← Chapters

Chapter 101

Vol. 11 Ch. 101

Chapter 101

Vol. 11 Ch. 101

ချမ်းသာသောမိသားစုအသိုင်းအဝိုင်းများက ကျုံချင်းယွီနှင့် ကျုံယန်စီတို့ တစ်ယောက်ကိုတစ်ယောက် ယှဉ်ပြိုင်နေသည်ကို နှစ်ထောင်းအားရကြည့်ရှုနေခဲ့ကြသည်။ အားကောင်းလာသောပြိုင်ဆိုင်မှုသည် ကုမ္ပဏီဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိသော်လည်း နှစ်ဦးလုံး သဟဇာတပြန်မဖြစ်နိုင်သော ရန်လိုမှုအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ကျုံပါးပါး ကွယ်လွန်သည့်အခါတွင် မိသားစုပိုင်ဆိုင်မှုများကို မလွဲမသွေ ခွဲဝေကြမည်ဖြစ်ပြီး ကျုံမိသားစု၏ ဘုန်းတန်ခိုးမှာလည်း မှေးမှိန်သွားမည်ဖြစ်သည်။

သို့သော် လူတိုင်း အံ့အားသင့်ခဲ့ရသည်မှာ နှစ်ဦးစလုံးသည် ကားတစ်စီးတည်းဖြင့် အတူတကွ ရောက်ရှိလာပြီး ဆက်ဆံရေးကောင်းနေဟန်ရှိခြင်းပင်ဖြစ်၏။

သို့သော် မဟုတ်ပေ။ လင်းကွန်းကားထဲမှ ယန်ရှီဆင်းလာသည့်အခါ ကျုံယန်စီက သူမအား ကူညီရန် ယောက်ျားပီသစွာ လက်ကမ်းပေးခဲ့သည်။ သို့သော် ကျုံချင်းယွီ ကားပေါ်မှဆင်းလာပြီးသည့်အခါတွင်မူ ကျုံယန်စီက တစ်ချက်ပင် ထပ်မံ၍ မကြည့်ခဲ့တော့ပေ။

သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ထင်သလောက် သဟဇာတ မဖြစ်ကြောင်း သိသာထင်ရှား၏။

အပေါ်ယံဆက်ဆံ‌ရေးသဘောမျှသာ ဖြစ်၏။

ကျုံချင်းယွီက ပတ်ဝန်းကျင်မှ စူးစမ်းကြည့်ရှုနေသော အကြည့်များကို လျစ်လျူရှုလိုက်သည်။ ပေဟန်လီ သူမအနားသို့ ချဉ်းကပ်လာသည်နှင့် သူ့လက်ကို ပုံမှန်အတိုင်း ချိတ်လိုက်ကာ လက်ဆောင်များကိုယူရန်အတွက် ဗီလာသို့ ဦးတည်လျှောက်လှမ်းလိုက်သည်။

ထိုအတောအတွင်း ယန်ရှီမှာ ကျုံယန်စီ၏ လက်ကိုတွဲလျက် လျှောက်လာနေ၏။ စိတ်ဝင်စားစရာကောင်းသည်မှာ ကျုံယန်စီသည် မိတ်ဖက်များနှင့် စီးပွားရေးဆွေးနွေးမှုများကို ချက်ချင်းစတင်မည့်အစား ယန်ရှီနှင့်အတူ ဖြည်းဖြည်းချင်း လျှောက်လှမ်းနေပြီး လူအုပ်ထဲမှ စူးစမ်းသည့်၊ အကဲခတ်သည့်၊ မနာလိုသည့် အကြည့်များကို ဆွဲဆောင်နေခြင်းဖြစ်သည်။

ယန်ရှီက မေးလိုက်သည်။

"ဆွေးနွေးပွဲ မသွားတော့ဘူးလား"

ကျုံယန်စီက အဖြေပေးရာတွင် တမင်အချိန်ဆွဲလိုက်သည်။ သူမစကားပြောသည့်အခါ သူ၏ ဦးခေါင်းသည် ယန်ရှီ၏ ဦးခေါင်းနှင့် နီးကပ်စွာထိတော့မည်အထိ ကိုယ်ကိုကိုင်းညွှတ်လိုက်သည်။

"နောက်မှဆွေးနွေးမယ် အေးဆေးပါ"

ဤမျှအထိနီးကပ်နေခြင်းသည် အလွန်ရင်းနှီးမှုကြောင့်သာဖြစ်ကြောင်း ဖော်ပြနေသကဲ့သို့ပင်။ ယန်ရှီသည် သူ့ထံမှ ထွက်ပေါ်လာသော အပူဓာတ်ကိုပင် ခပ်ရေးရေး ခံစားမိသည်။

ကျုံယန်စီသည် တစ်ခုခုကို ထုတ်ဖော်ပြနေခြင်းဖြစ်၏။

အများရှေ့တွင်ရှိနေချိန်တိုင်းတွင် သူမသည်သူ့အပိုင်ဖြစ်ကြောင်းအခွင့်အရေးရလျှင် ရသလောက် ပြောလိုက်မည်ဖြစ်၏။

သို့သော် ထို့နောက်တွင် လှပပြီး ခေတ်ဆန်ဆန်ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက ရဲတင်းစွာ ချဉ်းကပ်လာသည်။

"ဥက္ကဋ္ဌကျုံ၊ ကျွန်မက ရှုမိသားစုမှ ရှုချင်းချန်ပါ စကားနည်းနည်း လောက်ပြောလို့ရမလား"

ထိုမိန်းကလေးသည် ပေါ့ပေါ့ပါးပါးဖြင့် သူ့ကိုယ်သူ စပြီးမိတ်ဆက်လေသည်။ သို့သော် သူမ၏မျက်လုံးများက ယန်ရှီဘက်သို့ လျှပ်တစ်ပြက်ဆိုသလိုပင် အကဲခတ်သည်ဟန်ဖြင့် လှည့်ကြည့်လိုက်သည်။ ထိုအကြည့်မှာ ရန်လိုမှုမဟုတ်သော်လည်း မိတ်ဖွဲ့ခြင်းလည်းမ,မည်။ ကုန်ပစ္စည်းတစ်ခုကို တန်ဖိုးဖြတ်နေသည့် အကြည့်ပင်ဖြစ်၏။

ကျုံယန်စီက အေးတိအေးစက်လေသံဖြင့်ပြန်ပြောလိုက်သည်။

"စိတ်မဝင်စားဘူး"

ရှုချင်းချန် ပြုံးလိုက်၏။

"ဥက္ကဋ္ဌကျုံ ကျွန်မ တည့်ပဲပြောပါရစေ၊ ကျုံချင်းယွီက ပေဟန်လီနဲ့အတူ ရောက်လာတာကိုကြည့်ရတာ ပေမိသားစုရဲ့ထောက်ခံမှု ရသွားပြီဆိုတာ သိသာပါတယ်၊ ဒါက သူ့ကို ရှင်နဲ့ ပြိုင်ဆိုင်တဲ့ နေရာမှာ သူ့ကို သာလွန်သွားစေခဲ့တယ်"

"မဒမ်မုန့်က ရှင်နဲ့ လုဝမ်နင်းကို အတင်းပေးစားနေတာ ကျွန်မသိပါတယ်၊ ဒါပေမဲ့ လုဝမ်နင်းရဲ့ ပုံစံက ဘယ်လိုလဲဆိုတော့ သူက ရှင့်ကိုမချစ်ဘူးဆိုရင်တောင် ရှင့်ရဲ့ အမြှောင်မယားကို လုံးဝသည်းခံနိုင်မှာ မဟုတ်ဘူး"

သူမ၏အကြည့်က ယန်ရှီဘက်သို့ တမင်ရည်ရွယ်၍ စောင်းပြောလိုက်‌လေသည်။

"ဒါပေမဲ့ ကျွန်မကတော့ သည်းခံပေးပါမယ်၊ ကျွန်မတို့ စီးပွားရေးပူးပေါင်းဆောင်ရွက်ကြမယ် အပြန်အလှန်အကျိုးကျေးဇူးရအောင်လို့ပေါ့၊ ကိုယ်ရေးကိုယ်တာအတွက်ဆိုရင်တော့ ဒီလိုပွဲမျိုးတွေမှာ ကျွန်မက မျက်နှာထွက်ပြရုံဆိုရပါပြီ၊ ရှင့်ဘာသာရှင် လျှို့ဝှက်လုပ်တာတွေ ဘာတွေကိုတော့ ကျွန်မဂရုမစိုက်ပါဘူး"

သူမ၏ကမ်းလှမ်းချက်သည် အံ့အားသင့်ဖွယ် ရဲရင့်လွန်းလှသည်။ အဆင်ပြေရုံမျှအတွက် အိမ်ထောင်ပြုရန် ပွင့်လင်းစွာ အဆိုပြုနေခြင်းဖြစ်ပြီး သစ္စာဖောက်ခံရမည့်ကိစ္စကိုပင် ကန့်ကွက်ခြင်းမရှိချေ။

ယန်ရှီ ဘာမျှ ပြောနိုင်စွမ်းမရှိတော့ပေ။ သူမသည် အထက်တန်းစားလောကတွင် ကြီးပြင်းလာသော်လည်း ရှုချင်းချန်ကဲ့သို့ ရိုင်းစိုင်းသည့်သူမျိုးကို ရှားရှားပါးပါး ရံဖန်ရံခါသာ တွေ့ဖူးမြင်ဖူးခဲ့သည်။

ကျုံယန်စီ၏ မျက်နှာပြင်မှာ ပို၍ မှောင်မည်းလာ၏။ သူပြန်မပြောမီမှာပင် အဝါနုရောင်အင်္ကျီဝတ်ဆင်ထားသူ တစ်ဦးက သူတို့ကြားသို့ ရုတ်တရက်ဝင်ရောက်လာလေသည်။

ဖန်းရှုယောင်သည် မွေးနေ့ပွဲသို့ မကြာမီကမှ ရောက်ရှိလာခြင်းဖြစ်ပြီပြီး ရှုချင်းချန်က ကျုံယန်စီထံသို့ ချဉ်းကပ်နေသည်ကို တွေ့လိုက်ရသည်နှင့် သွေးများပွက်ပွက်ဆူလာသကဲ့သို့ ဖြစ်လာခဲ့သည်။

သူမ ဒေါသတကြီးပြေးလာပြီး ရှုချင်းချန်ကို လက်ညိုးထိုးလိုက်သည်။

"ရှုချင်းချန် နင့်အတွက် အရှက်ဆိုတာ ချက်ကြိုးဖြတ်တုန်းကများ မှားပါသွားခဲ့တာလား၊ နင်က ယောက်ျားတကာနဲ့ ပတ်အိပ်ဖူးတာကို လက်မထောင်နေတာပဲ၊ လူတိုင်းက နင့်လို အရှက်မရှိတဲ့သူတွေမဟုတ်ဘူး ပြီးတော့ ကျုံယန်စီကလည်း နင်ထင်နေသလို ယောက်ျားမျိုးမဟုတ်ဘူး"

ကျုံယန်စီက သိသိသာသာ ခေါင်းတစ်ချက်ငြိမ့်ပြလိုက်၏။

အမှန်ပင်ဖြစ်၏။ သူသည် ထိုကဲ့သို့ အပြုအမူမျိုးလုပ်မည့် ယောက်ျားမျိုးလုံးဝမလုပ်ပေ။

အနီးအနားတွင် ဖန်းရုံယန်က ဖန်းရှုယောင်၏ ရဲတင်းသော ဝင်ရောက်စွက်ဖက်မှုကို သဘောကျလျက် ပြုံးပြုံးကြီးကြည့်နေ၏။

ပုံမှန်တိတ်ဆိတ်‌နေတတ်သော ဖန်းရှု‌ယောင်သည် ချစ်ခြင်းမေတ္တာနှင့်ပက်သတ်သည့်ကိစ္စဆိုလျှင် ဤမျှ ဆတ်ဆတ်ထိမခံဖြစ်သည်ကို မည်သူသိမည်နည်း။ သူမသာ ကျုံယန်စီကို သဘောကျလာစေရန် လုပ်နိုင်ပါက ဖန်းမိသားစု၏ အနာဂတ်သည်လည်း စိတ်ချလက်ချဖြစ်သွားမည်ဖြစ်၏။

သို့သော် ဖန်းရှု‌ယောင်က ကျုံယန်စီဘက်လှည့်ပြီး အော်ငေါက်လိုက်သည်။

"ကျုံယန်စီ ရှင်ကရောဘာဖြစ်နေတာလဲ၊ သူက ရှင့်ရှေ့မှာတင် ယန်ရှီကို ပေါ်တင်ကြီးလာဘလိန်းနေတာလေ၊ ယန်ရှီကပဲ ရှင့်ရဲ့တစ်ဦးတည်းသောသူဆိုတာ သက်သေပြဖို့ သူ့ကို လူတွေရှေ့မှာတင် နမ်းတာဘာညာလုပ်ပြရမှာ မဟုတ်ဘူးလား"

ယန်ရှီ: "?"

ကျုံယန်စီက စက္ကန့်ဝက်လောက် စဉ်းစားပြီးမှ ခေါင်းငြိမ့်လိုက်၏။

"မင်းပြောတာ မှန်တယ်"

ယန်ရှီ: "?!?!?!"

ဤကမ္ဘာ‌မြေကြီးပေါ်တွင် အဘယ်သောအရာများဖြစ်ပျက်နေကြသနည်း။

ဖန်းရှု‌ယောင် ဝမ်းသာလုံးစို့သွားသည်။ အို ချိုမြိန်လိုက်တာပါလား။ သူတို့နှစ်ဦး အတူရှိနေသည်ကို ကြည့်ရုံတင် ရင်တုန်မိသည်။

ရှုချင်းချန်၏ မျက်နှာမှာ မည်းနက်လာပြီး သူမ၏ စကက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားမိသည်။

"ဖန်းရှု‌ယောင် နင်ကဘာဖြစ်ချင်နေတာလဲ၊ ငါ့ကိုအသုံးချပြီး အတန်းရှင်းရှာလိုချင်နေတာလား"

သူမက ကျုံယန်စီထံ ပထမဆုံးချဉ်းကပ်သူဖြစ်သည်။

"နင့်ကိုအသုံးချတယ်ဟုတ်လား ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့"

ဖန်းရှု‌ယောင်က ခါးထောက်ကာ ပြန်ပြီးရန်‌တွေ့လိုက်သည်။

"နင် ကန်းနေတာလား သူတို့ တွဲနေကြတာ မမြင်ဘူးလား၊ ဇွတ်ကို မယားငယ်ဖြစ်‌ချင်နေတာလား ဟုတ်တော့လည်း ဟုတ်ပါတယ်၊ နင့်အဖေက မိန်းမအများကြီးယူထားတာ ပြီးတော့ အမေကြည့်တော့လည်း ဘေးမှာ အဆင်တရုန်းရုန်းနဲ့ဆိုတော့ မိသားစုရဲ့သွေးပါလာတာမဆန်းပါဘူး၊ ဒါပေမဲ့လည်း ဂုဏ်သိက္ခာလေး ဘာလေးတော့ထားပါဦး"

"နင်"

ယခုအခါတွင်တော့ ရှုချင်းချန်၏ မျက်နှာမှာ နီရဲလာတော့သည်။

ကျုံယန်စီက သူမ၏ အဆိုပြုချက်ကို လက်ခံခဲ့မည်ဆိုလျှင် ဂုဏ်သိက္ခာကို ထိန်းနိုင်သေးသည်။ သို့သော် သူက လှည့်ပင်မကြည့်။ ကျုံယန်စီက ယန်ရှီတစ်ယောက်တည်းကိုပဲ အာရုံစိုက်ထားသည်။

အရှက်ရသွားသော ရှုချင်းချန် ဒေါသထွက်ပြီး လှည့်ထွက်သွားသည်။

ဖန်းရှု‌ယောင် လှည့်ကြည့်လိုက်သည့်အခါ ကျုံယန်စီနှင့် ယန်ရှီတို့ လက်ချင်းချိတ်ပြီး လက်ချောင်းများကို တင်းတင်းကျပ်ကျပ်ဆွဲယူထားသည်ကို တွေ့လိုက်ရ၏။

"အာ့"

သူမ၏ နှလုံးသားက ခံနိုင်ရည်မရှိတော့ပေ။

ကျုံယန်စီက ဖန်းရှု‌ယောင်ကို သေသေချာချာကြည့်လိုက်သည်။

"မင်းက ဥက္ကဋ္ဌဖန်ရဲ့ အငယ်ဆုံသမီးလေးမလား"

"ကျွန်မက ရှင်တို့ရဲ့ နံပါတ်တစ် Shpper ပါ"

ဖန်းရှု‌ယောင်၏ မျက်လုံးများ အရောင်တဖျပ်ဖျပ်လတ်နေ၏။

"ကျွန်မက အတူခရီးသွားကြစို့အပိုင်းတိုင်းကို တိုက်ရိုက်ရော ပြန်ရောကြည့်ထားတယ်၊ ရှင်တို့ရဲ့ Shipper ဂရုကိုတောင် ကျွန်မထောင်ခဲ့တာ"

Shipper ဟူသော စကားလုံးကို ကျုံယန်စီက အနည်းငယ်ရှုပ်ထွေးနေသော်လည်း ယန်ရှီက ချက်ချင်းနားလည်လိုက်၏။ သူမနှင့် ကျုံယန်စီတွင် ပရိတ်သတ်များရှိကြောင်း သိထားသည်။ လုပေယွီနှင့် ကျုံချင်းယွီတွင်လည်း ထိုကဲ့သို့သော ပရိတ်သတ်များရှိသည်။ ပရိတ်သတ်များက တိုက်ရိုက်မဟုတ်သော်လည်း စုံတွဲများကို Ship ပေးရာတွင် ထူးခြားစွာ ဖန်တီးနိုင်စွမ်းရှိကြသည်။

"ကျွန်မကို မစဉ်းစားပါနဲ့ ဆက်လုပ်ကြပါ"

ဖန်းရှု‌ယောင်က ဖန်းရုံယန်သို့ အလျင်အမြန်ဆုတ်ခွာ သွား၏။

အစစ်အမှန် ပရိတ်သတ်တစ်ယောက်သည် လေးစားဖွယ်ကောင်းစွာအကွာအဝေးကို ထိန်းသိမ်းတတ်၏။ သူတို့အတူရှိနေသည်ကို ကြည့်ရုံနှင့်ပင် သူမ ပျော်ရွှင်နေမိသည်။

သို့သော် ဖန်းရုံယန်မှာမူ စိတ်တိုနေ၏။

"ဒါဘာအဓိပ္ပာယ်မရှိတဲ့ အရှုပ်တွေလဲ၊ ကျုံယန်စီကို မိတ်ဆက်ဖို့ မင်းကိုခေါ်လာတာ မင်းဘာလုပ်နေတာလဲ"

ဖန်းရှုယောင် ပခုံးတုန့်ပြလိုက်၏။

"ရည်းစားထားတာက ဘာအဓိပ္ပာယ်ရှိလို့လဲ၊ တခြားသူတွေ ချစ်ကြိုက်နေတာကို ကြည့်ရတာက ပိုပြီးအရာသာရှိတယ်"

ဖန်းရှုယောင်၏ ဝင်ရောက်နှောက်ယှက်မှုကြောင့် အခြားသော ဆွေကြီးမျိုးကြီးအသိုင်းအဝိုင်းမှ မိန်းကလေးများက ကျုံယန်စီထံ ချဉ်းကပ်ရန် စိတ်မပါကြတော့ပေ။ ရှုချင်းချန်နှင့်မတူသည်က သူတို့တွင် ဂုဏ်သိက္ခာထိန်းရန်တာဝန်ဝတ္တရားများ ရှိနေကြသည်။ လူအများရှေ့တွင် သူများအိမ်ထောင်ရေးဖျက်ဆီးသူအဖြစ် အမည်တပ်ခံလိုသူ မရှိကြပေ။

ကျုံယန်စီသည် ယန်ရှီဘေးတွင် အနှောက်အယှက်ကင်းစွာ ရပ်နေနိုင်၏။ ယန်ရှီမှာမူ ရုပ်ရှင်စီမံကိန်းများအတွက် စိတ်ဝင်စားနေသော ရင်းနှီးမြှုပ်နှံသူအနည်းငယ်နှင့် စီးပွားရေးကတ်များ ဖလှယ်နေရသည်။

Starlight အနုပညာကုမ္ပဏီတွင် နောက်နှစ်အတွက် စီမံကိန်းများစွာ စီစဉ်ထား၏။ တစ်ဦးတည်း ရင်းနှီးမြှုပ်နှံမှုက အမြတ်ပိုရနိုင်သော်လည်း ဖျော်ဖြေရေးလုပ်ငန်းသည် မတည်ငြိမ်ပေ။ စွန့်စားမှုကို ဖြန့်ဝေခြင်းက ပိုပြီးပညာရှိသော ရွေးချယ်မှုဖြစ်၏။

သူမ စကားပြောနေစဉ်အတွင်း ယန်ရှီက လုဝမ်နင်းကို အနားရှိ တစ်နေရာတွင် တွေ့လိုက်ရ၏။

လုမိသားစုထံမှ လူတစ်ဦးဦးကို မတွေ့ရတော့သည်မှာ ကြာနေပြီဖြစ်သည်။

နောက်ဆုံးတစ်ကြိမ်တွင် သူမက အန်တီကျန်း၏ သွေးနမူနာကို သူမ၏ သွေးနှင် လျှို့ဝှက်စွာလဲလှယ်ခဲ့သည်။ ထိုအခါ လုမိသားစုက သွေးသားတော်စပ်မှုကို အတည်ပြုနိုင်ခဲ့သော်လည်း အမှန်တကယ်တမ်းတွင် သမီးအရင်းကို ရှာမတွေ့ခဲ့ပေ။ ထို့နောက်တွင် ရှာဖွေမှုများ တိတ်ဆိတ်သွား၏။

ယန်ရှီက သူတို့ကို မရင်ဆိုင်ရသေးသည့် အကြောင်းရင်းမှာ ဇာတ်လမ်းမပြီးဆုံးသေးသောကြောင့်ပင်ဖြစ်သည်။

သို့သော် ယခုတော့ ဇာတ်လမ်းက နိဂုံးချုပ်သွားပြီဖြစ်သည်။

သူတို့အားလုံး လုံးဝလွတ်မြောက်သွားကြလေပြီ။

ယန်ရှီက လုဝမ်နင်းကို ကြည့်ရင်း သူမ၏ ရှန်ပိန်ခွက်ကို သတိမထားမိပဲ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိ၏။ အခြားချမ်းသာသော အမွေဆက်ခံသူများနှင့်မတူပဲ လုဝမ်နင်းသည် ပွဲတက်ဝတ်စုံဖြင့်မဟုတ်။ သူမသည် သပ်ရပ်ကျော့ရှင်းသော အဖြူ‌ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ အမျိုးသမီး/အမျိုးသား နှစ်မျိုး ဝတ်ဆင်နိုင်သောစတိုင် ဖြစ်သော်လည်း သူမ၏လှိုင်းတွန့်နေသော ဆံပင်များက ငြင်းမရသော ဆွဲဆောင်မှုအလှတရားကို ဖြည့်ဆည်းပေး၏။

ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ အလယ်ဗဟိုတွင် ရပ်နေကာ ယုံကြည်မှုအပြည့်ဖြင့် စီမံကိန်းများအကြောင်းကို ဆွေးနွေးနေသည်။ သူ့ပုံစံက တစ်ခါတစ်ရံမျှ မှေးမှိန်မသွား။ ယန်ရှီက သူမအနားသို့ ချဉ်းကပ်လိုသော်လည်း ချီတုံချတုံဖြစ်နေသည်။

[Host ရေ မင်းက နောက်တစ်ခါ DNA ထပ်စစ်ရင် သွေးသားမတော်စပ်တဲ့အကြောင်း အတည်ပြုမှာကို စိုးရိမ်နေလား]

System၏ အသံက ယန်ရှီဘေးတွင် ပဲ့တင်လာသည်။

ယန်ရှီ သက်ပြင်းချမိသည်။

"သွေးသားမတော်စပ်တာကလည်း မျှော်လင့်ထားတဲ့ ရလဒ်ပါပဲ"

ရေကူးကန်ဘေးတွင် လုပေယွီအား ပြောခဲ့သည့် စကားများသည် ဆင်‌ ခြေဆင်လက်မဟုတ်ပေ။ ဘီလီယံချီနှင့်သော လူများကြားထဲတွင် သွေးသားတော်စပ်သူကို ရှာဖွေရန် မဖြစ်နိုင်လုနီးပါးပင်။

[ဒါပေမဲ့ မကြိုးစားပဲ ဘယ်လိုသိမှာလဲ]

System က အားပေးသော်လည်း ယန်ရှီမှာ မည်သို့မည်ပုံစတင် ဆောင်ရွက်ရမှန်းကို မသိသေးပေ။ လုမိသားစုကို သူမ၏ ကံကြမ္မာအား ဆန့်ကျင်ရန် အသုံးချခဲ့ဖူးပြီး မျှော်လင့်ချက်များ ပေးထားခဲ့သည်။ ထပ်မံကျရှုံးပါက ရှင်းပြနိုင်မည်မဟုတ်တော့‌ချေ။

ကျုံယန်စီက ယန်ရှီဘေးတွင် တိတ်တိတ်နေကာ ဘာမှမပြော။

ခဏအကြာတွင် လုဝမ်နင်းက လှည့်ကြည့်ပြီး ယန်ရှီနှင့် ကျုံယန်စီတို့ကို သတိပြုမိလာ၏။ သူမက ခပ်သဲ့သဲ့ပြုံးနေပြီး သူတို့ထံသို့ ချဉ်းကပ်လာသည်။

"ဥက္ကဋ္ဌကျုံ"

ကျုံယန်စီအား အရင်ဆုံးနှုတ်ဆက်လိုက်သည်။ ထို့နောက် ယန်ရှီဘက်သို့လှည့်လိုက်သည်။

"မစ္စယန် ထပ်တွေ့ကြပြန်ပြီ"

ယန်ရှီက လုမိသားစုနှင့် သွေးသားတော်စပ်ခြင်ူမရှိလျှင်ပင် လုဝမ်နင်းအနေဖြင့် သူမနှင့် ရှင်းမပြနိုင်သော ရင်းနှီးမှုကို ခံစားရ၏။

ယန်ရှီက ယဉ်ကျေးပျူငှာစွာ ခေါင်းငြိမ့်လိုက်သည်။

"ဥက္ကဋ္ဌလု တိုက်ဆိုင်လိုက်တာနော်"

"တိုက်ဆိုင်တာမဟုတ်ပါဘူး"

လုဝမ်နင်းက တခစ်ခစ်ရယ်ရင်း ပုန်ပြောလိုက်သည်။

"ငါက နင့်ကိုရှာဖို့ သပ်သပ်လာတာ"

ယန်ရှီ၏ နှလုံးတစ်ချက်ဆောင့်ခုန်သွားသည်။

သို့သော် လုဝမ်နင်းက ကျုံယန်စီဘက်သို့ အာရုံပြန်စိုက်သွားသည်။

“ဥက္ကဋ္ဌကျုံ ရှင့်ရဲ့အချိန်ဇယားတွေအရ ဒီလိုမျိုးကြုံတောင့်ကြုံခဲတွေ့ရဖို့ဆိုတာ ရှားတယ်၊ ကျွန်မရဲ့လက်ထောက်က ရှင်နဲ့တွေ့ခွင့်ရဖို့ ခဏကြိုးစားခဲ့ပါတယ် ဒါပေမဲ့ တစ်ခါလေးတောင် မတွေ့ခဲ့ရဘူး၊ အဲဒါမလို့ ဒီမွေးနေ့ပွဲမှာ ရှင့်ကိုလိုက်ရှာရတာ၊ ရှင်စိတ်ဝင်စားလောက်မဲ့ အေအိုင်နဲ့ဆိုင်တဲ့ စီမံကိန်းတစ်ခု ကျွန်မမှာရှိတယ်"

ကျုံယန်စီသည် တက္ကသိုလ်တက်ခဲ့ရသည့် နှစ်များအတွင်းတွင် ပေဟန်လီနှင့်အတူ အင်တာနက်ကုမ္ပဏီများစွာတွင် ရင်းနှီးမြှုပ်နှံခဲ့၏။ မကြာသေးမီနှစ်များတွင် လူလုပ်အသိဥာဏ်တု(AI) လုပ်ငန်းများကို ပထမဆုံးထောက်ပံ့သူများထဲမှ တစ်ဦးဖြစ်၏။ လုဝမ်နင်းက ပူးပေါင်းဖို့ သူ့ကိုရှာသည်မှာ အံ့အားသင့်စရာမရှိပေ။

ထို့နောက် ၎င်းတို့နှစ်ဦးသား စီးပွားရေးဆွေးနွေးကြရန် ခွင့်တောင်းသွားကြသည်။ ယန်ရှီကိုမူကား ဘေးဖယ်ထားလိုက်ကြသည်။

သူတို့သွားသည်နှင့်တစ်ပြိုင်နက် ဖန်းရှုယောင် ပြေးလာသည်။

"ရှီရှီ ကျုံယန်စီကို လုဝမ်နင်းနဲ့အတူတူ ဘာလို့ထွက်သွားခွင့်ပေးလိုက်တာလဲ၊ သူတို့ အရင်တုန်းက အတူနီးစပ်ခဲ့ဖူးတာမသိဘူးလား"

မုန့်ယင်းရုန်က လုဝမ်နင်းသည်သာ သူမ၏ချွေးမဖြစ်သင့်ကြောင်း အကြိမ်ကြိမ်ပြောခဲ့ဖူးသည်။ ထို့ကြောင့်ပင် အချိန်ကာလတစ်ခုကြာသည့်တိုင်အောင် ဆွေကြီးမျိုးကြီးထဲသို့ ဝင်ရောက်ရန်ကြိုးပမ်းနေသူများပင် နောက်ဆုတ်ခဲ့ကြ၏။

"သူတို့က စီးပွားရေးအတွက်စကားပြောနေကြတာပါ"

ယန်ရှီက လျစ်လျူရှုလိုက်သည်။

ဖန်းရှုယောင်က အားမလိုအားမရဟန်ဖြင့် ညည်းတွားသည်။

"နင်က သိပ်ကို ပေါ့လျော့နေတာပဲ၊ ဒါက လုဝမ်နင်းပါနော်"

လုဝမ်နင်းသည် ချမ်းသာသောအမွေဆက်ခံသူတိုင်း၏ အိပ်မက်ဆိုးဖြစ်သကဲ့သို့ ထိုသူတို့၏မိဘများမျက်လုံးထဲတွင် ပြီးပြည့်စုံသော မိန်းကလေးတစ်ယောက်၏ စံပြဖြစ်သည်။ ကျုံချင်းယွီကို ကြည့်ပါ: လှပပြီး ဂုဏ်သိက္ခာသောအသိုင်းအဝိုင်းမှ ဖြစ်သော်လည်း ပညာရေးပျမ်းမျှသာဖြစ်သည်။ ယန်ရှီ: အလွန်လှပပြီး ထက်မြက်သော်လည်း မိသားစုနောက်ခံ အားနည်းသည်။

လုဝမ်နင်းကမူ အားလုံး၏ အားသာချက်များကို ပေါင်းစပ်ထား၏။ ထို့အပြင် သူမ၏ စီးပွားရေးဖြတ်ထိုးဉာဏ်က မည်သူမျှ မယှဉ်နိုင်ပေ။ လုလုပ်ငန်းစုကို ဆက်ခံပြီးကတည်းက အမြတ်ငွေများ နှစ်စဉ်တိုးတက်‌နေခဲ့သည်။ ပြီးပြည့်စုံသော အလုံးစုံထူးချွန်သူကလေးတစ်ဦးဖြစ်သည်။

ဖန်းရှုယောင်သာ အမျိုးသားတစ်ဦးဖြစ်ပါက လုဝမ်နင်းကို ချစ်ကြိုက်သွားမည်ပင်။

"ဒါပေမဲ့ နင့်အပိုင်းမှာတော့ နင်ကလည်း အံ့သြစရာကောင်းတယ်လို့ ငါထင်တယ်"

ယန်ရှီက သူမ၏မေးစေ့ကို လက်ပေါ်တင်ကာ ရှန်ပိန်သောက်ရင်း ပြောလိုက်၏။

"ပရိတ်သတ်တစ်ယောက်အနေနဲ့ တည်းဖြတ်ထားတဲ့ နင့်ရဲ့ ဗီဒီယိုတွေကို ငါကြည့်ဖူးပါတယ်၊ တေးဂီတကိုက်ညီမှု အကူးအပြောင်းတွေနဲ့ အချိန်အဆတွေက အကုန်ကွတ်တိပဲ၊ ကျုံယန်စီနဲ့ ငါတို့က သာမန်လူတွေပါ ဒါတောင် နင်လုပ်တဲ့ဗီဒီယိုတွေကို မီလီယန်နဲ့ချီပြီး ကြည့်နေကြတာ ဒါကမှ တကယ့်ကျွမ်းကျင်မှုပဲ"

"တည်းဖြတ်တာတွေဘာတွေကို ပရော်ဖက်ရှင်နယ်ကျကျ လေ့ကျင့်ထားတာလား၊ ဒီကိစ္စကိုသာ အလေးအနက်လုပ်မယ်ဆိုရင် နင် မယုံနိုင်လောက်အောင် အောင်မြင်လာလိမ့်မယ်"

ဖန်းရှုယောင်တစ်ယောက် ယန်ရှီကို ငေးကြည့်နေ၏။

ကလေးဘဝတစ်လျှောက် မိန်းကလေးတစ်ဦးအနေဖြင့် သူမအား မည်သူကမျှ ထူးခြားသည်ဟု မပြောဖူးခဲ့။ ဖန်းရုံယန်ကဲ့သို့ပင် မိဘများက သူမ၏ အဓိကတန်ဖိုးကို ဖန့်မိသားစုကို အားကောင်းစေရန်အတွက် ဆွေးကြီးမျိုးကြီးမှ ယောက်ျားတစ်ဦးနှင့် ထိမ်းမြားပေးရန် ရည်ရွယ်ချက်ဖြင့် နယ်ရုပ်လေးတစ်ခုသဖွယ်သာ မြင်ခဲ့ကြသည်။

ဖန်းရှုယောင် တစ်ခါတုန်းက ထိုကဲ့သို့ယုံကြည်ခဲ့ဖူးသည်။

လူတို့က သူမအား နာခံတတ်သူ၊ ယဉ်ကျေးသူကလေးတစ်ဦး ရှုမြင်ကြပြီး အနာဂတ်ဇနီးကောင်းတစ်ယောက်ဖြစ်လာမည့်သူဟု သုံးသပ်ကြသည်။ သို့သော် မည်သူကမျှ သူမအား မချီးမွမ်းဖူးပေ။ အထူးသဖြင့် ပရိတ်သတ်ဗီဒီယိုတည်းဖြတ်မှုကဲ့သို့ အသေးအဖွဲအရာများအတွက် ပို၍ပင်ချီးမွမ်းမခံရဖူး‌ပေ။

ဖန်းရှုယောင် မျက်တောင်ခပ်လိုက်မိသည်။ ရုတ်တရက် နှာခေါင်းတွင် တစ်ခုခုစူးနေသကဲ့သို့ခံစားလိုက်ရပြီး မျက်လုံးများ စိုစွတ်လာခဲ့‌တော့သည်။

မမြင်နိုင်သောထောင့်တစ်နေရာတွင် မည်သူမည်ဝါဟုမဆိုနိုင်သော မျက်လုံးတစ်စုံက ယန်ရှီအား စူးစိုက်ကြည့်နေသည်။

ငွေရောင်နှင့် မီးခိုးရောင်တွဲဆက်ထားသည့် ဝတ်စုံဝတ်ထားသော လူတစ်ဦးသည် ဥယျာဉ်၏ အမှောင်ထုထဲသို့ ရောယှက်ဝင်‌ ရောက်သွားသည်။ သူ၏ဖန်ခွက်ထဲမှ ဝိုင်အနီရောင်သည် လတ်ဆတ်သောသွေးနှင့်တူနေသည်။

သူ၏အကြည့်သည် ယန်ရှီနောက်ကို ကပ်လျက်လိုက်ပါနေပြီး ပို၍ပင်အန္တရာယ်ပြုမည့်အရိပ်အယောင်ပေါ်လာသည်။

ချူမို၏ လက်များမှာ ဒေါသကြောင့် ယားယံနေသည်။

ယန်ရှီ ကျုံယန်စီနှင့် အတူရှိနေလိမ့်မည်ဟု သူမထင်ခဲ့မိ။

ကျုံချင်းယွီအား ကပ်တွယ်ပြီး နေခဲ့ရသည့် ကာလပတ်လုံးတွင် ထိုအလိုလိုက်ခံထားရ၍ စိတ်ထင်တိုင်းလုပ်တတ်သော သခင်မလေး၏ ဆိုးသမျှညစ်သမျှကို သည်းခံခဲ့ရသည်မှာအမှန်တကယ်ပင် အကျိုးရှိသွားခဲ့သည်။

ဖန်းရှုယောင်နှင့်စကားပြောပြီးနောက် ယန်ရှီသည် သူမ၏ နှုတ်ခမ်းနီအရောင်ဖျော့သွားသည့်အတွက် ဗီလာ၏ဒုတိယထပ်တွင် ပြန်လိမ်းရန် ထွက်လာခဲ့လိုက်သည်။

တံခါးပိတ်တော့မည့်အချိန်တွင် လက်တစ်ဖက်က ရုတ်တရက်ဝင် ရောက်လာခဲ့သည်ာ

ထိတ်လန့်သွားသော ယန်ရှီက တံခါးကို အားနှင့် ဆောင့်ပိတ်လိုက်သည်။ ချူမို၏ လက်ကောက်ဝတ်တွင် နီရဲသောဒဏ်ရာများ ထင်ကျန်ခဲ့၏။

ထိုသူက တစ်ချက်တွန်းရုံဖြင့် တံခါးပွင့်သွားသည်။

ယန်ရှီက နောက်သို့နှစ်လှမ်းခန့်ဆုတ်လိုက်သည်။

"ရှင် ရှင် ဘာလိုချင်လို့လဲ"

"သူ မင်းကိုလက်ထပ်မှာ မဟုတ်ဘူး"

ချူမိုက သွေးအေးအေးဖြင့် ပြောလိုက်သည်။

သူ၏ မျက်လုံးများတွင် အမျက်ဒေါသများကြောင့် မှောင်မိုက်ပြီး လှိုင်းထန်နေသည်။

ချူမိသားစုနှင့် လင်းမိသားစုကြား စီစဉ်ထားခဲ့သော စေ့စပ်ပွဲကြောင့် ချူမိုသည် ယန်ရှီအား သူ့အပိုင်ပစ္စည်းတစ်ခုဟုသာ အမြဲမြင်ခဲ့သည်။ သူမအနေဖြင့် လင်းမိသားစုမှ ထွက်သွားရလျှင်ပင် နောက်ခံမရှိသော မိဘမဲ့တစ်ယောက်သည် သူ၏ မယားငယ်တစ်ယောက်သာဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

ယန်ရှီကို ကျုံယန်စီနှင့် လက်တွဲနေသည်ကို မြင်ရခြင်း၊ သူတို့၏ ရင်းနှီးမှုကို မျက်မြင်တွေ့ရခြင်းသည် သူ၏ ကိုယ်ပိုင်ပစ္စည်းတစ်ခုကို ခိုးယူခံရသည့် အရှက်ရစိတ်ကို ဖြစ်ပေါ်စေသည်။

ယန်ရှီက စက်ဆုပ်ရွံရှာစွာဖြင့် သူ့အား သရော်လိုက်သည်။

"ကျုံယန်စီ ငါ့ကိုလက်ထပ်မှာလား မထပ်ဘူးလားဆိုတာ နင့်အပူပါလို့လား၊ ကိုယ်နဲ့မဆိုင်တာ ဝင်မပါမ်းပါနဲ့"

ချူမို၏ မျက်ခုံးများ ကြုတ်လိုက်မိသည်။ ယန်ရှီ ဤမျှမိုက်ရူးရဲဆန်မည်ကို သူမထင်ခဲ့မိ‌ပေ။

အချိတ်အဆက်မရှိခြင်းသည် သူမ၏ အားနည်းချက်ဖြစ်သော်လည်း ကျုံချင်းယွီနှင့် နီးစပ်မှုသည် အားသာချက်ဖြစ်၏။ သူမအား မယားငယ်အဖြစ်ထားရှိပါက ချူမိသားစုက ကန့်ကွက်မည်မဟုတ်ပေ။

သူက ယန်ရှီ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

"သူ မင်းကိုလက်မထပ်ပေမဲ့ ငါလက်ထပ်မယ်"

"ချူမို နင် ရူးသွားပြီလား"

ယန်ရှီ ရုန်းကန်သည်။ သူမ၏လက်ကောက်ဝတ်ရှိ အေးစက်နေသော အနီရောင်စိန်လက်ကောက်မှာ အနည်းငယ်တိမ်းစောင်းသွားသည်။

ချူမိုက သတိပြုမိပြီး ရပ်လိုက်သည်။

"ကျုံယန်စီ ဒါကိုမင်းဆီ ပေးထားတာလား"

"ဟုတ်တယ် သူပေးတာ၊ ဘာ ငါ့ကိုလက်ထပ်ချင်တယ် ဟုတ်လား ဒါဆို ငါ့ကိုလည်း ဒီလိုတစ်ခုဝယ်ပေးပါဦး"

ချူမို လည်ချောင်း ဆို့နင်သလိုဖြစ်သွားသည်။ လက်ဝတ်ရတနာအကြောင်း အခြေခံဗဟုသုတဖြင့်ပင် စိန်နီသည် အဖိုးအတန်ဆုံးကျောက်မျက်ရတနာတစ်မျိုးဖြစ်ကြောင်း သိသည်။ လက်ကောက်ကိုမဆိုထားဘိ ဤလက်ကောက်ရှိ ကျောက်များသည်ပင်လျှင် ထိပ်တန်းအဆင့်မဟုတ်လျှင်တောင် အနည်းဆုံး ၅၀၀ မီလီယမ်တန်နိုင်သည်။

၅၀၀ မီလီယမ် —ဘယ်လောက်တောင်ကြီးမားသည့်ပမာဏနည်း။

ယနေ့ည ဤနေရာရှိ ချမ်းသာသောမိသားစုများစွာထဲရှိ တစ်ဝက်ကျော်ကျော်သည်ပင် ဤငွေပမာဏ မပိုင်ဆိုင်နိုင်ချေ။

ကျုံယန်စီသည် အမှန်တကယ်ပင် ယန်ရှီအား စိတ်ဝင်စားနေသလား။

သူ စိတ်မနှံ့တော့ဘူးလား။ နောက်ခံမရှိသော မိန်းကလေးတစ်ယောက်နှင့် လက်ထပ်ခြင်းသည် ကျုံလုပ်ငန်းစုကို စွန့်ပစ်နေခြင်းပင် မဟုတ်ပါလား။

သူ စိတ်ရှုပ်နေစဉ် ယန်ရှီက အခွင့်အရေးယူ၍ သူ၏ပေါင်နှစ်ခုကြား ပြင်းထန်စွာ ကန်ကျောက်လိုက်သည်။

ချူမိုတစ်ယောက် ချက်ကောင်းထိသွားရာ နာကျင်လွန်းသဖြင့် အသက်ရှူကြပ်ကာ ခုန်ဆွခုန်ဆွလုပ်လျက်ဖြင့် သူမအား လွှတ်လိုက်ရသည်။

ယန်ရှီ အခန်းမှ ထွက်ပြေးသွားပြီး လက်ကောက်ဝတ်ကို ပွတ်သပ်နေမိသည်။

ချူမိုက သူမအား နီရဲသော အရာများ ကျန်ရစ်အောင်ပင် တင်းကျပ်ဆုပ်ကိုင်ခဲ့သည်။

ရှိပါစေတော့။ ခွေးလေခွေးလွင့်တစ်ကောင်ကုတ်ခြစ်သည်ကဲ့သို့သာမှတ်ယူလိုက်ပါတော့မည်။ တစ်ချိန်တည်းမှာပင် ယန်ရှီသည် နောက်ကျောမှ စူးရှသောအကြည့်နှစ်ခုကို ခံစားလိုက်ရ၏။

လှည့်ကြည့်လိုက်သည့်အခါ ကျုံချင်းယွီနှင့် ကျုံယန်စီတို့ မျက်နှာမည်းမည်းဖြင့် ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။

သူတို့နှစ်ယောက်၏ မျက်နှာများမှာ သူမ၏ အမျက်ဒေါသထက် ဆယ်ဆပိုမိုနက်နဲ‌နေသည်။

ကျုံယန်စီက လျင်မြန်စွာ ရှေ့တို့လာပြီး သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ လက်ကောက်ဝတ်ပေါ်ရှိ နီရဲနေသော အရာများကိုမြင်သောအခါ သူ၏မျက်နှာပြင် ပို၍မည်းနက်လာသည်။

သူက စကားမပြောပဲ လက်သုတ်ပုဝါတစ်ခုကို ထုတ်ယူကာ သူမ၏လက်ကောက်ဝတ်ကို ဖြေးဖြေးချင်းဂရုတစိုက်သုတ် ပေးလိုက်သည်။ ထိုအရာတိုင်းကို ပျောက်သွားအောင်ကုမည်ဟု စိတ်ပိုင်းဖြတ်ထားသကဲ့သို့ပင်။

ထိုအတောအတွင်း ကျုံချင်းယွီက ဒေါသထွက်နေပြီး ခါးပေါ်တွင်သူ့လက်နှစ်ဖက်ကို ထောက်ထားသည်။

"ဘယ်လိုတောင်လား၊ ငါလုပ်ပေးတဲ့ပွဲမှာ ငါ့လူကို ဘယ်သူကထိရဲတာလဲ၊ အဲကောင် ချူမို တအားတွေ သေချင်နေတာလား"

ယန်ရှီက ခပ်တိုးတိုးပြောလိုက်၏။

"တကယ်တော့ အရမ်းကြီးမဆိုးပါဘူး"

ဟုတ်ပါသည်၊ ချူမိုက သူမ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ခဲ့သည်။ သို့သော် သူမက ပို၍ကြမ်းတမ်းစွာ ပြန်လည်တုံ့ပြန်ခဲ့သည်သူ့အား ချက်ကောင်းကို ကန်ချလိုက်ခြင်းပင်ဖြစ်သည်။

"အဲဒါက အရေးမကြီးဘူး"

ကျုံချင်းယွီက ခေါင်းကိုမော့လျက် ပြောလိုက်သည်။

"ငါ့ဥစ္စာကို ဘယ်သူမှ မထိရဘူး သူ့ကို သင်ခန်းစာမပေးရင် ကျန်တဲ့ဘဝတစ်လျှောက်လုံး ငါ့နာမည်ကို ပြောင်ပြန်ရေးပစ်မယ်"

ယန်ရှီက ချူမိုကို သိပ်တော့ ဂရုမစိုက်သော်လည်း မေးမြန်းလိုက်မိ၏။

"နင် သူ့ကိုရိုက်ဖို့ ဒါမှမဟုတ် မသန်စွမ်းဖြစ်အောင်လုပ်ဖို့ စီစဉ်နေတာမဟုတ်လား"

ကျုံချင်းယွီ သိသိသာသာပင် ဒွိဟဖြစ်သွားသည်။

ကျုံယန်စီပင် ပုဝါဖြင့်သုတ်ပေးနရင်း ရပ်တန့်သွားသည်။

ယန်ရှီ: !!!

သူမ သူ့အကြောင်းကို နောကျေနေခဲ့ပြီဖြစ်သည်။

"ဒါက တရားမဝင်ဘူး"

သူမက ကန့်ကွက်၏။

ကျုံယန်စီက မုန့်ရွှမ်းယွီကို ရိုက်နှက်ခဲ့စဉ်ကတည်းက‌ ဘောင်ကျော်နေပြီမဟုတ်လား။ ယောင်ချီ၏ အဆက်အသွယ်များက ကူညီပေးခဲ့ကြခြင်းသာမဟုတ်ပါက ထို့အပြင် မုန့်ရွှမ်းယွီက ယန်ရှီကို ပထမဆုံးပြန်ပေးဆွဲခဲ့ခြင်းသာ မဟုတ်ပါက ကျုံယန်စီ တရားရင်ဆိုင်ရမည်ကို စိုးရိမ်နေရမည်ဖြစ်သည်။

ဤတစ်ကြိမ်တွင် ချူမိုက သူမ၏လက်ကောက်ဝတ်ကိုသာ ဆုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ သူ့ကို မသန်စွမ်းဖြစ်အောင်ပြုလုပ်ခြင်းသည် ရာဇဝတ်မှုတစ်ခုပင်ဖြစ်၏။

သည်လူများသည် ဗီလိန်ဇာတ်ရုပ်မှ နောက်ခံဇာတ်ကောင်အဖြစ်သို့ ပြောင်းလဲလာသည်မှာ မကြာသေးပေ။ ဥပဒေဘောင်အပြင်ဘက်သို့ ပြန်လည်ဝင်ရောက်ရဲမည်မဟုတ်ပေ။

ကျုံချင်းယွီ၏ မျက်လုံးများ တခြားတစ်ဘက်သို့ လှည့်သွားသည်။

"အကြမ်းဖက်မှုမပါပဲ၊ လူတစ်ယောက်ကို ဖျက်ဆီးဖို့ နည်းလမ်း တွေအများကြီးရှိတယ်"

ကျုံယန်စီက ယန်ရှီ၏ဆံပင်ကို ညင်နာနူးညံ့စွာပွတ်သပ်ပေးလိုက်သည်။

"စိတ်မပူပါနဲ့ ကိုယ်ရှင်းလိုက်ပါမယ်"

ကျုံချင်းယွီ၊ ယန်ရှီနှင့် အခြားသူများသည် ပွဲသို့ပြန်ရောက်သောအခါ ဧည့်သည်အများစု ရောက်ရှိပြီးဖြစ်၏။ ဥယျာဉ်တွင် တယောသံ၏ စိတ်သက်သာရာရစေသော တေးသံများ ပြည့်နှက်နေလျက်ရှိသည်။

အိမ်ရှင်ဖြစ်သော ကျုံပါးပါးက လည်ချောင်းရှင်းလိုက်သည်။ သူ၏သမီးအတွက် လက်ဆောင်ကြီး ပေးအပ်ရန် အချိန်တန်ပြီမဟုတ်လော။

ဤဓလေ့ကို သူကြိုက်နှစ်သက်၏။ အခြားသူများက ရောက်သည်နှင့် လက်ဆောင်တန်းပေးကြသော်လည်း သူက နောက်ဆုံးမှသာ ပေးရန်သိမ်းဆည်းထားတတ်သည်။

ဟိုင်မြို့၏ အချမ်းသာဆုံးသူအနေဖြင့် သူက သမီးဖြစ်သူ၏ ၂၅နှစ်ပြည့် မွေးနေ့အတွက် ပေးမည်အရာကို လူတိုင်းကသိလိုကြသည်။

ယောင်ချီက တောက်ပနေသော စိန်စီထားသော ခရမ်းနုရောင်ဝတ်စုံဖြင့် ဝင့်ကြွားစွာဝင်ရောက်လာသည်။ သူ၏ လက်ထဲတွင် စာဖိုင်တစ်ခုကို ကိုင်ဆောင်ထားသည်။ သူက ထိုစာဖိုင်ကို ကျုံပါးပါးထံပေးအပ်ပြီး ကျုံပါးပါးက ကျုံချင်းယွီထံ ထပ်မံ၍ လွှဲပေးလိုက်သည်။

ကျုံချင်းယွီက မျက်စိများကို မှိတ်လိုက်ဖွင့်လိုက်လုပ်လိုက်သည်။

"စာရွက်စာတမ်းတွေလား နောက်ထပ် ပိုင်ဆိုင်မှုတစ်ခုလား"

နှစ်အဆက်ဆက်တွင် သူမ၏ ဖခင်က သူမကို ဥရောပစတိုင် စံအိမ်ကြီး၊ လီမြို့တော်ရှိ စပျစ်ခြံ၊ ဟိုင်မြို့လယ်ခေါင်ရှိ ဇိမ်ခံအထပ်မြင့်အ‌ဆောက်အအုံများ၊ ပင်လယ်အော်တွင်ဆိုက်ကပ်ထားသော ရွက်လှေတစ်စင်းစသဖြင့် မရိုးနိုင်အောင် ပေးခဲ့ဖူးသည်။ စိတ်ထဲစွဲလမ်း နေခြင်းမရှိသော်လည်း အားလုံးသည် အလွန်တန်ဖိုးကြီးသော လက်ဆောင်များဖြစ်၏။

ကျုံပါးပါးက ပြုံးပြလိုက်သည်။

"ဖွင့်ကြည့်ပါဦး"

ကျုံချင်းယွီက စာရွက်များကိုဖွင့်လိုက်ပြီး "အစုရှယ်ယာလွှဲပြောင်းရေးစာချုပ်" ဟူသည့် ခေါင်းစဉ်ကို ထင်ထင်ရှားရှားတွေ့လိုက်ရသည့်အခါ မျက်လုံးများပြူးကျယ်သွားခဲ့သည်။

သူမ မယုံနိုင်စွာဖြင့် စာသားများကိုကြည့်ရှုနေမိသည်။ မုန့်ကုမ္ပဏီ၏ အစုရှယ်ယာများ လွှဲပြောင်းပေးခြင်းဖြစ်သည်။

M အမှတ်တံဆိပ် ပြဿနာတတ်နေစဉ်အတွင်းတွင် ကျုံချင်းယွီက သူ့ဖခင်၏ငွေများဖြင့် မုန့်ကုမ္ပဏီ၏ အစုရှယ်ယာ ၃၆% ကို ဝယ်ယူခဲ့ပြီး လျှို့ဝှက်၍ အပိုရာခိုင်နှုန်း ၂% ထပ်မံဝယ်ယူခဲ့သည်။

စီမံကိန်းခေါင်းဆောင်အဖြစ် သူမအား ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခြင်းခံရသော်လည်း အစုရှယ်ယာများသည် တရားဥပဒေအရ ကျုံပါးပါးပိုင်ဆိုင်ပြီး သူမက သူ၏ကိုယ်စားလှယ်သာဖြစ်သည်။

သို့သော် ယခုတွင် သူသည် ကျန်ရှိနေသော ၃၆% သော ရှယ်ယာများကို သူမထံ လွှဲပြောင်းပေးလိုက်သည်။ မုန့်ကုမ္ပဏီ၏ စတော့စျေးနှုန်းများ တည်ငြိမ်နေချိန်တွင် ထိုရှယ်ယာများ၏ တန်ဖိုးမှာ ဘီလီယံနှင့်ချီ၍ တန်ကြေးရှိလေသည်။

စိတ်လှုပ်ရှားလွန်းသဖြင့် ကျုံချင်းယွီသည် ဖခင်ဖြစ်သူ၏ လက်မောင်းကို ဆွဲဖက်ထားလိုက်သည်။

"ပါးပါး ပါးပါးက အကောင်းဆုံးပဲ"

ကျုံပါးပါးက ပီတိဖြစ်စွာဖြင့် ပြုံးလိုက်သည်။

"ကြိုက်လား"

သူသည် အိမ်ခြံမြေလုပ်ငန်းဖြင့် ဤအနေအထားသို့ရောက်လာစေရန် တည်ဆောက်ခဲ့သော်လည်း ကျုံယန်စီက IT လုပ်ငန်းချဲ့ထွင်မှုကြောင့်သာ ကျုံမိသားစုသည် ဟိုင်မြို့၏ အချမ်းသာဆုံးမိသားစုအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့‌သော်လည်း ကျုံချင်းယွီမှာမူ စီးပွားရေးဉာဏ် မရှိသလောက်ပင်။သူမ၏ ပါရမီမှာ ဖက်ရှင်နှင့် ဇိမ်ခံပစ္စည်းလောကတွင်သာ ရှိသည်။ စီမံခန့်ခွဲမှုစွမ်းရည် ချို့တဲ့သော်လည်း ဇိမ်ခံအမှတ်တံဆိပ်ဆိုင်ရာ သဘောထားများမှာ ပြတ်သားလှသည်။ ယူရှောင်အမှုဆောင်အရာရှိချုပ်အဖြစ် ဦးဆောင်စဥ်ကပင် M-အမှတ်တံဆိပ်သည် သူမ၏ အမည်ခံ ဦးဆောင်မှုအောက်တွင် ဖွံ့ဖြိုးတိုးတက်နေခဲ့သည်။

ယခုအခါ၌မူ ကျုံပါးပါးသည် မုန့်ကုမ္ပဏီကို သူမလက်သို့ အပ်နှံရန် ယုံကြည်စိတ်ချနေသည်။

လက်ဆောင်အကြောင်း သိရှိသွားကြသော ဧည့်သည်တို့သည် အသီးသီးပင့်သက်ရှိုက်မိကြလေသည်။

"ဘုရားရေ၊ ဒါကြီးကတော့ ကြီးကျယ်လွန်းပါတယ်"

ပေဟန်လီက ကျုံချင်းယွီအား မီလီယမ်ထောင်ချီတန်သော ရှေးဟောင်းသရဖူကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့စဉ်ကပင် ထိုလက်ဆောင်မှာ လွန်ကဲနေသည်ဟု သူတို့ ထင်မှတ်ခဲ့ကြသည်။ သို့သော် ယခုကဲ့သို့ ဘီလီယံချီတန်သော ရှယ်ယာများဆိုလျှင်မူ မည်သို့ဆိုရမည်နည်း။ မြို့တော်၏ အချမ်းသာဆုံးလူသားဟု ပြောစရာမလိုအောင်ပင် လုံးဝကိုက်ညီလှပေသည်။

အားကျ‌လျက်ရှိသော တီးတိုးစကားသံများသည် လူထုများကြားမှ လှိုင်းတံပိုးအလား ပြန့်နှံ့သွားသည်။

ဤဖြစ်ရပ်မတိုင်မီက ကျုံချင်းယွီသည် သာမန်ချမ်းသာကြွယ်ဝသူတစ်ဦးသာ ဖြစ်ခဲ့သည်။ မုန့်ကုမ္ပဏီ၏ ဥက္ကဋ္ဌဟူသော ဘွဲ့သည်လည်း အမည်ခံသက်သက်သာဖြစ်ကာ ဖခင်၏ ဆုံးဖြတ်ချက်တစ်ခုဖြင့် ရုတ်သိမ်းခံရနိုင်သည့် အဆင့်သာ ရှိခဲ့သည်။

သို့သော် ယခုအခါတွင်မူ သူမသည် မည်သူမျှငြင်းဆိုမရသော ပိုင်ရှင်ဖြစ်လာပြီဖြစ်သည်။ ပို၍ကောင်းသည်မှာ ရှယ်ယာများကို ကျုံမိသားစု၏ ကိုယ်ပိုင်ရန်ပုံငွေဖြင့် ဝယ်ယူထားသောကြောင့် ကျုံစီးပွား‌ ရေးလုပ်ငန်းစုအတွင်းရှိ သူမ၏ အခွင့်အရေးများ ထိခိုက်နစ်နာမှု လုံးဝမရှိခြင်းပင်တည်း။

တစ်စုံတစ်ဦးက သက်ပြင်းချလိုက်သည်။

"ကျုံပါးပါးက သူ့သမီးကို တကယ်ချစ်တာပဲ"

"ဒါဆို ကျုံယန်စီကိုကျတော့ ဘေးဖယ်ထားတာလား"

"ငါသာ သူ့ကို လက်ထပ်မိရင်‌ရော ဟိုင်မြို့ရဲ့ အထွတ်အထိပ်အချမ်းသာဆုံးအိမ်ထောင်ဦးစီးတစ်ယောက်တင်မဟုတ်ပဲ မုန့်ကုမ္ပဏီရဲ့ ဥက္ကဋ္ဌကြီးပါဖြစ်ဦးမှာပေါ့နော်"

ကျုံချင်းယွီသည် ဝမ်းသာစွာဖြင့် ရှယ်ယာလွှဲပြောင်းရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်တော့သည်။

မည်သူက မပျော်ရွှင်နိုင်ဘဲနေမည်နည်း။ သူမ၏ ယခင်ရာခိုင်နှုန်း ၂% မှ လက်ကျန်ငွေများက များပြားလှနေပြီဖြစ်သည်။ ယခုတွင် ၃၈% ရှိနေပြန်ပြီ။

ယန်ရှီက သူမ၏ အင်္ကျီလက်မောင်းစကို ညင်သာစွာဆွဲလိုက်သည်။

"ချင်းယွီ ငါလည်း နင့်ကို လက်ဆောင်ပေးချင်တာရှိတယ်"

ကျုံချင်းယွီက ချက်ချင်း အစုရှယ်ယာများကိုဘေးဖယ်ပြီး စူးစမ်းသည့်ဟန်ဖြင့် မေးလိုက်သည်။

"ဘာကြီးလဲ"

"နင့်ပါးပါးပေးတာနဲ့ယှဉ်ရင်တော့ ဘာမှမဟုတ်ပါဘူး"

ကျုံချင်းယွီ ရယ်မောလိုက်သည်။

"ငါ့ပါးပါးဆိုတဲ့ လူအိုကြီးက ပိုက်ဆံလောက်ပဲသိတာ စိတ်မပူနဲ့စေတနာက အဓိကပဲ"

ယန်ရှီက နောက်စာဖိုင်တစ်ခုကို လွှဲပေးလိုက်သည်။

ကျုံချင်းယွီက စနောက်လိုက်သည်။

"လာပြန်ပြီလား စာဖိုင်တွေ"

အတွင်းတွင် "ကျုံချင်းယွီ" ဟူသော ကိုယ်ပိုင်အမှတ်တံဆိပ်ပါဝင်သည့် ဂီတစတူဒီယိုမှတ်ပုံတင်လက်မှတ်ပါဝင်သည့် စာချုပ်တစ်ခုဖြစ်သည်။

"အထက်တန်းကျောင်းတုန်းက နင့်ရဲ့အိမ်မက်က ဂီတပညာရှင်ဖြစ်ဖို့လို့ ပြောဖူးတာ ငါမှတ်မိတယ်"

ကျုံချင်းယွီသည် ထိုအိမ်မက်အတွက် Berklee ဂီတကောလိပ်တွင် လေးနှစ်ကြာ သင်တန်းတက်ခဲ့သည်။ တရုတ်ပြည်ပြန်ပြီးနောက်ပင်လျှင် ထိုအကြောင်းကိုမမေ့ခဲ့ပေ။ ဇာတ်လမ်းဇာက်ကွက်အရ ပေယွဲ့ပိုင်အပေါ် ရူးသွပ်စေသည်အထိ ချစ်မိသွားစေခြင်းကြောင့်သာ ထိုအိမ်မက်နှင့် လွဲချော်ခဲ့ခြင်းဖြစ်ပေသည်။

မကြာသေးမီက သူမ မပျော်ရွှင်ဖြစ်နေခဲ့သည်။ အနုပညာလုပ်ငန်းကို စိတ်မဝင်စားသော်လည်း နောက်ဘာဆက်လုပ်ရမည်ကို မသိဖြစ်နေမိသည်။

ယခုတော့ ယန်ရှီ၏လက်ဆောင်က ရောက်လာခဲ့၏။

ကျုံချင်းယွီ၏ မျက်လုံးများ နီမြန်းလာ၏။

ဘီလီယံချီတန်သော အစုရှယ်ယာများက သူမကို ဤမျှစိတ်မလှုပ်ရှားစေခဲ့ပေ။ သို့သော် ဤအရာက သူမကို ငိုချင်စိတ်ပါ ဖ်ြပေါ်စေခဲ့သည်။

နှစ်များကြာညောင်းခဲ့ပြီဖြစ်ရာ သူမပင်မေ့နေခဲ့ပြီဖြစ်သည်။

သို့သော် ယန်ရှီက မှတ်မိနေခဲ့သည်။

"စတူဒီယိုကို Star Glory ကုမ္ပဏီမှာ စီစဉ်ထားတယ်၊ နင့်အတွက် အထပ်တစ်ထပ်လုံးကို သီးသန့်ထားထားတာ လေ့ကျင့်ခန်းအသံသွင်းစတူဒီယိုခန်း အသံလုံတဲ့ အသေးစားပြဇာတ်ရုံအစည်းအဝေးခန်း......."

ယန်ရှီက ဆက်ပြောနေသည်။ သူမ၏လက်ဆောင်မှာ ကျုံပါးပါး၏ လက်ဆောင်နှင့် မယှဉ်နိုင်ကြောင်း ကောင်းစွာသိသော်လည်း ကျုံချင်းယွီကို ပျော်ရွှင်စေလိမ့်မည်ဟု မျှော်လင့်နေခဲ့မိသည်။ အခြားအရာများအားလုံးထက်ပို၍ ကျုံချင်းယွီကို သူမ၏ အတိတ်ကအိမ်မက်များကို ပြန်လည်ရှာဖွေတွေ့ရှိစေလိုခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာကို သူမ အလွန်တန်ဘိုးထားသောကြောင့်တည်း။

ယန်ရှီအတွက် ဂီတဇာတ်ခုံပေါ်က ကျုံချင်းယွီသည် အမြဲတမ်း ထွန်းလင်းတောက်ပနေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးကို ထိန်ထိန်လင်းစေသည့် အလင်းတန်းများဖြင့် လင်းထိန်နေသည်။

ကျုံချင်းယွီ ယန်ရှီ၏ ကရားရေလွှတ်ပြောဆိုနေမှုကို နားထောင်ရင်း မျက်ရည်များက မထိန်းနိုင်ပဲ ပါးပြင်များပေါ် လျှောကျလာခဲ့‌ တော့သည်။

ရုတ်တရက် ယန်ရှီအနားသို့တိုးကပ်လိုက်ကာ သူမကို ခိုင်ခိုင်မာမာ ပွေ့ဖက်လိုက်တော့သည်။

"ရှီရှီ၊ ပေါင်ပေ့ ကျေးဇူးတင်ပါတယ်"

All Chapters