အပိုင်း (၇၆၆)
Vol. 52 Ch. 766
“ဌာနေအရှင်”
ကောင်းကင်ဒေါက်တိုင်ကြီး၏တစ်ဖက် ကြေးဂိတ်တံခါးကြီး၏ ရှေ့တွင်တော့ ချပ်ဝတ်ကို ဝတ်ဆင်ထားသော တောင့်တင်းခိုင်မာလှသည့် ခန္ဓာကိုယ်နှင့် လူတစ်ယောက် ပေါ်ပေါက်လာခဲ့၏။ ၎င်းသည် ဦးညွတ်ကာဖြင့် သတင်းပေးပို့လိုက်၏။
“နန်းကုန်းယွင် ပေါ်လာတယ်။ သူက နတ်ဘုရားမြို့ရဲ့ အစီအရင်တွေကို အသက်သွင်းခဲ့ပြီး နတ်ဆိုးလောကရဲ့ အင်မော်တယ်ဘုရင်တွေကို သတ်ဖြတ်ခဲ့တယ်”
“နားလည်ပြီ”
ဟောခန်းကြီး၏ အတွင်းဘက်မှာတော့ နတ်ဘုရားအလင်းတန်းများနှင့် ရှုပ်ထွေးလျက်ရှိနေ၏။ အထဲတွင် ရှိနေသည့် အရာများကို မြင်ရရန်ဆိုသည်မှာ ခက်ခဲ၏။ သူတို့၏ နှလုံးသားထဲတွင်တော့ ထိုနေရာ၌ ဝိညာဉ်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်သည် ငြိမ်ငြိမ်သက်သက်နှင့် မတ်တပ်ရပ်လျက် ရှိနေ၏။ ပြန်လည်ခွန်းတုံ့ပြန်သည့် စကားလုံး၏ လေသံကို ကြည့်ရမည်ဆိုလျှင် မည်သည့်စိုးရိမ်ပူပန်မှုမှ ရှိသည့်ပုံ မပေါ်ချေ။
“အင်း... မြစ်ဝါမြစ်ကြီးရဲ့ ဂိတ်တံခါး ပွင့်သွားပြီဆိုရင် ဘုံကိုးပါးနှင့် ချိတ်ဆက်လိမ့်မယ်။ ဒါဆိုရင် ပြန်လည်မွေးဖွားခြင်းစက်ဝန်းကို ဘယ်သူမှ ရှောင်လွဲနိုင်မှာ မဟုတ်ဘူး”
အသံတစ်ခုသည် ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်၏ ပါးစပ်ထဲမှ ထွက်ပေါ်လာခဲ့၏။ ၎င်းသည် လက်နှစ်ဖက်ဖြင့် လက်စည်းသင်္ကေတများကို ပြုလုပ်လိုက်ချိန်မှာတော့ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အမဲရောင် နတ်ဘုရားဘီးကြီးများသည် ဖြည်းညှင်းစွာဖြင့် လည်ပတ်လာခဲ့၏။ တည်နေရာအနှံ့တွင် ရှိနေသည့် ကောင်းကင်နှင့်မြေပြင်၏ အသက်ဓာတ်စွမ်းအင်များကို စတင်ကာ ဆွဲယူ၏။
များပြားသည့် ကွာစီအင်မော်တယ် အင်ပါယာတို့၏ ပုံရိပ်ယောင်များ တည်ရှိနေသည့် ယစ်ပုလ္လင်များ၏ ဘေးတစ်ဖက်ရှိ သွေးစွမ်းအင်များသည် တဖြည်းဖြည်းနှင့် ပျောက်ကွယ်လာခဲ့၏။ ထိုသွေးစွမ်းအင်များသည် နတ်ဘုရားဘီးကြီးများ အထက်တွင် သွားရောက်ကာ စုဝေးသည်။
ချက်ချင်းဆိုသလိုပဲ အမဲရောင်နတ်ဘုရားဘီးကြီးသည် ဖြည်းညှင်းစွာ စတင်လည်ပတ်လာခဲ့ပြီး အားလုံးသော သူတို့ကို ကြီးမားသည့် ဖိအားဒဏ်ကို စတင်ကာပေးအပ်၏။ သို့ပေမဲ့ နတ်ဘုရားဘီးကြီးသည် အစီအရင်၏ တားဆီးခြင်းကို ခံထားရသောကြောင့် ဆက်လက် အရှိန်မြှင့်နိုင်စွမ်း မရှိချေ။
ဝိညာဉ်နတ်ဆိုးတောအုပ်၏ ဌာနေအရှင် မျက်လုံးထဲတွင် အေးစက်သည့်အလင်းတန်းများ ထွက်ပေါ် လာခဲ့၏။ ၎င်းသည် ဖြည်းညှင်းစွာဖြင့် အပြင်ဘက်လောကဆီသို့ အသာလှည့်ကာ ကြည့်ရှုလိုက်၏။ ၎င်း၏ အကြည့်သည် အဝေးတစ်နေရာတွင် ရှိနေသည့် နန်းကုန်းယွင်ဆီသို့ ရောက်ရှိသွားခဲ့၏။
နန်းကုန်းယွင်သည် ဆက်တိုက်ဆိုသလိုပဲ ဖိနှိပ်ရုန်းကန်ကာဖြင့် အစီအရင်ကို အသက်သွင်းလျက် ရှိနေသည်။ မကြာခင် သေဆုံးတော့မည့် ပုံလည်း ပေါ်သည်။
“အင်း.. ပုရွက်ဆိတ်လေးတစ်ကောင်က သစ်ပင်ကို ဖြိုလှဲဖို့ ကြိုးစားနေတာပဲ။ ကိုယ့်ရဲ့အားအင်အဆင့်ကို ကိုယ်အထင်ကြီးနေပုံရတယ်” လက်နှစ်ဖက်ကို ယမ်းခါလိုက်၏။ ဖြည်းညှင်းစွာဖြင့် လေထုထဲသို့ ပိုင်းဖြတ် လိုက်လေ၏။ တိုက်ခိုက်ချက်သည် နန်းကုန်းယွင် တည်ရှိရာနေရာဆီသို့ ဦးတည်သွား၏။
နန်းကုန်းယွင်၏ အစီအရင်ကြီးသည် ို ပြိုလဲလုမတတ် အခြေအနေဆီသို့ ရောက်ရှိနေ၏။ ရှေးအစီအရင်ကြီး သည် အိုမင်းလွန်းနေပြီဖြစ်၏။ အစီအရင်ကြီးသည် ယခင်ကအတိုင်း တည်ရှိနေသည် ဆိုပါက ဝိညာဉ်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်သည် ချိုးဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ လက်ရှိအစီအရင်၏ အခြေအနေသည် ဆိုးရွားလွန်းခဲ့၏။ အင်မော်တယ်ဘုရင်များကို သတ်ဖြတ်နိုင်စွမ်း ရှိသော်လည်း ကျိန်းသေပေါက် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်၏ တိုက်ခိုက်ချက် ကိုတော့ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
ဝေါ့
နန်းကုန်းယွင်သည် အနောက်ဘက်သို့ လွင့်စင်သွားခဲ့၏။ သူသည် သူ၏နတ်ဘုရားဝိညာဉ် အဆီအနှစ်များကို အန်ထုတ်လိုက်မိ၏။ ထိုအရာသည် သွေးမဟုတ်ချေ။ ပိုမိုကာ တန်ဖိုးကြီးမား၏။ သူ၏ ညာဘက်လက်နှင့် ပေါင်တစ်ချောင်းသည် လေဟာနယ်ထဲတွင် တစ်စစီ ပျက်စီးသွားခဲ့ပြီး မည်သည့်အခါမှ မရှိခဲ့သလို ပျောက်ကွယ်သွားခဲ့၏။
ဝိညာဉ်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်သည် အစီအရင်ကို ချိုးဖြတ်ရန်သာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သော်လည်း နန်းကုန်းယွင်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိစေခဲ့၏။ အဘယ့်ကြောင့်ဆိုသော် နန်းကုန်းယွင်သည် အစီအရင်ကို အသက်သွင်းလျက် ရှိနေသောကြောင့်ပင်။
“တာအိုရောင်းရင်း နန်းကုန်း... ကျေးဇူးပြုပြီး ရပ်တော့” နတ်ဘုရားအင်ပါယာပိုင်ယုက အော်ဟစ်လိုက်၏။ သူ၏ ဘေးတစ်ဖက်တွင် လျှိုကလန်မှ တခြားသော အင်မော်တယ်ဘုရင်များ အားလုံးသည်လည်း ထိုသူ့ကို ရပ်တန့်ရန် ဖြောင်းဖျလျက်ရှိနေ၏။ နတ်ဆိုးလောကကြီးသည် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် ကျန်ရှိနေသည့် အင်မော်တယ်ဘုရင်များသည် အင်္သေချေများပြားသည့် လောကအသီးသီး၏ အင်အားစုများကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် နန်းကုန်းယွင် အနေနှင့့် မိမိအသက်ကို စတေးပြီး နတ်ဆိုးလောကကြီးတစ်ခုလုံးကို သုတ်သင်ရှင်းလင်းပစ်ရန် မလိုတော့ချေ။
“သူ့ကို တားထား” နတ်ဆိုးလောကဆီမှ အင်မော်တယ်ဘုရင်တစ်ယောက်သည် အေးစက်တင်းမာသည့် လေသံဖြင့် လှမ်းကာ ပြောဆိုလိုက်၏။
“အင်း... ဌာနေအရှင်က လှုပ်ရှားနေပြီဆိုမှတော့ သူ ကျိန်းသေပေါက် သေမှာပဲ။ ငရဲလောကရဲ့အရှင်သာ ပြန်လာမယ်ဆိုရင် အားလုံးက သံသရာစက်ဝန်းထဲမှာ လည်ပတ်ရလိမ့်မယ်” မီးတောက်ဘုရင်ကလည်း ပြောဆိုလိုက်၏။ ၎င်း၏အမူအရာသည် အေးစက်လျက် ရှိနေပြီး သတ်ဖြတ်လိုခြင်း ဆန္ဒများကို မဖုံးဖိထားချေ။ သူသည်သာ လှုပ်ရှားနိုင်စွမ်း ရှိပါက ကျိန်းသေပေါက် နန်းကုန်းယွင်ကို သတ်ဖြတ်ခဲ့ပြီးသည်မှာ ကြာပြီဖြစ်သည်။
“အခုပထမဆုံးသော တစ်ယောက်က နန်းကုန်းယွင်ပဲ။ ပြီးရင် ခင်ဗျားတို့ပဲ” မီးတောက်ဘုရင်သည် နန်းကုန်းယွင်ကို စူးစိုက်ကာ ကြည့်ရှုပြီးသည့်နောက် အနီးအနားတွင်ရှိနေသည့် အင်မော်တယ်ဘုရင်များ အားလုံးကို လှမ်းကာကြည့်ရှုရင်း ခြိမ်းခြောက်လိုက်၏။
သူ၏ခြိမ်းခြောက်မှုသည် အားလုံးသောသူတို့၏ ကျောရိုးမကြီးများကိုပင် စိမ့်တက်စေခဲ့၏။ အင်မော်တယ် ဘုရင်အဆင့် စာရင်းတွင်ပါဝင်သည့် အင်မော်တယ်ဘုရင်တစ်ယောက်၏ ပစ်မှတ်ထားခြင်းကို ခံရခြင်းသည် ကြောက်မက်ဖွယ်ရာပင် မဟုတ်ပါလား။
“ဌာနေအရှင်... ကျေးဇူးပြုပြီးတော့ ကျုပ်တို့အသက်တွေကို ကယ်တင်တဲ့အနေနဲ့ ဒီအစီအရင်ကို ဖျက်ဆီးပေးပါအုံး” နတ်ဆိုးလောကဆီမှ အင်မော်တယ်ဘုရင်တစ်ယောက်သည် စိတ်ဓာတ်တကျဖြင့် လှမ်းကာ အော်ဟစ်လိုက်၏။
လေပြည်ညှင်းများ သူတို့ဆီသို့ တိုက်ခတ်လာသည်နှင့်တပြိုင်နက် သူတို့အားလုံး သေဆုံးနေရသည်ကို မြင်နေရသည် မဟုတ်ပါလား။ ထို့ကြောင့် အရေးအကြောင်း အခြေအနေမျိုးတွင် ဝိညာဉ်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်ကို လှမ်းကာ အကူအညီတောင်းခံနေခြင်းဖြစ်သည်။
ထိုအသံ ထွက်ပေါ်လာပြီးသည့်နောက် ဝိညာဉ်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်သည် ၎င်း၏ အော်သံကို ကြားရသည့်ပုံပင်။ နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်း သွားခဲ့၏။ အကန့်အသက်မဲ့ များပြားလှသည့် နိယာမများသည် အစီအရင်ကြီးဆီသို့ ကျဆင်းလာခဲ့၏။
တိုက်ခတ်ချက်သည် ပိုမိုကာ ကြောက်မက်ဖွယ်ရာ ကောင်း၏။ အစီအရင်ကြီးတစ်ခုလုံးကို တိုက်ရိုက် ဆိုသလိုပဲ ဖျက်ဆီးသွားခဲ့၏။ ကြီးမားသည့် အပေါက်ကြီးတစ်ခု ပေါ်ပေါက်လာခဲ့ပြီး များပြားလွန်းသည့် သင်္ကေတများသည် လေဟာနယ်ထဲတွင် ဖြစ်တည်လာခဲ့၏။ အစီအရင်ကြီးသည် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားခဲ့သလိုပင်။ စွမ်းအင်အဆင့်ကလည်း လျော့ကျသွားခဲ့၏။
နန်းကုန်းယွင်သည် အောက်တွင်ရှိနေသည့် အရာအားလုံးကို ငုံ့ကာ ကြည့်ရှုလိုက်၏။ သူ၏အရိုးများသည် ပျက်စီးလျက် ရှိနေပြီး ဦးခေါင်းခွံကြီး တစ်ခုတည်းသာလျှင် လေဟာနယ်ထဲတွင် ကျန်ရှိတော့၏။ ဦးခေါင်းခွံကြီးတစ်ခုတည်းသာ တည်ရှိနေသည်ဖြစ်သောကြောင့် သူသည် အချိန်မရွေး သေဆုံးသွားမည့် အခြေအနေမျိုးပင်။ သူ၏အချိန်များက ကုန်ခမ်းပေတော့မည်။ မည်သူမျှ ဝင်ရောက်တိုက်ခိုက်ခြင်း မရှိဘူး ဆိုလျှင်တောင်မှ သူ၏အချိန်သည် များများစားစား ကျန်ရှိတော့မည် မဟုတ်ချေ။ ဒဏ်ရာများသည် ပြန်လည်ကုသ၍ မရနိုင်တော့ပေ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည်ပင်လျှင် ကယ်တင်နိုင်မှ ကယ်တင်နိုင်ပေလိမ့်မည်။
လက်ရှိအခြေအနေမှာတော့ အားလုံးသောသူတို့သည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေ၏။ လောကအသီးသီး ဘက်မှ အင်မော်တယ်ဘုရင်များသည် လှမ်းကာကြည့်ရှုနေ၏။ အဆင့်မြင့်ကျင့်ကြံသူ အင်မော်တယ်ဘုရင် တစ်ယောက်သည် သူတို့၏ မျက်စိရှေ့တွင် သေဆုံးတော့မည် ဖြစ်၏။ အားလုံးသောသူတို့သည် လေးပင်သည့် ခံစားချက်များကို ရရှိနေကြ၏။ ရှေ့ဆီသို့ လှမ်းတက်ပြီး ကူညီနိုင်စွမ်းမရှိသည့် ၎င်းတို့၏ စွမ်းဆောင်ရည်များ အတွက် မချိတင်ကဲ ဖြစ်လို့နေ၏။ သူတို့သည်သာ ကူညီကာ တိုက်ခိုက်နိုင်သည်ဆိုပါက နန်းကုန်းယွင် အနေနှင့် အဘယ့်ကြောင့် ဤကဲ့သို့သော အခြေအနေမျိုးကို ရောက်ရှိမည်နည်း။
“တာအိုရောင်းရင်း အနောက်ကိုဆုတ်။ ခင်ဗျား လုပ်ခဲ့တာ လုံလောက်နေပါပြီ” အင်ပါယာပိုင်ယုက ပြောဆိုလိုက်၏။ သူသည် နန်းကုန်းယွင်၏ အခြေအနေကို မည်သို့မျှ ဆက်လက်မကြည့်နိုင်တော့သလိုပင်။
“ကျုပ်က ဒီလောကကြီးထဲမှာ မွေးဖွားလာတာ။ ဘယ်ကိုဆုတ်ရမှာလဲ” နန်းကုန်းယွင်သည် ခြောက်ကပ်ကပ်ဖြင့် ရယ်မောလိုက်၏။ သူ၏ အလင်းတန်းများ မှေးမှိန်လျက် ရှိနေသည့် ဦးခေါင်းကြီးဆီမှ တောက်ပသည့် အလင်းတန်းများ ထပ်မံကာ ထွက်ပေါ်လာခဲ့၏။ ထိုတောက်ပသည့် အလင်းရောင်စဉ်များ ကြားထဲတွင် ပုံရိပ်ယောင်လူတစ်ယောက် ပေါ်ပေါက်လာ၏။ ထိုသူသည် နှင်းကဲ့သို့ ဖြူစွတ်လျက် ရှိနေသည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ဖြစ်ပြီး ကမ္ဘာခြားမှ နတ်သားတစ်ပါးကဲ့သို့ပင်။
“ဒါ ဒါ တာအိုးရောင်းရင်း” လူပေါင်းများစွာတို့က တီးတိုးရေရွတ်လိုက်၏။ နန်းကုန်းယွင်သည် တိတ်ဆိတ် ငြိမ်သက်လျက်ရှိ၏။ အရှေ့ဆီသို့ တစ်လှမ်းချင်း လှမ်းလျှောက်လာခဲ့ပြီးသည့်နောက် သူ၏ အော်ရာများသည် ပိုမိုကာ အားကောင်းလာခဲ့၏။ ကျိုးပြတ်သွားခဲ့သည်ဖြစ်သော အစီအရင်သည် သူ၏ လွှမ်းမိုးမှု အောက်တွင် ပြန်လည်ကာ အားကောင်းလာခဲ့၏။
လက်ရှိအခြေအနေတွင် လောကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည့် စွမ်းအင်အကြွင်းအကျန်များ အားလုံးသည့် နန်းကုန်းယွင်ဆီသို့ စုဝေးကာရောက်ရှိလာ၏။ ချက်ချင်းပဲ နန်းကုန်းယွင်သည် ထိပ်ဆုံးအဆင့် အခြေအနေနီးပါး ပြန်လည်ကာ ရောက်ရှိလာ၏။ ကောင်းကင်၏ ဒေါက်တိုင်နားတွင် မတ်မတ်ရပ်လျက် ရှိနေပြီး ကောင်းကင်ယံကို မော့ကြည့်လိုက်၏။ သူ၏ အသံသည် တည်ငြိမ်လျက် ရှိနေသည်။၊ “အင်း.. အဆုံးသတ်ကို ရောက်သင့်ပြီ”
“ဘာဝှက်ဖဲတွေ ရှိနေတယ်ဆိုတာ ကျုပ်တကယ်သိချင်တယ်” မီးတောက်ဘုရင်သည် တည်နေရာတွင် မတ်မတ်ရပ်လျက်ရှိနေပြီး လှမ်းကာ ပြောဆိုလိုက်လေ၏။ သွေးဆာလောင်လျက် ရှိနေသည့် အရိပ်အရောင် များသည် သူ၏ အေးစက်စက် မျက်လုံးများထဲတွင် မဖုံးနိုင်မဖိနိုင်ဆိုသလို ထင်ပေါ်နေ၏။
နတ်ဆိုးလောကကြီးသည် တိုက်ပွဲကို ပြင်းပြင်းထန်ထန် မတိုက်ခိုက်ရသေးချေ။ ငရဲလောကကြီးကလည်း ဆင်းသက်မလာသေးချေ။ သို့ပေမဲ့ နန်းကုန်းယွင်သည် သူတို့၏ အင်မော်တယ်ဘုရင် တော်တော်များများကို သတ်ဖြတ်ခဲ့ပြီးပြီဖြစ်၏။ တကယ့်ကို ဆိုးရွားလှချေ၏။ ရန်သူ၏ သွေးနှင့်မှ ခြေမဆေးရလျှင် သူတို့၏ နာကြည်းမှုကို ဖျောက်ဖျက်နိုင်လိမ့်မည် မဟုတ်ချေ။
ယခု ဝိညာဉ်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်သည် လှုပ်ရှားတိုက်ခိုက်ခဲ့ပြီဖြစ်၏။ ထို့ကြောင့် နန်းကုန်းယွင် အနေနှင့် ကြာရှည်ခံလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ နန်းကုန်းယွင်သည် လက်ရှိအခြေအနေတွင် ဘာလုပ်ရန် ထပ်မံ ကြိုးစားနေသနည်း။
နန်းကုန်းယွင်သည် တည်တည်ငြိမ်ငြိမ်နှင့်ပင် ရှေ့သို့လှမ်းလာခဲ့၏။ တည်နေရာ တစ်ခုလုံးတွင်လည်း မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံကြီး ထွက်ပေါ်လျက် ရှိနေပြီး နတ်ဘုရားရောင်စဉ်များသည် ၎င်း၏ ခန္ဓာကိုယ်ကို လွှမ်းမိုးနေ၏။
“ဘာတွေဖြစ်နေတာလဲ။ သူ့ရဲ့အားအင်အဆင့်က ဘယ်လိုဖြစ်ပြီး ရုတ်တရက် တိုးတက်သွားရတာလဲ။ သူ့ရဲ့ ခန္ဓာကိုယ်က ပျက်စီးလုနီးပါး ဖြစ်နေပြီလေ။ ဝိညာဉ်ပဲ ကျန်တော့တာ။ ဘယ်လိုဖြစ်ပြီးတော့ အင်မော်တယ် ဘုရင်ထက်သာလွန်တဲ့ အားအင်အဆင့်ကို ပိုင်ဆိုင်လာရတာလဲ” စောဏတုန်းက လှောင်ပြောင် ရယ်မောသံများ အားလုံးသည် ပျောက်ကွယ်သွားခဲ့သည်။
မီးတောက်ဘုရင်၏ မျက်စိသူငယ်အိမ်များက ကျုံ့ဝင်သွားခဲ့၏။ သူ၏ နှလုံးသားထဲတွင် ကြီးမားသည့် တုန်လှုပ်မှုများ စတင်ကာ ဖြစ်တည်လာခဲ့၏။
“စောဏတုန်းက အစီအရင်ကြောင့်လား။ သူက ရှိရှိသမျှ စွမ်းအင်တွေကို အကုန်လုံးကို အကုန်ခံပြီးတော့ ပျက်စီးသွားတဲ့ အစီအရင်ရဲ့ စွမ်းအင်တွေကို ခန္ဓာကိုယ်ထဲကို သိမ်းဆည်းလိုက်တာလား” သူ၏စိတ်ထဲတွင် ဘာမှန်းမသိသည့် ခံစားချက်များ ဖြစ်တည်လာခဲ့၏။
နန်းကုန်းယွင်သည်လည်း ထိုအချက်ကိုလည်း ကောင်းကောင်းနားလည်ပြီး ဖြစ်ပေလိမ့်မည်။ ဝိညာဉ် နတ်ဆိုးတောအုပ်၏ ဌာနေအရှင်နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်သည်ဆိုပါက အဆုံးသတ်သည် သေဆုံးခြင်း သာလျှင် ဖြစ်ပေလိမ့်မည်။ ထိုအကြောင်းအရာကို ပြောင်းလဲသွားလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူ၏ ရွေးချယ်မှုသည် အဆုံးစွန်ထိ ဒုက္ခပေးသွားရန်ပင်။
လူပေါင်းများစွာ ဇဝေဇဝါ ဖြစ်လျက်ရှိနေတုန်းမှာပဲ နန်းကုန်းယွင်က စတင်ကာ လှုပ်ရှား၏။ ကျယ်လောင်သည့် ကြုံးဝါးသံကြီးကို ဟစ်ကြွေးပြီးသည့်နောက် မိုးကောင်းကင်ဓားသွားများကဲ့သို့ ပြောင်းလဲကာဖြင့် တည်နေရာတစ်ခုလုံးကို လှည့်ပတ်လေသည်။
ဓားရောင်စဉ်တန်းများသည် တည်နေရာတစ်ခုလုံးကို ဖြတ်သန်းပြီး နေနှင့်လ၏ အလင်းရောင်ကိုပင် ဖုံးကွယ် သွားခဲ့၏။ ဝိညာဉ်ကို ဓားသွားများအဖြစ် အသုံးပြုကာ တိုက်ခိုက်သောကြောင့် အလွန်တရာ ထက်ရှပြီး မည်သူမျှ မခုခံနိုင်ခဲ့ကြချေ။