← Chapters

အပိုင်း (၇၇၆)

Vol. 52 Ch. 776

အပိုင်း (၇၇၆)

Vol. 52 Ch. 776

“လောကအသီးသီးတို့အတွက် မျှော်လင့်ချက်ဆိုတာ မရှိတော့ဘူးလား” ကျိုးချီသည် ကောင်းကင်ယံ ထက်တွင် မတ်မတ်ရပ်လျက်ရှိ၏။ ၎င်း၏နှလုံးသားထဲတွင် ဝမ်းနည်းမှုများနှင့် ပြည့်နှက်လျက်ရှိ၏။ သူသည် ကောင်းကင်နှင့်မြေကြီးမှ တစ်ယောက်တည်း ထွက်ခွာသွားခဲ့သူ တစ်ယောက်ကဲ့သို့ပင်။

အနားပတ်ဝန်းကျင်ကို ကြည့်ရှုရမည်ဆိုလျှင် များပြားလွန်းသည့် အင်မော်တယ်ဘုရင်များရှိပြီး ၎င်းတို့အားလုံးသည်လည်း ငရဲလောကဆီသို့ ပူးပေါင်းသွားခဲ့ကြလေပြီဖြစ်၏။ တချို့ကျန်ရှိနေခဲ့သည့် လူများသည် ငရဲလောက၏ အင်မော်တယ်ဘုရင်များနှင့် တိုက်ခိုက်လျက် ရှိနေ၏။

“စီနီယာ”

မနီးမဝေးတွင်တော့ လျှိုချင်းဟုန်၏အသံက ပေါ်ပေါက်လာခဲ့၏။ ၎င်းသည် ကျိုးချီအနားသို့ ချဉ်းကပ်လာခဲ့လေ၏။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးများဖုံးလွှမ်းလျက် ရှိနေ၏။ ၎င်းက လေးလေးနက်နက်နှင့် ပြောဆိုလိုက်သည်။

“စီနီယာ.. အင်မော်တယ်ဘုရင်စာရင်းရဲ့ နံပါတ်တစ်နေရာမှာ ရှိတယ်ဆိုတော့ ရှေးတိုက်ပွဲကြီးကို ပါဝင် ယှဉ်ပြိုင်ခဲ့ဖူးမှာပေါ့။ ဒါရင်” ပြောနေရင်းမှာပဲ လျှိုချင်းဟုန်သည် တွန့်ဆုတ်သွားခဲ့၏။

ကျိုးချီ၏ အခြေအနေသည် ပုံမှန်မဟုတ်သည်ကို အားလုံးက သိရှိပြီးဖြစ်၏။ ၎င်းသည် များပြားလှသည့် ကွာစီအင်မော်တယ် အင်ပါယာများ၏ စိတ်ဆန္ဒဖြင့် ပြန်လည်ကာ မွေးဖွားလာခဲ့သည့် လူတစ်ယောက် ကဲ့သို့ပင်။ ၎င်း၏ အားအင်အဆင့်သည် ရှုပ်ထွေးလျက် ရှိ၏။ သို့ပေမဲ့ ကြောက်မက်ဖွယ်ရာ ကောင်းသည်ထက် ပို၏။

သာမန်အသိအမြင်အရဆိုလျှင် ကျိုးချီသည် ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်ရန်အတွက် အားလုံးသော သူတို့ထက် ပိုမိုကာ များပြားသည့် အခွင့်အရေးကို ပိုင်ဆိုင်၏။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် ကွာစီ အင်မော်တယ် အင်ပါယာများ၏ အသိအမြင်ကို ပိုင်ဆိုင်ထားသောကြောင့်ပင်။

“ဘာပြောချင်တာလဲ” ကျိုးချီသည် မျက်မှောင်ကုပ်ကာ မေးမြန်းလိုက်သည်။

“တခြားကို ဆိုလိုတာ မဟုတ်ပါဘူး။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပြောတဲ့ထဲမှာ ဒီလောကကြီး ပေါ်လာတဲ့အချိန် ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေးက ပေါ်ပေါက်လာလိမ့်မယ်တဲ့” လျှိုချင်းဟုန် သည် အနားပတ်ဝန်းကျင်ကို လှမ်းကြည့်ကာဖြင့် သက်ပြင်းချကာ ပြောလိုက်၏။

“ဒါပေမဲ့ အခု ငရဲလောကရဲ့အရှင်တောင် ပေါ်လာခဲ့ပြီ။ ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေးက ပေါ်မလာသေးဘူးလေ။ စီနီယာအနေနဲ့ အဲသတင်းအချက်အလက်ကို သိလား” လျှိုချင်းဟုန်သည် အရိုးသားဆုံး ပြောဆိုခဲ့၏။ သူ့၌ မည်သည့် မျှော်လင့်ချက်မှ မရှိတော့ချေ။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် အခွင့်အရေး ပေါ်ပေါက်လာမည် ဖြစ်ကြောင်းကို ပြောဆို ခဲ့ပြီးသား ဖြစ်၏။ ထို့ကြောင့် အခွင့်အရေးသည် ပုန်းအောင်းနေခြင်းသာ ဖြစ်ပေလိမ့်မည်။ အချိန်ကာလနှင့် အခြေအနေ ကိုက်ညီသည်ဆိုပါက ထွက်ပေါ်လာမှာ သေချာ၏။

ကျိုးချီသည် ရုတ်တရက် ကြောင်အသွားမိ၏။ သူသည် တစ်စုံတစ်ခုကို တွေးတောလိုက်မိပုံပေါ်၏။ ပြီးနောက် တီးတိုး ရေရွတ်လိုက်သည်။ “ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေးလား။ မင်း အဲဒါကို ရှာနေတာလား”

“ဟုတ်ပါတယ်”

လျှိုချင်းဟုန်သည် ခေါင်းညိတ်လိုက်၏။ “ကံဆိုးစွာနဲ့ ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက် ဝင်ပြီး လှုပ်ရှားမယ် ဆိုရင်တောင် နောက်ဆုံးရလဒ်က ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။”

“ကွာစီ အင်မော်တယ် အင်ပါယာ တွေက သူတို့ရဲ့အသက်တွေကို စတေးပြီးတော့ ပေးခဲ့တယ်” ကျိုးချီသည် အသာလှည့်ပြီး လျှိုချင်းဟုန်အနားသို့ ချဉ်းကပ်သွား၏။ သူ၏ လေသံသည် လေးနက်လျက်ရှိသည်။

ဘေးတစ်ဖက်တွင် ရှိနေသည့် ဒုတိယဘိုးဘေးကြီး၊ လျှိုချင်းကျီနှင့် တခြားသောသူ အားလုံးတို့သည် ဇဝေဇဝါ ဖြစ်နေ၏။ အခြေအနေကို နားမလည်နိုင်ခဲ့ကြပေ။ ကျိုးချီသည် ထိပ်ဆုံးအဆင့် အင်မော်တယ်ဘုရင် တစ်ယောက်ဖြစ်၏။ ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေး မည်သည့်နေရာတွင်ရှိကြောင်း သိရှိနေနိုင်သည်။ ထိုအတွေးကို တွေးမိပြီးနောက် လူပေါင်းများစွာတို့သည် မျက်လုံးများ တောက်ပသွားခဲ့၏။

ဟုတ်ပေသည်။ ကျိုးချီသည် သက်ရှိလူသားတစ်ယောက် မဟုတ်ချေ။ ထို့ကြောင့် ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက် ဖြစ်မလာသေးချေ။ သို့ပေမဲ့ ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေး မည်သည့်နေရာတွင် ရှိသည်ဖြစ်ကြောင်းကိုတော့ သိရှိမှာ သေချာသည်။

“တာအိုရောင်းရင်း... ဘာလို့ စမ်းမကြည့်ရတာလဲ” ထိုအချိန်မှာတော့ နတ်ဘုရားအင်ပါယာပိုင်ယုသည် ဘေးတစ်ဖက်မှ လှမ်းကာပြောဆိုလိုက်၏။ ငရဲလောက၏အရှင်က အသက်ဝင် နိုးထလာခဲ့ပြီဖြစ်ပြီး အချိန်မရွေး လောကကို ဖြတ်သန်းကာ ရောက်ရှိလာပေလိမ့်မည်။ ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ထွက်ပေါ်လာခြင်း မရှိသည်ဆိုပါက အရာအားလုံး ဆုံးရှုံးမည်မဟုတ်ပါလား။

“အလုပ်မဖြစ်မှာကို စိုးရတယ်” ကျိုးချီသည် ခေါင်းကို ခါယမ်းလိုက်၏။

လျှိုချင်းဟုန်နှင့် ဘေးတစ်ဖက်တွင် ရှိနေသည့် တခြားသောသူအားလုံးတို့ကလည်း စိုးရိမ်ပူပန်သွားမိသည်။

“စီနီယာ... အခွင့်အရေး ဘယ်မှာရှိတယ်ဆိုတာကို သိတာလား။ ဒါဆိုရင် ကျုပ်တို့ နှောင့်နှေးနေလို့ မဖြစ်ဘူး။ မဟုတ်ရင် လောကအသီးသီးတို့ မျက်စိတစ်မှိတ်အတွင်း ဖျက်ဆီးခံရလိမ့်မယ်”

“အင်း... ကျုပ် ခင်ဗျားတို့ကို မကူညီချင်လို့ မဟုတ်ဘူး။ ကျင့်ကြံခြင်းလမ်းစဉ်က ထိခိုက်သွားပြီ။ ဒါကြောင့် ကျုပ်ဆိုရင်တောင် စွမ်းအားကင်းမဲ့နေတယ်” ကျိုးချီက ပြောဆိုလိုက်၏။

“စီနီယာ... ဒါတွေစိတ်ပူနေဖို့ မလိုပါဘူး။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က အရေးအကြောင်း အခြေအနေမျိုးမှာ ကျုပ်တို့ကို ကူညီနိုင်လိမ့်မယ်” လျှိုချင်းဟုန်က မြန်မြန်ဆန်ဆန်နှင့် အာမခံလိုက်သည်။

“ဪ”

ကျိုးချီသည် မျက်ခုံးကို ပင့်ပြီးသည့်နောက် စဉ်းစားတွေးတောကြည့်လိုက်၏။ သူပြောရမလား မပြောရမလား ဆိုသည်ကို ချိန်ဆလျက် ရှိနေပုံပင်။

ထိုအခြင်းအရာသည် အခြားသောသူအားလုံးကို အလောတကြီးနှင့် စိတ်ခံစားချက်များ ဖြစ်စေခဲ့၏။

“တာအိုရောင်းရင်း... ဆုံးဖြတ်ချက် မြန်မြန်ချပါ” နတ်ဘုရားအင်ပါယာပိုင်ယုက ပြောဆိုလိုက်၏။ သူသည် လက်သီးကိုဆုပ်ကာဖြင့် တစ်ဖက်လူကို လေးစားသည့်အမူအရာမျိုး ပြသလိုက်၏။ ကွာစီအင်မော်တယ် အင်ပါယာ မည်သူ ဖြစ်လာမည်က အရေးမကြီးချေ။ အရေးကြီးသည်မှာ ငရဲလောက၏အရှင်ကို ခုခံနိုင်ရန်ပင်။

အခြေအနေသည် ယုတ္တိတန်သည့် အကြောင်းအရာမျိုးမဟုတ်ဘူး ဆိုလျှင်တောင်မှ ငရဲလောက၏အရှင် ဤနေရာသို့ တည်နေရာဖြတ်သန်းမလာသေးခင် အရာအားလုံးကို ပြောင်းပြန်လှန်ပစ်နိုင်သည့် အခွင့်အရေး သည် ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေးပင် ဖြစ်လေ၏။

“မင်း ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ရောက်ဖူးတယ် ဆိုမှတော့”

ကျိုးချီသည် ခန္ဓာကိုယ်ကို အသာလှည့်ကာဖြင့် အားလုံးသောသူတို့၏ မျက်နှာများကို ကြည့်ရှုလိုက်၏။ ပြီးနောက် နောက်ဆုံး လျှိုချင်းဟုန်ဆီတွင် ရပ်တန့်သွားခဲ့၏။ သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေးက ကျုပ်ဆိုတာကို ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က မပြောခဲ့ဘူးလား”

“ဘာ” လူပေါင်းများစွာတို့က တုန်လှုပ်သွားခဲ့၏။

မည်သို့သောအရာနည်း။ ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေးသည် လူတစ်ယောက်ဆီတွင် ရှိနေသည်လား။ ထို့အပြင် အင်မော်တယ်ဘုရင်စာရင်း၏ ထိပ်ဆုံးတွင် ရှိနေသည့် လူတစ်ယောက်တွင် ရှိနေသည်လား။ ဤအရာသည် အားလုံးသောသူတို့ ထင်မှတ်ထားသည်နှင့် ကွာခြားလျက် ရှိနေ၏။ ကွာစီအင်မော်တယ်အင်ပါယာ အခွင့်အရေးကို ရှာဖွေချင်သည်ဆိုပါက တည်နေရာကိုသာ သွားရောက် ရှာဖွေကြမှာဖြစ်၏။ အဘယ့်ကြောင့် လူတစ်ယောက်တွင် ဤအခွင့်အရေးက တည်ရှိနေရသနည်း။

“စီနီယာ... နောက်နေတာ မဟုတ်ဘူးလား”

လျှိုချင်းဟုန်သည် လေးလေးနက်နက်နှင့် မေးမြန်းလိုက်လေ၏။ ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေး ပေါ်ပေါက်လာသည့်အချိန်တွင် အားလုံးသောသူတို့သည် တည်နေရာထဲတွင် လိုက်လံကာ ရှာဖွေရန် ကြိုးစားကြမှာ သေချာသည်။

“ငါ့ကိုကြည့်ရတာ နောက်နေတဲ့ပုံ ပေါ်လို့လား”

ကျိုးချီ၏ နက်နဲလှသည့် မျက်လုံးထဲတွင် စွမ်းအင်လှိုင်းများနှင့် ဖြစ်တည်လာခဲ့၏။ သူသည် များပြားလှသည့် အတွေ့အကြုံများကို ရရှိခဲ့သည့် လူတစ်ယောက်ကဲ့သို့ပင်။ အသာပြုံးကာဖြင့် လျှိုချင်းဟုန်ကို ကြည့်ရှုလိုက်၏။ ပြီးနောက် နွေးထွေးစွာ ပြောလိုက်၏။

“မင်း... ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်ချင်လား”

“ကျုပ်လား” လျှိုချင်းဟုန်က တွန့်ဆုတ်သွား၏။ သူ၏အနားတွင် စွမ်းအားမြင့် ကျင့်ကြံသူများတည်ရှိ၏။ ထိုထဲတွင် ဖီးနစ်ဘိုးဘေး၊ နတ်ဘုရားအင်ပါယာပိုင်ယု ထိုသူများသည် သူ့ထက် ပိုမိုကာ အားကောင်း၏။ ၎င်းတို့၏ ရှေးတိုက်ပွဲတွင် တိုက်ခိုက်ခဲ့သည့် အတွေ့အကြုံများကို သုံးသပ်ရမည် ဆိုလျှင် ကျိန်းသေပေါက် ကွာစီအင်မော်တယ် အင်ပါယာဖြစ်ရန်အတွက် သင့်တော်သည့်လူမျိုးများပင်။

အားလုံးသောသူတို့သည် သူ့ထက် ကွာစီအင်မော်တယ် အင်ပါယာဖြစ်ရန် အရည်အသွေးအရ ကိုက်ညီလျက် ရှိသည်။ အဘယ့်ကြောင့် စီနီယာကျိုးချီသည် သူ့ကို ရွေးချယ်ရသနည်း။

အခြားတစ်ဖက်တွင်တော့ လျှိုကလန်တွင် ရှိနေသည့် လူပေါင်းများစွာတို့သည် ပျော်ရွှင်သလို ခံစားလိုက်မိ၏။ လျှိုကလန်သည် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်ကိုသာ ဖန်တီးနိုင်မည်ဆိုပါက ကျိန်းသေပေါက် အကျိုးအမြတ် ရပေလိမ့်မည်။ သို့ပေမဲ့ ယူဆောင်ရမည့် တာဝန်ဝတ္တရားကလည်း တကယ့်ကို ကြီးမားလွန်း၏။ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ဖြစ်ပြီးသည့်နောက် ချက်ချင်းဆိုသလို ငရဲလောကနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရမှာ ဖြစ်၏။

တည်နေရာ ဖြတ်သန်းရောက်ရှိလာခဲ့သည့် ငရဲလောက၏ အရှင်ကိုသာ တားဆီးနိုင်ခြင်းမရှိပါက လျှိုကလန်တစ်ခုလုံးသည် ဆိုးရွားစုတ်ပြတ်သတ်စွာဖြင့် လောကကြီး ထဲမှ ပျောက်ကွယ်သွားရပေလိမ့်မည်။

“တကယ်ပဲ။ မင်းပဲ” ကျိုးချီက ခေါင်းညိတ်လိုက်၏။ ဤလူငယ်လေးကို သူတကယ်ပဲ အသိအမှတ်ပြုမိ၏။ တစ်ဖက်လူနှင့် နှိုင်းယှဉ်၍ ရသည့်လူမျိုး မဟုတ်ဘူးဆိုလျှင်တောင်မှ ရှီယွင်နှင့် အပြင်းအထန် တိုက်ခိုက်ခဲ့၏။ ၎င်း၏ စိတ်ပိုင်းဖြတ်မှုသည် တခြားသောသူများထက် သာလွန်လျက် ရှိနေသည်။

“ကျုပ် စီနီယာကျိုးရဲ့ အကြံပြုချက်ကို ထောက်ခံတယ်”

အင်ပါယာပိုင်ယုသည် ဘေးတစ်ဖက်မှ ဝင်ရောက်ကာ ပြောဆိုလိုက်၏။ အင်မော်တယ်ဘုရင်စာရင်းတွင် သူသည် ထိပ်ပိုင်းတွင် တည်ရှိနေသည် ဖြစ်သောကြောင့် သူ၏ စကားစုများသည် တကယ်ပင် လေးနက်လို့နေခဲ့၏။

All Chapters