိနေသည်ဆိုသော်လည်း ကြောက်မက်ဖွယ်ရာ ကောင်းသည့် အော်ရာများကိုတော့ ထုတ်ဖော်လျက် ရှိနေသေးသည်။

လောကကြီးတစ်ခုလုံး၏ ဖန်တီးခြင်း၊ ဖျက်စီးခြင်းကို ဖန်တီးနိုင်သကဲ့သို့ပင်။ လေများ တိုက်ခတ်လိုက်ရုံနှင့် စွမ်းအင်လှိုင်းများ၏ သက်ရောက်မှုကိုခံရပြီး အားလုံးသောသူတို့သည် သေဆုံးလျက် ရှိနေကြ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။ လက်ရှိအခြေအနေတွင် နန်းကုန်းယွင်သည် အစီအရင်ကို ကျိန်းသေပေါက် ထူးခြားလှသည့် နည်းလမ်းများ အသုံးပြု၍ အသက်သွင်း တိုက်ခိုက်လျက် ရှိနေ၏။

“တာအိုရောင်းရင်း နန်းကုန်းယွင်က ဒါကို မနည်းဖြစ်ညှစ်ပြီးလုပ်နေရတာပဲ ဖြစ်လိမ့်မယ်။ သူ့ဆီမှာ အားအင် သိပ်မကျန်တော့ဘူး” နတ်ဘုရားအင်ပါယာ ပိုင်ယုသည် ပြောဆိုလိုက်၏။ သို့ပေမဲ့ သူဆုံးအောင် မပြောလိုက်ရချေ။

ဖြောင်း

ကျယ်လောင်လွန်းသည့် အသံကြီး ထွက်ပေါ်လာခဲ့၏။ ကြမ်းတမ်းလွန်းလှသည့် လေမုန်တိုင်းများ၏ ကြားထဲတွင်တော့ အသံတစ်ခုသည် ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာခဲ့သည်။

နန်းကုန်းယွင်၏ အရိုးခြောက်ကဲ့သို့သော အလင်းတန်းများသည် အားလုံးကြည့်ရှုနေသည့် အချိန်အတွင်းမှာပဲ တဖြည်းဖြည်းနှင့် မှေးမှိန်လာခဲ့၏။ ၎င်း၏ ဘယ်ဘက်လက်ပေါ်တွင် အက်ကွဲကြောင်းများ ဖြစ်တည်လာခဲ့ပြီး အရိုးများသည် ကွဲကြေလာခဲ့၏။

“တာအိုရောင်းရင်း နန်းကုန်း” အင်မော်တယ်ဘုရင်များသည် ထကာ အော်ဟစ်လိုက်ရ၏။ ၎င်းတို့၏ မှတ်ဉာဏ်များ ဖျက်ဆီးခံလိုက်ရသည် ဆိုသော်လည်း လက်ရှိအခြေအနေတွင် လူပေါင်းများစွာ တို့သည် ဝမ်းနည်းသည့် ခံစားချက်များကို ရရှိနေခဲ့ကြသည်။

အတိတ်တုန်းက သူတို့သည် အတူတူထိုင်ကာဖြင့် နန်းကုန်းယွင်နှင့်အတူ တာအိုကို ဆွေးနွေးခဲ့သည့်ပုံပေါ်ခဲ့၏။ တစ်ဖက်လူ သေဆုံးသွားသည်ကို မြင်ရသည့် အချိန်မှာတော့ သူတို့၏ နှလုံးသား ထဲတွင် မည်သို့မှ မနေနိုင်ဘဲ နာကျင်မှုများကို ခံစားလာကြရ၏။

All Chapters