မွန်းစတား
Vol. 180 Ch. 2686
တက္ကသိုလ်ဂိုဏ်းချုပ်က ပြောလိုက်၏။
“တကယ်တော့ တက္ကသိုလ်က တပည့်ဂိုဏ်းသားတွေကို လက်ခံတဲ့အခါ ပထမဆုံး ငါတို့တန်ဖိုးထားတာက ပါရမီအရည်အချင်းပဲ… ဒုတိယကတော့ စိတ်နေစရိုက်ပဲ… တက္ကသိုလ်ရဲ့ တပည့်ဂိုဏ်းသားတိုင်းက ကြင်နာမှုကို ဘယ်လိုပြန်ပေးဆပ်ရမလဲ ကောင်းကောင်းသိထားရမယ်”
“ကျေးဇူးမသိတတ်တဲ့ လူတွေက တက္ကသိုလ်တစ်ခုလုံးနဲ့ လောကမှာရှိတဲ့ မှန်ကန်ဖြောင့်မတ်တဲ့လူတွေအားလုံးရဲ့ ရွံ့ရှာစက်ဆုပ်ခြင်းကို ခံရလိမ့်မယ်”
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး သူက နှုတ်ဆိတ်နေ၏။
တက္ကသိုလ်၏ ဂိုဏ်းချုပ်က ပြုံးပြလိုက်၏။
“မင်းက ပကတိဧကနယ်ပယ်ကို ဝင်ရောက်လာခဲ့ပြီဆိုမှတော့ ငါ မင်းကို အခွင့်အလမ်းတစ်ခုပေးနိုင်တယ်… မင်းကလည်း အဲဒါကို ဖမ်းဆုပ်မိနိုင်ဖို့ ငါမျှော်လင့်တယ်”
“ဆရာ ကျေးဇူးပြုပြီး ကျုပ်ကို ရှင်းပြပါဦး”
ဆူဇီမိုက ယဉ်ကျေးစွာ ပြောလိုက်၏။
တက္ကသိုလ်၏ ဂိုဏ်းချုပ်က ပြောလိုက်၏။
“ဖန်ဆင်းခြင်းကြာပဒုမ္မာက လောကမှာ အတော်လေးထူးခြားတယ်… အဆင့်-၁၂ ဖန်ဆင်းခြင်းကြာပဒုမ္မာဆိုတာ ပိုပြီးတော့တောင် ရှားပါးတယ်… ငါ့ရဲ့ကျင့်ကြံမှုနယ်ပယ်က ပကတိကောင်းကင်လိုဏ်ဂူနယ်ပယ်မှာ ရပ်တန့်နေခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ… ငါက အဆင့်ချိုးဖျက်တက်လှမ်းဖို့အတွက် အခွင့်အရေးတစ်ခုရမလာခင် အင်မော်တယ်ဆေးလုံးတစ်လုံးကို သန့်စင်ဖို့လိုအပ်နေတယ်”
“အဲဒီအင်မော်တယ်ဆေးလုံးအတွက် အရေးကြီးဆုံးပါဝင်ပစ္စည်းကတော့ ဖန်ဆင်းခြင်းကြာပဒုမ္မာပဲ”
နောက်ဆုံးတော့ ရောက်လာပြီပဲ။
ဆူဇီမိုက ကြိတ်၍ လှောင်ရယ်လိုက်၏။
“လက်စသတ်တော့… ဂိုဏ်းချုပ်… ခင်ဗျားက ကျုပ်အသက်ကို လိုချင်နေတာပဲ”
ဆူဇီမို၏ လေသံက အေးစက်လာခဲ့ပြီး တက္ကသိုလ်၏ ဂိုဏ်းချုပ်ကို ဆရာအဖြစ် ဆက်လက်၍ မခေါ်ဆိုတော့ပေ။
တက္ကသိုလ်ဂိုဏ်းချုပ်က ပြုံး၍ ညင်သာစွာ ပြောလိုက်၏။
“မင်းနားလည်မှုလွဲနေပြီ… ဒါက မင်းအတွက်ပြင်ဆင်ပေးထားတဲ့ အခွင့်အလမ်းတစ်ခုဆိုမှတော့ ငါက မင်းအသက်ကို ထိခိုက်အောင် ဘယ်လုပ်ပါ့မလဲ”
“အို…”
ဆူဇီမိုသည် ယခုအချိန်ထိ သူ၏ သတိကို လျှော့ချခြင်းမရှိဘဲ တက္ကသိုလ်ဂိုဏ်းချုပ်ကို အေးစက်စွာကြည့်ပြီး ဖြေရှင်းချက်ကို စောင့်ဆိုင်းနေ၏။
တက္ကသိုလ်၏ ဂိုဏ်းချုပ်က ပြောလိုက်၏။
“တကယ်တော့ မင်းက အင်မော်တယ်ဆေးလုံးကို သန့်စင်ဖို့အတွက် လောလောဆယ်မှာ မင်းကိုယ်မင်း တကယ်ပဲ စွန့်လွှတ်အနစ်နာခံရလိမ့်မယ်… ဒါပေမဲ့ မပူပါနဲ့… ငါက မင်းပြန်လည်ဝင်စားဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ပေးထားတယ်”
“ငါကတော့ အဲဒီအင်မော်တယ်ဆေးလုံးကို ရရှိပြီးတဲ့နောက် အဆင့်ချိုးဖျက်တက်လှမ်းပြီး ဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်လာခဲ့မယ်ဆိုရင် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ တက္ကသိုလ်ရဲ့အဆင့်အတန်းကလည်း မြင့်တက်လာလိမ့်မယ်”
ဆူဇီမိုက လှောင်ရယ်လိုက်၏။
သူက စကားကို ဝေ့ဝိုက်၍ ပြောဆိုနေသော်လည်း တက္ကသိုလ်ဂိုဏ်းချုပ်သည် သူ့အသက်ကို နောက်ဆုံးမှာ လိုချင်နေဆဲဖြစ်၏။ သူ၏ အပြုအမူများသည် ဘုရင်ယွင်ယိုနှင့် မကွာခြားပေ။
ပကတိဧကနယ်ပယ်သို့ ယခုတင်ဝင်ရောက်လာခါစဖြစ်သော သူ့လိုလူကို မပြောနှင့်၊ ပကတိဧကနယ်ပယ်၏ ဗလာနယ်ဝိညာဉ်အဆင့်အထိ ကျင့်ကြံထားသော ပကတိအင်မော်တယ်များပင်လျှင် ပြန်ဝင်စားနိုင်ဖို့အတွက် အခွင့်အရေးများစွာ မရှိပေ။
ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ပကတိအင်မော်တယ်များစွာ ရှိကြလေသည်။ သို့သော်လည်း အမှန်တကယ် ပြန်လည်မွေးဖွားပြီး ဒုတိယမြောက်ဘဝတစ်ခုမှာ ပြန်လည်ရှင်သန်နိုင်မည့် ပကတိအင်မော်တယ်များက မရှိသလောက်နည်းပါးလေသည်။
သူတို့က သေဆုံးသွားပြီး သူတို့၏ ဝိညာဉ်က ပြန်ဝင်စားခြင်းသို့ ဝင်ရောက်သွားသည်နှင့် ဘာဆက်ဖြစ်လာမည်ကို မည်သူကမှ မသိနိုင်တော့ပေ။
အင်မော်တယ်ဘုရင်ပညာရှင်များ၏ ကာကွယ်မှုနှင့်ပင်လျှင် ဖြစ်စဉ်တစ်ခုလုံးကို ထိန်းချုပ်၍ ရမည်မဟုတ်ပေ။
တက္ကသိုလ်ဂိုဏ်းချုပ်က ဆက်ပြောလိုက်၏။
“မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲအကြောင်း ငါကြားပြီးပါပြီ… ယွဲ့ဟွားက အသက်ရှင်နိုင်ခဲ့တယ်ဆိုပေမဲ့ သူ့ခန္ဓာကိုယ်ထဲမှာ ထာဝရပျက်သုဉ်းခြင်းရဲ့ အကြွင်းအကျန်စွမ်းအားက ကျန်ရှိနေတုန်းပဲ… သူ့ရဲ့အနာဂတ်အောင်မြင်ပေါက်မြောက်နိုင်မှုက အကန့်အသတ်ရှိလာခဲ့ပြီ… အခုဆို သူက သူ့ရဲ့လက်တစ်ဖက်ကိုလည်း ဆုံးရှုံးထားရတယ်”
“မင်းက ပြန်လည်ဝင်စားလာပြီးတဲ့နောက် ငါက မင်းကို တက္ကသိုလ်ဆီ ကိုယ်တိုင်လမ်းညွှန်ပေးမယ်… ငါက မင်းကို တက္ကသိုလ်ရဲ့နံပါတ်တစ်အမွေခံတပည့်ဘွဲ့ကို အပ်နှင်းပေးမယ်”
“မင်းပြန်ရောက်လာပြီးတဲ့နောက် ငါက မင်းနဲ့မိုချင်ကို တာအိုလက်တွဲဖော်တွေဖြစ်လာဖို့ ကိုယ်တိုင်စီစဉ်ပေးနိုင်တယ်”
“မင်းပြန်လည်မွေးဖွားလာပြီးတဲ့နောက် ငါက ဓမ္မတာအိုကို မင်းကို ကိုယ်တိုင်သင်ကြားပေးမယ်… မင်းက မင်းရဲ့ဒုတိယဘဝမှာ အခုထက်ပိုပြီး သေချာပေါက်သန်မာလာလိမ့်မယ်”
ဆူဇီမိုသည် တက္ကသိုလ်ဂိုဏ်းချုပ်ကို ကြည့်ပြီး သူ၏ ရင်ထဲမှာ အေးစက်မှုတစ်ခုက ရုတ်တရက်ပေါ်ထွက်လာ၏။
တက္ကသိုလ်ဂိုဏ်းချုပ် ပြောဆိုနေသည့်အရာရာတိုင်းသည် သူ့ကောင်းကျိုးအတွက်ဖြစ်ပြီး သူ့အတွက် အခွင့်အလမ်းတချို့ကို ပြင်ဆင်ပေးနေသည့်ပုံပေါ်သော်လည်း တကယ်တမ်းမှာတော့ ထိုသူက သူ့အသက်ကို နုတ်ယူဖို့သာဖြစ်လေသည်။
ကြင်နာတတ်ပုံရသော တက္ကသိုလ်ဂိုဏ်းချုပ်၏ မျက်နှာသည် ဘုရင်ယွင်ယိုထက်ပင် ပို၍ကြောက်စရာကောင်းနေ၏။
ဘုရင်ယွင်ယိုသည် သူ၏ အကြံအစည်ကို ဖုံးကွယ်ထားခြင်း မရှိပေ။
သူသည် ဆူဇီမိုကို ပေါ်ပေါ်တင်တင်သတ်ဖြတ်ပြီး သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ကို ရယူလိုလေသည်။
အစကနေ နောက်ဆုံးယခုအချိန်ထိ တက္ကသိုလ်ဂိုဏ်းချုပ်က ညင်သာသောလေသံဖြင့် ပြောဆိုနေပြီး သူ့မှာအပြုံးတစ်ခုရှိနေ၏။
သို့သော်လည်း တက္ကသိုလ်ဂိုဏ်းချုပ်သည် ဆူဇီမိုအသက်ကို လိုချင်ရုံသာမက သူသည် အဲဒါအတွက် ဆူဇီမိုကိုပါ ကျေးဇူးတင်စေချင်နေလေသည်။
တက္ကသိုလ်ဂိုဏ်းချုပ်သည် သူပြုလုပ်သည့်အရာရာတိုင်းက ဆူဇီမို၏ ကောင်းကျိုးအတွက်ဖြစ်ပြီး သူ့အတွက် အခွင့်အလမ်းတစ်ခုကို ပြင်ဆင်ပေးနေခြင်းဖြစ်သည်ဟု ဆူဇီမိုကို ယုံကြည်စေချင်နေ၏။
သူက ဆူဇီမိုကို စိတ်လိုလက်ရ သေစေချင်နေလေသည်။
ဆူဇီမို၏ မျက်လုံးထဲမှာ တက္ကသိုလ်ဂိုဏ်းချုပ်၏ အရေပြားအောက်တွင် ပုန်းလျှိုးနေသော မွန်းစတားတစ်ကောင်ရှိနေပုံရ၏။
တက္ကသိုလ်ဂိုဏ်းချုပ်နောက်မှ တာအိုကလေးငယ်တစ်ယောက် ကူယွဲ့က ရုတ်တရက်ညင်သာစွာ အော်ပြောပြီး သတိပေးလိုက်၏။
“စီနီယာအစ်ကိုဆူ… ဂိုဏ်းချုပ်ကို မြန်မြန်ကျေးဇူးတင်လိုက်လေ… ခင်ဗျားအပေါ် ဂိုဏ်းချုပ်ရဲ့ကြင်နာမှုက သမုဒ္ဒရာလို ကျယ်ပြောတယ်… ခင်ဗျားက ကျုပ်တို့ကို တကယ် အားကျစေတာပဲ”
“ဟဲဟဲ”
ဆူဇီမိုက ရယ်မောပြီး မျက်ခုံးအနည်းငယ်ပင့်လိုက်၏။
“ဂိုဏ်းချုပ်က အခုချိန်မှာ မင်းကိုသေစေချင်ပြီး မင်းပြန်ဝင်စားဖို့အတွက် အခွင့်အရေးတစ်ခုပေးမယ်ဆိုရင် မင်း အဲဒါကို ဆန္ဒရှိလား”
“ဒါပေါ့ ကျုပ်ဆန္ဒရှိတာပေါ့”
ကူယွဲ့က သူ၏ ရင်ဘတ်ကို ပုတ်ပြပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်၏။
“ကျုပ်ရဲ့ခန္ဓာကိုယ်က ဆေးလုံးကို မသန့်စင်ပေးနိုင်ဘဲ ကျုပ်က ဂိုဏ်းချုပ်ကို ကူညီမပေးနိုင်တာ နှမြောစရာပဲ”
“ငါ့မှာတော့ အဲ့လိုမျိုး ဆန္ဒမရှိဘူး”
ဆူဇီမိုက ဖြည်းဖြည်းချင်းပြောလိုက်၏။
အခြားသော တာအိုကလေးငယ် မူရှန်က အော်ငေါက်လိုက်၏။
“စီနီယာအစ်ကိုဆူ… ကျေးဇူးမကန်းစမ်းနဲ့… ဒီလိုမျိုးအခွင့်အရေးဆိုတာ လူတိုင်းရနိုင်တာ မဟုတ်ဘူး”
တက္ကသိုလ်ဂိုဏ်းချုပ်က ဆူဇီမို၏ တုံ့ပြန်မှုမှာ အံ့အားသင့်ခြင်း သို့မဟုတ် ဒေါသထွက်ခြင်း ရှိပုံမရပေ။ သူက သူ၏ လက်ကိုသာ ညင်သာစွာကာပြီး တာအိုကလေးငယ်နှစ်ယောက်ကို တားဆီးလိုက်၏။
တက္ကသိုလ်ဂိုဏ်းချုပ်က ညင်သာစွာ ပြောလိုက်၏။
“ဇီမို… မင်းက ဒီအစီအစဉ်ကို ကြားပြီးတဲ့နောက် သေချာပေါက် တွေဝေရှုပ်ထွေးနေမယ်ဆိုတာ ငါသိပါတယ်… ဒါပေမဲ့ မင်းရဲ့လက်ရှိဘဝကို စွန့်လွှတ်အနစ်နာခံတာက တက္ကသိုလ်ရဲ့ အလုံးစုံခွန်အားနဲ့ အဆင့်အတန်းကို တိုးလာစေလိမ့်မယ်ဆိုတာ မင်းသိထားရမယ်… လူတစ်ယောက်က သဘောထားကြီးမားပြီး အများအကျိုးကို စဉ်းစားပေးရမယ်… ငါတို့တွေက တစ်ကိုယ်ကောင်းဆန်လို့မရဘူး”
“နောက်ပြီး မင်းက မင်းရဲ့တာအိုကို ဆုံးရှုံးပြီး သေသွားရမှာ မဟုတ်ဘူး… ငါက မင်းပြန်ဝင်စားခြင်းဖြစ်စဉ်အတွင်း မင်းကို ကိုယ်တိုင်ကာကွယ်ပေးမှာ… မင်းက အဲဒါနဲ့ပတ်သက်ပြီး စိတ်ချလက်ချနေလို့ရတယ်”
ဆူဇီမိုက ပြုံးလိုက်၏။
တက္ကသိုလ်၏ လက်ရှိဂိုဏ်းချုပ်သည် သူတွေ့ကြုံခဲ့ဖူးသော မိစ္ဆာများအားလုံးထက်ပင် ပို၍ကြောက်စရာကောင်းလေသည်။
သူသည် စေတနာသဒ္ဒါတရားကြီးမားပုံ၊ မှန်ကန်ဖြောင့်မတ်ပုံ၊ တရားမျှတမှုရှိပုံ၊ ကြီးကျယ်မြင့်မြတ်ပုံနှင့် ပြောဆိုနေသော်လည်း သူပြုလုပ်ချင်သည့်အရာက အခြားသူများအပေါ် အမြတ်ထုတ်ဖို့သာဖြစ်လေသည်။
ဆူဇီမိုက ပြောလိုက်၏။
“ကျုပ်ရဲ့ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ကို ခင်ဗျားအတွက်ခင်ဗျား သန့်စင်မွမ်းမံမယ်လို့ ခင်ဗျားစောစောက ပြောခဲ့တယ် မဟုတ်ဘူးလား… အဲဒါက ဘယ်လိုလုပ်ပြီး တက္ကသိုလ်အတွက်ဖြစ်သွားရတာလဲ”
“ဟုတ်တာပေါ့”
တက္ကသိုလ်ဂိုဏ်းချုပ်က တည်ငြိမ်နေ၏။
“တက္ကသိုလ်ရဲ့ဂိုဏ်းချုပ်အနေနဲ့ ငါ့ရဲ့ကျင့်ကြံမှုနယ်ပယ်က ပိုပြီးမြင့်မားလေလေ… တက္ကသိုလ်ရဲ့အဆင့်အတန်းက ပိုပြီးတော့ မြင့်တက်လာလေပဲ”
“ဟုတ်လို့လား”
ဆူဇီမိုက ညင်သာစွာ ခေါင်းခါပြလိုက်၏။
“ကျုပ်အထင်တော့ ခင်ဗျားရဲ့ရည်ရွယ်ချက်က အရမ်းကိုကြီးမားလွန်းတယ်… ခင်ဗျားက တက္ကသိုလ်အတွက် ကပ်ဘေးတစ်ခုကို ဆောင်ကြဉ်းပေးမိလိမ့်မယ်… လက်ရှိ ခင်ဗျားအသက်ကို စွန့်လွှတ်အနစ်နာခံလိုက်တာက တက္ကသိုလ်အတွက် မျှော်လင့်ချက်ရှိလာလိမ့်မယ်… အဲ့လိုဆိုရင်ရော ခင်ဗျားက သေဖို့ဆန္ဒရှိလား”
“မင်းဘယ်လိုတောင် အတင့်ရဲနေတာလဲ”
ကူယွဲ့၏ အကြည့်က မိုးကြိုးလျှပ်စီးကဲ့သို့ တောက်လောင်ပြင်းပြလာပြီး ကျယ်လောင်စွာ အော်ငေါက်လိုက်၏။
မူရှန်ကလည်း အေးစက်စွာ ပြောလိုက်၏။
“ဆူဇီမို… မင်း ဂိုဏ်းချုပ်ကို ဒီလိုလေသံနဲ့ ဘယ်လိုတောင်ပြောရဲတာလဲ… မင်း သေချင်နေတာလား”
တက္ကသိုလ်ဂိုဏ်းချုပ်က သူ၏ ခေါင်းကို ညင်သာစွာခါပြီး သူ့မျက်နှာပေါ်ရှိအပြုံးက ပျောက်ကွယ်မသွားသေးပေ။ သို့သော်လည်း သူ၏ မျက်လုံးထဲတွင် စိတ်ပျက်လက်ပျက်အကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။
“ဇီမို… စောစောက မင်းရဲ့အရိုအသေတန်တဲ့ စကားတွေအရဆိုရင် ငါက မင်းကို ဂိုဏ်းစည်းမျဉ်းစည်းကမ်းအရ သတ်ဖြတ်နိုင်နေပြီ”
“ဟားဟားဟား”
ဆူဇီမိုက ရယ်မောလိုက်၏။
“ဂိုဏ်းစည်းမျဉ်းစည်းကမ်းအရတဲ့လား… ဂိုဏ်းချုပ်… ခင်ဗျားက စောစောက ကျုပ်အသက်ကိုလိုချင်တာက ဂိုဏ်းသားအချင်းချင်း ပျက်စီးထိခိုက်အောင် လုပ်နေတာပဲ… ခင်ဗျားကလည်း သေသင့်သေထိုက်တယ်”
တက္ကသိုလ်ဂိုဏ်းချုပ်က ဆက်လက်၍ သရုပ်ဆောင်ချင်နေသော်လည်း ဆူဇီမိုက ဆက်လက်၍ အရေးလုပ်မနေတော့ပေ။
တက္ကသိုလ်ဂိုဏ်းချုပ်က သူ၏ အပြုံးကို တဖြည်းဖြည်း ရုပ်သိမ်းလိုက်၏။
“ဆူဇီမို… ငါက မင်းအသက်ကို ကယ်တင်ပေးခဲ့ပြီး မင်းကို မြင့်မြင့်မားမား တန်ဖိုးထားခဲ့တယ်လို့ စောစောကပဲ မင်းပြောခဲ့တယ်… ငါ့အပေါ်မှာ မင်းရဲ့ကျေးဇူးကြွေးက သမုဒ္ဒရာလိုကျယ်ပြောနေလိမ့်မယ်”
“မင်းက ကိုယ့်ဆရာကို သစ္စာဖောက်ပြီး ကျေးဇူးကန်းတဲ့ တပည့်တစ်ယောက်ဖြစ်လာချင်လို့လား”
ဆူဇီမို၏ အကြည့်က တည်တံ့လာခဲ့ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“ကျုပ်က ခင်ဗျားအပေါ်မှာ တကယ်ပဲ အကြွေးတင်နေမယ်ဆိုရင် ကျုပ် အဲဒါကို သေချာပေါက်ပြန်ပေးဆပ်လိမ့်မယ်… ဒါပေမဲ့ စောစောက ခင်ဗျားပြောခဲ့ပုံအရ အဲဒါတွေအားလုံးက အစကတည်းက ခင်ဗျားအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တာပဲ ဟုတ်တယ်မလား”
“ဂိုဏ်းချုပ်… ဒီအခြေအနေထိရောက်တာတောင် ခင်ဗျားက ဘာလို့ ပုန်းလျှိုးကွယ်လျှိုးလုပ်ချင်နေသေးတာလဲ”
“အရင်တုန်းက ကျုပ်က ရစ်ခွေနဂါးတောင်ကြောရိုးက အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ဝင်ပါခဲ့တယ်… အစကတော့ ကျုပ်က ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်ကို ဝင်ရောက်ဖို့ စိတ်ကူးမရှိခဲ့ဘူး… နောက်ပိုင်းမှာ အခြေအနေရဲ့ တိုက်ဆိုင်မှုတချို့ကြောင့် ကျုပ်က တက္ကသိုလ်ကို ဝင်ရောက်မိခဲ့တယ်… ကျုပ်ထင်တာမမှားဘူးဆိုရင် အဲ့လိုဖြစ်လာအောင် ခင်ဗျားတမင်လုပ်ခဲ့တာပဲ ဖြစ်ရမယ်”
“အရင်တုန်းက နှစ်တစ်သောင်းတွေ့ဆုံပွဲပြီးတဲ့နောက် တစ်ယောက်ယောက်က လမ်းတစ်ဝက်မှာ ကျုပ်တို့ကို ဟန့်တားနှောင့်ယှက်ခဲ့တယ်… အဲဒီအချိန်မှာ ခင်ဗျားက ကျုပ်တို့ကို ကယ်တင်ပေးခဲ့တယ်… အဲဒီလုပ်ကြံမှုကို စီစဉ်ခဲ့တဲ့သူကလည်း ခင်ဗျားပဲဖြစ်ရမယ် ဟုတ်တယ်မလား”
“ခင်ဗျားက အရာရာတိုင်းကို နောက်ကွယ်ကနေ ကြံစည်ပြီး ကျုပ်ရဲ့ကံကြမ္မာကို ထိန်းချုပ်နေခဲ့တာပဲ… ဘာလို့လဲဆိုတော့ ခင်ဗျားက ကျုပ်ကို ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်ကို ဝင်ရောက်စေချင်တယ်… ခင်ဗျားရဲ့စောင့်ကြည့်မှုအောက်မှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ကို အဆင့်-၁၂ရဲ့ အထွတ်အထိပ်အထိ ကျင့်ကြံစေချင်လို့ပဲ။”