← Chapters

ထျန်းယွမ်ဓား

Vol. 36 Ch. 503

ထျန်းယွမ်ဓား

Vol. 36 Ch. 503

တာအိုသခင်ကြီး ထျန်းလုံက ခေါင်းညိတ်၍ ပြန်ပြော၏။

" ဒါပေါ့ဗျာ ၊ ကမ္ဘာပေါ်က မသေမျိုးတွေရဲ့ မသေမျိုးအစွမ်းက ဘာမှမရှိတဲ့ အရာကနေမှ ကိုယ်ပိုင်ကျင့်ကြံခြင်းရဲ့ ရလဒ်တစ်ခုဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒီလို ကျင့်ကြံနေတဲ့ အတောအတွင်းမှာ ထူးခြားတဲ့ သဘာဝရတနာတွေ ရှိထားရင်တော့ ကျင့်ကြံခြင်းအတွက် အထောက်အကူဖြစ်ပြီး ၊ အောင်မြင်နိုင်ချေကိုလဲ အများကြီး ပိုတိုးသွားစေတယ် "

" ဒါပေမယ့် အဲ့လို သဘာဝရတနာမျိုးကလဲ အင်မတန်ကို ရှားပါးတယ်ဗျ။ ဒီ ရွှယ်ဟွမ်အစွမ်းကလဲ အဲ့လို ရတနာတွေထဲက တစ်ခုဖြစ်ပြီးတော့ အင်မတန်ကို ရှားတယ်။ ကျုပ်ဘဝ တလျှောက်လုံးမှာတောင် ဒီအစွမ်းကို မတော်တဆ အကြိမ်ရေနည်းနည်းပဲ တွေ့ခဲ့ဖူးတာ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကျုပ်က အခွင့်အရေးနဲ့ လွဲချော်သွားခဲ့ရတယ် ။ အဲ့အစား ကျုပ်တပည့်ကပဲ ရခဲ့တာဗျ "

ထို့နောက် သူ လောထျန်းအား ဦးညွှတ်အရိုအသေ

ပေးကာ စကားဆက်သည်။

" သခင်လေး လောထျန်း ၊ ကျေးဇူးပြုပြီး ဒီအစွမ်းကို လက်ဆောင်အနေနဲ့ လက်ခံပေးပါဗျာ။ အရင်ဖြစ်ခဲ့တာတွေအတွက် တောင်းပန်တဲ့အနေနဲ့ရောပေါ့ "

လောထျန်း သူ့ကို ကြည့်ကာ လက်ယမ်းပြလိုက်သည်။

" ကျုပ်အတွက် တကယ်ကို မလိုလို့ပါ "

တာအိုသခင်ကြီး ထျန်းလုံ ထပ်ပြောပြန်၏။

" ကျေးဇူးပြုပြီး လက်ခံပေးပါ သခင်လေးရယ် ၊ ကျုပ်တို့က တကယ့်စိတ်ရင်းနဲ့ ပေးတာပါ "

လောထျန်းမှာ သူ့ရှေ့မှ နှစ်ယောက်၏ မျက်နှာအမူအရာကို ကြည့်ရင်း သူငြင်းနေလည်း အပိုပင်ဖြစ်ကြောင်း နားလည်လိုက်သည်။

ထို့ကြောင့် သူ့အကျ်ီလက်ထဲမှ ဟင်းလင်းပြင်လက်စွပ် တစ်ကွင်းကို ထုတ်၍ ခေတ္တမျှ စဥ်းစားပြီးနောက် လက်စွပ်ထဲတွင် ရှိသော အရာများကို ထုတ်လိုက်သည်။

ဝုန်း..

ချက်ချင်းမှာပင် ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ပေပေါင်း ငါးဆယ်၊ခြောက်ဆယ်ကျော် ရှည်လျားသည့် အရောင်အဝါနှစ်ခုက သူ့လက်အား ရစ်နွယ်လာ၏။

၎င်းမှာ ရွှယ်ဟွမ် အစွမ်းနှစ်ခုပါပင်။

သူ လျှို့ဝှက်ဒေသအသစ် ဖွင့်ခဲ့စဥ်၌.. ရွှယ်ဟွမ်အစွမ်းများ ပေါများလွန်း၍ ဒုက္ခပင် များခဲ့ရပါသေးသည်။

ယခုလည်း ရှောက်ထျန်းလုံလေးက ထိုအစွမ်းအား စားရသည်ကို ကြိုက်သောကြောင့် လောထျန်းက ၎င်းအား သူနှင့်အတူ ယူလာခဲ့ခြင်းဖြစ်သည်။

" ဟင်... "

ထိုအချိန်တွင် သူ့အနီးနား ရှိနေသူများအားလုံးမှာ အံ့သြမှင်သက်ပြီး ကြက်သေ သေနေကြပါ၏။

" အခု လောထျန်းရဲ့ လက်ထဲကဟာက ရွှယ်ဟွမ်အစွမ်းနဲ့ ဘာလို့ တူနေရတာလဲ... "

" ဘယ်လို... ဒါပေမယ့်.. ဘာလို့အဲ့လောက်များနေရတာလဲ ။ တာအိုသခင်ကြီး ထျန်းလုံပြောတော့ အဲ့အစွမ်းက အရမ်းကိုရှားတယ်ဆို.. "

အားလုံး မျက်လုံးအပြူးသား ဖြစ်ကုန်ကြသည်။

ရှန့်မူချင်း လက်ထဲမှ ရွှယ်ဟွမ်အစွမ်းမှာ ဆံချည်မျှင် လေး၊ငါးပင် သာမျှသာ ရှိသော်လည်း ..

လောထျန်း လက်ထဲတွင်မူ..

ယောင်ချီခန်းမ၏ ကျောက်တိုင်ကြီးများထက်ပင် ပိုကြီးနေယောင်... ။

ကွာဟချက်က ကြီးလှပါတကား..

ဝီ..

ထိုစဥ်မှာပင် လောထျန်းက ရွှယ်ဟွမ်အစွမ်းကို ပြန်

သိမ်းလိုက်၏။

" ကျုပ်အတွက် မလိုပါဘူးလို့ ပြောသားပဲဗျာ.. ခင်ဗျားတို့က ယုံမှ မယုံပဲကို။ ကျုပ်ဆီမှာ အဲ့အစွမ်းတွေ အများကြီး ရှိတယ်ဗျ "

လောထျန်း အပြုံးဖြင့် ဆိုလိုက်သည်။

မည်သို့ပင်ဆိုစေ တဖက်လူက သူ့အား ရွှယ်ဟွမ်အစွမ်းကို ပေးရန် လိုလိုချင်ချင် ကမ်းလှမ်းလာသည့်အတွက် သူ စိတ်ကျေနပ်သွားရပါသည်။

သူ့စကားကို ကြားသောအခါ ရှန့်မူချင်းတစ်ယောက် မျက်နှာကြီး နီသွားသည်။

သူက ရတနာတစ်ခုအဖြစ် တန်ဖိုးထားရသော အရာမှာ.. တဖက်လူအတွက် လုံးဝ မလိုအပ်နေခဲ့ပေ။

တာအိုသခင်ကြီး ထျန်းလုံမှာ အသိပညာကြွယ်ဝပြီး အတွေ့အကြုံလည်း များသူဖြစ်သဖြင့် စစချင်း အံ့သြတုန်လှုပ်နေသည့်တိုင် မကြာခင်ပင် အသိပြန်ဝင်လာကာ ခေါင်းငုံ့၍ ပြောလိုက်၏။

" သခင်လေး လောထျန်းက တကယ်ကို အံ့မခန်းပါပဲ

ဗျာ ။ ကျုပ် အတွေးလွန်သွားခဲ့မိတယ်နဲ့ တူပါတယ် "

ထို့နောက် ခေတ္တမျှ ရပ်ပြီးမှ သူ စကားဆက်သည်။

" ဘယ်လိုပဲဖြစ်ဖြစ်... ထျန်းယွမ်စမ်းသပ်ပွဲမှာ နောက်ထပ် အခွင့်ကောင်းတစ်ခု ရှိနေသေးတာမို့ သခင်လေး စမ်းတော့ စမ်းကြည့်သင့်တယ်ဗျ "

" ဟုတ်လား.. ဘယ်လိုအခွင့်ကောင်းမျိုး ရှိသေးတာလဲ "

လောထျန်း စိတ်ဝင်တစား မေးလိုက်သည်။

တာအိုသခင်ကြီး ထျန်းလုံက အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ ပြန်ပြော၏။

" ထျန်းယွမ်ဓား ပါ "

သူ့စကားကို ကြားသည်နှင့် ယောင်ချီ နတ်ဘုရားသခင်မကြီး အပါအဝင် မသေမျိုးများအားလုံး မျက်နှာထား တည်သွားကြသည်။

သို့သော် လူငယ်အချို့ကမူ နားမလည်နိုင်သည့် မျက်နှာ ရှိနေကြ၏။

" ထျန်းယွမ်ဓား ဆိုတာ ဘယ်လိုဓားမျိုးလဲ ။ ငါ တစ်ခါမှလဲ မကြားဖူးဘူး "

" ထျန်းယွမ်ကမ္ဘာရဲ့ နာမည်ကိုပါ မှည့်ထားတာဆိုတော့.. ဒီ ထျန်းယွမ်ဓားက မသေမျိုးလက်နက်တစ်ခုပဲ ဖြစ်ရမယ် "

ယောင်ချီမှလူများ သူတို့ထင်ရာကို ပြောလိုက်ကြသည်။

ထိုစဥ် ယောင်ချီ နတ်ဘုရားသခင်မကြီးက ရှင်းပြလာ၏။

" ဒီ ထျန်းယွမ်ဓားက တကယ်လဲ မသေမျိုးလက်နက်တစ်ခုပါ ။ ဒါပေမယ့် ရိုးရိုးမသေမျိုးလက်နက် မဟုတ်ဘဲ မူလမသေမျိုးလက်နက် တစ်ခုပဲ။ ပြီးတော့... ဒီဓားက ကျွန်မတို့ ထျန်းယွမ်ကမ္ဘာရဲ့ အစောင့်အကြပ် မသေမျိုးလက်နက်လဲ ဖြစ်တယ် "

" ဟင်.. အစောင့်အကြပ် မသေမျိုးလက်နက်တဲ့... အဲ့ဒါ ဘာလဲဟင် "

" ဘာလို့ အဲ့နာမည် ဖြစ်နေရတာလဲ... "

အားလုံး ပိုပို၍ နားမလည်နိုင် ဖြစ်သွားကြသည်။

ဘေးတွင်ရှိနေသော တာအိုသခင်ကြီး ထျန်းလုံက ချောင်းအသာ ဟန့်ရင်း ပြောလာ၏။

" ဒီ မူလမသေမျိုးလက်နက်ဆိုတာ... မသေမျိုးလက်နက်တွေထဲမှာမှ အစွမ်းအထက်ဆုံး လက်နက်တစ်ခုပဲ "

အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

သခင်ကြီးထျန်းလုံက စကားဆက်၏။

" ထျန်းယွမ်ကမ္ဘာရဲ့ အစောင့်အကြပ် မသေမျိုးလက်နက် ဆိုတဲ့အဓိပ္ပါယ်ကတော့ ... ငါတို့ ထျန်းယွမ်ကမ္ဘာရဲ့ ကံတရားနဲ့ ဆက်စပ်နေတာ။ ရှေးဟောင်းမှတ်တမ်းတွေအရ ဆိုရင် ၊ ထျန်းယွမ်ဓားကို ထိန်းချုပ်နိုင်တဲ့သူက ထျန်းယွမ်ကမ္ဘာရဲ့ ကံကောင်းမှုကို ကိုယ်ပိုင်အကျိုးအတွက် အသုံးချနိုင်တယ်တဲ့။ ပြီးတော့ ကိုယ့်ရဲ့ ကျင့်ကြံခြင်းအဆင့်ထက် အများကြီးပိုသာတဲ့ အစွမ်းကိုလဲ ထုတ်သုံးနိုင်တယ်လို့ ပြောတယ် "

" တကယ်လို့ အဲ့ဓားသာ ရှိနေခဲ့ရင် အရင် ကောင်းကင်ဘုံပျက်စီးခြင်းကိုးခုတုန်းက ကျုပ်တို့ထျန်းယွမ်ကမ္ဘာ အဲ့လောက် ဒုက္ခရောက်ခဲ့မှာ မဟုတ်ဘူး "

" ဒီဓားက အဲ့လောက်ကြီးကို အစွမ်းထက်တာလား.. "

သူ့စကားကို နားထောင်နေသော လူငယ်များ စိတ်လှုပ်ရှားသွားကြပါသည်။

မသေမျိုးလက်နက်တစ်ခုက ဤမျှ ကြီးမားသော အကျိုးသက်ရောက်မှုကို ဖြစ်စေသတဲ့လား.. ။

တာအိုသခင်ကြီး ထျန်းလုံက အစောကလူငယ် မေးလာသည့် မေးခွန်းအား မျက်မှောင်အနည်းငယ် ကြုံ့၍ ပြန်ဖြေသည်။

" ဒါပေါ့ကွ... ငါတို့ထျန်းယွမ်ကမ္ဘာက ကောင်းကင်ဘုံပျက်စီးခြင်းကိုးခု အပြင်ကို ၊ တခြား ဆင်တူကမ္ဘာငယ်လေးတွေနဲ့လဲ ကမ္ဘာပတ်လမ်းကြောင်းချင်း ထပ်နေသေးတယ်။ ဒါပေမယ့် အဲ့ကမ္ဘာငယ်တွေကတော့ ထျန်းယွမ်ကမ္ဘာထက် ပိုအစွမ်းနိမ့်ကြတယ်။ ကောင်းကင်ဘုံတံခါးဝအဆင့် ကျင့်ကြံသူတစ်ယောက်က အကာအကွယ် မသေမျိုးလက်နက်ကို သုံးပြီးတော့ ကမ္ဘာတစ်ခုလုံးရဲ့ ကံကောင်းခြင်းတွေကို ဆင့်ခေါ်ယူပြီး ကမ္ဘာပေါ်က မသေမျိုးတစ်ယောက်ကို ဖိနှိပ်ဖို့ ကြိုးစားခဲ့တာတောင် ငါ မျက်စိနဲ့ တပ်အပ်မြင်ဖူးသေးတယ် "

" ဒါ.... "

အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားရပြန်သည်။

ကောင်းကင်ဘုံတံခါးဝအဆင့် လူတစ်ယောက်က ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်ကို ဖိနှိပ်ခဲ့သတဲ့လား ။

ထိုသို့သော အရာမျိုးမှာ သူတို့၏ ခန့်မှန်းနိုင်စွမ်းထက်ပင် ကျော်လွန်နေလေပြီ ။

သို့သော်... လောထျန်းတစ်ယောက်မှာကား ထိုသို့ မတွေးပါ ။

" သခင်ကြီးထျန်းလုံ ၊ ထျန်းယွမ်ဓားက ဘယ်လိုကြောင့် ပျောက်သွားခဲ့တာလဲဗျ "

တစ်ယောက်က မေးလိုက်သည်။

သခင်ကြီး ထျန်းလုံက ခေါင်းယမ်းရင်း ပြန်ပြော၏။

" အဲ့ဒါတော့ ကျုပ်လဲ မသိဘူး ။ ထျန်းယွမ်ဓားက ဟိုး ရှေးခေတ်တည်းက ပျောက်သွားခဲ့တာပဲ။ ရှေးဟောင်း မှတ်တမ်းတချို့ကို မတော်တဆသာ မတွေ့ခဲ့မိရင် အဲ့ထျန်းယွမ်ဓားက ကျုပ်တို့ကမ္ဘာရဲ့ အစောင့်အကြပ် မသေမျိုးလက်နက်မှန်းတောင် သိလိုက်ရမှာ မဟုတ်လူး "

" ပြီးတော့ ကျုပ်တို့ ဒီဓားကို ရှာနေတာလဲ နှစ်တွေတော်တော်ကြာခဲ့ပြီ။ ဓားကို တွေ့တာနဲ့ ကောင်းကင်ဘုံပျက်စီးခြင်း ကိုးခုနဲ့ ပတ်သက်တဲ့ ပြဿနာတော်တော်များများကို ရှင်းလို့ရသွားမှာလေ "

" ဒါပေမယ့် ဒီလောက်နှစ်တွေကြာခဲ့တာတောင် ဘာမှ မတွေ့ခဲ့ရဘူး ။ ရှေးစောင်းစာအုပ် တချို့က​နေပဲ အဲ့ထျန်းယွမ်ဓားက ထျန်းယွမ်စမ်းသပ်ပွဲနဲ့ တစ်နည်းနည်း ဆက်နွယ်နေတာကို သိခဲ့ရတာ "

ထို့နောက် သူ လောထျန်းဘက် လှည့်ကြည့်ကာ စကားဆက်၏။

" သခင်လေး လောထျန်း ၊ သခင်လေးကို ထျန်းယွမ်စမ်းသပ်ပွဲမှာ ဝင်ပါဖို့ ကျုပ် ဖိတ်ခေါ်ပါတယ်။ အဲ့က သဘာဝရတနာတွေက သခင်လေးအတွက် အသုံးမဝင်တာ ဖြစ်နိုင်ပေမယ့် ၊ သခင်လေးသာ ထျန်းယွမ်ဓားကို ရှာတွေ့ခဲ့မယ်ဆိုရင်... သခင်လေးရဲ့ ရှိထားပြီးသား အစွမ်းနဲ့ ထျန်းယွမ်ဓားရဲ့ ထူးခြားချက်တွေကိုသာ ပေါင်းစပ်လိုက်လို့ကတော့ .. ကောင်းကင်ဘုံပျက်စီးခြင်း ကိုးခုထဲက ထျန်းမင်ကမ္ဘာ ရောက်လာရင်တောင် ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကို ဖြတ်ရဲတော့မှာ မဟုတ်ဘူး "

သူ့စကားကြောင့် လောထျန်းပင် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

" အဲ့လိုဆိုတော့လဲ ကျုပ် နောက်ထပ် ရက်နည်းနည်းလောက်​နေရင် ထျမ်းယွမ်ကျောင်းတော်ကို လာခဲ့ပါ့မယ် "

လောထျန်း ပြောလိုက်သည်။

" ကောင်းတယ်ဗျာ.. သိပ်ကောင်းတယ် "

တာအိုသခင်ကြီး ထျန်းလုံက ဝမ်းသာအားရ ဆိုလိုက်သည်။

ထိုစဥ်တွင် ဝူလျန်နန်းတော်၏ ဂိုဏ်းချုပ်ပြီး ချင်းဝူချုံက ရုတ်တရက် ချောင်းဟန့်ကာ ပြောလာ၏။

" အကိုထျန်းလုံ ၊ ကျုပ်တို့ ဝူလျန်နန်းတော်က ကျောင်းသားတွေရော ထျန်းယွမ်စမ်းသပ်ပွဲမှာ ဝင်ပါလို့ ရနိုင်မလားဗျာ "

သခင်ကြီး ထျန်းလုံက သူ့အား ပြန်ကြည့်ပြီး အသံကျယ်ဖြင့် အော်ပြောလိုက်သည်။

" ဒါပေါ့ဗျ ။ ဝူလျန်နန်းတော်တင် မကဘူး ၊ ကျုံးကျို့ဒေသမှာ ရှိတဲ့ ဂိုဏ်းကြီး ၊ ဂိုဏ်းငယ် ဖြစ်ဖြစ် ၊ တစ်ကိုယ်တော် ကျင့်ကြံသူတွေပဲ ဖြစ်ဖြစ်... ကောင်းကင်ဘုံပျက်စီးခြင်း ကိုးခုကို ဆန့်ကျင်တိုက်ခိုက်မယ် ဆိုတာနဲ့ လာလို့ရတယ် "

သူ့စကားကြောင့် အားလုံး စိတ်လှုပ်ရှား တက်ကြွသွားကြ၏။

ယခင်ကဆိုလျှင် ထျန်းယွမ်စမ်းသပ်ပွဲ ဖွင့်သည့်အချိန်တွင်း သူတို့ ဖိတ်ခေါ်ထားသည့် အဖွဲ့အချို့သာ ပါဝင်ခွင့် ရခဲ့ကြပါသည်။

ယခုတွင်ကား.. ထျန်းယွမ်ကျောင်းတော်က အားလုံးအတွက် တံခါးဖွင့်ပေးလိုက်ပြီဖြစ်ရာ.. သူတို့အားလုံး အတွေးကိုယ်စီဖြင့် နှလုံးခုန်သံ မြန်သွားရပါတော့သည်။

ထိုစဥ် တဖက်မှ ချင်းဝူချုံက သူ့သား ၊ ချင်းရှောင်ရှန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လောထျန်းအား ဆက်ကြည့်ကာ ပြော၏။

" သခင်လေး လောထျန်း ၊ သခင်လေး မသေမျိုးအဆင့် သိုင်းကျမ်းနဲ့ ကျင့်စဥ်တွေ လိုနေတယ်ဆိုတာ ကျုပ် ကြားလိုက်မိပါတယ်။ အဲ့အတွက် ကျုပ်တို့ဝူလျန်နန်းတော်က သခင်လေးကို မသေမျိုးအဆင့် သိုင်းကျမ်း သုံးခု ပေးပါရစေ "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" အဲ့လိုဆိုရင်တော့ ကျုပ်ဘက်က ကျေးဇူးအများကြီး တင်ပါတယ် "

တဖက်လူကြီးက သူနှင့် မိတ်ဆွေဖြစ်ရန် ကြိုးစားနေသည်ကို လောထျန်း မသိဘဲ မနေပါချေ။

မည်သို့ပင်ဆိုစေ၊ ထိုလူက ကောင်းကင်ဘုံပျက်စီးခြင်းကိုးခုအား တိုက်ခိုက်လိုသူဖြစ်ရာ သူသည်လည်း ထိုလူနှင့် မိတ်ဆွေဖြစ်လိုပါသည်။

ထိုစဥ် လောထျန်းက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ပြောလာ၏။

" ဟုတ်သားပဲ... ခင်ဗျားတို့နှစ်ယောက်က ကျုံ့ကျိုးဒေသရဲ့ မြင့်မြတ်နယ်မြေတွေက မဟုတ်လား။ ခင်ဗျားတို့ဂိုဏ်းမှာ သိဒ္ဓိဝင်ဆေးတွေများ ရှိကြလား "

All Chapters