← Chapters

မသေမျိုးတစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးလား

Vol. 36 Ch. 502

မသေမျိုးတစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးလား

Vol. 36 Ch. 502

ထိုစကားကို ကြားပြီးနောက် လောထျန်း ခေါင်းအသာညိတ်လိုက်သည်။

ယောင်ချီ နတ်ဘုရားသခင်မကြီး၏ တုန့်ပြန်ပုံကြောင့် သူ စိတ်ကျေနပ်သွားရသည်မှာ အမှန်ပင်။

" သခင်လေး လောထျန်း ၊ သခင်လေး တခြားဘာတွေများ ပြောချင်တာ ရှိသေးလဲ "

ယောင်ချီ နတ်ဘုရားသခင်မကြီးက တလေးတစား ထပ်မေးလာသည်။

လောထျန်းက မျက်မှောင်အနည်းငယ်ကြုံ့၍ ပြန်ပြော၏။

" နောက်တစ်ခု ရှိသေးတယ်ဗျ။ ကျုပ် ဒီမှာ မရှိနေတဲ့အချိန်မှာ ခင်ဗျားတို့ဂိုဏ်းရဲ့ အကြီးအကဲဟွာ ဆိုတဲ့ သူက ကျုပ်လူတွေကို ပြဿနာရှာပြီးတော့ ကျုပ်ညီနဲ့ ညီမကို ချောက်ချခဲ့သေးတယ်လို့ ကြားတယ်။ ယောင်ချီ နတ်ဘုရားသခင်မကြီး အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်မယ် ဆိုတာကို ကျုပ် သိချင်ပါတယ် "

နတ်ဘုရားသခင်မကြီး သက်ပြင်းချလိုက်သည်။

" ကျေးဇူးပြုပြီး စိတ်အေးလက်အေးသာ နေပါ သခင်လေးလောထျန်း ။ သခင်လေး မပြောလာရင်တောင် ကျွန်မတို့ ယောင်ချီက အကြီးအကဲဟွာကို ဂိုဏ်းမှာ ဆက်ပြီးလက်မခံတော့ဖို့ စဥ်းစားထားတာပါ "

ထိုမတိုင်ခင် ကမ္ဘာနှစ်ခုကြား တံခါးပေါက် စပွင့်လာချိန်၌ အကြီးအကဲဟွာက ယောင်ချီအား မဟာအလင်းတန်းဂိုဏ်းနှင့် ပူးပေါင်းရန် တိုက်တွန်းပြောဆိုခဲ့သည့်အပြင် ကမ္ဘာနှစ်ခု တိုက်ခိုက်နေစဥ်တွင်လည်း ပျောင်ပိုင်မြို့ကို ချောက်ချရန် ကြံစည်ခဲ့ပါသေး၏။

ထိုအချိန်တွင် ယောင်ချီ၏ အနာဂါတ်က မသေချာ ဖြစ်နေခဲ့သဖြင့် သူမ ဒေါသကိုသာ ထိန်းပြီး စိတ်ထဲမှ မကျေနပ်ချက်များကို ဘာမှမလုပ်နိုင်ခဲ့ချေ။

" အကြီးအကဲဟွာ ဘယ်မှာလဲ "

နတ်ဘုရားသခင်မကြီးက နောက်တွင် ရှိနေသော ယောင်ချီဂိုဏ်းဝင်များဘက် လှည့်ကြည့်လိုက်သည်။

သို့သော် အကြီးအကဲဟွာမှာ လူအုပ်ထဲတွင် ရှိမနေတော့ပါ။

" ဟင်... ဒီမိန်းမ ဘယ်ရောက်သွားတာလဲ "

နတ်ဘုရားသခင်မကြီး မျက်မှောင်ကြုံ့သွား၏။

" နတ်ဘုရားသခင်မကြီးကို သတင်းပို့ပါတယ် ။ အကြီးအကဲဟွာက အလျင်စလိုနဲ့ တက်သုတ်ရိုက်ပြီး ထွက်သွားတယ်ဗျ "

တစ်ယောက်က ပြောလာသည်။

" ဘယ်လို... "

နတ်ဘုရားသခင်မကြီး အံ့အားသင့်သွားရသလို..

တဖက်မှ လောထျန်းမှာလည်း မျက်နှာကြီး သုန်မှုန်သွား၏။

ထိုအမျိုးသမီးက အမှန်တကယ် ထွက်ပြေးသွားခဲ့သတဲ့လား ။

ယောင်ချီ နတ်ဘုရားသခင်မကြီးက လောထျန်း၏ မျက်နှာထား ပြောင်းသွားသည်ကို သတိထားမိကာ ချက်ချင်း ဦးညွှတ်၍ ပြောလိုက်သည်။

" ကျွန်မ အနူးညွှတ်တောင်းပန်ပါတယ် သခင်လေး လောထျန်း ။ ခုနက ကျွန်မ စိတ်ရှုပ်နေတော့ ဒီမကောင်းတဲ့မိန်းမကို သတိမထားလိုက်မိဘဲ ထွက်ပြေးခွင့် ပေးလိုက်သလို ဖြစ်သွားတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ရှင် ၊ ကျွန်မ အကြီးအကဲဟွာကို သတ်ဖို့ အမိန့်စာ ထုတ်လိုက်ပါ့မယ်။ သူ ထျန်းယွမ်ကမ္ဘာမှာ ရှိနေသေးသရွေ့ အလိုရှိသူစာရင်းထဲ ပါနေမှာပါ "

" အဲ့မိန်းမကို တွေ့ပြီဆိုတာနဲ့ ကျွန်မကိုယ်တိုင် သူ့ကို သတ်ပြီး သူ့ခေါင်းကို သခင်လေးဆီ လက်ဆောင်အဖြစ် ဆက်သပေးပါ့မယ်။ သခင်လေး ဘယ်လိုသဘောရလဲ "

သူမ ထိုသို့သာ ပြောလိုက်ရသော်လည်း စိတ်ထဲတွင်မူ စိုးရိမ်နေဆဲပါပင်။

လောထျန်းသာ မကျေနပ်ဘူး ဆိုပါက သူမရော ၊ ယောင်ချီပါ ဒုက္ခရောက်သွားနိုင်သည် မဟုတ်ပါလား။

လောထျန်းက ခေတ္တမျှ တိတ်နေပြီးနောက် ပြန်ပြောလာ၏။

" ကောင်းပြီဗျာ ၊ အဲ့လိုပဲ လုပ်ကြတာပေါ့ "

နတ်ဘုရားသခင်မကြီးမှာ ထိုအချိန်မှသာ သက်ပြင်းချနိုင်သွားသည်။

ထိုစဥ်မှာပင် တာအိုသခင်ကြီး ထျန်းလုံက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ပြောလာသည်။

" သခင်လေး လောထျန်း ၊ ကျုပ်က ထျန်းယွမ်ကျောင်းတော်က တာအိုသခင်ကြီး ထျန်းလုံပါ။ ကျုပ် သခင်လေးကို တောင်းပန်ချင်လို့ပါ "

" ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွတ်ပေးပါဗျာ "

ကြားလိုက်ရသည့် စကားကြောင့် လူများအားလုံး အံ့သြမှင်သက်ကုန်ကြသည်။

တာအိုသခင်ကြီး ထျန်းလုံက လောထျန်းအား စော်ကားသည့် အပြုအမူမျိုး လုပ်ထားခဲ့ပါသလား...

လောထျန်းကလည်း ထိုစကားကို ကြားကြားချင်း သူ့အား လှည့်ကြည့်လာသည်။

" အိုး... ကျုပ်က ထျန်းယွမ်ကျောင်းတော်ဘက်က ကျုပ်ကို တိုက်ခိုက်မယ် ထင်နေတာ "

လောထျန်းက လှောင်သံစွက်နေသော အသံဖြင့် ပြောလိုက်သည်။

ထျန်းယွမ်ကျောင်းတော်က သူတို့ ပျောင်ပိုင်မြို့သို့ လူများ နှစ်ကြိမ်တိုင်တိုင် စေလွှတ်ခဲ့သည် မဟုတ်ပါလား။

သို့သော် ရောက်လာခဲ့ကြသည့် လူအများစုမှာ အကန်းများဟု ပြော၍ ရပါသည်။

တာအိုသခင်ကြီး ထျန်းလုံတစ်ယောက် နဖူး၌ ဇောချွေးများပင် ပြန်သွားရသည်။

" အဲ့ကိစ္စက ကျုပ်တို့ ထျန်းယွမ်ကျောင်းတော်ရဲ့ လက်အောက်ငယ်သားတွေကို ကျုပ် ကောင်းကောင်း မထိန်းချုပ်လိုက်နိုင်လို့ ဖြစ်သွားခဲ့ရတာပါဗျာ။ အဲ့ဒါကြောင့်လဲ နားလည်မှု လွဲသွားရတာပါ။ ကျုပ်က စစချင်းမှာ ပျောင်ပိုင်မြို့နဲ့ တကယ်ကို ပူးပေါင်းချင်ခဲ့တာဗျ။ ဒါပေမယ့် ကျုပ်လူတွေက မောက်မာကြတော့ အမှားအယွင်းကြီးကြီး လုပ်မိခဲ့ကြတယ် "

" သခင်လေးကို တောင်းပန်တဲ့အနေနဲ့ ကျုပ်တို့ ထျန်းယွမ်ကျောင်းတော်ရဲ့ မသေမျိုးအဆင့် ကျင့်စဥ် တစ်ခုနဲ့ သိုင်းပညာ နှစ်မျိုးကို ပေးပါရစေဗျာ။ ပြီးတော့ အရင်ဖြစ်ခဲ့တာတွေအတွက် ထပ်ပြီး တောင်းပန်တဲ့အနေနဲ့ ထျန်းယွမ်စမ်းသပ်ပွဲကိုလဲ ပျောင်ပိုင်မြို့သားတွေအတွက် ဖွင့်ပေးမှာပါ "

" ထျန်းယွမ်စမ်းသပ်ပွဲ .. ဟုတ်လား.. "

လောထျန်း နားမလည်နိုင် ဖြစ်သွားဟန် တူသည်။

အနားမှ ယောင်ချီနတ်ဘုရားသခင်မကြီးက မြန်မြန်ဝင်ရှင်းပြ၏။

" သခင်လေး လောထျန်း ၊ ဒီ ထျန်းယွမ်စမ်းသပ်ပွဲ ဆိုတာ ထျန်းယွမ်ကျောင်းတော်ရဲ့ လျှို့ဝှက်ဒေသ တစ်ခုပဲရှင့်။ ဒီ စမ်းသပ်ပွဲအတွင်းမှာ ရှေးဟောင်းသိုင်းပညာကျင့်စဥ်တွေ ရနိုင်သလို သဘာဝ အဖိုးတန်အရင်းအမြစ်တွေ မျိုးစုံအောင်လဲ ရနိုင်တယ် ။ တ

တာအိုသခင်ကြီး ထျန်းလုံတောင် ကောင်းကင်ဘုံနဂါး အရောင်အဝါကို အဲ့ကနေ ရခဲ့တာလို့ ကျွန်မကြားတယ် "

" ကောင်းကင်ဘုံနဂါး အရောင်အဝါ.. ဟုတ်လား "

လောထျန်း အနည်းငယ် အံ့အားသင့်သွားသည်။ သူတို့ပြောသည့် စမ်းသပ်ပွဲတွင် ထိုသို့သော အရာမျိုး အမှန်တကယ် ရှိသည်လား ဟူ၍လည်း သူ တွေးမိသွား၏။

တာအိုသခင်ကြီး ထျန်းလုံက စကားဆက်သည်။

" နတ်ဘုရားသခင်မကြီး ပြောတာ မှန်ပါတယ်။ ဒါပေမယ့်.. ထျန်းယွမ်စမ်းသပ်ပွဲမှာ အဖိုးအတန်ဆုံး အခွင့်ကောင်းကြီး နှစ်ခု ရှိနေသေးတယ်ဗျ "

" ဟုတ်လား.. ဘယ်လို အခွင့်ကောင်းမျိုးလဲ "

လောထျန်း စိတ်ဝင်တစား မေးလိုက်သည်။

တာအိုသခင်ကြီး ထျန်းလုံက ပြန်ပြော၏။

" ပထမဆုံး တစ်ခုကတော့ မသေမျိုးတစ်ယောက် ဖြစ်လာနိုင်မယ့် အခွင့်ရေးပဲဗျ "

" မသေမျိုး ဖြစ်လာနိုင်မယ့် အခွင့်ကောင်း.... အဲ့ဒါ ဘာကို ပြောချင်တာလဲ "

လောထျန်း နားရှုပ်သွားသည်။

သခင်ကြီးထျန်းလုံက မြန်မြန်ဆက်ရှင်းပြ၏။

" ဒီအခွင့်ကောင်းက ဘယ်လိုလဲ ဆိုတာကတော့ လူတစ်ယောက်နဲ့တစ်ယောက် အပေါ်မူတည်ပြီး ကွဲပြားတယ်။ ဥပမာပြောရရင် ကျုပ်က အခွင့်ကောင်းအနေနဲ့ ကောင်းကင်ဘုံနဂါး အရောင်အဝါကို ရခဲ့တယ်ဗျ။ အဲ့ပစ္စည်းက ကျုပ်ရဲ့ ကျင့်ကြံခြင်းအတွက် အင်မတန်ကို အထောက်အကူပြုတယ်။ အဲ့ဒါကို ရပြီးတဲ့နောက်ပိုင်း ကျုပ်ရဲ့ကျင့်ကြံခြင်းက အရင်ထက်ပိုချောမွေ့လာပြီးတော့ နောက်ဆုံးမှာ မသေမျိုးတစ်ယောက် ဖြစ်လာခဲ့တာပဲ "

" ကျုပ်တို့ဂိုဏ်းက တပည့်တွေ ရခဲ့တဲ့ အခွင့်ကောင်းတွေဆိုရင် ပိုပြီးတောင် ကြောက်စရာကောင်းသေးတယ် "

ထိုသို့ ပြောနေစဥ်တွင်လည်း တာအိုသခင်ကြီး ထျန်းလုံ၏ မျက်လုံးများ အရောင်လက်သွားသည်။

အခြားသူများကလည်း သူ့အား စိတ်ဝင်တစား လှည့်ကြည့်လာကြ၏။

သခင်ကြီး ထျန်းလုံ၏ တပည့်ရင်းဖြစ်သော ရှန့်မူချင်းက ထျန်းယွမ်စမ်းသပ်ပွဲကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့မှန်း သူတို့တော်တော်များများ သိထားပြီး ဖြစ်ပါသည်။

သို့သော် ရှန့်မူချင်းက မည်သို့သော အခွင့်ကောင်းမျိုး ရခဲ့သည်ကိုမူ ထျန်းယွမ်ကျောင်းတော် ဂိုဏ်းဝင် မဟုတ်သူများ မသိကြပါချေ။

ယခု တာအိုသခင်ကြီး ထျန်းလုံက ထိုကိစ္စအား ဖုံးကွယ်မထားချင်တော့ဟန်တူရာ သူတို့အားလုံး စိတ်ဝင်စားသွားကြခြင်းက မဆန်းပါ။

" သခင်ကြီး ၊ ရှန့်မူချင်းက ဘယ်လိုအခွင့်ကောင်းမျိုး ရခဲ့တာလဲဗျ "

" ဟုတ်တယ်ဗျ ၊ ကျုပ်တို့ကို အမြင်ကျယ်သွားအောင် လုပ်ပေးပါဦး "

အားလုံး စိတ်ဝင်တစား ပြောလိုက်ကြသည်။

သခင်ကြီးထျန်းလုံက မုတ်ဆိတ်ကို လက်ဖြင့်ပွတ်ရင်း ပြန်ပြော၏။

" အင်းလေ.. လျှို့ဝှက်ထားစရာလဲ မလိုတော့ပါဘူး ။ မူချင်း.. မင်းရဲ့အခွင့်ကောင်းက ဘယ်လိုဆိုတာ ဒီကိုလာပြီး အားလုံးသိအောင် ပြလိုက်စမ်းပါဦး "

ခပ်လှမ်းလှမ်းမှ ရှန့်မူချင်းက တလေးတစား ဦးညွှတ်အရိုအသေပေး၍ ပြန်ပြော၏။

" ဟုတ်ကဲ့ပါ သခင်ကြီး "

သူ ပြောပြီးသည်နှင့် လောထျန်းဆီသို့ တစ်လှမ်းချင်း လျှောက်လာသည်။

" သခင်လေး လောထျန်း ၊ ကျုပ်ရဲ့ အညတရဟာလေးကို သခင်လေးကို ပြရတဲ့အတွက် အားလဲနာပါတယ်ဗျာ "

သူ ပြောပြောဆိုဆိုပင် လက်နှစ်ဖက်ကို စုလိုက်သည်။

ဝုန်း..

ထို့နောက်တွင်မူ သူ့ကိုယ်မှ အစွမ်းထက်သော အရောင်အဝါနှစ်ခု ထွက်လာပြီး သူ့အား လှည့်ပတ်လာ၏။

" ဒါ... "

အားလုံးမှာ ထိုအရောင်အဝါ နှစ်ခုကိုကြည့်ရင်း နားမလည်နိုင် ဖြစ်ကုန်ကြသည်။

သို့သော် ၎င်းကို နားလည်ကာ တအံ့တသြ တုန့်ပြန်လာသော လူအချို့လည်း ရှိပါ၏။

" ဒါ... ဒဏ္ဍာရီကျော် ရွှယ်ဟွမ် အစွမ်းလား "

" ဘယ်လို.. ရွှယ်ဟွမ်အစွမ်း.. ဟုတ်လား "

ထိုစကားကို ကြားသည်နှင့် အားလုံး အံ့သြတုန်လှုပ်ကုန်ကြသည်။

" မဖြစ်နိုင်တာ... ဒဏ္ဍာရီတွေအရဆို ရွှယ်ဟွမ်အစွမ်းက ကမ္ဘာသစ်တစ်ခု စပြီး ဖြစ်တည်တဲ့အချိန်မှာပဲ တွေ့ရတာဆို။ ဒါကို ဘယ်လိုလုပ်ပြီး ထျန်းယွမ်ကမ္ဘာထဲမှာ ရှာတွေ့တာလဲ "

" ဒါဆို .. ဒီအရောင်အဝါ နှစ်ခုက သူ့ခန္ဓာကိုယ်ထဲမှာ နေ့တိုင်း စီးဆင်းနေတာပေါ့ ။ ရှန့်မူချင်း အဲ့လောက်အစွမ်းထက်နေတာ မထူးဆန်းတော့ပါဘူး "

" ငါတို့ကျတော့ ဘာလို့ အဲ့လို အဖိုးတန်သဘာဝအရင်းအမြစ်မျိုး မရတာလဲ မသိပါဘူးကွာ... "

ထိုတခဏတွင် အားလုံးက ရှန့်မူချင်းအား မနာလိုအားကျစွာ ကြည့်လိုက်ကြသည်။

တာအိုသခင်ကြီး ထျန်းလုံမှာလည်း အားလုံး၏ တုန့်ပြန်ပုံကြောင့် ဂုဏ်ယူနေဟန် ဖြစ်သွားသည်။

ရှန့်မူချင်းမှာ သူ့အတွက် နောက်ဆုံး တပည့်တစ်ယောက်လည်းဖြစ်ရာ သူ့တပည့်၏ အောင်မြင်မှုအတွက် ဝမ်းသာဂုဏ်ယူခြင်းက သဘာဝကျပါသည်။

သို့သော် သူ အကြည့်လွှဲလိုက်သည့် အချိန်တွင်မူ လောထျန်းက အနည်းငယ်ရှက်နေသည့် မျက်နှာထား ဖြစ်နေသည်ကို မြင်လိုက်ရ၏။

၎င်းကို မြင်သောအခါ တာအိုသခင်ကြီး ထျန်းလုံ ချက်ချင်း နားလည်မှု လွဲသွားသည်။

ထို့ကြောင့် သူ အံကြိတ်၍ ပြောလိုက်၏။

" သခင်လေး လောထျန်း ၊ အဲ့ဒီ ရွှယ်ဟွမ်အစွမ်းနှစ်ခုက ဒီကမ္ဘာမှာ အဖိုးအတန်ဆုံးအရာ ဖြစ်ပေမယ့်... သခင်လေးသာ လိုချင်တယ်ဆို ကျုပ်တပည့်ရဲ့ကိုယ်စား ဆုံးဖြတ်ပြီးတော့ သခင်လေးကို ပေးလို့ရပါတယ် "

သူ့စကားဆုံးသည်နှင့် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။

" ဘုရားရေ... သူက ရွှယ်ဟွမ်အစွမ်းကိုတောင် ပေးမှာတဲ့ ။ တာအိုသခင်ကြီးထျန်းလုံက အများကြီး အနစ်နာခံနေတာပဲ "

" ဟုတ်ပကွာ ။ ငါသာ ဆိုရင် အဲ့လောက်အဖိုးတန်တာမျိုးကို လုံးဝ ပေးနိုင်မှာမဟုတ်ဘူး "

" ဒါပေမယ့် ရှန့်မူချင်းက... "

ထိုစဥ်တွင် အားလုံးက ရှန့်မူချင်းအား လှည့်ကြည့်ကာ သူ မည်သို့ တုန့်ပြန်လာမည်ကို သေချာစောင့်ကြည့်လိုက်ကြသည်။

သို့သော် အားလုံး မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်... ရှန့်မူချင်းမှာ မကျေနပ်သည့်ဟန် လုံးဝမပြဘဲ ပြုံးပြုံးကြီးသာ ရှိနေ၏။

" သခင်လေး လောထျန်း ၊ ဒီ ရွှယ်ဟွမ်အစွမ်းနှစ်ခုက သခင်လေးရဲ့ လက်ထဲမှာဆို အများကြီးပိုပြီး အသုံးဝင်မှာဗျ။ ကျုပ်ဆရာက မပြောရင်တောင် ကျုပ်အနေနဲ့ ဒါတွေကို သခင်လေးဆီ ပေးလိုက်ဖို့ အသင့်ပါပဲ။ ကောင်းကင်ဘုံ ပျက်စီးခြင်းကိုးခုနဲ့ ရင်ဆိုင်ရတဲ့အခါ ကျုပ်တို့ ထျန်းယွမ်ကမ္ဘာကို ဒုက္ခတွင်းထဲကနေ ဦးဆောင်ကယ်တင်ပေးနိုင်မယ့်သူ ဆိုလို့ သခင်လေးတစ်ယောက်ပဲ ရှိတာလေ "

သူ မည်သို့သော အလိမ်အညာမှ မပါဘဲ စိတ်ရင်းဖြင့် ပြောလိုက်ခြင်း ဖြစ်ပါသည်။

အနီးတဝိုက်တွင် ရှိနေကြသူများ အားလုံးမှာလည်း ထိုစကားကို ကြားသည်နှင့် သူ့အား တလေးတစား ကြည့်လိုက်ကြ၏။

သို့သော်.. ထိုအချိန်တွင် တဖက်မှလောထျန်းက အသိဝင်လာဟန်ဖြင့် ကမန်းကတမ်း လက်ကာပြ၍ ပြောလာသည်။

" နားလည်မှု လွဲနေပါပြီဗျာ .. ကျုပ် အဲ့အစွမ်းတွေကို မလိုချင်ပါဘူး။ အဲ့ ရွှယ်ဟွမ်အစွမ်းနှစ်ခုက မသေမျိုး ဖြစ်လာနိုင်တဲ့ အခွင့်ကောင်းတွေလား ဆိုတာပဲ ကျုပ်က မေးမလို့ပါ "

All Chapters