← Chapters

ဆိုင်ဖွင့်တော့မယ်

Vol. 34 Ch. 554

ဆိုင်ဖွင့်တော့မယ်

Vol. 34 Ch. 554

“ဆိုင်ဖွင့်တော့မယ်”

လူအုပ်ထဲက တစ်ယောက်က အော်လိုက်သည်။

နောက်တစ်ယောက်က အချိန်ကိုကြည့်ပြီး ပြောလိုက်သည်။ “ဆိုင်က မနက် ၈:၀၈ မှာ ဖွင့်မှာ။ ရှစ်မိနစ်ပဲ ကျန်တော့တယ်”

“ဟုတ်တယ်၊ ငါက ဟင်းသီးဟင်းရွက်ရောင်းတာကို အဓိကထားတဲ့ ဒီစူပါမားကတ်အကြောင်း သိချင်နေတာ။ ဒီလောက်ကြီးဈေးမျိုးနဲ့ ဘယ်လိုဟင်းသီးဟင်းရွက်မျိုးတွေ ရောင်းတာလဲ”

“ဒါက အရမ်းဈေးကြီးတယ်။ ငါက ကြည့်ချင်စိတ်နဲ့ လာတာ”

…

ရှောင်လင်းယွီက ဆိုင်ကိစ္စတွေကို ကျန့်ယောင်ကျူကို လွှဲအပ်ထားတဲ့အတွက် သူမက မပါဝင်ခဲ့ဘူး။ ဒါပေမဲ့ ဆိုင်ဖွင့်ပွဲက စီးပွားရေးသမားတွေအတွက် အကြီးအကျယ်ပွဲတစ်ခုဖြစ်လို့ သူမက တက်ရောက်ရမယ်။

သူမတင်မကဘူး၊ ရှောင်မိသားစုတစ်ခုလုံးနီးပါးကလည်း စူပါမားကတ်ကို လာကြည့်ကြသည်။ ရှောင်အဘိုးနဲ့ ရှောင်အဘွားတောင် လာကြလေသည်။

“ယွီအာ၊ ဒီစူပါမားကတ်က နည်းနည်းကြီးလွန်းတာမဟုတ်ဘူးလား” ရှောင်အဘွားက ပတ်ဝန်းကျင်ကို ကြည့်ပြီးပြောလိုက်သည်။

ရှောင်လင်းယွီက ပြုံးပြီးပြောလိုက်သည်။ “အနာဂတ်မှာ သမီးတို့ရောင်းစရာကုန်ပစ္စည်းတွေ ပိုများလာမှာပါ။ တိုးချဲ့မှုတွေအတွက် ပိုက်ဆံဖြုန်းမယ့်အစား အကြီးကြီးစတာ ပိုကောင်းတယ်”

ရှောင်အဘိုးက မျက်မှောင်အနည်းငယ်ကြုတ်ပြီး မေးလိုက်သည်။ “ငါတို့မှာ ရောင်းစရာပစ္စည်းတွေ အဲ့လောက်များများ ရှိလို့လား။ ငါတို့စူပါမားကတ်က တခြားဆိုင်တွေလို ဖြစ်သွားမှာလား”

ရှောင်လင်းယွီက ခေါင်းခါပြီး ပြောလိုက်သည်။ “မဟုတ်ဘူး။ သမီးတို့က ထောင်ယွမ်ရွာက ပစ္စည်းတွေကိုပဲ ရောင်းမှာ။ အဘိုးနဲ့အဘွား၊ စိတ်မပူကြပါနဲ့။ စီးပွားရေးခက်ခဲလာရင် သမီးတို့တွေ စီးပွားရေးပုံစံကို တခြားတစ်မျိုး ပြောင်းလိုက်မယ်”

ထိုအချိန် အဘွားရှောင်က “ဒီနေ့က ဖွင့်ပွဲအခမ်းအနားကြီးပဲ။ ရှင် ဘာလို့အဲ့လိုကိစ္စတွေအကြောင်း ပြောနေရတာလဲ”

ရှောင်မိသားစုက တတိယထပ်မှာ ရှိနေသည်။ ထောင်ယွမ်ရွာက သစ်သီးတွေ မမှည့်သေးတဲ့အတွက် ဒီထပ်က လက်ရှိမှာ ဗလာဖြစ်နေသည်။ တောင်ပေါ်က သစ်သီးပင်တွေ သီးလာပြီးရင်တော့ ဒီထပ်သည်လည်း ပြည့်သွားပေလိမ့်မည်။

ရှောင်အဘိုးက အောက်ကလူအုပ်ကို ခေါင်းငုံ့ကြည့်ပြီး အနည်းငယ် အကောင်းမြင်စိတ်နဲ့ ပြောလိုက်သည်။ “အောက်မှာစောင့်နေတဲ့လူတွေ အများကြီးရှိတယ်၊ ငါတို့စီးပွားရေးက ကောင်းလောက်တယ်”

ရှောင်အဘွားက စိုးရိမ်တကြီးကြည့်နေတုန်းပင်၊ “ဟုတ်တယ်၊ ဒါပေမဲ့ ငါတို့ဟင်းသီးဟင်းရွက်တွေက အရမ်းဈေးကြီးတယ်။ သူတို့ ကြောက်ပြီး ပြန်ပြေးသွားမှာမဟုတ်ဘူးမလား”

“အဘွားကြီး၊ မင်းဘာမဟုတ်တာတွေ လျှောက်ပြောနေရတာလဲ” ရှောင်အဘိုးက မကျေမနပ်နဲ့ ပြောလိုက်သည်။ “ငါတို့ ကြော်ငြာစာရွက်ပေါ်မှာ ဈေးနှုန်းကို ရေးထားတယ်လေ။ သူတို့တကယ်ဈေးကြီးတယ်လို့ ထင်ရင် ဒီလောက်စောစော ဒီကိုလာစောင့်နေမှာမဟုတ်ဘူး”

ရှောင်အဘွားက ချက်ချင်းသဘောတူလိုက်သည်။ “ဟုတ်တယ်၊ ဟုတ်တယ်၊ ရှင်မှန်တယ်။ ယွီအာ၊ အဘွားပြောတာ မှားသွားတယ်”

ရှောင်လင်းယွီက ခေါင်းခါပြီး အပြုံးနဲ့ ပြောလိုက်သည်။ “အဘိုးနဲ့အဘွား၊ ဒီမှာနေပြီး အနားယူသင့်တယ်။ သမီးအောက်ဆင်းပြီး ကြည့်လိုက်ဦးမယ်”

“သွား၊ သွား” လို့ သူတို့နှစ်ယောက်က လက်ဝှေ့ယမ်းလိုက်ကြသည်။

ရှောင်အစ်ကိုကြီးနဲ့ သူ့မိန်းမ၊ အဖေရှောင်၊ ရှောင်လင်းယွင်၊ ကလေးနှစ်ယောက်နဲ့ တတိယဦးလေး၊ စတုတ္ထဦးလေးအားလုံး လာကြသည်။

အမေရှောင်တောင် ကလေးနဲ့အတူ ဒီမှာရှိနေသည်။ နောက်ဆုံးတော့ ရှောင်လင်းယွီက စူပါမားကတ်မှာ တစ်နေကုန် အလုပ်များနေနိုင်ပြီး ရှောင်ထုန်ကိုကျွေးဖို့ အိမ်ပြန်ဖို့ အချိန်မရှိနိုင်ပေ။

ရှောင်လင်းယွီ ဒုတိယထပ်ကို ဆင်းလာချိန်တွင် အမေရှောင်က ရှောင်ထုန်ကိုချီပြီး ပတ်ဝန်းကျင်ကို လိုက်ပြနေသည်အား တွေ့လိုက်သည်။ “ကြည့်စမ်း၊ ထုန်အာ၊ ဒီအနီရောင်လေးက ဘာလဲ။ ဒါက ခရမ်းချဉ်သီးပဲ။ ပြီးတော့ ဒါက သခွားသီး…”

ရှောင်အစ်ကိုကြီးနဲ့ တခြားသူတွေအတွက်တော့ သူတို့က ပထမနဲ့ဒုတိယထပ်က နေရာတွေကို စစ်ဆေးနေကြသည်။

ရှောင်လင်းယွီက ပတ်ဝန်းကျင်ကို ကြည့်ပေမဲ့ ကလေးနှစ်ယောက်ကို မတွေ့ဘူး။ သူမက နားမလည်သလို မေးလိုက်သည်။ “မေမေ၊ လုလုနဲ့ ရို့ရို့ရော”

အမေရှောင်က ပတ်ဝန်းကျင်ကို ကြည့်ပြီး“ဟမ်။ သူတို့ခုနက ဒီမှာပဲ ရှိနေကြတာ”

“တံခါးဖွင့်တော့မယ်။ အဲ့ကျ လူတွေအများကြီးဝင်လာကြမှာ။ သမီး သူတို့ကို သွားရှာလိုက်ဦးမယ်”

ထိုအချိန်တွင် ကျိုးရှောင်လုက သူမပြေတာကိုကြားပြီး ရှောင်လင်းယွီကို ပြောလိုက်သည်။ “သူဌေး၊ ကျွန်မကလေးနှစ်ယောက်ကို သူတို့အမေနဲ့အတူ ပထမထပ်မှာ တွေ့လိုက်တယ်”

ရှောင်လင်းယွီက ခေါင်းညိတ်ပြီး “ကောင်းပြီ၊ ကျွန်မသွားကြည့်လိုက်မယ်။ ကျေးဇူးတင်ပါတယ်”

သူမရဲ့နေရာမှာ ရပ်နေတဲ့ လီရှောင်မေ့က ကျိုးရှောင်လုက သူတို့သူဌေးနဲ့ ဘယ်လောက်ရင်းနှီးလဲဆိုတာကို မြင်လိုက်ရသည်။ သူမက အရမ်းဒေါသထွက်ပြီး လျှို့ဝှက်စွာ အံကြိတ်လိုက်သည်။ ‘ဟမ့်၊ ဒီကျိုးရှောင်လုက တကယ်ဖားယားတတ်တဲ့သူပဲ’

တကယ်တော့ လီရှောင်မေ့က သူမရဲ့တကယ့်သူဌေးကို အတွင်းရေးမှူးအဖြစ် မှတ်ယူပြီး မျက်စိကန်းခဲ့တဲ့အတွက် သူမကိုယ်သူမလည်း လျှို့ဝှက်စွာ ဒေါသထွက်နေသည်။ ဒါကြောင့် သူမက အဲ့ဒီနေ့က ရှောင်လင်းယွီကို သိပ်ခင်မင်မှု မပြခဲ့ဘူး။

ဒီလောက်လှပတဲ့အမျိုးသမီးက တကယ်သူဌေးဖြစ်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ ဒီရာထူးကို အိပ်ရာပေါ်ကနေတဆင့် ရောက်လာတာပဲဖြစ်မယ်။ ဟုတ်ပါတယ်၊ လီရှောင်မေ့က ဒီမကောင်းတဲ့အတွေးတွေကို သူမနှလုံးသားထဲမှာပဲ ထားခဲ့သည်။

ဒါပေမဲ့ သူမက ဒီအမျိုးသမီးသူဌေးကို မနာလိုပြီး မကျေနပ်ပေမဲ့ သူဌေးရှေ့မှာတော့ ပေါ်တင် မကျေမနပ်ပြောရဲမှာမဟုတ်ပေ။ သူမက သူမရဲ့အလုပ်ကိုပဲ အာရုံစိုက်ရုံသာတတ်နိုင်ခဲ့ည်။။

ရှောင်လင်းယွီက အမေရှောင်ဘက်ကို လှည့်လိုက်ကာ “မေမေ၊ တံခါးဖွင့်တော့မယ်။ လူအုပ်ကြီး ဝင်လာမှာဆိုတော့ ရှောင်ထုန်ကို ရုံးခန်းထဲမှာ အနားယူခိုင်းလိုက်ပါလား”

အမေရှောင်က ခေါင်းခါလိုက်ပြီး “ငါတို့အရင် ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်ဦးမယ်” သူမက စပ်စုနေတဲ့ ရှောင်ထုန်ကို တစ်ချက်ကြည့်ပြီးပြောလိုက်သည်။ “ရှောင်ထုန်က လူအုပ်ကြီးကို မမြင်ဖူးဘူး။ ငါသူ့ကို ပတ်ဝန်းကျင်ကြည့်ဖို့ ခေါ်သွားမယ်။ ငါသူ့ကိုချီထားရင် အဆင်ပြေမှာပါ။ လူအုပ်က အရမ်းများလာမှပဲ ရုံးခန်းကိုခေါ်သွားလိုက်မယ်”

“ကောင်းပြီလေ၊ ဒါဆိုရင် သမီးကလေးနှစ်ယောက်ကို ရှာဖို့ အောက်ဆင်းလိုက်ဦးမယ်”

ရှောင်လင်းယွီ ပထမထပ်ကို ဆင်းသွားတော့ ကလေးနှစ်ယောက်က ထောင့်တစ်ထောင့်မှာ ထိုင်နေတာကို တွေ့လိုက်ရသည်။ မလှမ်းမကမ်းမှာ ရှောင်လင်းယွင်က မှတ်စုစာအုပ်တစ်အုပ်ကိုင်ပြီး တစ်ခုခုတွက်ချက်နေပုံရသည်။

ရှောင်လင်းယွီက ကလေးနှစ်ယောက်ဆီကို လျှောက်သွားလိုက်သည်။

“ဒေါ်လေး” လို့ ကလေးနှစ်ယောက်က စိတ်လှုပ်ရှားစွာ အော်လိုက်ပြီးတော့၊ “တံခါးဘယ်တော့ဖွင့်မှာလဲ။ သမီးခုနက တတိယထပ်ကနေ အောက်မှာလူတွေအများကြီး တွေ့လိုက်တယ်”

သူတို့က Z မြို့ကို တစ်ခါမှမရောက်ဖူးတာကြောင့် Z မြို့က မြင့်မားတဲ့အဆောက်အဦးတွေနဲ့ ကြီးမားတဲ့ဆိုင်တွေကို မြင်တော့ သူတို့အရမ်းစိတ်လှုပ်ရှားနေကြသည်။

ဒီမိန်းကလေးနှစ်ယောက်က ငါးခြောက်နှစ်ပဲ ရှိသေးတာကြောင့် သူတို့က လမ်းပေါ်မှာ လှပတဲ့အရာတွေကို မြင်ရင် ဝယ်ချင်ကြသည်။

ရှောင်လင်းယွီက သူတို့ရဲ့ခေါင်းလေးတွေကို ပုတ်ပြီး အပြုံးနဲ့ ပြောလိုက်သည်။ “တံခါးက မိနစ်အနည်းငယ်အတွင်း ဖွင့်တော့မှာ။ အရင်အပေါ်ထပ်ကိုသွားပြီး မင်းတို့ရဲ့ဒုတိယအဖွားနဲ့အတူ ရုံးခန်းထဲမှာ ထိုင်နေ၊ ဟုတ်ပြီလား”

ကလေးနှစ်ယောက်က ထိုသို့ကြားသောအခါ မပျော်မရွှင်ဖြစ်သွားကြသည်။

လုလုက “ဒေါ်လေး၊ သမီးတို့ဘာလို့ရုံးခန်းထဲမှာ ထိုင်ရမှာလဲ။ သမီးနဲ့ ညီမလေးက လူတွေအများကြီးရှိတာကို သဘောကျတယ်။ သမီးတို့ဒီမှာနေချင်တယ်”

“မရဘူး၊ နောက်ကျရင် လူတွေပြည့်ကျပ်နေလိမ့်မယ်။ မင်းတို့ဂရုမစိုက်မိရင် ဒဏ်ရာရသွားနိုင်တယ်”

“ပြီးတော့ လူဆိုးတွေ ရှိနိုင်တယ်။ သူတို့က မင်းတို့ဘယ်လောက်ချစ်စရာကောင်းလဲဆိုတာကို မြင်ရင် မင်းတို့ကို ပြန်ပေးဆွဲချင်လိမ့်မယ်။ အဲ့လိုသာဖြစ်ခဲ့ရင် မင်းတို့အမေနဲ့အဖွားက သေမတတ်ငိုကြလိမ့်မယ်”

ရို့ရို့က သံသယနဲ့ မေးလိုက်သည်။ “ဒေါ်လေး၊ လူဆိုးတွေက တကယ်ရှိမှာလားဟင်?”

ရှောင်လင်းယွီက ခေါင်းညိတ်လိုက်သည်၊ “အင်း၊ ဒါက သိပ်တော့မသေချာဘူး။ ဒါပေမဲ့ လူကြီးတွေက မင်းတို့ကိုလိုက်ကြည့်ဖို့ အလုပ်အရမ်းများနေကြတယ်လေ။ မင်းတို့ဂရုမစိုက်ရင် လူဆိုးတွေရဲ့ ပစ်မှတ်ထားခံရနိုင်တယ်။

အဲ့လိုဖြစ်သွားရင် မင်းတို့က မင်းတို့အမေနဲ့အဖွားကို ထပ်တွေ့ခွင့်ရတော့မှာမဟုတ်ဘူး။ မင်းတို့အဲ့လိုဖြစ်ချင်လား”

ကလေးနှစ်ယောက်ရဲ့ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူတို့က ခေါင်းခါပြီး ပြောလိုက်သည်။ "ဟင်အင်း၊ သမီးတို့အဲ့လိုမဖြစ်ချင်ဘူး”

“ဟုတ်တယ်။ ဒါကြောင့် မင်းတို့ လိမ္မာရမယ်။ လူကြီးတွေက အရမ်းအလုပ်များနေကြတယ်။ ဒါကြောင့် မင်းတို့က ဒေါ်လေးတို့ကို ဘေးကင်းတဲ့နေရာမှာ စောင့်နေရမယ်နော်”

“စိတ်မပူပါနဲ့။ ဒေါ်လေးတို့အလုပ်ပြီးသွားရင် မင်းတို့ကို သေချာပေါက်လာရှာမှာပါ။ ပြီးတော့ မင်းတို့ရဲ့မောင်လေးကလဲ အဲ့မှာပဲလေ။ သူက ရုံးခန်းထဲမှာ။ မင်းတို့အတူတူ ကစားနေလို့ရတယ်။"

“ဟုတ်ကဲ့ ဒေါ်လေး၊ သမီးတို့ အခုပဲ ရုံးခန်းထဲသွားတော့မယ်”

ထိုသို့ပြောပြီး ကလေးနှစ်ယောက်က လက်ချင်းချိတ်ပြီး ရုံးခန်းကို သွားကြလေသည်။

ထိုအချိန်တွင် ကျန့်ယောင်ကျူက ကျိုးရှောင်လုနဲ့ ဝန်ထမ်းအုပ်စုတစ်စုနဲ့အတူ ဆင်းလာခဲ့သည်။ သူတို့က နှစ်ဖက်စလုံးမှာ လျင်မြန်စွာ တန်းစီလိုက်ကြသည်။

သူတို့က အလှည့်ကျစနစ်နှစ်မျိုးနဲ့ ဝန်ထမ်းစုစုပေါင်း ၃၀ ကို ငှားရမ်းခဲ့ပေမဲ့ လူအင်အားက အနည်းငယ်မလုံလောက်သေးဘူး။ ဒါပေမဲ့ ဒါက တစ်ခုတည်းသောနည်းလမ်းပဲ။

ရှောင်လင်းယွီက တန်းနှစ်တန်းကြားက လျှောက်သွားပြီး စူးရှတဲ့အကြည့်နဲ့ မေးလိုက်သည်၊ “အားလုံးအဆင်သင့်ဖြစ်ပြီလား”

“ဟုတ်ကဲ့” ဟု သူတို့က တညီတညွတ်တည်း ပြန်ဖြေလိုက်ကြသည်။

“ငါတို့စူပါမားကတ်ရဲ့ ဆောင်ပုဒ်က ဘာလဲ” ရှောင်လင်းယွီက အေးစက်ပြီး ရှင်းလင်းတဲ့အသံနဲ့ မေးလိုက်သည်။

“ဖောက်သည်ကို ဦးစားပေး၊ အပြုံးဖြင့် ဝန်ဆောင်မှုပေး”

ရှောင်လင်းယွီက ကျေနပ်စွာ ခေါင်းညိတ်ပြီး “အရမ်းကောင်းတယ်”

ထိုသို့ပြောပြီးနောက် သူမက လက်ကောက်ဝတ်ကို မြှောက်ပြီး လေးနက်တဲ့မျက်နှာအမူအရာနဲ့ အချိန်ကိုကြည့်လိုက်သည်။

ထို့နောက်မှာတော့ “တံခါးဖွင့်” အော်လိုက်လေသည်။

ဘေးမှာစောင့်နေတဲ့ ကျန့်ယောင်ကျူက ချက်ချင်းပင် တံခါးကိုဖွင့်လိုက်တော့သည်။

…

ယန်စစ်မင်က အတွင်းရေးမှူးဝမ်မှာထားတဲ့ ပန်းခြင်းတွေကို တွေ့လိုက်ရသည်။ သူတို့အားလုံးက စီးပွားရေးရဲ့သာယာဝပြောမှုကို သင်္ကေတပြုတဲ့ ပန်းတွေပဲ။

ယန်စစ်မင်က အချိန်ကိုကြည့်ပြီးနောက် ထရပ်ကာပြောလိုက်သည်။ “သူ့ဆိုင်ဖွင့်တော့မယ်။ ပန်းခြင်းတွေကို ယူပြီး သွားကြစို့”

အတွင်းရေးမှူးဝမ်နဲ့ တခြားလက်အောက်ငယ်သားနှစ်ယောက်က ပန်းခြင်းနှစ်ခြင်းစီ သယ်ပြီး ယန်စစ်မင်နောက်က လိုက်ခဲ့ကြသည်။

တခြားအတွင်းရေးမှူးနှစ်ယောက်က နားမလည်သလို မေးလိုက်သည်၊ “အတွင်းရေးမှူးဝမ်၊ ကျွန်တော်တို့ ဘယ်သွားနေတာလဲ”

အတွင်းရေးမှူးဝမ်က အရမ်းလေးနက်စွာ ပြောလိုက်သည်၊ “လိုက်ခဲ့ရုံပဲ။ မဟုတ်တာတွေ အများကြီးမပြောနဲ့။ နည်းနည်းပြောပြီး များများလုပ်”

အတွင်းရေးမှူးနှစ်ယောက်က ချက်ချင်းခေါင်းငုံ့ပြီး အရမ်းလေးနက်စွာ ပြန်ဖြေလိုက်သည်၊ “ကျွန်တော်တို့ နားလည်ပါပြီ၊ အတွင်းရေးမှူးဝမ်”

***

All Chapters