အပိုင်း (၇၇၅)
Vol. 52 Ch. 775
“သတ္တမဘိုးဘေး” လျှိုချင်းကျီက အော်ဟစ်လိုက်၏။ ၎င်းသည် ခန္ဓာကိုယ်တစ်ခုလုံး အမွှေးများ ထောင်ထသည် အထိ ဒေါသထွက်လျက် ရှိနေ၏။ ၎င်း၏ အော်ရာများသည် အဆုံးစွန်အထိ ထိုးတက်လာခဲ့၏။ လျှိုကလန်သည် အချိန်အတိုင်းအတာတိုအတွင်း ဤကဲ့သို့သော အခြေအနေမျိုး ကြုံရလိမ့်မည်ဟု သူ မယုံကြည်နိုင်ခဲ့ချေ။
လက်ရှိ လောကကြီးထဲမှာတော့ လျှိုချင်းဟုန်သည် မြေပြင်တစ်ခုထဲတွင် နစ်ဝင်လျက် ရှိနေပြီး သတ္တမဘိုးဘေးကြီး ကလည်း သေဆုံးသွားခဲ့ပြီဖြစ်၏။ လျှိုကလန်သည် တကယ့်ကို ကြီးမားသည့် ကပ်ဘေးကြီးကို ရင်ဆိုင် နေရခြင်းပင်။
“ချင်းကျီ.. စိတ်လိုက်မာန်ပါ မလုပ်နဲ့”
လျှိုရွှမ်ချမ်သည် လျှိုချင်းကျီ၏ ဘေးနားတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်းသည် တစ်ဖက်လူကို လှမ်းကာ ဆွဲလိုက်၏။ လျှိုချင်းဟုန် သို့မဟုတ် ဒုတိယဘိုးဘေးကြီးပင်လျှင် တစ်ဖက်လူကို မယှဉ်နိုင်ခဲ့ချေ။ လျှိုချင်းကျီ သည်သာ အရှေ့သို့ လှမ်းတက်သွားသည်ဆိုပါက ကျိန်းသေပေါက် သေတွင်းထဲသို့ ခုန်ချခြင်းပင်။
“ချင်းဟုန်က အဆင်ပြေတယ်။ သူမသေသေးဘူး” လျှိုရွှမ်ချမ်သည် တစ်ဖက်လူကို မျက်လုံးဖြင့် အရိပ်အကဲ ပြကာဖြင့် အသံပို့လွှတ်လိုက်၏။ ချင်းဟုန်၏ အသက်ရှူနှုန်းများသည် နှေးကွေးလျက် ရှိနေသည် ဆိုလျှင်တောင်မှ မသေဆုံးသေးချေ။ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိရုံသာဖြစ်သည်။
“ပြီးတော့”
လျှိုရွှမ်ချမ်က ဆက်လက်ကာ ပြောဆို၏။ သူက ကောင်းကင်ကို မော့ကြည့်လိုက်၏။ “ငရဲလောကက အကြာကြီး ဂုဏ်ယူဝံ့ကြွားနိုင်နေမှာ မဟုတ်ဘူး။ စောဏတုန်းက စီနီယာက မီးမျိုးစေ့တစ်ခုကို ထုတ်ဖော်လိုက်တယ်လေ။ ဌာနေအရှင်တောင် ပိတ်မိနေခဲ့ပြီ။ ဒီလိုမီးမျိုးက ဘယ်လိုလူမျိုးကိုမဆို လောင်ကျွမ်းနိုင်စွမ်း ရှိနေတယ်။ ကွာစီ အင်မော်တယ် အင်ပါယာတောင်မှ ဒီမီးနဲ့ ထိတွေ့ရင် လောင်ကျွမ်းခံရမှာ သေချာတယ်။ ဒီတော့ နည်းနည်းလောက် တောင့်ခံထားလိုက်မယ်။ မကြာခင် ဒီကပ်ဘေးကြီးကနေ ကျော်လွန်သွားနိုင်လိမ့်မယ်”
အစစ်အမှန်တရားမှာတော့ များပြားသည့် အင်မော်တယ်ဘုရင်များသည်လည်း ထိုကဲ့သို့သော အစီအစဉ် တည်ရှိလို့နေခဲ့၏။ အသက်ရှင် ကျန်ရှိခဲ့သည့် အင်မော်တယ်ဘုရင်များသည် ကောင်းကင်ယံတွင် ဖြစ်တည်နေသည့် မြင်ကွင်းကို လှမ်းကြည့်ပြီး ငရဲလောကကြီး ကြုံရမည့် ကပ်ဘေးကို စောင့်မျှော်လျက် ရှိနေကြသည်။
ဌာနေအရှင်သည် ဤကပ်ဘေးအား ကြံ့ကြံ့ခံမရပ်တန့်နိုင်ဘူးဆိုပါက သူတို့အနေနှင့် အရှေ့သို့ လှမ်းတက်ပြီး ငရဲလောကတွင် ကျန်ရှိနေသည့် လူများကို ဝိုင်းဝန်းကာ တိုက်ခိုက်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ငရဲလောကကြီးသည် ပျက်စီးသွားမည် မဟုတ်ပါလား။
မီးတောက်ပင်လယ်ကြီးသည် ဌာနေအရှင်ကို ထိခိုက်မှုဖြစ်အောင် မပြုလုပ်နိုင်သည် ဆိုပါက သူတို့အနေနှင့် ထွက်ပြေးရန် စဉ်းစားထား၏။ ၎င်းတို့သည် လမ်းဆုံလမ်းခွ တည်နေရာတွင် ရပ်တန့်လျက် ရှိနေသည့် လူများကဲ့သို့ပင်။ အခြေအနေကောင်းရာဆီသို့ ကူးပြောင်းရန် အဆင့်သင့် ဖြစ်နေကြ၏။
“ဟမ်”
ရှီယွင်သည် အသာလှည့်ကာ ကြည့်ရှုပြီး အဝေးတစ်နေရာရှိ မြင်ကွင်းကို ကြည့်ရှုလိုက်၏။ ချက်ချင်းပဲ သူက ပြောဆိုလိုက်သည်။ “ငရဲလောကကြီး ပျက်စီးသွားမလား၊ မပျက်စီးသွားလားဆိုတာ ဘယ်သူမှ အာမ မခံနိုင်ဘူး။ ဒါပေမဲ့ သေချာတာက ဘာတွေဆက်ဖြစ်မလဲ ဆိုတာကို ခင်ဗျားတို့ မြင်ရမှာ မတုတ်ဘူး”
လက်တစ်ချက်ကို ယမ်းခါပြီးနောက် သူ၏ အနောက်ဘက်တွင် နတ်ဘုရားမီးအိမ်ကြီး ပေါ်ပေါက်လာခဲ့၏။ ထိုအရာသည် အဆုံးအစမဲ့သော ရောင်စဉ်တန်းများ ထွန်းတောက်လျက် ရှိနေပြီး အရာအားလုံးကို ကြီးမားသည့် ဖိအားဒဏ်များ ပေးစွမ်း၏။
ထိုအလင်းတန်းများသည် ပူလောင်သည့် အလင်းတန်းများအဖြစ် ဖြစ်တည်လာခဲ့ပြီး လျှိုကလန်တွင် ရှိနေသည့် အဖွဲ့ဝင်များဆီသို့ ကျဆင်းလာ၏။ နတ်ဘုရားမီးတောက်ကြီး ကျဆင်းမလာခင်မှာဘဲ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဖိအားဒဏ်က အရင်ဆုံး ရောက်ရှိလာခဲ့သည်။
လျှိုကလန်မှ အဖွဲ့ဝင်အားလုံးတို့သည် ပြင်းထန်သည့် တိုက်ပွဲတစ်ခုကို တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့သည် ဆိုသော်လည်း လက်ရှိ ပေါ်ပေါ်က်လာသည့် အလင်းရောင်များသည် ၎င်းတို့၏ ခန္ဓာကိုယ် တစ်ခုလုံးကို တိုက်စားသွားခဲ့၏။ လောကကြီးတစ်ခုလုံးသည် ပြောင်းပြန်လှန်နေသကဲ့သို့ပင်။ ခပ်ဝေးဝေး တည်နေရာဆီသို့ အလျင်အမြန် လှမ်းဆုတ်လိုက်ကြရ၏။
ဌာနေအရှင် ဖွင့်လှစ်ထားခဲ့သည့် တည်နေရာ လမ်းကြောင်းအတွင်းမှာတော့ ဆန်းကြယ်သည့် လူတစ်ယောက်သည် မတ်မတ်ရပ်လျက် ရှိနေလေ၏။ ခန္ဓာကိုယ် တစ်ခုလုံးသည် မဲမှောင်လျက်ရှိနေပြီး လက်နှစ်ဖက်ကို နောက်သို့ ပစ်ထား၏။ ၎င်း၏ဆံနွယ်များသည် လေနှင့်အတူ လွင့်လျက်ရှိနေပြီး ခန္ဓာကိုယ်၌ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အင်မော်တယ်စွမ်းအင်များ ရစ်သိုင်းလျက် ရှိနေသည်။
ဘုန်း .....။
ကောင်းကင်ယံထက်တွင် ကြောက်မက်ဖွယ်ရာကောင်းသည့် အသံနက်ကြီး ပေါ်ပေါက်လာခဲ့၏။ အဆုံးအစမဲ့ မီးတောက်ပင်လယ်ကြီးသည် တည်နေရာတစ်ခုလုံးကို လွှမ်းခြုံလျက် ရှိနေ၏။ ကြောက်မက်ဖွယ်ရာကောင်းလှ၏။
“ငရဲလောကရဲ့ အရှင်လား”
ခြောက်ကပ်ကပ် အသံတစ်ခုက ပဲ့တင်ထပ်လာခဲ့၏။ ထိုအရာသည် လျှိုရွှမ်ချမ်၏ အနောက်ဘက်ဆီမှ ထွက်ပေါ်လာသည့်အသံဖြစ်၏။ လျှိုချင်းဟုန်သည် မြေပြင်ဆီမှ သွေးအလိမ်းလိမ်းနှင့် ပြန်လည်ကာ ငုတ်တုပ်ထထိုင်လာခဲ့၏။ သူ၏ ခန္ဓာကိုယ်သွင်ပြင် တစ်ခုလုံးသည် စုတ်ပြတ်သတ်လျက် ရှိနေလေ၏။ ဖြူဖွေးလျက် ရှိနေသည့် ဆံနွယ်များသည်လည်း အပိုင်းပိုင်း အစစပင်။
“ချင်းဟုန်... အဆင်ပြေရဲ့လား”
ထိုစကားသံကို ကြားရသည့် အချိန်မှာတော့ လျှိုရွှမ်ချမ်သည် ချက်ချင်းပဲ ခေါင်းကို လှည့်ကာဖြင့် စိုးရိမ်ပူပန်မှုအပြည့်ဖြင့် လှမ်းကာ မေးမြန်းလိုက်၏။
လျှိုချင်းဟုန်သည် ခေါင်းကို ခါယမ်းလိုက်၏။ ၎င်းသည် သတ်ဖြတ်လိုခြင်း ဆန္ဒများကို အပြည့်အဝ ထုတ်ဖော်ကာ ဖြင့် ရှီယွင်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သူသည် စောဏတုန်းက ဖြစ်တည်ခဲ့သည့်အရာ အားလုံးကို မျက်မြင်တွေ့ခဲ့ပြီးဖြစ်သည်။
ရှီယွင်၏ လက်ထဲတွင် သတ္တမဘိုးဘေးကြီးက သေဆုံးခဲ့၏။ လက်ရှိအချိန်တွင် သွေးကြွေးဆပ်ရန် အချိန်အခါ မဟုတ်သေးချေ။ ပိုမို၍ အရေးကြီးမားသည်မှာ ကောင်းကင်ယံတွင် ရှိနေသည့် မိုးကောင်းကင် ဂိတ်တံခါးကြီး ထဲတွင် ငရဲလောက၏အရှင်သည် လောကကို ဖြတ်သန်းကာ ရောက်ရှိလာတော့မည့်ပုံပင်။
“ကျုပ် အဆင်ပြေတယ်”
လျှိုချင်းဟုန်သည် ခေါင်းကို ခါယမ်းလိုက်၏။ သူသည် လေးနက်တည်ကြည်သည့် မျက်နှာသွင်ပြင်ဖြင့် ဂိတ်တံခါးကြီးဆီသို့ လှမ်းကာ ကြည့်ရှုရင်း ခြောက်ကပ်ကပ် ပြောဆိုလိုက်၏။ “ငရဲလောကနဲ့ ရှိတဲ့ ရန်ငြိုးက...”
ယခု ငရဲလောက၏ အရှင်သည် လောကကို ဖြတ်သန်းကာ မရောက်ရှိသေးချေ။ သို့ပေမဲ့ ယခင်ကနှင့် ခြားနားလျက် ရှိနေကြောင်း သိရှိ၏။ လက်ရှိအခြေအနေ၌ သူတို့ တောင့်ခံနိုင်ပါ့မည်လား ဆိုသည်ကို လျှိုချင်းဟုန် သေချာ မသိတော့ချေ။
ငရဲလောက၏ အရှင်သည် ပြန်လည်နိုးထလာသည့်အချိန်တွင် ဘာတွေ ယူဆောင်လာမည်နည်း။ ငရဲလောကသည်သာ ပြန်လည်ကာ အသက်ဝင်နိုးထလာသည်ဆိုပါက လျှိုကလန်အနေနှင့် ဆက်လက် တိုးတက် လာနိုင်ရန် အခြေအနေ မရှိတော့ချေ။ ထို့အပြင် သတ္တမဘိုးဘေးကြီးကလည်း သေဆုံးသွားခဲ့ပြီ ဖြစ်၏။ လျှိုချင်းယုသည် ကလန်ကို သစ္စာဖောက်ခဲ့၏။
“သွားပြီ။ အားလုံး သွားပြီးပဲ။ ဒီလူတွေ အကုန်လုံးကို ကြည့်ရတာ တစ်ဖက်ကို ခိုလှုံဖို့ ပြင်ဆင်နေတဲ့ပုံပဲ” အသင်္ချေ များပြားလှသည့် လောကကြီးထဲတွင် အင်မော်တယ်ဘုရင် တော်တော်များများတို့သည် သာရာဘက်သို့ ကူးပြောင်းရန် အဆင်သင့်ဖြစ်နေကြသည်။
ထိုအင်မော်တယ်ဘုရင်များထဲတွင် တချို့သောသူများသည် အင်မော်တယ်လောကမှဖြစ်ပြီး တချို့မှာတော့ နတ်ဘုရားလောက မှဖြစ်၏။ တချို့သည် သူတို့နှင့် ရင်းနှီးပတ်သက်နေသည့် လူများပင်ပါ၏။ သို့ပေမဲ့ လက်ရှိ အခြေအနေတွင် အားလုံးသောသူတို့မှာ ငရဲလောက၏ ဘက်ခြမ်းတွင် မားမားမတ်မတ် ရပ်တည်ရန် ရွေးချယ်ခဲ့ကြပြီး ဖြစ်၏။
ဒူ ...။
စည်တီးသံ ကဲ့သို့သော အသံကြီး ပေါ်ပေါက်လာခဲ့ပြီး လောကကြီး တစ်ခုလုံးကို တုန်ခါစေခဲ့၏။ အားလုံးသော သူတို့သည် အံ့အားသင့်လို့သွား၏။ ဤအရာသည် ငရဲလောကအရှင်၏ နှလုံးခုန်သံပင် ဖြစ်၏။ အလွန်အားကောင်း လွန်းလှပြီး ပြန်လည် အသက်ဝင်လာသည့် အချိန်တွင် အားလုံးသောသူတို့ကို ကြောက်ခမန်းလိလိ ခံစားချက် များကို ပေးစွမ်းသည်။
“အရှင်” ဌာနေအရှင်သည် ရင်းနှီးနေသည့် ပုံပန်းသွင်ပြင်ကို မြင်ရသည့် အချိန်မှာတော့ မြေပေါ်သို့ ဒူးထောက် ထိုင်ချကာဖြင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လျက် ရှိ၏။ နှစ်ပေါင်း မည်မျှ ကြာမြင့်ခဲ့ပြီနည်း။ သူ မမှတ်မိတော့ချေ။ အလွန်ဝေးကွာလှသည့် ရှေးတိုက်ပွဲကြီး ပြီးသည့်နောက် သူ၏ သခင်သည် ဤလောကကြီးဆီမှ ထွက်ခွာသွားခဲ့ပြီး မည်သည့်နေရာသို့ ရောက်ရှိသွားမှန်း မသိချေ။ သို့ပေမဲ့ သူ၏ သခင်သည် ပြန်လည် ရောက်ရှိလာသည်ကို မြင်ရသည့် အချိန်မှာတော့ မထိန်းချုပ်နိုင်စွာဘဲ စိတ်လှုပ်ရှားနေမိ၏။
“အင်း”
“အရှင်”
ထိုအချိန် နတ်ဆိုးလောကကြီး၏ အတွင်းဘက်မှာတော့ များပြားလှသည့် အင်မော်တယ်ဘုရင်များသည် အရှင် ဆိုသည့် စကားလုံးကို အော်ဟစ်လိုက်ကြသည်။
အားလုံးသော သူတို့အတွက် အံ့အားသင့်စရာပင်။ ငရဲလောက၏ အရှင်သည် ပြန်လည်အသက်ဝင် နိုးထလာခဲ့ပြီ ဖြစ်၏။ အချိန်မရွေး လောကကို ဖြတ်သန်းကာဖြင့် ရောက်ရှိလာပေတော့မည်။ လက်ရှိအချိန်တွင် ဆုံးဖြတ်ချက် ချရပေတော့မည်။ သူတို့အနေနှင့် ကျိန်းသေပေါက် တစ်ဖက်ဖက်ကို ရွေးချယ်ရမှာဖြစ်၏။
လွန်ခဲ့သည့် နှစ်ပေါင်း သန်းချီက ဖြစ်တည်ခဲ့သည့် အကြောင်းအရာများကို ပြန်လည်ကာ တွေးတောရမည်ဆိုလျှင် ယနေ့အခြေအနေသည် အလုံးစုံဝေခွဲရခက်သည့် အခြေအနေမျိုးပင်ဖြစ်၏။ နတ်ဘုရားအင်ပါယာက မရှိတော့ချေ။ သို့ပေမဲ့ ငရဲလောက၏ အရှင်မှာတော့ ကျန်ရှိနေသေး၏။ မကြာခင် တွင်လည်း လောကကို ဖြတ်သန်းကာ ရောက်ရှိလာပေလိမ့်မည်။ ထို့ကြောင့် ငရဲလောကကို ပူးပေါင်းခြင်း ဆိုသည်မှာ လက်ရှိအချိန်၌ အသက်ရှင် ရပ်တည်နိုင်ရန် တစ်ခုတည်းသော မျှော်လင့်ချက်ပင်။
ထို့အပြင် လောကအသီးသီးဘက်တွင် နတ်ဘုရားအင်ပါယာ မရှိသလို ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် သည်ကလည်း ဝင်ရောက် ပါဝင်လှုပ်ရှားရန် စိတ်ဆန္ဒ မရှိသည့်ပုံပင်။ ထို့အပြင် ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်သည် ငရဲလောကကြီး ရောက်ရှိလာတော့မည်ကို ကြိုတင်ကာ ပြောဆိုခဲ့ပြီးဖြစ်၏။ လောက အသီးသီးတို့ သည်လည်း စုစည်းခြင်းကို ခံရပေလိမ့်မည်။ ထိုသို့ဆိုလျှင် ငရဲလောကကြီးသည် အားလုံးသောသူတို့ကို လွှမ်းမိုးကာ အုပ်ချုပ်တော့မည် မဟုတ်ပါလား။
ထိုကဲ့သို့သော အကြောင်းအရာများကို တွေးတောပြီးသည့်နောက် အင်မော်တယ်ဘုရင်ပေါင်း များစွာတို့သည် ခုခံရန် အတွေးများကို စွန့်လွှတ်ပြီးသည့်နောက် ငရဲလောကဘက်ခြမ်းသို့ ပူးပေါင်းဝင်ရောက်လိုက်ကြတော့သည်။