← Chapters

Chapter 105

Vol. 11 Ch. 105

Chapter 105

Vol. 11 Ch. 105

လုဝမ်နင်းသည် မလှမ်းမကမ်းတွင်ရပ်နေကာ ကျုံချင်းယွီပြောသမျှအားကြားလိုက်ရသည်။

ရုတ်တရက် သူမနားလည်သွားခဲ့သည်။ ကျုံယန်စီနဲ့ကျုံချင်းယွီမတည့်ကြဘူးလို့ဘယ်သူပြောတာလဲ။ ၎င်းတို့နှစ်ဦးမှာ တူညီလွန်းလေသည်။ ၎င်းတို့နှစ်ဦးလုံးသည် သူမ၏ညီမလေးအား သူမထံမှခေါ်သွားချင်နေကြသည်။

လုဝမ်နင်းသည် ဒေါသတကြီးလှည့်လာကာ

“ကျုံချင်းယွီ ငါ့ညီမလေးကိုပျိုးထောင်ဖို့အတွက် နင့်အကူအညီမလိုပါဘူး၊ ငါတို့လုမိသားစုက သူမကို ငါတို့ဘာသာဂရုစိုက်နိုင်တယ်”

ကံမကောင်းစွာဖြင့် ကျုံချင်းယွီသည် ကားထဲရောက်သွားပြီဖြစ်ကာ လုဝမ်နင်း၏စကားများအားမကြားလိုက်ပေ။

လုပေယွီသည် လုဝမ်နင်းအားနှစ်သိမ့်လိုက်သည်။

“ကျဲ ဒေါသမဖြစ်ပါနဲ့၊ မစ္စက လင်းမိသားစုရဲ့ဒုတိယသမီးမှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်မျိုးထပ်ဖြစ်မှာစိုးရိမ်နေလို့ပါ၊ ကျဲလည်း သိတာပဲ လင်းမိသားစုကဒုတိယသမီးကို ကောင်းကောင်းမဆက်ဆံဘူးလေ၊ လင်းရန်ရန်ကိုသိပြီးတဲ့နောက်မှာလည်း သူမကိုကောင်းကောင်းမဆက်ဆံကြဘူးလေ၊ အဲတာကြောင့် မစ္စ စိတ်ပူနေတာကပုံမှန်ပါပဲ”

လုဝမ်နင်းရပ်တန့်သွားခဲ့သည်။

သူမသည်လည်း လင်းမိသားစု၏အဖြစ်အပျက်များအားသိပြီးဖြစ်သည်။

လင်းမိသားစုမှ လင်းရန်ရန်အား သူမပြန်ရောက်လာပြီးနှစ်အနည်းငယ်အတွင်းမှာ အနည်းငယ်ဂရုစိုက်ပေးခဲ့မည်ဆိုလျှင် သူမသည်အထက်တန်းလွှာများအတွင်း တောကျသည့် ဆက်ခံသူတစ်ယောက်အနေနှင့် လှောင်ပြောင်ခံရမည်မဟုတ်ပေ။

အမှန်တွင်လည်း ယန်ရှီစိတ်လှုပ်ရှားနေခြင်းမှာပုံမှန်ပင်ဖြစ်သည်။ လုမိသားစုတွင်သာမဟုတ်ပဲ အခြားသာမန် မိသားစုများပင်လျှင် ကလေးတစ်ဦးပိုရှိလာခြင်းသည် အချစ်အားမျှေဝရခြင်းဖြစ်လေသည်။ ထိုကြောင့်မိသားစုထံ နှစ်အနည်းငယ်ကြာပြီးမှပြန်ရောက်လာသည့် ကလေးများသည် ကောင်းကောင်းအချစ်မခံရပေ။

အကယ်၍ လုမိသားစုတွင် ယန်ရှီသာတစ်ဦးတည်းသောသမီးဖြစ်မည်ဆိုလျှင် အရေးမကြီးသော်ညား ကံမကောင်းစွာဖြင့် သူမတို့၏မိသားစုထဲတွင် ကလေးများစွာရှိ၍ အငြင်းပွားမှုများရှိလာနိုင်သည်။

“ရှီရှီကို သူမအိမ်ပြန်ရောက်လာရင် ကောင်းကောင်းဂရုစိုက်ပေးလိုက်”

လုဝမ်နင်း လုပေယွီအားပြောလိုက်သည်။

“ငါတို့တွေကရှီရှီနဲ့မရင်းနှီးကြပေမဲ့ မင်းကသူမနဲ့အတူ ရသစုံရှိုးရိုက်ဖူးတယ်၊ မင်းကအခုသူမအမျိုးတွေထဲမှာအရင်းနှီးဆုံးသူပဲ”

ပေယွဲ့ပိုင်သည် မတ်မတ်ရပ်လိုက်ကာ

“နားလည်ပါပြီ”

ဗင်ကားထဲတွင် ရှောင်မုန့်သည်ကားမောင်းနေကာ ယန်ရှီနှင့်ကျုံချင်းယွီသည် အနောက်ထိုင်ခုံတွင်ထိုင်နေကြသည်။

ရှောင်မုန့်သည် ယန်ရှီထက်ပင်စိတ်လှုပ်ရှားနေလေသည်။ သူမသည်ကျုံချင်းယွီအား ဟုန်ရွေ့စျေးဝယ်စင်တာသို့ လိုက်ပို့ရုံဖြစ်သော်ညား ထိုကဲ့သို့သတင်းအကြီးစားအားသိလိုက်ရလေသည်။

“ရှီရှီ နင်ကတကယ်တော့လုမိသားစုရဲ့သမီးအငယ်ဆုံးပေါ့”

“ဘုရားရေ အဲတာကလုမိသားစုနော်၊ နင့်ရဲ့အထောက်အထားအမှားကြောင့်မလို့ နင့်ဘဝတစ်ဝက်လောက်လွဲမှားနေခဲ့ရတာပေါ့၊ နောက်ပိုင်းကျတော့နင့်မှာ ချမ်းသာပြီးတော့လှပတဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ ဦးဆောင်တတ်တဲ့ စီအီးအို ကောင်လေးရခဲ့တယ်၊ အခုနင့်ရဲ့မိဘအရင်းတွေကတောင် ချမ်းသာတဲ့မိသားစုကပဲ နင်ကတကယ်မှန်ကန်တဲ့ဦးဆောင်သူ အမျိုးသမီးဇာတ်ဆောင်ပဲ”

ယန်ရှီ: “...”

တောင်းပန်ပါတယ်။ အဲလိုမဟုတ်ပါဘူး ငါက ဒီတိုင်းဝတ္ထုရဲ့ဖြတ်လျှောက်လေးတစ်ယောက်ပါ။

“အဲတော့ဘာဖြစ်လဲ၊ ငါတို့ရှီရှီကိုယ်တိုင်ကိုက ချမ်းသာတဲ့မိသားစုကပဲ”

ကျုံချင်းယွီသည်မျက်ခုံးပင့်လိုက်ကာ အနောက်ခုံသို့ လှမ်းအော်လိုက်သည်။

“ယောင်ချီ ပြီးပြီလား၊ နင်ဘာလို့ဒီလောက်တောင်နှေးရတာလဲ”

ယောင်ချီသည် အနောက်ခန်းမှခေါင်းထွက်လာသည်။

ယန်ရှီသည် လန့်ဖြန့်သွားကာ

“ဒါရိုက်တာယောင်၊ ရှင်ကရောဘာလို့ဒီကိုရောက်နေတာလဲ”

ယောင်ချီသည် အိပ်ချင်မူးတူးဖြစ်နေသည်။ ထိုအချိန်တွင် ယန်ရှီမှာ သူသည် သူ့ပုံမှန်စတိုင်ဖြစ်သည့် တောက်ပကာပြောင်လက်သည့် အင်္ကျီအားမဝတ်ဆင်ထားပဲ ကလေးဆန်သည့် ကာတွန်းဒိုင်နိုဆော ညဝတ်အင်္ကျီအားဝတ်ဆင်ထားကာ သူ့လက်တော့ပ်အားကိုင်ထားသည်ကို တွေ့လိုက်ရသည်။

“ဒါကကျွန်တော်ရဲ့နားရက်လေ၊ မစ္စ မင်းကတကယ်ကိုလူမဆန်တာပဲ မင်းကျွန်တော်ကို အိပ်ယာပေါ်ကနေဆွဲချလာတာလေ၊ ရုံးအလုပ်သမားတွေမှာ လူ့အခွင့်အရေးမရှိတော့ဘူးလား”

“အဓိပ္ပါယ်ရမရှိတာတွေပြောမနေနဲ့နော်၊ ငါ နင့်ကိုအချိန်ပိုကြေးပေးမှာပဲ ပြီးပြီလား”

ကျုံချင်းယွီ အဆူခံရပြီးနောက် ယောင်ချီသည် သူ၏လပ်တော့ပ်အားဖွင့်ကာ ယန်ရှီအားပြလိုက်သည်။

“ပြီးပြီ”

ယန်ရှီသည်သေချာကြည့်လိုက်သည်။ ကွန်ပြူတာမျက်နှာပြင်ပေါ်တွင်မြင်နေရသည်မှာ သူမ၏ ရာထူးတိုးသည့်စာဖြစ်သည်။

Starlight ၏ စီအီးအိုအဖြစ်ရာထူးတိုးစာ။

ယန်ရှီသည် ကျုံချင်းယွီအား အလန့်တကြားကြည့်လိုက်သည်။

“နင်ငါ့ကိုရာထူးထပ်တိုးပေးပြန်ပြီလား”

“တိုးပေးသင့်တာပဲလေ”

ကျုံချင်းယွီသည် ပုံမှန်အတိုင်းပြောလိုက်သည်။

“ starlight မှာလတ်တလော စီအီးအိုမရှိသေးတော့ နင်ပဲစီအီးအိုရဲ့အလုပ်တွေကိုလုပ်နေရတာလေ နင်ရာထူးတိုးသင့်နေတာကြာပါပြီ၊ နင် SP နဲ့အလုပ်များနေတာကိုမြင်တော့ ငါအဲတာပြီးမှ တိုးပေးမယ်လို့လုပ်ထားတာ ဒါပေမဲ့အခုတိုးပေးလို့ရသွားပြီလေ”

“The Bottom Line” ၏ကြီးမားသည့်အောင်မြင်မှုသည် ကျန်းထောင်အားသူ၏ ထိပ်တန်းဒါရိုက်တာဂုဏ်ပုဒ်အားပြန်ရစေကာ ရှန့်ရှင်းဟယ်အား လူမသိသူမသိအရံဇာတ်ကောင်လေးမှ ကျော်ကြားသည့်ကြယ်ပွင့်တစ်ပွင့်ဖြစ်စေခဲ့သည်။ ဟန်ရှူ၏ ဒရမ်မာအတွက် ဇာတ်ဝင်တေးသည်လည်း အလွန်ကျော်ကြားသွားကာ သူမ၏အောင်မြင်မှုအားတိုးစေခဲ့သည်။

ထို့အပြင် SP သည်လည်းအောင်မြင်လေသည်။ ထိုရသစုံရှိုးသည် မပြီးဆုံးသေးသော်ညား ဖျော်ဖြေရေးနယ်ပယ်ထဲတွင် အဆင့်တစ်အောင်မြင်သည့်ရှိုးတစ်ခုဖြစ်နေပြီ ဖြစ်သည်။

ယန်ရှီ၏ဦးဆောင်မှုအောက်တွင် starlight သည်အောင်မြင်နေကာ ကျုံလုပ်ငန်းစု၏အကြီးပိုင်းစီမံခန့်ခွဲသူများသည်လည်း သူမအားစီအီးအိုအဖြစ်ခန့်အပ်ခြင်းအား ကန့်ကွက်ခြင်းမရှိပေ။

ရာထူးတိုးသည့်စာအားပြပြီးနောက် ယောင်ချီသည်ကလစ်တစ်ချက်နိပ်လိုက်ကာ ရှယ်ယာလွှဲပြောင်းမှုစာချုပ်သည် လပ်တော့ပ်မျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့သည်။

ကျုံလုပ်ငန်းစုသည် ယန်ရှီအား starlight ရှယ်ယာ ဆယ်ရာခိုင်နှုန်းအားလက်ဆောင်ပေးကာ ကျုံလုပ်ငန်းစုထံမှငါးရာခိုင်နှုန်းနှင့် ကျုံချင်းယွီထံမှ ငါးရာခိုင်နှုန်းဖြစ်သည်။

ကျုံချင်းယွီသည် အတည်ပြောလိုက်သည်။

“ဒီ စီအီးအိုရာထူးကနင်ထိုက်တန်လို့ရတာပဲ ပြီးတော့ ဒီရှယ်ယာဆယ်ရာခိုင်နှုန်းရောပဲ၊ နင့်ကျေးဇူးကြောင့်မလို့ starlight ကရှုံးနေရာကနေ အမြတ်တွေရလာခဲ့တာပါ၊ အခုလောလောဆယ်မှာ The Bottom Line ကနေ 200 မီလီယမ် ရထားပြီးတော့ SP ကလည်းအတူတူလောက်ပဲ၊ အဲတာကြောင့်ဒါက လုပ်ငန်းစုကနေ နင့်ကိုဆုချပေးတာပဲ”

စီအီးအိုအားရှယ်ယာများပေးခြင်းသည် ပုံမှန်ဖြစ်ကာ ကျုံချင်းယွီသည် ယန်ရှီနှင့်ထိုက်တန်သည်ကိုယုံကြည်လေသည်။

ယူရှောင်သည် M လုပ်ငန်းစု၏စီအီးအိုဖြစ်လာပြီး မုန့်ရှယ်ယာစျေးမှာ နဂိုအတိုင်းပြန်ဖြစ်သွားသည့်တိုင် သူမသည် သူအား သက်ဆိုင်သည့်ဆုလာဒ်ပေးဆဲဖြစ်သည်။

ထိုရှယ်ယာstarlight ၏ ရှယ်ယာဆယ်ရာခိုင်နှုန်းသည် ယန်ရှီအား တရုတ်နှစ်သစ်ဦးပြီးလျှင်ပေးဖို့ရည်ရွယ်ထားပြီးဖြစ်ကာ ယခုတွင်တော့ ယန်ရှီသည် လုမိသားစုထံပြန်သွားမည်ဖြစ်၍ ကျုံချင်းယွီသည် သူမအားယခုအချိန်တွင် ပေးလိုက်လျှင် အကောင်းဆုံးဖြစ်မည်ဟု ထင်လေသည်။

ယန်ရှီသည် အလွန်ပင်အံ့ဩသွားကာ သူမစကားပင်မပြောနိုင်ပေ။ကျုံချင်းယွီသည် သူမ၏လက်အားကိုင်လိုက်သည်။

“ရှီရှီ၊ နင် နင့်ရဲ့မိသားအရင်တွေကိုရှာတွေ့သွားတာ ငါတကယ်ပျော်ပါတယ်၊ တကယ်လို့ လုမိသားစုကနင့်ကို ကောင်းကောင်းဆက်ဆံမယ်ဆိုရင် ကောင်းမှာပါ ဒါပေမဲ့ ငါစိုးရိမ်နေတယ်၊ နောက်ဆုံးတော့လည်း နင်တို့တွေကနှစ်နှစ်ဆယ်လောက်မမြင်မတွေ့ အတူမနေကြပဲနေလာကြတာ အဲတာကြောင့် သဘောထားကွဲလွဲမှုတွေရှိကြမှာပဲ၊ တကယ်လို့ လုမိသားစုသာအရှုပ်အထွေးဖြစ်လာခဲ့ရင် နင့်ကိုယ်နင်ကာကွယ်နိုင်ဖို့ ခွန်အားရှိနေဖို့မျှော်လင့်တယ်”

ယန်ရှီသည် ကျုံချင်းယွီအား နီရဲနေသည့်မျက်လုံးများနှင့်ပြန်ကြည့်လိုက်သည်။

သူမတွင်ကျုံချင်းယွီအား အများအပြားပြောစရာရှိနေပါသော်ညား ယခုအချိန်တွင် သူမဘာပြောရမည်ကိုမသိတော့ပေ။ သူမသည် ကျုံချင်းယွီနှင့်ကိုင်ထားသည့်လက်ကိုသာပိုတင်းကြပ်လိုက်သည်။

လုမိသားစု၏ Bentley ကားနောက်သို့လိုက်နေသည့် ဗင်ကားသည် လုမိသားစုအိမ်တော်သို့ဝင်သွားခဲ့သည်။

လုအိမ်တော်သည် မြို့လယ်ခေါင်နှင့် အနည်းငယ်ဝေးကာ ကျုံအိမ်တော်ထက်ပင်ပိုမြို့ပြင်ကျလေသည်။ ဗင်ကားအား လုအိမ်တော်အဝင်ဝသို့ရောက်ရန်အတွက် တစ်နာရီကျော်မောင်းနှင်ခဲ့ရလေသည်။

လုမိသားစုတွင် မြို့ပြင်တွင်မြေနေရာများစွာရှိလေသည်။ နေရာသည်ကျယ်ဝန်းကာ အဆောက်အအုံများစွာမရှိပေ။ တည်ဆောက်ထားသည့်ပုံစံမှာ သဘာဝနှင့်အညီပင်ဖြစ်သည်။

အဝင်ဝရှိ သံတံခါးအား ဖြတ်ကျော်ပြီးနောက် ကျယ်ပြန့်သည့်မြက်ခင်းပြင်အားမြင်တွေ့နိုင်သည်။ မြက်များသည် ဆောင်းဦအစဖြစ်၍ အနည်းငယ်ဝါနေသော်ညား ဟိုင်မြို့တော်သည်မြောက်ပိုင်းတွင်ရှိသည်ဖြစ်၍ မြက်ခင်းများမှာများသောအားဖြင့် အစိမ်းရောင်ဖြစ်သည်။ သိပ်မဝေးသည့်နေရာတွင် ငန်းများရေကူးနေသည့်ရေကန်တစ်ကန်ရှိကာ အဝေးတွင်တော့ ဥယျာဥ်တစ်ခုရှိလေသည်။

ယောင်ကျူနှင့်အိမ်အကူများသည် မြက်ခင်းပြင်ပေါ်တွင် ပန်းကန်ပြားနည်းကစားနေကြသည်။ ပန်းကန်ပြားသည် ကောင်းကင်ပေါ်သို့ပျံတက်သွားသည်။ ကြိုးမချည်ဖားသည်ဖြစ်၍ ယောင်ကျူသည်အရူးအမူးပင်ပြေးလိုက်လေသည်။ ၎င်းသည် ပန်းကန်ပြားအားဖမ်းမိချိန်တွင် ပြန်လာသည့် Bentley အားတွေ့လိုက်လေသည်။

ချက်ချင်းပင် ပန်းကန်ပြားအားဂရုမစိုက်တော့ပေ။ အမွှေးပွခွေးလေးသည် ပန်းကန်ပြားအားလွှတ်ချကာ Bentley နှင့် ဗင်ကားနောက်ပြေးလိုက်လေသည်။

လုမားမားသည် လုပါးပါး၏အကူအညီနှင့်ဗီလာထဲမှထွက်လာလေသည်။

နေ့လည်ခင်းတွင် နေမှာနွေးထွေးနေကာထိုမျှမအေးပေ။ သို့သော်လည်း လုပါးပါးသည် လုမားမား၏ကျန်းမာရေးအခြေအနေအားစိတ်ပူနေဆဲဖြစ်ကာ သူမအပေါ်ပုဝါတစ်ထည်လွှမ်းပေးလိုက်သည်။

“မင်းဘာလို့အထဲမှာမစောင့်တာလဲ၊ အပြင်ဘက်မှာလေတွေတိုက်နေတယ်”

လုမားမားသည် သူမ၏ခေါင်းအားခါလိုက်သည်။ သူမသည်သူမ၏လည်ပင်းအားလှည့်ကာ လုအိမ်တော်၏အဝင်ဝသို့လှမ်းကြည့်နေလေသည်။

ယခုလေးတွင်ပင် လုပေယွီသည်သူမအားဖုန်းခေါ်ကာ သူတို့လုအိမ်တော်သို့ရောက်တော့မည်ဖြစ်ကြောင်းပြောလေသည်။

အမှန်လျှင် လုမားမားသည် လုဝမ်နင်းနှင့်အတူယန်ရှီအားတွေ့ရန် ကော်ဖီဆိုင်သို့သွားချင်ခဲ့သော်ညား လုပါးပါးသည် သူမ၏ကျန်းမာရေးအခြေအနေအားစိုးရိမ်၍ ခွင့်မပြုခဲ့ပေ။

ကံကောင်းစွာဖြင့် ယန်ရှီသည်သူမအားတွေ့ရန် လုအိမ်တော်သို့လာချင်ခဲ့သည်။

အနက်ရောင် Bentley ကားသည်မောင်းလာကာဗီလာအဝင်ဝတွင်ရပ်သွားသည်။ ၎င်း၏အနောက်တွင်မူ ကျုံချင်းယွီ၏ဗင်ကားပင်ဖြစ်သည်။

ယောင်ချီသည် စီအီးအိုရာထူးပေးအပ်စာနှင့် ရှယ်ယာလွဲပြောင်းမှုများပြီးနောက် ကျုံချင်းယွီသည်သူအား ဗင်ကားပေါ်မှမောင်းချကာ သူ့နည်း သူ့ဟန်ဖြင့် အိမ်သို့ပြန်ကာ အနားယူဖို့ရာပြောခဲ့သည်။ ထိုကြောင့်သူသည် ထိုအချိန်တွင် ဗင်ကားပေါ်တွင်မရှိတော့ပေ။

ယန်ရှီနှင့်ကျုံချင်းယွီသည် ဗင်ကားပေါ်မှထွက်လာခဲ့သည်။

လုဝမ်နင်းနှင့်လုပေယွီမှာ ကားပေါ်မှ ဆင်းပြီးကြပြီဖြစ်ကာ လုမားမားနှင့်လုပါးပါးဘေးတွင် ရပ်နေကြသည်။ ကြည့်လိုက်ရုံနှင့်၎င်းတို့လေးဦးသည် လိုက်ဖက်ညီသည့်မိသားစုတစ်ခုနှင့်တူလေသည်။

လုမိသားစုသည် ယန်ရှီအားရှာရန်အတွက် ကျုံအိမ်တော်သို့လာခဲ့ဖူးသည်ဖြစ်၍ ယန်ရှီသည် လုပါးပါးနှင့်လုမားမားအား သိရှိပြီးဖြစ်သည်။ ထိုအချိန်တွင် သူမသည် ၎င်းတို့နှစ်ဦးအားသူမ၏မိခင်နှင့်ဖခင်ဖြစ်သည်ကိုမသိကာ သူစိမ်းနှစ်ဦးအနေနှင့်သာမှတ်ယူထားခဲ့သည်။

ယခုသေချာကြည့်ချိန်တွင် လုပါးပါးသည်အနည်းငယ်ဝကာ ကျုံပါးပါးလောက်အရပ်မရှည်ကာမထွားပေ။ သို့သော်သူ၏ ဝဖြိုးမှုသည် ချမ်းသာကြွယ်ဝမှု ၏လေထုတစ်မျိုးဖြစ်သည်။ ဝိုင်းစက်သည့်မျက်မှန်အားဝတ်ဆင်ထားကာ သူရှိဥာဏ်ရှိမှုများအား ခံစားမိလေသည်။

လုမားမားတွင် ကြင်နာသည့်မျက်လုံးများရှိကာ ကျော့ရှင်း၍ ဂုဏ်သိက္ခာရှိသည့် ပုံစံမျိုးဖြစ်သည်။ တရုတ်ရိုးရာဝတ်စုံအားဝတ်ဆင်ထားကာ ပုဝါကြီးအားပတ်ထားလေသည်။ သူမ၏ဝိုင်းစက်သည့်ဗာဒံစေ့ပုံမျက်လုံးများသည် ယန်ရှီနှင့်လုဝမ်နင်းတို့၏မျက်လုံးနှင့်အတူပင်ဖြစ်သည်။

ယန်ရှီသည် လုပေယွီနှင့်လုဝမ်နင်းနှင့် အဆက်အသွယ်ရှိလေသည်။ တွေ့ဆုံကြပြီးနောက် သူတို့သည်ခင်တွယ်နေကြသည်မဟုတ်သော်ညား စိမ်းကားနေကြသည်လည်းမဟုတ်တော့ပေ။ သို့ပေမဲ့သူသည် လုပါးပါးနှင့်လုမားမားမား လုံးလုံးမျှမရင်းနှီးကာ ယန်ရှီအားအနည်းငယ်တွန့်ဆုတ်နေစေခဲ့သည်။

“ရှီရှီ”

လုမားမားသည်သူမအားနူးညံ့စွာခေါ်လိုက်သည်။

ယန်ရှီသည် သူမ၏ပါးစပ်အားဖွင့်လိုက်ကာ မားမားဆိုသည့်စကားလုံးအား သူမပါးစပ်မှခေါ်ချင်နေပါသော်ညား သူမ မခေါ်နိုင်ဖြစ်နေလေသည်။

သူမသည် ယခင်က မားမား ဟုတစ်ခါမှမခေါ်ဖူးပေ။

မဒမ်လင်းကိုပင် သူမသည် “အန်တီ” ဟုသာခေါ်ခဲ့လေသည်။

“အမေ”

ယန်ရှီသည် လုမားမားအားခေါ်လိုက်သည်။

လုမားမားသည် စိတ်လှုပ်ရှားကာ မျက်လုံးထဲတွင်မျက်ရည်များနှင့်ပြည့်နှက်သွားခဲ့သည်။ လုပါးပါးသည် ယန်ရှီအားပြင်ပေးချင်သော်ညား လုမားမားသည် သူ့အားတားလိုက်ကာ

“အဆင်ပြေပါတယ် အမေဆိုတာလည်းကောင်းတာပါပဲ၊ ရှီရှီကကျွန်မတို့နဲမရင်းနှီးသေးဘူးလေ သူမကိုအတင်းအကြပ်လုပ်ခိုင်းဖို့မလိုပါဘူး”

“အမေ” ဟူသည်မှာ ဒီတိုင်းခေါ်သည့်နာမ်စားတစ်ခုဖြစ်ကာ။

“မားမား” မှ၊မူအမေနှင့်သမီးကြားရှိ ရင်းနှီးသည့်ဆက်ဆံရေးအားဖော်ဆောင်လေသည်။

သို့ပေမဲ့ လုမားမားသည် သူမသည် ယခုယန်ရှီနှင့်သွေးသားတော်စပ်ရုံသာရှိသေးသည်ကို နားလည်ကာ မိခင်နှင့်သမီးကြားမှ ရင်းနှီးမှုမျိုးမရှိသေးပေ။ ယန်ရှီသူမအား မားမား ဟုမခေါ်နိုင်သည်မှာ ပုံမှန်ပင်ဖြစ်သည်။

လုမိသားစုသည် ယန်ရှီအားဗီလာထဲသို့ဦးဆောင်ခေါ်သွားခဲ့သည်။ ရှေးဟောင်းကျက်သရေရှိသည့်ကျုံဗီလာနှင့် နှိုင်းယှဥ်ပါက လုဗီလာသည် ရိုးရှင်း၍ ခမ်းနားကာ ခေါတ်သစ်တရုတ်ရိုးရာပုံစံမျိုးဖြစ်သည်။

လုဝမ်နင်းသည် ယန်ရှီအားတတိယထပ်သို့ခေါ်သွားကာ

“မားမားနဲ့ပါးပါးက ဒုတိယထပ်မှာနေတာ ကျမတို့မောင်နှမသုံးယောက်လုံးက တတိယထပ်မှာပဲ၊ ရှီရှီ ဒါကရှီရှီရဲ့အခန်းပဲ”

“ကျွန်မရဲ့အခန်း”

လုပေယွီသည်ဖြတ်ပြောကာ

“ကျွန်တော်တို့အရင်တုန်းက ဒီမှာနေကြတာမဟုတ်ဘူးလေ ဒါပေမဲ့ ကျွန်တော်တို့ဘယ်မှာနေနေ မားမားနဲ့ပါးပါးက ကျဲအတွက်အခန်းထားပေးထားတယ်၊ အာ့ကျဲ ပြီးတော့ဒီအခန်းမှာ တောင်ဘက်ကိုမျက်နှာမူနေတဲ့ ဝရန်တာကြီးပါသေးတယ်”

ထိုအကြောင်းအရာအားပြောနေရင်းနှင့် လုပေယွီသည် အနားမှာမရှိသည့်သူတစ်ဦးအတွက်အခန်းထားထာပေးခြင်းသည် အဓိပ္ပါယ်မရှိဟုတ်ပြောကာ အတွန့်တက်ခဲ့ဖူးလေသည်။ သူ၏ကိုယ်ပိုင်အခန်းရှိ ဝရန်တာပင်လျှင်ထိုမျှမကြီးပေ။

ရလာဒ်အနေနှင့် လုပေယွီသည်လုမားမားထံမှ အဆူခံခဲ့ရသည်။

လုမားမားသည်ပြောခဲ့သည်။

“တကယ်လို့မင်းသာအဲတုန်းကခေါ်သွားခံရတဲ့သူဖြစ်ပြီး မင်းအိမ်ကိုပြန်လာတဲ့အခါကျရင် မင်းရဲ့မိသားစုကအဆင်ပြေနေတာကိုမြင်ပြီး မင်းအတွက်ကိုယ်ပိုင်အခန်းလေးတောင်မရှိဘူးဆိုရင် မင်းဝမ်းနည်းမယ်မလား၊ မင်းဝင်မဆန့်ဘူးလို့ရောခံစားနေရမယ်မလား”

ထိုအချိန်တွင် လုပေယွီသည်ရှစ်နှစ်သာရှိသေးသည်။ သူသည်ထိုအခြေအနေအားစိတ်ကူးယဥ်ကြည့်ရုံနှင့်ပင် မျက်ရည်များကျလာကာ “ဝူး” ဟုအော်၍ငိုယိုနေခဲ့သည်။

ထိုကြောင့် လုမိသားစုသည် ယန်ရှီအားနှစ်ပေါင်းများစွာရှာမတွေ့ခဲ့သော်ညား အာ့ကျဲ၏ တည်ရှိမှုသည် လုပေယွီ၏ ဆယ်ခုနစ်သာကာလအတွင်း အတူရှိနေခဲ့သည်။

အာ့ကျဲအတွက် အိမ်တွင်အခန်းတစ်ခန်းအမြဲရှိနေမည်ဖြစ်ကာ သူမအတွက်ပန်းကန်ခွက်ယောက်အစုံလည်းရှိနေမည်ဖြစ်သည်။ လုပေယွီပထမဆုံးအကြိမ်ပိုက်ဆံရှာနိုင်ခဲ့ချိန်တွင်သူသည် တစ်မိသားစုလုံးအတွက် ရေခွက်များမှာပေးခဲ့ကာ လုယောင်ကျူသည်တစ်ခွက်ရသကဲ့သို့ အာ့ကျဲသည်လည်းတစ်ခွက်ရလေသည်။

အာ့ကျဲ၏ မွေးနေ့များတွင်လည်း မိသားစုဝင်များသည် မွေးနေ့ကိတ်အားပြင်ဆင်ပေးမည်ဖြစ်သည်။

လုမားမားသည် သူမ၏သမီးငယ်ပြန်လာချိန်တွင် မိသားစုထဲတွင်လူတစ်ဦးထပ်ရှိနေသေးသည်ဖြစ်၍ လုပေယွီနှင့်လုဝမ်နင်းအား ၎င်းတို့၏ပစ္စည်းများအားလုယူသွားသည်ဟုမခံစားရစေချင်ပေ။ တစ်ချိန်တည်းပါပင် သူမသည် ပျောက်သွားသည့်သမီးလေးသည်လည်း မိသားစုနှင့်ကောင်းမွန်စွာပေါင်းစည်းနိုင်မည်ဟု မျှော်လင့်ခဲ့သည်။

သာမာန်မိသားစုများသည် ထိုသို့ပြုလုပ်နိုင်ကြမည်မဟုတ်သော်ညား လုမိသားစုလုပ်နိုင်နေကြချိန်တွင် အဘယ်ကြောင့်မလုပ်ကြမည်နည်း။

အခန်းထဲဝင်သွားချိန်တွင်အခန်းသည် နေ့တိုင်းသန့်ရှင်းရေးလုပ်ထားသည်မှာ သိသာကာ ဖုန်တစ်စက်မှမရှိပေ။

ထိုလှပသောအိပ်ရာသည် မိန်းကလေးဆန်သည့်ပန်းရောင်လေးဖြစ်ကာ ခုတင်ပေါ်ရှိ ကန့်လန့်ကာ သည်လည်းပန်းရောင်ဖျော့ဖျော့လေးဖြစ်သည်။ ခုတင်ဘေးတွင် အရုပ်မျိုးစုံလည်းရှိလေသည်။

လုမိသားစုဝင်များသည် ရုတ်တရက်စိတ်လှုပ်ရှားလာကြသည်။

လုမားမားသည် လုပါးပါးအားပြင်းထန်စွာစိုက်ကြည့်ကာ

“ကျွန်မရှင့်ကိုအဲတုန်းကပန်းရောင်မသုံးဖို့ပြောသားပဲ၊ ကြည့် ရှီရှီရဲ့အမူအယာကပြောင်းသွားပြီ ပန်းရောင်ကအရမ်းပုံတုံးတယ်လေ”

လုဝမ်နင်းနှင့်လုပေယွီသည်လည်း ကြက်သွန်ဖြူအားထောင်နေသကဲ့သို့ ခေါင်းငြိမ့်ကြလေသည်။

လုဝမ်နင်း: “အနက်၊ အဖြူနဲ့မီးခိုရောင်ကပိုကောင်းတာကို ရိုးရှင်းတဲ့ပုံစံကအကောင်းဆုံးပဲလေ”

လုပေယွီ: “ကျွန်တော်ထင်တာတော့ အပြာရောင်ကအကောင်းဆုံးပဲ၊ အကုန်လုံးအပြာရောင်တောက်တောက်လေးတွေ”

လုပါးပါးသည် ဝမ်းနည်းကာပြောလိုက်သည် : “ဒါပေမဲ့ ပန်းရောင်ကမိန်းကလေးဆန်တယ်လေ၊ ဝမ်နင်းကပန်းရောင်မကြိုက်ပေမဲ့ ရှီရှီကကြိုက်မယ်လို့ထင်နေတာလည်း ကလေးမလေးတွေ ပန်းရောင်ဝတ်ရင်တအားချစ်စရာကောင်းတယ်လေ”

၎င်းတို့သည် ၎င်းတို့၏သမီးငယ်လေးသည်ကလေးသာရှိသေးသည်ဟု တွေးနေကြသည်။

သိုပေမဲ့ ယန်ရှီသည်အသက်နှစ်ဆယ်ရှိပြီဖြစ်ကာ ဖျော်ဖြေရေးကုမ္ပဏီတစ်ခု၏ စီအီးအိုပင်ဖြစ်နေပြီဖြစ်သည်။

လုမားမားသည် ယန်ရှီအားဂရုတစိုက်မေးလိုက်သည်။

“ရှီရှီ သမီးဒီလိုပြင်ဆင်ထားတာကိုကြိုက်ရဲ့လား”

“ဒါကတော်တော်ကောင်းပါတယ်”

ယန်ရှီသည်အခန်းအားလှည့်ပတ်ကြည့်နေသည်။ သူမသည် သူမလင်းမိသားစုမှလွန်ခဲ့သည့် ငါးနှစ်မှထွက်လာခဲ့ချိန်ကတည်းမှ ကိုယ်ပိုင်အခန်းမရှိခဲ့ပေ။ သူမသည် ကျုံချင်းယွီ၏အိမ်တွင် တစ်ခါတစ်ရံနေပါသော်ညား ဤသည်မှာသူမ၏အိမ်မဟုတ်ပေ။

ယန်ရှီသည် အဆောင်သည်သူမ၏အိမ်ဟု တစ်ခါတစ်ရံခံစားခဲ့ရသည်။ လေးမီတာအကျယ်အဝန်းနှင့်အပေါ်ထပ်တွင်အိပ်ရာရှိကာ အောက်ထပ်တွင်စားပွဲရှိသည့် အခန်းပုံစံလေးမှာ သူမစာလေ့လာနေစဥ်တွင်သူမအပိုင်ပင်ဖြစ်သည်။

ယနေ့တွင် သူမကိုယ်ပိုင်အခန်းပြန်ရှိခဲ့သည်။

သူသည် ထိုအခန်းအားအတော်ကောင်းမွန်သည်ဟုထင်လေသည်။

သို့ပေမဲ့ လုမားမားသည်နားမလည်ကာ အခြားသူများအားမျက်လုံးတက်မှိတ်ပြနေလေသည်။

လုမားမား: “အတော်ကောင်းပါတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ”

လုဝမ်နင်း: “အဲတာကသူမ မကြိုက်ဘူးလို့ပြောတာပဲ၊ သမီးကတော့ အနက် အဖြူနဲမီးခိုးကပိုကောင်းတယ်လို့ထင်နေတုန်းပဲ”

လုပေယွီ: “တောက်ပတဲ့အပြာရောင်ကပိုကောင်းပါတယ်”

လုပါးပါးသည် မျက်ရည်များဝဲနေကာပြောလိုက်သည်။ :”ငါရဲ့မိန်းကလေးဆန်တဲ့ ပန်းရောင်လေး”

လုမားမား လုဝမ်နင်း နှင့်လုပေယွီ: “ပါးစပ်ပိတ်ထား!”

ကျုံချင်းယွီသည် လုမိသားစုဝင်များအားကြည့်လိုက်ကာ ၎င်းတို့၏အမူအယာများမှာစိတ်ဝင်စားစရာကောင်းသည်ဟု ထင်နေလေသည်။ ၎င်းတို့သည်အခန်းလေးတစ်ခန်းအတွက် အလွန်စိတ်လှုပ်ရှားနေကြလေသည်။

သူမသည် သူမလည်ချောင်းအားရှင်းလိုက်ကာ

“ငါတော့ဒီအခန်းက တောက်ပလွန်းနေတယ်လို့ထင်တယ် ဒီပန်းရောင်ကအရမ်းတောက်လွန်းတယ်၊ ပြီးတော့ဒီအိပ်ရာက အရမ်းစိတ်ကူးယာဥ်ဆန်လွန်းတယ် ဒီအခန်းက ငါ ငါးနှစ်သမီးတုန်းကအိပ်ခဲ့တဲ့အခန်းလိုပဲ ဘယ်လိုတောင်ကလေးဆန်တာလဲ”

လုမားမားသည် အလျင်အမြန်မေးလိုက်သည်။

“အဲတာဆို ရှီရှီကဘယ်လိုအခန်းပုံစံမျိုးကိုကြိုက်တာလဲ၊ ရှောင်နင်းမှတ်ထားလိုက် ရှီရှီလိုချင်တဲ့ပုံစံအတိုင်း တစ်ယောက်ယောက်ကိုဒီနေ့ နေ့လည်ကျရင်လာပြင်ခိုင်းလိုက်”

ယန်ရှီသည် မျက်တောင်ခတ်လိုက်ကာ

“တကယ်တော့ သမီးမှာမရှိဘူး”

ကျုံချင်းယွီသည်သူမအားထိလိုက်ကာ ယန်ရှီအားဖြတ်ပြောလိုက်သည်။

“အိပ်ရာက G အမှတ်တံဆိပ်ကတစ်ခုဖြစ်သင့်တယ်၊ မှန်တင်ခုံအတွက်က H တံဆိပ်သုံးခုတစ်ခုမှန်တင်ခုံကကောင်းတယ်၊ ဗီဒိုကမလုံလောက်ဘူး အနည်းဆုံးတော့ လမ်းလျှောက်အဝတ်ဗီဒိုဖြစ်သင့်တယ် ပြီးတော့ရေချိုးကန်က T တံဆိပ်ကဖြစ်သင့်တယ်”

လုမိသားစုသည် ဂရုတစိုက်နားထောင်နေကြသည်။ နောက်ဆုံးတွင်တော့ သူတို့သည် ယန်ရှီအားမနေ့ညမှရှာတွေ့ကာ သူမကြိုက်သည့်အရာများအားမသိကြသေးပေ။ သူတို့သည်ခေါင်းပြတ်နေသည့်ကြက်များကဲ့သို့ပင်ဖြစ်သည်။ ယခုအချိန်တွင် သူတို့တွင်လမ်းညွှန်ချက်ရှိပြီဖြစ်ကာ ပို၍လွယ်ကူသွားလေသည်။

ပြီးနောက် လုမားမားသည် ယန်ရှီအား သူမအတွက်ဝယ်ထားပေးသည့် လက်ဝတ်ရတနာများအားပြရန်ခေါ်သွားသည်။ လက်ဝတ်ရတနာများသည် အဖိုးတန်ပစ္စည်းများဖြစ်ကာ အများစုအား လုမိသားစုသည်ယန်ရှီအတွက်ယခင်ကတည်းက ဝယ်ခဲ့ခြင်းဖြစ်သည်။

ကျုံချင်းယွီထပ်ပြောလေသည်။

“ကျောက်စိမ်းကမကောင်းဘူး အဲတာကလူကြီးပုံပေါက်တယ်၊ ပုလဲတွေကလည်း လုံလုံလောက်လောက်မတောက်ပနေဘူး အဲတာတွေကစိန်ဖြစ်ဖို့လိုတယ်၊ ရှီရှီမှာ ကျွန်မအစ်ကိုပေးထားတဲ့ စိန်နီလက်ကောက်ရှိတယ် ကျွန်မထင်တာအဲတာက စိန်လည်ဆွဲရယ် စိန်နားကပ်ရယ်နဲ့တွဲဝတ်လို့ရမယ်ထင်တယ်”

ရှောင်မုန့်၏မျက်လုံးများပြူးကျယ်လာကာ

“အဲတာကဘယ်လောက်တောင်ကုန်ကျမှာလဲ၊ စိန်တွေကအရမ်းစျေးကြီးတာကို”

လုမားမားသည် သူမ၏လက်အားလေးနက်စွာဝှေ့ယမ်းလိုက်ကာ

“ဝယ်လိုက်၊ ပေယွီလေလံအိမ်တွေကိုဆက်သွယ်ပြီး သူတို့တွေကို အသစ်စာရင်းသွင်းထားတဲ့ စိန်တွေကိုသေချာစောင့်ကြည့်ထားခိုင်းလိုက် ပြီးတော့အကုန်လုံးဝယ်နိုင်ဖို့လုပ်လိုက်ဦး”

လုမားမားသည် ကျုံချင်းယွီအားမျှော်လင့်တကြီးကြည့်လိုက်ကာ

“မစ္စကျုံ ရှီရှီဘာထပ်လိုသေးတယ်လို့ မင်းထင်လဲ”

ကျုံချင်းယွီသည် အခန်းအားလှည့်ပတ်ကြည့်ကာ

“ကျွန်မထင်တာ ရှီရှီကအရွယ်ရောက်နေပြီ မိဘတွေနဲ့အတူတူနေဖို့မသင့်တော်တော့ဘူး၊ အရွယ်ရောက်ပြီးသားလူတွေက သီးသန့်နေရာလိုအပ်တယ် ပြီးတော့ လုမိသားစုရဲ့နေရာ မြို့လယ်ကနေဝေးလွန်းတယ်”

“သေချာတာပေါ့ အန်တီတို့တွေစီစဥ်ထားပြီးသားပါ”

လုမားမားသည် စိတ်လှုပ်ရှားစွာပြောလိုက်သည်။

“အန်တီတို့တွေ ရှီရှီအတွက်မြို့ထဲမှာတိုက်ခန်းဝယ်ထားပြီးပါပြီ၊ အခန်းကအကုန်ပြင်ဆင်ပြီးသားပါ သူမချက်ချင်းပြောင်းနေလိုက်လို့ရတယ်၊ တကယ်လို့ သူမအန်တီတို့ပြင်ဆင်ထားတာကိုမကြိုက်ရင် ကုန်ကြမ်းဝယ်ပြီး ပြန်ပြင်ဆင်လို့ရတယ်”

လုမားမားသည် ယန်ရှီအားမဝင့်မရဲကြည့်လိုက်ကာ

“ရှီရှီ သမီးကြိုက်ရဲ့လား”

အမှန်တကယ်မှာ ယန်ရှီထိုအရာများအား မလိုအပ်ပေ။

သူမတွင် ကြီးမားသည့်ဆန္ဒများမရှိပေ။ နှစ်သောင်းသုံးသောင်းတန်သည့် ကောင်းမွန်သည့်ပစ္စည်းများသည်လည်းကောင်းကာ တစ်ရာနှစ်ရာသာတန်သည့် အင်္ကျီသွားသည်လည်း သက်တောင့်သက်သာရှိလေသည်။

သို့ပေမဲ့ သူမကျုံချင်းယွီနှင့် လုမိသားစုဆိုလိုရင်းအား သူမနားလည်လေသည်။ လုမိသားစုသည် နှစ်ပေါင်းနှစ်ဆယ်ကြာမိသားစုဂရုစိုက်မှု မပေးခဲ့ရ၍ ထိုအရာအတွက်ဖြည့်ဆည်းပေးချင်နေကြကာ ကျုံချင်းယွီသည်ထိုအရာအား သူမထက်အရင်သတိထားမိလိုက်လေသည်။ ထိုကြောင့်သူမသည် လုမိသားစုအား အခွင့်အရေးပေးလိုက်ခြင်းဖြစ်သည်။

ယန်ရှီသည် ယန်မားမားအားကြည့်လိုက်ကာ

“သမီးတကယ်အများကြီးသဘောကျပါတယ်၊ ကျေးဇူးပါ”

အခန်းအားကြည့်ရှူပြီးနောက် နေ့လည်စာစားချိန်ရောက်သွားပြီဖြစ်သည်။

လုမားမားသည် သူမတခြားလုပ်စရာရှိနေသေးသည်ဟု ခံစားမိသည်။ သူမသည် ယန်ရှီအားစိုးရိမ်တကြီးမေးလိုက်သည်။

“ရှီရှီ မင်းဘယ်လိုစားစရာတွေကိုကြိုက်လဲ၊ အိမ်မှာအတွေ့အကြုံရှိတဲ့ စားဖိုမှူးတွေရှိတယ် သူတို့တွေအကုန်ချက်ပေးနိုင်တယ်”

ယန်ရှီသည်စားချင်စိတ်မရှိကာ အစားအသောက်များအားစိတ်မဝင်စားပေ။

ကျုံချင်းယွီဝင်ပြောကာ

“ရှီရှီကအရသာပြင်းတာတွေကိုကြိုက်ပြီး စပ်တာတွေကိုကြိုက်တယ် စီချွမ်းဟင်းတွေလိုမျိုးပဲ၊ သောက်စရာအတွက်ကတော့ သူမကအသီးဖျော်ရည်တွေကိုပိုကြိုက်ပြီး နို့လက်ဖက်ရည်ကတော့ သူမကိုအိပ်မပျော်အောင်လုပ်မှာမလို့ အဆင်မပြေဘူး”

လုပါးပါးသည် အနည်းငယ်ရှက်ရွံ့သွားလေသည်။ လုမားမားသည်ကျန်းမာရေးမကောင်းကာ အစပ်များအားမစားနိုင်ပေ။

လုမားမားသည် သူမ၏လက်အားဝှေ့ယမ်းလိုက်ကာ

“အဆင်ပြေပါတယ်၊ အိမ်မှာလူတွေအများကြီးရှိတာပဲ ကျွန်မတို့တွေဟင်းတွေထပ်ချက်လို့ရပါသေးတယ်”

လုမိသားစု၏စားဖိုမှူးသည် ဟင်းချက်ရာတွင်အလွန်တော်လေသည်။ သူသည်များသောအားဖြင့်စပ်သည့်အစားအစာများအား မချက်ကာ ဤသည်မှာသူ၏ပထမဆုံးအကြိမ်ချက်ခြင်းဖြစ်ကာ သူသည်အပူချိန်အားထိန်းချက်ခဲ့ပြီး အရသာအားပြီးပြည့်စုံစွာချက်နိုင်ခဲ့သည်။

မိသားစုဝင်များအားလုံးသည် စားပွဲတွင်ဝိုင်းထိုင်လိုက်ကြကာ အံ့ဩစွာဖြင့်လိုက်ဖက်ညီနေခဲ့သည်။

စားပွဲဝိုင်းတွင် စပ်သည့်အစားအစာများနှင့်ပြည့်နေခဲ့ကာ ဟင်းပွဲနှစ်ပွဲ သုံးပွဲသည်သာအရသာပေါ့လေကာ ယန်ရှီနှင့်အဝေးတွင်နေရာချထားခဲ့သည်။ လုမားမားသည် ယန်ရှီကိုယ်တိုင် ဟင်းပွဲများအားထည့်စားရန် ရှက်နေမည်စိုး၍ သူမသည်ဟင်းပွဲသုံးသည့်တူများအားသုံး၍ သူမပန်းကန်ထဲသို့ ဟင်းများဆက်တိုက်ထည့်ပေးနေလေသည်။

လုမိသားစု၏ နောက်ထပ်မိသားစုဝင်သုံးဦးသည်လည်း အတူပင်ဖြစ်သည်။

ယန်ရှီ အာရုံပြန်ရှိချိန်တွင် သူမရှေ့ရှိဟင်းများသည် တောင်ငယ်လေးတစ်ခုကဲ့သို့ ပုံနေပြီဖြစ်သည်။

ကျုံချင်းယွီသည် အံ့ဩသွားကာ

“နင်ဒါတွေအကုန်စားနိုင်ပါ့မလား”

ယန်ရှီသည် အစားမကြီးသည်ဖြစ်ကာ ထိုဟင်းပွဲများသည် သူမနှစ်နပ်စာအတွက်ပင် လုံလောက်နေပြီဖြစ်သည်။

သို့ပေမဲ့ယန်ရှီသည် တိတ်ဆိတ်စွာဖြင့် ထမင်းအားသူမပါးစပ်ထဲသို့ထည့်လိုက်ကာ လုမိသားစုမှသူမအားထည့်ပေးထားသည့် ဟင်းများအား တစ်လုတ်ပြီးတစ်လုတ်စားလေသည်။

ထိုအချိန်မှာပင် ကျုံချင်းယွီသည် ယန်ရှီမှာ လင်းမိသားစုတွင်ကြီးပြင်းလာသည်ဖြစ်ကာ လင်းမိသားစုသည် သူမအားဂရုမစိုက်သည်ကို သတိရသွားခဲ့သည်။ ဤသည်မှာ မိသားစုဝင်များမှသူမ၏ပန်းကန်ထဲ ဟင်းများထည့်ပေးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်နိုင်လေသည်။

ယန်ရှီသည် သူမယခုအချိန်တွင်မငိုသင့်ဘူးဟု ထင်ကာ သူမ၏ဝဲနေသည့်မျက်ရည်များအား ထိန်းထားခဲ့သည်။

သို့ပေမဲ့ လုမားမားသည်နားလည်လေသည်။

ယန်ရှီ၏DNA စစ်ဆေးချက်အားရပြီးနောက် သူမသည် လုဝမ်နင်းအား ယန်ရှီ၏အတိတ်အကြောင်းနှင့် သူမလင်းမိသားစုတွင်မည်သို့နေခဲ့ရသည်ကို စုံစမ်းခိုင်းခဲ့သည်။

ရုတ်တရက် သူမနှလုံးသားထဲတွင်ဆူးတစ်ချောင်းစိုက်ဝင်ကာ နာကျင်သွားခဲ့သည်။

အမှန်လျှင် ယန်ရှီမှာ လုမိသားစုထဲတွင်လုဝမ်နင်းနှင့်လုပေယွီကဲ့သို့ ပျော်ရွှင်စွာကြီးပြင်းလာနိုင်ခဲ့သည်။ သို့ပေမဲ့ သူတို့၏ညစ်ပတ်သည့်စီးပွားရေးပြိုင်ဘက်များကြောင့် ယန်ရှီသည် နှစ်နှစ်ဆယ်ကြာပျောက်ဆုံးသွားခဲ့ရသည်။

သူမသည် ချမ်းသာသည့်မိသားစုတွင်ကြီးပြင်းလာခဲ့ရသော်ညား ပုံမှန်ဆန်သည့်ဖခင် ဆိုးရွားသည့်မိထွေးနှင့် အနိုင်ကျင့်တတ်သည့်မောင်လေးများနှင့် သူမ မည်မျှကောင်းမွန်စွာနေနိုင်ခဲ့မည်နည်း။

လုမားမားသည် သူမ၏မျက်ရည်များအား မထိန်းနိုင်တော့သော်ညား သူမသည်ညစာစားပွဲတွင်မငိုချင်ပေ။ ထိုကြောင့်သူမသည် သူမ၏ခေါင်းအားလုပါးပါး၏ ပုခုံးပေါ်တွင်တင်လိုက်ကာ တိုးတိုးတိတ်တိတ်ငိုကြွေးနေခဲ့သည်။

ညစာစားပြီးနောက် ယန်ရှီနှင့်ကျုံချင်းယွီသည် ထွက်ခွာတော့မည်ဖြစ်သည်။

လုပေယွီသည်အလျင်အမြန်ပြောလိုက်သည်။

“အာ့ကျဲ ညအိပ်မနေခဲ့ဘူးလား”

ရုတ်တရက် လုဝမ်နင်းသည် လုပေယွီအား ဆွဲလိုက်လေသည်။

အကယ်၍ယန်ရှီသာကလေးတစ်ယောက်ဆိုလျှင် သူမသည်ညအိပ်နေမည်ဖြစ်သော်ညား သူမသည်အရွယ်ရောက်ပြီးသားဖြစ်ကာ သူမတွင်ကိုယ်ပိုင်ဘဝနှင့်အလုပ်အကိုင်ရှိလေသည်။

သူမအတွက် လုမိသားစုမှာသူစိမ်းများဖြစ်နေဆဲဖြစ်သည်။ ယန်ရှီအားအတင်းအကြပ်နေခဲ့ခိုင်းခြင်းသည် သူမကိုသာမသက်မသာဖြစ်စေမည်ဖြစ်သည်။

“အဆင်ပြေပါတယ်”

လုမားမားသည် ယန်ရှီအားလက်အားတင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။

“ဒါကသမီးရဲ့အိမ်ပဲ၊ သမီးပြန်လာချင်တဲ့အချိန်တိုင်း ပြန်လာခဲ့လို့ရတယ်”

လုမားမားသည် ယန်ရှီ၏လက်ထဲ သော့တစ်ချောင်းထည့်ပေးလိုက်သည်။

“ဒါကမားမားတို့ သမီးအတွက်ဝယ်ထားပေးတဲ့ မြို့ထဲကတိုက်ခန်းသော့ပဲ၊ မားမားဝမ်နင်းကိုသမီးဆီ လိပ်စာပို့ပေးဖို့ပြောလိုက်မယ်”

“အမေ ဒါက”

ယန်ရှီ ငြင်းတော့မည်ဆဲဆဲတွင် သူမားမားသည်သူမ၏လက်အားတင်းတင်းကြပ်ကြပ်ဖိဆွဲလာခဲ့သည်။

“ဒါကို မားမားတို့ရဲ့တွေ့ဆုံမှုအတွက်ပေးတဲ့ လက်ဆောင်သေးသေးလေးလို့မှတ်ပြီးလက်ခံပေးပါ၊ မားမားကိုမငြင်းလိုက်ပါနဲ့ ဟုတ်ပြီလား”

နှစ်များတစ်လျှောက်တွင် ယန်ရှီသည်ကျုံချင်းယွီ၏ တိုက်ခန်းတွင်အားလပ်ရက်များတွင်နေခဲ့ကာ ကျောင်းအဆောင်တွင်သာနေခဲ့ခြင်းဖြစ်သည်။ သူမအတွက် သူမကိုယ်ပိုင်နေစရာမရှိခဲ့ဖူးပေ။

လုမားမားသည် သူမတွင်ကိုယ်ပိုင်နေရာရှိဖို့မျှော်လင့်လေသည်။ ယန်ရှီ လုမိသားစုအားမပြန်လာချင်ပင်လျှင် သူမတွင်အနားယူစရာနေရာရှိသင့်လေသည်။

ယန်ရှီသည် သော့အားတင်းကြပ်စွာဆုပ်ကိုင်ထားကာ ပြောလိုက်သည်။

“ကျေးဇူးပါ အမေ”

လုမားမားသည် ယန်ရှီ၏ဆံပင်အားညင်သာစွာပွတ်သပ်ပေးပြီး ပြောလိုက်သည်။

“သမီးရဲ့မိသားစုကို ကျေးဇူးတင်စကားပြောစရာမလိုပါဘူး”

ဗင်ကားသည် လုမိသားစုခြံဝင်းထဲမှာ ဖြေညှင်းစွာထွက်ခွာသွားခဲ့သည်။

ယန်ရှီသည် ဗင်ကားထဲတွင်ထိုင်နေကာ ပြတင်းပေါက်အပြင်ဘက်ရှိမြင်ကွင်းများအား တိတ်တဆိတ်ကြည့်နေခဲ့သည်။

သူမ၏လုမိသားစုနှင့် ပထမဆုံးတွေ့ဆုံမှုသည် ထိုကဲ့သို့ဖြစ်သည်ဟု မတွေးခဲ့ဖူးပေ။

သူမသည် ဆိုးရွားသည့် လင်းမိသားစု၊ မရင်းနှီးကြသည့်ကျုံမိသားစုနှင့် ရန်စနေကြသည့်ပေမိသားစုများအား မြင်တွေ့ဖူးကာ သူမသည်လုမိသားစုကဲ့သို့ချမ်းသာသည့်မိသားစုအား မမြင်ခဲ့ဖူးပေ။

အလွန်ပင်ကောင်းမွန်လေသည်။ ယခင်ကမရေမတွက်နိုင်အောင် စောင့်ဆိုင်းနေချိန်များအတွင်း သူမစိတ်ကူးခဲ့သည်ထက်ပင် ပို၍ကောင်းမွန်လေသည်။

ကျုံချင်းယွီသည် သူမ၏မေးအားမော့လိုက်ကာ ယန်ရှီအားမေးလိုက်သည်။

“နင် လုမိသားစုကိုအတော်သဘောကျနေတာလား”

ယန်ရှီသည် တစ်ခဏမျှရပ်တန့်သွားကာ ခေါင်းငြိမ့်လိုက်သည်။

ကျုံချင်းယွီသည်လည်း အလွန်ထောက်ခံကာ သူမမိသားစုနှင့်ပင်နှိုင်းယှဥ်နေခဲ့သည်။

“ဟုတ်တယ် ငါလည်းနင့်နေရာမှာဆိုရင် သဘောကျမှာပဲ၊ တကယ်လို့ ငါတို့အိမ်ကလူအိုကြီးသာ မစ္စတာလုလောက် သူ့မိသားစုကိုဂရုစိုက်တတ်မယ်ဆိုရင် ငါနဲ့ကျုံယန်စီကြားမှာ ဒီလိုတွေဖြစ်နေမှာမဟုတ်ဘူး၊ လူတွေကိုနှိုင်းယှဥ်တာက တကယ် စိတ်တိုစရာပဲ”

ယန်ရှီသည် ပြုံး၍ပြောလိုက်သည်။

“နင့်ပါးပါးကလည်း အတော်ကောင်းတယ်မဟုတ်ဘူးလား”

ကျုံချင်းယွီသည် အတွန့်တက်လေသည်။

“နင် သူအရင်တုန်းကဘယ်လိုဆိုတာမမြင်ဖူးလို့ပါ၊ သူကအလုပ်ထဲမှာပဲနှစ်မြုပ်နေခဲ့တာ ဒိီနှစ်တွေအတွင်း ကျုံယန်စီ သူ့ရဲ့အလုပ်တွေကို လွဲပြောင်းယူလိုက်တဲ့အခါကျမှ သူမှာပေးစရာအချိန်ရှိလာပြီးတော့ သူ့ရဲ့ဖခင်မေတ္တာတွေကိုစပြလာတာ၊ အရင်တုန်းက သူက ငါတို့ကိုကလေးထိန်းနဲ့ပဲထားခဲ့ပြီး ငါတို့အကြောင်းဘာမှဂရုမစိုက်ပဲ ပိုက်ဆံပဲပေးနေခဲ့တာ”

“ဘာပဲဖြစ်ဖြစ် သူကသူရဲ့ဇနီးတွေကိုတကယ်ချစ်ခဲ့တာမှမဟုတ်တာ အကုန်လုံးကစီးပွားရေးအရလက်ထပ်ခဲ့ရတာကြီးပဲ၊ သူအဲလိုပြုမူတာ ပုံမှန်ပါပဲ”

မစ္စတာလုသည်ကွာခြားလေသည်။ သူသည် မစ္စလုအားချစ်မြတ်နိုးသည်မှာသိသာလေသည်။ မစ္စတာလုသည် မစ္စလုအား သူ့ကလေးများထက်ပင်ပိုချစ်သည်ဟု ကျုံချင်းယွီထင်လေသည်။

မိဘများတွင် အချင်းအချင်းအတွက် အချစ်များပြည့်နှက်နေခြင်းကြောင့် ၎င်းတို့သည် အချစ်များပြည့်နေသည့်မိသားစုအား တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်နိုင်သည်။

“သူ့အကြောင်းပြောနေတာရပ်လိုက်တော့”

ယန်ရှီအား သူမကိုနှစ်သိမ့်ခွင့်မပေးကာ ကျုံချင်းယွီဆက်ပြောလေသည်။ သူသည် အတွန့်တက်နေပါသော်ညား သူမ၏လက်ရှိအခြေအနေမှာ ဆိုးသည်ဟုသူမ မထင်ပေ။

“လုမိသားစုကနင့်ကို တိုက်ခန်းပေးတာမလား၊ သွားပြီးတော့ကြည့်ကြည့်ကြရအောင်လေ”

ဗင်ကားသည် ဟိုင်မြို့၏မြို့ပြဧရိယာရှိ အဆင့်မြင့်လူနေရပ်ကွက်တစ်ခုတွင်ရပ်တန့်သွားခဲ့သည်။

ထိုလူနေရပ်ကွက်၏တည်နေရာမှာအတော်ကောင်းလေသည်။ ထိုနေရာသည် ရှင်းယောင်နှင့် ဟိုင်တက္ကသိုလ်ကြားတွင်ဖြစ်ကာ ရှင်းယောင်နှင့်ပိုနီးလေသည်။ ဆရာကျောက်သည် ယန်ရှီအားနေ့တိုင်း အလုပ်သို့မောင်းပို့လျှင် ကြာမြင့်ချိန်မှာ မိနစ်နှစ်ဆယ်နှင့်အောက်တွင်ဖြစ်နိုင်သည်။

အခန်းသည် အလွှာနှစ်ဆယ်တွင်ရှိကာ အိမ်တစ်အိမ်အားဓါတ်လှေကားတစ်စင်းရှိလေသည်။ အခန်းသည် ငါးရာစတုရန်းမီတာလောက်ကျယ်ဝန်းကာ ကျုံချင်းယွီ၏အခန်းနှင့် အရွယ်အစားတူညီလုနီးပါးဖြစ်သည်။

အတွင်းပိုင်းပြင်ဆင်ပုံများမှာ မစ္စလု၏အကြိုက်ပုံစံမျိုးဖြစ်ကာ ရိုးရှင်း၍ကျော့ရှင်းလေသည်။ အခန်းထဲတွင် မစ္စတာလု၏မိန်းကလေးဆန်သည့်ပုံစံ လုဝမ်နင်း၏အေးစက်ကာရိုးရှင်းသည့်ပုံစံနှင့် လုပေယွီ၏တောက်ပြောင်သည့်ပုံစံများမပါရှိပေ။ ခြုံငုံကြည့်လျှင် အတော်ပင်အဆင်ပြေလေသည်။

ထိုညတွင် ယန်ရှီနှင့် ကျုံချင်းယွီသည် ထိုအခန်းတွင်ညအိပ်ကြလေသည်။

၎င်းတို့နှစ်သည် ရေချိုးကန်တစ်ကန်ထဲတွင်အတူစိမ်နေကြကာ ရေချိုးခန်းထဲတွင် ရေပူဖောင်းများနှင့်ပြည့်နေလေသည်။

ကျုံချင်းယွီစနောက်လိုက်သည်။

“မဖြစ်ဘူး လုမိသားစုကောင်းလွန်းနေတယ်၊ နင်အနာဂတ်မှာ လုမိသားစုဆီ ခဏခဏသွားလည်မှာပဲ၊ ကျုံယန်စီကနင့်ရဲ့အချိန်တွေကိုယူထားပြီးပြီ အခုလုမိသားစုကပါထပ်ယူတော့မယ်ဆိုတော့ ငါနဲ့အချိန်ဖြုန်းတဲ့အချိန်ကပိုနည်းလာတော့မှာ”

ယန်ရှိသည် ရေမြုပ်အားအသုံးပြုကာ ကျုံချင်းယွီ၏နောက်ကျောအားတိုက်ပေးနေခဲ့သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ငါ လုမိသားစုဆီပြန်မသွားဖြစ်လောက်ဘူး”

“ဘာလို့လဲ”

ကျုံချင်းယွီသည် ရှုပ်ထွေးသွားလေသည်။

ယန်ရှီသည် အတည်ပေါက် ခွဲခြမ်းစိတ်ဖြာပြလေသည်။

“တကယ်လို့လုမိသားစုသာ ငါ့အကူညီကိုလိုမယ်ဆိုရင် ငါသေချာပေါက်ကူညီမှာပါ ပြီးတော့ သူတို့တွေအသက်ကြီးလာတဲ့အခါ ပြုစုစောင့်ရှောက်ပေးရမည်ဆိုရင် ဘာမှမဖြစ်ပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် မိဘနဲ့သားသမီးကြားက ဆက်ဆံရေးက ကလေးဘဝကနေစတာ ကလေးကြီးလာတာနဲ့အမျှ သူတို့တွေက မိဘနဲ့ရင်းနှီးမှုလျော့နည်းလာကြတယ်၊ ငါ့လိုမျိုးမိသားစုကို နောက်ကျမှပြန်ရောက်လာတဲ့သူလိုမျိုးဆိုရင် အမှန်တကယ်ပေါင်းစည်းသွားနိုင်ဖို့အတွက် အရမ်းခက်ခဲတယ်”

လုမိသားစုသည် ကောင်းမွန်သော်ညား နှစ်ပေါင်းနှစ်ဆယ်ကြာကွဲကွာနေခဲ့ခြင်းအား ကျော်လွှားရန်မလွယ်ကူပေ။ ယန်ရှီသည် ၎င်းနှင့်ပတ်သက်၍ အမှားအယွင်းမရှိဟုထင်လေသည်။ သူမသည် သူမ၏မိသားစုအားပြန်ရှာတွေခြင်းကိုပင် အလွန်ကျေနပ်နေပြီဖြစ်သည်။

သို့ပေမဲ့ နောက်တစ်နေ့တွင် ယန်ရှီသည် သူမ လုမိသားစုမှ လူများအားလျော့တွက်ထားမိကြောင်း သဘောပေါက်သွားခဲ့သည်။

ဆရာကျောက်သည် ယန်ရှီအားကြိုဖို့ရာ လူနေရပ်ကွက်၏အဝင်ဝသို့မောင်းလာခဲ့သည်။ ယန်ရှီကားထဲသို့မဝင်နိုင်ခင်ပင် ကြီးမားသည်အမွှေးပွအကောင်တစ်ကောင်သည် သူမအပေါ်ခုန်တက်လာခဲ့သည်။ အားပြင်းမှုသည် ယန်ရှီအားမြေပြင်ပေါ်သို့ လဲကျသွားစေမတတ်ပင်ဖြစ်သည်။

ဖြူဆွတ်နေသည့် ခွေးလေးသည်ယန်ရှီအားပေါင်အားဖက်ထားကာ ၎င်း၏အမှီးအားယမ်းနေလေသည်။

“ယောင်ကျူ”

ယောင်ကျူရုန်းထွက်သွားသည်။ ခွေးကြိုးအားကိုင်၍ လုပေယွီသည် အရှိန်အဟုန်အပြည့်နှင့်ပြေးလာလေသည်။

“လုယောင်ကျူ မင်းပြေးတာမြန်လွန်းတယ် အရှိန်လျော့ဦး”

သူ Mercedes-benz နားသို့ရောက်ချိန်တွင် လုပေယွီ ယန်ရှီအားမြင်သွားကာ

“အာ့ကျဲ ကျဲလည်းဒီကိုရောက်နေတာလား၊ ယောင်ကျုအမြန်ကြီးပြေးသွားတာ အံ့ဩစရာမရှိတော့ပါဘူး”

ယန်ရှီသည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ

“မင်းဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ”

လုပေယွီသည် သူ၏ကျောကုန်းအားမတ်မတ်ထားလိုက်ကာ အကြောင်းအရာအားပြောလိုက်သည်။

“ကျွန်တော်လည်း ဒီမှာနေတာပဲလေ”

သူသည် ယန်ရှီနေသည့်အဆောက်အအုံအားညွှန်ပြလိုက်သည်။

“ကျဲ အလွှာနှစ်ဆယ်မှာနေတာ၊ အကြီးဆုံးကျဲက ဆယ်သုံးလွှာမှာ၊ ကျွန်တော်ကအသက်မပြည့်သေးတော့ ကျွန်တော်ကဆယ်တစ်လွှာမှာ မိဘတွေနဲ့အတူနေတာလေ”

“အကြီးဆုံးကျဲပြောတာက ဒါက ကျေးလက်ဘက်ကနေပြီးတော့ မြို့ပြကိုစိုးမိုးတာလို့ခေါ်တယ်တဲ့၊ သူမပြောတာ ကျွန်တော်တို့ကကျဲရဲ့ဘဝထဲကိုတဖြေးဖြေးပေါင်းစည်းသင့်ပြီး ကျဲအရှေ့မှာနေ့တိုင်းပေါ်လာသင့်တယ်တဲ့၊ အဲတာမှကျဲကျွန်တော်တို့နဲ့ မစိမ်းတော့မှာတဲ့လေ”

All Chapters