← Chapters

အပိုင်း (၇၇၃)

Vol. 52 Ch. 773

အပိုင်း (၇၇၃)

Vol. 52 Ch. 773

“ရောက်တော့မယ်။ အချိန်ကျတော့မှာပဲ။ အရှင်နိုးထလာတော့မယ်။ အချိန်မြစ်ရေစီးကြောင်းရဲ့ တခြားတစ်ဖက်က ရောက်ရှိလာတော့မှာပဲ” ဝိညာဉ်နှင့်နတ်ဆိုးတောအုပ် ဌာနေအရှင်သည် တီးတိုး ရေရွတ်လျက်ရှိ၏။

“ဟမ်” ရုတ်တရက် သူသည် တစ်စုံတစ်ခု လွှဲမှားနေသည်ကို အာရုံခံမိ၏။ ပြီးနောက် ခေါင်းကိုလှည့်ကာဖြင့် မနီးမဝေးဆီသို့ လှမ်းကြည့်လိုက်သည်။

မီးတောက်များ ဖုံးလွှမ်းလျက် ရှိနေသည့် လူတစ်ယောက်သည် တစ်လှမ်းချင်း လှမ်းလျှောက်လာခဲ့၏။ ၎င်း လှမ်းလျှောက်လာရာ လမ်းတလျှောက်တွင် မီးတောက်များ ပြည့်နှက်နေ၏။ ကြက်သွေးရောင်မီးတောက်များ သည် လေဟာနယ်ကိုပင် ကျွမ်းလောင်စေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေသည်။ တစ်ချက်ကြည့်ရှုလိုက်သည်နှင့် အရာအားလုံးကို ဝါးမျိုနိုင်စွမ်း ရှိနေသည့် မီးတောက်များ ကဲ့သို့ပင်။

ထိုသူ၏ မနီးမဝေးတွင်တော့ ရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေသည့် ကျိုးချီရှိ၏။ ၎င်း၏ အော်ရာ များသည် တည်ငြိမ်လျက်ရှိနေပြီး ကြမ်းတမ်းလွန်းသည့် တိုက်ပွဲကြီးကို တိုက်ခိုက်ခဲ့ရသော်လည်း လက်ရှိ အခြေအနေမှာတော့ အကောင်းဆုံး အခြေအနေအဖြစ် ပြန်လည်ကာ ဖြစ်တည်လျက်ရှိ၏။

“လုဝူတောက် ဘယ်ရောက်သွားလဲ” ဌာနေအရှင်သည် အနီးအနား ပတ်ဝန်းကျင်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ သို့ပေမဲ့ လုဝူတောက်ကို မမြင်ရချေ။ ဤအရာသည် သူ့ကို တကယ်ပင် အံ့အားသင့်စေခဲ့၏။ ပြောရမည်ဆိုလျှင် ကျိုးချီသည် လုဝူတောက်ကို အနိုင်ယူနိုင်ခဲ့သည် ဆိုလျှင်တောင်မှ ကျိန်းသေပေါက် ဤမျှ မြန်ဆန်လိမ့်မည် မဟုတ်ချေ။ လုဝူတောက်သည် နောက်ကွယ်မှ ချောင်းမြောင်းတိုက်ခိုက်၍ သေဆုံးခဲ့ရသည်လား။

သူသည် မီးတောက်များ ဖုံးလွှမ်းနေသည့်လူကို လှမ်းကြည့်၍ မည်သို့မှ မနေနိုင်ဘဲ ခေါင်းကိုသာ ခါယမ်းလိုက်၏။ ဤလူသည် ဆန်းပြားသည့်ပုံစံ ပေါ်သော်လည်း အစစ်အမှန် အားအင်အဆင့်မှာတော့ အလွန်အမင်း နိမ့်ကျ၏။ မီးတောက်များသည် ၎င်း၏ အခြေခံ တစ်ခုလုံးကို ဝါးမျိုလျက် ရှိနေပြီး မည်သည့် အင်မော်တယ်ဘုရင်မဆို ထိုသူ့အား လွယ်လွယ်ကူကူ သတ်ဖြတ်ပစ်နိုင်စွမ်းရှိသည်။

ခဏလောက် စဉ်းစားပြီးသည့်နောက် သူသည် လုဝူတောက်တစ်ယောက် ဘယ်ရောက်သွားမှန်း အဖြေရှာ၍ မရနိုင်ခဲ့ချေ။ ထို့ကြောင့် ဆက်လက်ကာ မစဉ်းစားတော့ဘဲ အင်္ကျီလက်ကို အသာခါယမ်းကာ ပြောလိုက်၏။ “သူ့ကို တားလိုက်ကြစမ်း”

ကျိုးချီနှင့် မီးတောက်ကဲ့သို့သော လူနှစ်ယောက်သာလျှင်ရှိ၏။ ထိုလူများသည် သူ့အတွက် ဘာမှ မဟုတ်လှချေ။ သာမန် အင်မော်တယ်ဘုရင် နှစ်ယောက်သည် ထိုသူများအား လွယ်လွယ်ကူကူ တားဆီးနိုင်စွမ်း ရှိပေလိမ့်မည်။

အချိန်အတိုင်းအတာတိုအတွင်း ငရဲလောက၏ အရှင်သည်သာ ပြန်လည် ရောက်ရှိလာသည်ဆိုပါက ၎င်းတို့၏ ပုန်ကုန်နေခြင်းအားလုံးသည် သဲထဲရေသွန် ဖြစ်ပေလိမ့်မည်။ အဆုံးမဲ့သော အားအင်၏အောက်တွင် ပုန်ကန်သူများ အားလုံးတို့သည် စွမ်းအင်ကင်းမဲ့စွာဖြင့် ဝပ်တွားဦးချရမည် မဟုတ်ပါလား။

နောက်ဆုံးစကားလုံး ထွက်ပေါ်လာပြီးသည့်နောက် များပြားလွန်းသည့် စွမ်းအားမြင့် ကျင့်ကြံသူများ ပေါ်ပေါက် လာခဲ့၏။ ၎င်းတို့အားလုံးသည် ကျိုးချီနှင့် မီးတောက်လူတို့၏ရှေ့တွင် တားဆီးကာ ရပ်တန့် လိုက်၏။

“ကျုပ် ဒီလူတွေကို ကိုင်တွယ်လိုက်မယ်” ကျိုးချီက အရှေ့သို့ လှမ်းတက်လိုက်၏။ ကျိုးချီသည် အကြောက်အလန့် ကင်းမဲ့စွာဖြင့် အင်မော်တယ်ဘုရင် တော်တော်များများတို့နှင့် ထိပ်တိုက်ရင်ဆိုင်နေ၏။ လက်ဖျောက်တစ်ချက် တီးလိုက်သည့် အချိန်မှာပဲ လေဟာနယ်ထဲတွင် ကြီးမားလှသည့် ကြေးအိုးကြီးက ပေါ်ပေါက်လာခဲ့ပြီး တစ်ဖက်လူများ အားလုံးကို ဝင်ရောက်ကာ တိုက်ခိုက်ပြန်၏။ ဤအရာသည် ရိုးရှင်းလှသည့် တိုက်ခိုက်မှုတစ်ခုဖြစ်သည်။

ချလွမ်

နတ်ဘုရားဓားတစ်စင်း ပေါ်ပေါက်လာခဲ့ပြီး ကြေးအိုးကြီးနှင့်အတူ တစ်ဖက်လူများကို ဝင်ရောက်ကာ တိုက်ခိုက်ပြန်၏။ ဤနတ်ဘုရားဓားသည်လည်း ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ချန်ခဲ့သည့် ကျိုးချီ၏ တန်ဖိုးကြီး ရတနာတစ်ခုပင် ဖြစ်၏။ ထိုကဲ့သို့သော ရတနာများနှင့် ထုတ်ဖော်တိုက်ခိုက်သည့် အချိန်မှာတော့ အားလုံးသောသူတို့သည် အကူအညီမဲ့၊ ခုခံနိုင်မှု ကင်းမဲ့လျက်ရှိ၏။

အစပိုင်းတွင် ငရဲလောက၏ အင်မော်တယ်ဘုရင် တော်တော်များများတို့သည် အသေးစား ဒဏ်ရာများကိုသာ ရရှိခဲ့ကြ၏။ လက်နက်နှစ်ခု၏ တိုက်ခိုက်မှုအောက်တွင် ၎င်းတို့သည် အသက်ဘေးမှ မနည်း ကျဉ်းမြောင်းစွာဖြင့် လွတ်မြောက်အောင် ရှောင်ရှားနေရ၏။ ထိုအချိန်မှာပဲ ရောင်စဉ်ရောင်ဝါများ လင်းလက်လာပြီး လောကအသီးသီးတို့ဘက်တွင် ကြီးမားသည့် ပေါက်ကွဲမှုများ ဖြစ်တည်လာခဲ့၏။ နတ်ဘုရား အလင်းတန်းများသည် တကယ့်ကို လင်းလက်လျက် ရှိနေပြီး တည်နေရာတစ်ခုလုံးကို တောက်ပသည့် အလင်းတန်းများအဖြစ် လင်းထိန်စေခဲ့သည်။

အဘိုးအိုသည် တိုက်ခိုက်ရေး တည်နေရာဆီသို့ ရွေ့လျားကာ လှမ်းလျှောက်လျက် ရှိနေ၏။ လေဟာနယ် တစ်ခုလုံးသည် မီးတောက်များ၏ ဝါးမျိုခြင်းကို ခံနေရ၏။ ၎င်းသည် ဌာနေအရှင် ရှေ့ဆီသို့ ရောက်ရှိလာခဲ့၏။ မျက်လုံးများသည် တကယ့်ကို ဟောက်ပက်ကြီး ဖြစ်လို့နေခဲ့ပြီး မျက်လုံးများထဲတွင် အဆုံးအစမဲ့ ကြက်သွေးရောင်မီးတောက်များက တောက်ပလျက် ရှိနေလ၏။ ၎င်းသည် မီးတောက်နတ်ဘုရား တစ်ပါးကဲ့သို့ပင်။ မည်သည့် ကြောက်မက်ဖွယ်ရာ အော်ရာကိုမှ ထုတ်ဖော်ထားခြင်း မရှိချေ။ သို့ပေမဲ့ ၎င်းကို လျစ်လျှူရှုဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကနေ ခင်ဗျား ဘယ်လိုနည်းလမ်းမျိုးကို ရခဲ့တာလဲ”

ဌာနေအရှင်သည် တစ်ဖက်လူ၏ မီးတောက်များကို လှမ်းကာကြည့်ရှုရင်း နဝေတိမ်တောင်ဖြင့် မေးမြန်းလိုက်၏။ ဤမီးတောက်သည် တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းသည့် အခြေအနေတစ်ခု ဖြစ်ကြောင်း သူက သေသေချာချာ သိရှိနားလည်သွားခဲ့၏။

လက်ရှိလောကကြီးထဲတွင် ထိုကဲ့သို့သော အရာများကို ထုတ်ဖော်နိုင်စွမ်း ရှိနေသည့်လူသည် ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်မှလွဲလျှင် တခြားသူ မရှိနိုင်ချေ။ ထို့အပြင် တစ်ဖက်လူသည် သူ၏သခင် ဖန်တီး ထားခဲ့သည့် အစီအရင်ကြီးကို ချိုးဖြတ်ကာဖြင့် သူ၏အရှေ့ဆီသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ အဘိုးအိုသည် ငြိမ်ငြိမ်သက်သက်ဖြင့် တစ်လှမ်းချင်း လှမ်းလျှောက်လာခဲ့ပြီး ခြေလှမ်းတစ်လှမ်း လှမ်းတိုင်းတွင် လေဟာနယ်ကြီး တစ်ခုလုံးသည် မီးတောက်များ၏ ဝါးမျိုခြင်းကို ခံနေရသည်။

ဌာနေအရှင်သည် ကျိန်းသေပေါက် လှုပ်ရှားခဲ့လိုက်၏။ ၎င်းသည် မျက်လုံးကိ အသာဖွင့်ပြီးသည့်နောက် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်လှိုင်းများကို စုစည်းကာ တစ်ဖက်လူကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်၏။

“ဒါက”

ပြင်းပြင်းထန်ထန် တိုက်ခိုက်လျက် ရှိနေသည့် အင်ပါယာပိုင်ယုသည် မီးတောက်များ ဖုံးလွှမ်းလျက် ရှိနေသည့်လူကို လှမ်းကာ ကြည့်ရှုရင်း တီးတိုးရေရွတ်လိုက်သည်။ “ဒါ လီချန်းဖန်လား။ သူတကယ် ရောက်လာတာပဲ”

ထိုစကားစု ထွက်ပေါ်လာသည့် အချိန်မှာတော့ အားလုံးသောသူတို့သည် ထိုနေရာဆီသို့ လှမ်းကာ ကြည့်ရှု လိုက်၏။

များပြားလှသည့် တာအို၏ နိယာမများသည် တည်နေရာထဲတွင် လိမ်ယှက်လျက် ရှိနေပြီး လောကကြီးတစ်ခုလုံးသည် အဆုံးသတ်တော့မည့် သကဲ့သို့ပင်။ အဘိုးအိုသည် သူ့ဆီသို့ ရောက်ရှိလာခဲ့သည့် အလင်းတန်းများအား လုံးဝ ရှောင်ရှားခြင်း မပြုသလို ခုခံခြင်းလည်း မပြုလုပ်ချေ။ ထိုအရာများ သူ့အပေါ်သို့ ကျဆင်းလာသည်ကိုသာ အတိုင်းသား ကြည့်ရှုနေ၏။ မျက်နှာထက်တွင် နွေးထွေးသည့် အပြုံးတစ်ခုကို ပြုံးထားသည်။

ဘုန်း

နားကွဲလောက်စရာ အသံကြီး ပေါ်ပေါက်လာခဲ့ပြီး တစ်လောကလုံးသည် အစစ်အမှန် စွမ်းအင်များနှင့် ဖုံးလွှမ်း သွားခဲ့၏။ လောကကြီးတစ်ခုလုံး ပျက်စီးတော့မည် သကဲ့သို့ပင်။ များပြားလှသည့် အင်မော်တယ် ဘုရင်များသည် တိုက်ခိုက်မှု၏ အရှိန်အဟုန်ကြောင့် ဖြစ်တည်လာခဲ့သည့် စွမ်းအင်လှိုင်းများဆီမှ ခပ်ဝေးဝေး တည်နေရာဆီသို့ ရှောင်ရှားလိုက်ကြ၏။

ဌာနေအရှင်သည် မျက်မှောင် ကုတ်လိုက်၏။ သူသည် ပတ်ဝန်းကျင်ကို သေသေချာချာ ကြည့်ရှုလိုက်၏။ မီးတောက်များနှင့်လူသည် ဝှက်ဖဲများ တည်ရှိနေကြောင်း သူ သေသေချာချာ သိရှိ၏။ သို့ပေမဲ့ ထူးဆန်းစွာဖြင့် တစ်ဖက်လူသည် ထိုအရာများကို အသုံးပြုရန် ရည်ရွယ်ချက် ရှိသည့်ပုံ မပေါ်ချေ။ ဘာလုပ်ချင်နေသနည်း။

မည်ကဲ့သို့ ဖြေရှင်းရမည် ဆိုသည်ကို သူစဉ်းစားလျက် ရှိနေတုန်းမှာပဲ ဘုန်း ဟူသော အသံတစ်ခု ပေါ်ပေါက် လာခဲ့၏။ ရှုပ်ထွေးလွန်းသည့် လေဟာနယ်ထဲတွင် ကြက်သွေးရောင်မီးတောက်များ ထွန်းတောက်လာခဲ့ပြီး ရေတွက်၍မရအောင် များပြားသည့် ကျင့်ကြံသူများ အားလုံး၏ မျက်လုံးများကို စိုးရွံ့သွားစေခဲ့၏။

ဤအရာသည် မီးတောက်တစ်ခုဖြစ်ပြီး ဘယ်သောအခါမှ ငြိမ်းသက်နိုင်စွမ်း မရှိသည့် မီးတောက်မျိုးပင်။ ထိုမီးတောက်ကြီးသည် ဌာနေအရှင်၏ ရိုက်နှက်ချက်ကိုပင် မတ်မတ်ရပ် ခုခံလျက် ရှိနေသည်။

စောဏတုန်းက ပျောက်ကွယ်သွားခဲ့သော အဘိုးအိုသည် လေဟာနယ်ထဲတွင် ပြန်လည်ကာ ပေါ်ပေါက် လာခဲ့၏။ ၎င်းသည် မီးတောက်ပင်လယ်ကြီးတစ်ခုကို ဖန်တီးကာဖြင့် တည်နေရာ ရှေ့ဆီသို့ တစ်လှမ်းချင်း လှမ်းလျှောက်နေပြန်၏။

“ဒါ ဘယ်လိုမီးတောက်မျိုးလဲ”

ဌာနေအရှင်သည် မီးတောက်ပင်လယ်ကြီး ဆီသို့ လှမ်းကာကြည့်ရှုရင်း သူ၏ မျက်လုံးများသည် မနီးမဝေးတွင် ဆုတ်ခွာလျက် ရှိနေသည့် အင်မော်တယ် ဘုရင်များဆီသို့ ရောက်ရှိသွား၏။ ကျိုးချီပင်လျှင် ဤမီးတောက်များ၏ ခပ်ဝေးဝေးဆီသို့ ရောက်ရှိသွားခဲ့၏။ မီးတောက်သည် အားလုံးသောသူတို့ကို ကျွမ်းလောင်နိုင်သည့် အရာမျိုး ကဲ့သို့ပင်။ အင်မော်တယ် ဘုရင်များ၏ မျက်လုံးထဲတွင် ကြောက်လန့်မှုများ ပြည့်နှက်သွားခဲ့သည်။

“မဟုတ်ဘူး”

အဝေးတစ်နေရာတွင်တော့ ကျိုးချီနှင့် တိုက်ခိုက်နေသည့် အင်မော်တယ်ဘုရင်များအထဲမှ တစ်ယောက်သည် ကျိုးချီ၏ အရှေ့တွင် ရှိနေသည့် မီးတောက်များ၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။ အားလုံးသောသူတို့၏ မျက်လုံးများအောက်မှာပဲ အင်မော်တယ်ဘုရင်သည် ချက်ချင်း ပြာအဖြစ်သို့ ပြောင်းလဲ သွားခဲ့၏။ ကြက်သွေးရောင်မီးတောက်များသည် ထိုလူကို တစ်ချက်ကလေးမှ ညှာတာမှု မပေးဘဲ ဝါးမျိုခဲ့၏။

အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ ၎င်းသည် လုဝူတောက်၊ လီချန်းဖန်တို့နှင့် အရည်အချင်း ကွာခြားလွန်း၏။ ထို့ကြောင့် မီးတောက်များ၏ ကျွမ်းလောင်မှုကို လုဝူတောက်ကဲ့သို့ ကြာကြာ ခံယူနိုင်လိမ့်မည် မဟုတ်ချေ။

“အား” နောက်ထပ် အင်မော်တယ်ဘုရင် တစ်ယောက်သည်လည်း မီးတောက်များ၏ ဝါးမျိုခြင်းကို ထပ်မံကာ ခံလိုက်ရ၏။ သူသည် အဆုံးစွန်အထိ လွတ်မြောက်အောင် ထွက်ပြေးခဲ့သော်လည်း ကျိန်းသေပေါက် မလွတ်မြောက်နိုင်ခဲ့ချေ။

All Chapters