← Chapters

အပိုင်း (၇၆၈)

Vol. 52 Ch. 768

အပိုင်း (၇၆၈)

Vol. 52 Ch. 768

ပြန်လည်မွေးဖွားခြင်းရဲ့ လမ်းညွှန်မှု

ဌာနေအရှင်သည် ရုတ်တရက်အမိန့်ပေးလိုက်၏။ ကောင်းကင်ယံထက်တွင် အမဲရောင် ဂိတ်တံခါးကြီး တစ်ခု တဖြည်းဖြည်း ဖြစ်တည်လာခဲ့၏။ ထိုဂိတ်တံခါးကြီးသည် အမဲရောင်တွင်းနက်ကြီး တစ်ခုကဲ့သို့ပင် ထင်မှတ်မှားရ၏။ ရှိရှိသမျှသော အသက်ဓာတ် စွမ်းအင်များ အားလုံးကို ထိုနေရာဆီသို့ ဆွဲယူလျက်ရှိ၏။

အဆုံးအစမဲ့ များပြားလွန်းသော စိတ်ဝိညာဉ်စွမ်းအင်များသည် ထိုဂိတ်တံခါးကြီးဆီသို့ ဝင်ရောက်သွား၏။ ထိုဂိတ်တံခါးကြီးအတွင်း၌ ဆန်းကြယ်လွန်းသည့် လူတစ်ယောက်၏ ပုံပန်းသွင်ပြင်သည် တဖြည်းဖြည်း အကောင်အထည် ေပေါ်ပေါက်လာခဲ့၏။ ၎င်း၏ အသက်ရှူသံများကပင်လျှင် တည်နေရာကြီးတစ်ခုလုံးကို လှုပ်ခါစေခဲ့သည်။

အင်မော်တယ်ဘုရင်များ ဆိုလျှင်တောင်မှ ဤအရာကို မခုခံနိုင်ခဲ့ကြချေ။ ၎င်းတို့သည် ဒူးထောက်ချင်စိတ်ပင် ပေါက်လာကြ၏။ ကြောက်ရွံ့ဖွယ်ရာကောင်းလွန်းလှချေ၏။ မည်သူမှလည်း ခုခံမှုကို မပြုလုပ်နိုင်ကြချေ။ စိတ်ထဲတွင် ခုခံမှုကို ပြုလုပ်ချင်သည် ဆိုလျှင်တောင်မှ ခန္ဓာကိုယ်က မလိုက်နိုင်ချေ။

"ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ် ပေါ်ပေါက်လာခဲ့ပြီ"

လျှိုကလန်၏ ဘိုးဘေးသည် တီးတိုးရေရွတ်လိုက်၏။ သူ၏ မှတ်ဉာဏ်များသည် အလုံးစုံ ပြန်လည် ရရှိထားသည် မဟုတ်လျှင်တောင်မှ သူ၏ ဝိညာဉ်အတွင်းပိုင်းဆီမှ ထိုအရာ၏ ကြောက်ရွံ့ဖွယ်ရာ ကောင်းမှုသည် တဖြေးဖြေးနှင့် ပြန်လည်ပေါ်ပေါက်လာခဲ့ပြီဖြစ်၏။

ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ်သည် ရန်ဘက်များအားလုံးကို သုတ်သင်နိုင်စွမ်းရှိသည်။

"ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ် ပေါ်လာပြီဆိုတော့ ငရဲလောကအရင် အရှင်က ဘယ်ရောက်သွားပြီလဲ။"

နတ်ဘုရားအင်ပါယာပိုင်ယုက တီးတိုးရေရွတ်လိုက်သည်။ လက်ရှိအခြေနေမှာတော့ သူသည် မှတ်ဉာဏ်များကို အလုံးစုံ ပြန်လည် မရရှိသေးလျှင်တောင်မှ အခြေအနေကို အနည်းငယ် နားလည်နေပြီ ဖြစ်၏။

"ဖြစ်နိုင်တာက "

နတ်ဘုရားအင်ပါယာပိုင်ယုသည် ခေါင်းကိုအသာမော့ကာ ကောင်းကင်ယံထက်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ထိုဂိတ်တံခါးကြီးထဲမှာတော့ ဆန်းကြယ်သည့် လူတစ်ယောက်သည် စိတ်ဝိညာဉ် စွမ်းအင်များကို အဆုံးမဲ့စုပ်ယူလျက် ရှိနေပြီး တဖြည်းဖြည်း အကောင်အထည် ဖြစ်တည်လာခဲ့၏။ နောက်တစ်စက္ကန့်အတွင်းမှာတော့ ၎င်းသည် တည်နေရာကို ဖြတ်သန်းကာ ရောက်ရှိလာတော့မည့်ပုံပင်။

မရောက်ရှိသေးဘူးဆိုသော်လည်း ဂိတ်တံခါးဆီမှ ထွက်ပေါ်လာသည့် အော်ရာများသည် လောကကြီးအနှံ့ဆီသို့ ပျံ့နှံ့ရောက်ရှိပြီး အားလုံးသော သူတို့၏ ဝိညာဉ်များကို တုန်ခါစေခဲ့၏။

ဤနေရာတွင် တည်ရှိနေသည်မှာ အင်မော်တယ်ဘုရင်များပင် ဖြစ်၏။ သို့ပေမဲ့ ထိုအင်မော်တယ်ဘုရင်များ ပင်လျှင် ကျိန်းသေပေါက် ထိုအော်ရာများကို မခုခံနိုင်ခဲ့ကြချေ။ သာမန်လူများသာဆိုပါက ကျိန်းသေပေါက် ပေါက်ကွဲပြီး သေဆုံးသွားပေလိမ့်မည်။

"ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်က အစီအစဉ်တွေထဲက တစ်ခုလား။"

သတ္တမဘိုးဘေးကြီးနှင့် လျှိုရွှမ်ချမ်တို့သည် တစ်ယောက်နှင့်တစ်ယောက် လှမ်းကာ ကြည့်ရှူလိုက်၏။ ဌာနေ အရှင်သည် အစီအစဉ်တစ်ခုကို ဖန်တီးနေကြောင်း ကောင်းကင်လျှို့ဝှက်နန်းဆောင်မှတဆင့် သိရှိပြီး ဖြစ်သည်။

ငရဲလောကအရှင် ပြန်လည်မွေးဖွားခြင်းသည် နတ်ဆိုးလောကကြီးဆီမှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ အသက်ရှုရှိုက်နေသည့် အော်ရာများကပင်လျှင် အားလုံးသောသူတို့ကို ဖိနှိပ်ထားနိုင်ခဲ့၏။ ငရဲလောက၏ အရှင်သည် ဤနေရာကို ဖြတ်သန်းကာ ရောက်ရှိလာတော့မည့်ပုံပင်။ သူတို့သည် အင်မော်တယ်ဘုရင်များ ဖြစ်သည် ဆိုလျှင်တောင်မှ လက်ရှိအခြေအနေ၌ ပုရွတ်ဆိတ်လေးများကဲ့သို့ပင်။

"သတ္တမဘိုးဘေး …. ကျုပ်တို့အပေါ်မှာကျနေတဲ့ ဖိအားတွေပျောက်ကွယ်သွားတာကို သတိပြုမိလား။" အခြားဘက်အခြမ်းတွင် ရှိနေသည့် လျှိုချင်းကျီက ပြောဆိုလိုက်၏။

"သတိထားမိတာကြာပြီ။"

သတ္တမဘိုးဘေးက ခေါင်းညိတ်လိုက်၏။ နန်းကုန်းယွင် ဒေါက်တိုင်ကို ဖျက်ဆီးလိုက်တည်းက ဖိအားများသည် ပျောက်ကွယ်သွားခဲ့သည်။

“ခင်ဗျားတို့အားလုံး အဖွဲ့ဖွဲ့ပြီးတော့ ငရဲလောကရဲ့အရှင် တည်နေရာ ဖြတ်သန်းရောက်ရှိလာမှုကို တားဆီးဖို့ အတွက် နည်းလမ်းရှာကြ။" ပိုင်ယုက ပြောလိုက်၏။

ပြောဆိုနေတုန်းမှာပဲ သူသည် ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်၏ လက်ထဲသို့ ရောက်ရှိနေသော နန်းကုန်းယွင်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ အချိန်ကာလ အနည်းငယ် ကုန်ဆုံးသွားပြီးသည့်နောက် နန်ကုန်းယွင်၏ ဝိညာဉ်သည် အဆုံးစွန်ထိ ပျောက်ကွယ်ခါနီးဖြစ်နေသည်။

လက်ရှိ အခြေနေမှာတော့ နန်းကုန်းယွင်သည် သေဆုံးလုနီးပါး အခြေအနေ ဖြစ်လို့နေခဲ့ပြီး ၎င်း၏ စွမ်းအင်နှင့် အသက်ဓာတ်အားလုံးက ယုတ်လျော့နေခဲ့၏။ ဌာနေအရှင်သည် ၎င်းပြောဆိုခဲ့သည့်အတိုင်း နန်းကုန်းယွင် အား မသေခင် မြင်စေချင်သည်များအား မြင်စေချင်သောကြောင့်သာ မသတ်ဖြတ်သေးခြင်း ဖြစ်၏။

ဌာနေအရှင်သည် နန်းကုန်းယွင်ကို လှမ်းကာ ကြည့်ရှုရင်း ပြောလိုက်သည်။ "ခင်ဗျားမြင်ပြီလား။ လောကအသီးသီးတွင် မျှော်လင့်ချက် "

"ခင်ဗျားမြင်လား ဘာလုပ်လို့ရနိုင်မှာလဲ"

အသံက ပဲ့တင်ထပ်လျက်ရှိ၏။

"အင်း ဒီကံကြမ္မာကို ပြောင်းပြန်လှန်နိုင်မယ်လို့ ကျုပ်ယုံကြည်မိတယ်။" နန်းကုန်းယွင်သည် နောက်ဆုံးစကားကို တီးတိုးရေရွတ်လိုက်၏။ ပြီးနောက် ၎င်း၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ မည်သည့်အခါကမှ မတည်ရှိခဲ့သလိုပင်။

"သနားစရာကောင်းတယ်"

ဌာနေအရှင်သည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ "ကံကြမ္မာကို ပြောင်းပြန်လှန်ဖို့ဆိုတာ လူသားတွေလုပ်နိုင်တဲ့အရာမျိုးမဟုတ်ဘူး။"

"စီနီယာ နန်းကုန်း" လျှိုချင်းဟုန်သည် မြန်မြန်ဆန်ဆန်ပင် ဆင်းသက်လာခဲ့၏။ ကြမ်းတမ်းလွန်းသည့် လက်သီးချက် တစ်ခုကို ထုတ်ဖော်ပြီး ဌာနေအရှင်ကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။

"တော်တော်ညံ့တဲ့ကောင်"

ဌာနေအရှင်သည် ခေါင်းကိုမော့ပြီး လျှိုချင်းဟုန်ကို လှမ်းကာ ကြည့်ရှုလိုက်၏။

ရုတ်တရက် ချပ်ဝတ်ကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် ဌာနေအရှင်၏ ရှေ့၌ ပေါ်ပေါက်လာသည်။ "ခင်ဗျားရဲ့ရန်သူက ကျုပ်ပဲ"

ထိုသူက အေးစက်စက်ပြောလိုက်၏။

"ခင်ဗျားက ဘယ်သူလဲ"

လျှိုချင်းဟုန်သည် လေးလေးနက်နက်နှင့် လှမ်းကာ မေးမြန်းလိုက်၏။ သူ၏ ရှေ့သို့ ရောက်လာသူသည် မဲနက်လျက်ရှိနေသည့် မျက်လုံးများနှင့်အတူ ကြောက်မက်ဖွယ်ရာကောင်းသော အလောင်းကောင်ကဲ့သို့ ခန္ဓာကိုယ်မျိုး နှင့် ဖြစ်သည်။

အရှေ့ကို လှမ်းတက်လိုက်သည့် အချိန်မှာပဲ တည်နေရာတစ်ခုလုံးသည် အမဲရောင် အငွေ့အသက်များနှင့် ရစ်သိုင်းသွား၏။

"ကျုပ်ကို ရှီယွင်လို့ခေါ်ကြတယ်" ချပ်ဝတ်နှင့်လူသည် တည်ငြိမ်စွာဖြင့် ၎င်း၏ နာမည်ကို ထုတ်ဖော် ပြောဆိုလိုက်သည်။

"ငရဲလောကရဲ့ စစ်သူကြီးလား။"

လျှိုချင်းဟုန်၏ စိတ်နှလုံးသားတစ်ခုလုံးသည် နင့်ခနဲ ဖြစ်သွား၏။ ရှီယွင်ဆိုသည့် နာမည်သည် လုံလောက်အောင် ကြောက်မက်ဖွယ်ကောင်းသည့် နာမည်ပင်ဖြစ်၏။ အင်မော်တယ်ဘုရင်အဆင့် ထိပ်ဆုံး ငါးယောက်မြောက် နေရာ၌ရှိပြီး ၎င်းနှင့် အခြေအနေချင်း အလွန်ပင် ကွာဟလို့နေလ၏။

လျှိုချင်းဟုန်အနေနှင့် တစ်ဖက်လူကို အနိုင်ရရန် အခွင့်ရေးဆိုသည်မှာ မည်သို့မှ မရှိနိုင်ချေ။ နောက်ခဏအတွင်း အားလုံးသောသူတို့၏ မျှော်လင့်ချက်များကို ထမ်းပိုးထားရသည့် လျှိုချင်းဟုန်၏ လက်ဝါးရိုက်ချက်ကြီးသည် ကျဆင်းလာခဲ့သည်။

"ဘုန်း"

သို့ပေမဲ့ ထိုမျှော်လင့်ချက်များသည် ရှီယွင်၏ တိုက်ခိုက်မှု အောက်တွင် လွယ်လွယ်ကူကူ ပျောက်ကွယ် သွားခဲ့လေ၏။

လျှိုချင်းဟုန်သည် မိုင်သန်းနှင့်ချီသော အကွာအဝေးဆီသို့ လွင့်စင်သွားခဲ့၏။ လျှိုချင်းဟုန်သည် လေထဲသို့ လွင့်စင်လျက်ရှိတုန်းမှာပင် ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေ၏။ ၎င်း၏ နှုတ်ခမ်းထောင့်ဆီမှ သွေးစက်များ ကျဆင်းလာသည်။

မကြာသေးခင်က သူသည် အင်မော်တယ်ဘုရင် တော်တော်များများတို့နှင့် တိုက်ခိုက်ခဲ့ပြီးသား ဖြစ်၏။ ထို့ကြောင့်သူ၏ အသက်ဓာတ်စွမ်းရည်များသည် ကုန်ခမ်းနေခဲ့၏။ လက်ရှိ ရှီယွင်နှင့် တိုက်ခိုက်ချိန်မှာတော့ သိုင်းကွက် သုံးကွက်ကိုပင် ထုတ်ဖော် အသုံးမပြုခဲ့ရချေ။ အစောကြီးတည်းက အောက်စည်းသို့ရောက်ရှိ သွားခဲ့၏။

"အရမ်းအားနည်းတယ်"

ရှီယွင်သည် ခေါင်းကို ခါယမ်းလိုက်မိ၏။ ၎င်းသည် ဆက်တိုက် ခြေလှမ်းကျဲကြီးများကို လှမ်းလျက် ရှိနေပြီး ၎င်းကိုကြည့်ရှုရသည်မှာ ငရဲခန်းထဲမှ ပြန်ထွက်လာသော နတ်ဆိုးအရှင် တစ်ပါးကဲ့သို့ပင်။ လျှိုချင်းဟုန်သည် တိတ်ဆိတ် ငြိမ်သက်လျက် ရှိနေ၏။ ၎င်းသည် အားကောင်းသည့် လက်သီးချက်တစ်ခုကို ထပ်မံကာ ထုတ်ဖော်လိုက်သည်။

အဝေးတစ်နေရာတွင် ရှိနေသော အင်ပါယာပိုင်ယုနှင့် တခြားသောသူအားလုံးတို့သည် ဝိညာဉ် နတ်ဆိုးအရှင်နှင့် စတင်ကာ တိုက်ခိုက်နေခဲ့ပြီ ဖြစ်၏။

ရှီယွင်သာ ပါဝင်လာပြီဆိုပါက ကျိန်းသေပေါက် တခြားသောသူများအတွက် ကြီးမားသည့် ဖိအားကို ဖြစ်စေလိမ့်မည်။ သူတို့ အင်မော်တယ်ဘုရင်များ အနေနှင့် ဝိညာဉ်နတ်ဆိုးလောကအရှင်၏ အစီအရင်အားလုံးကို တကယ်တမ်း ဖျက်ဆီးနိုင်မည်လားကတော့ မသေချာလှပေ။ သို့ပေမဲ့ ကြိုးစားရပေလိမ့်မည်။

စီနီယာ နန်းဆောင်သခင်ပြောတဲ့ အင်မော်တယ်အဆင့် အခွင့်အရေးဆိုတာက ဘာ့ကြောင့် ယခုအချိန်အထိ သဲလွန်စတစ်ခု ထွက်ပေါ်မလာရသနည်း။

"မင်းရဲ့စွမ်းရည်ကို အထင်ကြီးလွန်းနေပြီ"

ရှီယွင်သည် နှာခေါင်းကို ရှုံ့လိုက်၏။ ပြီးသည့်နောက် ၎င်း၏ မျက်လုံးထောင့်တွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်သည် အလွန်လျှင်မြန်စွာ လှုပ်ရှား လျက် ရှိပြီး ကြမ်းတမ်းသည့် တိုက်ခိုက်ချက်များကို ထုတ်ဖော်လိုက်သည်။

တကယ့်ကို ပြိုင်စံရှားသည့် နတ်ဘုရားသိုင်းနည်းစနစ်များကို ထုတ်ဖော်ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။ ၎င်း၏ တိုက်ခိုက်ရေးနည်းစနစ်များဆီမှ ထွက်ပေါ်လာသည့် စွမ်းအင်အဟုန်များသည် ကောင်းကင်ယံတွင် ရှိနေသည့် ကြယ်စင်စုများကိုပင် အောက်သို့ ပြုတ်ကျသွားစေခဲ့၏။

အဝေးတစ်နေရာတွင်ရှိနေသည့် အင်မော်တယ်ဘုရင်ပေါင်း မြောက်များစွာတို့က အံ့အားသင့်လို့နေခဲ့၏။ အင်မော်တယ်ဘုရင်စာရင်း၏ ထိပ်ဆုံးဆယ်ယောက်တွင် ဝင်သည့်လူ သည် ဤကဲ့သို့ ပြိုင်စံရှားသည့် စွမ်းအင်ကို ပိုင်ဆိုင်နေလေသည်လား။

"ဘုန်း"

နှစ်ကြိမ်မြောက်တိုက်ခိုက်ပြီးနောက် ရောင်စဉ်ရောင်ဝါများ ထွက်ပေါ်လာခဲ့သည်။ လောကကြီးတစ်ခုလုံးသည် ပျက်စီးလုနီးပါးဖြင့် တုန်ခါနေခဲ့၏။ အခြားတစ်ဖက်တွင်တော့ မီးတောက်ဘုရင်သည် သွေးကန်ထဲတွင် လဲလျက် ရှိနေ၏။

၎င်း၏ ညာဘက်လက်သည် လေထဲသို့ အသာလှမ်းမြှောက်လိုက်သည့်အချိန်တွင် ရှေးနန်းဆောင်ကြီးတစ်ခုက ကျဆင်းလာခဲ့၏။ မီးတောက်ပင်လယ်ကြီးတစ်ခုသည် ၎င်းကို လွှမ်းခြုံလျက် ရှိနေ၏။ ၎င်း မီးတောက် မျှော်စင်ကြီးသည် အောက်တွင်ရှိနေသည့် အင်မော်တယ်များကို သန့်စင်ရန် ကြိုးစားနေ၏။ သို့ပေမဲ့ နန်းဆောင်ကြီးသည် အောက်သို့ ကျဆင်းမလာခင်မှာပင် ငွေရောင်အလင်းတန်းကြီးသည် ထိုနန်းဆောင်ကို ပိုင်းဖြတ်ကာဖြင့် ဖြတ်သန်းသွားသည်။

"ဟုန်း"

နန်းဆောင်ကြီးဆီမှ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအသံကြီးသည် အားအင်ယုတ်လျော့သွားသည့် အရိပ်သင်္ကေတမျိုးပင်။ အားလုံးသောသူတို့သည် မယုံကြည်နိုင်သလိုပင် ဖြစ်လို့နေခဲ့၏။ ဤအရာသည် မီးတောက်ဘုရင် ပိုင်ဆိုင်သည့် လက်နက်တစ်ခုဖြစ်၏။ အင်မော်တယ်ပေါင်း မြောက်များစွာတို့ကို သန့်စင်ခဲ့ရသည့် လက်နက်လည်း ဖြစ်၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ပျက်စီးလုနီးပါးဖြစ်ခဲ့ပြီး မီးတောက်ဘုရင်ပင်လျှင် ၎င်း၏ လက်နက် ဒဏ်ရာရရှိသွားသောကြောင့် ကိုယ်တိုင် တန်ပြန်မှုကို ခံစားနေရ၏။

၎င်း၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် သေဆုံးလုမတတ်ပင် ဖြူရော်လို့နေသည်။

"နှောက်ယှက်တဲ့လူ အကုန်လုံးသေရမယ်"

အင်ပါယာပိုင်ယုသည် ယုံကြည်ချက်ရှိရှိပင် ရှေ့သို့လှမ်းတက်လာခဲ့၏။ ၎င်းသည် လက်ထဲတွင် လှံကြီးကို ကိုင်ဆောင်ထားခဲ့ပြီး ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရှိန်အဟုန်ကို ထုတ်ဖော်နေခဲ့၏။

"ခင်ဗျားတို့လောကအသီးသီးက လူတွေက အစောကြီးထဲက ရှုံးနိမ့်နေပြီ ။ ဒီအချိန်မှာထပြီး ပုန်ကန်နေလို့ ဘာထူးမှာလဲ။ ငရဲလောကရဲ့အရှင်သာ ဆင်းသက်လာမယ်ဆိုရင် ခင်ဗျားတို့အားလုံး ပြဿနာတက်ပြီ။" မီးတောက်ဘုရင်သည် နုတ်ခမ်းထောင့်တွင် ဖြစ်တည်လာသည့် အတွေးများကို သုတ်ကာဖြင့် ကြုံးဝါးလိုက်သည်။

"ဒီလိုစကားမျိုးကိုပြောတယ်ဆိုတာ ငရဲလောကရဲ့အရှင် ရောက်လာမှပဲ ပြောသင့်တယ်။" ပိုင်ယုသည် ခပ်တည်တည်နှင့် ပြန်လည်ကာ ပြောဆိုလိုက်၏။

"ချီးပဲ" မီးတောက်ဘုရင်က ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။ သူသည် ဌာနေအရှင်၏ အနောက်ဘက်ဆီသို့ ပြေးလေ၏။ ဤကဲ့သို့သော အခြေနေမျိုးတွင် ဌာနေအရှင်သည် ပြန်လည်မွေးဖွားခြင်း လမ်းကြောင်းများကို ထိန်းချုပ်လျက်ရှိနေသည်။ ထို့ကြောင့် လောကကြီးတစ်ခုလုံးသည် ဌာနေအရှင်၏ လက်ဆီသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး ငရဲလောက၏ အရှင်မှာလည်း ဤလောကသို့ ရောက်ရှိနိုင်စွမ်း ရှိပေလိမ့်မည်။

All Chapters