← Chapters

Chapter 107

Vol. 11 Ch. 107

Chapter 107

Vol. 11 Ch. 107

ယန်ရှီသည် သူမ၏ဖုန်းအားဖွင့်ကာ ဝေ့ပေါ်တွင် ရေပန်းစားနေနှင့် hashtag အားရှာလိုက်လေသည်။

“ကျုံလုပ်ငန်းစုသည် ဝန်ထမ်းများအား ရုပ်ရှင်လက်မှတ်အခမဲ့ပေးခြင်း”

ယန်ရှီ၏ ခေါင်းပေါ်တွင် မေးခွန်းအမှတ်အသားတစ်ခုပေါ်လာခဲ့သည်။

ဒါကဘာလို့တောင် ရေပန်းစားနေရတာလဲ။

သူမသည် ပို့စ်အားနိပ်လိုက်ကာ ကျုံလုပ်ငန်းစု၏တရားဝင်အကောင့်တွင် အလုပ်သမားများအားလုံးကို Crazy Summer & Winter ကိုအခမဲ့ကြည့်ရှူခွင့်ရမည်ဟု ကြေညာထားသည်။ ပို့စ်သည်ထူးထူးခြားခြားမဟုတ်သော်ညား ကျုံယန်စီသည် ပြန်လည်မျှဝေထားကာ

“ငါ့ရဲ့ကောင်မလေးက ဒီဇာတ်ကားမှာရင်းနှီးမြုပ်နှံထားတာ သေချာပေါက်ထောက်ပံ့ပေးရမယ်” ဟု မှတ်ချက်ရေးထားလေသည်။

မှတ်ချက်ရေးသည့်နေရာသည် ပေါက်ကွဲမတတ်ပင်ဖြစ်သည်။

[ကောင်မလေးတဲ့လား]

[ခဏလေး၊ ငါ ရှင်းယောင်ရဲ့ရင်းနှီးမြုပ်နှံသူစာရင်းကိုကြည့်ပြီးသွားပြီ အဲတာဆိုယန်ရှီပေါ့]

[အား နောက်ဆုံးတော့သူတို့တရားဝင်ကြေညာလိုက်ပြီ]

[ငါတို့ရဲ့ ကျုံ-ယန် အတွဲကအစစ်အမှန်ပဲ၊ ငါသိနေသားပဲ]

[Sweetiebigfan အဲတာကအမှန်ပဲဆိုတာကိုပြောနေတာကြာလှပြီ၊ မင်းတို့တွေကသူမကိုမယုံခဲ့ကြတာပဲ]

[ဒါပေမဲ့ ဒါကတရားဝင်ကြေညာချက်ပဲ၊ နောင်လာနောင်သားတွေအတွက် screenshot ရိုက်ထားရမယ်]

[ပထမဆုံး screenshot +1]

[ဥက္ကဋ္ဌကျုံက သူရဲ့ကောင်မလေးကိုကြူးရင်း အလုပ်များနေပြီ၊ သူ့ညီမလေးလည်း ဒီဇာတ်ကားမှာပါတယ်ဆိုတာ မေ့နေပြီလား]

[LMAO မိသားစုထက်အချစ်ကိုဦးစားပေးတာ]

[ငါအမြဲတမ်း မမလေးနဲ့ဥက္ကဌကျုံကမတည့်ကြဘူးလို့ထင်နေခဲ့တာ၊ ဒါပေမဲ့သူတို့တွေကတစ်နည်းနည်းနဲ့တော့တည့်ကြတာပဲမလား ရယ်ချင်စရာပဲ]

ယန်ရှီသည် ရယ်မောခြင်းနှင့် ကြေကွဲခြင်းကြားတွင်ရှိနေခဲ့သည်။ ကျုံယန်စီ၏ ငါ့ကောင်မလေးကိုကြည့်လိုက် ပို့စ်တစ်ခုတည်းဆိုလျှင် ထိုမျှပွက်လောရိုက်သွားမည်မဟုတ်သော်ညား တစ်စုံတစ်ဦးသည် ထိုခြေလှမ်းအားလိုက်လှမ်းလေသည်။

ပေလုပ်ငန်းစု၏တရားဝင်ဝေ့ပေါ်အကောင့်သည်လည်း အလုပ်သမားများအတွက်လက်မှတ်အခမဲ့ပေူမည်ကိုကြေညာလိုက်သည်။ ပေဟန်လီသည် ထိုပို့စ်အားမှတ်ချက်တစ်ခုနှင့် ပြန်လည်မျှဝေလေသည်။

“ငါ့ကောင်မလေးက ဒီဇာတ်ကားထဲမှာပါတယ်၊ သေချာပေါက်အားပေးရမယ်”

[!!!!]

[နောက်ထပ် တရားဝင်အတွဲတစ်တွဲထပ်ကြေညာတာလား]

[အား ပေဟန်လီနောက်ဆုံးတော့ ထုတ်ပြလိုက်ပြီ]

[ Journey မှာတုန်းက ပေဟန်လီက ကျုံချင်းယွီကိုပဲကြည့်နေခဲ့တာ မသိရင် သူ့မျက်လုံးတွေကို ကော်နဲ့ကပ်ထားသလိုမျိုးပဲ၊ အဲကတည်းကတစ်ခုခုရှိနေပြီဆိုတာ ငါသိတယ်]

[မမလေးကိုရဖို့မလွယ်လောက်ဘူးလို့ငါထင်ခဲ့တာ ဒါပေမဲ့ သူကတော့တကယ်ပဲအောင်မြင်သွားခဲ့တယ်၊ ဂုဏ်ယူပါတယ်]

[အခု ပေကပါ တရားဝင်ပြောနေပြီ]

[သူတို့နှစ်ယောက်ကမသိရင် သူတို့ကောင်မလေးကိုဘယ်သူပိုကြူးနိုင်လဲ ပြိုင်နေကြသလိုပဲ၊ မူကြိုကလေးတွေလိုမျိုးလေ]

[ဒီနေ့ကနှစ်သစ်ကူးရဲ့ပထမဆုံးနှစ်ပေမဲ့ ငါဖက်ထုပ်မစားရသေးဘူး၊ ဒါပေမဲ့ငါခွေးစားတွေတော့နင်နေပြီ]

ကျုံလုပ်ငန်းစုနှင့် ပေလုပ်ငန်းစုတင်မကပဲ လုမိသားစုပင်ပါဝင်လာခဲ့သည်။ သူတို့၏ တရားဝင်ဝေ့ပေါ်အကောင့်တွင် ဝန်ထမ်းများအား ဇာတ်ကားအားကြည့်ဖို့ဖိတ်ခေါ်ထားကာ လုမိသားစုများထံမှ ပြန်လည်မျှဝေခြင်းမှာမူ အစစ်အမှန်ဗုံးပင်ဖြစ်သည်။

လုဝမ်နင်း: “ ငါ့ရဲ့ညီမလေးကဒီဇာတ်ကားမှာ ရင်းနှီးမြုပ်နှံထားတာ၊ သေချာပေါက်အားပေးပေးရမယ်”

လုပေယွီ: “အာ့ကျဲ ကဒီဇာတ်ကားမှာရင်းနှီးမြုပ်နှံထားတာ၊ သေချာပေါက်အားပေးပေးရမယ်”

လုမားမားနှင့်ပါးပါး “ငါတို့သမီးတွေကဒီဇာတ်ကားမှာ ရင်းနှီးမြုပ်နှံထားတာ၊ သေချာပေါက်အားပေးပေးရမယ်”

[နေဦး အခုဘာတွေဖြစ်နေတာလဲ]

[လုမိသားစုကသူတို့ရဲ့ ပျောက်ဆုံးနေတဲ့အငယ်ဆုံးသမီးကို ပြန်ရှာတွေ့သွားပြီလား]

[အတင်းတုပ်စရာကဘာကြီးလဲ၊ တစ်ယောက်ယောက်ရှင်းပြကြပါဦး]

[လုမိသားစုကသူတို့ရဲ့သမီးအငယ်လေးကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကပျောက်သွားခဲ့တာ လုပေယွီကအဲတာကို Journey မှာတုန်းကပြောပြခဲ့ဖူးတယ်]

[သူတို့ သူမကိုရှာတွေ့သွားပြီလား ဘယ်သူလဲ]

[ငါတို့တွေယန်ရှီကမိဘမဲ့ဆိုတာရယ် Crazy မှာရင်းနှီးမြုပ်နှံထားတယ်ဆိုတာကိုသိနေတယ်လေ]

[ဘုရားရေ မဖြစ်နိုင်တာ ဘယ်လိုတောင်တိုက်ဆိုင်တာကြီးလဲ]

[ဒီနေ့အတင်းတုပ်စရာကအရမ်းများလွန်းတယ်၊ နှစ်သစ်ကူးနေ့မှာ ဒီဖွင့်ဟချက်တွေကြောင့် ငါပေါက်ကွဲသွားတော့မယ်]

[ဝိုး ဒါကလုံးဝဒရမ်မာထဲကအတိုင်းပဲ]

Crazy Summer & Winter သည် အခြားနှစ်သစ်ကူးတွင် စတင်ထုတ်လွှင့်သည့် ဇာတ်ကားများနှင့် နှိုင်းယှဥ်လျှင် လူပြောများကာ ဟိုင်ချန်၏ အကြီးမားဆုံးလုပ်ငန်းစုများမှ ပရိုမိုရှင်းဆင်းပေးနေခြင်းနှင့် ကြီးမားသည့်ဖွင့်ဟချက်ဗုံးသုံးလုံးကြောင့် ဇာတ်ကား၏ကျော်ကြားမှုမှာ မိုးထိမတတ်ပင်ဖြစ်သည်။

အင်တာနက်သုံးစွဲသူများသည် ဇာတ်ကားအားဝေဖန်ရန်လုပ်နေကြကာ သိချင်စိတ်အားဖြစ်လာခဲ့သည်။

“ဇာတ်ကားကတကယ်ကောင်းလို့လား”

ကြည့်ရှူသူပထမအသုတ်များသည် သုံးသပ်ချက်များအားတင်ကြကာ ရေပန်းစားနေသည့် hashtag များကြောင့် ၎င်းတို့သည့်အလျင်အမြန်ပင်ပျံ့နှံသွားခဲ့သည်။

[လုံးဝအမိုက်စားပဲ ငါတကယ့်ကိုအများကြီးငိုခဲ့တာ၊ Crazyကတော့ ဒီနှစ်ရဲ့အကောင်းဆုံးဇာတ်ကားဆုကို ဆွတ်ခူးမှာအသေအချာပဲ]

[ဒါရိုက်တာဝေရိုက်ကူးထားတာအမိုက်စားပဲ၊ ဒါကရုပ်ရှင်သမိုင်းမှာတောင် ပါသွားနိုင်တယ်]

[ငါလုံးဝ ကျယ်ကျယ်လောင်လောင်ငိုယိုနေခဲ့တာ ငါ့ရဲ့မိဘတွေရောပဲ၊ ဝမ်းနည်းစရာပုံစံတင်မဟုတ်ဘူး အဲတာက ဖြူစင်တဲ့စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုပဲ သေချာပေါက်ကြည့်သင့်တယ်]

[ဇာတ်ကားကလုံးဝအမိုက်စားပါပဲ ဒါပေမဲ့တကယ့်အံဩစရာက ကျုံချင်းယွီရဲ့သရုပ်ဆောင်ချက်ပဲ၊ စုစုပေါင်း ၁၈၀ ပဲ သူ့ရဲ့ cello ဖျော်ဖြေတဲ့အခန်းမှာဆိုရင် သူကနတ်သမီးလေးလိုပဲ]

[ဟုတ်တယ်မလား၊ ကျုံချင်းယွီဒီဇာတ်ကားမှာသရုပ်ဆောင်ထားတာက လုံးဝနောက်တစ်ဆင့်မှာပဲ၊ အရင်ကနဲ့လုံးဝမတူဘူး]

[သူမ ဖျော်ဖြေရေးလောကကနေထွက်လိုက်တာ ငါအနည်းငယ်ဝမ်းနည်းမိတယ်]

[အတိုချုံးပြောရမယ်ဆိုရင် Crazy ကတအားကောင်းတယ်၊ အားလုံးကြည့်ကြည့်သင့်တယ်]

အွန်လိုင်းစကားများသည် ပို၍ကြီးထွားလာကာ လူအများစုသည် Crazy မှာကောင်းမွန်သည့်ဇာတ်ကားတစ်ကားဖြစ်သည်ကို သိရှိသွားကြသည်။ ဝတ္ထုနှင့်ယှဥ်လျှင် Crazy အားနှုတ်မှချီးမွမ်းသံများသည် အလျင်အမြန်ပျံ့နှံ့သွားခဲ့သည်။

ယန်ရှီသည် ဤသည်မှာသူမနှင့်ကျုံချင်းယွီ၏ လွှမ်းမိုးမှုတစ်စိတ်တစ်ပိုင်းပါဝင်သည်ကိုသိသော်ညား အဓိကအကြောင်းအရင်းမှာ ဇာတ်ကား၏ မြင့်မားသည့်အရည်အသွေးကြောင့်ပင်ဖြစ်သည်။

ကြည့်လိုက်ရုံဖြင့် Crazy သည် ဝတ္ထုထဲထက်ပင် ပို၍ပင် အဆင့်မြင့်သွားနိုင်လောက်လေသည်။

ယန်ရှီသည်အလွန်ပင် ပျော်ရွှင်သွားခဲ့ကာ သူမ၏မျက်လုံးများသည် ရွှေရောင်အစက်ကလေးများကဲ့သို့ပြောင်းလဲသွားခဲ့သည်။ အဆင့်မြင့်သွားခြင်းသည် ပိုက်ဆံများပိုရမည်ဟုဆိုလိုခြင်းဖြစ်ကာ သူမသည်လည်းအမြတ်အစွန်းများ၏ တစ်စိတ်တစ်ပိုင်းအား ရမည်ဖြစ်သည်။

ချမ်းသားသည့်အမျိုးသမီးတစ်ခုဖြစ်ဖို့ရာ သိပ်မလိုတော့ပေ။

လှမ်းကြည့်လိုက်ပြီးနောက် သူမသည်နောက်ထပ်စီစစ်မှုပြီးဆုံးသွားသည်ကို သိလိုက်ရကာ ကျုံယန်စီနှင့်ပေဟန်လီနှစ်ဦးစလုံး ထွက်လာခဲ့လေသည်။ နှစ်ဦးစလုံးသည် အရပ်ရှည်လျားကြသည်ဖြစ်ကာ နှစ်ဦးအား ဘေးချင်းကပ်ပေါ်လွင်စေလေသည်။

ယန်ရှီသည် သူမ၏ခေါင်းအားမော့လိုက်ကာ

“ရှင်တို့နှစ်ယောက် ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ”

သူမသည်၎င်းတို့နှစ်ဦးကြိုပြောခဲ့မည်ဆိုလျှင် လက်မှတ်များအား ဝယ်ထားပေးမည်ဖြစ်သည်။

ကျုံယန်စီသည် ယန်ရှီ၏ဆံပင်အားပွတ်သပ်ပေးကာ

“သေချာပေါက်ကိုယ်ကောင်မလေး ရင်းနှီးမြုပ်နှံထားတဲ့ ဇာတ်ကားကို လာအားပေးတာပေါ့”

ပေဟန်လီ ခေါင်းညိတ်လိုက်ကာ

“ငါ့ကောင်မလေးကို လာအားပေးတာ”

Systemသည် မထီမဲ့မြင်ပြုလိုက်ကာ

[မယုံနိုင်စရာပဲ၊ ဗီလိန်ကြီးကတကယ်ပဲအောင်မြင်သွားခဲ့တယ်ပေါ့]

[မမလေးကိုမရခင် သူမကိုနည်းနည်းလောက်ထပ်လိုက်ရဦးမည်ကို ထင်ခဲ့တာ]

[စုန့်ကျီလယ် ကတော့အသဲကွဲနေတော့မှာပဲ]

ယန်ရှီသည်မတတ်နိုင်စွာရယ်လိုက်ကာ ကျုံချင်းယွီသည်လည်း ရယ်မောနေလေသည်။

ပေဟန်လီသည် သူမတို့အားသံသယဖြင့်ကြည့်လိုက်ကာ

“မင်းတို့နှစ်ယောက် ကိုယ်ဆီကနေလျို့ဝှက်ထားတာရှိနေတယ်လို့ ကိုယ်ဘာလို့ခံစားနေရပါလိမ့်”

သူသည်ပိုနီးကပ်လာကာ

“ဟေး ကိုယ်တို့ကမိသားစုတွေပဲလေ၊ ဘာတွေဖုံးကွယ်ထားစရာလိုလို့လဲ”

ကျုံယန်စီသည် ယန်ရှီ၏လက်အားကိုင်လိုက်ကာ အရင်ထွက်သွားခဲ့သည်။

“ကျွန်မတို့ကမိသားစုတွေလား ရှင်ကကောင်လေးပဲရှိပါသေးတယ်၊ ရှင့်မှာသွားစရာလမ်းအရှည်ကြီးကျန်သေးတယ်”

ပေဟန်လီသည် မျက်မှောင်ကြုတ်ကာ စိတ်မပျော်မရွှင်ဖြစ်သွားပြီးနောက် နောက်တစ်ခဏတွင်တော့ သူမဲ့ပြုံးပြုံးလိုက်သည်။

“ကျုံယန်စီ မင်းကလည်း ကောင်လေးအဆင့်ပဲမလား လုမိသားစုကမင်းကိုလက်ခံပါ့မလား၊ ဘယ်သူသိမှာလဲ မင်းဘာတွေကျေနပ်နေတာလဲ”

ကျုံယန်စီ “....”

အားရှ်

ဖွင့်ပွဲခန်းမထဲတွင် ကျုံယန်စီသည်အဓိကသရုပ်ဆောင်များနှင့် ရိုက်ကူးရေးအသင်းအား နှုတ်ဆက်ခဲ့သည်။

သူမသည်ထိုနယ်ပယ်မှထွက်သွားပြီဖြစ်ကာ တတိယဇာတ်ဆောင်တစ်ဦးအနေနှင့် သူမည် ဖွင့်ပွဲအား ယဥ်ကျေးမှုအရတက်ရောက်ခြင်းဖြစ်သည်။ နောက်ပိုင်း ပရိုမိုရှင်းပွဲများသည် အဓိကအဖွဲ့၏ တာဝန်ဖြစ်သည်။

လမ်းတစ်လျှောက်တွင် ကျုံချင်းယွီသည် ပရိတ်သတ်အများစုသည် သူမ၏သရုပ်ဆောင်ချက်အား ချီးကျူးနေသည်ကို ကြားခဲ့ရသည်။ ဤသည်မှာ သူမ၏ပထမဆုံးအကြိမ် စိတ်အားထက်သန်စွာချီးမွမ်းခြင်းခံခဲ့ရခြင်းဖြစ်ကာ ထိုသို့ချီးကျူးခံရခြင်းမှာ အလွန်ပင်ကောင်းမွန်လေသည်။

အကယ်၍ တစ်စုံတစ်ဦးသည်အနာဂတ်တွင် သူမ၏သရုပ်ဆောင်စွမ်းရည်အား ဝေဖန်ခဲ့လျှင် သူသည် သူတို့၏မျက်နှာရှေ့သို့ Crazy အားပြသလိုက်မည်ဖြစ်သည်။ ယခုအချိန်တွင် သူမသည်ယုံကြည်မှုရှိရှိငြင်းခုံနိုင်သွားပြီဖြစ်သည်။

ဇာတ်ခုံအနောက်ဘက်အခန်းထဲတွင် ကျုံချင်းယွီသည် ယန်ရှီနှင့်အခြားသူများအားတွေ့လိုက်သည်။

ယန်ရှီသည် သူမအားပန်းစည်းတစည်းလှမ်းပေးလိုက်သည်။

“ဂုဏ်ပြုပါတယ် ကြယ်ပွင့်ကြီးရေ”

ကျုံချင်းယွီသည် ပန်းများအားပျော်ရွှင်စွာလက်ခံလိုက်သည်။

“နင်တို့အားလုံးလာခဲ့ကြတာပဲ”

“သေချာတာပေါ့”

သူတို့သည် မမလေး၏ပထမဆုံးနှင့်နောက်ဆုံးဇာတ်ကားအား မည်သို့လွတ်ရဲကြမည်နည်း။

ကျုံချင်းယွီသည် ကျုံယန်စီဘက်သို့လှည့်ကာ

“ကျုံယန်စီ နင်ငါ့ကို ငါသရုပ်ဆောင်တာတွေက ဆိုးရွားတယ်ဆိုပြီး ဖျော်ဖြေရေးလောကထဲကိုဝင်တာကို ဆန့်ကျင်ခဲ့တယ်လေ၊ အခုဘယ်သူသရုပ်ဆောင်တာကမှ ဆိုးတာလဲ နင်ဇာတ်ကားကို အခုပဲကြည့်ခဲ့တယ်မလား၊ ငါလုံးဝဇာတ်ကားကိုဆွဲဆောင်ထားတာပဲ”

သူမ၏ ဂုဏ်ယူနေသည့်ပုံအားမြင်၍ ကျုံယန်စီသည်မငြင်းခုံရဲကာ

“ဟုတ်တယ် ဟုတ်တယ်၊ မင်းရဲ့သရုပ်ဆောင်ချက်ကအကောင်းဆုံးပါပဲ”

ကျုံချင်းယွီသည် ယန်ရှီအားကြည့်လိုက်ကာ

“တကယ်လို့ The Golden Dove ဆုသာငါမရဘူးဆိုရင် ဟာသကြီးဖြစ်မှာပဲ ဟုတ်တယ်မလား”

ယန်ရှီသည် ရယ်မောလိုက်ကာ

“နှစ်တစ်နှစ်ရဲ့အကောင်းဆုံးသရုပ်ဆောင်ဆုက နင့်အတွက်ပါပဲ”

ကျုံချင်းယွီသည် ဤသည်မှာမြှောက်ပင်ပေးရုံဆိုသည်ကိုသိသော်ညား ကြားရသည်မှာပျော်ရွှင်စရာဖြစ်နေဆဲဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူမသည်ထိုနယ်ပယ်မှထွက်ခွာသွားပြီဖြစ်သောကြောင့် အနည်းငယ်ချဲ့ကားပြောဆိုမှုမှာ မထိခိုက်စေနိုင်ပေ။

“Crazy Summer and winter” ၏ဂုဏ်သတင်းမှာဆက်လက်ပျံ့နှံ့နေဆဲဖြစ်ကာ ငါးရက်မြောက်နေ့တွင် နှစ်သစ်ကူးရာသီ၏ ထိပ်တန်း box office ဖြစ်လာနိုင်သည့် ဇာတ်ကားများအားကျော်လွန်သွားခဲ့သည်။

လုမိသားစုသည် သူတို့၏သမီးအား ပြန်ရှာတွေ့သွားပြီဟူသည့်သတင်းသည်လည်း တော်တော်များများပျံ့နှံ့သွားကာ ဟန်သွမ့်ရှိ ရဲ့လော့ယီပင်လျှင်သိရှိသွားခဲ့သည်။

ဆုလင်းလင်းသည် ရဲ့လော့ယီထံ နှစ်သစ်ကူးပြီးနောက် လာလည်ပတ်ချိန်တွင် အွန်လိုင်းသတင်းအသစ်များအားတွေ့ကာ သူမ မျက်လုံးများပြူးကျယ်သွားခဲ့သည်။

“ယန်ရှီကတကယ်တော့ လုမိသားစုရဲ့အငယ်ဆုံးသမီးလား၊ ဘယ်လိုတောင်တိုက်ဆိုင်မှုကြီးလဲ”

ဆုလင်းလင်း၏ထိတ်လန့်မှုနှင့်မတူပဲ ရဲ့လော့ယီသည် ပိတ်လှောင်မှုအားခံစားနေရလေသည်။

သူမသည် လုမားမားအားစာတစ်စောင်ပို့လိုက်သည်။

“သမီးကိုရှာတွေ့သွားတဲ့အတွက် ဂုဏ်ယူပါတယ် ခေါင်းကိုင်အမေ”

လုမားမားသည် အလျင်အမြန်စာပြန်ခဲ့သည်။

“ကျေးဇူးပါ အန်တီဆရာကျောက်ဆီကကြားတာ မင်းနှစ်သစ်ကူးကို ဟန်သွမ့်မှာ ရုပ်ရှင်ရိုက်ရင်းကုန်ဆုံးခဲ့တာဆို၊ မင်းကိုယ်မင်းဂရုစိုက်ပါဦး”

ယန်ရှီသည် မက်ဆေ့ချ်အားလှမ်းကြည့်လိုက်သည်။

“မဒမ်လုက တကယ့်ကိုကြင်နာတတ်တဲ့သူပဲ”

ရဲ့လော့ယီ သက်ပြင်းချလိုက်သည်။

“ဟုတ်တယ်”

လုမိသားစုသည် သူမအပေါ်အမြဲတစေကြင်နာခဲ့သည်။ လူတော်တော်များများသည် လုမားမားသူမအတွက် ခေါင်းကိုင်မိခင်လုပ်ပေးခဲ့ခြင်းသည် သူမအား သူမ၏အငယ်ဆုံးသမီး၏ အစားထိုးဟုမှတ်ယူသည်ဖြစ်သောကြောင့်ဟု ထင်ကြသော်ညား ရဲ့လော့ယီသည် လုမားမား၏ရှင်းလင်းသည့်စိတ်အားခံစားမိလေသည်။

ရဲ့လော့ယီသည် လုမားမားအားလေယာဥ်ပေါ်တွင်တစ်ခါကူညီဖူးကာ သူမတစ်ဦးတည်းဖျော်ဖြေရေးနယ်ပယ်တွင် ခက်ခဲနေသည်ကိုမြင်၍ လုမားမားသည်ကူညီချင်ခဲ့ခြင်းဖြစ်နိုင်သည်။ လုမိသားစုသည် ပေယွဲ့ပိုင်၏ရှုပ်ထွေးသည့်အမူအယာအားလည်း ကြိုမြင်ခဲ့ကာ လုမားမားမှာသူမအားတစ်ချိန်လုံးအကြံဥာဏ်ပေးနေခဲ့သော်ညား ရဲ့လော့ယီ နားမလည်ခဲ့ပေ။

ဆုလင်းလင်းသည် ရုတ်တရက်မေးလိုက်သည်။

“ဒါနဲ့ နင်အခုပေယွဲ့ပိုင်ရဲ့အခြေအနေကိုသိပြီးပြီလား”

ရဲ့လော့ယီ ၏နှလုံးခုန်သံသည်တစ်ချက်ရပ်သွားကာ

“ပေယွဲ့ပိုင် သူဘာဖြစ်လို့လဲ”

“ကောလာဟလတွေကတော့ သူအကြွေးနွံနစ်နေပြီး အကြွေးရှင်တွေကလည်း သူ့နောက်လိုက်နေကြတယ်တဲ့၊ သူနိုင်ငံကနေတောင် ထွက်ပြေးသွားပြီကြားတယ်၊ နင်သူနဲ့မပတ်သက်တော့တာတော်သေးတာပေါ့ တကယ်လို့ နင်တို့နှစ်ယောက်သာ အတူရှိနေသေးရင် သူက သူနဲ့အတူနင့်ကိုပါဆွဲချသွားမှာ”

ရဲ့လော့ယီသည် အရှေ့ဘက်အားဗလာသက်သက်စိုက်ကြည့်နေခဲ့ကာ လွန်ခဲ့သည့် ခြောက်လသည်ဘာမှမဟုတ်ကာ အိမ်မက်တစ်ခုသာဖြစ်သည်ဟု ခံစားနေရသည်။

“ဟုတ်တယ်၊ ငါစောစောထွက်လာခဲ့တာ တော်သေးတာပေါ့”

ဘဝသည်ရှည်လျားသည်။ မှားရွေးမိခြင်းသည်အရေးမကြီးကာ အသစ်တစ်ခုစတင်ရန်အတွက် အခွင့်အရေးများအမြဲရှိနေမည်ဖြစ်သည်။

နှစ်သစ်ကူးပြီးနောက် ယန်ရှီသည်သူမကိုယ်သူမ ပရောဂျက်အသစ်တစ်ခုနှစ်မြုပ်ထားခဲ့သည်။ ကျုံယန်စီ သေဆုံးရမည့်အချိန်အပိုင်းအခြားသည် ဝတ္ထုထဲတွင်ကျော်လွန်သွားပြီဖြစ်ကာ ဇာတ်လမ်း၏ဇာတ်ကွက်များသည် ၎င်းတို့နှင့်အဝေးကိုသာသွားနေသည်ကို သူသတိမမူမိပေ။

နောက်ဆုံးတွင်တော့ သူမကဲ့သို့အရံတစ်ဦးသည် အဓိကဇာတ်ကြောင်းတွင်ပါဝင်ဖို့ရာမဟုတ်ပေ။ ကမ္ဘာကြီးသည် အေးချမ်းကာပုံမှန်အခြေအနေသို့ပြန်ရောက်သွားပြီဖြစ်သော်ညား system သည်ယန်ရှီဘေးတွင် နေ့တိုင်းစကားများနေဆဲဖြစ်ပြီး လွန်ခဲ့သည့်ခြောက်လသည် အိမ်မက်မဟုတ်ကြောင်း သတိပေးနေလေသည်။

လွန်ခဲ့သည့်နှစ်လတွင် SP ၏ခုနစ်ယောက်ရှိသည့် ယောက်ျားလေးအဖွဲ့သည်ပွဲဦးထွက်ခဲ့ကာ ရှန်ယီသည် အလယ်နေရာအားရခဲ့ပြီး စီယဲ့သည်ပထမနေရာအား အနည်းငယ်လွဲချော်သွား၍ ဒုတိယနေရာအားရခဲ့သည်။ လွန်ခဲ့သည့်နှစ်လအတွင်းယန်ရှီသည် သူတို့အား ရသစုံရှိုးရိုက်ကူးရန် စီစဥ်ပေးကာ သူတို့ခုနစ်ယောက်အား တောင်ကိုရီးယားသို့ ပြင်းထန်သည့်လေ့ကျင့်မှုများယူရန်အတွက် ပို့ခဲ့သည်။

ယခုသည် ရှိုးအားစတင်လွှင့်ကာ ပရိတ်သတ်များအားနှုတ်ဆက်ချိန်ဖြစ်သည်။

အိုင်ဒေါအဖွဲ့တစ်ဖွဲ့အနေနှင့် သန်မာသည့်ခရီးလမ်းရှိကာ အရှိန်အဟုန်သည်ကြီးမားပြီး မျှော်မှန်းချက်မှာ ကောင်းကင်ယံအထိပင်ဖြစ်သည်။

နှစ်သစ်ကူးပြီး ရှစ်ရက်မြောက်နေ့တွင် ကျောက်ကျောက်သည် ယန်ရှီအားတွေ့ရန် ရှင်းယောင်သို့လာခဲ့သည်။

သူမသည် အားလပ်ရက်အတွက်အိမ်သို့မနည်းပြန်ခဲ့ရကာ သူမနိုင်ငံတွင်အကြာကြီးနေမည်မဟုတ်ပေ။ အချိန်အများစုအား စိတ်အားထက်သန်စွာအသုံးချရန်အတွက် သူမသည် ရှင်းယောင်ထံသို့ ကြယ်ပွင့်များအား ကြည့်ရန်လာခဲ့လေသည်။

ယန်ရှီသည် လုမိသားစု၏ဆက်ခံသူဖြစ်ကြောင်း မကြေညာရသေးခင်တွင် လိုင်းပေါ်ရှိသူများသည် ကျောက်ကျာက်အား ကျုံချင်းယွီ၏ အချစ်ဆုံးသူငယ်ချင်းဖြစ်နေခြင်းကြောင့် မနာလိုကြလေသည်။

သို့ပေမဲ့ ကျောက်ကျောက်သည်သူမကိုယ်သူမ ကံကောင်းသည်ဟုသာမှတ်ယူလေသည်။ သူမသည် ယန်ရှီ၏အခန်းဖော်သာဖြစ်ကာ သူမ၏အခန်းဖော်သည် ဖျော်ဖြေရေးကုမ္ပဏီ၏ စီအီးအို တစ်ဦးဖြစ်သွားလေသည်။ ကျော်ကြားသည့်ကြယ်ပွင့်များနှင့် သရုပ်ဆောင်များသည် သူမဘေးတွင်ရှိနေသဖြင့် ကျောက်ကျောက်သည် သူမ၏ ပရိတ်သတ်ဖြစ်ရန်အတွက် တိုက်တွန်းမှုအား မည်သို့ငြင်းဆိုနိုင်မည်နည်း။

ယန်ရှီသည် ကျောက်ကျောက်လာမည်ကိုသိကာ သူမသည်အောက်ထပ်သို့သူမအားကြိုဆိုရန်ဆင်းလာခဲ့သည်။ သူမသည် သူ့အားယာယီအလုပ်သမားကဒ်အားပေးကာ ရှင်းယောင်ထံသို့ဝင်လာစေခဲ့သည်။

ကျောက်ကျောက်၏မျက်လုံးများသည် သူမအိုင်ဒေါများအား အကလေ့ကျင့်ရေးအခန်းတွင် လေ့ကျင့်နေခြင်း၊ အဆိုတော်များအသံသွင်းနေခြင်း နှင့် သရုပ်ဆောင်များလေ့ကျင့်ခန်းလုပ်နေခြင်းကိုမြင်ချိန်တွင် ကြေးခေါင်းလောင်းများကဲ့သို့ တောက်ပနေလေသည်။

“အား နင့်ရဲ့အခန်းဖော်ဖြစ်ရတာက တကယ်အကောင်းဆုံးပဲ၊ အနုပညာရှင်တွေအများကြီးပဲ ရှန်ယီနဲ့ စီယဲ့ဒီမှာလား ငါမနက်ဖြန်ကျောင်းကိုပြန်သွားရမှာ၊ ငါသူတို့ရဲ့လက်မှတ်တွေလိုတယ်”

ယန်ရှီသည်အချိန်ဇယားအားကြည့်လိုက်ကာ

“သူတို့တွေ ခဏနေရင်ဒီကိုရောက်လာလိမ့်မယ်၊ ငါနင့်အတွက် လက်မှတ်ရအောင်တောင်းပေးမှာပါ၊ သူတို့ကပေါင်းသင်းရလွယ်ပါတယ်”

ကျောက်ကျောက်သည်သူမအား တင်းကြပ်စွာဖက်လိုက်ကာ

“ယန်ရှီ နင်ကတကယ်အကောင်းဆုံးပဲ”

ယန်ရှီနှင့်ကျောက်ကျောက်စကားပြောနေချိန်တွင် system ပေါ်လာခဲ့သည်။

သူတွင်ပြောစရာတစ်ခုရှိနေလေသည်။

သို့ပေမဲ့ သူသည် အချိန်အတော်ကြာတုန်ဆိုင်းသွားကာ မပြောပဲနေလေသည်။

System သည်ထွက်ခွာတော့မည်ဖြစ်သည်။

“ extra system” သည် system အသစ်များအတွက် လေကျင့်ချိန်ဖြစ်ကာ သူတို့အားဝတ္ထုကမ္ဘာ၏ဆန်းသစ်သည့် စက်များနှင့်ရင်းနှီးအောင်ကူညီပေးသည်။ သူတို့သင်ယူပြီးသွားချိန်တွင် သူတို့သည် ရွှေ့ပြောင်းနေသူများအား မစ်ရှစ်အမျိုးမျိုးဖြတ်ကျော်နိုင်အောင် ကူညီပေးရမည်ဖြစ်သည်။

ကျုံချင်းယွီသည် ဇာတ်ကောင်စရိုက်အမှတ် တစ်ရာပြည့်သွားချိန်တွင် system ၏လေ့ကျင့်ရေးအဆုံးသတ်သို့ရောက်သွားပြီဖြစ်သည်။

ထွက်ခွာခြင်းသည် ရှောင်လွဲ၍မရပေ။

သို့သော်လည်း systemသည်တုံ့ဆိုင်းမှုအားခံစားနေရဆဲဖြစ်သည်။ နောက်ဆုံးတွင်တော့ ယန်ရှီသည်သူ၏ ပထမဆုံး host ဖြစ်သည်။

ထို့အပြင် သူသည် သူ မည်မျှအသုံးမကျခဲ့ခြင်းကိုလည်းသိလေသည်။ ယန်ရှီအား အဖော်ပြုခြင်းမှုလွဲ၍ သူသည်များစွာမပါဝင်ခဲ့ပေ။ ယန်ရှီ ကျုံချင်းယွီအတွက်ဇာတ်ကောင်စရိုက်အမှတ်အား ပြည့်အောင် သူမဘာသာစုခဲ့ခြင်းဖြစ်သည်။

သူ၏ Host သည်ယနေ့အလုပ်လုပ်ရဦးမည်ဖြစ်သည်။

တိတ်တဆိတ်ထွက်ခွာသွားခြင်းသည် ပိုကောင်းပေမည်လား။

System သည်စိတ်ဓာတ်ကျကာ ထောင့်နားတွေကပ်နေခဲ့ပြီး သူ၏သေးငယ်သည့်လက်လေးများသည် သူ့ကိုယ်လုံးလုံးလေးကာထိနေကာ ဖောင်းနေသည့်ဗိုက်လေးအား ဖိလိုက်လေသည်။

ယန်ရှီ သူမ၏ဖုန်းအားကြည့်လိုက်သည်။ SP ၏မနေ့ဂျာဖြစ်သည့် ဝမ်ရုံသည် ကားလမ်းပိတ်နေသည့်အတွက်ကြောင့် SP အဖွဲ့ဝင်များသည် ကုမ္ပဏီသို့နာရီဝက်နောက်ကျမှရောက်မည်ဖြစ်ကြောင်း စာပို့လာခဲ့သည်။

သူတို့သည် သူတို့၏သီချင်းသစ်အားအသံသွင်းရန်အတွက် အချိန်ဇယားရှိကာ ထိုအချိန်ဇယားသည် မိနစ်သုံးဆယ်နှောင့်နှေးသွားမည်ဖြစ်သည်။

ယန်ရှီသည် လင်းကျီအားခေါ်နေရင်းဖြင့် ချောင်ယန်အားအချိန်ဇယားအားညှိဖို့ရာ ပြောနေသည်။

“ငါ့ရဲ့သူငယ်ချင်းကို လှည့်ပတ်ပြပေးပါဦး၊ ငါ့မှာတစ်ခြားလုပ်စရာလေးရှိနေလို့”

ကျောက်ကျောက်သည် သူမ၏နို့လက်ဖက်စည်အားသောက်နေရင်း နာခံစွာခေါင်းငြိမ့်လိုက်သည်။

“သွားပါ ငါဘာမှ ပြဿနာမရှိပါဘူး၊ ငါစီယဲ့နဲ့ရှန်ယီဆီကလက်မှတ်ရတာနဲ့ သွားမှာပါ”

ယန်ရှီသည် ထောင့်သို့သွားကာ သေးငယ်သည့်အစုအဝေးအဖြင့်ကွေးနေသည့် တောက်ပသည့်အလုံးလေးအားကောက်ယူလိုက်သည်။

[ Host]

[လာ ငါမင်းကိုတစ်ခုပြစရာရှိတယ်]

Systemသည်အလွန်ရှုပ်ထွေးသွားပါသော်ညား ယန်ရှီနောက်သို့နာခံစွာလိုက်လာခဲ့သည်။

ရှင်းယောင်ထဲတွင် လူတိုင်းစုစည်းကာ ဒရမ်မာအသစ်များနှင့် ရသစုံရှိူးများမားမထုတ်လွှင့်ခင် မှတ်ချက်ပေးသည့် သီးသန့်ပြန်လည်သုံးသပ်ခန်းရှိလေသည်။

သို့ပေမဲ့ ယနေ့တွင် အခန်းထဲတွင်ယန်ရှီနှင့် systemသာရှိသည်။

[ကျွန်တော်တို့တွေဒီမှာဘာလုပ်နေကြတာလဲ]

ပရောဂျက်တာသည် ရုတ်တရက်လင်းလက်လာကာ SP ၏နောက်လာမည့်အဖွဲ့၏ ရသစုံရှိုးအားပြသနေကာ နောက်လာမည့်အပတ်အထိလွှင့်ဦးမည်မဟုတ်သည့် အကြောင်းအရာများပါလေသည်။

System ၏မျက်လုံးများသည် ချက်ချင်းပင်လင်းလက်လာကာ စိတ်လှုပ်ရှားကာခုန်ပေါက်နေလေသည်။

[ဝိုး ဒါကနောက်အပတ်အတွက် အကြိုကြည့်ရမဲ့အပိုင်းမလား၊ အဲတာဆို ကျွန်တော်တို့အခုကြည့်လို့ရတာလား]

ယန်ရှီသည်ပြုံးလိုက်ကာ

“မင်းကပထမဆုံးကြည့်ရတဲ့သူပါ”

[ဟမ်]

ယန်ရှီသည် တက်ဘလက်အားကိုင်လိုက်ကာ စခရင်အားထိန်းချုပ်လိုက်သည်။

“ပြီးတော့ထပ်ရှိသေးတယ် ရှန့်ရှင်းဟယ်ရဲ့ဗိုက်ကြွက်သားပုံတွေ ဟန်ရှုရဲ့အယ်လ်ဘမ်အသစ်”

“ငါဝတ္ထုတွေ အများကြီးဖတ်ခဲ့သေးတယ် ပြီးတော့စနစ်မစ်ရှင်အတွက် လမ်းညွှန်ချက်တွေရောပဲ၊ အလွန်ကောင်းတဲ့ systemတစ်ခုဘယ်လိုဖြစ်ရမလဲတို့၊ system အတွက် ကြွေကျသွားစေမဲ့ လှုပ်ရှားမှု ၁၀၈ချက်၊ အတင်းတုပ်တဲ့ systemအတွက်နေ့စဥ်စည်းကမ်းများ၊ ငါမင်းနောက်ကျရင်အဲတာတွေကိုလိုပါ်လား မသိပေမဲ့ ပြင်ဆင်ထားတာကကောင်းတယ်လေ”

System သည်အေးခဲသွားခဲ့သည်။

[Host host ကျွန်တော်ထွက်သွားတော့မယ်ဆိုတာကိုသိနေခဲ့တာလား]

ယန်ရှီသည် သူ၏ပါးအားကိုင်လိုက်ကာ

“မင်း ငါ့ကိုတုံးနေတယ်ထင်လို့လား၊ ငါသေချာပေါက်သိတာပေါ့”

လတ်တလေောတွင် systemသည်မကြာခဏစိတ်ဓာတ်ကျနေကာ သူသည်ယန်ရှီ၏ ဘေးတွင်အမြဲရှိနေခဲ့သည်ဖြစ်၍ သူမအကြောင်းအရင်းအားမမေးပဲနှင့်ပင် ခန့်မှန်းနိုင်လေသည်။

မည်သည့် systemမှ host နှင့်အတူတစ်သက်လုံးမနေနိုင်ပေ။

သူတို့၏ခရီးအဆုံးသတ်သည် လမ်းခွဲရခြင်းကိုလည်းဆိုလိုလေသည်။

အမှန်အားဖြင့် ယန်ရှီသည်လွမ်းနေမည်ဖြစ်သော်ညား သူမသည် system အားတစ်သက်လုံးခေါ်ထား၍မရနိုင်ပေ။

သူမသည် system၏ခေါင်းအားပွတ်သပ်ပေးလိုက်ကာ

“မင်းရဲ့ host အသစ်ဆီရောက်သွားတဲ့အခါကျရင် မင်းကိုယ်မင်းဂရုစိုက်နော် ဟုတ်ပြီလား”

ယန်ရှီအားတွယ်ကပ်လိုက်သည်နှင့် system ၏မျက်လုံးထဲတွင်မျက်ရည်များဝဲလာလေသည်။

[ Host host ကကျွန်တော်အပေါ်အရမ်းကောင်းတာပဲ၊ ကျွန်တော်ကအသုံးမကျပေမဲ့လည်း host ကကျွန်တော်ကိုကောင်းကောင်းဆက်ဆံတုန်းပဲ၊ host ကျွန်တော်အတွက်ဒါတွေအားလုံးကိုတောင်ပြင်ဆင်ပေးခဲ့သေးတယ်]

“အဓိပ္ပါယ်မရှိတာတွေမပြောပါနဲ့၊ မင်းကဘယ်လိုလုပ်အသုံးမကျရမှာလဲ”

ယန်ရှီသည်အတည်ပြောလိုက်သည်။

“မင်းငါ့ကိုအများကြီးကူညီခဲ့တာလေ ပြီးတော့ သူငယ်ချင်းသံယောဇဥ်က အသုံးဝင်တာမဝင်တာနဲ့ တိုင်းတာမဟုတ်ဘူး”

System သည်ပို၍ပင်ပြင်းထန်စွာငိုကြွေးလာကာ သူ၏မျက်ရည်များသည် သူ့ စက်ဝိုင်းကိုယ်လေးအားစိုစွတ်သွားစေသည်။

“မင်းကအခု ဇာတ်ပို့တစ်ယောက်ရဲ့ system ထပ်ဖြစ်တောမှာမဟုတ်ဘူးမလား”

ယန်ရှီမေးလိုက်သည်။

“ငါတို့ရဲ့ system လေးကအဆင့်မြင့်သွားပြီပဲ”

သူ၏မျက်ရည်များမား သုတ်ကာပြောလိုက်သည်။

[ဟုတ်တယ် ကျွန်တော်ကအခု အစွမ်းရှိတဲ့ system ဖြစ်လာတော့မှာ]

[ကျွန်တော်အဆင့်မြင့်သွားပြီ ကျွန်တော် host ပေးတဲ့လမ်းညွှန်းချက်တွေကို host အသစ်နဲ့ကျရင်သုံးလို့ရပြီ၊ ကျွန်တော်ကျွန်တော်ရဲ့မစ်ရှင်တွေကို သေချာပေါက်ပြီးမြောက်အောင်လုပ်မှာ]

ယန်ရှီသည် အတည်ပြုပေးသကဲ့သို့ခေါင်းငြိမ့်လိုက်သည်။

“အဲတာကအရမ်းမိုက်တာပဲ”

System သည်ယန်ရှီပြင်ဆင်ပေးထားသည့်ဖိုင်များအား ဒေတာဘေ့စ်သို့ထည့်ကာ SP ရသစုံရှိုး systemလမ်းညွှန် အကုန်လုံးပင်ဖြစ်သည်။

သူ၏ပုံစံသည်မှိန်ဖျော့လာကာ သူ့အလင်းများမှာ မှိန်လာလေသည်။

သူသည်ယန်ရှီဘက်သို့ နောက်ဆုံးအကြိမ်လှည့်ကြည့်ကာ

[Host ကျွန်တော်အခုတကယ်သွားရတော့မယ်]

ယန်ရှီ၏မျက်လုံးများနီရဲလာကာ နှာခေါင်းမှာချဥ်စူးလာခဲ့သည်။

“အန္တရာယ်ကင်းတဲ့ခရီးဖြစ်ပါစေ”

Systemသည်ပြင်းပြင်းထန်ထန်ခေါင်းငြိမ့်လိုက်သည်။

[host အဆင့်မြင့်သွားတော့ကျွန်တော် လက်ဆောင်တစ်ခုရလိုက်တယ်၊ ကျွန်တော်host အတွက်လက်ဆောင်တစ်ခုရှိတယ်]

“ဘာလက်ဆောင်လဲ”

System သည် မျက်လုံးမှိတ်ပြကာ

[host ကိုကျွန်တော်အခုပြောလိုက်မယ်ဆိုရင် စိတ်လှုပ်ရှာစရာမကောင်းတော့ဘူးလေ၊ ဒါပေမဲ့ host မကြာခင်သိမှာပါ]

ထိုစကားလုံးများနှင့်အတူ သူသည် တောက်ပသည့်အမှုန်လေးများဖြစ်သွားကာ လေထုထဲတွင်ပျောက်ကွယ်သွားခဲ့သည်။

ယန်ရှီသည် သူ၏ host အသစ်အားရှာဖွေရန်သွားလိုက်သည်ကို သိလိုက်သည်။

ဘဝသည်ထိုကဲ့သို့ပင်ဖြစ်သည် ခရီးလမ်းအသစ်များသည် တွေ့ဆုံမှုအသစ်များအား ခေါ်ဆောင်လာပေးကာ ခွဲခွာမှာများလည်းပါဝင်လေသည်။

ယန်ရှီသည် ပျော်ရွှင်ကာ system နှင့်တွေ့ခဲ့ရသည်အတွက် ကျေးဇူးတင်မိလေသည်။

အခန်းထဲမှထွက်လိုက်သည်နှင့် SPအဖွဲ့ဝင်များသည် သူတို့၏သီချင်းအသစ်အားအသံသွင်းရန် ရှင်းယောင်သို့ရောက်နေပြီဖြစ်သည်။

ကျောက်ကျောက်သည်သူမလိုချင်သည့်အရာအားရလိုက်လေသည်။ အဖွဲ့ဝင်တိုင်း၏ လက်မှတ်များသူမအတွက်ထိုးပေးခြင်းဖြစ်ကာ အဖွဲ့လိုက်ဓါတ်ပုံဖြစ်သည်။

သူမသည် လပေါ်ရောက်နေသကဲ့သို့ပင်ခံစားလိုက်ရသည်။

“ငါ့ဝိဥာဥ်အတွက်လောင်စာပဲ ၊ ငါနိုင်ငံခြားမှာခက်ခဲနေတဲ့အချိန်တိုင်း သူတို့ကိုကြည့်လို့ရသွားပြီ”

ဘွဲ့ရတဲ့အထိကျောင်းပြီးအောင်တက်ရမှာကခက်ခဲတယ်။ တစ်ခါတစ်လေကျရင် ပရိတ်သတ်ရူးလေးရူးဖို့လည်း လိုအပ်တယ်။

တံခါးခေါက်သံတစ်သံကြားပြီးနောက် လင်းကျီရုံးခန်းထဲသို့ဝင်လာခဲ့သည်။

“ဥက္ကဋ္ဌယန် မစ္စချင်းယွီ ကုမ္ပဏီမှာရောက်နေပါတယ်”

ယန်ရှီ၏မျက်လုံးများပြူးကျယ်သွားခဲ့သည်။

“ချင်းယွီ သူမလေဆိပ်မှာရှိနေသင့်တာမဟုတ်ဘူးလား”

ပေဟန်လီသည်အချိတ်အဆက်များသုံး၍ ကျုံချင်းယွီအားကျော်ကြားသည့် cellist (cello တီးတဲ့သူပါ) တစ်ဦးနှင့်ချိတ်ဆက်ပေးကာ သူမအားနောက်ဆုံးတွင်တော့သင်ကြားဖို့ရာလက်ခံပေးကာ ယနေ့တွေ့ဖို့ရာတောင်းဆိုထားခဲ့သည်။

ယန်ရှီသည် ကျောက်ကျောက်အားလည်ပတ်ရန်ခွင့်ပြုခဲ့ခြင်းမှာ ကျုံချင်းယွီ မရှိလောက်ဘူးထင်သောကြောင့်ဖြစ်သည်။

ကျောက်ကျောက်သည်မူ ထိုသတင်းအားကြား၍အံ့ဩသွားခဲ့သည်။

“မစ္စချင်းယွီလည်း လာနေတာလား ငါသူမရဲ့လက်မှတ်ရောရနိုင်လား၊ ငါသူမကိုအရမ်းကြိုက်တာ သူမရဲ့လီဟွားဇာတ်ကောင်ကအံ့ဩစရာပဲ”

ယန်ရှီသည် သူမအားဝေဖန်သည့်အကြည့်ဖြင့်ကြည့်လိုက်ကာ

“နင်သူမအရှေ့ ငါကနင့်ရည်းစားကိုဖြတ်ခုတ်သွားပါတယ်လို့ လာစွပ်စွဲဖူးတာကိုမမှတ်မိတော့ဘူးလား”

ကျောက်ကျောက်သည်အေးခဲသွားကာလန့်ဖြန့်သွားခဲ့သည်။

“အဲတာကလွန်ခဲ့တဲ့နှစ်ဝက်တုန်းကလေ နင်သူမကိုအခုထိအဖြစ်မှန်ကိုမပြောရသေးဘူးပေါ့၊ ငါကဒီကို စနိုက်မနဲ့ ရန်ဖြစ်ဖို့ရောက်နေတာလို့ထင်သွားပြီး ငါ့ဘဝကိုအဆုံးသတ်ဖို့လုပ်ရင် ဘယ်လိုလုပ်မလဲ”

ယန်ရှီသည် သူမထိုင်ခုံမှထလိုက်ကာ

“နင် နင့်ရဲ့လက်မှတ်တွေရပြီးပြီပဲ၊ သွားဖို့အချိန်တန်ပြီ”

အကယ်၍ သူတို့နှစ်ဦးသာ ယခုဆုံသွားကြမည်ဆိုလျှင် ရှုပ်ထွေးမှုကြီးဖြစ်သွားမည်ဖြစ်သည်။

ကျောက်ကျောက်သည်လည်း ထပ်တူကြောက်လန့်နေခဲ့သည်။ ကျုံချင်းယွီ၏မျက်လုံးထဲတွင် သူမနှင့်ယန်ရှီသည် အချစ်ပြိုင်ဘက်များဖြစ်သည်။

သူတို့ရုံးခန်းမှထွက်လိုက်ချိန်တွင် မိုးထိမြင့်လောက်သည့်ဒေါက်ဖိနပ်အားစီးထားသည့် ကျုံချင်းယွီနှင်ဆုံကြလေသည်။

ယန်ရှီနှင့်ကျောက်ကျောက်နှစ်ဦးစလုံးသည် အသက်ရှူကြပ်လာကြလေသည်။

ယန်ရှီသည် ဘာလုပ်ရမည်မသိဖြစ်နေကာ ကျောက်ကျောက်သည်သူမ၏နောက်တွင် ဝင်ပုန်းနေလေသည်။

အကယ်၍အခြေအနေသာဆိုးလာခဲ့လျှင် ယန်ရှီသည်ခေါင်းခံပေးမည်ဖြစ်ကာ သူမအားအပြစ်တင်မည်မဟုတ်ပေ။

ကျုံချင်းယွီသည် ယန်ရှီအရှေ့တွင်ရပ်သွားခဲ့သည်။

ယန်ရှီသည်အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။

“နင် တစ်ခြားနိုင်ငံကိုသွားမလို့မဟုတ်ဘူးလား၊ ဘယ်လိုဖြစ်ပြီးပြန်ရောက်နေတာလဲ”

“ကိစ္စတစ်ခုပေါ်လာလို့”

ကျုံချင်းယွီသည် သူမ၏ခေါင်းအားစောင်းလိုက်တာ ယန်ရှီနောက်ရှီ ကျောက်ကျောင်နှင့်မျက်လုံးချင်းဆုံနေလေသည်။

“ဒီသူငယ်ချင်းကြည့်ရတာ ရင်းနှီးနေသလိုပဲ ငါတို့တွေတွေ့ဖူးကြသေးတာလား”

ကျောက်ကျောက်သည်အနောက်သို့ဆုတ်ကာ

“မ…မဟုတ်ပါဘူး ဒီတိုင်းသာမာန်မျက်နှာလေးပါပဲ မှားမှတ်မိနေတာဖြစ်ပါလိမ့်မယ်”

“အို”

ကျုံချင်းယွီသည်လက်ဖျောက်တီးလိုက်သည်။

“မင်းကယန်ရှီရဲ့အချစ်ပြိုင်ဘက်မလား ဟုတ်တယ််မလား”

ကျောက်ကျောက်:!!!!!

သူမသည် ယန်ရှီနောက်မှထွက်လာကာ အလွန်ပင်အရှက်ရနေပုံပေါက်သည်။

ဘာလို့ယန်ရှီအဲကိစ္စကိုမရှင်းသေးတာလဲ။ သူမကကြောင်သူတော်ဖြစ်ပြီး ယန်ရှီကဆက်ဆံရေးဖျက်ဆီးတဲ့သူဖြစ်နေတာကို အခုနာမည်ကြီးတွေရဲ့လက်မှတ်ကို အရှက်မရှိလာတောင်းနေသလိုဖြစ်နေပြီ သူမရဲ့သိက္ခာတွေဘယ်ရောက်သွားပြီလဲ။

သူမမှာလည်း ဂုဏ်သိက္ခာရှိတယ်လေ သိတယ်မလား။

ယန်ရှီနှင့်ကျောက်ကျောက်နှစ်ဦးစလုံးသည် တင်းမာနေကြကာ ကျုံချင်းယွီ၏အကြည့်အား ရှောင်နေကြလေသည်။

ကျုံချင်းယွီသည် ကျောက်ကျောက်သားသေချာကြည့်ကာ သူမ၏အကြည့်သည် သူမလက်ထဲရှိလက်မှတ်များထံရောက်သွားခဲ့သည်။

“မင်းက SP ပရိတ်သတ်လား”

“ဟ-ဟုတ်ပါတယ်”

“မင်းက ဟန်ရှူရဲ့လက်မှတ်ကျယူပြီး ငါ့လက်မှတ်ကျမလိုချင်ဘူးပေါ့”

“ကျွန်မလိုချင်ပါတယ် ဒါပေမဲ့”

ကျောက်ကျောက်၏ခေါင်းသည်ပြန်မော့လာကာ

“မစ္စချင်းယွီ တကယ်ပဲကျွန်မအတွက်လက်မှတ်ထိုးပေးမှာလား”

ကျုံချင်းယွီသည် ရှောင်မုန့်ဘက်လှည့်လိုက်ကာ

“ဒေါသထွက်နေတဲ့ လီဟွားဇာတ်ကောင်ပိုစတာလေးတစ်ခု ယူခဲ့၊ အဲတာလေးကအလှဆုံးပဲ”

ကျောက်ကျောက်သည် စိတ်လှုပ်ရှားနေကာ

“မစ္စအကောင်းဆုံးပဲ ကျွန်မလီဟွားကိုအရမ်းကြိုက်တာ”

ရှောင်မုန့်သည်ပိုစတာနှင့် မာကာတစ်ချောင်းအားလှမ်းပေးလိုက်သည်။ ကျုံချင်းယွီ သက်ပြင်းချလိုက်ကာ မှတ်ချက်ပေးလိုက်သည်။

“အမြင်ကောင်းရှိတာပဲ၊ တကယ် ငါဇာတ်ကောင်ကို အကောင်းဆုံးသရူပ်တောင်နိုင်ခဲ့တာပဲလေ”

ရှောင်မုန့်သည်လည်း စိတ်အားထက်သန်စွာခေါင်းညိတ်လိုက်သည်။

“သေချာပေါက်ပဲ နင်အရမ်းမိုက်နေတာ၊ ဖန်သားပြင်မှာ ဒီလောက်တောက်ပနေတဲ့သူမျိုးကိုမတွေဖူးဘူး”

ကျုံချင်းယွီသည် မဲ့ပြုံးပြုံးလိုက်ကာ

“စကားပြောချိုလိုက်တာ”

“သေချာပေါက်ပဲ”

“ပုံအတူရိုက်ချင်သေးလား”

“ဟုတ ဟုတ် ဟုတ်”

ကျောက်ကျောက်သည် ကျုံချင်းယွီအားလှည့်ဖြားရန် ယခင်ကယန်ရှီနှင့်အတူပူးပေါင်းကြံစည်ခဲ့သည်ကို လုံးလုံးမေ့သွားခဲ့သည်။ လှပတဲ့ကျဲတစ်ယောက်က ဓါတ်ပုံအတူရိုက်ချင်နေတာ ဘယ်လောက်တောင်ကောင်းတဲ့ကိစ္စလဲ။

သူမသည် ယန်ရှီအားဘေးသို့တွန်းလိုက်ကာ ပျော်ရွှင်စွာဖြင့်ကျုံချင်းယွီနှင့်ဓါတ်ပုံရိုက်ရန် ပို့စ်ပေးလေသည်။

ယန်ရှီ: ???

ဒီအခြေအနေကြီးကောင်းမွန်သွားတာကြီးက မထူးဆန်းလွန်းနေဘူးလား။

ကျုံချင်းယွီသည် အစောကကိစ္စနှင့်သူမအားစိတ်မဆိုးတော့ပါသော်ညား သူမ၏ဆက်ဆံပုံမှာ ဖော်ရွေလွန်းနေလေသည်။ ယန်ရှီသည် သူမအားဘယ်သောအခါမှ မရှင်းပြခဲ့ဖူးပေ။

လက်မှတ်ရပြီးနောက် ကျောက်ကျောက်သည်လွန်စွာကျေနပ်၍ထွက်ခွာသွားခဲ့သည်။ ရှင်းယောင်သို့လာလည်သည့်ခရီးသည် လုံးဝပြီးပြည့်စုံလေသည်။

ယန်ရှီသည် သတိထားပြီး ကျုံချင်းယွီဘက်သို့ ကပ်သွားကာ

“အဲကိစ္စနဲ့ပတ်သက်ပြီး နင်ငါ့ကိုတကယ်စိတ်မဆိုးတော့ဘူးပေါ့”

ကျုံချင်းယွီသည် ယန်ရှီအားကြည့်လိုက်ကာသူမ၏မျက်လုံးများသည် မထင်ထားစွာနှင့်နီရဲနေခဲ့သည်။

သူမသည်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ

“ကားမတော်တဆမှုက နာလား”

ယန်ရှီသည် စိတ်ရှုပ်သွားကာမျက်တောင်တစ်ချက်ခတ်လိုက်ပြီး

“ဘယ်ကားမတော်တဆမှုလဲ”

သူမသည် လုံးဝကျန်းမာနေကာ ဆရာကျောက်၏ကားမောင်းစွမ်းရည်မှာလည်း ကောင်းမွန်သည်ဖြစ်ပြီး သူမပြောနေသည့်ကားမတော်တဆမှုမှာ မည်သည့်ကားမတော်တဆမှုနည်း။

ထို့အပြင် သူမရုတ်တရက် အရင်တုန်းက system နှင့်ပြောဖူးသည့် စကားဝိုင်းအားအမှတ်ရသွားခဲ့သည်။

“အိမ်မက်ထဲမှာ ငါကဝတ္ထုဇာတ်ကြောင်းကိုတွေခဲ့ရတာ၊ ငါကတော့ဘာဖြစ်သွားတာလဲ”

[Host ကကျုံချင်းယွီကို ရှာဖို့သွားတဲ့လမ်းမှာ မတော်တဆမှုဖြစ်ပြီး ကိုမာဝင်သွားခဲ့တယ်]

ယန်ရှီသည် ကျုံချင်းယွီအားစိုက်ကြည့်နေမိသည်။

Systemသူမအတွက်ထားခဲ့သည့် နောက်ဆုံးလက်ဆောင်မှ ထိုအရာဖြစ်မည်ဟု သူမမထင်ထားခဲ့ပေ။

သူမကျုံချင်းယွီအားကြည့်လိုက်သည်နှင့် သူမမျက်ရည်များဝဲလာကာ

“ဟင့်အင်း မနာပါဘူး ငါအဲအပိုင်းကိုမခံစားရခင်မှာ နိုးလာခဲ့တာလေ”

ကျုံချင်းယွီ၏နှလုံးသားမှာ နာကျင်နေဆဲဖြစ်ကာ သူမယန်ရှီ၏ လက်အား တင်းကြပ်စွာဆုပ်ကိုင်ထားခဲ့သည်။

“အဲတာဆို တော်သေးတာပေါ့”

သူမ ဝတ္ထုဇာတ်ကြောင်းအားအိမ်မက်မက်ချိန်တွင် သူမသည်စိုးရိမ်နေခဲ့သည်။ ဤသည်မှာကားမတော်တဆမှုဖြစ်လေသည်။ ကားအတိုက်ခံရပြီး ကိုမာဝင်ပြီးတာတောင်မှ ကျောရိုးများကပါကြေသွားတာ သူမဘယ်လောက်တောင်နာကျင်လိုက်မလဲ။

ယန်ရှီ၏ မျက်လုံးများတွင် မျက်ရည်များဝဲနေကာ သူမျက်ရည်များအား ခေါင်းမာစွာဖြင့် ပြန်ဝင်အောင်လုပ်ကာ အော်လိုက်သည်။

“နင် နိုင်ငံခြားမှာစာသင်နိုင်တဲ့ အခွင့်အရေးကို ငါ့ကိုဒါလေးမေးဖို့အတွက် ဖျက်ပစ်လိုက်တယ်ပေါ့ ဘယ်လိုတောင်ဖြုန်းတီးပစ်တာလဲ၊ အဲတာကလုံးဝကောင်းမွန်တဲ့အခွင့်အရေးကြီးလေ”

ကျုံချင်းယွီသည် ပုခုံးတွန့်လိုက်ကာ

“နင်လည်း နင်ရဲ့နိုင်ငံခြားကို ရွေ့ပြောင်းနိုင်တဲ့ပရိုဂရမ်ကို ငါ့ကြောင့်လက်လျှော့ခဲ့တာပဲမလား၊ နောက်ထပ်အခွင့်အရေးတွေရှိဦးမှာပါ”

Celloအားနိုင်ငံခြားတွင်လေ့လာခြင်းမှာ အလွန်ပင်အရေးကြီးသည်။

လေဆိပ်သို့သွားနေချိန် ကားပေါ်ခဏမှေးနေချိန်တွင် ကျုံချင်းယွီသူမ၏အတိတ်ဘဝအား အိမ်မက်မက်ခဲ့လေသည်။ လျို့ဝှက်ဆန်းကျယ်မှုများနှင့် လှည့်ဖျားမှုများသည် ယခုအချိန်တွင်တော့ အဓိပ္ပါယ်ရှိသွားခဲ့သည်။

အချို့အရာများမှာ ပို၍အရေးကြီးလေသည်။

All Chapters