အခန်း (၄၃)
Vol. 5 Ch. 43
အဖွားဖြစ်သူ၏ စကားကိုကြားလိုက်ရသည်တွင် လင်းရန်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားကာ စကားပြောဖို့အတွက် တုံ့ဆိုင်းသွားရသည်။
သူမ လင်းကျန်းအန်းဆီသို့ လှမ်းကြည့်လိုက်လျှင် မျှော်လင့်ထားသည့်အတိုင်း လင်းကျန်းအန်း၏ အမူအရာသည်လည်း အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်။
သို့သော်လည်း လင်းကျန်းအန်းက တွေးတောပြီးနောက် ထိုအကြောင်းကို အမြဲတမ်းဖုံးကွယ်ထားဖို့ မဖြစ်နိုင်သည့်အတွက် ထုတ်ပြောလိုက်သည်က ပိုကောင်းကြောင်း ဆုံးဖြတ်လိုက်လေ၏။
ထို့ကြောင့် နောက်တစ်စက္ကန့်တွင် သူက ပြတ်ပြတ်သားသား ပြောလိုက်လေသည်။
“အမေ၊ ဒီတစ်ခါ ရန်ရန် ပြန်လာပြီးရင် ထွက်သွားတော့မှာ မဟုတ်ဘူး”
မတိုင်ခင်က ပြုံးနေခဲ့သည့် အဘွားအိုက မျက်မှောင်ကြုတ်လိုက်မိကာ မေးလာသည်။
“မပြန်သွားတော့ဘူးဆိုတာက ဘာကိုဆိုလိုတာလဲ”
သူမ၏ တုံ့ပြန်မှုမှာ လင်းရန်အား ဤနေရာတွင် အချိန်အကြာကြီး နေထိုင်မှာကို မကြိုက်နှစ်သက်ခြင်းမဟုတ်ဘဲ စိတ်ပူနေ၍သာ ဖြစ်ပေသည်။
သူတို့ လင်းမိသားစုတစ်ခုလုံးက လင်းရန်ကို အလွန်အမင်း လွမ်းဆွတ်နေခဲ့ကြသော်လည်း ကျေးလက်ဒေသနှင့် မြို့တွင်းရှိ အခြေအနေများမှာ လုံးဝပင် နှိုင်းယှဉ်၍မရနိုင်သည်ကို လူတိုင်းသိပေသည်။
သူမအနေဖြင့် သူမ၏မြေးမလေးကို လွမ်းဆွတ်ပါက အနာဂတ်တွင် အခွင့်အရေးရလျှင် သူမကိုတွေ့ရန်အတွက် သူတို့သွားရောက် လည်ပတ်နိုင်သော်လည်း သူမအနေဖြင့် မြေးမလေးကို ဤကျေးလက်ဒေသတွင် ဆွဲထားရန် ရည်ရွယ်ချက် မရှိပါချေ။
လူငယ်များအနေဖြင့် ကောင်းမွန်သောဘဝ၊ ကောင်းမွန်သောအလုပ်၊ ကောင်းသောနေထိုင်မှုများနှင့် နေထိုင်ရန်အတွက် မြို့ပေါ်တွင် သွားနေသင့်သည်။
ထို့ကြောင့် လင်းကျန်းအန်းမှ လင်းရန် ပြန်လည် ထွက်ခွာမှာမဟုတ်ကြောင်း ပြောလာသည်ကို ကြားလိုက်ရလျှင် အဘွားအိုမှာ ရုတ်တရက် စိတ်ပူသွားရသည်။
“ဘာဖြစ်လို့လဲ!”
သူမ စကားပြောနေရင်းဖြင့် ရုတ်တရက် တစ်ခုခုကို တွေးတော့လိုက်မိကာ သူမ၏ အမူအရာသည်လည်း ရုတ်တရက် ပြောင်းလဲသွားခဲ့လေ၏။
ထို့နောက် သူမ လင်းရန်ဆီသို့ ပြန်ကြည့်ကာ အံကိုတင်းတင်းကြိတ်လျက် မေးလာခဲ့သည်။
“လီရှို့လီနှင့် အဲဒီစုန့်မျိုးရိုးကောင်က မင်းကို နှင်ထုတ်ခဲ့တာလား”
အဖွားလီကတော့ ဤအကြောင်းပြချက်ကိုသာ တွေးနိုင်ခဲ့သည်။
သို့မဟုတ်ပါက မည်သူကများ မြို့ပေါ်မှာ နေထိုင်နေရသည့်ဘဝမှ မြေကြီးထဲကိုဆင်းကာ ကျေးလက်တောရွာကို သွားနိုင်မည်နည်း။
သူမ၏ မြေးလေးက မြို့ထဲတွင် အနိုင်ကျင့်ခံနေရခြင်း ဖြစ်လိမ့်မည်!
အဘွားအိုက စကားပြောနေစဉ်တွင် သူမ၏သားဖြစ်သူ လင်းကျန်းအန်းဆီသို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး သားဖြစ်သူ၏ တင်းမာသောမျက်နှာထားအမူအရာကို တွေ့လိုက်လျှင် သူ၏ အတွေးများမှာလည်း သူမနှင့် ဆင်တူသည်ကို မြင်လိုက်ရသောကြောင့် သူမ၏ အတွေးကို ပို၍ယုံကြည်လာခဲ့သည်။
နေရာနှင့်အခြေအနေ မှားယွင်းတေခြင်းကြောင့်သာ မဟုတ်ပါက လင်းရန်တစ်ယောက် အဘွားဖြစ်သူကို အမှန်ပင် လက်မထောင်ပြလိုက်မိလိမ့်မည်။
ဤအာရုံခံနိုင်စွမ်းမှာ အမှန်တကယ် မယုံနိုင်စရာ ကောင်းလွန်းသည်ပင်။
သို့သော်လည်း လက်ရှိအခြေအနေက မူလဇာတ်ကွက်၏ အဆင့်သို့ မရောက်သေးသောကြောင့် သူမအနေဖြင့် မဖြစ်သေးသည့်အရာများကို တိုက်ရိုက် မပြောနိုင်သေးပါချေ။
သို့သော်လည်း ခြေနင်းတုံးတစ်ခု အသုံးချခံရခြင်းနှင့်ပတ်သက်လျှင်တော့ ထိုအကြောင်းအရာများကို သူမ ပြောဆိုနိုင်ခြင်းမရှိသော်လည်း ထိုအရာများကို ပြန်ပေးဆပ်ခိုင်းဖို့ မတွေးဘဲနေလိမ့်မည်ဟုတော့ မဆိုလိုပါချေ။
ထို့ကြောင့် လင်းရန် ပြုံးပြီး ရှင်းပြလိုက်သည်။
“ မဟုတ်ပါဘူး အဖွား၊ သမီး ပညာတတ်လူငယ်တစ်ယောက်အဖြစ်အလုပ်လုပ်ဖို့ ကျေးလက်ဒေသကို လာတယ်ဆိုတာက သမီးတို့မြို့ထဲမှာ ပညာတတ်လူငယ်တွေကို ကျေးလက်ဒေသကို သွားခိုင်းဖို့ စီစဥ်နေခဲ့နေတယ်လေ၊
အန်ကယ်စုန့်က အိမ်မှာ ကလေးနှစ်ယောက်ရှိတယ်ဆိုတော့ သူ့ရဲ့သမီးတွေထဲက တစ်ယောက်ကိုမှ ကျေးလက်ဒေသကို မပို့ဘဲနေဖို့က အဆင်မပြေဘူးမလား၊ ဒါကြောင့် သမီး ဒီကို လာခဲ့ရတာ”
ထိုစကားများက ပထမတစ်ကြိမ်ကြားသည့်အချိန်တွင် တခြား မည်သည့်မှအဓိပ္ပါယ်မရှိလောက်ဟု ထင်ခဲ့သော်လည်း အဖွားလီနှင့် လင်းကျန်းအန်းတို့ကတော့ ထိုစကားကို ကြားလျှင် ချက်ချင်းပင် ထိတ်လန့်သွားခဲ့ကြသည်။
စုန့်အမည်ရှိသည့် မိသားစုထဲတွင် ကလေးနှစ်ယောက်ရှိသည့်အတွက် ပညာတတ်လူငယ်များအဖြစ် ကျေးလက်ဒေသကို ပို့ပေးဖို့ တောင်းဆိုလာပါက ပြန်လည်တုံ့ပြန်ရမည်မှာ အမှန်ဖြစ်သော်လည်း အဘယ်ကြောင့်သူတို့မိသားစု၏ ကလေးကသာ ဤနေရာကို ရောက်လာရသနည်း။
သူ့သမီးက သူတို့ ရန်ရန်ထက် ပိုပြီး အသက်ကြီးတာ မဟုတ်ဘူးလား? ဘာကြောင့် အစ်မက အိမ်မှာကျန်ရစ်ပြီး ညီမကို စေလွှတ်လိုက်ရတာလဲ?!
ဒါ့အပြင် လီရှို့လီကလည်း သူမရဲ့ ကိုယ်ပိုင် သမီးကိုတောင် မကာကွယ်နိုင်တဲ့ အရှုံးသမားတစ်ယောက်ဖြစ်နေခဲ့တာလား?
_ဒါပေါ့။ အဖွားလီနှင့် လီကျန်းအန်းတို့က သူတို့ရဲ့ အတွေးတွေကို စုန့်မျိုးရိုးကောင်ကြားခဲ့မယ်ဆိုရင် တစ်ဖက်လူက သူတို့ကို ဘက်လိုက်လွန်းတယ်ဆိုပြီး ပြောလာလိမ့်မယ်ဆိုတာကို သိထားကြတယ်။
ဒါပေမယ့် သူတို့ကလင်းရန်ရဲ့ ဆွေမျိုး တွေပဲလေ။ သူတို့က သူတို့မိသားစုရဲ့ သမီး/မြေးမလေးကို မကူညီဘဲ စုန့် မိသားစုရဲ့သမီးကို ဘယ်လိုလုပ်ပြီးကူညီနေနိုင်မှာလဲ။
ဒါက ဘယ်လိုလုပ်ပြီး ဘက်လိုက်မှုလို့ ပြောနိုင်မှာလဲ။
ဒါက သေချာပေါက် ချစ်ခင်တွယ်တာမှုလို့ပဲ ပြောရမှာလေ။
ပြောရမယ်ဆိုရင် သူတို့တွေက သူတို့ရဲ့ သမီးလေးကို အလွန်အမင်း ချစ်လို့ပဲ!
လင်းရန်ကတော့ ဤနေရာသို့ ကူးပြောင်းရောက်ရှိလာပြီးနောက် ဤကမ္ဘာကြီးမှာ အလွန်ကောင်းမွန်လှပလွန်းသည်ဟု ပထမဆုံးအကြိမ် ခံစားလိုက်မိရသည်။
အဖွားဖြစ်သူမှာ လီရှို့လီနှင့် စုန့်ဝေ့တို့အား အားမာန်အပြည့်နှင့် ပြစ်တင်ရှုတ်ချဆဲဖြစ်ပြီး လင်းရန်ကတော့ မျက်တောင်တဖြတ်ဖြတ်ခတ်ကာ အပြစ်ကင်းစင်သည့်အမူအရာလေးဖြင့် ဘေးနားတွင် နာနာခံခံဖြင့်ရပ်နေခဲ့လေ၏။
သူမအနေဖြင့် စုန့်ဝေ့၏ မိသားစုအကြောင်းကို မကောင်းပြောချင်ခဲ့ခြင်းမဟုတ်ဘဲ အမှန်တရားများကိုသာ ပြောလိုက်မိပုံရသည်။
အဖွားလီတစ်ယောက် လီရှို့လီအား ကြိမ်းမောင်းပြီးနောက် ပင်ပန်းလာခဲ့ရသည်။ သူမ၏ ချစ်စရာကောင်းလှသည့် မြေးမလေးကို ကြည့်လိုက်လျှင် သူမ ပိုပို၍ ဝမ်းနည်းစိတ်မကောင်းဖြစ်လာရပြန်သည်။
“ရန်ရန်က ဒီလောက်ကြာအောင် ခရီးထွက်လာရလို့ ပင်ပန်းနေလောက်တော့မှာပဲ၊ ပေါင်ပေ့ ခဏလောက် သွားပြီး အနားယူလိုက်ဦး၊ အဖွားက မင်းအတွက် အရသာရှိတာ တစ်ခုခု ပြင်ပေးပါ့မယ်!”
လင်းရန် ပြုံးပြီး ခေါင်းခါရမ်းရင်း ပြောလိုက်သည်။
“အဖွား၊ သမီး မပင်ပန်းပါဘူး၊ဒီနေ့ အလုပ်လည်း သွားရမှာမဟုတ်သေးဘူးဆိုတော့ သမီး ခဏနေရင် ထမင်းချက်ပေးပါ့မယ်!”
သူမ ဤကမ္ဘာပေါ်သို့ ရောက်ရှိလာသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ မီးဖိုကို တစ်ခါမှ မကိုင်ဖူးသေးသည့်အတွက် သူမ၏ လက်များက ယားယံနေခဲ့ပေပြီ။
သူမ၏ အတိတ်ဘဝတွင် မီးဖိုချောင်ထဲ၌သာ နေ့စဥ်နေ့တိုင်း ရှိနေရသည့်အပေါ် အလွန်အမင်း ငြီးငွေ့နေခဲ့သော်လည်း လက်ရှိအချိန်မှာတော့ မီးဖိုချောင်သုံးဓားကို အချိန်အကြာကြီး မထိမိအောင် နေရခြင်းအပေါ် အလွန် ကျင့်သားရနေခြင်း မရှိခဲ့ပေ။
စုန့်မိသားစုထဲတွင်ရှိစဉ်အချိန်တုန်းက သူမ အဘယ်ကြောင့် ချက်ပြုတ်ခြင်း မလုပ်ခဲ့ရသည်လဲဟူသော မေးခွန်းအတွက်ကတော့ : ပထမအချက်က သူမအနေဖြင့် စုန့်မိသားစုမှာရှိနေခဲ့စဉ်တုန်းက ချက်ပြုတ်နည်းများကို မသိဘဲ ကြီးပြင်းလာခဲ့ရသူဖြစ်နေခဲ့သည်။
သူမသာ ချက်ပြုတ်လိုက်မည်ဆိုပါက လုံးလုံးလျားလျားဖော်ထုတ်ခံရလိမ့်မည်။
ဒုတိယတစ်ချက်ကတော့ သူမအနေနဲ့ ထိုမိသားစုအတွက် သေချာပေါက် ချက်ပြုတ်ပေးချင်သည့် စိတ်မရှိခဲ့ပေ။
သူမ ချက်သည့် အစားအသောက်များက အလွန်အမင်း အရသာရှိသောကြောင့် ထိုမကောင်းသည့်လူများကို အခွင့်ကောင်းယူခွင့် မပေးချင်ပါချေ။
အဘွားအိုက လင်းရန်၏ စကားကို ကြားသည်တွင် သူမ၏ မျက်နှာမှာ အလွန်အမင်း သနားကြင်နာသည့်အမူအရာများဖြင့် ပြည့်နှက်သွားရသည်။
သူမ၏ မြေးမလေးပြောလာသော လေသံကို နားထောင်ကြည့်ပြီးနောက် သူမမှာ စုန့်မိသားစုထဲတွင် အမြဲတစေချက်ပြုတ်ပေးနေရခြင်းဖြစ်လိမ့်မည်ဟု သူမ တွေးတောနိုင်ခဲ့သည်။
ထိုသို့ တွေးကြည့်လိုက်လျှင် အဖွားလီမှာ သူမ၏မြေးမလေးကို ဟင်းချက်ဖို့နေရာတွင် ကူညီခိုင်းဖို့ရန်အတွက် ပို၍ပင် ဝန်လေးသွားခဲ့သည်။
“ကောင်းပြီ၊ အဖွားက မင်း ဝတ်ကြီးဝတ်ငယ်ပြုစုချင်တယ်ဆိုတာ သိတယ်၊ ဒါပေမယ့် ချက်ပြုတ်ဖို့က မင်းအကိုကြီးရှိနေတာကို ဘာလို့ မင်းရဲ့အလှည့်ကို ရောက်နေစရာလိုမှာလဲ”
ထိုစကားကို ပြောပြီးနောက် အဘွားအိုက အနောက်ဘက်သို့လှည့်ကြည့်ကာ လင်းကွမ်းချင်းဆီသို့ လှမ်းအော်လိုက်သည်။
“လင်းကွမ်းချင်း မင်း အဲဒီမှာ ဘာရပ်လုပ်နေတာလဲ၊မြန်မြန် မီးဖိုချောင်ထဲကို သွားပြီး ငါ့အတွက် ထမင်းချက်ဖို့လုပ်တော့”
သူတို့၏မိသားစုထဲထဲ မြေးယောကျာ်းလေးများက အရာအားလုံးကို လုပ်ကိုင်တတ်ဖို့အတွက် သင်ကြားပေးခံထားရသည်။ အကြီးဖြစ်စေ၊ အငယ်ဖြစ်စေ အားလုံးက ငယ်စဥ်ကတည်းက အိမ်မှုကိစ္စအားလုံးကိုသင်ယူရလိမ့်မည်။
အကယ်၍ ယောက်ျားလေးများကသာ ထိုကိစ္စများကို လုပ်ကိုင်တတ်စေရန် မလေ့လာထားပါက မည်သည့်မိန်းကလေးက သူတို့နဲ့ လက်ထပ်ဖို့ ဆန္ဒရှိမည်နည်း။
ထို့အပြင် ဤအချက်များကို လေ့လာသင်ယူထားမည်ဆိုပါက တစ်ကိုယ်တည်းသမားအဖြစ် ကျန်ရှိရမည်ဆိုလျှင်ပင် ငတ်သေမှာကို ကြောက်စရာ မလိုတော့ပေ။
အဓိကအကြောင်းအရင်းကတော့ မြေးယောကျ်ားလေးများက အလွန်များလွန်းပြီး ရှားပါးလွန်းခြင်း မရှိသည့်အတွက် ဆိုသည်ကတော့ သေချာပေါက် ငြင်းဆန်စရာမလိုပါချေ။
သို့နှင့် တစ်ဖက်တွင် ရှိနေသည့် လင်းကွမ်းချင်းကတော့ အဖွားဖြစ်သူ၏ ညွှန်ကြားချက်ကို ကြားလျှင် ကျင့်သားရနေသကဲ့သို့ “အိုး” ဟု တစ်ခွန်းသာ တုံ့ပြန်လာခဲ့ပြီး ရိုးရိုးရှင်းရှင်းပင် ချက်ပြုတ်ဖို့အတွက် မီးဖိုချောင်သို့ ဝင်သွားခဲ့သည်။
စုန့်ရှီးယန်နှင့်အတူ ပါလာသော တခြားရဲဘော်တစ်ယောက်ကလည်းဤသည်ကိုမြင်လျှင် လင်းကွမ်းချင်းအားကူညီရန်အတွက် သူ့နောက်သို့ အမြန်နောက်ကို လိုက်သွားခဲ့သည်။
လင်းကွမ်းချင်းက မီးဖိုခန်းထဲသို့ မဝင်သွားခင် စုန့်ရှီးယန်အား မည်သည့်ဟင်းလျာကို စားချင်သည်ဖြစ်ပြောင်း မေးမြန်းရန် မမေ့ခဲ့ပါချေ။
စုန့်ရှီးယန်မှာ အစားအသောက်ကို ဇီဇာမကြောင်တတ်ဖြစ်သောကြောင့် အရာအားလုံးကို စားနိုင်ကြောင်းပြောခဲ့သည်။
သို့နှင့် လင်းကွမ်းချင်းလည်း အဖွားဖြစ်သူအား အကူအညီတောင်းရုံသာ တတ်နိုင်ခဲ့သည်။
“အဖွား၊ ဒီနေ့ ဘာဟင်းချက်ရမလဲ”
“ဝက်ဦးနှောက်နှင့် ကလေး! ဒီနေ့က အိမ်မှာ ဧည့်သည်တွေလည်း ရှိတယ်၊ မင်းရဲ့ညီမလည်း ပြန်လာခဲ့ပြီ၊ သေချာပေါက် ဟင်းကောင်းတွေချက်ရမှာပေါ့!
မီးဖိုပေါ်မှာ ချိတ်ဆွဲထားတဲ့ ဝက်ပေါင်ခြောက်နှင့် မနေ့က မင်းရဲ့ တတိယဦးလေး ဖမ်းမိတဲ့ ငါးကို သွားယူလိုက်၊ ဒီနေ့ နေ့လည်အတွက် ချက်ပြုတ်ရမယ်!”
အဘွားအိုက စကားပြောရင်းဖြင့် မီးဖိုချောင်ဘက်သို့ အမြန်လျှောက်သွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်နှင့် ခြေထောက်တိုတိုတို့က အလွန်သွက်လက်သေးပေသည်။
လင်းရန်ကတော့ အဖွားဖြစ်သူမှ သူမကို ချက်ပြုတ်ခွင့်မပြုကြောင့် ပြောလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ဘဲ ခဏတာလောက် စိတ်ပျက်သွားခဲ့သည်။
သို့သော် ရှေ့လာမည့်ရက်များမှာရှည်လျားလှသေးပြီး သူမအတွက် အနာဂတ်တွင် ချက်ပြုတ်ဖို့ရန် အခွင့်အရေးကို သေချာပေါက် ရှာတွေ့နိုင်လိမ့်မည်!
ထိုသို့ တွေးတောလိုက်လျှင် လင်းရန် လျှင်မြန်စွာ စိတ်သက်သာရာ ရသွားခဲ့တော့သည်။
**