← Chapters

မသေမျိုးကို သတ်ဖြတ်ခြင်း

Vol. 36 Ch. 497

မသေမျိုးကို သတ်ဖြတ်ခြင်း

Vol. 36 Ch. 497

" ဟင်.... "

ယွဲ့ယန်ကမ္ဘာ၏ မသေမျိုးများ မျက်နှာထား ချက်ချင်း ပြောင်းသွားကြသည်။

သူတို့အားလုံးမှာ ယွဲ့ယန်ကမ္ဘာတွင် နာမည်ကျော်ကြားသော သူများဖြစ်ပြီး..

သူတို့ထဲမှ အသက်အငယ်ဆုံးသည်ပင် သက်တမ်းထောင်ချီ ရှိနေပြီဖြစ်ကာ အကြီးဆုံးဆိုလျှင် အသက် တစ်သောင်းပင် ကျော်ပါသေးသည်။

သို့သော်.. လောထျန်းက သူတို့အား ယွဲ့ယန်ကမ္ဘာ၏ လူငယ်မျိုးဆက်သစ်များဟု ခေါ်လိုက်ပါသလား ။

ထိုကောင်လေးက နောက်နေခြင်းပေလား..

သို့သော်.. ၎င်းကို လောထျန်းအား အပြစ်တင်၍လည်း မရပါချေ။

ထိုယွဲ့ယန်ကမ္ဘာမှ မသေမျိုးများမှာ သူတို့၏ ရုပ်ရည်များကို သူတို့ငယ်စဥ် အရွယ်ကောင်းစဥ်က ရုပ်ရည်များအတိုင်းဖြစ်အောင် ထိန်းသိမ်းထားကြခြင်းဖြစ်ရာ.. အပြင်မှကြည့်၍ အလွယ်တကူ ခွဲရန် မဖြစ်နိုင်ပေ။

လောထျန်းက ထိုသူများအား ဝေ့ဝဲကြည့်လိုက်ပြီးနောက် မည်သူကမှ တိုက်ခိုက်ရန် မလှုပ်ရှားလာကြသဖြင့် မျက်မှောင်ကြီး ကြုံ့သွား၏။

" မင်းတို့ကောင်တွေက ဘာမှ မလုပ်ကြဘူးပေါ့လေ ။ အဲ့လိုဆိုတော့လဲ ငါပဲ စရမှာပေါ့.. ရော့ ငါ့လက်ဝါးကို ယူ "

လောထျန်း အသံကျယ်ဖြင့်အော်ကာ ကောင်းကင်ဘုံ လက်ဝါးကို အသက်သွင်းပြီး လူနှစ်ယောက်အား တစ်ပြိုင်နက်တည်း ရိုက်လိုက်သည်။

" ဟင်... "

တဖက်လူနှစ်ယောက် လန့်သွားပြီး အသည်းအသန် ခုခံရန် ကြိုးစားလိုက်ကြသည်။

ဝုန်း... ဝုန်း...

သို့သော် အသံကျယ် တစ်သံနှင့်အတူ ထိုနှစ်ယောက်လုံး နောက်သို့ တစ်ပြိုင်တည်း လွင့်သွားကြပါ၏။

တစ်ယောက်ဆိုလျှင် ကမ္ဘာနှစ်ခုကြား တံခါးပေါက်နှင့် ပြင်းထန်စွာ ရိုက်မိသွားသဖြင့် အရိုးများ ကျိုးကြေသွားပြီး တစ်ကိုယ်လုံးလည်း သွေးအလိမ်းလိမ်း ပေသွားသည်။

ကျန်တစ်ယောက်မှာကား မြေကြီးထဲရောက်အောင် အရိုက်ခံလိုက်ရကာ အရိပ်အယောင်လေးပင် မမြင်ရတော့ချေ။

" ဒါ... "

၎င်းကို ​မြင်မှသာ ကျန်လူများ အသိပြန်ဝင်လာကြ၏။

" ဟေ့.. ဒီကောင်က တစ်ခုခုတော့ လွဲနေပြီ ။ အားလုံး အတူတူ တိုက်ခိုက်လိုက်ကြရအောင်။ မဟုတ်ရင် ကျုပ်တို့တွေ ဒုက္ခရောက်သွားလိမ့်မယ် "

ဟွမ်ထျန်းက အော်ပြောလိုက်သည်။

" ဟုတ်တယ် ၊ ဘာမှ ချန်မထားဘဲ ရှိသမျှအစွမ်းကုန် သုံးပြီးသာ တိုက်ခိုက်ကြ "

အခြား ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်ကလည်း အော်လိုက်၏။

" ကောင်းကင်နဲ့မြေကြီး လက်ဝါး "

" ငွေလ နတ်ဘုရား လှံ "

မသေမျိုးနှစ်ယောက် အော်ကာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ တစ်ယောက်၏ လက်ဝါးအစွမ်းမှာ အလွန်ကျယ်ပြောလှပြီး အဆုံးမဲ့သော အနာဂါတ်မှ ရှေးခေတ်ထိတိုင် ထိုးဖောက်နိုင်ဟန် တူကာ အချိန်မြစ်ကြီးတစ်စင်းလည်း ပေါ်လာသည် ။

ကျန်တစ်ယောက်မှာလည်း ကြောက်မက်ဖွယ် လှံအစွမ်းများ ပိုင်ဆိုင်ထားကာ ချောက်နက်ကြီးထဲမှ ပုန်းကွယ်နေသော နဂါးတစ်ကောင် ထွက်လာပြီး ထျန်းယွမ်ကမ္ဘာကြီး တစ်ခုလုံးကို ထိုးခွဲပစ်တော့မယောင် ရှိနေ၏။

ခပ်လှမ်းလှမ်းမှနေ၍ ထိုနှစ်ယောက် တိုက်ခိုက်သည်ကို ကြည့်နေသော ချင်းဝူချုံထံမှ တအံ့တသြ ရေရွတ်သံ ထွက်လာသည်။

" ဟာ.. မဖြစ်ဘူး ။ ဒါ အဲ့နှစ်ယောက်ရဲ့ အစွမ်းအထက်ဆုံး အကွက်တွေပဲ။ မြန်မြန်သွားပြီး သွားကူရအောင် "

ယောင်ချီ နတ်ဘုရားသခင်မကြီးကလည်း ခေါင်းညိတ်ကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်၏။

အဘယ့်ကြောင့် ယခုကဲ့သို့ ဖြစ်ပျက်သွားခဲ့ရသည်ကို သူတို့နှစ်ယောက်လုံး နားမလည်သည့်တိုင် လက်ရှိတွင် အခြေအနေများက ထိန်းချုပ်မှု မဲ့နေခဲ့လေပြီ ။

သို့သော်.. သူတို့နှစ်ယောက် မည်သို့မှ မလုပ်နိုင်ခင်မှာပင် ..

" ဟင်.. မင်းရဲ့ လက်ဝါးက တော်တော်အစွမ်းထက်တာပဲ "

လောထျန်းက ဟွမ်ထျန်း၏ ကောင်ကင်နှင့်မြေကြီးလက်ဝါးကိုကြည့်ရင်း ရေရွတ်ပြီး သူ၏ ကောင်းကင်ဘုံလက်ဝါးသိုင်းဖြင့် ပြန်ရိုက်လိုက်သည်။

ဘုန်း..

ထိုလက်ဝါးနှစ်ခု တိုက်မိသွားချိန်တွင်ကား... ဟွမ်ထျန်း၏ ကောင်းကင်နှင့်မြေကြီး လက်ဝါး ချက်ချင်း ပြိုကွဲသွားကာ ကြောက်မက်ဖွယ် အရောင်အဝါများအားလုံးလည်း တမဟုတ်ချင်း ပျောက်ကွယ်သွားသလို .. ရှည်လျားသော အချိန်မြစ်ကြီးလည်း ရုတ်ချည်း ပျောက်သွားတော့သည်။

အွတ် ...

ဟွမ်ထျန်းကိုယ်တိုင်လည်း လောထျန်း၏ လက်ဝါးချက်အစွမ်းကြောင့် ဒဏ်ရာအပြင်းအထန် ရသွားပြီး သွေးများ အန်လာ၏။

" ဒီလှံက.. "

ထိုစဥ် တဖက်မှ လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကာ လက်တစ်ဖက် ဆန့်ထုတ်ပြီး သူ့ဆီတိုးဝင်လာသည့် လှံအား ဝုန်းခနဲ ဖမ်းဆုပ်လိုက်

သည်။

ယခင် ဖြစ်နေခဲ့သော ကြောက်မက်ဖွယ် အစွမ်းနှင့် ဖိအားများ စက္ကန့်ပိုင်းလေးအတွင်း ပျောက်ကွယ်သွား၏။ လှံ၏ အစွန်းတစ်ဖက်မှာ လောထျန်းလက်ထဲ ရှိနေကာ ကျန်တစ်ဖက်မှာကား တဖက်မသေမျိုး၏ လက်ထဲတွင် ကိုင်လျက်..

" မင်း.. မင်း... "

ယွဲ့ယန်ကမ္ဘာမှ မသေမျိုးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အလွန်အံ့သြတု​န်လှုပ်သွားဟန် တူသည်။

လောထျန်းက မျက်မှောင်အနည်းငယ်ကြုံ့၍ လှံကို ကြည့်ကာ တအံ့တသြ ဆို၏။

" မသေမျိုးလက်နက်ပါလား... ငါ့ဆီမှာ အခုထိ မသေမျိုးအဆင့် လှံ မရှိသေးဘူး ။ မင်းတို့က ငါ့ညီနဲ့ ညီမကို ဒဏ်ရာရအောင် လုပ်ထားခဲ့တာဆိုတော့ မင်းဆီက လှံကို ယူလိုက်ရင် ငါ့ဘက်က လွန်ရာမကျဘူးမလား ။ အဲ့လှံက ငါ့အပိုင် ဖြစ်သွားပြီ "

လောထျန်းက ပြောပြောဆိုဆိုပင် သူကိုင်ထားသော လှံအား ခါယမ်းလိုက်သည်။

ဖြောင်..

တဖက်မှ မသေမျိုး၏ လက်နှစ်ဖက်လုံး ချက်ချင်း ကျိုးသွားကာ လူကိုယ်တိုင်လည်း နောက်သို့ လွင့်ထွက်သွားပြန်၏။

ဝုန်း..

ထိုလူမှာ မယုံနိုင်သော မျက်လုံးများဖြင့် မြေကြီးပေါ်သို့ အရှိန်ပြင်းပြင်း ကျသွားတော့သည်။

လောထျန်းဆိုသည့် ကောင်က သူ့လက်ထဲမှ လှံကို ဘာမှမထူးခြားဟန်ဖြင့် အလွယ်တကူ ယူသွားသတဲ့လား။

" ဟမ့်.. ငါ့လှံကို ယူဖို့ အဲ့လောက်လွယ်တယ် ထင်နေတာလား။ ငါ အဲ့လှံကို သေချာ သန့်စင်ထားပြီးသွားကွ။ အဲ့တော့ မင်း အတင်းယူသွားရင်တောင် ဘာမှ လုပ်လို့ရမှာ မဟုတ်လူး ။ ငါ့လှံ ပြန်ပေးစမ်း "

သူ ထိုသို့ပြောပြီး အသံကျယ်ဖြင့် ညာသံပေးအော်ဟစ်ကာ လှံကို သူ့လက်ထဲ ပြန်ခေါ်ယူရန် ကြိုးစားလိုက်သည်။

ဝီ..

တစ်ချိန်တည်းမှာပင် လောထျန်းလက်ထဲမှ လှံ၏ အရိုးကလည်း ပြင်းထန်စွာ တုန်ခါလာပြီး သခင်ဆီ ပြန်သွားရန် ကြိုးစားလာ၏။

သို့သော်.. လောထျန်းက ၎င်းကို ကြည့်ရင်း မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။

" အိုး.. ငါ့စကားကို နားမထောင်သေးဘူးပေါ့ ။ အဲ့လိုဆိုတော့လဲ သန့်စင်ရမှာပေါ့ကွာ "

စကားအဆုံးမှာပင် သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များက ငွေရောင် လှံထဲသို့ ဝုန်းခနဲ စီးဆင်းသွားကြသည်။

" ဟားဟား... စိတ်ကူးတွေ ယဥ်နေသေးတယ်ကွာ ။ အဲ့ဒါ မသေမျိုးလက်နက်တစ်ခုကွ ၊ ပြီးတော့ သူ့သခင် ငါကလဲ မသေသေးဘူး။ ဒါနဲ့များတောင် အတင်းအားသုံးပြီး သန့်စင်ချင်တယ်ပေါ့ ။ မင်းက.... ဟမ်.. "

တဖက်မှ မသေမျိုးက တစ်ခုခုပြောရန် လုပ်နေစဥ်မှာပင် ရုတ်တရက်... လှံနှင့် သူ့ကြားထဲမှ ဆက်နွယ်မှု ပြတ်တောက်သွားကြောင်း သတိထားမိလိုက်၏။

" ဘာတွေ ဖြစ်နေတာလဲ ။ သူက တကယ်ကြီးကို အားသုံးပြီး သန့်စင်လိုက်တာလား "

ထိုတခဏ၌ သူ အလွန်ဒေါသထွက်သွားသဖြင့် ရထားသော ဒဏ်ရာများအား ပိုဆိုးအောင် လုပ်လိုက်သလို ဖြစ်သွားကာ ချက်ချင်း သွေးအန်လာပြီး လဲကျတော့မလို ဖြစ်သွားသည်။

" ဒါ... "

ထိုမြင်ကွင်းကို မြင်လိုက်ရသော ချင်းဝူချုံနှင့် ယောင်ချီ နတ်ဘုရားသခင်မကြီးတို့ တိုက်ခိုက်ရန် ပြင်နေရာမှ တစ်ပြိုင်နက်တည်း ရပ်လိုက်ကြသည်။

သူတို့နှစ်ယောက် အံ့သြတုန်လှုပ်နေသော မျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

ဘာတွေ ဖြစ်နေပါသနည်း..

အစွမ်းထက်လှသော ကမ္ဘာပေါ်မှ မသေမျိုးနှစ်ယောက်က တစ်ပြိုင်နက်တည်း တိုက်ခိုက်နေစဥ်မှာပင်.. ထိုသို့ အလွယ်တကူ ရှုံးနိမ့်သွားကြသတဲ့လား ။

သူတို့ရှေ့မှ လူငယ်က ဤမျှ အစွမ်းထက်သတဲ့လား ။

" မျိုးမစစ်ကောင်.. မင်းကများ အတင့်ရဲလို့ "

ထိုစဥ် ယွဲ့ယန်ကမ္ဘာဘက်ရှိ အခြား ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်ကလည်း ဒေါသူပုန် ထသွားပြီး လက်ဆန့်ထုတ်၍ တိုက်ခိုက်ရန် အစံအမံများ လုပ်လာသည်။ သူ့ကိုယ်ထဲမှ မသေမျိုးအစွမ်းများလည်း သက်ဝင်လှုပ်ရှားလာ၏။

ဝုန်း...

ထို့နောက်တွင်မူ ခပ်လှမ်းလှမ်းတွင် ရှိနေကြသော တောင်များ အလုံး သုံး၊လေးဆယ်ခန့် မြေပြင်ပေါ် ကြွတက်လာကြပြီး ထိုမသေမျိုး၏ ထိန်းချုပ်မှုဖြင့် လောထျန်းဆီ တိုးဝင်သွားကြသည်။

" ဟင်.. မင်းက ငါ့ကို တောင်နဲ့ပစ်ပေါက်နေတယ်ပေါ့လေ ။ အဲ့လိုဆိုမှတော့လဲ... "

လောထျန်းက သူ့လက်ထဲမှ ငွေရောင်လှံကို တစ်ချက်ကြည့်လိုက်ပြီး ကောင်းကင်ဘုံ လှံအစွမ်းကို အသက်သွင်းလိုက်သည်။

ဝုန်း... ဝုန်း.. ဝုန်း...

ချက်ချင်း ဆိုသလိုပင် သူ့လက်ထဲမှ လှံက ရှည်လျားသော နဂါးကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားကာ တဖက်လူဆီသို့ တိုက်ခိုက်ရန် တိုးဝင်သွားတော့၏။

တောင်များလည်း တမဟုတ်ချင်း ပြိုကွဲသွားကြပြီး လှံထိပ်အစွန်းက တဖက်လူ မျက်နှာရှေ့သို့ ရောက်လာသည်။

" အား..... "

ထိုမသေမျိုးထံမှ အော်သံကျယ်ကြီး ထွက်လာပြီး လှံတံက သူ့ကိုယ်ထဲ ဖောက်ဝင်သွားကာ သူ့အား ကမ္ဘာနှစ်ခုကြား တံခါးပေါက်ပေါ်၌ ထိုးစိုက်ထားလိုက်တော့သည်။

ဝီ...

ကမ္ဘာနှစ်ခုကြား တံခါးပေါက်သည်ပင် လှံအစွမ်းကြောင့် အံ့သြသွားသည့်အလား တုန်ခါလာ၏။

သို့သော်...

" မဖြစ်ဘူး... သတိထား... "

တဖက်ရှိ ယောင်ချီမှ လူများ အလန့်တကြား အော်ဟစ်လိုက်ကြသည်။

အမှန်တွင်ကား လောထျန်းကြောင့် ပြိုကွဲသွားခဲ့သည့် တောင်များက မရေမတွက်နိုင်သော အပျက်အစီး အပိုင်းအစများအဖြစ် ပြောင်းသွားကာ အားလုံးဆီသို့ လွင့်စင်သွားခြင်းပါပင် ။

" အားလုံး ခုခံကြဟေ့ "

ယောင်ချီ နတ်ဘုရားသခင်မကြီးက ချက်ချင်း အသံကျယ်ဖြင့် အော်ဟစ်သတိပေးလိုက်သည်။

ထိုအချိန်မှာပင် ကျန် အစွမ်းထက်ကျင့်ကြံသူများ အားလုံးလည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။

ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်ဖြစ်သော ယောင်ချီနတ်ဘုရားသခင်မကြီးမှာ ထိုအပျက်အစီးများကို အလွယ်တကူ ခုခံနိုင်ပြီး..

မသေမျိုးအစွမ်းများ စုပ်ယူကာ မသေမျိုး ဖြစ်ထားကြသော သူများလည်း ခုခံ၍ ရနေဆဲပင် ။

သို့သော် ကျန်လူများမှာကား ထိုအပျက်အစီး အပိုင်းအစများနှင့် ရင်ဆိုင်ရချိန်၌ ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုကို ခံစားလိုက်ကြရ၏။

ထို အပျက်အစီးများမှာ မသေမျိုးအစွမ်းကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များဖြစ်ပြီး အစွမ်းအများစုက လောထျန်းကြောင့် ပျောက်ကွယ်သွားသည့်တိုင် .. လက်ကျန်အစွမ်းသည်ပင် ပေါ့သေးသေး မဟုတ်ပါချေ။

ချက်ချင်းမှာပင် အော်သံများလည်း ညံညံစီစီ ထွက်ပေါ်လာကာ လူများစွာပင် ဒဏ်ရာရကုန်ကြတော့သည်။

" ဟင်... "

ထိုစဥ်မှာပင် လောထျန်းကလည်း ၎င်းကို သတိထားမိသွားပြီး အေးစက်စက်မျက်နှာဖြင့် ယွဲ့ယန်ကမ္ဘာမှ လူများဘက် ချက်ချင်းလှည့်ကာ အော်လိုက်သည်။

" မင်းတို့ကောင်တွေက တော်တော်အရှက်မရှိကြတာပဲ။ နှစ်ဖက်က ပြိုင်ပွဲဝင်တွေ အချင်းချင်းပဲ တိုက်ခိုက်ကြဖို့ သဘောတူထားတာ မဟုတ်ဘူးလား။ အခု ဘာလို့မဆိုင်တဲ့သူတွေကို သွားပြီး တိုက်ခိုက်နေတာလဲ "

တဖက် ယွဲ့ယန်ကမ္ဘာမှ လူများမှာ သူ့စကားကို ကြားပြီးနောက် မည်သို့မှ မပြောနိုင်ဘဲ ဆွံ့အကုန်ကြပါ၏။

" အဲ့ဒီ အပျက်အစီးတွေက မင်းကြောင့် ဖြစ်သွားတာကွ သူတောင်းစားရဲ့ ၊ သိရဲ့လား "

ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်က မကျေမနပ် ပြန်ပြောလာသည်။

လောထျန်း၏ မျက်နှာထား အေးစက်သွားပြီး ချက်ချင်း ဒေါသတကြီး ပြန်အော်လိုက်၏။

" လျှောက်ပြောပြန်ပြီ ။ မင်းတို့ကသာ ငါ့ကို တောင်နဲ့ပစ်ပြီး တိုက်ခိုက်လာတာလေ။ အဲ့လို လုပ်နိုင်တာ မင်းတို့ပဲရှိတယ် ထင်လို့လား "

“ယား”

လောထျန်း ထိုသို့ပြောကာ လက်တစ်ဖက် ဝေ့ယမ်းလိုက်သည်။

ဝုန်း..

ချက်ချင်းမှာပင် ဧရာမ ရွှေရောင်လက်ဝါးကြီးတစ်ခု ထွက်လာ၏။

ထို့နောက်တွင်မူ..

ဝုန်း..

ရွှေရောင်လက်ဝါးကြီး လှုပ်ရှားလာပြီး ...

ဝုန်း...

ယောင်ချီ တည်ရှိသော တောင်တန်းကြီးတစ်ခုလုံး မြေပြင်မှ ကြွတက်လာတော့သည်။

ယောင်ချီတောင်တန်းများမှာ အလွန်ကြီးမားလှပြီး အစောပိုင်းက တဖက်လူ ပစ်ပေါက်ခဲ့သည့် တောင်များ အားလုံးထက်ပင် အဆရာချီ ပိုကြီးပါသည်။

ထိုမြင်ကွင်းကို ကြည့်နေကြသော ယွဲ့ယန်ကမ္ဘာမှ လူများအားလုံး အံ့သြမှင်သက်ကာ ကြက်သေ သေသွားကြကုန်၏။

အကယ်၍ ထိုတောင်ကြီးသာ သူတို့ပေါ်သို့ အမှန်တကယ် ကျလာပါက .. ကမ္ဘာပေါ်မှ မသေမျိုးများမှာ သူတို့အစွမ်းဖြင့် ခံနိုင်ကြဦးမည် ဖြစ်သော်လည်း..

ကျန် ယွဲ့ယန်ကမ္ဘာမှ လူများမှာကား အသက်ဆုံးသွားကြရမည် မလွဲပေ။

သို့သော် ထိုအချိန်တွင် အတုန်လှုပ်ဆုံး ဖြစ်နေသည့် လူများမှာ...

ယောင်ချီမှ လူများ ဖြစ်ပါသည်။

" သခင်လေး လောထျန်း ၊ ကျေးဇူးပြုပြီး သနားညှာတာပေးလိုက်ပါရှင် "

ယောင်ချီ နတ်ဘုရားသခင်မကြီး ကြောက်လန့်တကြား အော်ဟစ်လိုက်၏။

All Chapters