အပိုင်း (၇၈၂)
Vol. 52 Ch. 782
“အရမ်းကို ဆန်းကြယ်တဲ့ နည်းစနစ်တွေပဲ” ငရဲလောက၏အရှင်က မှတ်ချက်ပြုလိုက်၏။ သူ၏အကြည့်များ သည် အလွန်တရာ အေးစက်စွာဖြင့် တစ်ဖက်လူကို လှမ်းကာ ကြည့်ရှုနေ၏။
လီယွင်၏ ပါရမီနှင့် တိုက်ခိုက်ရေးစွမ်းအင်သည် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ သူ့ကို အလန့်တကြားပင် ဖြစ်စေခဲ့၏။ တိုက်ပွဲစကတည်းက လီယွင်သည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် သိုင်းနည်းစနစ်များကို ထပ်တလဲလဲ ထုတ်ဖော်ကာ တိုက်ခိုက်ခဲ့၏။ ၎င်း၏ နတ်ဘုရားနည်းစနစ်များသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
လက်ရှိအခြေအနေတွင် ချီအသွင်ပြောင်းခြင်း ကိုယ်ပွားသုံးခု ဆိုသည့် နည်းစနစ်ကို ထုတ်ဖော်ကာ အသုံးပြုလျက် ရှိနေ၏။ ပေါ်ပေါက်လာခဲ့သည့် ကျင့်ကြံသူသည် လီယွင်နှင့် နှိုင်းယှဉ်၍ ရနိုင်သည့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး ထိုလူသည် သက်ရှိသတ္တဝါ တစ်ယောက်ကဲ့သို့ပင် အားအင်အဆင့် ပြည့်စုံ၏။
မဟုတ်သေးချေ။ နှစ်ယောက်တည်း မဟုတ်သေးပေ။ ငရဲလောကအရှင်၏ အနောက်ဘက်တွင် လေဟာနယ် တစ်ခုလုံး ကွဲအက်သွားပြီးသည့်နောက် ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများနှင့် အပြာရောင်နဂါးကြီးကို စီးနင်းထား သည့် အဘိုးအိုတစ်ယောက်က ထွက်ပေါ်လာခဲ့၏။ ၎င်းသည် အချိန်၏ မြစ်ရေစီးကြောင်းထဲမှ ထွက်ပေါ် လာသည့် လူတစ်ယောက်ကဲ့သို့ပင်။
ထိုသူသည် ရှေးဆန်းလွန်းသည့် အသွင်အပြင်မျိုးရှိပြီး ၎င်း၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် မြောက်များလှစွာသော တိုက်ပွဲများကို တိုက်ခိုက်ခဲ့သည့် ဟန်ပန်အမူအရာမျိုး တည်ရှိနေသည်။
“ဒါ.. အဆင့်တူ ကိုယ်ပွားသုံးယောက်ကို ဖန်တီးလိုက်တာလား။ ဒါ ကိုယ်ပွားတွေလည်း မဟုတ်ဘူး။ တကယ့် ကျင့်ကြံသူတွေလိုပဲ” ငရဲလောကအရှင်က တီးတိုးရေရွတ်လိုက်၏။ သူသည် တကယ်ပဲ တုန်လှုပ်လို့ နေခဲ့၏။
လီယွင်၏ အားအင်အဆင့်သည် သူ့ထက်နိမ့်ကျ၏။ ထို့ကြောင့် သူသည် အလုံးစုံဖိနှိပ်ကာ တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့၏။ သို့ပေမဲ့ တစ်ဖက်လူ ထုတ်ဖော်လာသည့် သိုင်းနည်းစနစ်များသည် တကယ့်ကို ကြောက်ခမန်းလိလိ ဖြစ်လို့နေခဲ့ပြီး သူ့ကိုပင် ပြန်လည်ကာ ဖိနှိပ်လာခဲ့သည်။
အဆင့်တူ ကျင့်ကြံသူသုံးယောက် ပေါ်ပေါက်လာခဲ့ပြီးသည့်နောက် လီယွင်အပါ လေးယောက်နှင့် မည်သို့ ပြန်လည် တိုက်ခိုက်ရမည်နည်း။ တစ်ယောက်၊ နှစ်ယောက် တိုက်ခိုက်မည်ဆိုလျှင် အခြေအနေက သိပ်မသိသာချေ။ သို့သော်ငြား ယခု လေးယောက် - တစ်ယောက် ဖြစ်လို့နေ၏။
“အခု ခင်ဗျားက ကျုပ်ကို သတ်ချင်စိတ်တွေ ပေါက်အောင် လုပ်နေတာပဲ” ထိုအချိန်မှာတော့ ငရဲလောက၏ အရှင်သည် တကယ်ကို ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရှိန်အဝါမျိုးကို ထုတ်ဖော်လျက် ရှိနေသည်။
ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင် သူကို အသက်ဝင်အောင် နိုးလိုက်ခြင်းနှင့် ပတ်သက်၍ သူသည် တစ်ဖက်လူကို ကျေးဇူးတင်မိ၏။ နှစ်ပေါင်းများစွာ ဆက်လက်ကာ အိပ်ပျော်နေမည်ဆိုပါက ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် ပိုမိုကာ တိုးတက်လာခဲ့ပြီး သူ နိုးထလာသည့် အချိန်တွင် သူ့ကို တစ်ခါတည်း ရိုက်နှက်ကာ သတ်ဖြတ်ပစ်နိုင်သည့် စွမ်းအားမြင့် ကျင့်ကြံသူ ဖြစ်ပေလိမ့်မည်။ ယခု ကံကောင်းလှသည်။ အရွယ်မရောက်ခင် မြန်မြန် သတ်ဖြတ်ရပေမည်။
“သတ်စမ်း” ငရဲလောက၏ အရှင်သည် သူ၏ တားမြစ်ထားသည့် လျှို့ဝှက်နည်းစနစ်များကို တိုက်ရိုက် ဆိုသလိုပဲ ထုတ်ဖော်ကာ တိုက်ခိုက်ပြီး တစ်ဖက်လူကို ရှင်းပစ်ရန် ပြင်ဆင်လိုက်၏။ သူ၏ရှေ့တွင် ရှိနေသည့် ဤလူငယ်သည် အင်မော်တယ် အင်ပါယာတစ်ယောက်ဖြစ်ပြီး အားအင်အဆင့် နိမ့်ကျသည် ဆိုလျှင်တောင်မှ ကြောက်မက်ဖွယ်ရာ ကောင်းသည့် ကျင့်ကြံသူပင်။
ပြန်လည်မွေးဖွားခြင်း၏ နိယာမများသည် ငရဲလောကအရှင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံလျက် ရှိနေပြီး ထိုအရာအားလုံးသည် လေဟာနယ်တစ်ခုလုံးတွင် နတ်ဘုရားချိန်းကြိုးများအဖြစ် ဖြစ်တည်ကာ တစ်ဖက်လူကို ရစ်သိုင်းလေ၏။
အချိန်၏ မြစ်ရေစီးကြောင်းထဲမှ ထွက်ပေါ်လာခဲ့သည့် ကြောက်မက်ဖွယ်ရာ ကောင်းလှသော ကျင့်ကြံသူ သုံးယောက်တို့သည် လီယွင်နှင့် ပူးပေါင်းကာ ငရဲလောကအရှင်ကို တိုက်ခိုက်နေပြီဖြစ်၏။
ငရဲလောကအရှင်သည် ဤအတိုင်းအနိုင်မယူနိုင်သည်ကို သိရှိသောကြောင့် အချိန်၏ မြစ်ကြီး၏ ဆင့်ခေါ်ကာ ဝင်ရောက်လိုက်သည်။ သူသည် အချိန်၏ မြစ်ရေစီးကြောင်းထဲတွင် ရှိနေသော လီယွင်ကို ရှာဖွေ သတ်ဖြတ်ရန် ကြံစည်လိုက်ခြင်းပင်။
ငရဲလောကအရှင်သည် တိုက်ခိုက်ရေး စွမ်းအင်၌ တကယ့်ကို ကြောက်ခမန်းလိလိ အားကောင်းသော လူတစ်ယောက် ဖြစ်၏။ လေးယောက် - တစ်ယောက် တိုက်ခိုက်နေသည့် အခြေအနေ အတောအတွင်းမှာပဲ ၎င်းသည် အောက်စည်းသို့ မရောက်ရှိသေးချေ။ ကြံ့ကြံ့ခံ ရင်ဆိုင်နေနိုင်သည်။
အချိန်၏ မြစ်ရေစီးကြောင်းထဲတွင် ၎င်းသည် ကျိန်းသေပေါက် တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့သည့် လူတစ်ယောက် ဖြစ်၏။ ထို့ကြောင့် အသာစီး ရယူနိုင်လိမ့်မည် ဟု ထွက်ချက်ခဲ့သည်။ သို့ပေမဲ့ ရလဒ်သည် သူ့ကို စိတ်ပျက်စေခဲ့၏။ အစပိုင်းထဲတွင် ကောင်းကောင်းမွန်မွန် တိုက်ခိုက်နိုင်ခဲ့သော်လည်း မထင်မှတ် ထားလောက်အောင်ဘဲ လီယွင်သည် သူ့ကို တဖြည်းဖြည်းနှင့် ဖိနှိပ်လာခဲ့၏။
“ဘယ်လိုဖြစ်နိုင်မှာလဲ” ငရဲလောက၏ အရှင်သည် အကြီးအကျယ် တုန်လှုပ်လျက်ရှိသည်။
ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် သံသယရှိစရာ မလိုပါပဲ ပါရမီရှင် အင်မော်တယ် အင်ပါယာတစ်ယောက် ဖြစ်၏။ ထိုကဲ့သို့သော လူမျိုးသည် တစ်ညအတွင်း ကျင့်ကြံ၍ ဖြစ်လာသည့် လူမျိုး မဟုတ်ချေ။ နှစ်ပေါင်းများစွာ ကျင့်ကြံပြီး ဉာဏ်အလင်းပေါက်သည့် လူမျိုးသာဖြစ်မည်။
သို့ပေမဲ့ အချိန်၏ မြစ်ရေစီးကြောင်းထဲ၌ ရှာဖွေပြီး တစ်ဖက်လူအား သတ်ဖြတ်ပစ်ရန် ကြံစည်သည့်အချိန်တွင် တစ်ဖက်လူ၏ ပုံပန်းသွင်ပြင်သည် အချိန်၏ မြစ်ရေစီးကြောင်း၌ ရှိမနေကြောင်း အံ့အားသင့်ဖွယ်ရာ မြင်လိုက်ရ၏။
မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ ထိုလူ မည်ကဲ့သို့သော နည်းလမ်းဖြင့် ဤအခြေအနေထိရောက်အောင် ကျင့်ကြံ ခဲ့သနည်း။
“အလုပ်ရှုပ်ခံမနေနဲ့”
လီယွင်သည် ငရဲလောကအရှင်၏ အကြံအစည်ကို ကောင်းကောင်းသိ၏။ ထို့ကြောင့် ပြောလိုက်သည်။ “ခင်ဗျား အတိတ်တုန်းက အခြေအနေကို ကျုပ် မြင်ရတယ်ဆိုပေမဲ့ ကျုပ် အတိတ်တုန်းက အခြေအနေကို ခင်ဗျား ဘယ်လိုမှ မြင်ရမှာ မဟုတ်ဘူး”
“သေဖို့သာပြင်”
ကျယ်လောင်သည့် အော်သံကြီး ထွက်ပေါ်လာခဲ့ပြီး စကြဝဠာ တစ်ခုလုံးတွင် ရှိနေသည့် နိယာမများသည် လီယွင်ကို ရစ်သိုင်းကာဖြင့် ဖြစ်တည်လာခဲ့၏။ ပြီးနောက် အရှိန်အဟုန် ပြင်းပြင်းဖြင့် ငရဲလောကအရှင်ကို ဝင်ရောက် တိုက်ခိုက်ပြန်၏။
“ခင်ဗျားရဲ့ နတ်ဘုရားနည်းစနစ်တွေက ဆန်းကြယ် လွန်းတယ်ဆိုပေမဲ့ ဒါကို ဘယ်လောက်ကြာကြာ ထုတ်သုံး နိုင်မှာလဲ”
ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအားမြင့် တိုက်ခိုက်ရေး နည်းစနစ်များကို အချိန်အတိုင်းအတာ တစ်ခုအတွင်း များများစားစား ထုတ်ဖော်အသုံးပြုခဲ့ရခြင်းသည် စွမ်းအင်ကို ကုန်ခမ်းစေပေလိမ့်မည်။ ထို့ကြောင့် လီယွင်အနေနှင့် ဤနည်းစနစ်များကို ရေရှည် ထုတ်ဖော်အသုံးပြု၍ မရနိုင်ကြောင်း သူ ကောင်းကောင်းသိသည်။
“ကျား”
ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုပဲ တစ်ဖက်လူကို အင်ပြည့်အားပြည့် ထုတ်ဖော်ကာ တိုက်ခိုက်လိုက်၏။
ဘုတ်
လီယွင်၏ ကိုယ်ပွားများထဲမှ တစ်ခုသည် ချက်ချင်းဆိုသလိုပဲ ပျောက်ကွယ်သွား၏။ ခန္ဓာကိုယ် တစ်ခုလုံး ပျက်စီးသွားခဲ့ပြီးသည့်နောက် သွေးမြူများအဖြစ် ပြောင်းလဲကာ တည်နေရာအနှံ့သို့ ပြန့်ကျဲသွားခဲ့၏။ ပြီးနောက် အချိန်၏ မြစ်ရေစီးကြောင်းထဲသို့ ပြန်လည်ကာ ဝင်ရောက်သွားသည်။
ဘုန်း
ပတ်ဝန်းကျင် တစ်ခုလုံးတွင် တောက်ပသည့် အလင်းတန်းများ ဖြစ်တည်လာခဲ့၏။ ၎င်းသည် ကိုယ်ပွားတစ်ခု ဖြစ်သည်ဆိုလျှင်တောင်မှ ကြောက်မက်ဖွယ်ရာကောင်းလှသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် အချိန်၏ မြစ်ရေစီးကြောင်းကြီး တစ်ခုလုံးသည် လှုပ်ခါနေ၏။
“ဘာတွေ ထပ်သုံးချင်သေးလဲ။ ရှိသမျှ နည်းစနစ် အကုန်လုံးကို သုံးစမ်း” ငရဲလောကအရှင်သည် အေးစက်စက် အော်ဟစ်လိုက်၏။ သူ၏ မျက်လုံးများသည် နိယာမ အားလုံးကို လွှမ်းခြုံ ကြည့်ရှုလျက် ရှိနေပြီး ထိုနိယာမများကို အသုံးပြုကာဖြင့် လီယွင်ကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
“အားအင်အဆင့်အရ အနည်းငယ် နိမ့်ကျတယ် ဆိုရင်တောင်မှ ဖန်တီးမှုက ကျုပ်ထက် ပိုပြီးသာတယ်။ ကျေးဇူးပဲ။ ကျုပ် အနာဂတ်လမ်းစဉ်ကို ကောင်းကောင်းသိပြီ။ စိတ်ချလက်ချ နောက်ခရီးကို သွားတော့။ ကျုပ် ဒီလောကကြီးကို အကောင်းဆုံး ဖန်တီးပေးထားမယ်”
ငရဲလောက၏ အရှင်သည် အေးစက်စက်ဖြင့် ဆက်လက်ကာ ပြောလိုက်၏။ “ပြီးရင် ခင်ဗျားရဲ့ မှတ်ဉာဏ်တွေကို ကျုပ် ဖျက်ဆီးပစ်လိုက်မယ်။ ခင်ဗျားကလည်း ငရဲလောကအတွက် ကျိန်းသေပေါက် အလုပ်အကြွေး ပြုရမယ်”
လီယွင်သည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ သူသည် ဤတိုက်ခိုက်ပွဲကြောင့် များပြားသည့် အတွေ့အကြုံ များကို ရရှိခဲ့၏။ ထိုအတူ ငရဲလောက၏ အရှင်သည်လည်း များပြားလှသည့် ဉာဏ်အလင်းများကို ရရှိခဲ့ပုံ ပေါ်သည်။
“အင်း.. ဒီကိစ္စက အနည်းငယ် မမျှတသလိုပဲ။ ငါရတာက နည်းနည်း၊ သူရတာက များများဖြစ်နေပြီ။ တိုက်ခိုက်နေရင်းနဲ့ သူ နောက်တစ်ဆင့်ကို တက်သွားရင် ဘယ်လိုလုပ်မလဲ။ စနစ်ရှိတယ်ဆိုရင်တောင်မှ ငါ သူ့ကို ဆက်ပြီး တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး” လီယွင်က တွေးတောလိုက်၏။
ငရဲလောက၏ အရှင်သည် အထက်စီးသို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့၏။ သူသည် တိုက်ခိုက်ရင်းမှ ဉာဏ်အလင်းများကို ရယူနိုင်သည့် ပါရမီရှင်တစ်ယောက် ဖြစ်လို့နေခဲ့၏။ လီယွင်နှင့် တိုက်ခိုက်နေရင်းမှ သူသည် အကျိုးကျေးဇူး အများအပြားကို ရရှိလို့ နေခဲ့၏။ စနစ်၏ အကူအညီ တည်ရှိနေသည် ဆိုလျှင်တောင်မှ လီယွင်အနေနှင့် တစ်ဖက်လူ ဤကဲ့သို့ ဆက်လက်လွှတ်ထားပါက ကျိန်းသေပေါက် ဒုက္ခရောက်နိုင်သည်။
“နောက်ဘဝကိုသာ သွားလိုက်တော့” ငရဲလောက၏ အရှင်သည် တစ်ချက်ကလေးမှ တွန့်ဆုတ်မနေခဲ့ချေ။ အရှေ့ဆီသို့ လှမ်းတက်ပြီးသည့်နောက် လက်တစ်ဖက်ကို ဖြန့်ကျက်ကာဖြင့် လီယွင်ကို တိုက်ရိုက်ဆိုသလိုပဲ တိုက်ခိုက်၏။
ဤကဲ့သို့ လှုပ်ရှားလိုက်သည့် အချိန်တွင် အချိန်တစ်ခုလုံးသည် ရပ်တန့်သွားခဲ့၏။ ကြမ်းတမ်းလွန်သည့် စွမ်းအားမြင့် ကျင့်ကြံသူ နှစ်ယောက်တို့သာလျှင် တည်နေရာထဲတွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့သည်။
ဘုတ်
သွေးတစ်စက် ကျဆင်းပြီးသည့်နောက် အချိန်များသည် နောက်ပြန်ကာ ရစ်နေသကဲ့သို့ပင် တည်နေရာ တစ်ခုလုံးသည် နောက်ပြန်လည်လျက် ရှိနေ၏။ ဤကဲ့သို့သော တိုက်ခိုက်ပွဲ အခြေအနေမျိုးတွင် ကွာစီ အင်မော်တယ် အင်ပါယာတစ်ယောက် လှမ်းဝင်လာသည် ဆိုလျှင်တောင်မှ တစ်ခါတည်း သေဆုံးသွားပေ လိမ့်မည်။