← Chapters

ကောင်းကင်ဘုံကိုပင် အာခံရဲသည့် ဘီလူးကြီး

Vol. 36 Ch. 493

ကောင်းကင်ဘုံကိုပင် အာခံရဲသည့် ဘီလူးကြီး

Vol. 36 Ch. 493

ဘုန်း..

တိုင်လင်က လက်သီးချက် ပစ်လွှတ်လိုက်သည်နှင့် သူ့ကိုယ်မှ အရှုပ်အထွေး နတ်ဘုရားအလင်းတန်း လင်းလက်သွားပြီး ကြောက်မက်ဖွယ် ဖိအားတစ်ခု ထွက်လာကာ တိုက်ပွဲစင်မြင့်အား ဖြိုခွဲပစ်လိုက်တော့သည်။

ချထားသည့် အကာအကွယ် အစီအမံများလည်း အသုံးမဝင်ပါချေ..

၎င်းမှာ သာမာန်လက်သီးချက်တစ်ခုသာ ဖြစ်သော်လည်း အလွန်ကြောက်စရာကောင်းလှပါသည်။

တဖက်မှ လောရုံကလည်း ၎င်းကို မြင်သည်နှင့် ချက်ချင်း ရှေ့သို့ လက်သီးဖြင့် ထိုးလိုက်၏။

" ဟား ဟား... အဲ့လက်သီးကို ဖျက်ဆီးပစ်လိုက်စမ်းကွာ "

တိုင်လင်က လောရုံကို ကြည့်ရင်း အရူးတစ်ယောက်သဖွယ် အော်ရယ်ပြီး ပြောလာသည်။

ဂျွတ်..

ကျွတ်ဆတ်ဆတ် အသံတစ်သံ ထွက်လာပြီး ကျိုးပဲ့သွား၏။

သို့သော်... ကျိုးသွားရသည်မှာ တိုင်လင်၏ လက်ပင်..

ထိုမျှနှင့် မပြီးသေးပါ။

လောရုံ၏ လက်သီးချက်မှ ပေါက်ကွဲထွက်လာသော အစွမ်းက တိုင်လင်ပေါ်သို့ ကျသွားပြီး သူ အဝေးသို့ လွင့်စင်ထွက်သွားတော့သည်။ သူ အသက်ရှင်နေသေးသည်လား.. သေသွားပြီလား ဆိုသည်လည်း မသေချာပါ။

" ဘယ်လိုဖြစ်ပြီး.... "

ထိုမြင်ကွင်းကို ကြည့်ရင်း အားလုံး အံ့သြတုန်လှုပ်ကုန်ကြ၏။

တိုင်လက်၏ လက်သီးချက်အစွမ်းက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သူတို့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါသည်။

သူတို့စိတ်ထဲတွင်လည်း အကယ်၍ လောရုံက ထိုလက်သီးချက်အား ခံနိုင်ခဲ့လျှင်ပင် လွယ်ကူလိမ့်မည်မဟုတ် ဟုသာ ထင်ထားခဲ့ကြ၏။

ကျင့်ကြံခြင်းအဆင့်တွင် တိုင်လင်က လောရုံထက် များစွာသာနေသည် မဟုတ်ပါလား ။

သို့သော်.. ထင်မထားစွာပင် တိုင်လင်က လောရုံ၏ လက်သီးချက် တစ်ချက်တည်းဖြင့် အဝေးသို့ လွင့်ထွက်သွားခဲ့ရသည်။

" အရှုပ်အထွေးခန္ဓာကိုယ် ဆိုတာ... အဲ့လိုလား ။ အစွမ်းထက်လိုက်တာ... တော်တော်အစွမ်းထက်တာပဲ "

ချင်းဝူချုံ တုန်လှုပ်စွာ ရေရွတ်လိုက်သည်။

" အရှုပ်အထွေးခန္ဓာကိုယ် တစ်ခုတည်းကြောင့် မဟုတ်ဘူးဗျ။ လောရုံရဲ့ လက်သီးသိုင်းကလဲ တော်တော်ထူးခြားတယ် "

တိုက်ပွဲကို သေချာကြည့်နေခဲ့သည့် တာအိုသခင်ကြီး ထျန်းလုံကလည်း ပြောသည်။

အမှန်တွင်လည်း လောရုံက အရှုပ်အထွေးခန္ဓာကိုယ် ရှိရုံမက.. လောထျန်း သင်ပေးထားခဲ့သည့် သိုင်းပညာရပ်များကိုပါ လေ့ကျင့်ထားသူ တစ်ယောက်ပါပင် ။

လောရုံမှာ ထိုသိုင်းပညာရပ်များအား အခြေခံမျှသာ တတ်မြောက်ထားသေးသည့်တိုင် သူ့အစွမ်းက အံ့မခန်း ဖြစ်နေခဲ့လေပြီ ။

" လောရုံ.. မင်း သိပ်တော်တယ်ကွာ "

" မင်းက ငါတို့ထျန်းယွမ်ကမ္ဘာမှာ နံပါတ်တစ် ပါရမီရှင်ပဲ "

" ထျန်းယွမ်ကမ္ဘာရဲ့ ပြိုင်ဘက်ကင်းကြီး.. "

ထိုတခဏ၌ ထျန်းယွမ်ကမ္ဘာ လူများဘက်မှ အော်ဟစ်အားပေးသံများလည်း ထွက်လာသည်။

သူတို့၏ အားပေးသံများမှာ လောရုံအနိုင်ရသွားခြင်း တစ်ခုတည်းကြောင့် မဟုတ်ဘဲ အရှုပ်အထွေးခန္ဓာကိုယ် ကြောင့်လည်း ပါပါ၏။

ထိုသို့သော ဒဏ္ဍာရီကျော် ထူးခြားသည့် ခန္ဓာကိုယ်ပိုင်ရှင်မျိုး ထျန်းယွမ်ကမ္ဘာ၌ အမှန်တကယ် ပေါ်လာခဲ့လေပြီ ။

၎င်းက မည်သို့သော အဓိပ္ပါယ် ဆိုသည်ကို သူတို့ ကောင်းကောင်းကြီး သိသည် မဟုတ်ပါလား ။

ထိုစဥ် ယွဲ့ယန်ကမ္ဘာမှ လူများမှာ ထျန်းယွမ်ကမ္ဘာနှင့် ဆန့်ကျင်ဘက် ငြိမ်သက်တိတ်ဆိတ်နေကြသည်။

" သခင်ကြီး ယဲ့ကျီ.. "

ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်က စိုးရိမ်နေဟန်ဖြင့် စကားစလိုက်သည်။

ယဲ့ကျီ မျက်မှောင်ကြုံ့သွားပြီး ပြော၏။

" အရှုပ်အထွေး ခန္ဓာကိုယ်က... တကယ်လဲ ကြောက်စရာကောင်းတာပဲ။ သူ့ကို ဒီတိုင်း ဆက်ထားထားရင် ငါတို့တွေ ဒုက္ခရောက်သွားနိုင်တယ်ကွ။ သူ့ကို ဒီနေ့ သတ်မှ ဖြစ်မယ် "

ကျန်လူများလည်း ကိုယ်စီ ခေါင်းညိတ်လိုက်ကြသည်။

ထျန်းယွမ်ကမ္ဘာနှင့် ရင်ဆိုင်ရာတွင် သူတို့ကို အင်အားပိုကြီးလာမည့် အခွင့်အရေး လုံးဝ ပေး၍မဖြစ်ပါချေ။

" အခုပဲ တိုက်ခိုက်လိုက်ရတော့မလား "

ဟွမ်ထျန်းက လေသံတိုးတိုးဖြင့် မေးလာ၏။

ယဲ့ကျီ နောက်လှည့်ကာ တိုက်ခိုက်ရန် ပြင်နေကြသော ကျန်လူများအား ဝေ့ဝဲကြည့်လိုက်သည်။ နောက်ဆုံးတွင်မူ သူ့အကြည့်က ပျင်းပျင်းရိရိ ရပ်နေသော လူတစ်ယောက်ဆီ ရောက်သွားပြီး ခေါင်းယမ်း၍ ပြော၏။

" အခုတော့ မလုပ်သေးဘူး။ အရင်ဆုံး ဟိုကောင်လေးကို တာဝန်ပေးလိုက်မယ်ကွာ။ သူ မရတော့မှ ငါတို့တွေ ဝင်ပြီး တိုက်ခိုက်ကြတာပေါ့ "

ယွဲ့ယန်ကမ္ဘာ၏ ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်က ထျန်းယွမ်ကမ္ဘာ၏ လူငယ်တစ်ယောက်ကို သတ်လိုက်ခြင်းက....

လုပ်ရသည်မှာ လွယ်သလောက် နောက်ဆက်တွဲ ပြဿနာများက ကြီးလှပါသည်။

ထိုသို့ နာမည်ဆိုးဖြင့် မကျော်ကြားလိုသောကြောင့်လည်း လုံးဝ မဖြစ်မနေ လိုအပ်လာမှသာလုပ်ရန် ယဲ့ကျီ တွေးထားခြင်း ဖြစ်၏။

ဤတစ်ကြိမ်တွင်မှ ယွဲ့ယန်ကမ္ဘာမှ တိုက်ခိုက်ရန် ပြင်နေကြသူများ မျက်နှာပျက်သွားကြသည်။

အစောက တိုင်လင်၏ အစွမ်းသည်ပင် အကောင်းဆုံးစာရင်းထဲ၌ ပါပါသည်။

ထိုသို့သော လူတစ်ယောက်က လက်သီးတစ်ချက်တည်းဖြင့် အလွယ်တကူ ရှုံးနိမ့်သွားခဲ့ရာ..

အရှုပ်အထွေးခန္ဓာကိုယ်က မည်မျှ ကြောက်မက်ဖွယ်

ကြောင်း ပြနေသလိုပါပင်။

သို့ဖြစ်ရာ.. သူတို့သာ စင်ပေါ်တက်ပြီး တိုက်ခိုက်လျှင်လည်း ရလာမည့် ရလဒ်က အတူတူဖြစ်သွားနိုင်ပါ၏။

ထျန်းယွမ်ကမ္ဘာက ဘယ်အချိန် ဤမျှအစွမ်းထက်လာရပါသနည်း။

လူများစွာပင် တစ်ယောက်ကိုတစ်ယောက် စိုးရိမ်တကြီး ကြည့်လိုက်ကြပြီးနောက်... အားလုံး၏ အကြည့်က လူတစ်ယောက်ဆီ ရောက်သွားသည်။

ထိုလူမှာ လောရှောင်ရှောင်း၏ မီးတောက်များအား လက်တစ်ချက်ယမ်းပြီး ငြိမ်းသတ်ခဲ့သူပင်။

ထိုသူသည် စစချင်းတွင် အလွန်ပျင်းရိဟန်သာ ပေါက်နေခဲ့ပြီး တိုက်ပွဲကိုလည်း လုံးဝ စိတ်မဝင်စားဟန်ဖြင့် တစ်ချက်ပင် မကြည့်ခဲ့ပါ။

သို့သော်.. လက်ရှိတွင်မူ သူ့မျက်လုံးအကြည့်က တိုက်ပွဲစင်မြင့်ပေါ် ကျနေကာ သူ့မျက်နှာတွင်လည်း စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ဘဲ အတိုင်းသား ပေါ်နေ၏။

" အရှုပ်အထွေး ခန္ဓာကိုယ်... ဒါ တကယ်ကြီး အရှုပ်အထွေးခန္ဓာကိုယ်ပဲ ။ ကောင်းတယ်ကွာ.. သိပ်ကောင်းတယ် "

သူ သားရဲတစ်ကောင်ကဲ့သို့ အော်ကာ တိုက်ပွဲစင်မြင့်ပေါ်မှ လောရုံဆီသို့ ဝုန်းခနဲ ပြေးတက်သွားသည်။

" ဟင်.. ဟို ယွဲ့ယန်ကမ္ဘာက ကောင်က ဘာဖြစ်နေတာလဲ ။ သူက အရှုပ်အထွေး ခန္ဓာကိုယ်ကိုတောင် မကြောက်ပဲနဲ့ တိုက်ခိုက်ရဲတယ်ပေါ့ "

" မသိပါဘူးကွာ... အဲ့ကောင်ပုံစံကို ကြည့်ရတာ.. အရူးနဲ့ တူလိုက်တာ "

ထျန်းယွမ်ကမ္ဘာမှ လူများ တစ်ယောက်တစ်ပေါက် ထင်ရာပြောလိုက်ကြသည်။

သို့သော် ထိုစဥ် လောရှောင်ရှောင်းမှာ မျက်နှာတည်သွားပြီး အော်ဟစ်သတိပေးလိုက်၏။

" အကိုလောရုံ ၊ အဲ့တစ်ယောက်ကို သတိထားနော် "

ထိုသူက သူမ၏ သိုင်းကွက်များအား အလွယ်တကူ ချေဖျက်ခဲ့သည်ကို သူမ မှတ်မိနေဆဲပင်။

ဝုန်း..

ထိုစဥ်မှာပင် တဖက်လူက လောရုံရှေ့သို့ ရောက်လာသည်။

" ကောင်းလိုက်တဲ့ အရှုပ်အထွေးခန္ဓာကိုယ်ကွာ။ ငါ့မှာ လိုနေတာနဲ့ အတော်ပဲ။ တကယ်လို့ ငါသာ မင်းရဲ့ အရှုပ်အထွေးခန္ဓာကိုယ်ကို ဒီနေ့ သတ်လိုက်နိုင်ရင်.. မဟာတာအိုအစွမ်းကို ရသွားမှာကွ "

ထိုလူက ပြောရင်း အားရပါးရ အော်ရယ်လိုက်သည်။

ခပ်လှမ်းလှမ်းတွင် ရှိနေသော ယောင်ချီ နတ်ဘုရားသခင်မကြီးမှာလည်း လူငယ်၏ စကားကို ကြားပြီး မျက်မှောင်အနည်းငယ် ကြုံ့သွား၏။

" အရှုပ်အထွေးခန္ဓာကိုယ်ကို သတ်မယ်တဲ့ ။ ဒီကောင်လေးက ဘာလို့အဲ့လောက် မောက်မာနေရတာလဲ "

သူမ တအံ့တသြ ရေရွတ်လိုက်သည်။

သူမဘေးတွင် ရှိနေသော ချင့်ဝူချုံက အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ ပြန်ပြောလာ၏။

" အားလုံး.. သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ကြည့်လိုက်ကြဦး "

သူ့စကားကို ကြားပြီးနောက် အားလုံးက လူငယ်၏ ကျင့်ကြံခြင်းအဆင့်အား သေချာသတိထား ကြည့်လိုက်ကြသည်။

ထို့နောက် ချက်ချင်းမှာပင်... သူတို့ အံ့သြမှင်သက်သွားကြ၏။

" ဘုရားရေ... ကောင်းကင်ဘုံတံခါးဝ အဆင့်ကိုး ထိပ်ဆုံးမှာပါလား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

တာအိုသခင်ကြီး ထျန်းလုံ တအံ့တသြ ပြောလိုက်သည်။

အသက်တစ်ရာ မပြည့်မီ အဆုံးအစမဲ့ အဆင့်ထိ ရောက်နိုင်လျှင်ပင် ကောင်းကင်ဘုံကို အာခံသည့် လူတစ်ယောက်အဖြစ် သတ်မှတ်၍ ရနေလေပြီ ။

ထျန်းယွမ်ကမ္ဘာတစ်ခုလုံးကို ကြည့်လိုက်လျှင်ပင် ထိုသို့ လုပ်နိုင်သူ များများစားစား မရှိလှပါ။

သူတို့ ထျန်းယွမ်ကမ္ဘာတွင် တောင်ပိုင်းဒေသမှ ဟွမ်ဖုယွီ တစ်ယောက်တည်းကသာ အသက်တစ်ရာ မပြည့်ခင် ကောင်းကင်ဘုံတံခါးဝ အဆင့်သို့ ရောက်ခဲ့ဖူးပါ၏။

သို့သော်.. ယခုတွင်မူ ယွဲ့ယန်ကမ္ဘာဘက်၌ ထိုသို့သော ဘီလူးမျိုး ရုတ်တရက် ပေါ်လာသတဲ့လား။

အားလုံး ရင်ထဲ လေးလံသွားကြတော့သည်။

ကောင်းကင်ဘုံတံခါးဝအဆင့် နှင့် ကောင်းကင်ဘုံအဆင့် ​ကျင့်ကြံခြင်းမှာ ကွာဟချက် ကြီးလှပါတကား...

ထို့အပြင် ထိုလူငယ်က ထူးခြားသော ခန္ဓာကိုယ်မျိုးလည်း ရှိထားနိုင်သေးရာ... အရှုပ်အထွေးခန္ဓာကိုယ် ရှိထားသူပင်လျှင် သူ့အား ခုခံနိုင်မည် မဟုတ်ပါချေ။

" ဟို ယွဲ့ယန်ကမ္ဘာက လူတွေက ငါတို့ကို ပေါ်တင်စိန်ခေါ်ပြီး ငါတို့ဘက်က တိုက်ခိုက်မယ့်သူ အရေအတွက်ကိုလဲ မကန့်သတ်ထားတာ မထူးဆန်းတော့ပါဘူး။ သူတို့ဆီမှာ အဲ့လို ဘီလူးတစ်ယောက်ကို တမင်ဖွက်ထားတာကိုး.. "

ယောင်ချီ နတ်ဘုရားသခင်မကြီး အခြေအနေကို ချက်ချင်း နားလည်လိုက်တော့သည်။

ထိုစဥ် စင်မြင့်ထက်တွင် ရှိနေသော လူငယ်ကလည်း အရယ်ရပ်သွား၏။

" ငါ့ကိုယ်ငါ အရင်မိတ်ဆက်ပေးမယ် ။ ငါ့နာမည်က ယွဲ့လင်လို့ ခေါ်တယ်ကွ။ အရှုပ်အထွေးခန္ဓာကိုယ် .. ဒီနေ့တော့ မင်းကို ငါ သတ်မယ် "

ယွဲ့လင်က ထိုသို့ ပြောပြီးပြီးချင်းမှာပင် လောရုံအား ဓားဖြင့် လွှဲခုတ်လာသည်။

ဂျုန်း...

တမဟုတ်ချင်း ကောင်းကင်ယံတစ်ခုလုံး မိုးကြိုးလျှပ်စီးတို့ဖြင့် ပြည့်သွားပြီး ကောင်းကင်နှင့်မြေကြီး ပြိုကျတော့မလို ဖြစ်သွား၏။

ခပ်လှမ်းလှမ်းမှ နေ၍ ထိုမြင်ကွင်းကို ကြည့်နေသော ယောင်ချီနတ်ဘုရားသခင်မကြီး ထံမှ တအံ့တသြ ရေရွတ်သံ ထွက်လာသည်။

" ဟင်... ဒါ မသေမျိုးအဆင့် သိုင်းပညာတစ်ခုပဲ။ လုံးဝကို ပြီးပြည့်စုံတဲ့ မသေမျိုးအဆင့် သိုင်းပညာရပ်... "

ချင်းဝူချုံနှင့် ကျန်လူများလည်း မျက်နှာထားများ ပြောင်းသွားကြသည်။

မသေမျိုးအဆင့် သိုင်းပညာရပ်တစ်ခုကို ကျင့်ကြံရန် မည်မျှ ခက်ခဲကြောင်း သူတို့ ကောင်းကောင်းကြီး သိပါ၏။

မသေမျိုးအစွမ်းကို စုပ်ယူပြီး မသေမျိုး ဖြစ်သွားခဲ့ကြသော သူအချို့သည်ပင် နှစ်တစ်ရာအတွင်း မသေမျိုး သိုင်းပညာရပ်ကို ပြီးပြည့်စုံအောင် မကျင့်ကြံနိုင်ကြပါ။

ယခု သူတို့ရှေ့တွင် ရှိနေသည့် ကောင်းကင်ဘုံတံခါးဝအဆင့် လူငယ်လေးက ထိုအစွမ်းမျိုး ရှိနေသတဲ့လား။

ထိုကောင်လေးက အမှန်တကယ် အံ့သြစရာပင် ..

ထိုစဥ် စင်မြင့်ထက်မှ လောရုံမှာလည်း သတိလက်လွတ် မခံဝံ့ဘဲ အရှုပ်အထွေး နတ်ဘုရားအလင်းတန်းကို အသက်သွင်း၍ ရှေ့သို့ လက်သီးဖြင့် ထိုးလိုက်သည်။

ဘုန်း..

အသံကျယ် တစ်သံနှင့်အတူ လောရုံတစ်ယောက် နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားရ၏။

" အစွမ်းထက်လှချည်လား.. "

သူ ပါးစပ်အဟောင်းသားပင် ဖြစ်သွားရသည်။

ယွဲ့လင်က စိတ်လှုပ်ရှားစွာ ပြောလာ၏။

" မင်း ငါ့ဓားကို တားလိုက်နိုင်တာပဲကွ။ မင်း တကယ်ကြီး တားလိုက်နိုင်တာပဲ။ အရှုပ်အထွေးခန္ဓာကိုယ်က စိတ်ဝင်စားစရာ ကောင်းလိုက်တာကွာ "

သူ ထိုသို့ပြောပြီး ဓားကို ချွှင်ခနဲ တချက် ထပ်ယမ်းလိုက်သည်။

" သိုင်းကွက် နောက်တစ်ကွက်လောက် ထပ်ခံလိုက်ပါဦး "

ဝှစ်..

ဓားက အောက်ကျလာသည်နှင့် ကမ္ဘာကြီးပင် နှစ်ခြမ်းကွဲတော့မလို ဖြစ်သွားပြီး ကြောက်မက်ဖွယ် အစွမ်းတစ်ခုက လောရုံအား ရစ်ပတ်လာ၏။

၎င်းကို ကြည့်နေသော သွမ့်ချန်ချိုးထံမှ ခပ်သြသြ အသံတစ်သံ ထွက်လာသည်။

" မသေမျိုးအဆင့် ဓားသိုင်းပါလား။ အဲ့လောက်ထိကို စွမ်းနေပြီပဲ ။ ပြီးတော့ သူက ဓားကမ္ဘာကိုလဲ နားလည်သဘောပေါက်ထားတဲ့ ပုံပဲ "

သူ့စကားကို ကြားလိုက်သူများအားလုံး အံ့သြတုန်လှုပ်သွားကြပြန်၏။

တာအိုသခင်ကြီး ထျန်းလုံကလည်း ယဲ့ကျီအား မျက်နှာသုန်မှုန်စွာ ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။

" ယဲ့ကျီ ၊ မင်းတို့ ယွဲ့ယန်ကမ္ဘာမှာ အဲ့လို ဘီလူးမျိုး တကယ်ရှိနေတာပဲကွ "

ယဲ့ကျီက တဟားဟားအော်ရယ်သည်။

" ငါလဲ မင်းကို အဲ့စကားပဲ ပြောရမှာပဲကွာ "

သို့သော် ထိုစဥ်မှာပင်..

ဝုန်း..

နှစ်ပိုင်းဖြစ်နေသော လေထုက ရုတ်တရက် ပြိုကွဲသွားပြီး လောရုံ ဓားကမ္ဘာထဲမှ ထွက်လာ၏။

သို့သော် ထိုစဥ် လောရုံ၏ အသွင်မှာ အနည်းငယ် ရှက်နေဟန်တူကာ သူ့ကိုယ်ပေါ်မှ အရှုပ်အထွေး နတ်ဘုရားအလင်းတန်းကလည်း ယခင်လို မပြည့်စုံတော့ပါချေ။

အစောက တဖက်လူ၏ တိုက်ခိုက်မှုတွင် သူ အရှုံးဖြင့် ရင်ဆိုင်ခဲ့ရကြောင်း သိသာပေသည်။

သို့သော် ယွဲ့လင်ကမူ သူ့ကိုကြည့်ရင်း မျက်လုံးများ အရောင်လက်သွားပြီး ဝမ်းသာအားရ ပြောလာ၏။

" ထင်ထားတဲ့ အတိုင်းပါပဲလားကွာ။ အခု ငါ့လက်ချောင်းကိုရော ထပ်ခံလိုက်ပါဦး "

သူ စကားဆုံးသည်နှင့် လက်ညိုးဖြင့် ထိုးလိုက်သည်။

" ဟင်... နောက်ထပ် မသေမျိုးအဆင့် သိုင်းပညာတစ်ခုလား.. "

အားလုံးရင်ထဲ ကြောက်ရွံ့စိတ် ဝင်သွားကြတော့သည်။

All Chapters