← Chapters

အပိုင်း (၇၈၃)

Vol. 52 Ch. 783

အပိုင်း (၇၈၃)

Vol. 52 Ch. 783

ဘုန်း

ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာခဲ့ပြီး လီယွင်၏ ဒုတိယမြောက် ကိုယ်ပွားသည် အလုံးစုံ ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။ ကိုယ်ပွားနှစ်ခု ဆက်တိုက်ဆိုသလို ဖျက်ဆီးခြင်း ခံရချိန်မှာတော့ အခြေအနေ တစ်ခုလုံးသည် မကောင်းတော့ချေ။

ငရဲလောက၏ အရှင်သည် တည်နေရာ တစ်ခုလုံးကို လွှမ်းမိုး ထားခဲ့၏။ လီယွင်အနေနှင့် ခုခံဖို့သာလျှင် စွမ်းဆောင်ရည်ရှိ၏။ ပြန်လည်တိုက်ခိုက်ရန် စွမ်းဆောင်ရည် မရှိတော့ချေ။

လီယွင်၏ နတ်ဘုရားနည်းစနစ်များသည် နက်နဲလွန်းလှသည် ဆိုလျှင်တောင်မှ အားအင်အဆင့်၏ ထောက်ပံ့မှုကို လိုအပ်၏။ လုံလောက်သည့် အားအင်အဆင့်မျိုး မရှိဘူးဆိုပါက မည်မျှအားကောင်းသည့် နည်းစနစ်မျိုးကို ထုတ်ဖော်အသုံးပြုသည်ဆိုဆို အကျိုးသက်ရောက်မှု ရှိလိမ့်မည် မဟုတ်ချေ။

ဘုန်း

လီယွင်နှင့် ငရဲလောက၏ အရှင်တို့သည် ထပ်မံကာ တိုက်ခိုက်လိုက်ကြ၏။ တည်နေရာတစ်ခုလုံးတွင် လှိုင်းအဟုန်များ ဖြစ်တည်လျက် ရှိနေပြီး အချိန်မြစ်ရေစီးကြောင်း တစ်ခုလုံးသည် လှုပ်ခါလျှက်ရှိသည်။

ဘုန်း

နောက်ထပ် ကိုယ်ပွားတစ်ခုသည် ပျောက်ကွယ်သွားခဲ့၏။ လီယွင်၏ မျက်မှောင်သည် ပိုမိုကာ ကုတ်ဝင် သွားခဲ့၏။ သူ၏ နောက်ဆုံးကိုယ်ပွား ပျောက်ကွယ်သွားပြီးသည့်‌နောက် လီယွင်သည် မျက်စိတမှိတ်အတွင်း ငရဲလောကအရှင်၏ တောက်လျှောက် ဖိနှိပ်ခြင်းကို ခံနေရပြီဖြစ်၏။ လွတ်မြောက်ရန် နည်းလမ်း မတည်ရှိ ပါက သူသည် အန္တရာယ် များနေပြီဖြစ်၏။

တခြားတစ်ဖက်ခြမ်း ငရဲလောက၏ အရှင်မှာတော့ လီယွင်၏‌အတွေးကို ကောင်းကောင်း ဖတ်ရှုမိ၏။ ထို့ကြောင့် သူသည် နှာခေါင်းကို ရှုံ့ကာဖြင့် ကောင်းကင်ယံထက်တွင် မတ်မတ်ရပ်နေ၏။ အချိန်၏ မြစ်ရေစီးကြောင်းများကို ဆော့ကစားကာဖြင့် တည်နေရာတစ်ခုလုံး၌ စိတ်ကြိုက်ဆိုသလို ခြယ်လှယ် တိုက်ခိုက်လျက် ရှိသည်။

“အင်း… ခင်ဗျားလည်း ဒီလူတွေနောက်ကို လိုက်သွားဖို့ အချိန်ကြပြီ”

ငရဲလောက၏ အရှင်သည် အေးစက်သည့် လေသံနှင့်အတူ လှမ်းကာ ပြောဆိုလိုက်၏။ “ကျုပ် ခင်ဗျားရဲ့ တာအိုတွေ အားလုံးကို ဖယ်ရှားပစ်မယ်။ ပြီးတော့ နောက်ဘဝရောက်ရင် ကျုပ် ခင်ဗျားကို ကျုပ်တပည့်အဖြစ် လက်ခံပေးမယ်”

သူ၏ မျက်လုံးထဲတွင်တော့ ဤကဲ့သို့သော ဆန္ဒများ ပေါ်ပေါက်လာခဲ့သည်။

တော်တော်များများတို့သည် သူ၏လက်ထဲတွင် သေဆုံးခဲ့ကြ၏။ သို့ပေမဲ့ လီယွင်မှာတော့ ကြောက်မက်ဖွယ်ရာ ကောင်းသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အလုံးစုံသော နည်းစနစ်များကို နားလည်လို့နေသည်။ ထို့ကြောင့် သူသည် သူ၏တပည့်အဖြစ် ထားချင်စိတ်လည်း တည်ရှိလို့နေ၏

“အင်း.. ဒါပေမဲ့ နောက်ဘဝကို အရင်သွား”

ငရဲလောက၏ အရှင်သည် အေးစက်စက်ဖြင့် အော်ဟစ်လိုက်၏။ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်၏ နိယာမများသည် တည်နေရာတစ်ခုလုံးကို လွှမ်းခြုံပြီးသည့်နောက် လီယွင်ကို စတင်ကာ ဖိနှိပ်လေ၏။ ဤမြင်ကွင်းသည် တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။

ဘုန်း ….။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်”

ထိုအချိန်မှာတော့ လီယွင်သည် မည်သို့မှ ဖုံးကွယ်မနိုင်ခဲ့ချေ။ စနစ်ဆီမှ တုံ့ပြန်မှုကိုမှ မရသည့် အချိန်မှာတော့ သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကိုသာလျှင် အားကိုးရပေလိမ့်မည်။ ဤတိုက်ခိုက်ချက်သည် သာမန်လက်နက်များဖြင့် ခုခံပါက မည်သို့မှ တုံ့ပြန်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို ထုတ်ဖော်ကာ အသုံးပြုရပေတော့မည်။

တော်ဝင်သဲကန္တာရမြို့ထဲတွင် ရှိနေသည့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် တုန်ယင်လာခဲ့၏။ နတ်ဘုရားအလင်းတန်းများသည် ထိုအရာဆီမှ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် ကောင်းကင်လျှို့ဝှက် နန်းဆောင်ကြီး တစ်ခုလုံးသည် မြေပေါ်မှ အမြစ်ကျွတ်သွားခဲ့၏။ ပြီးနောက် အချိန်၏ မြစ်ရေစီးကြောင်း အတိုင်း စီးဆင်းကာဖြင့် လီယွင်၏ အရှေ့ဆီသို့ ရောက်ရှိလာခဲ့၏။

ဘန်း .....။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် ရုတ်တရက် ပေါ်ပေါက်လာသည့်အချိန်တွင် သာမန်နန်းဆောင် တစ်ခု၏ ပုံပန်းသွင်ပြင်မျိုး ဖြစ်သော်လည်း လွှမ်းမိုးနိုင်စွမ်းကတော့ ကြီးမား၏။ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ် နိယာမများနှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်သည့် အချိန်မှာတော့ ၎င်းသည် အနောက်ဘက်သို့ အနည်းငယ် လွင့်စင်သွားခဲ့သည်။

“ဒါဘာကြီးလဲ”

ငရဲလောကအရှင်က အနည်းငယ် အံ့အားသင့်သွားခဲ့၏။ ခန့်မှန်း၍မရနိုင်သည့် အားအင် အဆင့်နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်သည့် အချိန်တွင် အရှေ့တွင် ရှိနေသည့် နန်းဆောင်သည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရှိန်အဝါမျိုးကို ထုတ်ဖော်ပြသနေ၏။

“စကားလုံးတွေ မလိုဘူး။ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်ကို ကျိန်းသေပေါက် ကျုပ် ဖိနှိပ်ပြမယ်။ ခင်ဗျား ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲက လွတ်မြောက်နိုင်မလားဆိုတာ ကျုပ်သိချင်တယ်” လီယွင်သည် အရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ရောက်ရှိသွားသည်။ ဤနန်းဆောင်ထဲတွင် တည်ရှိနေသည်ဆိုပါက သူ၏ လုံခြုံရေးအား စိတ်ပူနေမည် မဟုတ်ချေ။

“မောက်မာလိုက်တာ” ငရဲလောကအရှင်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ လှမ်းကာ ကြည့်ရှု၏။ သူ၏ ဆန်းကြယ်လှသည့် မျက်လုံးများထဲတွင် သံသယများနှင့် ပြည့်နှက်လာခဲ့၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သည် တကယ်ကို အားကောင်းနေခဲ့၏။

သို့ပေမဲ့ မေးခွန်းတစ်ခုက ပေါ်ပေါက်လာခဲ့သည်။ ဤအရာသည် လီယွင် ဖန်တီးထားသည့်အရာ ဟုတ်ရဲ့လား။

အဘယ်ကြောင့်ဆိုသော် လီယွင်ထက် ပိုမိုကာ အားကောင်း နေသောကြောင့်ပင်။ သို့ပေမဲ့ လီယွင် ဖန်တီးထားသည့် အရာ မဟုတ်ပါက နောက်ကွယ်တွင် အစစ်အမှန် သခင်တစ်ယောက် တည်ရှိနေမည် မဟုတ်ပါလား။ ကြောက်မက်ဖွယ်ရာကောင်းသည့် ကျင့်ကြံသူ တစ်ယောက်သည် အမှောင်ထဲတွင် ပုန်းအောင်းလျက် ရှိနေသေးသည်လား။

ငရဲလောက၏ အရှင်သည် ထိုအကြောင်းအရာနှင့် ပတ်သက်၍ မည်သို့မှ မစဉ်းစားဘဲ မနေနိုင်တော့ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ထိန်းချုပ်နိုင်စွမ်းရှိနေသည့် တခြားသော တစ်စုံတစ်ယောက်သာ တည်ရှိသည်ဆိုပါက သူ့အနေနှင့် ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေကို ရင်ဆိုင်ရတော့မှာ ဖြစ်၏။ ထိုအတွေးသည် သူ၏ ကျောရိုးမကြီးကိုပင် စိမ့်တက်သွားစေခဲ့၏။

“မဟုတ်သေးဘူး”

ငရဲလောကအရှင်သည် ထိုအတွေးကို မြန်မြန်ဆန်ဆန် ဖယ်ရှားလိုက်၏။ သူသည် အေးစက်စက်ဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကြီးကို လှမ်းကာ ကြည့်ရှုနေ၏။ ပြီးနောက် ထိုအထဲတွင် ရှိနေသည့် လီယွင်ကို လှမ်းကာ ကြည့်ရှု၍ ပြောဆိုလိုက်သည်။ “ဒီနေ့အချိန်မှာ ငါ ဒီလူကို ဖိနှိပ်ရမယ်”

လီယွင်သည်ပင်လျှင် ကြောက်မက်ဖွယ်ရာကောင်းသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ ၎င်း၏ အနောက်တွင် တခြားသော စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် တည်ရှိနေပါက ငရဲလောကကြီး ထွန်းတောက်ဖို့ ဆိုသည်မှာ မဖြစ်နိုင်တော့ချေ။ ထို့အပြင် အရှုံးပေး ထွက်ခွာသွားဖို့ ဆိုသည်မှာလည်း ငရဲလောကကြီး၏ စရိုက် လက္ခဏာမျိုး မဟုတ်ချေ။ နှစ်ဖက်လုံးက ရန်သူဖြစ်နေပြီး ဆိုမှတော့ တစ်ယောက်နှင့် တစ်ယောက် ကျိန်းသေပေါက် အဆုံးသတ်အထိ တိုက်ခိုက်ရပေတော့မည်။

ဘုန်း ....။

ငရဲလောက၏ အရှင်သည် ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်ကို အသုံးပြုကာဖြင့် ဆက်လက်ကာ တိုက်ခိုက်ပြန်၏။

ခရက် ....။

လေဟာနယ်တစ်ခုလုံး ကွဲအက်သွားခဲ့သည်။

“သေစမ်း”

ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာခဲ့ပြီး ငရဲလောက၏ အရှင်သည် အင်ပြည့် အားပြည့်ဖြင့် ထုတ်ဖော်ကာ တိုက်ခိုက်လိုက်၏။ များပြားလွန်းလှသည့် နတ်ဘုရားရောင်စဉ်လှိုင်းများသည် ကောင်းကင်လျှို့ဝှက် နန်းဆောင် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ ထိုနတ်ဘုရားအလင်းတန်း တစ်ခုချင်းစီတိုင်းသည် ကြောက်မက်ဖွယ်ရာကောင်းသည့် ဓားသွားတစ်ခုချင်းစီကဲ့သို့ပင် လှီးဖြတ်နေ၏။ သို့ပေမဲ့ နန်းဆောင်ကြီးသည် တောက်ပသည့် အလင်းတန်းများ ထွက်ပေါ်ကာဖြင့် အလွန်တရာ လှပစွာ ခုခံထားခဲ့၏။

“ငါ မယုံကြည်နိုင်ဘူး။ ဒီလောက် နှစ်ပေါင်းများစွာ ကျင့်ကြံပြီးတဲ့နောက်မှာ နန်းဆောင်တစ်ခုကိုတောင် ရင်မဆိုင်နိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး။ ကျိန်းသေပေါက် ငါ ချိုးဖြတ်ပစ်မယ်” ငရဲလောက၏ အရှင်သည် များပြားလှသည့် နိယာမများ ထုတ်ဖော်ကာဖြင့် တစ်ဖက်နန်းဆောင်ကြီးကို ဆက်တိုက်ဆိုသလိုပဲ တိုက်ခိုက်လျက် ရှိနေသည်။

ချလွမ် ....။

ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် မိုးခြိမ်းသံကဲ့သို့ အသံကြီး ထွက်ပေါ်လျက် ရှိနေပြီး လီယွင်၏ စိတ်ထဲတွင်တော့ ကြာရှည်စွာ ပျောက်နေသည့် စနစ်၏အသံက ထွက်ပေါ်လာခဲ့၏။

[သခင့်ကို သတင်းပို့ပါတယ်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်က ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခံရမှု အောက်ကို ရောက်နေတယ်။ သခင်အနေနဲ့ အတိတ်ဘဝတုန်းက ရှိနေတယ့် မှတ်ဉာဏ်တွေက ပြန်ပြီး စည်းဖယ်မလား။ ကျင့်ကြံခြင်းလမ်းစဉ်ကို ထပ်ပြီးတိုးမလား]

“ဟမ်… သခင် ဟုတ်လား” လီယွင်သည် စနစ်၏ သူ့ကို ပြောဆိုသည့် စကားလုံးပုံစံ ပြောင်းလဲသွားကြောင်း သိရှိလိုက်သည်။

အတိတ်တုန်းက စနစ်သည် သူ့အား လက်ခံသူအဖြစ်သာ ပြောဆိုခဲ့၏။ လက်ရှိအချိန်မှာတော့ သူ့အား သခင်ဟု ပြောင်းလဲကာ ခေါ်ဆိုနေ၏။ ဤစကားလုံး၏ ပြောင်းလဲမှုသည် ကွာခြားချက် အလွန် ကြီးမားကြောင်း သူကသိရှိ၏။ လက်ခံသူ ဆိုသည်မှာ သူ့ကို ကူညီရုံသူအဖြစ် ပြောဆိုသည့် စကားလုံးဖြစ်ပြီး သခင်ဆိုသည်မှာတော့ သူ့ကို အလုပ်အကြွေးပြုသည့် အခြေအနေမျိုးပင်။

“မင်းက စနစ်လား။ ဒါမှမဟုတ် ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ စိတ်ဝိညာဉ်လား” လီယွင်က မေးမြန်းလိုက်၏။ သူသည် တစ်စုံတစ်ခုကို နားလည်သွားသည့်ပုံပေါ်၏။

[သခင် တွက်ချက်ထားတဲ့ အတိုင်းပဲ။ ကျုပ်က ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ စိတ်ဝိညာဉ်ပါပဲ။ သခင်ရဲ့ အတိတ်က မှတ်ဉာဏ်တွေ အားလုံးကို စည်းခတ်ထားတုန်းပဲ။ ဒါကြောင့် သခင်က ကျုပ်ကို ခဏတာ မမှတ်မိဘဲ ဖြစ်နေတာ]

“အင်း.. ငါတွေးထားတဲ့ အတိုင်းပဲကိုး” လီယွင်၏ မျက်လုံးများက လင်းလက်သွားခဲ့၏။ စနစ်သည် သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိမနေကြောင်း သူ သံသယဝင်မိ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင်သာ စနစ်ဆိုသည်မှာ ရှိနေခြင်းဖြစ်၏။ ထို့ကြောင့် သူသည် သေသေချာချာ အတည်မပြုနိုင် ခဲ့ခြင်းပင်။

လက်ရှိ ငရဲလောကအရှင်နှင့် တိုက်ခိုက်နေသည့် တိုက်ပွဲအတွင်း အချိန်၏ မြစ်ရေစီးကြောင်းထဲသို့ ဝင်ရောက်ကာ တိုက်ခိုက်ခဲ့ရသည်။ သူသည် စိတ်ထဲတွင်ရှိနေသည့် စနစ်ကို အတန်တန်‌ ခေါ်ဆိုခဲ့သော်လည်း စနစ်၏ တုံ့ပြန်သံကို မကြားခဲ့ရချေ။ ယခု ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ဆင့်ခေါ်ကာ ပြန်လည် တိုက်ခိုက်မှသာလျှင် စနစ်၏ တုံ့ပြန်သံကို ကြားခဲ့ရ၏။

“ဒီလိုဆိုရင် အတိတ်မှာရှိတဲ့ ငါ့ရဲ့ အားအင်တွေကို စည်းဖယ်ပေး” လီယွင်သည် အတိတ်ဘဝတုန်းက သူ မည်မျှအားကောင်းကြောင်းကို စိတ်ဝင်တစားဖြင့် သိချင်မိသည်။

[ကောင်းပါပြီသခင်]

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ စိတ်ဝိညာဉ်သည် ပြန်လည်တုံ့ပြန်ကာ မေးမြန်းလိုက်၏။ [သခင်… သခင်ရဲ့ မှတ်ဉာဏ်တွေနဲ့ ပတ်သက်ပြီး ….]

“မှတ်ဉာဏ်တွေကို စည်းဖယ်ဖို့ မလိုဘူး”

အတိတ်ဘဝတုန်းက ဖြစ်ခဲ့သည့် အကြောင်းအရာများသည် မည်သို့ပင် ဖြစ်ခဲ့ဖြစ်ခဲ့ သူ စိတ်မဝင်စားချေ။ မှတ်ဉာဏ်များသည် အရေးမကြီးလှပေ။ အားအင်အဆင့်ကသာလျှင် လက်ရှိအခြေအနေ၌ အရေးကြီးသည်။

[ကောင်းပါပြီ] စိတ်ဝိညာဉ်၏ အသံက‌ ပေါ်ပေါက်လာခဲ့၏။

ရုတ်တရက် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းမှာတော့ လောက၏ အစစ်အမှန် စွမ်းအင် အဆီအနှစ်များ ဝင်ရောက်လာခဲ့ပြီး လီယွင်၏ အားအင်အဆင့်သည် တမဟုတ်ချင်း ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရှိန်နှုန်းဖြင့် တိုးတက်လာခဲ့သည်။

သူသည် အစောကြီးကတည်းက အင်မော်တယ် အင်ပါယာ တစ်ယောက် ဖြစ်၏။ လက်ရှိ အလွန်မြန်ဆန်သည့်နှုန်းထားနှင့်အတူ ကျင့်ကြံခြင်းအဆင့်က တိုးတက်လျက်ရှိနေ၏။ ကြောက်မက်ဖွယ်ရာ‌ ကောင်းလှချေ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ပင်လျှင် ၎င်း၏ အော်ရာများကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။

All Chapters