← Chapters

ကြောက်မက်ဖွယ် ဖိနှိပ်အစွမ်း

Vol. 36 Ch. 494

ကြောက်မက်ဖွယ် ဖိနှိပ်အစွမ်း

Vol. 36 Ch. 494

မသေမျိုးအဆင့် သိုင်းပညာရပ် သုံးမျိုးတောင် ဆက်တိုက်တဲ့လား..

ထိုမသေမျိုးအဆင့် သိုင်းပညာရပ်များမှာ အလွန်ရှားပါးကာ အဖိုးတန်လှပြီး ..

ထျန်းယွမ်ကမ္ဘာရှိ မြင့်မြတ်နယ်မြေအချို့တွင်ပင် များစွာ မရှိကြပါချေ။

သို့သော် ယွဲ့လင်က တခဏလေးအတွင်း မသေမျိုးအဆင့် သိုင်းပညာသုံးမျိုးကို အသုံးပြုသွားခဲ့သည်ဖြစ်ရာ သာမာန် မြင့်မြတ်နယ်မြေများနှင့်ပင် ယှဥ်၍ ရနေလေပြီ ။

ထို့အပြင် ယွဲ့လွင်က ထိုသိုင်းပညာရပ် သုံးမျိုးလုံးကိုလည်း အပြည့်အဝ ကျွမ်းကျင်နေဟန် တူပါ၏။

ထိုမျှမက.. သူ အခြားသော မသေမျိုးအဆင့် သိုင်းပညာများအား တတ်မြောက်ထားခြင်း ရှိ၊မရှိကိုလည်း မပြောနိုင်ပါ။

ဝုန်း..

ယွဲ့လင်က လက်ညိုးညွှန်လိုက်သည်နှင့် ချက်ချင်းမှာပင် လေထု ပြိုကွဲသွားပြီး မြေပြင်အချို့နေရာများလည်း ပြိုကျကုန်သည်။

ယောင်ချီတစ်ခုလုံးလည်း တုန်ခါနေသယောင်ပါပင် ။

လောရုံမှာ ၎င်းကို ကြည့်ပြီး သတိလက်လွတ် မနေဝံ့ဘဲ ရှိသမျှ အစွမ်းကုန်သုံးကာ ပြန်တိုက်ခိုက်လိုက်၏။

ဝုန်း..

သူ လက်သီးချက်တစ်ခု ပစ်လွှတ်လိုက်ပြီး.. အရှုပ်အထွေး နတ်ဘုရားအလင်းတန်း လင်းလက်သွားသည်။

သို့သော်... တဖက်လူ၏ လက်ချောင်းမှထွက်လာသော အစွမ်းကြောင့် လောရုံ၏ တစ်ကိုယ်လုံး နောက်သို့ ဆက်တိုက် တွန်းပို့ခံလိုက်ရကာ လဲကျတော့မလို ဖြစ်သွားပါ၏။

" ဒါ..... "

ထိုမြင်ကွင်းကို ကြည့်နေကြသော ထျန်းယွမ်ကမ္ဘာမှ လူများ ရင်ထဲလေးလံသွားတော့သည်။

ယွဲ့လင်ဆိုသည့်လူမှာ အစွမ်းထက်လှပါတကား...

သို့သော်.. ထိုစဥ်တွင် လောရုံက စိတ်ဓာတ်ကျသွားဟန် အလျဥ်းမရှိဘဲ ခေါင်းမော့၍ ဒေါသတကြီး အော်လိုက်၏။

ဝုန်း..

သူ့ကိုယ်ထဲမှ သွေးများ တမဟုတ်ချင်း ဆူပွက်လာကြသည်။

ထို့နောက် ချက်ချင်းမှာပင် လောရုံ၏ ကိုယ်ပေါ်၌ မရေမတွက်နိုင်သော ကြေးခွံများ ပေါ်လာပြီး..သူ့အစွမ်းလည်း ရုတ်ချည်း တိုးလာ၏။

" ဟင်.... "

မလှမ်းမကမ်းတွင် ရှိနေသော ယွဲ့လင် အံ့အားသင့်သွားရကာ .. ရုတ်တရက် ကြီးမားသော ဖိအားကြီးတစ်ခု လာနေသည်ကိုလည်း ခံစားလိုက်ရသည်။

ထို့နောက်တွင်ကား..

ဝုန်း..

လောရုံက ဒေါသတကြီး ထပ်အော်၍ ယွဲ့လင်၏ လက်ချောင်းအစွမ်းကို ဖျက်ဆီးပစ်လိုက်တော့၏။

ယွဲ့လင်မှာလည်း ပထမဆုံးအကြိမ်အဖြစ် နောက်သို့ ခြေလှမ်းတစ်ဝက်ခန့် ဆုတ်သွားရသည်။

" ဘာတွေဖြစ်..... "

အားလုံးမှာ ၎င်းကို ကြည့်ရင်း အံ့သြတုန်လှုပ်သွားရပြန်၏။

အထူးသဖြင့် ထျန်းယွမ်ကမ္ဘာ၏ များစွာသော ကမ္ဘာပေါ်မှ မသေမျိုးများပင်..

" သူက နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းနေတာလား ။ တာအိုသခင်ကြီး ထျန်းလုံ ၊ သူ့ကို သခင်ကြီး သင်ပေးထားတာလား "

ချင်းဝူချုံက တာအိုသခင်ကြီး ထျန်းလုံဘက် ခေါင်းလှည့်ကြည့်ရင်း မေးလာသည်။

တာအိုသခင်ကြီး ထျန်းလုံ ငယ်စဥ်က နဂါးအရောင်အဝါတစ်ခုကို မတော်တဆ တွေ့ခဲ့ဖူးကြောင်း သူသိထားပြီး ဖြစ်ပါ၏။ ထို့အပြင် သခင်ကြီး ထျန်းလုံတို့ မျိုးနွယ်စုမှာလည်း နဂါးသွေး ရှိထားကြပြီးသား ဖြစ်သဖြင့် နဂါးအသွင်ပြောင်းခြင်းကိုပါ ကောင်းကောင်းကြီး သိပါသည်။

ထို့ကြောင့်လည်း သူ့အား တာအိုသခင်ကြီး ထျန်းလုံဟု ခေါ်ကြခြင်းပင်။

ထိုအချက်များကြောင့် လောရုံက နဂါးအသွင်ပြောင်းလိုက်သည်ကို မြင်သည်နှင့် ချင်းဝူချုံ၏ ခေါင်းထဲ တာအိုသခင်ကြီး ထျန်းလုံကို ပထမဆုံး တွေးမိသွားခြင်း ဖြစ်သည်။

သို့သော် တာအိုသခင်ကြီး ထျန်းလုံက မျက်နှာပျက်ပျက်ဖြင့် ပြန်ပြောလာ၏။

" ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ ဒီကောင်လေးရဲ့ နဂါးအသွင်ပြောင်းခြင်းက ကျုပ်ထက်တောင် ပိုနက်ရှိုင်းနေသေးတယ် "

" ဘယ်လို... သခင်ကြီးထက်တောင် ပိုကောင်းတယ်.၊ ဟုတ်လား.. "

ဤတစ်ကြိမ်တွင် ချင်းဝူချုံတစ်ယောက် အမှန်တကယ် အံ့သြတုန်လှုပ်သွားရတော့သည်။

အရှုပ်အထွေးခန္ဓာကိုယ်အပြင်... နဂါးအဖြစ်ပါ အသွင်ပြောင်းနိုင်သတဲ့လား..

မည်မျှ ကြောက်စရာကောင်းလိုက်သော ပါရမီရှင် တစ်ယောက်ပါနည်း။

" ဒီ လောရုံဆိုတဲ့ ကောင်လေးကို အခုချက်ချင်း ဆွဲခေါ်သွားပြီးတော့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို အတင်းမြှင့် ၊ ပြီးရင် မသေမျိုးအစွမ်းတွေ အတင်းစုပ်ယူခိုင်းပြီး မသေမျိုးတစ်ယောက် ဖြစ်လာအောင် လုပ်လိုက်မယ် ဆိုရင်တောင်.... အရှုပ်အထွေးခန္ဓာကိုယ်နဲ့ နဂါးအသွင်ပြောင်းခြင်းနဲ့ ဆိုရင် သူ့အစွမ်းက ကမ္ဘာပေါ်က မသေမျိုးတစ်ယောက်ထက် နိမ့်မှာ မဟုတ်ဘူး ထင်တယ် ။ ဟုတ်တယ်မလား "

ချင်းဝူချုံ မျက်မှောင်ကြုံ့၍ မေးလိုက်သည်။

" အင်း.. အဲ့လိုပဲ ဖြစ်မှာ ။ ဒါပေမယ့် အဲ့လိုလုပ်လိုက်ရင်တော့ နှမျောစရာကြီး ဖြစ်သွားမှာပဲ "

သွမ့်ချန်ချိုးကလည်း ဝင်ပြောသည်။

အားလုံးကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြ၏။

ထိုသို့သာ အမှန်တကယ် လုပ်လိုက်ပါက သဘာဝ အဖိုးတန် အရင်းမြစ်များကို ဖြုန်းတီးလိုက်သည်နှင့် ခြားမည် မဟုတ်ပါချေ။

" လောလောဆယ် အဲ့ကိစ္စကို ခဏထားလိုက်ပါဦး ။ အရှုပ်အထွေးခန္ဓာကိုယ်ရော ၊ နဂါးအသွင်ပြောင်းခြင်းရောက တကယ့် ထိပ်သီးအဆင့် ထူးခြားတဲ့ခန္ဓာကိုယ်တွေလေ။ ဒီအစွမ်း နှစ်ခုနဲ့သာဆို သူ မရှုံးနိုင်လောက်ဘူးထင်တယ် "

ယောင်ချီ နတ်ဘုရားသခင်မကြီး ပြောလိုက်သည်။

တာအိုသခင်ကြီး ထျန်းလုံကလည်း အသံသြသြဖြင့် ပြော၏။

" အနည်းဆုံးတော့ တဖက်လူနဲ့ ယှဥ်မတိုက်နိုင်စရာ အကြောင်းမရှိတော့ဘူးပေါ့ "

သို့သော်.. သူ ထိုသို့ ပြောလိုက်သည့်တိုင် စိတ်ထဲတွင်မူ အနည်းငယ် လေးလံနေဆဲပင်။

အဘယ့်ကြောင့်ဆိုသော် တဖက်မှ ယွဲ့လင်က လောရုံ နဂါးအသွင်ပြောင်းသည်ကို တွေ့ပြီးနောက်တွင်ပင် အနည်းငယ်မျှသာ အံ့သြသွားဟန် တူပြီး မည်သို့မှ ကြီးကြီးမားမား မတုန့်ပြန်သောကြောင့် ဖြစ်သည်။

ယွဲ့လင်၏ လက်ထဲတွင် အခြားဝှက်ဖဲများ ရှိနေပါသေးသလား ။

ထိုအချိန်တွင် ယွဲ့လင်က လောရုံကို ကြည့်ပြီး ရုတ်တရက် အပြုံးဖြင့် ပြောလာ၏။

" အရှုပ်အထွေးခန္ဓာကိုယ် ၊ မင်းက ငါ့ကို အံ့သြသွားအောင်တော့ တော်တော်လုပ်နိုင်တာပဲကွ။ မင်း အဲ့လောက် အစွမ်းထက်နေမယ်လို့ ငါတကယ်ကို ထင်မထားခဲ့မိဘူး။ အဲ့လိုဆိုမှတော့လဲ ငါ့ဘက်က အလေးနက်ထားပြီး တိုက်ခိုက်ရတော့မှာပေါ့ "

သူ့စကားသံ ဆုံးသည်နှင့် ထျန်းယွမ်ကမ္ဘာ လူများဆီမှ အသံများ ရုတ်ရုတ်သဲသဲ ထွက်လာသည်။

" အလေးနက် တိုက်ခိုက်မယ်တဲ့ ။ ဒါဆို သူ ခုနက တိုက်ခိုက်ခဲ့တာတွေက ဒီတိုင်း ဖြစ်သလို လုပ်ခဲ့တာတွေလား.... "

" ဒါ... ဒီတိုင်း လျှောက်ကြွားနေတာ ဖြစ်မှာပါကွာ။ မသေမျိုးအဆင့် သိုင်းပညာရပ်တွေတောင် ထုတ်သုံးထားတာကို ဘာ အလေးနက်မဟုတ်ဘူးလဲ "

အားလုံးက ထင်ရာ ပြောလိုက်ကြသည်။

သို့သော် ထိုအချိန်တွင် ယွဲ့လင်က လက်တစ်ဖက်မြှောက်၍ ပြော၏။

" မသေမျိုးအစွမ်း.. "

ဝုန်း..

ချက်ချင်းမှာပင် ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု သူ့ကိုယ်မှ တိုးထွက်လာသည်။

ထိုအရောင်အဝါကို အာရုံခံမိသွားသော ယောင်ချီ နတ်ဘုရားသခင်မကြီး တစ်ကိုယ်လုံး တုန်သွားကာ အလွန်အံ့သြတုန်လှုပ်သွားရှာ၏။

ကျန်လူများ၏ မျက်နှာများလည်း ရုတ်ချည်း ပြောင်းကုန်ကြတော့သည်။

" မသေမျိုးအစွမ်းပါလား... ၊ မဟုတ်မှလွဲရော.. ဒီကောင်လေးက... "

ချင်းဝူချုံ တအံ့တသြ ရေရွတ်ရင်း ယဲ့ကျီဘက် လှမ်းကြည့်လိုက်သည်။

ယဲ့ကျီက အေးအေးဆေးဆေးပုံဖြင့် ပြန်ပြော၏။

" ညီလေးချင်း ၊ မင်းတို့ဘက်က အရှုပ်အထွေးခန္ဓာကိုယ်က တကယ်လဲ ကြောက်စရာကောင်းတာ မှန်ပါတယ်။ ဒါပေမယ့် ငါတို့ ယွဲ့လင်ကမှ တကယ့် ပါရမီရှင် အစစ်တစ်ယောက်ကွ။ ပြီးတော့ မင်း ခန့်မှန်းသလိုပဲ.. ယွဲ့လင်က အခု မသေမျိုးအဆင့်ကို ရောက်ခါနီး ဖြစ်နေပြီ။ သူ့ကို မသေမျိုးတစ်ဝက် ဖြစ်နေပြီလို့တောင် ပြောလို့ရတယ် "

" ဒါ.... "

အနီးနားတွင် ရှိနေကြသူများ အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

အသက်တစ်ရာအောက်သာ ရှိသေးသည့် ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်တဲ့လား။

ယွဲ့လင်က ပါရမီရှင်ဆိုသော နာမည်နှင့် အမှန်တကယ် ထိုက်တန်လှသူပင် ။

ထိုစဥ် တဖက်မှ လောရုံမှာလည်း မသေမျိုးအစွမ်း ဖိအားကို အာရုံခံမိသွားပါ၏။

အကယ်၍ သူ့နေရာတွင်သာ အခြားသူတစ်ယောက် ဆိုပါက ဤတိုက်ပွဲတွင် နိုင်စရာအကြောင်း လုံးဝ မရှိပါချေ။

မသေမျိုး မဟုတ်သူများအဖို့ မသေမျိုးအစွမ်း ဖိအားအောက်၌ အနည်းငယ်လေး လှုပ်ရှားရန်ပင် မဖြစ်နိုင်ဘူး မဟုတ်ပါလား။

သို့သော် လောရုံကမူ အရှုပ်အထွေး နတ်ဘုရားအလင်းတန်း ခန္ဓာကိုယ် ရှိထားသည့်အပြင်.. သူ့ကိုယ်ကို ကာကွယ်ပေးနေသော ကောင်းကင်ဘုံနဂါး သွေးအစွမ်းလည်း ရှိထားသဖြင့် မသေမျိုးအစွမ်းကို ပြန်လည်ချေဖျက်နိုင်ပါ၏။

သို့တိုင်... သူ ကြောက်မက်ဖွယ် ဖိအားနှင့် ရင်ဆိုင်နေရဆဲပါပင်။

ထိုစဥ် တဖက်မှ ယွဲ့လင်က အပြုံးဖြင့် ထပ်ပြောလာသည်။

" မင်းက ဆက်ပြီး တောင့်ခံနိုင်သေးတယ်ပေါ့လေ ။ အဲ့လိုဆိုမှတော့လဲ ငါ့ဘက်က ယဥ်ကျေးမနေတော့ပါဘူးကွာ။ ရော့.. ဒီအကွက်ကို ထပ်ခံလိုက်ဦး "

သူ ပြောပြောဆိုဆိုပင် လက်ညိုးဖြင့် ညွှန်လိုက်ပြန်သည်။

၎င်းမှာ သူ ယခင်သုံးသွားခဲ့သည့် အကွက်နှင့် အတူတူပင် ဖြစ်သော်လည်း.. ဤတစ်ကြိမ် ကွာဟချက်မှာ ယွဲ့လင်က မသေမျိုးအစွမ်းကို ထည့်သွင်း အသုံးပြုသွားခြင်း ဖြစ်ပါ၏။

ဝုန်း..

ချက်ချင်းမှာပင် ကောင်းကင်နှင့်မြေကြီး အရောင်ပြောင်းသွားပြီး ယောင်ချီ ရေကန်ကြီးလည်း တုန်ခါသွားသည်။

ပုံမှန်ဆိုပါက သာမာန်စိတ်စွမ်းအင်နှင့် မသေမျိုးအစွမ်းတို့ ကြား၌ ကြီးမားသော ကွာဟချက်ကြီး ရှိပြီး ..

တူညီသော သိုင်းကွက်တစ်ခုတည်း ဖြစ်သည့်တိုင် မသေမျိုးအစွမ်းနည်းနည်း ပါလိုက်သည်နှင့် မယှဥ်နိုင်လောက်အောင် အစွမ်းထက်သွားပါ၏။

ဝုန်း..

ထို ကြောက်မက်ဖွယ်အစွမ်းကြောင့် လောရုံတစ်ယောက် အနောက်ဘက် ပေတစ်ထောင်ခန့် အကွာအဝေးအထိ ချက်ချင်း လွင့်ထွက်သွားရတော့သည်။

သူ့ကိုယ်မှ အရှုပ်အထွေး နတ်ဘုရားအလင်းတန်းက အနည်းငယ် မတည်မငြိမ် ဖြစ်သွားကာ သူ့ကိုယ်ပေါ်မှ နဂါးကြေးခွံများ အောက်မှလည်း သွေးစက်အချို့ စီးကျလာသည်။

" အစွမ်း ထက်လှချည်လား... "

လောရုံ၏ မျက်နှာ သွေးဆုတ်ဖြူရော်သွားရှာ၏။

" အကိုလောရုံ "

လောရှောင်ရှောင်းကလည်း သူ့ဆီသို့ အသည်းအသန် ပြေးလာသည်။

" အိုး... ဟိုကလေးမလေးပါလား ။ ကိစ္စမရှိဘူးနော်.. မင်းလဲ အတူတူ ဝင်တိုက်ခိုက်လို့ ရတယ်။ မင်းတို့နှစ်ယောက် ပေါင်းပြီး ငါ့ကိုနိုင်ရင်.. မင်းတို့ အနိုင်ပဲလေ "

ယွဲ့လင်က အပြုံးဖြင့် ဆိုလိုက်သည်။

သူ့စကားကို ကြားသောအခါ ခပ်လှမ်းလှမ်းတွင် ရှိနေသော ယဲ့ကျီ မျက်မှောင်ကြုံ့သွား၏။

သူ့စိတ်ထဲတွင်လည်း ယွဲ့လင်အား မောက်မာလွန်းသည်ဟု ကြိတ်ပြီး အပြစ်တင်လိုက်သည်။

သို့သော် ယွဲ့လင်ကိုယ်တိုင်က ထိုသို့ ပြောသွားခဲ့သည်ဖြစ်ရာ.. သူ များစွာလည်း ထပ်ပြော၍ မရတော့ချေ။

ထိုစဥ် လောရုံနှင့် လောရှောင်ရှောင်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြ၏။

ဝုန်း..

လောရှောင်ရှောင်းက စကားတစ်ခွန်းမှ မဆိုဘဲ ထူးဆန်းသော ခေါင်းကိုးလုံး သားရဲကြီးကို ချက်ချင်း ခေါ်ထုတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူမတစ်ကိုယ်လုံးတွင်လည်း နဂါးကြေးခွံများဖြင့် ပြည့်သွား၏။

" ဟင်.. ဒီတစ်ယောက်ကရော နဂါးအသွင် ပြောင်းနိုင်တာလား "

သူမကို ကြည့်နေကြသော သူများအားလုံး အံ့သြမှင်သက်သွားကြရပြန်သည်။

ယောင်ချီ နတ်ဘုရားသခင်မကြီးမှာလည်း လောရှောင်ရှောင်း၏ နောက်ကျောကို ကြည့်ရင်း စိတ်လှုပ်ရှားလွန်း၍ အသက်ရှူပင် မြန်လာ၏။

" အဲ့ဒါ... မိန်းကလေးရဲ့ စိတ်စွမ်းအင်ပင်လယ် အပြည့်အစုံလား။ သူ့ရဲ့ အရောင်အဝါက အရှုပ်အထွေးခန္ဓာကိုယ်ထက် အစွမ်းမနိမ့်ဘူးလို့ ကျွန်မ ဘာလို့ခံစားနေရတာလဲ မသိဘူး "

ယောင်ချီ နတ်ဘုရားသခင်မကြီး တအံ့တသြ ပြောလိုက်သည်။

" အင်း... ကျုပ်တို့ ထျန်းယွမ်ကမ္ဘာမှာ ဒီလိုအဆင့်မျိုး ရှိတဲ့ ပါရမီရှင်နှစ်ယောက် တစ်ပြိုင်တည်း ပေါ်လာကြတာပဲ "

တာအိုသခင်ကြီး ထျန်းလုံကလည်း မျက်မှောင်အနည်းငယ် ကြုံ့ရင်း ဆို၏။

ထိုစဥ် တဖက်မှ..

" ဟား ဟား.. မင်းတို့က တကယ်ကို အစွမ်းထက်ကြတာပဲ။ သိပ်ကောင်းတယ်ကွာ... ဒီနေ့ မင်းတို့နှစ်ယောက်ကို သတ်ပြီးသွားရင်တော့.. ငါ့ဆီမှာ ပြီးပြည့်စုံတဲ့ တာအိုနှလုံးသား ရသွားပြီး ကမ္ဘာပေါ်က မသေမျိုးတွေကို အနိုင်ယူနိုင်တော့မှာ "

ယွဲ့လင်က အရူးတစ်ယောက်သဖွယ် အော်ရယ်၍ ပြောလာပြီး တိုက်ခိုက်ရန် စလှုပ်ရှားလိုက်သည်။

ဝုန်း..

သူ ဘယ်ဘက်လက်ကို ဝေ့ယမ်းလိုက်ရာ မသေမျိုးအစွမ်းများ ရုတ်ချည်း စီးမျောလာကြသည်။ ထို့နောက် ညာဘက်လက်ကို ထပ်ယမ်းလိုက်ရာ မသေမျိုးအစွမ်းများ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ထိုးတက်လာပြီး ကမ္ဘာကြီး တစ်ခုလုံးကိုပင် ဖျက်ဆီးပစ်တော့မည့်ဟန်ဖြင့် လောရုံတို့ နှစ်ယောက်ဆီ တိုးဝင်သွား၏။

" နဂါးလက်သီး... တိုက်ခိုက်စေ "

" စိတ်စွမ်းအင်ကိုးသွယ်... "

လောရုံနှင့် လောရှောင်ရှောင်းတို့ကလည်း တစ်ပြိုင်နက်တည်း ပြန်တိုက်ခိုက်လိုက်ကြသည်။

သို့သော်..

ဝုန်း..

တဖက်လူ၏ သိုင်းကွက် တစ်ကွက်တည်းဖြင့်ပင် သူတို့နှစ်ယောက်လုံး အဝေးသို့ လွင့်သွားရပါ၏။

ယွဲ့လင်မှာကား မသေမျိုးအရောင်အဝါများ လွှမ်းခြုံ၍ လေထဲတွင် မျက်နှာထားတင်းတင်းဖြင့် ရပ်နေသည်။

" ဒီနေ့တော့ အရှုပ်အထွေးတွေကို သတ်မယ်ကွာ "

ယွဲ့လင် မောက်မာစွာ ပြောလိုက်သည်။

All Chapters