← Chapters

အပိုင်း (၇၇၈)

Vol. 52 Ch. 778

အပိုင်း (၇၇၈)

Vol. 52 Ch. 778

“အမ်.. ခင်ဗျား ဘာကိုဆိုလိုတာလဲ” အင်ပါယာပိုင်ယုသည် မျက်မှောင်ကုတ်ကာဖြင့် ဇဝေဇဝါ အမူအရာမျိုး ဖြစ်တည်သွားခဲ့၏။ အဆင့်ချိုးဖြတ်ဖို့ ကျရှုံးခဲ့သည်ဆိုသည်မှာ သာမန်ပင်ဖြစ်၏။ ကျင့်ကြံခြင်းလောကတွင် တော်တော်များများတို့သည် မထင်မှတ်ဘဲ အဆင့်ချိုးဖြတ်မှု ကျရှုံးခဲ့သည့် အကြောင်းအရာများကို ရင်ဆိုင်ခဲ့ရ၏။ လက်ရှိ လွင့်မျောမြို့၏ အရှင်သည်လည်း အဆင့်ချိုးဖြတ်မှု ကျရှုံးခဲ့ပြီးသည့်နောက် ကောင်းမွန်သည့် အခြေအနေတွင် ရှိနေသည့်ပုံပေါ်၏။ သိသာလှသည့် ဘေးထွက်ဆိုးကျိုးကို မခံစားရသည့်ပုံပင်။

“ခင်ဗျား သတိပြုမိတယ်လား” လွင့်မျောမြို့အရှင်၏ ဝတ်စုံများသည် လေနှင့်အတူ လွင့်မျောနေ၏။ သူသည် မတ်မတ်ရပ်လျက် ရှိနေပြီး လွှမ်းမိုးနိုင်သည့် အော်ရာများကို ထုတ်ဖော်ထား၏။

“မမှားဘူးဆိုရင် လွင့်မျောမြို့ရဲ့ ယခင်အရှင်က အဆင့်ချိုးဖြတ်ပြီးတဲ့နောက်ပိုင်းမှာ သေဆုံးသွားခဲ့တယ် မဟုတ်လား”

ကျိုးချီ၏အသံသည် အခွင့်အာဏာ၏ အဓိပ္ပာယ်များနှင့် ပြည့်နှက်လျက်ရှိ၏။ “ပြီးတော့ ခင်ဗျားက”

ကျိုးချီ၏ အသံသည် လေထဲတွင် တန့်သွား၏။ သူသည် မတ်မတ်ရပ်လျက် ရှိ၏။ သူ၏ ခန္ဓာကိုယ် အနီးတဝိုက်တွင် ကြီးမားသည့် ကြေးအိုးကြီးက ချာချာလည်လျက် ရှိနေ၏။ ရောင်စဉ်ရောင်ဝါများသည် ထိုအရာဆီမှ ထွက်ပေါ်လျက် ရှိနေ၏။ မည်သူမှသည် သူ့ကို စူးစိုက်ကာ မကြည့်ရဲခဲ့ချေ။

“ခင်ဗျားက အလောင်းကနေ ပြန်ပြီးမွေးဖွားလာတဲ့ စိတ်ဝိညာဉ်တစ်ခုပဲ။ ခင်ဗျားက လွင့်မျောမြို့ရဲ့ အရင်အရှင် မဟုတ်တော့ဘူး။ ခင်ဗျားကို ကျုပ် ဘယ်လို ယုံရမှာလဲ” ကျိုးချီက တည်ငြိမ်စွာ ပြောဆိုလိုက်၏။

လူအုပ်ကြီး တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ အင်ပါယာပိုင်ယုနှင့် တခြားသောသူများသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ရှုလိုက်ကြသည်။

အင်ပါယာပိုင်ယုက တီးတိုးရေရွတ်လိုက်၏။ “ဒီလိုကိုး။ အစကတည်းက လွင့်မျောမြို့ရဲ့ အရှင်က တစ်စုံတစ်ခု လွဲမှားနေတယ်လို့ ကျုပ်ခံစားနေရတာ။ ကျုပ် များများစားစား မတွေးခဲ့မိဘူး။”

“ဆိုလိုတာ အဆင့်ချိုးဖြတ်ဖို့အတွက် ခင်ဗျား ကျုပ်ကို မကူညီပေးနိုင်ဘူးပေါ့”

လွင့်မျောမြို့၏အရှင်သည် အရှေ့သို့ လှမ်းတက်လာခဲ့၏။ သူ၏အော်ရာများသည် ပိုမိုကာ ကြီးမားလာခဲ့၏။ အချိန်မရွေး တိုက်ခိုက်မည့် အခြေအနေမျိုးပင်။ သူနှင့် ကျိုးချီ၏ ကြားထဲတွင် ရှိနေသည့် လေဟာနယ်တစ်ခုလုံးသည် တွန့်လိမ်လျက် ရှိနေပြီး အက်ကွဲကြောင်းများနှင့် ပြည့်နှက်လာခဲ့သည်။ “ခင်ဗျား ကျုပ်ကို မယုံဘူးလား”

ကျိုးချီနှင့် လွင့်မျောမြို့၏ အရှင်တို့သည် တစ်ယောက်နှင့်တစ်ယောက် စကားလုံးများနှင့် ရန်ဆောင်လျက် ရှိနေသည်ဆိုသော်လည်း ချက်ချင်းတိုက်ခိုက်မှုမျိုးတော့ မပြုလုပ်သေးချေ။ သို့ပေမဲ့ လေဟာနယ် တစ်ခုလုံးသည် ကွဲအက်လျက် ရှိနေပြီး နတ်ဆိုးလောကထဲတွင် တည်ရှိနေသည့် အင်မော်တယ်ဘုရင် တော်တော်များများတို့ပင်လျှင် ထိုအရာ၏ သက်ရောက်မှုကို ခံရ၏။

ပွဲကြည့်နေသူများ အားလုံးသည်လည်း စိတ်ဝင်တစားဖြင့် ကြည့်ရှုနေကြ၏။ ကြီးမားသည့် တိုက်ပွဲကြီးသည် ဆက်လက်ကာ ဖြစ်တည်တော့မည့်ပုံပင်။ တိုက်ခိုက်ရန် ကြိုးစားနေသည့် လူများသည် အင်မော်ဘုရင်အဆင့် စာရင်း၏ နံပါတ်တစ် နေရာတွင် ရှိနေသော ကျိုးချီနှင့် နံပါတ်သုံး နေရာတွင် ရှိနေသည့်လူတို့ပင် ဖြစ်သည်။

“ကူညီဖို့ ငြင်းပယ်နေပြီ ဆိုမှတော့ ကျုပ်ဘာကျုပ် လုပ်ရတော့မှာပေါ့” လွင့်မျောမြို့၏အရှင်သည် မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့၏။ သူသည် အရှေ့ဆီသို့ လှမ်းတက်လိုက်၏။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဖျက်ဆီးခြင်း အော်ရာများသည် ၎င်းကို ဗဟိုပြုကာဖြင့် လောကကြီး တစ်ခုလုံးကို ဖုံးလွှမ်းလာခဲ့၏။ သေဆုံးခြင်း၏ လေအေးများသည် တည်နေရာ တစ်ခုလုံးကို တိုက်ခတ်နေခဲ့ပြီး အင်မော်တယ်ဘုရင်များကိုပင် လွှမ်းခြုံသွားခဲ့၏။

လက်ရှိ လွင့်မျောမြို့၏ အရှင်သည် သေဆုံးသွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် ၎င်း၏ အော်ရာများသည် အတွင်းစိတ်မိစ္ဆာဆီမှ ဖြစ်တည်လာခဲ့သည့် အော်ရာမျိုးကဲ့သို့ပင် ဆိုးရွားလွန်းလှချေ၏။ လွင့်မျောမြို့၏ ယခင်အရှင် သည် ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်လာရန်အတွက် အရာအားလုံးကို စွန့်ပစ်ခဲ့သည်ဟု ပြောဆိုရမည်။

လက်ရှိ အတွင်းစိတ်မိစ္ဆာဆိုးမှ ဖြစ်တည်လာသည့်လူသည် ကျိန်းသေပေါက် မျှော်လင့်ချက်ကို မြင်နေရပြီဖြစ်၏။ အဘယ်သို့ လက်လွှတ်ရမည်နည်း။

ငရဲလောက ပြန်လည်ပေါ်ပေါက်လာခဲ့သည် ဆိုလျှင်တောင် ကိစ္စမရှိချေ။ သူသည်သာ အဆင့်ချိုးဖြတ်နိုင်မည် ဆိုပါက လောကများ ပျက်စီးသွားခဲ့လျှင်ကော ဘာဖြစ်သနည်း။ သူသည် ငရဲလောကကို ပူးပေါင်း လိုက်ရုံသာရှိ၏။ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ငရဲလောကကို ပူးပေါင်းခြင်းဆိုသည်မှာ ကျိန်းသေပေါက် မည်သူမှ မငြင်းပယ်မည့် အကြောင်းအရာမျိုးပင်။

“ခင်ဗျားက ပထဦးဆုံး လုဝူတောက်နဲ့ တိုက်ခိုက်ခဲ့တယ်။ ပြီးတော့ လီချန်းဖန်ကို ကူညီပြီးတော့ ဟိုးအပေါ်မှာရှိတဲ့ တည်နေရာဂိတ်တံခါးကြီးကို ဖျက်ဆီးဖို့ ကြိုးစားခဲ့သေးတယ်။ ခင်ဗျားဆီမှာ အခု အားအင်ဘယ်လောက် ကျန်တော့မှာလဲ။ အင်မော်တယ်ဘုရင်အဆင့် စာရင်းရဲ့ ပထမနေရာမှာ ရှိတယ်ဆိုရင်တောင်မှ ခင်ဗျားက ကျုပ်ရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး” လွင့်မျောမြို့၏ အရှင်သည် အရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ သူ၏ လက်ထဲတွင်တော့ တံစဉ်ကြီးတစ်ခုက ပေါ်ပေါက်လာခဲ့၏။ သူသည် သေမင်းကြီး တစ်ပါးကဲ့သို့ပင်။

လက်ရှိအခြေအနေတွင် အင်မော်တယ်ဘုရင်များ ကြားထဲတွင် စွမ်းအင်လှိုင်းများ ဖြစ်တည်လျက် ရှိနေပြီး လောကကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ လွင့်မျောမြို့၏အရှင်သည် တစ်ချက်ကလေးမှ နှောင့်နှေးမနေခဲ့ချေ။ ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးကို အရယူရန်အတွက် သူသည် အဆုံးစွန်အထိ ကြိုးစားရမှာ ဖြစ်၏။

ဘုန်း

တလက်လက် တောက်ပသည့် အလင်းတန်းများ ဖြစ်တည်လာခဲ့၏။ လွင့်မျောမြို့၏အရှင်သည် ပထမဦးဆုံး စတင်ကာ တိုက်ခိုက်လိုက်၏။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် တိုက်ခိုက်ချက်သည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

“ခင်ဗျားဆီမှာ မကောင်းတဲ့ စိတ်ဆန္ဒတွေ ရှိနေတာကို ကျုပ်သိတယ်” ကျိုးချီသည် အေးစက်စက်‌ ပြောလိုက်၏။ သူသည် ကျိန်းသေပေါက် ဒေါသထွက်လို့ လာခဲ့တော့၏။ လွင့်မျောမြို့၏အရှင်သည် သူ့ကို လာရောက်ကာ တိုက်ခိုက်နေခဲ့၏။ အဓိပ္ပာယ် မရှိလှချေ။

သူသည် အင်ပြည့်အားပြည့် ထုတ်ဖော်ကာဖြင့် လုဝူတောက်နှင့် တိုက်ခိုက်ခဲ့သည့်အပြင် လီချန်းဖန်ကိုလည်း ကူညီခဲ့ရသေး၏။ ထို့ကြောင့် သူ၏ အဆုံးစွန်သော အခြေအနေဆီသို့‌ ရောက်ရှိနှင့်နေပြီးသား ဖြစ်၏။ ထို့ကြောင့် ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးကို ပေးအပ်ရန် ရည်ရွယ်ခဲ့ခြင်းပင် ဖြစ်၏။ သို့ပေမဲ့ ထိုအခွင့်အရေးကို လုယူမည့်သူက ရောက်ရှိလာခဲ့၏။

“အဲတော့ ဘာဖြစ်လဲ” ထိုအချိန်မှာတော့ လွင့်မျောမြို့၏ အရှင်သည် ဘာတစ်ခုကိုမှ ဖုံးကွယ်မနေတော့ချေ။ ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးကို ရယူခြင်းဆိုသည်မှာ သူ၏ ပထမဦးစားပေး ဖြစ်သည်။

“စီနီယာ” လျှိုချင်းဟုန်နှင့် တခြားသောသူများက တုန်လှုပ်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကျိုးချီသည် တိုက်ခိုက်မှုမှ အသာဖယ်ခွာပြီးသည့်နောက် အားလုံးသောသူတို့၏ အရှေ့သို့ ရောက်ရှိလာခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်တွင် လွှမ်းခြုံလျက် ရှိနေသည့် ရောင်စဉ်ရောင်ဝါများသည်‌ မှေးမှိန်လာခဲ့၏။ သေဆုံးတော့မည့် အရိပ်အယောင်များသည် ၎င်း၏ ခန္ဓာကိုယ်တွင် ရစ်သိုင်းလာခဲ့၏။ ၎င်း၏ မျက်လုံးထဲတွင် ရှိနေသည့် အသက်ဓာတ် များပင်လျှင် အရောင်အဆင်း ကင်းမဲ့လာခဲ့၏။

လျှိုချင်းဟုန်သည် ကျိုးချီ၏ အနားသို့ချဉ်းကပ်သွားပြီး စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်သည်။ “စီနီယာ.. အဆင်ပြေရဲ့လား”

“ဘာမှမဖြစ်ဘူး”

ကျိုးချီသည် လက်ကို ယမ်းခါလိုက်၏။ သူ၏ မျက်လုံးများသည် အေးစက်လျက် ရှိနေတုန်းပင်။ ကောင်းကင်လေဟာနယ်ဆီသို့ လှမ်းကာ ကြည့်ရှုရင်း အေးစက်စက် ပြောလိုက်၏။ “အင်း.. ခင်ဗျားဆီမှာ ဒီလို နည်းလမ်းမျိုး ရှိနေလိမ့်မယ်လို့ ကျုပ် မထင်မိဘူး”

သူထိပ်ဆုံးအခြေအနေတွင် ရှိနေမည်ဆိုပါက လွင့်မျောမြို့၏ အရှင်ကို ကျိန်းသေပေါက် ကြောက်လန့်နေလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ သူ၏စွမ်းအင်များသည် ကြီးကြီးမားမား ကုန်ခမ်းခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် တစ်ဖက်လူ၏ တိုက်ခိုက်ချက်ကို သတိမပြုမိဘဲ ခံယူလိုက်ရ၏။ သေဆုံးခြင်း၏ အော်ရာများသည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ရစ်သိုင်းလျက် ရှိနေပြီး သူ၏ အသက်ဓာတ်များကို ဝါးမျိုနေသည်။

သူသည် ကွာစီအင်မော်တယ် အင်ပါယာပေါင်း မြောက်များစွာတို့၏ အသိအမြင်များနှင့် ဖြစ်တည်လာခဲ့သည့် ပုံရိပ်ယောင်တစ်ခုပင် ဖြစ်၏။ သူ၏ အသက်ဓာတ်များသည် အလုံးစုံ ကုန်ဆုံးလျက်ရှိနေသောကြောင့် ကြာကြာခံနိုင်လိမ့်မည် မဟုတ်ချေ။ သူသာ သေဆုံးသွားသည်ဆိုပါက သူ၏ အသိအမြင်များ အားလုံးသည်လည်း ပိုင်ရှင်မဲ့ ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးကို မည်သူမှ ရရှိတော့မှာ မဟုတ်ပေ။

“ခင်ဗျားက မဆိုင်တဲ့ ကိစ္စတွေကို အရမ်းပါလွန်းတယ်။ အင်မော်တယ်ဘုရင်အဆင့် စာရင်းရဲ့ ပထမနေရာမှာ ရှိတယ်ဆိုရုံနဲ့ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီး မှတ်နေတာပဲ။ ခင်ဗျားဆီမှာ ရှိနေတဲ့ အခွင့်အရေးက စာရင်းရဲ့ တတိယ မြောက်လူရဲ့ လက်ထဲကို ကျရောက်သွားနိုင်တယ် ဆိုတာကို သိလား”

လွင့်မျောမြို့အရှင်၏ ဝတ်စုံသည် လေနှင့်အတူ လွင့်မျောနေ၏။ သူသည် ကျိုးချီကို ငုံ့ကြည့်ကာဖြင့် ထူးမခြားနား သလို ပြောလိုက်၏။ “ခင်ဗျားဆီမှာ ရွေးချယ်မှု နှစ်ခုရှိတယ်။ တစ်ခုက ကျုပ်ကို ကူညီပြီးတော့ ကွာစီအင်မော်တယ် အင်ပါယာဖြစ်အောင်လုပ်ပေး။ ဒါမှမဟုတ် မြန်မြန်ဆန်ဆန်နဲ့ သေလိုက်တော့။ ခင်ဗျား သေတဲ့အချိန်မှာ အခွင့်အရေးက ကျုပ်အတွက် ဖြစ်လာလိမ့်မယ်။ ဒါကို ဘယ်သူမှ ပြောင်းလဲလို့ရမှာ မဟုတ်ဘူး”

“ဟုတ်လား” ကျိုးချီသည် မျက်လုံးကို ပြူးကျယ်စွာ ဖွင့်လိုက်ပြီးသည့်နောက် လောကကြီးတစ်ခုလုံးကို တစ်ချက် ဝေ့ကြည့်လိုက်၏။ သူ၏ မျက်လုံးများထဲတွင် စိတ်ဆုံးဖြတ်ပြီးသား အရိပ်အယောင်များနှင့် ပြည့်နှက်နေခဲ့၏။ လက်ကို အသာဖြန့်ကျက်ပြီးသည့်နောက် သူ၏ ပုံပန်းသွင်ပြင်သည် တဖြည်းဖြည်း အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ထိုရောင်စဉ်ရောင်ဝါများသည် ကောင်းကင်ယံပေါ်သို့ တက်ပြီးသည့်နောက် လောကကြီး အနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့သည်။

အားလုံးသောသူတို့သည် ထိုအရာကို လှမ်းကာ ကြည့်ရှု၏။ ကြည့်ရှုနေသူများ၏ အထက်မှာတော့ အဆုံးအစမဲ့ အလင်းတန်းများသည် တဖြည်းဖြည်း စုစည်းလာခဲ့ပြီးသည့်နောက် လျှိုချင်းဟုန်၏ တည်နေရာဆီသို့ ဆင်းသက်လာ၏။

All Chapters