← Chapters

အပိုင်း (၇၇၉)

Vol. 52 Ch. 779

အပိုင်း (၇၇၉)

Vol. 52 Ch. 779

“ခင်ဗျား လုပ်ရဲတယ်လား” လွင့်မျောမြို့ရဲ့အရှင်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူသည် ကောင်းကင်ယံကို လှမ်းကြည့်ပြီးသည့်နောက် အားလုံးသောသူတို့သည် ထိုမြင်ကွင်းကို ဝိုင်းကာကြည့်ရှု လိုက်ကြ၏။

နတ်ဆိုးလောကတွင် ရှိနေသည့် အင်မော်တယ်ဘုရင်များပင်လျှင် မည်သို့မှ မနေနိုင်ဘဲ လှမ်းကာကြည့်ရှု လိုက်၏။ ကြည့်ရှုနေသူများ အားလုံးထဲတွင် လျှိုချင်းဟုန်သည် တစ်စုံတစ်ခုကို ခံစားလိုက်၏။ သူသည် ခြေချိတ်ကာ ထိုင်ပြီးသည့်နောက် ခန္ဓာကိုယ်တစ်ခုလုံးတွင် အလင်းတန်းများ ထွန်းတောက်လာသည်ဟု ခံစားမိသည်။

တရွှီးရွှီးအသံများ ထွက်ပေါ်လာခဲ့ပြီး သူ၏သွေးများသည် ဆူဝေလာခဲ့၏။ ၎င်း၏သွေးထဲတွင် ရှိနေသည့် သွေးစွမ်းအင်များသည် သမုဒ္ဒရာကြီးကဲ့သို့ပင် ကျယ်ပြန့်လာခဲ့၏။ ကျိုးချီမှာတော့ ၎င်း၏ပုံပန်းသွင်ပြင်သည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး လျှိုချင်းဟုန်နှင့် ပေါင်းစပ်နေ၏။ ဤကဲ့သို့ ပေါင်းစပ်နေသည့်အချိန်တွင် ထူးဆန်းသည့် စွမ်းအင်လှိုင်းများဖြစ် တည်လာခဲ့ပြီး လောကကြီးတစ်ခုလုံးကို သက်ရောက်လာခဲ့၏။ ကောင်းကင်ယံထက်တွင် ရှိနေသည့် ကြယ်စင်စုများသည် တုန်ယင်လာခဲ့၏။

လျှိုချင်းဟုန်သည် အသက်ရှုလျက် ရှိနေတုန်းမှာပဲ လောကကြီးတစ်ခုလုံးနှင့် တသားတည်း ဖြစ်တည် နေသည့်ပုံပင်။ ယခင်တိုက်ပွဲတွင် ဖြစ်တည်ခဲ့သည့် အ‌တွေ့အကြုံများကို ရရှိခဲ့ပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်သည် ပိုမိုကာ ရင့်ကျက်လာခဲ့သည့်ပုံပေါ်၏။ အားကောင်းလွန်းသည့် အသက်ဓာတ်များသည် ခန္ဓာကိုယ်တွင် စုဝေးလာခဲ့၏။ လျှိုချင်းဟုန်၏ ခန္ဓာကိုယ်ဆီမှ ကွာစီအင်မော်တယ် အင်ပါယာ၏ အော်ရာများ ထွက်ပေါ်လာခဲ့သည်။

“သူ အဆင့် ချိုးဖြတ်တော့မှာလား” အင်ပါယာပိုင်ယုနှင့် အခြားသောသူများသည် မည်သို့မှ မနေနိုင်တော့ဘဲ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိလိုက်ကြ၏။ ၎င်းတို့၏ စူးရှလှသည့် မျက်လုံးများသည် တည်နေရာ အနှံ့ကို လှမ်းကြည့်ပြီး တခြားသောသူများ ဝင်ရောက်ဖျက်ဆီးမည်ကို စိုးရိမ်နေမိ၏။

အဝေးတစ်နေရာတွင်ရှိနေသည့် ရှီယွမ်နှင့် ထျန်းချီတို့သည် ဘေးချင်းကာ ရပ်လျက်ရှိ၏။ ၎င်းတို့သည် ငရဲလောက၏အရှင် ရောက်ရှိလာမည်ကို ကြိုဆိုနေခဲ့ကြ၏။ သို့ပေမဲ့ သူတို့က အရူး မဟုတ်လှချေ။ လက်ရှိ အခြေအနေတွင် ထိုင်ကာကြည့်ရှုနေသည်ဆိုပါက ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်သည် လောက အသီးသီးတို့ဘက်တွင် ထွက်ပေါ်လာခဲ့မှာ သေချာ၏။ လျှိုချင်းဟုန်၏ ဒုက္ခပေးနိုင်မှု အခြေအနေ သည် အခွင့်အလမ်း နည်းပါးသည်ဆိုလျှင်တောင်မှ ဒုက္ခပေးနိုင်သည်ဆိုသော ဖြစ်နိုင်ချေကတော့ ရှိနေသေး၏။ ထို့ကြောင့် အန္တရာယ်အဖြစ် ဖြစ်တည်မလာခင်တွင် ထိုအရာကို ရှင်းပစ်ရမည်မှာ သူတို့၏ တာဝန်ပင်။

“ကျုပ် သူ့ကို သွားတားရမယ်” ရှီယွင်က ပြောဆိုလိုက်၏။ သူ၏မျက်လုံးများထဲတွင် စူးရှလှသည့် သတ်ဖြတ်လိုခြင်းဆန္ဒများ ပေါ်ပေါက်လာသည်။

လျှိုချင်းဟုန်၏ အားအင်အဆင့်ကို သူ သိရှိပြီးသားဖြစ်၏။ သူ၏ မျက်လုံးထဲတွင် ဤလူငယ်လေးသည် အနည်းငယ်ကြီးမားသည့် ပုရွက်ဆိတ်တစ်ကောင်ထက် မပိုလှချေ။ ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်လာပါက တစ်ဖက်လူသည် သူ့ထက်သာသွားပေလိမ့်မည်။

“မလိုဘူး” ရွှီယွင်တစ်ယောက် လှုပ်ရှားရန် ပြင်လိုက်သည့်အချိန်မှာပဲ ဌာနေအရှင်ဆီမှ အသံထွက်ပေါ်လာ၏။ ၎င်းသည် ကောင်းကင်ယံထက်တွင် မတ်မတ်ရပ်လျက်ရှိ၏။ ခန္ဓာကိုယ်ပေါ်တွင် မြူများရစ်သိုင်းလျက်ရှိနေ၏။ မည်သည့်ခံစားချက်မှမရှိသော မျက်လုံးတစ်စုံဖြင့် တစ်ဖက်လူကို လှမ်းကာကြည့်ရှုလိုက်၏။ အပြင်လူများအနေနှင့် ၎င်းဘာတွေ တွေးတောနေသည်ဆိုခြင်းကို မသိရှိနိုင်ချေ။

လျှိုချင်းဟုန်ကို လှမ်းကြည့်ပြီးသည့်နောက် အကြည့်ကိုဖယ်ရှားလိုက်၏။ ပြီးနောက် တည်ငြိမ်စွာ ပြောဆိုလိုက်၏။ “လမ်းစဉ်က တားဆီးခြင်း ခံထားရတယ်။ သူ ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်လာမှာ မဟုတ်ဘူး။ ကျိုးချီ ရှိတယ်ဆိုရင်တောင်မှပေါ့”

“ဟမ့်”

ကောင်းကင်မူလလောကကြီးဆီသို့ လှမ်းကာကြည့်ရှုရင်း တီးတိုးရေရွတ်လိုက်သည်။ “အဲလူဝင်ပြီး မလှုပ်ရှားသရွေ့ ကိစ္စမရှိဘူး”

“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေးနဲ့ပတ်သက်တဲ့ သတင်း အချက်အလက်ကို ထုတ်လွှင့်လိုက်တယ်ဆိုတာ ကျင့်ကြံသူတွေအားလုံး လိုချင်လောဘတွေ ပြည့်နှက်လာပြီး အဆုံးစွန်ထိ သေဆုံးသွားမှာကို လိုချင်တာပဲ ဖြစ်ရမယ်။”

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ဆန်းကြယ်လွန်း၏။ အမှောင်ထဲတွင်သာ နေထိုင်လျက် ရှိနေပြီး ၎င်း၏ အစစ်အမှန် အားအင်အဆင့်ကို မည်သူကမျှ မသိရှိခဲ့ကြချေ။ တစ်ဖက်လူသည် ကွာစီ အင်မော်တယ် အင်ပါယာဖြစ်လိမ့်မည်ဟု တွေးတောခဲ့ကြ၏။ ထိုကဲ့သို့သောအရာကို ဌာနေအရှင်ပင်လျှင် ယုံကြည်ခဲ့မိ၏။

သို့ပေမဲ့ ကြည့်ရသည်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်၏ အားအင်အဆင့်မှာ ထိုထက် ပိုမိုပုံပေါ်၏။ ၎င်းသည်သာ လှုပ်ရှားပါက အင်မော်တယ်ဘုရင်အဆင့်အောက်တွင် ရှိနေသည့်လူအားလုံးသည် သေဆုံးကုန်မှာ သေချာ၏။ ထို့ကြောင့် ဌာနေအရှင်သည် လျှိုချင်းဟုန် တစ်ယောက် ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်လာမလားဆ ဆိုသည်ကို စောင့်ကြည့်ချင်ခြင်းဖြစ်သည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အားအင်အဆင့်ကို သိရှိနားလည်နိုင်ခြင်းသည် ၎င်းက ိုရင်ဆိုင်ရန်အတွက် အကောင်းမွန်ဆုံးသော အခြေအနေကို ရရှိစေ နိုင်၏။ အကြီးအကျယ် ဒုက္ခပေးခဲ့သည့် နတ်ဘုရားအင်ပါယာကဲ့သို့သော တစ်စုံတစ်ယောက် ပေါ်ပေါက်လာမည်ကို သူမမြင်ချင်ပေ။

“ဒါပေမဲ့”

ရှီယွင်က တစ်စုံတစ်ခုကို ပြောဆိုရန် ပြင်လိုက်၏။ သို့ပေမဲ့ သူမပြောရသေးခင်မှာပဲ ဌာနေအရှင်က တားမြစ်လိုက်၏။ “အရှင်က လောကကို ဖြတ်သန်းပြီး ရောက်ရှိလာတော့မှာ ။ မလိုအပ်တာတွေကို လုပ်မနေနဲ့။ ပြီးတော့ ကျုပ်တို့ မလှုပ်ရှားဘူးဆိုရင်တောင် တစ်စုံတစ်ယောက်က ကျုပ်တို့အတွက် လှုပ်ရှားပေးလိမ့်မယ်”

၎င်း၏မျက်လုံးထက်တွင် လှောင်ပြောင်သည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။

အားလုံးသောသူတို့၏ အကြည့်သည် အဆုံးစွန်ထိ ဒေါသထွက်လျက် ရှိနေသည့် ‌လွင့်မျောမြို့၏အရှင်ဆီသို့ ရောက်ရှိသွားခဲ့လေ၏။ နှစ်ပေါင်းမည်မျှ ကြာမြင့်ခဲ့သနည်း။ နှစ်သန်းထောင်နှင့်ချီလား။ မည်မျှကြာမြင့်မှန်းပင် မသိခဲ့ချေ။ သို့ပေမဲ့ ၎င်း၏စိတ်ထဲတွင် တစ်ခုတည်းသော ရည်မှန်းချက် တစ်ခုသာလျှင်ရှိ၏။ ထိုအရာသည် ကွာစီအင်မော်တယ် အင်ပါယာဖြစ်ရန်ပင်။

အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးသည့်နောက် အဖြေကတစ်ခုတည်းသာလျှင် ရရှိခဲ့၏။ အဆင့်ချိုးဖြတ်ရန် မဖြစ်နိုင်ခြင်းပင်။ အခွင့်အရေးကို မြင်နေရပြီး ထိုအရာကို လက်မလှမ်းနိုင်ဘဲ ကြည့်ရှုခဲ့ရခြင်းသည် သူ့အား မချိတင်ကဲ ဖြစ်စေခဲ့သည်။ ယခု အဆင့်ချိုးဖြတ်နိုင်မည့် အခွင့်အရေးသစ်ကို မြင်ခဲ့ရသော်လည်း ထိုအခွင့်အရေးသည် ‌လူငယ်မျိုးဆက်ထဲမှ တစ်စုံတစ်ယောက်၏ လက်ထဲသို့ ရောက်ရှိသွားခဲ့၏။

သူ မည်ကဲ့သို့ သည်းခံနိုင်မည်နည်း။ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒေါသမီးများနှင့်ပင် တောက်လောင်လျက် ရှိနေသည်။

“သေစမ်း” လွင့်မျောမြို့၏အရှင်သည် ရုတ်တရက်ထကာ အော်ဟစ်လိုက်၏။ လောကကြီးတစ်ခုလုံး ပျက်စီးသွားအောင် ဖျက်ဆီးနိုင်သည်ဆိုပါက သူ ကျိန်းသေပေါက် ဖျက်ဆီးချင်မိမှာ သေချာ၏။

လက်ဝါးရိုက်ချက် အပြည့်အဝ ဆင်းသက်မလာခင်မှာဘဲ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကလည်း ကွဲကြေသွားခဲ့၏။ တည်နေရာအနှံ့တွင် အက်ကွဲကြောင်းများနှင့် ပြည့်နှက်လျက်ရှိနေပြီး အင်မော်တယ်ဘုရင် တော်တော်များများတို့ပင်လျှင် အသက်ရှူကြပ်သလို ခံစားနေမိ၏။ လွင့်မျောမြို့အရှင်၏ အားအင် အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်း၏။ ၎င်းသည် ကွာစီအင်မော်တယ် အင်ပါယာအဆင့်ကို ချိုးဖြတ်နိုင်ရန် မည်မျှနီးကပ်သည့် အခြေအနေသို့ ရောက်ရှိနေသည်ဖြစ်မှန်း မည်သူမှ မသိရှိခဲ့ချေ။

“ခင်ဗျား လုပ်ရဲတယ် ဟုတ်လား” လျှိုကလန်၏ ဒုတိယဘိုးဘေးနှင့် အခြားသောသူများသည် ဒေါသ ထွက်သွား၏။ သူတို့သည် ရှေ့ဆီသို့ လှမ်းတက်လာပြီး လျှိုချင်းဟုန်၏ အရှေ့တွင် ရပ်တန့်ကာဖြင့် တိုက်ခိုက်ချက်ကို တားဆီးရန် ကြိုးစားကြ၏။

ထို့အပြင် လျှိုချင်းဟုန်သည် လျှိုကလန်၏ အနာဂတ်မျှော်လင့်ချက် ဖြစ်၏။ ဤမျှော်လင့်ချက်သည် လောကကြီး အသီးသီးတို့၏ မျှော်လင့်ချက်လည်းဖြစ်၏။ မည်သို့ပင်ဆိုဆို သူတို့သည် လွင့်မျောမြို့အရှင်ကို တားဆီးရပေလိမ့်မည်။ အင်ပါယာပိုင်ယုနှင့် ဖီးနစ်ဘိုးဘေးတို့ပင်လျှင် ရှေ့ဆီသို့ လှမ်းတက်လာခဲ့ကြသည်။

ဘုန်း

နားကွဲလောက်စရာ အသံကြီးထွက်ပေါ်လာခဲ့ပြီး လူပေါင်းများစွာတို့သည် အနောက်သို့ ဆုတ်ခွာသွားခဲ့၏။ အရှေ့ဆုံးမှ လွင့်စင်သွားခဲ့သည့်လူများသည် ဒုတိယဘိုးဘေးကြီးနှင့် အင်ပါယာပိုင်ယုပင်ဖြစ်၏။ ၎င်းတို့၏ မျက်နှာသွင်ပြင်သည် ဖြူလျော်၍ သွားခဲ့ပြီး ပါးစပ်ထဲမှ သွေးများလည်း အန်ထွက်လာခဲ့ကြ၏။ သူတို့သည် အစောကတည်းက ဒဏ်ရာရရှိနှင့်ပြီးသားဖြစ်၏။ အခု လွင့်မျောမြို့၏အရှင်နှင့် ရင်ဆိုင်တိုက်ခိုက်သည့် အချိန်မှာ‌တော့ အလုံးစုံဆိုးရွားသည့် အခြေအနေဆီသို့ ရောက်ရှိသွားခဲ့၏။

ဘုန်း

ဝေါ့

အနီးအနားတွင်ရှိနေသည့် လျှိုချင်းဟုန်၏ ခန္ဓာကိုယ်တစ်ခုလုံးက ပေါက်ကွဲသွားခဲ့၏။ ၎င်း၏ကောင်းကင် စိတ်ဝိညာဉ်တွင် နတ်ဘုရားသွေးအဆီအနှစ်များသည် ကောင်းကင်ယံတွင် ဖြစ်တည်လာခဲ့ပြီးသည့်နောက် တည်နေရာအနှံ့ကို ပျံ့နှံ့သွားခဲ့လေ၏။ အကန့်အသတ်မဲ့ များပြားလွန်းလှသည့် သွေးနီရောင် ရောင်စဉ်တန်းများကြားထဲတွင် ပေါကြွယ်လှသည့် အသက်¬ဓာတ်များ ဖြစ်တည်လာခဲ့၏။

ထိုအသက်ဓာတ်များသည် တည်နေရာတစ်ခုလုံးတွင် ပြန်လည်ကာစုစည်းပြီးသည့်နောက် လျှိုချင်းဟုန်၏ ခန္ဓာကိုယ်အဖြစ် ပြန်လည်ကာ ဖြစ်တည်လာခဲ့၏။ သူသည် ဤကဲ့သို့ ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည် ဆိုလျှင်တောင်မှ အဆင့်ချိုးဖြတ်ခြင်းကို ပြုမူနိုင်ခဲ့၏။ အချိန်ကာလအတိုအတွင်းမှာပဲ လျှိုချင်းဟုန်၏ ခန္ဓာကိုယ်မှ သိသိသာသာ အော်ရာများ တိုးတက်လာခဲ့သည်။

“မဖြစ်နိုင်ဘူး။ ဒီလောက် တားဆီးခံထားရတဲ့ အချိန်မှာ သူအဆင့်မချိုးဖြတ်နိုင်ရဘူးမလား။ ငါမယုံကြည်ဘူး” လွင့်မျောမြို့၏အရှင်သည် သတိလွတ်သွားပုံပေါ်၏။ သူသည် အရှေ့ဆီသို့ တစ်ချက်လှမ်းကြည့်ကာဖြင့် လျှိုချင်းဟုန်အား တိုက်ခိုက်လိုက်ပြန်၏။

ဘုန်း ...။

လျှိုချင်းဟုန်ကို တည့်တည့်ထိမှန်၏။ ဤတစ်ကြိမ်တွင် မည်သူမှ သူ့ကို မတားဆီးနိုင်ခဲ့ချေ။ ထို့ကြောင့် တိုက်ခိုက်လိုက်သည့် မြင်ကွင်းကို လှမ်းကာ ကြည့်ရှုလိုက်၏။ လျှိုချင်းဟုန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပျက်စီးလုနီးပါးပင်။ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့်အရိုးများပင် အပြင်ဘက်သို့ ထွက်ပေါ်လာခဲ့၏။ တကယ့်ကို သွေးများနှင့် ပြည့်နှက်နေခဲ့သည့် ကြောက်မက်ဖွယ်ရာ မြင်ကွင်းမျိုးပင်။

အားလုံးသောသူတို့က စိုးရိမ်ပူပန်လျက် ရှိနေသည်ဆိုသော်လည်း လျှိုချင်းဟုန်၏ ခန္ဓာကိုယ်မှ လွင့်စင်လာ ခဲ့သည့် အသားအရေနှင့် အစိတ်အပိုင်းအားလုံးသည် တဖြည်းဖြည်းနှင့် ပြန်လည်ကာ စုစည်းလာခဲ့ပြီး တောက်ပသည့် အလင်းတန်းများ ဖြစ်တည်လာခဲ့၏။ ချက်ချင်းဆိုသလိုပဲ ၎င်း၏ အဖြူရောင်ဆံနွယ်များသည် ငွေရောင်အဖြစ်သို့ ပြောင်းလဲသွား၏။

ကောင်းကင်ကြီးတစ်ခုလုံး၌ တိမ်မဲများ ဖုံးလွှမ်းလာသည်။

“ဒါ ဒါ ကွာစီအင်မော်တယ် အင်ပါယာကပ်ဘေးလား”

လူပေါင်းများစွာတို့သည် အံ့အားသင့်စွာဖြင့် သက်ပြင်းကိုချလိုက်မိ၏။ ဤကဲ့သို့ ကပ်ဘေးမျိုး ပေါ်ပေါက် မလာခဲ့သည်မှာ နှစ်မည်မျှကြာမြင့်ခဲ့ပြီနည်း။ အားလုံးသောသူတို့ အလစ်အငိုက် ဖြစ်လျက်ရှိနေတုန်းမှာပဲ ကောင်းကင်ယံထက်တွင် အကန့်အသက်မဲ့ ကြီးမားလွန်းလှသည့် ကောင်းကင်ဘုံကပ်ဘေးကြီးက ဖြစ်တည်လာခဲ့၏။ ထိုကပ်ဘေးကြီးမှ ကပ်ဘေးတိမ်များသည် တည်နေရာအနှံ့ကို ဖုံးလွှမ်းနေ၏။

“အဆင့်ချိုးဖြတ်ရမဲ့လူက ကျုပ်ပဲ။ ဘယ်လိုဖြစ်ပြီး မင်း ဖြစ်ရမှာလဲ” လွင့်မျောမြို့၏အရှင်သည် မိုင်တော်တော်ဝေးဝေးဆီသို့ လှမ်းဆုတ်လိုက်ပြီးနောက် လျှိုချင်းဟုန်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူသည် နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့ရသည် ဖြစ်သောကြောင့် သူ၏ သက်တမ်းကလည်း တကယ့်ကို ရှည်ကြာခဲ့ပြီဖြစ်၏။ သို့ပေမဲ့ သူသည် အဆင့်မချိုးဖြတ်နိုင်ခဲ့ချေ။

ဘုန်း

မိုးခြိမ်းသံကဲ့သို့ အသံကြီးထွက်ပေါ်နေခဲ့ပြီး လျှိုချင်းဟုန်သည် ရောင်စဉ်အလင်းတန်းများကြားထဲတွင် အသာပင်ထိုင်လျက်ရှိ၏။ သူ၏ခန္ဓာကိုယ်ဆီမှ တာအို၏(နတ်ပန်း)များ ဖြစ်တည်လာခဲ့ပြီး တည်နေရာ တစ်ခုလုံးကို ဖုံးလွှမ်းနေ၏။ အဆင့်ချိုးဖြတ်မှုသည် တကယ့်ကို ကြောက်မက်ဖွယ်ရာကောင်းသည့် ကပ်ဘေးကြီးကို ဖြစ်တည်စေခဲ့၏။ လျှိုချင်းဟုန်သည် ကြီးကြီးမားမား ဒဏ်ရာရရှိထားခဲ့၏။ ပို၍ ဆိုးရွားသည်မှာ ကပ်ဘေးကြီး၏ အားအင်အဆင့်သည် မည်သို့မျှ မနိမ့်ကျခြင်းပင်။

“အတိအကျပဲ။ ဒီလိုပဲ သေရမှာ”

မြင်ကွင်းကို ကြည့်ရှုပြီးသည့်နောက် လွင့်မျောမြို့အရှင်၏ မျက်လုံးထဲတွင် စိတ်ကျေနပ်မှုများနှင့် ပြည့်နှက်နေခဲ့၏။ အတိတ်တုန်းက သူအဆင့်ချိုးဖြတ်စဉ်ကလည်း ထိုကဲ့သို့သော အခြေအနေကို ကြုံခဲ့ရ၏။ အောင်မြင်လုနီးပါး အခြေအနေထိ ရောက်ရှိခဲ့သော်လည်း စကြဝဠာ၏ နိယာမများသည် သူ၏ အဆင့်ချိုးဖြတ်မှုကို တားဆီးပြီး သူ့ကို သုတ်သင်ခဲ့၏။

ယခု လျှိုချင်းဟုန်သည်လည်း ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ထပ်တူညီစွာ ဖြစ်တည်နေ၏။ အဆင့်ချိုးဖြတ်နိုင်မည့် အခြေအနေ အရိပ်သင်္ကေတများ ပေါ်ပေါက်လာသည်ဆိုသော်လည်း အလုံးစုံ သုတ်သင်ခံရမှုမှ လွတ်ကင်းနိုင်လိမ့်မည် မဟုတ်ချေ။

“မြန်မြန်ကြည့်”

အင်မော်တယ်ဘုရင်စာရင်းက ပြောင်းလဲသွားခဲ့ပြီး တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။ လူပေါင်းများစွာတို့သည် ကောင်းကင်မူလလောကကြီး၏ တော်ဝင်သဲကန္တာရမြို့တွင် ရှိနေသည့် ကောင်းကင် လျှို့ဝှက်နန်းဆောင်၏ အရှေ့ဘက်စာရင်းဆီသို့ လှမ်းကာကြည့်ရှုလိုက်ကြ၏။

“ဘယ်လိုဖြစ်နေတာလဲ။ လွင့်မျောမြို့ရဲ့အရှင်က ဘယ်လိုဖြစ်ပြီး အင်မော်တယ်ဘုရင်စာရင်းရဲ့ နံပါတ်တစ် နေရာကို ရောက်လာတာလဲ။ ဒါဆိုရင် ကျိုးချီ ဘယ်ရောက်သွားလဲ။ ပြီးတော့ လုအိုတောက်ရော” လူပေါင်း များစွာတို့သည် ဇဝေဇဝါ ဖြစ်မိနေကြသည်။

ထိပ်ဆုံးဆယ်ယောက်စာရင်း၏ ပြောင်းလဲမှုသည် လူပေါင်းများစွာတို့ကို အံ့အားတသင့် ဖြစ်စေခဲ့၏။ ပိုမို၍ ဆိုးရွားသည်မှာ လျှိုချင်းဟုန်က ဘာဖြစ်သွားသနည်း။ ထိပ်ဆုံး ငါးဆယ်စာရင်းဆီမှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် ထိပ်ဆုံး နှစ်ဆယ်စာရင်းသို့ ဝင်ရောက်လာခဲ့သောကြောင့်ပင်။

“ဒါအဆင့်ချိုးဖြတ်ဖို့ အစပဲရှိသေးတယ်”

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းဘက်မှာတော့ လီယွင်သည် တစ်စုံတစ်ခုကို အာရုံခံမိပုံဖြင့် မတ်တပ်ထရပ်လိုက်၏။ လက်နှစ်ဖက်ကို အနောက်သို့ ပစ်ထားပြီး ၎င်း၏မျက်လုံးများ၌ နက်နဲသည့် အဓိပ္ပာယ်များ ပေါ်ပေါက်လျက်ရှိ၏။ နှုတ်ခမ်းပါးထက်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခုက ဖြစ်တည်လာခဲ့၏။

“အရင်တုန်းက တစ်စုံတစ်ယောက်ကို ကျုပ် ကတိပေးခဲ့ဖူးတယ်။ ဒီနေ့မှာ ဒီအရာကို ပြည့်စုံအောင် လုပ်ပေးဖို့ အချိန်ကျပြီပဲ” သူသည် လက်ကိုအသာမြှောက်ပြီးနောက် လေဟာနယ်ထဲသို့ လက်ညိုး ညွှန်လိုက်သည်။

များပြားလွန်းလှသည့် နတ်ဘုရား နိယာမများပေါ်ပေါက်လာပြီး လေဟာနယ်ကို ထိုးခွင်းကာဖြင့် လျှိုချင်းဟုန် တည်ရှိရာ တည်နေရာဆီသို့ ရောက်ရှိသွားခဲ့၏။

လက်ရှိအခြေအနေ၌ သူသည် အင်မော်တယ် အင်ပါယာတစ်ယောက် ဖြစ်လာခဲ့ပြီးဖြစ်၏။ ထို့ကြောင့် အရာအားလုံးတို့ကို အားအင်စိုက်ထုတ်မှုကင်းစွာဖြင့် လွယ်လွယ်ကူကူ ပြုလုပ်နိုင်၏။ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် အဆင့်ချိုးဖြတ်နိုင်ရန် ကူညီမှုဆိုသည်မှာ သူ့အတွက် ခက်ခဲသည့်အရာမျိုး မဟုတ်ချေ။ သူ၏ အဓိက ရည်ရွယ်ချက်သည် လျှိုချင်းဟုန်ကို ကူညီခြင်းပင်။ တခြားသော အရာများအတွက်ကတော့ ကိုယ့်လမ်းကိုယ်လျှောက်ရပေလိမ့်မည်။

All Chapters