← Chapters

အပိုင်း (၇၇၂)

Vol. 52 Ch. 772

အပိုင်း (၇၇၂)

Vol. 52 Ch. 772

“ဘာ” ကျိုးချီသည် ဆွံ့အသွားမိ၏။ လေဟာနယ်ကို စည်းခတ်ဖို့ အကြံအစည်သည် လွယ်ကူသည့် အကြောင်းအရာ ဖြစ်၏။ တစ်စုံတစ်ယောက် ထွက်ပြေးသွားမှုကို တားဆီးခြင်းသာဖြစ်၏။ သို့ပေမဲ့ လက်ရှိ အခြေအနေတွင် သူ့အနေနှင့် လေဟာနယ်ကို စည်းခတ်လိုက်သည် ဆိုသည်နှင့် တစ်ဖက်လူက ဘာလုပ်နိုင် မည်နည်း။ လုဝူတောက်သည် တစ်ဖက်လူကို တစ်ခါတည်း သတ်ဖြတ်လိုက်မည် မဟုတ်ပါလား။

ကျိုးချီ၏ မျက်လုံးထဲတွင်တော့ အဘိုးအို၏ အနိုင်ရရှိနိုင်မှုသည် တကယ့်ကို မဖြစ်နိုင်သလောက်ပင်။ လုဝူတောက်၏ တိုက်ခိုက်မှုကြောင့် တစ်ခါတည်း သေဆုံးသွားသည့် အခြေအနေမျိုး မဖြစ်အောင် မနည်း ရုန်းကန်ရမှာ ဖြစ်၏။

“တာအိုရောင်းရင်း.. ခင်ဗျား လွတ်လွတ်လပ်လပ်နဲ့ လုပ်စရာရှိတာလုပ်ပါ” အဘိုးအိုက ထပ်မံကာ ပြောဆို လိုက်၏။ ၎င်း၏ ခန္ဓာကိုယ်၌ ကြက်သွေးရောင်မီးတောက်များ တောက်လောင်လျက်ရှိပြီး ၎င်းသည် ရှေ့ဆီသို့ လှမ်းတက်လိုက်သည့် အချိန်မှာတော့ မီးတောက်ပင်လယ်ကြီးသည့် တဖြည်းဖြည်း တည်နေရာ အနှံ့ဆီသို့ တဖြည်းဖြည်း ဖြန့်ကျက်လာခဲ့၏။ ထိုမီးတောက်နှင့် ထိတွေ့လိုက်သည့် အရာအားလုံးသည် ဝါးမျိုခြင်းကို ခံနေရသကဲ့သို့ပင်။

“ကောင်းပါပြီ” ကျိုးချီက ခေါင်းညိတ်လိုက်၏။ သူသည် လက်ကို ယမ်းခါပြီးသည့်နောက် လက်စည်းသင်္ကေတ များကို တစ်ခုပြီးတစ်ခု ထုတ်ဖော်ကာဖြင့် လုဝူတောက် ထွက်ပြေးသွားမည့် လမ်းများအားလုံးကို စတင်ကာ စည်းခတ်လိုက်သည်။

“အရူးတွေပဲ”

လုဝူတောက်သည် ကျိုးချီ၏ လှုပ်ရှားမှုကို မရပ်တန့်ချေ။ ထိုအစား အဘိုးအိုကို စူးစိုက် ကြည့်ရှု နေ၏။ ၎င်း၏ မျက်လုံးထဲတွင် လေးနက်လှသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများက ပြည့်နှက်လျက်ရှိနေ၏။ “သေချင်နေပြီဆိုမှတော့ ကျုပ်က ခင်ဗျားကို အရောက်ပို့ပေးရတော့မှာပေါ့”

ဘုန်း

လုဝူတောက်သည် နှလုံးသားထဲတွင် ဖြစ်တည်နေသည့် ဝေခွဲမရသည့် စိတ်ဆန္ဒများ အားလုံးကို ဖယ်ရှားပြီး ကြမ်းကြမ်းတမ်းတမ်းပင် တိုက်ခိုက်လိုက်၏။ လက်ထဲတွင် ရှိနေသည့် မိစ္ဆာဓားသွားသည် တလက်လက် တောက်ပသည့် အလင်းတန်းများနှင့်အတူ ပိုင်းဖြတ်ရန် အဆင့်သင့် ဖြစ်လို့နေ၏။ အမြန်နှုန်းကလည်း မြန်ဆန်လွန်းလှချေ၏။ သာမန် အင်မော်တယ်ဘုရင် တစ်ယောက်ဆိုလျှင် တုံ့ပြန်ရန် အချိန်ပင် ရရှိလိမ့်မည် မဟုတ်ချေ။ လက်ရှိ အဘိုးကြီးဆိုလျှင် ပိုမိုကာ ဆိုးရွားပေမည်။

အဘိုးကြီးသည် အရှေ့သို့ လှမ်းလာရင်းမှပင် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေသည် မဟုတ်ပါလား။ ထိုကဲ့သို့သော ခြေလှမ်းကွက်များသည် တိုက်ခိုက်ကွက်ကို ရှောင်ရှားရန် ဖြစ်နိုင်လောက်သည့် ကိစ္စရပ်မျိုး မဟုတ်ချေ။ အချက်အလက်အားဖြင့် အဘိုးကြီးသည် ရှောင်ရှားဖို့ပင် မဖြစ်နိုင်ချေ။

ထို့အတူ ရှောင်ရှားခြင်းလည်း မပြုလုပ်ချေ။ တည်နေရာတွင် မတ်မတ်ရပ်လျက် ရှိနေပြီး မျက်နှာတွင်လည်း အပြုံးတစ်ခုက ဖြစ်တည်နေခဲ့၏။ ထိုအပြုံးသည် လုဝူတောက်၏ နှလုံးသားများကို ထိုးခွင်းနေသကဲ့သို့ပင်။ အဘိုးအို၏ ရင်ဘတ်ဆီသို့ မိစ္ဆာဓားသွားသည် ကျဆင်းလာခဲ့၏။ သွေးများသည် ပန်းထွက်လာခဲ့၏။

“ဘာဖြစ်တာလဲ” လုဝူတောက်သည် မျက်လုံးပြူးသွားမိ၏။ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက် သွားခဲ့၏။ ဤကြက်သွေးရောင်မီးတောက်သည် မိစ္ဆာဓားသွား ချဉ်းကပ်လာသည်ကို အဘယ်ကြောင့် လက်သင့်ခံရသနည်း။ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ပြီးသည့်နောက် ၎င်းသည် မကောင်းသည့် ခံစားချက် များကို ရရှိလာခဲ့၏။ ထို့ကြောင့် မြန်မြန်ဆန်ဆန် ဆုတ်ခွာရန် ကြိုးစားလိုက်၏။ သို့ပေမဲ့ ခြောက်သွေ့ ပိန်လှီလျက် ရှိနေသည့် လက်တစ်ဖက်သည် ပိုမိုမြန်ဆန်စွာဖြင့် သူ၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ထားသည်။

“အရာအားလုံး အဆုံးသတ်ဖို့ အချိန်ရောက်ပြီ” ရှေးဆန်သည့် အသံကြီးသည် ၎င်း၏ နားထဲတွင် ပေါ်ပေါက် လာခဲ့၏။

“လွှတ်စမ်း” လုဝူတောက်က အော်ဟစ်လိုက်၏။ လက်ထဲတွင် ရှိနေသော မိစ္ဆာဓားသွားအား အတင်း ယမ်းခါကာဖြင့် ဒေါသတကြီး ဆောင့်ဆွဲလိုက်၏။ ပြီးနောက် အဘိုးအို၏လက်ကို ခုတ်ပိုင်းသည်။

တခြားသော လက်တစ်ဖက် ပျက်စီးသွားခဲ့သည် ဆိုသော်လည်း သူ၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ထားသည့် လက်မှာတော့ ခပ်တင်းတင်းပင်။ ဘယ်တော့မှ လက်လွှတ်လိမ့်မည် မဟုတ်ချေ။ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ကြက်သွေးရောင်မီးတောက်များသည် ပိုမိုကာ ကျယ်ပြန့်လာခဲ့ပြီး လုဝူတောက် ကိုပါ လောင်ကျွမ်း၏။ ၎င်း၏ ဝိညာဉ်များကို စတင်ကာ ကျွမ်းလောင်စေ၏။

“ဒီမီးတောက် အမျိုးအစားမျိုးက ငြိမ်းသတ်လို့ ရတာမျိုး မဟုတ်ဘူး”

အဘိုးအိုသည် ထွက်ပြေးရန် ကြိုးစားလျက် ရှိနေသည့် လုဝူတောက်ကို လှမ်းကြည့်ကာ အသာ ပြောလိုက်သည်။ “ဒါ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီကရတဲ့ လျှို့ဝှက်နည်းစနစ် တစ်ခုလေ။ အင်မော်တယ် အင်ပါယာ တစ်ယောက်တောင်မှ အဆင်ခြင်မဲ့ ဒီအရာကို မထိတွေ့ရဲဘူး”

သူ၏ စကားလုံးများသည် တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းသည့် စကားလုံးများပင်။ ဤမီးတောက်များသည် တစ်ဖက်လူအတွက် သေမိန့်ပင် ဖြစ်၏။ လောကကြီးထဲတွင် ဤမီးတောက်ကို တွေ့ကြုံခံစားဖူးသူများသည် အသက်ရှင်လျက် ရှိနေလိမ့်မည် မဟုတ်ချေ။

“ထပ်လာပြန်ပြီ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ဟုတ်လား” လုဝူတောက်သည် အံကိုကြိတ်လိုက်၏။ သူ၏ မျက်နှာ တစ်ခုလုံးသည် ဖြူလျော်လျက်ရှိ၏။ သူသည် အစစ်အမှန် သွေးအဆီအနှစ်များကို ကျွမ်းလောင် စေခဲ့ပြီးသည့်နောက် ရူးသွပ်လျက်ရှိနေသည့် နတ်ဆိုးဘုရင်ကြီး တစ်ပါးကဲ့သို့ပင် အစစ်အမှန် စွမ်းအင်များကို ထုတ်ဖော်လိုက်၏။ သူ့ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားသည့် လက်သည် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့၏။

အဘိုးအို၏လက်သည် ပျောက်ကွယ်သွားခဲ့သည် ဆိုသော်လည်း သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကိုတော့ မီးတောက်များက လွှမ်းခြုံပြီး ဖြစ်လို့နေ၏။ အဘိုးအို ခံစားခဲ့ရသည့်အတိုင်း နာကျင်သည့် ခံစားချက်များ ကို သူ ခံစားလာမိ၏။ မီးတောက်သည် တကယ့်ကို ထူးဆန်းလွန်းပြီး ငြိမ်းသတ်၍ မရနိုင်ချေ။ သူ၏ ဝိညာဉ်ကိုပင် ကျွမ်းလောင်လျက် ရှိနေ၏။ ဝိညာဉ်သည်သာ ကျွမ်းလောင်သွားခဲ့သည်ဆိုပါက သူသည် ကျိန်းသေပေါက် မသေဆုံးသေးဘူး ဆိုလျှင်တောင်မှ ဆိုးရွားသည့် နာကျင်မှုကို ခံစားရမှာဖြစ်သည်။

လုဝူတောက် အနေဖြင့် မည်သို့မှ မနေနိုင်ဘဲ နာကျင်စွာပင် အော်ဟစ်လိုက်မိ၏။ “ဘာတွေ ဖြစ်နေတာလဲ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်... ဘာကြောင့် ကျုပ်ကို နာကျင်အောင် လုပ်ချင်တာလဲ”

သူ၏ ဆံပင်များသည် လေဟာနယ်ထဲသို့ပင် ထောင်ထလာခဲ့၏။ သူသည် တချို့သော လျှို့ဝှက်နည်းစနစ် များကို အသက်သွင်းပြီး ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် မီးတောက်များကို ငြိမ်းသတ်ရန် ကြိုးစားလိုက်၏။ သို့ပေမဲ့ အလဟဿပင်။ မီးတောက်များသည် ငြိမ်းသွားခြင်းမရှိသည့်အပြင် သူ၏ အရိုးများကိုပင် ကျွမ်းလောင် လာခဲ့သည်။

အချိန်အတိုင်းအတာတိုအတွင်းမှာပဲ သူ၏ သွေးထဲတွင် ရှိနေသည့် အဆီအနှစ်များ အားလုံးသည် ကျွမ်းလောင်ခြင်း ကို ခံလိုက်ရပြီး ၎င်းသည် နီမြန်းလျက် ရှိနေသည့် လူနီကြီး အဖြစ်သို့ပင် ပြောင်းလဲသွားခဲ့၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ဤကဲ့သို့သော လျှို့ဝှက်နည်းစနစ်များကို အဘယ်ကြောင့် တစ်ဖက်လူကို ပေးအပ်လိုက်ကြောင်း သူနားမလည်နိုင်ချေ။ လီချန်းဖန်သည် ဤလျှို့ဝှက် နည်းစနစ် အတွက် မည်သည့် ပေးဆပ်မှုမျိုးကို ပေးဆပ်ခဲ့ရကြောင်းလည်း သူသေသေချာချာ မသိရှိချေ။ ကျိန်းသေပေါက် စုစည်းထားသမျှ အရာအားလုံးကို ပေးအပ်ခဲ့ရမည်မှာတော့ သေချာ၏။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်..ဟုတ်တယ်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်” လုဝူတောက်၏ မျက်လုံးများက လင်းလက်သွား၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ဤနည်းစနစ်ကို လီချန်းဖန်ကို ပေးအပ်ခဲ့ခြင်း ဖြစ်သောကြောင့် သူ့အနေနှင့် ဖြေရှင်းစရာ နည်းလမ်းရှိနိုင်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားပါက ကျိန်းသေပေါက် ဤဆန်းကြယ်သည့် မီးတောက်များကို ငြိမ်းသတ်နိုင်ရန် တောင်းဆိုနိုင်သည်။

သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ မရောက်ရှိဖူးသော်လည်း ဤလူ၏ ဂုဏ်သတင်း ကိုတော့ ကြားခဲ့ဖူး၏။ ကောင်းကင်မူလလောကကြီးတွင် တည်ရှိနေသော ကောင်းကင်လျှို့ဝှက်နန်းဆောင် ဆီသို့ သူ အရောက်သွားနိုင်၏။ အပြင်လူများအတွက် ဤနေရာသည် တကယ့်ကို ဝေးကွာ၏။ ဒါပေမဲ့ သူ့အတွက်တော့ လွယ်ကူလွန်းလှ၏။

“ကျုပ် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားမယ်”

စိတ်ထဲတွင် ထိုကဲ့သို့ တွေးတောပြီးသည့်နောက် နှောင့်နှေး မနေတော့ချေ။ ရှေ့သို့ လှမ်းတက်ပြီးသည့်နောက် ကောင်းကင်မူလလောကကြီးဆီသို့ ဦးတည် လိုက်သည်။

ရှေ့တွင်တော့ ကျိုးချီသည် လုဝူတောက်၏ လမ်းကို တားဆီးထားခဲ့၏။ လုဝူတောက်၏ အခြေအနေသည် တကယ့်ကို ဆိုးရွားလျက် ရှိနေ၏။ ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်များ လွှမ်းခြုံလျက် ရှိနေ၏။ ကျိုးချီပင်လျှင် တစ်ဖက်လူ၏ မီးတောက်များမှာ ကြောက်မက်ဖွယ်ရာ ကောင်းကြောင်း သေသေချာချာ သိရှိ၏။ သို့ပေမဲ့ လုဝူတောက်ကို လက်လွှတ်ပေး၍ မဖြစ်ချေ။ တစ်ဖက်လူသည် ဤမီးတောက်များကို ဖြေရှင်းနိုင်စွမ်းရှိသွားသည်ဆိုပါက ကျိန်းသေပေါက် ဆိုးရွားသည့် အခြေအနေမျိုးဖြင့် ပြန်လည်ကာ ပေါ်ပေါက်လာ ပေလိမ့်မည်။

သို့ပေမဲ့ ကျိုးချီတစ်ယောက် လှုပ်ရှားရန် ပြင်ဆင်လိုက်သည့် အချိန်မှာပဲ အဘိုးအို၏ စကားသံသည် သူ၏ နားထဲသို့ ဝင်ရောက်လာခဲ့၏။ “သူ့ကို လွှတ်ပေးလိုက်”

ထိုစကားကို ကြားသည့်အချိန်မှာတော့ ကျိုးချီသည် မျက်မှောင်ကုတ်လိုက်၏။ သူသည် နဝေတိမ်တောင် ဖြစ်လို့နေသည်ဆိုသော်လည်း အဘိုးအို၏ အခြေအနေကို သေသေချာချာ လှမ်းကြည့်ပြီးသည့်နောက် အတားအဆီးများကို ဖယ်ပေးလိုက်သည်။

“အဘိုးအိုကြီး... ကျုပ် ကျေးဇူးတင်နေမယ်လို့ ခင်ဗျားထင်လား”

ခေါင်းကို အသာလှည့်ပြီးသည့်နောက် လုဝူတောက်သည် အဘိုးအိုကို စူးစိုက်ကာ ကြည့်ရှုလိုက်၏။ အေးစက်လှသည့် လေသံနှင့်အတူ လှမ်းကာ ပြောလိုက်၏။ “ဒီနေ့အတွက် ခင်ဗျားကို ကျုပ် ပြန်သတ်မယ်”

သူသည် နတ်ဘုရားရောင်စဉ်များအဖြစ်သို့ အသွင်ပြောင်းကာဖြင့် ကောင်းကင်မူလလောကကြီး၏ တည်နေရာ ဆီသို့ ပြေးလေသည်။

တစ်ချိန်တည်းမှာပဲ အဘိုးအိုသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သော လုဝူတောက်၏ ကိုယ်ဟန်ကို လှမ်းကြည့်ရင်း အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်၏။ သူတို့နှစ်ယောက်သည် အရင်တုန်းက မိတ်ဆွေရင်းချာများ ဖြစ်ခဲ့ပြီး တကယ့်ကို ကောင်းမွန်သည့် ဆက်ဆံရေးမျိုး ပိုင်ဆိုင်ခဲ့၏။ ဤကဲ့သို့သော အခြေအနေမျိုးနှင့် အဆုံးသတ်လိမ့်မည်ဟု မည်သို့မှ မထင်မှတ်ခဲ့ချေ။

ယခု ဆိုးရွားသည့် အခြေအနေဖြင့် နှစ်ယောက်သား ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ပြီးပြီ ဖြစ်သောကြောင့် နောင်တစ်ချိန် ပြန်လည်ကာ တွေ့ဆုံနိုင်ခွင့် ရှိပါမည်လား။

အဘိုးအိုသည် အသာပင် သက်ပြင်းချလိုက်၏။ သူသည် မတည်ငြိမ်သည့် ခြေလှမ်းယိုင်ယိုင်ကြီးများနှင့်အတူ ကောင်းကင်ယံဆီသို့ လှမ်းလျှောက်သွား၏။

ခြေလှမ်းတစ်ခုချင်းစီတိုင်းသည် သူ၏ လက်ကျန်အားအင်များကို ထုတ်ဖော်ကာ အသုံးပြုရသောကြောင့် လဲပြိုလုမတတ်ပင်။ ကောင်းကင်ယံထက်တွင်တော့ ၎င်းလှမ်းလျှောက်သွားသည့် လမ်းတစ်ခုလုံး မီးတောက် များဖြင့် ကျွမ်းလောင်နေခဲ့၏။ လက်ရှိအချိန်မှာတော့ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပြာအဖြစ်သို့ ပြောင်းလဲလျက်ရှိနေ၏။ သူ၏ ပထမံ စိတ်ဝိညာဉ်ကသာလျှင် တောက်ပစွာ ကျန်ရှိခဲ့သည်။

၎င်းသည် ကောင်းကင်ယံတွင် ရှိနေသည့် ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ် လက်နက်ကြီးကို လှမ်းကာ ကြည့်ရှုနေ၏။ ထိုအရာ၏ နောက်ဘက်တွင် တည်နေရာလမ်းကြောင်းတစ်ခုရှိပြီး အင်မော်တယ် အင်ပါယာတစ်ယောက်သည် ထိုနေရာတွင် တည်ရှိ၏။

ဂုဏ်သိက္ခာ ကြီးမားလွန်းသည့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ဤမီးတောက်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလှကြောင်း ပြောခဲ့၏။ အင်မော်တယ်ဘုရင်တစ်ယောက်ပင် ငြိမ်းသတ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ အင်မော်တယ် အင်ပါယာတစ်ယောက်ကို ကျွမ်းလောင်စေနိုင်မလားကတော့ မသေချာလှချေ။ မည်သို့သော ရလဒ်များ ဖြစ်ပေါ်လာမည်ကို သူ စမ်းကြည့်ချင်၏။

“တာအိုရောင်းရင်း.. ခင်ဗျားတ .....” ကျိုးချီသည် ဆက်လက်ပြောဆိုရန် ပြင်လိုက်၏။ သို့ပေမဲ့ တွန့်ဆုတ်သွားခဲ့၏။ အဘိုးအိုသည် သေဆုံးလုနီးပါး ဖြစ်နေသည်ကို သူမြင်ရ၏။ မီးတောက်များ ကြားထဲတွင် ရှိနေသည့် အလင်းတန်းများသည် အချိန်မရွေး မှေးမှိန်သွားတော့မည်ပုံပင်။

“ကောင်းပြီ။ ကျုပ် လောကအသီးသီးအတွက် လုပ်စရာ တစ်ခုပဲ ကျန်တော့တယ်”

အဘိုးအိုသည် ကောင်းကင်ပေါ်သို့ လှမ်းတက်လိုက်၏။ သူ၏ ခြေလှမ်းများသည် နှေးကွေးပြီး ယိမ်းယိုင်လျက် ရှိနေသည် ဆိုလျှင်တောင်မှ သူ၏ ဆုံးဖြတ်ချက်များကတော့ ခိုင်မာလျက် ရှိနေ၏။ ဝိညာဉ်နတ်ဆိုး တောအုပ် ဌာနေအရှင် တည်ရှိရာ နေရာဆီသို့ သူသည် တဖြည်းဖြည်းချင်း ချဉ်းကပ်သွားခဲ့သည်။

All Chapters