Chapter 104
Vol. 11 Ch. 104
ယခင်တစ်ခေါက်နှင့် နှိုင်းယှဉ်ကြည့်ပါလျှင် ကျုံယန်စီသည် သူမအပေါ်တွင် ပို၍ ပွင့်လင်းလာခဲ့သည်ဟု ယန်ရှီ ခံစားနေခဲ့ရသည်။
လျှို့ဝှက်ထားသည့် အရာတစ်ခုခုကို ဖွင့်လိုက်သလိုပင် ဖြစ်နေ၏။
သူမသည် ယခင်က ကျုံယန်စီအား ချဉ်းကပ်ရသည့် အကြောင်းအရင်းအမှန်ကို ဖုံးကွယ်ထားခဲ့ပြီး သူ့စိတ်ထဲတွင် တောင်းပန်သည့်စာများကို စာစီပြီးသားဖြစ်သော်လည်း ကျုံယန်စီသည် သူမအား တစ်ခါမျှ မမေးခဲ့ပေ။
ညနက်နေပြီဖြစ်သည့်အပြင် မိုးများလည်း ပြင်းထန်စွာ ရွာသွန်းနေခဲ့သည်။ ယန်ရှီသည် သူမ၏ ခန္ဓာကိုယ်မှာ ပြိုလဲကျတော့မည့်အတိုင်း ခံစားနေခဲ့ရ၏။
အစတွင် ခံစားရသည့် နာကျင်မှုများသည် နောက်ပိုင်း၌ သာယာမှုအဖြစ် ပြောင်းလဲသွားခဲ့ပြီး မေးမည့် မေးခွန်းများ အကုန်လုံးကို မေ့သွားခဲ့သည်။
“ ကျုံယန်စီ…. မီးပိတ်ပေးလို့ရမလား”
“ ဘာလို့ ပိတ်ရမှာလဲ”
ကျုံယန်စီမှ ဆန့်ကျင်၍ ပြန်ပြောလာခဲ့သည်။
ဘာလို့လဲဆိုတော့ ရှင် ကျွန်မကို မြင်နေမှာစိုးလို့လေ။
အခန်းသည် အလင်းရောင်မှိန်မှိန်လေးသာ ရှိသော်လည်း အပြင်ဘက်၌ မုန်တိုင်းများထန်နေ၍ ပြတင်းပေါက်မှ အလင်းပြန်နေကာ အခန်းထဲသို့ အလင်းကျရောက်နေခဲ့သည်။
ယန်ရှီ မျက်နှာတစ်ပြင်လုံး နီရဲနေခဲ့ပြီး သူမ၏ နားများသည်လည်း သွေးများစီးကျနေသလိုပင် နီရဲနေခဲ့သည်။
ထိုအရာသည် ပထမအကြိမ်မဟုတ်သော်လည်း ကျုံယန်စီ၏ပြင်းထန်နေသည့်အခြေအနေများကြောင့် သူမသည် မည်သည့်နေရာကိုပင် ကြည့်ရမည်ကိုမသိခဲ့တော့ပေ။
သူသည် ရုတ်တရက် လက်လှမ်းလာခဲ့သောကြောင့် ယန်ရှီသည် သူ့အား လိုက်လျောသည်ဟု ခဏတာ တွေးမိသွားခဲ့သော်လည်း တကယ်တမ်းတွင် သူ၏ လည်စည်းကို ဖြုတ်လိုက်ခြင်းဖြစ်သည်။
သူမ မတုံ့ပြန်ခင်မှာတွင် သူသည် ယန်ရှီ၏ မျက်လုံးများကို အုပ်၍ ခေါင်းအနောက်တွင် ငြင်ငြင်သာသာဖြင့် ချည်လိုက်သည်။
“ ခဏနေဦး”
“ အခုဆိုရင် မင်းမမြင်ရတော့ဘူးမလား”
ကျုံယန်စီသည် သူမ၏ နား အနားသို့ကပ်၍ တိုးတိုးလေးပြောလိုက်ပြီး အထိမခံသည့် နေရာကို သွားဖြင့်ကိုက်လိုက်သည်။
သူသည် ယန်ရှီအား ပိုနီးကပ်အောင် ဆွဲလိုက်ပြီး သူတို့၏ ပုံစံအနေအထားကို ပြောင်းလိုက်သည်။
ယန်ရှီသည် လျှပ်စီးကြောင်း စီးဝင်သွားသလိုပင် ခံစားလိုက်ရပြီး ခြေချောင်းများလည်း ကွေးသွားခဲ့သည်။
သူမသည် မည်သည့်အရာမျှ မမြင်ရတော့သောကြောင့် အရာအားလုံးမှာ ပို၍ ပြင်းထန်လာခဲ့သည်။
အထူသဖြင့် ကျုံယန်စီသည် သူမ၏ နောက်မှ ဖက်လိုက်သောအခါတွင် သူမ ကမ္ဘာတစ်ခုလုံး မှောင်မိုက်သွားခဲ့ပြီး မျှော်လင့်ချက်များနှင့် အမည်မသိသည့်အရာများသာ ကျန်ရှိတော့သည်။
အဝတ်စလေးများသည် သူမ၏ အဝတ်မပါရှိသော ကျောပြင်ကို ထိမိသွားသည့်အခါ၌ သူမသည် အလွန်ပင် စိတ်လှုပ်ရှားနေခဲ့သည်။
ကျုံယန်စီ၏ ပူလောင်နေသောအသားအရေဖြင့် ယန်ရှီအား ဖိထားလိုက်ပြီး မေးစေ့ကို လက်ချောင်းများဖြင့် ကိုင်လိုက်ပြီး မေးရိုးတစ်လျှောက်ကို နမ်းလိုက်တော့သည်။
“လိမ္မာတယ် စိတ်လျှော့ထား”
သူ၏ အသံသည် နက်ရှိုင်း၍ ဆွဲငင်အားရှိနေပြီး မိန်းမပျိုလေးတစ်ယောက်ကို လက်နက်ချအရှုံးပေးစေရန် တိုက်တွန်းနေသည့်အတိုင်းပင်။
ယန်ရှီသည် ညင်သာစွာ ညည်းလိုက်ပြီး သူမ စိတ်ထဲတွင် ထွက်ပြေးသွားချင်သော်လည်း သူ၏တင်းကြပ်စွာ ပွေ့ဖက်ထားမှုကြောင့် မည်သည့်နေရာမျှ သွား၍ မရတော့ပေ။
အပြင်ဘက်၌ လေပြင်းမုန်တိုင်းများတိုက်ခတ်နေပြီး သူတို့၏အသံများနှင် မုန်တိုင်းအသံများမှာ ရောယှက်နေခဲ့သည်။ သူမ၏ စိတ်ခံစားချက်များသည် မီးရှုးမီးပန်းများလိုပင် တစ်ခဏတာ တောက်ပသွားခဲ့သည်။
သူမသည် ဤအရာတွင် အလွန်နစ်မြုပ်သွားခဲ့ပြီး အချိန်များကုန်ဆုံးသွားခဲ့သည်ကိုပင် သတိမထားမိခဲ့တော့ပေ။
——
ထို့နောက် ကျုံယန်စီသည် ယန်ရှီကို ချီ၍ ရေချိုးခန်းထဲသို့ ခေါ်သွားခဲ့သည်။
သူမ၏ နူးညံ့လှသော အသားအရေပေါ်တွင် အနီရောင်အမှတ်အသားများဖြစ်နေသည်မှာ နှင်းများပေါ်တွင် မက်မွန်ပွင့်များ ပြန့်ကျဲနေသလိုပင် ဖြစ်နေသည်။
သူ၏ အကြည့်များသည် မှောင်မိုက်လာပြီး လိုအင်ဆန္ဒများပြန်ပေါ်လာခဲ့သော်လည်း သူသည် ပြန်၍ ထိန်းချူပ်လိုက်သည်။ အလွန်များလွန်းနေလေပြီ။
သူသည် ဖြေးဖြေးချင်း အသက်ရှူလိုက်ပြီး ရေနွေးနွေးလေးဖြင့် သူမအား ဂရုတစိုက် သန့်စင်ပေးနေခဲ့သည်။
အိပ်ယာပေါ်သို့ပြန်ရောက်သည့်အခါ၌ ယန်ရှီသည် ကျုံယန်စီ၏ရင်ခွင်ထဲတွင် ကွေးနေခဲ့သည်။
ဆောင်းရာသီညများသည် အလွန်အေး၍ အပူပေးစက်ဖွင့်ထားသော်လည်း စောင်မှာ တော်တော်နှင့် မနွေးလာခဲ့ပေ။
ကံကောင်းစွာဖြင့်ပင် ကျုံယန်စီ၏ခန္ဓာကိုယ်သည် မီးဖိုတစ်ခုကဲ့သို့ အပူများ ထုတ်လွှတ်ပေးနေသလိုပင် ဖြစ်နေသည်။ သူသည် မုန်တိုင်းအကြောင်းကို မတွေးမိတော့ပဲ ယန်ရှီမှ နီးကပ်စွာတိုးဝင်လာသည်ကို ကျေနပ်၍ သက်ပြင်းချလိုက်သည်။
ကျုံယန်စီသည် သက်ပြင်းချလိုက်ပြီး သူမအား စောင်ခြုံပေးလိုက်သည်။
ယခုတွင် အိပ်ချိန်ကို ကျော်လွန်နေပြီဖြစ်သော်လည်း ယန်ရှီသည် သူမ၏ကိုယ်ကို မတ်မတ်ထားလိုက်သည်။
“လုဝမ်နင်ကို အန်တီကျန်း အကြောင်း ပြောလိုက်ပြီလား”
ကျုံယန်စီသည် ခေါင်းငြိမ့်လိုက်၏။
သူသည် ယန်ရှီ၏ အတွေးများကို မကြားနိုင်သော်လည်း system ၏ အသံကို ရှင်းရှင်းလင်းလင်းကြားနေရသည်။
မွေးနေ့ပွဲ၌ သူသည် System ၏ သဲလွန်စများကြောင့် ရှင်းလင်းသွားခဲ့ပြီး ယန်ရှီသည် ယခင်က လုမိသားစု၏ရှာဖွေမှုတွင် ပါခဲ့ဖူးသည်။ သူမသည် အဘယ့်ကြောင့် DNA နမူနာများကို လဲခဲ့သည်ဆိုတာကို သူ တွေးကြည့်မိလိုက်သည်။
ထို့နောက် သူမသည် သူမ၏ကိုယ်ပိုင်သွေးကို မသုံးခဲ့ပေ။ ယခုတွင် အရာအားလုံး ကွဲပြားသွားခဲ့ပြီ ဖြစ်၏။
“ မင်းမသိအောင် ကိုယ် လုဝမ်နင်ကို ပြောပြလိုက်တာ”
သူ၏ အကြောင်းပြချက်မှာ ရိုးရှင်းလှသည်။ ဇာတ်ညွှန်းသည် ကျုံချင်းယွီနှင့် ပတ်သတ်မှု မရှိတော့သောကြောင့် သူသည် ယန်ရှီအား သူ၏မိသားစုကို ပြန်ရစေချင်ခဲ့သည်။
လွန်ခဲ့သည့်ငါးနှစ်တွင် လမ်းမပေါ်၌ ငိုနေသည့် ကောင်မလေးတစ်ယောက်ကို မှတ်မိနေသေးသည်။
ကျုံချင်းယွီသည် သူမ၏ မှီခိုအားထားစရာသူတစ်ဦးဖြစ်သလို ကျုံယန်စီသည်လည်း ထိုနည်းတူပင်။ သို့သော် ယန်ရှီသည် သူမကို ဂရုစိုက်ကြသည့်သူများနှင့်သာ ထိုက်တန်သည်။
လုဝမ်နင်သည် ရိုးရှင်းသည့် DNA စစ်ဆေးချက်လေးကိုတောင် မအောင်မြင်ပဲ အမှားလုပ်မိကာ ဖမ်းမိသွားခဲ့မည်ဟု မည်သူနိုင်မည်နည်း။
လင်းကျီတောင်ပင် မုန့်ရွှမ်းယွီနှင့် မုန့်ယင်းရုံတို့၏ နမူနာများကို မည်သူမျှ မသိအောင် ယူနိုင်ခဲ့သည်။
လုဝမ်နင်သည် ရှက်စရာကောင်းလောက်အောင်ကိုပင် အရည်အချင်းမရှိပေ။
ယန်ရှီမှ ပြုံးလိုက်သည်။
“ကျွန်မရှာတွေ့တာမဟုတ်ဘူး system က ပြောပြတာ”
ကျုံယန်စီ : “အဲအသုံးမကျတဲ့ AIလား”
System: […]
[ မင်းဘာပြောလိုက်တာလဲ ကျွန်တော့်ကို ပိတ်မထားရင် ပြောသမျှအကုန်ကြားရတယ်နော်၊ system ရဲ့နောက်ကွယ်မှာ မကောင်းကြောင်း မပြောပါနဲ့!]
“ ရပါတယ် ထားလိုက်ပါ”
ယန်ရှီမှ ပုခုံးတွန့်၍ ပြောလာခဲ့သည်။
“တကယ်လို့ လုမိသားစုက ကျွန်မကို လာမရှာဘူးဆိုရင်တောင် ကျွန်မက တစ်နေ့နေ့ ကိုယ်တိုင်သွားပြီး စစ်ဆေးမှာ”
မိသားစုကို ရှာတွေ့ခြင်းသည် ကောင်းသောအရာပင်ဖြစ်သည်။ အကယ်၍ ရှာမတွေ့ခဲ့သော်လည်း သူမ ဘာမဆို လက်ခံနိုင်သည်။
ဘဝသည် အလွန်ရှည်လျားလွန်း၏။ ထိုအရာသည် သူမ၏ တစ်ခုတည်းသော အခွင့်အရေး မဟုတ်ပေ။
“ ဒါပေမဲ့…”
သူမ၏ အသံမှာ ရွတ်နောက်နောက်အသံပြောင်းသွားခဲ့သည်။
“ဝတ္ထုထဲမှာ လုဝမ်နင်က ရှင်နဲ့ လက်ထပ်ထားတဲ့သူပဲလေ၊ အခု ရှင် သူ့ကို မြင်လိုက်တော့ နည်းနည်းလေးတောင် ဘာမှမခံစားရဘူးလား”
ကျုံယန်စီသည် မျက်မှောင်ကြုတ်လိုက်သည်။
“ဘာလို့ကိုယ်က ခံစားရမှာလဲ၊ အရင်ဘဝတုန်းက စာရွက်ပေါ်မှာ လက်မှတ်ထိုးတာပဲရှိတာလေ”
“ အဲတာက မပြီးနိုင်တဲ့အောင်သွယ်တာတွေကို ရှောင်ဖို့အတွက် စီးပွားရေးသဘောတူညီမှု တစ်ခုပဲလေ”
သူတို့၏ ချမ်းသာသောအသိုင်းအဝိုင်းထဲ၌ လက်မထပ်သည့်လူများသည် ထူးဆန်းသည့်သူများပင်ဖြစ်သည်။
မဟာမိတ်ဖွဲ့ခြင်းသည် အသင့်တော်ဆုံး ဖုံးကွယ်သည့်အရာတစ်ခုဖြစ်ပြီး ကျုံပါးပါး၏ ဖိအားပေးမှုများနှင့် လူမှုရေးအရ ဖိအားပေးမှုများကိုလည်း ရှောင်ရှားနိုင်မည် ဖြစ်သည်။
ထိုအရာမှာ သူ၏အခြေခံသဘောတရားပင်ဖြစ်သည်။ သို့သော် ယန်ရှီ၏မျက်လုံးထဲတွင် လင်းလက်သွားသည့်အခါ၌ သူသည် အနည်းငယ် တင်းမာသွားခဲ့သည်။
ကျုံယန်စီ: !!!
“ကိုယ်တို့တကယ်ဘာမှမလုပ်ခဲ့ဘူး ကျိန်ဆိုကျိန်ရဲတယ်”
ယန်ရှီသည် သူမ၏မေးကိုထောက်ကာ မျက်လုံးများတွင် ကျီစယ်နေသည့် သဘောဖြင့် တောက်ပနေခဲ့သည်။
“လက်ကိုင်ခဲ့တာလား”
"…"
“ ဟုတ်တယ် ဒါပေမဲ့ အဲတာဝတ္ထုထဲမှာပဲ”
“ ဖက်ခဲ့တာလား”
"…"
“ တစ်ခါလောက်လား”
“ အဲတာဆိုရင်..”
“ မဟုတ်ဘူး အဲတာလုံးဝမဖြစ်နိုင်ဘူး”
ကျုံယန်စီမှ ဖြတ်ပြောလာခဲ့သည်။
ယန်ရှီသည် ရယ်လိုက်ကာ သူ၏ ရယ်သံလေးများသည် လေတိုက်သည့်အခါတွင် လှုပ်သွားသော ခေါင်းလောင်းလေးလိုပင် ပေါ့ပါးနေခဲ့သည်။
“ ကျွန်မသိပါတယ် အဲတာကြောင့်ပဲ ရှင် accident ဖြစ်ပြီးသွားတဲ့နောက်ပိုင်း လုဝမ်နင်က ပေယွဲ့ပိုင်နဲ့ပေါင်းပြီး ကျုံလုပ်ငန်းစုကို သိမ်းလိုက်တာလေ၊ တကယ်လို့ သူသာ ရှင့်ကိုတကယ်ချစ်ရင် အဲလောက်လွယ်လွယ်လေးနဲ့ သစ္စာဖောက်မှာမဟုတ်ဘူးလေ”
ယန်ရှီသည် ကျုံယန်စီအပေါ်ခံစားချက်များ မရှ်ိခင်က တွေးဖူးတာတစ်ခုရှိခဲ့သည်။ ထိုအရာမှာ ကိုယ်နှင့် လက်ထပ်ထားသူသည် အဘယ့်ကြောင့် မိမိ၏မိသားစုကိုပစ်၍ တစ်ခြားသူဘက်ကို ပူးပေါင်းခဲ့သနည်း။
ယခုတွင် သူမနားလည်သွားခဲ့ပြီဖြစ်၏။ သူတို့၏ ဆက်ဆံရေးမှာ စီးပွားရေးသဘောတူညီမှုအရပဲ ဖြစ်သည်။
လုဝမ်နင်သည် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေဖြင့် ရိုးရှင်းသည့်လုပ်ရပ်တစ်ခုကိုသာ လုပ်ခဲ့ခြင်းဖြစ်သည်။
မုန့်ရွှမ်းယွီ ထိခိုက်ပြိုလဲနေသည့်အချိန်တွင် မုန့်လုပ်ငန်းစုအား ဝယ်ယူရန်အတွက် ယန်ရှီသည် ကျုံချင်းယွီအား အကြံပေးခဲ့သလိုပင် ဖြစ်သည်။
“ အကယ်လို့ ရှင်တို့တကယ်လက်ထပ်ဖြစ်သွားရင် အဆုံးသတ်က မတူတော့ဘူး”
ယန်ရှီမှ တွေးတောကာ ပြောလာသည်။
ကျုံယန်စီ၏ အသိစိတ်သည် အန္တရာယ်ရှိနေသည်ကိုသတိပေးနေခဲ့သည်။ သူသည် တိတ်တိတ်ကလေးသာ နားထောင်နေခဲ့သည်။
သူ၏ကြောက်ရွံ့နေမှုကို ကြည့်၍ ပျော်ရွှင်နေသာ ယန်ရှီသည် သူ့အား တံတောင်စစ်ဖြင့် တို့လိုက်သည်။
“ကျွန်မက ဒီတိုင်း ဇာတ်ညွှန်းကိုပဲ တွေးပြီး ကောက်ချက်ချကြည့်တာပါ၊ တကယ်လို့ ရှင်တို့သာ တကယ်လက်ထပ်ဖြစ်ရင် ရှင် accident ဖြစ်ပြီးနောက်ပိုင်းမှာ လုဝမ်နင်က ရှင့်ရဲ့အမွေတွေကိုဆက်ဆံလိမ့်မယ်၊ အဲကြရင် သူ ကျုံလုပ်ငန်းစုကို သိမ်းစရာ မလိုတော့ဘူးလေ”
ယန်ရှီသည် ဝတ္ထုထဲတွင် ပေယွဲ့ပိုင်သည် ပေဟန်လီကို အနိုင်ယူ၍ မိန်းကလေးများ၏ နှလုံးသားများကို သိမ်းပိုက်သည့်နေရာများမှာ ဇာတ်ညွှန်း၏ မျက်နှာသာပေးမှု ခံနေရခြင်းကြောင့်ဟု အမြဲခံစားနေရသည်။
အကယ်၍ အနည်းငယ်ကွဲပြားသွားပါက ပေယွဲ့ပိုင်သည် အောင်မြင်တော့မည်မဟုတ်ပေ။
ယန်ရှီသည် လုဝမ်နင်ပေါ်တွင် အလွန် အကောင်းမြင်စိတ်ရှိသည့်အကြောင်းအရင်းမှာ သူမသည် အလွန်ထက်မြက်သည့် အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်သည့်အပြင် ကြင်နာတက်၍ ယဉ်ကျေးပြီး ကျက်သရေရှိသည့်အလှမျိုးပိုင်ဆိုင်ထားခြင်းကြောင့်ဖြစ်သည်။
အကယ်၍ ယန်ရှီသည် ကျုံမိသားစုနှင့် ပိုနီးကပ်နေပါက လုဝမ်နင်သည် သူတို့အား ပစ်မှတ်ထားလိမ့်မည် မဟုတ်ပေ။
ကျုံယန်စီသည် ထိုအရာအား သဘောတူသည်၊ မတူသည်ကို မပြောခဲ့ပေ။
“တကယ်လို့ ကိုယ်သာ ဝတ္ထုထဲမှာ လုဝမ်နင်နဲ့လက်ထက်လိုက်တယ်ဆိုရင် သူက ပေယွဲ့ပိုင်နဲ့ သေချာပေါက် ပူးပေါင်းမှာမဟုတ်ဘူး”
ယန်ရှီသည် ခေါင်းငြိမ့်ပြကာ သဘောတူလိုက်သည်။
ကျုံယန်စီ : “သူက ကျုံစီးပွားရေးလုပ်ငန်းစုတစ်ခုလုံးကို သူမတစ်ယောက်တည်း သိမ်းပိုက်ပြီး လုမိသားစုက ဟိုင်မြိုရဲ့ အံမတုနိုင်တဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခုအဖြစ် လုပ်လိမ့်မယ်”
ယန်ရှီ: “……”
ယန်ရှီသည် ပျော်ရွှင်နေသလို စိတ်လည်းဆိုးသွားခဲ့သည်။
“ ဒါပေမဲ့ လုဝမ်နင်က ကျုံစီးပွားရေးလုပ်ငန်းစုကို တစ်ယောက်တည်းသိမ်းပိုက်ချင်တယ်ဆိုရင် သူ ချင်းယွီကို ဘာမှလုပ်မှာမဟုတ်ဘူးလေ၊ သူ့ကို အာလူးတူးခိုင်းနေမှာတောင်မဟုတ်ဘူး ဟုတ်တယ်မလား”
ကျုံယန်စီ; “ဟုတ်တယ်”
ထို့နောက် ကျုံယန်စီသည် ရပ်တန့်သွားခဲ့သည်။
“ ဒါဆို ဒီ နောက်ဆုံး ခွဲခြမ်းစိတ်ဖြာလိုက်တော့ ကိုယ်က လုဝမ်နင်ကို လက်ထပ်လိုက်တာက ချင်းယွီကို ကယ်ဖို့နည်းလမ်းတစ်ခုဖြစ်သွားတာလား”
ယန်ရှီသည် စောင်ထဲသို့ ဝင်သွား၍ သူမ၏ခေါင်းကို ဖုံးထားလေသည်။
“ ကျွန်မ အဲလိုတစ်ခါမှမပြောဘူးနော်”
……
ညသည် အလွန်နက်နေပြီဖြစ်၏။ လုဝမ်နင်သည် ယန်ရှီ၏ DNA နမူနာယူသွားသည်မှာ ၃နာရီကျော်လွန်နေပြီဖြစ်သည်။
လုမိသားစု၏ နည်းပညာအရဆိုလျှင် ရလဒ်များသည် ရသင့်တာကြာပြီ ဖြစ်၏။
ယန်ရှီ၏ WeChatကို ဆက်သွယ်ရန်ရရှိထားသည့် လုဝမ်နင်နှင့် လုပေယွီ နှစ်ယောက်လုံးသည် သူမအား ဆက်သွယ်လာခဲ့ခြင်းမရှိပေ။
ကျုံယန်စီသည် ယန်ရှီ သူမ၏ဖုန်းကို စစ်ဆေးနေတာမြင်သည့်အခါ သူ၏စိတ်ထဲတွင် ခန့်မှန်းလိုက်သည်။
“ ရလဒ်တွေ သိချင်နေပြီလား”
ယန်ရှီသည် ခေါင်းငြိမ့်လိုက်၏။
ကျုံယန်စီသည် သူမအားဖက်၍ နီးကပ်စွာဆွဲခေါ်လိုက်သည်။
“ အခုတော့ အရင်ဆုံးအိပ်လိုက်ဦးနော် မနက်ဖြန်ကျရင် ကိုယ် မင်းနဲ့အတူတူ လုဝမ်နင်ကိုသွားတွေ့မယ်”
ကျုံယန်စီသည် လုဝမ်နင်အား ဟုန်ရွေ့ကုန်တိုက်၏ ဆယ်လွှာတွင်ရှိသော လူရှင်းသည့် ကော်ဖီဆိုင်တစ်ခုတွင် တွေ့ဆုံရန် ချိန်းခဲ့သည်။
DNA ရလဒ်များသည် ဖုန်းဖြင့် ပြော၍ ရသော်လည်း ကျုံယန်စီ၏ အဓိကရည်ရွယ်ချက်မှာ အကယ်၍ ယခုကြိုးစားမှုသည် မအောင်မြင်ခဲ့ပါက လုမိသားစု၏ ကျယ်ပြန့်သော ဆေးပညာဆိုင်ရာ အရင်းအမြစ်များနှင့် DNA အချက်အလက်များကို အသုံးပြုကာ ယန်ရှီ၏ မိဘအရင်းများကိုရှာဖွေရန် သူမ၏အချက်အလက်များကို သိမ်းထားမည်ဖြစ်သည်။
ယန်ရှီသည် လုမိသားစုနှင့် ဆွေမျိုးတော်စပ်မည့် အခွင့်အရေးနည်းသည်ဟု ကျုံယန်စီမှ တွေးနေခဲ့သည်။ ယခုဘဝတွင် ဝတ္ထု ဇာတ်ညွှန်းများ ဝင်ရောက်နှောက်ယှက်မှုများကြောင့် ယန်ရှီနှင့် လုမိသားစုများကြားတွင် ပတ်သတ်နေသည့်အရာများရှိနေသော်လည်း မူလ ဝတ္ထုထဲတွင် သူတို့သည် မည်သည့်ဆက်နွယ်မှုမှ မရှိပေ။
Yellow Gem ကော်ဖီဆိုင်၌ ယန်ရှီနှင့် ကျုံယန်စီတို့သည် ဦးစွာရောက်ရှိနေပြီဖြစ်၏။
တွေ့ရန် ချိန်းထားသည့်အချိန်မှာ မနက် 10နာရီဖြစ်သည်။
ယန်ရှီသည် ရှေ့တွင်ရှိသော ကိတ်မုန့်ကို မထိပဲ mochaကို တစ်ငုံချင်း သောက်နေခဲ့သည်။
သူမသည် ထိုအဖြေ မဟုတ်ခဲ့လျှင်လည်း သူမ အဆင်ပြေ၍ ထိုအရာသည် ပုံမှန်အတိုင်းပင် ဖြစ်သည်ဟု ပြောနေသော်လည်း သူမ၏နှလုံးများမှာ ဆက်တိုက်ခုန်နေခဲ့သည်။
ကော်ဖီဆိုင်ထဲသို့ ဝင်လာသည့် လူတိုင်းအား ယန်ရှီမှ ခေါင်းမော့ ၍ ကြည့်နေခဲ့သည်။
ကျူံယန်စီသည် သူမကိုကြည့်လိုက်သည်။
“ အရင်တုန်းက DNA ရလဒ်တွေကလည်း ဒီလိုမျိုး စောင့်ခဲ့ရတာလား”
ယန်ရှီ : “ဒီထက်တောင်ပိုကြာတာကို စောင့်ဖူးတယ်”
“လုမိသားစုရဲ့ နည်းပညာက အရမ်းကောင်းလွန်းတယ်၊ အရင်တစ်ခေါက်က တစ်ပတ်လောက်စောင့်လိုက်ရတာ ပုံမှန်ပါပဲ”
ထို့သို့ အချိန်ကြာရှည်စွာ စောင့်နေရခြင်းသည် သူမ၏ စိတ်ကူးယဉ်မှုကို ပိုမိုပြင်းထန်စေပြီး သူမ၏စိတ်ထဲတွင် အသေးစိတ် အတွေးများဖြင့် ပြည့်နေခဲ့သည်။
သူမ၏ မိဘများသည် မည်သည့်ပုံစံဖြစ်မည်နည်း သူမ၏မိသားစုသည် မည်သည့်အခြေအနေများ ရှိမည်နည်း အကယ်၍ မောင်နှမများရှိလျှင် မောင်နှမများသည်လည်း သူမအား လက်ခံနိုင်မည်လား ဟု အမျိုးမျိုးတွေးနေခဲ့သည်။
ရလဒ်မရသေးသရွေ့ သူမတွင် မျှော်လင့်ချက်များရှိနေခဲ့သည်။
သို့သော် ရလဒ်သည် အနုတ်ဘက်ပြနေပါကဟူသောအတွေးသည် သူမ၏စိတ်ကူးယဉ်ထားသည့်အရာများကို ပျောက်ကွယ်သွားစေတော့သည်။
သို့သော် ယန်ရှီသည် ဆက်လက်၍ ကြိုးစားနေဆဲဖြစ်သည်။
ဟန်မြို့တွင်ရှိစဉ်က သူမသည် လုပေယွီကို လိမ်ညာခဲ့ခြင်း ဖြစ်၏။
ယန်ရှီသည် သူမ၏ မိသားစုအကြောင်း အစစ်အမှန်ကို ရှာဖွေချင်စိတ်ပျောက်သွားခဲ့သည်ဟု ပြောခဲ့သော်လည်း ဆန့်ကျင့်ဘက်အနေနှင့် သူသည် မိဘများကို ဆက်လက်ရှာဖွေချင်နေခဲ့သည်။
အကယ်၍ သူတို့သည် သာမန်လူတန်းစားများဖြစ်ခဲ့လျှင် ၊ သူတို့သည် ဆင်းရဲနွမ်းပါးနေသူများ ဖြစ်ခဲ့လျှင် ၊ သူတို့သည် သူမအားပြန်မလိုချင်တော့ပင်လျှင် ဒါမှမဟုတ် သူတို့သည် တမင်တကာ စွန့်ပစ်ခဲ့သည်ဆိုလျှင်တောင်ပင် ယန်ရှီသည် ဆက်၍ သိချင်နေဆဲဖြစ်သည်။
သူမ၏ သွေးသားထဲတွင် ဆက်နွယ်နေသည့် အရာများကြောင့် သူမ၏ မိဘများမှာ မည်သူဖြစ်သည်ကို သိချင်စိတ်ပြင်းပြနေခဲ့ခြင်းဖြစ်သည်။
လူတိုင်းတွင် မိဘများရှိကြပြီး သူမတွင်လည်းရှိသင့်သည်။ အကယ်၍ အတူတူနေထိုင်၍ မရနိုင်လျှင်လည်း တစ်ခါလောက်တွေ့ဆုံလိုက်လျှင်ကိုပင် လုံလောက်ပြီဖြစ်သည်။
အချိန်များမှာ ကုန်လွန်ခဲ့လေသည်။
ကော်ဖီဆိုင်ထဲရှိနာရီသည် 10နာရီကျော်ပြီဖြစ်သော်လည်း လုဝမ်နင်သည် မရောက်လာခဲ့ပေ။
ယန်ရှီအတွက်တော့ ထိုမျှတိတ်ဆိတ်နေခြင်းမှာ လုံလောက်သည့် အဖြေတစ်ခုပင် ဖြစ်သည်။
သူမ ငယ်ရွယ်သည့်အချိန်၌ ဆေးရုံများသည် DNA ရလဒ်များကို မိဘများထံသို့ ဦးစွာ အမြဲပြလေ့ရှိသည်။
တစ်ချို့မိသားစုသည် ရလဒ်များ မကောင်းကြသောကြောင့် ယန်ရှီကိုပင် ပြောရန်မေ့နေခဲ့ကြသည်။
သူမသည် ကော်ဖီဆိုင်၏ အဝင်ပေါက်ကိုကြည့်လိုက်သည့်အခါ၌ တစ်ယောက်မှဝင်လာခြင်းမရှိဘဲ ရှင်းလင်းနေခဲ့သည်။
“ ဒီတစ်ကြိမ်လည်း မဟုတ်ပြန်ဘူး”
တိုးတိုးလေးညည်းလိုက်သည်။
ကျုံယန်စီသည် ရင်ခွင်ထဲတွင် နာကျင်သွားရသည်။
သူသည် ယန်ရှီကို ဆွဲဖက်လိုက်၏။
“ အဆင်ပြေပါတယ်”
ယန်ရှီသည် မိမိကိုယ်ကို အားပေးနေခဲ့သည်။
“ တစ်ခြားအခွင့်အရေးတွေရှိပါသေးတယ်၊ ကျွန်မတို့ တစ်နေ့နေ့မှာ သူတို့ကိုတွေ့မှာပါ”
ကျုံယန်စီသည် သူမ၏ခေါင်းကို ညင်သာစွာပွတ်လိုက်သည်။
“ဒါပေါ့ တကယ်လို့ ဟိုင်မြို့မှာ အဖြေမရခဲ့ဘူးဆိုရင် ကိုယ်တို့ တစ်ခြားနေရာတွေမှာသွားရှာကြမယ်”
ယန်ရှီနှင့် ကျုံယန်စီတို့သည် ပြန်ဖို့ရန်အတွင် ထလိုက်ကြသည်။
ဓာတ်လှေကားထဲတွင် ယန်ရှီသည် စိတ်တည်ငြိမ်စေရန်အတွက် အသက်ပြင်းပြင်းရှူလိုက်၏။
ယန်ရှီသည် သူမ၏ဖုန်းကိုဖွင့်ကာ လင်းကျီထံသို့ ရှင်းယောင်ကုမ္ပဏီကို မကြာခင်ရောက်တော့မည်ဟုပို့ရန်လုပ်နေချိန်တွင်
နောက်စက္ကန့်ပိုင်းလေးမှာ ဓာတ်လှေကားဘေးမှာ လှေကားတွင် လုဝမ်နင်က လုပေယွီကို ပြောဆိုပြီး ထွက်လာကြတယ်။
“ လုပေယွီ အရူးကောင်၊ နင်တကယ်လို့ နောက်တစ်ခါ မြို့အပြင်ဘက်ကို ထပ်မှားပြီး လမ်းညွှန်ရင် ငါ နင့်ကိုလည်ပင်းညှစ်သတ်ပစ်မယ်၊ နားလည်လား”
လုဝမ်နင်သည် လုပေယွီ၏ နားရွက်ကိုဆွဲလိမ်လိုက်သောအခါ၌ သူ့မှာ အော်ဟစ်လိုက်တော့သည်။
“ နာမည်တူနေတဲ့ ကော်ဖီဆိုင်နှစ်ဆိုင် ရှိနေတာကို ကျွန်တော်မှမသိတာ၊ ကျွန်တော်က လိပ်စာမှန်တယ်ပဲထင်နေတာလေ”
“ ပြီးတော့ ကုန်တိုက်ရဲ့ ဓာတ်လှေကားကလည်း ပျက်ပြီး ဆယ်ထပ်တောင်တက်ခဲ့ရတာ၊ ဒီလိုကံဆိုးမယ်လို့ ဘယ်သူထင်မှာလဲ”
“ကျဲ ကျွန်တော့်ရဲ့နားကိုလွှတ်ပေးပါ၊ တောင်းပန်ပါတယ် ကျွန်တော်မှားတယ်လို့ဝန်ခံပါတယ်နော် ကျဲ၊ ဟုတ်ပြီလား”
“ တကယ်လို့ ဒီနေ့ ယန်ရှီနဲ့မတွေ့ရရင် နင့်ကို အရှင်လတ်လတ် အရေခွံစုတ်ပစ်မယ်”
လုဝမ်နင်သည် လုပေယွီအား ဆူနေရင်း ဓာတ်လှေကားတွင် ယန်ရှီရပ်နေသည်ကို မြင်လိုက်ရသည့်အခါ၌ မှင်သက်သွားခဲ့သည်။
လုဝမ်နင်၏ ဒေါက်မြင့်ဖိနပ်များသည် လှေကားတက်လာရသောကြောင့် ပျက်စီးနေခဲ့ပြီး သူမ၏ မိတ်ကပ်များသည်လည်း ချွေးများဖြင့် စိုရွှဲနေခဲ့သည်။
သို့သော် ယန်ရှီကို မြင်လိုက်ရသည့်အခါ၌ အရာအားလုံးမှာ ထိုက်တန်သွားခဲ့သည်။ အနှစ် နှစ်ဆယ်ကျော်ကြာကြာ ရှာဖွေမှုများမအောင်မြင်ခဲ့ခြင်းကြောင့် သူတို့သည် ဒီထက်ဆိုးသည့် အခြေအနေများကို လက်ခံခဲ့ကြရသည်။ ယနေ့၏ အလွဲများမှာ အခက်အခဲဟု မဆိုနိုင်ပေ။
လုဝမ်နင်သည် လျင်မြန်စွာပြေးလာ၍ ယန်ရှီကို တင်းကြပ်စွာဆွဲဖက်လိုက်သည်။
သူမသည် မျှော်လင့်ချက်မရှိနိုင်တော့ဘူးဟု တွေးကာ စိတ်လျှော့လိုက်သည့်အချိန်၌ လုဝမ်နင်နှင့် လုပေယွီတို့၏ အသက်ရှူမှားလောက်အောင်ပင် သွေးပျက်နေသည့်ပုံစံများကိုမြင်လိုက်ရသည့်အခါ၌ ယန်ရှီမှာ မှင်သက်သွားခဲ့သည်။
ထို့နောက်လုဝမ်နင် ပြောလိုက်သော ပထမဆုံးစကားတစ်ခွန်းမှာ သူမအား အလွန်ပင် စိတ်လှုပ်ရှားသွားစေခဲ့သည်။
“ ရှီရှီ ငါတို့ အနှစ် နှစ်ဆယ်ကျော်အောင် ရှာနေခဲ့တာ နောက်ဆုံးတော့ နင့်ကို ရှာတွေ့ပြီ”
“ ဒီနှစ်တွေအများကြီး ငါတို့ နင့်ကို အရမ်းလွမ်းနေကြတာ”
ယန်ရှီ၏ မျက်လုံးများမှာ ကျယ်လာခဲ့ပြီး သူမ၏နှာခေါင်းမှာ ကျိန်းစပ်လာခဲ့သည်။ ငါးနှစ်တာကြာပြီးနောက် သူမသည် နောက်ဆုံးတွင် အဖြေရရှိခဲ့လေပြီ။
……
ယခင်ညတွင် လုဝမ်နင်သည် လုမိသားစု၏ မျိုးရိုးဗီဇစစ်ဆေးသည့်ဌာနတွင် DNA အဖြေကို ကြည့်ရှုပြီးခဲ့ပြီးဖြစ်သည်။
ပို၍ သေချာရန်အတွက် ဆရာဝန်အမြောက်အမြားကိုခေါ်၍ စစ်ခိုင်းခဲ့သည်။
သူမသည် ထိုအမှန်တရားအား ယန်ရှီထံသို့ message တစ်ခုပို့၍ မြန်မြန်ဆန်ဆန်နှင့်လွယ်ကူစွာပို့လို့ရသည်။
သို့သော် ယန်ရှီသည် ထို DNA စစ်ဆေးမှုအကြောင်းကိုမသိသေးပေ။ ထို့ကြောင့် လုဝမ်နင်သည် လူကိုယ်တိုင်တွေ့၍ ပြောချင်နေခဲ့သည်။ သူမတွင် ပြောစရာစကားများ အများကြီးရှိနေခဲ့သည်။
……
Topaz ကော်ဖီဆိုင်တွင်။
လုဝမ်နင်သည် ယခင်နေ့မှ စစ်ဆေးချက်ရလဒ်များကို ထုတ်ပြလာသည်။ သူမနှင့် ယန်ရှီသည် ယခင်က ထိုစစ်ဆေးချက်ရလဒ်များကို အကြိမ်ပေါင်းများစွာ မြင်ခဲ့ဖူးသည်။
သို့သော် ယခုတစ်ခေါက်တွင် သူမနှင့် ယန်ရှီသည် ညီအစ်မအရင်းတွေဖြစ်ကြောင့် ထိုရလဒ်တွင် အတည်ပြုထားခဲ့သည်။
လုဝမ်နင်သည် မတူညီသည့် စစ်ဆေးချက်ရလဒ် သုံးခုကို ခွဲယူခဲ့ပြီး ထိုရလဒ်များတွင် ယန်ရှီသည် လုပေယွီ၊ ဥက္ကဌလု၊ မဒမ်လု တို့နှင့် သွေးသားတော်စပ်ကြောင်း သက်သေပြနေခဲ့သည်။
ယခင်က အလွဲအမှားများကြောင့် လုပေယွီသည် ယခုတစ်ခေါက်တွင် သတိကြီးစွာထား၍ ကြိုတင်ပြင်ဆင်ခဲ့သည်။
“ ရှီရှီ ဒီ စစ်ဆေးချက်ရလဒ်တွေက မလိမ်ပါဘူး၊ နင်က ငါတို့မိသားစုရဲ့ ပျောက်ဆုံးနေတဲ့ သမီးပါ”
ယန်ရှီသည် ထိုစစ်ဆေးချက်ရလဒ်များကို ငိုင်၍ စိုက်ကြည့်နေခဲ့ပြီး အစစ်အမှန်မဟုတ်သလိုပင် ခံစားနေရသည်။
အချိန်အတော်ကြာ စောင့်နေခဲ့ရသည့် ဆန္ဒတစ်ခုသည် ပြည့်ဝခဲ့သော်လည်း အနာဂတ်တွင် မရေရာမသေချာသလိုပင် ခံစားနေခဲ့ရသည်။
သူမသည် ရင့်ကျက်လာခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ အကယ်၍ သူမကလေးဘဝတွင် မိဘများကို ရှာတွေ့ခဲ့ပါက သူမသည် မိဘများ၏ရင်ခွင်ထဲသို့ဝင်ကာ စိတ်ဆိုး၍ နာပူနေခဲ့ပြီး အတိတ်တွင် သူမခံစားခဲ့ရသော နာကျင်မှုများကို ဖွင့်ပြောပြခဲ့မည်ဖြစ်သည်။
သို့သော် သူမသည် အသက်နှစ်ဆယ်ရှိပြီဖြစ်၍ အရွယ်ရောက်နေပြီ ဖြစ်၏။ ထိုလူများသည် သူမ၏ မိသားစုဝင်များဖြစ်၍ သူမ အရမ်းပျော်ရွှင်နေသော်လည်း ဖွင့်မပြောနိုင်သည့် ဝေးကွာမှုနှင့် သူစိမ်းဆန်မှုများရှိနေခဲ့သည်။
သူတို့သည် သွေးသားတော်စပ်မှုရှိကြသော်လည်း နှစ်ပေါင်း နှစ်ဆယ်ကျော် ခွဲခွာနေခဲ့ရခြင်းကြောင့် သူစိမ်းလိုပင် ဖြစ်နေခဲ့ကြသည်။
လုဝမ်နင်သည် ယန်ရှီ၏ တုံ့ဆိုင်းနေပုံကို သတိထားမိခဲ့ပြီး နူးနူးညံ့ညံ့ဖြင့် ပြောလာခဲ့သည်။
“ ရှီရှီ ပါးပါးနဲ့ မားမားက ဒီရလဒ်တွေကို သိပြီးပြီ သူတို့အိမ်မှာစောင့်နေကြတယ်၊ အစ်မတို့နဲ့အတူ သူတို့ကိုသွားတွေ့ကြမလား”
ယန်ရှီသည် သူမအားကြည့်လိုက်သည်။
“ အစ်မဆိုလိုတာက လုမိသားစုအိမ်ကိုလား”
“ ဥက္ကဌလုနဲ့ မဒမ် လုက ဘာလို့ လိုက်မလာကြတာလဲ”
ကျုံယန်စီမှ မေးလိုက်သည်။
ယခင်တစ်ခေါက်တွင် လုမိသားစုသည် ယန်ရှီကို ရှာရန်အတွက် ကျုံစံအိမ်ကို လာရောက်သည့်အခါ၌ ကျုံယန်စီ မရှိသော်လည်း ဥက္ကဌလုနှင့် မဒမ်လုတို့သည် လူကိုယ်တိုင် လာရောက်ခဲ့ကြောင်းကို သူ၏ ပါးပါးထံမှ သတင်းကြားခဲ့ရသည်။
ယခုတွင် ထိုရလဒ်များသည် အောင်မြင်စွာ အတည်ပြုပြီးပြီဖြစ်၍ သူတို့ ရောက်မလာနိုင်စရာ အကြောင်းမရှိပေ။
လုပေယွီ၏ မျက်နှာအမူအရာမှာ ဖျော့တော့သွားခဲ့သည်။
“ မားမားက ဖျားနေတယ် ၊ ပါးပါးက သူ့ကို အိမ်မှာ ဂရုစိုက်ပေးနေရတယ်”
ယန်ရှီသည် မှင်သက်သွားခဲ့သည်။
“အရင်က DNA ရလဒ်ကြောင့်များလား”
ပထမတစ်ခါတွင် အောင်မြင်သည့်စစ်ဆေးရလဒ်ကြောင့် ပျော်ရွှင်ခဲ့ရပြီးနောက် ပြန်၍ သူတို့၏သမီးကို ဆုံးရှုံးလိုက်ရခြင်းကြောင့် မည်သည့်မိခင်ဆို နေမကောင်းဖြစ်ကြမည်ပင်။
လုဝမ်နင်နှင့် လုပေယွီတို့သည် ထိုအရာအား ငြင်းပယ်၍ မရှိခြင်းကို မြင်လိုက်ရသည့်အခါ၌ ယန်ရှီသည် သူမ၏ခန့်မှန်းချက်မှာ အမှန်တရားဖြစ်နိုင်သည်ဟု ကောက်ချက်ချလိုက်သည်။
သူမသည် ခေါင်းကိုငုံ့ကာ အပြစ်ရှိသည့်ပုံစံဖြင့်ပြောလာခဲ့သည်။
“ တောင်းပန်ပါတယ်”
လုဝမ်နင်သည် ယန်ရှီမှ သွေးနမူနာများ ပြောင်းလဲခဲ့အကြောင်းကိုမသိခဲ့ခြင်းမှာ ကျုံယန်စီမှ သူမအား မပြောပြခဲ့ခြင်းကြောင့် ဖြစ်သည်။
လုဝမ်နင်သည်သူမအား နူးနူးညံ့ညံ့ဖြင့် နှစ်သိမ့်ပေးခဲ့သည်။
“ အရင်က ညီမလေး စစ်ဆေးဖို့ ငြင်းခဲ့တာကလည်း အကြောင်းအရင်းရှိလို့နေမှာပါ ပြီးတော့ ရလဒ်တွေက မကိုက်ညီဘူးလို့ပြနေတာကလည်း ကျဲတို့ အမှားတွေပါပဲ၊ ဘယ်လိုလုပ် ညီမလေးကို အပြစ်တင်ရက်မှာလဲ”
“ ညီမလေကို စောစောစီးစီးရှာမတွေ့ခဲ့တာက ကျဲတို့ရဲ့အမှားပါ”
အကယ်၍ သူတို့သည် ယန်ရှီအား စောစောရှာတွေ့ခဲ့ပါက သူမ၏ မိသားစုနှင့်ပြန်လည်တွေ့ဆုံရန်အတွက် ထိုမျှလောက် စိမ်းကားနေမည် မဟုတ်သည်ဟု လုဝမ်နင်မှ တွေးမိခဲ့သည်။
ယန်ရှီသည် အားကိုးရာမရှိသည့်သူတစ်ယောက်သာဖြစ်ပြီး လုမိသားစုသည် ချမ်းသာကြွယ်ဝ၍ ဩဇာအာဏာရှိသည်။
အထူးသဖြင့် သူတို့သည် တစ်မြို့ထဲတွင် နေထိုင်နေကြသောကြောင့် သူမအား စောစောရှာတွေ့သင့်သည်။
လုဝမ်နင်သည် ယန်ရှီ၏လက်ကို ဆုပ်ကိုင်လိုက်သည်။
“ ရှီရှီ အစ်မတို့အိမ်ပြန်ကြရအောင်လေ ဟုတ်ပြီလား”
ယန်ရှီသည် အနည်းငယ် တုံ့ဆိုင်းနေသော်လည်း သူမ၏မိဘအရင်းများနှင့်ပတ်သတ်သည့်အကြောင်းအရာများကို စူးစမ်လိုသောကြောင့် ခေါင်းညိမ့်လိုက်သည်။
……
ကုန်တိုက်၏ ဓာတ်လှေကားသည် တစ်နာရီကျော်လောက် ယာယီပြုပြင်နေခဲ့သည်။
ယန်ရှီနှင့်အခြားသူများထွက်ခွာသွားချိန်တွင် ဓာတ်လှေကားသည် ပြင်ဆင်ပြီးပြီဖြစ်၏။
မြေအောက်တွင်ရှိသော ကားပါကင်တွင် လုဝမ်နင်သည် ယန်ရှီအား လုပေယွီနှင့်အတူတူ အနောက်ထိုင်ခုံတွင် ထိုင်ခိုင်းလိုက်ပြီး သူမသည် ကားမောင်းမည့်ခုံတွင် ထိုင်လိုက်သည်။
လုပေယွီ ကားထဲသို့ မဝင်ခင်တွင် ကျုံယန်စီသည် နောက်မှလိုက်လာသည်။
လုဝမ်နင်သည် သူ့အား စိုက်ကြည့်လိုက်သည်။
“ကျွန်မတို့က ကျွန်မတို့ညီမလေးကို အိမ်ပြန်ခေါ်သွားမလို့လေ ရှင်က ဘာလိုက်လုပ်မှာလဲ”
ကျုံယန်စီ: ?
“ DNA ကို ပြန်စစ်ဖို့သတိပေးခဲ့တာက ကျွန်တော်ပါနော်၊ မင်းက ကျွန်တော်ကို ဒီလိုကျေးဇူးပြန်ဆပ်တာလား”
လုပေယွီသည် တိုးတိုးလေးပြောလာခဲ့သည်။
“ကျဲ သူက ကျွန်တော်တို့အိမ်ရဲ့ အနာဂတ် သားမက်နော်”
လုဝမ်နင်သည် မျက်မှောင်ကြုတ်လိုက်သည်။
ကားမောင်းရန်ထိုင်ခုံနေရာမှ အနောက်တွင်ရှိသော ယန်ရှီကို လှည့်ကြည့်လိုက်သည်။
“ ရှီရှီ အခုအရာအားလုံးက အရင်ကနဲ့မတူတော့ဘူး၊ ကျဲတို့မိသားစုက ပိုက်ဆံလုံလုံလောက်လောက်ရှိတယ် ငွေရေးကြေးရေးအတွက် တစ်ခြားသူကို မှီခိုနေစရာမလိုတော့ဘူး”
ကျုံယန်စီ: ???????
“တစ်ခုလောက်မေးပါရစေ၊ ကျွန်တော်နဲ့အတူတူရှိတာက ဘယ်လိုလုပ် ‘မှီခိုတာ’ ဖြစ်ရတာလဲ”
လုဝမ်နင်သည် သူ့အား မလိုလားသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
“ ကျုံယန်စီ ရှင်အရှက်ရှိစမ်းပါ၊ ရှင်က အခု အသက် 30နားနီးနေပြီ ကျွန်မ ညီမက အခုမှ အသက် 20ပဲရှိသေးတာ ကလေးကို မုန့်ပေးကြိုက်တာက အကန့်အသတ်ရှိတယ်ရှင့်”
ကျုံယန်စီမှာ ပြောစရာစကားပင် ပျောက်သွားတော့သည်။
ဘယ်အချိန်ကတည်းက အသက်အရွယ်ကွာခြားခြင်းသည် သူထိန်းချုပ်လို့ရသည့်အရာဖြစ်သွားခဲ့သနည်း။
ထို့အပြင် အသက် 7နှစ်ကွာခြားခြင်းသည် သိပ်မဆိုးသည့်အရာ မဟုတ်ပေ။
သူသည် ရုတ်တရက်ပင် ယနေ့ဝတ်လာသည့် ဝတ်စုံအပြည့်ကို နောင်တရနေခဲ့သည်။ သူသည် ဒီထက်ပို၍ ပေါ့ပေါ့ပါးပါးလေး ဝတ်လာခဲ့သင့်သည်။
ယန်ရှီသည် ပရိပက္ခများမဖြစ်စေရန် ကြားထဲမှကြိုးစားဖြေရှင်းလိုက်သည်။
“ တကယ်တော့ အသက်က အဲလောက် ကွာတာလည်း မဟုတ်ပါဘူး”
သူမသည် ကျုံယန်စီနှင့် အတူတူသွားရန် အဆင်မပြေသည်ကို သဘောတူခဲ့လိုက်သည်။
သူမသည် ကားထဲမှထွက်၍ သူ၏လက်မောင်ကို ပုတ်လိုက်သည်။
“ ရှင် ကျုံလုပ်ငန်းစုကို အရင်ပြန်သွားသင့်တယ်မဟုတ်လား၊ ကျွန်မ လုဝမ်နင်နဲ့အခြားသူတွေနဲ့ရော အကုန်အဆင်ပြေပါတယ်”
“မင်းတစ်ယောက်တည်းသွားမှာကို ကိုယ်မလိုလားဘူး”
“ ဘာတွေအဲလောက်စိုးရိမ်နေတာလဲ”
လုဝမ်နင်သည် သူ့အား မကျေနပ်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
“ သူက ကျွန်မရဲ့ ညီမအရင်းပါနော်”
“ကျဲကျဲ”
လုပေယွီသည် ကြားထဲမှ အဆင်ပြေအောင် ညှိပေးလေတော့သည်။
“ကျွန်တော်တို့က အခုမှ အာ့ကျဲကို ပြန်တွေ့တာပါ ကျွန်တော်တို့နဲ့က သူစိမ်းတွေလိုဖြစ်နေသေးတယ်လေ ဥက္ကဌကျုံနဲ့ အာ့ကျဲနဲ့က သိလာတာ နှစ်တွေကြာပြီဆိုတော့ ကျွန်တော်တို့ထက် ပိုရင်းနှီးတာ ဖြစ်သင့်ပါတယ်”
(T/N အာ့ကျဲ- ဒုတိယအစ်မ)
လုဝမ်နင်သည် စိတ်ဓာတ်ကျသွားခဲ့သည်။
သူမ၏ ညီမအရင်းတစ်ယောက်အကြောင်းအား သူမထက် အခြားယောကျာ်းတစ်ယောက်က ပိုသိနေသည်မှာ မည်သို့ တရားမျှတမည်နည်း။
ထိုအချိန်တွင် ကားပါကင်၌ ကျယ်လောင်လှသည့် အင်ဂျင်စက်သံတစ်ခု ကြားလိုက်ရပြီး ဗန်ကားတစ်စီးသည် ယန်ရှီနှင့် ကျုံယန်စီတို့၏ဘေးတွင်ရပ်လိုက်သည်။
ကျုံချင်းယွီသည် သူမ၏ ကြီးမားလှသောနေကာမျက်မှန်ကို ခေါင်းပေါ်တင်လိုက်ကာ ကားထဲမှ ထွက်လာခဲ့သည်။
“ ကျွန်မ ရှီရှီကို လုမိသားစုဆီ ခေါ်သွားမယ်”
ကျုံယန်စီသည် မျက်မှောင်ကြုတ်လိုက်သည်။
“မင်း ဒီမှာ ဘာလာလုပ်ဝာာလဲ”
ယန်ရှီသည် ကြောက်ရွံ့စွာဖြင့် သူမ၏လက်ကိုမြှောက်လိုက်သည်။
“ ကျွန်မ ချင်းချင်းကို ပြောလိုက်တာပါ”
သူမသည် ယခင်က DNA စစ်ဆေးမှုအများအပြားလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ခြင်းကြောင့် ကျုံချင်းယွီအားပြောရန် လိုအပ်သည်ဟု မထင်ခဲ့ပေ။သို့သော် ယခုတစ်ခေါက်တွင် အောင်မြင်သွားမည်ဖြစ်သောကြောင့် သူမသည် ကျုံချင်းယွီအား အသိပေးခဲ့သည်။
သူမသည် ရလဒ်ရရချင်းမှာပင် ကျုံချင်းယွီထံသို့ message ပို့ခဲ့လိုက်ခြင်းဖြစ်သည်။
ကျုံချင်းယွီသည် ယန်ရှီ၏လက်ကိုဆွဲကာ သူမ၏လက်မောင်းတွင် ချိတ်လိုက်သည်။
“ နင်က လက်မထပ်ရသေးဘူးလေ ဘာလို့အဲလောက်လောနေတာလဲ၊ သူက ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းပဲ အဲတော့ ငါက သူနဲ့အတူတူသွားသင့်တဲ့သူပဲ”
ကျုံယန်စီသည် ပြိုင်ပြောရန် ပါးစပ်ဖွင့်လိုက်သော်လည်း ကျုံချင်းယွီသည် သူ၏ နေကာမျက်မှန်နှင့် သူ၏ရင်ဘတ်ကို ထိလိုက်သည်။
“ နင်တို့တွဲလာတာ ဘယ်လောက်ကြာပြီမလို့လဲ ငါ့လောက် နင်သူ့ကို ကောင်းကောင်းသိလို့လား၊ နောက်ဆုတ်နေလိုက်တော့ ငါ သူ့အနားမှာရှိတာကို ဘယ်သူက စိတ်မချမ်းသာအောင် လုပ်ရဲမှာလဲ”
ကျုံယန်စီ၏ စိတ်ထဲတွင် ထူးဆန်းသည့် အဆင်မပြေမှုများဖြစ်သွားသော်လည်း သူမပြောသည်မှာ အဓိပ္ပာယ်တစ်ခုရှိနေသည်။
ကျုံချင်းယွီရှိနေပါက လုမိသားစုသည် ယန်ရှီကို ခက်ခဲအောင်လုပ်မည် မဟုတ်ပေ။
ထို့အပြင် အကယ်၍ ယန်ရှီသည် လုမိသားစုထံသို့ ပြန်သွားပါက ကျုံယန်စီသည် သူမနှင့်အတူနေချင်သောကြောင့် သူတို့၏ အကောင်းမြင်မှုကို ရရှိရန် ကြိုးစာရဦးမည်ဖြစ်သည်။
သူသည် သဘောမတူချင်တူချင်နှင့် ခေါင်းငြိမ့်လိုက်သည်။
သူမသည် ယန်ရှီဘက်ကိုလှည့်လိုက်သည်။
“မင်းလိုအပ်တာရှိရင် ကိုယ့်ကိုချက်ချင်းခေါ်လိုက်နော်”
……
ကျုံယန်စီသည် Aston Martin ကားဖြင့် မောင်းထွက်သွားခဲ့သည်။
အချိန်ခဏတာ ဆွေးနွေးပြီးနောက်တွင် လုစံအိမ်သို့ သွားရန်အတွက် လုဝမ်နင်၏ ကားထဲမှထွက်ကာ ကျုံချင်းယွီ၏ ဗန်ကားထဲသို့ ဝင်ရန်ဆုံးဖြတ်လိုက်သည်။
လုဝမ်နင်သည် စက္ကန့်အနည်းငယ် တုံ့ဆိုင်းနေသော်လည်း နောက်ဆုံး၌ သဘောတူလိုက်သည်။ သူမသည် ခရီးသွားရသစုံရှိုးကို ကြည့်ခဲ့ဖူးသည်ဖြစ်၍ ကျုံချင်းယွီနှင့်ယန်ရှီတို့ မည်မျှရင်းနှီးသည်ကို သိကြသည်။
ထိုင်ခုံနေရာများ အဆင်ပြေသွားသည့်အခါ၌ ကျူံချင်းယွီသည် ချက်ချင်းပင် ယန်ရှီအား ကားထဲသို့ ခေါ်သွားတော့သည်။
သူမသည် နားမလည်တော့ပေ။ ယခင်တစ်ခေါက်တွင် ယန်ရှီသည် DNA စစ်ဆေးမှုများကို မလုပ်ချင်သည်ပင် ဖြစ်သည်။
ယခုတွင် သူမသည် အဘယ့်ကြောင့် ချက်ချင်းပင် လုမိသားစု၏ သမီးဖြစ်သွားရသနည်း။
“ လုမိသားစုက နင့်ကိုခြိမ်းခြောက်ခဲ့သေးတာလား တကယ်ဟုတ်တယ်ဆိုရင် ခေါင်းသာငြိမ့်ပြလိုက်၊ ငါ လုမိသားစုကို နည်းနည်းလေးမှ မကြောက်ဘူး”
ယန်ရှီသည် မရယ်မိအောင် ထိန်းလိုက်သည်။
“ အရင်က DNA ရလဒ်ကို ငါတို့ အတည်မပြုနိုင်တဲ့ အကြောင်းပြချက်လေးတွေရှိနေလို့ပါ ဒါပေမဲ့ အခုအကုန်အဆင်ပြေသွားပြီ”
ကျုံချင်းယွီသည် ထိုအခါမှ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။
သူမသည် ထိုသတင်းကြားကြားချင်း၌ အလွန်ပင် စိတ်ရှုပ်သွားကာ ယန်ရှီကို ပြန်ပေးဆွဲသွားကြသည်ဟုတောင် တွေးလိုက်မိသည်။
သူမသည် နေ့လည်စာကိုတောင် မစားနိုင်တော့ပဲ အမြန်ပြေးလာခဲ့ခြင်းဖြစ်သည်။
သူမသည် ခါးကိုမတ်လိုက်ကာ ယန်ရှီ၏ ပုခုံးကို ပုတ်၍ပြောလာခဲ့သည်။
“ စိတ်မပူပါနဲ့ ငါနင်နဲ့အတူတူ လုမိသားစုဆီကို လိုက်ခဲ့မယ်၊ တကယ်လို့ သူတို့က နင့်ကို ဆိုးဆိုးရွားရွားဆက်ဆံတယ်ဆိုရင် ငါတို့ချက်ချင်းလှည့်ပြန်ကြမယ်၊ သူတို့မှာ ပိုက်ဆံရှိတော့ရော ဘာလုပ်ရမှာလဲ ဘယ်သူ့မှာ ပိုက်ဆံမရှိလို့လဲ၊ တကယ်လို့ လုမိသားစုမရှိရင်အောင် ငါ နင့်ကို ကောင်းကောင်းမွန်မွန်ထားနိုင်တယ်”