← Chapters

အခန်း (၄၅)

Vol. 5 Ch. 45

အခန်း (၄၅)

Vol. 5 Ch. 45

ဝမ်တာ့ကျစ်မှာ လင်းရန်၏ စကားကြောင့် မယုံကြည်နိုင်ဖြစ်လာရသည်။

အထူးသဖြင့် လီရှို့လီနှင့် ခပ်ဆင်ဆင်တူသော လင်းရန် ၏အသွင်အပြင်ကို ကြည့်ပြီး လီရှို့လီထံမှ ငြင်းပယ်ခြင်းကို ခံရခြင်းအတွက် အရှက်တရားတို့က သူ၏နှလုံးသားထဲသို့ ပိုမိုတိုးဝင်ကာ စိမ့်ဝင်သွားခဲ့ရသည်!

“ဟားဟား၊ မင်းက ဖွဲနုဆန်ကွဲတွေ စားရတာကိုတောင် ပျော်နေပေမယ့် မင်းအမေက အဲလိုမျိုးတွေးတောလောက်မှာ မဟုတ်ဘူးမလား၊ မင်းအမေက မင်းပြန်လာတာကိုရော သိရဲ့လား၊

သူက မင်းကို ကောင်းချီးပေးဖို့အတွက် မြို့ကို ခေါ်သွားတာမလား၊ ဘာလို့ အခုမှ ပြန်ပြေးလာရတာလဲ၊ ဒါမှမဟုတ် မြို့ပေါ်က မင်းရဲ့အဖေက သူ့ရဲ့ ကလေးအရင်းမဟုတ်ဘူးလို့ တွေးတောပြီး နှင်ထုတ်လိုက်တာများ ဖြစ်နိုင်လောက်မလား”

_ အိုး..

လင်းရန်အနေနဲ့ ထိုဝမ်တာ့ကျစ်နှင့် လီရှို့လီတို့က အမှန်တကယ် ဆက်ဆံရေးရှိနေလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။

သူနဲ့ အဖေလင်းရဲ့ကြားထဲက ဆက်ဆံရေးက အလွန်ဆိုးရွားနေပြီး ထိုလူက အဖေလင်းကို နေရာတိုင်းမှာ ပစ်မှတ်ထားနေကြတာ အံ့သြစရာမရှိတော့ဘူး။

အဲဒါက လီရှို့လီကြောင့် ဖြစ်နေတာကိုး!

သူ့ဆီမှာ လီရှို့လီကို လက်ထပ်နိုင်ဖို့ အရည်အရှင်းမရှိခဲ့တာက သနားစရာပဲ။

ဒါကြောင့်ပဲ စိတ်သဘောထားကောင်းမွန်တဲ့ အဖေလင်းကို လိုက်လံဆန့်ကျင်နေခဲ့တာ။

ဒီလိုဆိုမှတော့ သူမက အဖေလင်းကို ကူညီရမှာပေါ့!

ထိုသို့ တွေးတောရင်းဖြင့် လင်းရန်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး အလွန်အံ့သြစရာကောင်းသည့်အရာတစ်ခုကို တွေးတောလိုက်မိသည့် အမူအရာ ဖြစ်သွားလေသည်။

“ဘာလဲ! ဒါဆို ဦးလေးက ကျွန်မရဲ့အမေ အရင်တုန်းကပြောခဲ့တဲ့ သူမကို အနာကြီးရောဂါသည်တစ်ယောက်လိုမျိုး လိုက်ကပ်နေတယ်ဆိုတဲ့ တစ်ယောက်ဖြစ်နေခဲ့တာပဲကိုး!

သူမက ပြောခဲ့သေးတယ်၊ အဲဒီလိုလူမျိုးက သူမကို လက်ထပ်ဖို့ ကမ်းလှမ်းလာတယ်ဆိုတဲ့ အတွေးက သူမကို အော့အန်ချင်စိတ်တောင် ပေါက်ခဲ့တယ်တဲ့လေ၊ မမျှော်လင့်ဘဲ အဲဒီလူက ဦးလေးဝူဖြစ်နေတာပဲ၊

အိုး.. တောင်းပန်ပါတယ် ကျွန်မ ဦးလေးကို ဒီလိုစကားတွေပြောဖို့ မရည်ရွယ်ထားပါဘူး၊ ဒါကြောင့် ဒီစကားကိုကြားပြီး စိတ်မဆိုးပါနဲ့”

လင်းရန်မှာ စကားပြောပြီးသွားသည်နှင့် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ အပြစ်ရှိစွာ ခံစားရသလိုမျိုး ချက်ချင်းပင် ပါးစပ်ကို ဖုံးအုပ်လိုက်သည်။

ပြောစရာရှိတာအားလုံးကို အကုန်ပြောချလိုက်ပြီးပြီလေ!

အခုမှ သူမရဲ့ပါးစပ်ကို ဖုံးအုပ်နေတာက ဘာအတွက်လဲ?!

ဝမ်တာ့ကျစ်မှာ လင်းရန်ပြောခဲ့သော စကားများကြောင့် အလွန်အမင်း ဒေါသထွက်ခဲ့ရပြီး ဒေါသတကြီးဖြင့် တုန်ရင်လာခဲ့သည်။

လီရှို့လီက သူ့ကို ထိုကဲ့သို့စကားများပြောလာလိမ့်မည်ဟု မည်သည့်အချိန်ကမျှ မမျှော်လင့်ထားခဲ့ပါချေ။

သူမက ဘယ်လောက်တောင် အရှက်မရှိရတာလဲ!

အထူးသဖြင့် လင်းရန်မှ ထိုစကားများကို ပြောပြီးသည့်နောက်တွင် ဖျော်ဖြေပွဲကို ကြည့်ရှုနေကြသည့် အနီးနားပတ်ဝန်းကျင်မှ တပ်မဟာအဖွဲ့ဝင်များဆီက ဤသို့သော စကားများကို ကြားလာခဲ့ရသည်။

“ဒါဆို ဝမ်တာ့ကျစ်၊ မင်းက ဒီလိုမျိုးတောင်လုပ်ခဲ့သေးတယ်ပေါ့၊ ငါတကယ်မပြောနိုင်ဘူးပဲ”

“လီရှို့လီက သူ့ကို ဒီလောက်တောင်အထင်သေးနေတာကိုတောင် လိုက်ကပ်နေသေးတဲ့၊ အထင်သေးခံရတာက ရှက်စရာကောင်းမှန်းတောင် မသိတော့ဘူးလား “

ဝမ်တာ့ကျစ်မှာ ဒေါသထွက်ရလွန်းပြီး သွေးများပင်အန်လုနီးပါးဖြစ်လာရသည်။

“မင်း ၊ မင်း အရှက်မရှိတ့် ခွေးမ --!”

အရှက်မရှိတဲ့ခွေးမရဲ့သမီးကများ..

သူ၏ နောက်ဆုံးစကားလုံးကို ပြောခါနီးတွင် တစ်နေရာမှ ရွှံ့ဘောလုံးတစ်ခုက ရုတ်တရက် လွင့်ပျံလာခဲ့ပြီး ဝမ်တာ့ကျစ်ပါးစပ်ကို အောင်မြင်စွာ ပိတ်ဆို့လိုက်သည်။

“အား! ထွီ! ထွီ! ရွှံ့တွေ၊ ဒီရွှံ့တွေက ဘယ်ကရောက်လာတာလဲ”

ဘေးတွင်ရပ်နေသော စုန့်ရှီးယန်က သူ၏ ကောင်းမှုကုသိုလ်နှင့် ကျော်ကြားမှုကို ဖုံးကွယ်ခဲ့ကာ တိတ်တဆိတ်ပင် ခြေထောက်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။

ဤသို့ အပုတ်နံ့များထွက်နေသည့် ခံတွင်းကို အညစ်အကြေးများဖြင့်သာ ပိတ်ဆို့ထားသင့်သည်။ သို့မဟုတ်ပဲ အပြင်သို့ထွက်လာခွင့်ပေးလိုက်ပါက လေထုကို ညစ်ညမ်းစေလိမ့်မည်။

ဝူတာ့ကျစ်၏မျက်နှာမှာ ကောင်းကင်မှ ပြုတ်ကျလာသည့် ရွှံ့နွံများဖြင့် ဖုံးလွှမ်းနေပြီး ရွံ့လူးထားသော ကြောင်တစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့ကာ ပတ်ဝန်းကျင်ရှိလူအားလုံးကို ရယ်မောစေခဲ့သည်။

လူတိုင်းက သနားညှာတာမှုမရှိဘဲ အော်ဟစ် ရယ်မောနေခဲ့ကြလေသည်။

ဝူတာ့ကျစ်တစ်ယောက် ဒေါသအလွန်ထွက်နေခဲ့ပြီး ဒေါသပေါက်ကွဲချင်နေသော်လည်း မည်သူ့ကို လှည့်၍ဒေါသထွက်ရမှန်း မသိဖြစ်နေခဲ့သည်။

လူတိုင်း ရယ်မောပြီးနောက်တွင် လင်းရန်က သူမ ကျေးလက်ဒေသသို့သွားရသည့် အကြောင်းရင်းကို အားလုံးကို ရှင်းပြခဲ့သည်။

သူမ ကျေးလက်ဒေသကိုသွားရသည့် အကြောင်းရင်းအစစ်အမှန်က စုန့်ဝေ့နှင့် အမှန်တကယ်ပတ်သက်နေခဲ့စည်။

သူမအနေဖြင့် မြို့ထဲတွင် ဆက်နေမည်ဆိုပါက စုန့်ဝေ့နှင့် စုန့်စစ်ယွီတို့အတွက် အသုံးချစရာ ပစ္စည်းတစ်ခု အဖြစ် ဆက်ရှိနေရမည်ဖြစ်ပြီး သူတို့ စီစဥ်သည့်အတိုင်း ဆက်ရှိနေမည်ဆိုပါက သေချာပေါက် နောက်ဆုံးတွင် သူတို့အတွက် ခြေနင်းကျောက်တစ်ခုဖြစ်လာရလိမ့်မည်။

သို့သော်လည်း ဤအကြောင်းများမှာ စာအုပ်၏ ဇာတ်ကွက်များတွင် ပါဝင်သော အကြောင်းအရာများဖြစ်ကာ သူမကိုယ်တိုင်ကလွဲ၍ မည်သူကိုမျှ မပြောနိုင်ပေ။

အဆုံးတွင် သူမ၏ “အပြင်လူ” ဖြစ်သည်ဟူသော အချက်သာ ပေါ်ထွက်လာခဲ့ပါက သူမ၏ဘဝမှာ ပြီးဆုံးသွားပေလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် သူမ ကျေးလက်ဒေသသို့မသွားမီ စက်ရုံဝန်းအတွင်း၌ သူမ ရရှိခဲ့သော “ ကျေးလက်ဒေသသို့သွားရန် တက်ကြွလှုပ်ရှားသူ” ၏ခွဲတမ်းနှင့်ဂုဏ်ပြုလက်မှတ်မှာ အချည်းနှီးမဖြစ်ခဲ့ပေ။

သို့နှင့် နောက်တစက္ကန့်အတွင်း လင်းရန်က လူတိုင်းကို မျက်လုံးကွယ်သွားနိုင်လောက်သည့် ဂုဏ်ပြုလက်မှတ်ကို သူမ၏ အိတ်ကပ်ထဲမှ ထုတ်ယူလိုက်လေသည်။

“အရင်တုန်းကတော့ ဒီလိုမျိုးနာမည် ဂုဏ်သတင်းတွေ၊ လက်မှတ်တွေကို တခြားလူတွေဆီမှာ ပြသဖို့အတွက် မစီစဉ်ထားဘူး၊ တခြားလူတွေဆီကနေ ကျွန်မကို ကိုယ့်ကိုယ်ကို ဂုဏ်ယူအမွှမ်းတင်နေတယ်လို့ ပြောလာမှာကို မခံရချင်ဘူးလေ၊

ဒါပေမဲ့ အခု ဦးလေးဝူက မေးလာတော့လည်း အမှန်အတိုင်းပဲ ပြောရတော့မယ်၊ ဒါမှမဟုတ်ရင် လူတိုင်းက တမျိုးတွေးနေမှာကို စိုးရတယ်မလား”

သူမက စကားပြောနေစဥ်တွင် အလွန်ရိုးသားသည့် အမူအရာကို ဖော်ပြထားကာ “တကယ်တော့ ကျွန်မက လူမသိသူမသိလေးပဲ နေချင်တာ” ဆိုသည့်အဓိပ္ပါယ်ရသည့်စကားမျိုးပြောနေခဲ့သော်လည်း သူမ၏လက်ကတော့ လူတိုင်း၏မျက်စိရှေ့သို့ ဂုဏ်ပြုဆုလက်မှတ်ကို ထုတ်ပြနေခဲ့သည်။

သူမ၏နောက်တွင်ရှိနေသည့် စုန့်ရှီးယန်မှာ သူမ၏ရှက်ရွံ့နေဟန်ရှိသည့်အမူအရာလေးကိုကြည့်လျက် မျက်လုံးများထဲတွင် အပြုံးရိပ်တစ်ခု လျင်မြန်စွာလင်းလက်သွားခဲ့သည်။

ဒီမိန်းကလေးက အတော်လေး စိတ်ဝင်စားစရာကောင်းသားပဲ။

လယ်ကွင်းထဲမှလူများမှာ အဝေးတွင်ရပ်နေကြပြီး အများစုကလည်း စာမတတ်သောကြောင့် လင်းရန်၏လက်ထဲရှိ လက်မှတ်ကို အစပိုင်းတွင် မမြင်ခဲ့ကြပေ။

သို့သော်လည်း ဤနေရာတွင် လူ အများကြီးရှိနေခဲ့ကာ စာဖတ်တတ်သည့်လူများလည်း ရှိနေခဲ့သည်။

ထို့အပြင် ထိုစာရွက်သည်လည်း ဂုဏ်ပြုလက်မှတ်နှင့် အလွန်တူနေခဲ့သည် မဟုတ်ပါလား။

သို့နှင့် လူအုပ်ထဲက တစ်ယောက်ယောက်က မျက်လုံးကို ပြူး၍ လက်မှတ်ကို ဂရုတစိုက်ကြည့်လျှက် ခဏကြာတော့ ရုတ်တရက် အော်ပြောလာသည်။

“အိုး၊ ကျေးလက်ဒေသကို သွားတဲ့ တက်ကြွလှုပ်ရှားသူအတွက် ဂုဏ်ပြုလက်မှတ်တစ်ခုပဲ! ရုံးဌာနကနေ ရဲဘော် လင်းရန်ကို အသိအမှတ်ပြုထားတယ်...”

တက်ကြွလှုပ်ရှားသူ!

ထိုစာအတွင်းမှ “ကျေးလက်ဒေကိုသွားရောက်ရန်” ဟူသော စကားလုံးများက အရေးမကြီးပေ။ အရေးကြီးသည်မှာ ၎င်း၏နောက်ကွယ်ရှိ စကားလုံးငါးလုံးဖြစ်သည့် “တက်ကြွလှုပ်ရှားသူ” သာလျှင် ဖြစ်ပေသည်။

ယနေ့ခေတ်တွင် မူဝါဒများနှင့် လူမှုပတ်ဝန်းကျင်ကြောင့် အခြေခံအားဖြင့် နေရာတိုင်းမှလူများမှာ တစ်စုံတစ်ယောက်က တက်ကြွလှုပ်ရှားသူဆိုသည့် ဘွဲ့အမည်ကို ရရှိပြီးသည်နှင့် တစ်ပြိုင်နက် ဤပုဂ္ဂိုလ်မှာ ကြီးမြတ်သည် သို့မဟုတ် အနည်းဆုံး လူတစ်စုကြားတွင် ထင်ရှားပေါ်လွင်နေကာ အစွမ်းအထက်ဆုံးဖြစ်သောကြောင့်သာ ဖြစ်ကြောင်း သိနိုင်သည်။

၎င်းတို့၏ ကွန်မြူနတီတစ်ခုလုံးတွင် တပ်မဟာများစွာရှိသော်လည်း တစ်နှစ်လျှင် တက်ကြွလှုပ်ရှားသူတစ်ဦးသာ ထိုဘွဲ့အမည်ရရှိနိုင်သောကြောင့် ၎င်းမှာ မယုံနိုင်စရာကောင်းလှသည့် ဂုဏ်ယူစရာတစ်ခုသာဖြစ်ပေ၏။

တက်ကြွလှုပ်ရှားသူဟူသော စကားကိုကြားလျှင် လင်းရန်အပေါ် ရှိနေသာ လူတိုင်း၏ အကြည့်များက ရုတ်တရက် ပြောင်းလဲသွားကြသည်။

အစပိုင်းတွင် မနှစ်သက်ခြင်း သို့မဟုတ် အထင်သေးခြင်းတို့ ရှိနေသူများပင်လျှင် ကြည်ညိုလေးစားမှုအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားကြတော့သည်။

သူတို့၏ မျက်လုံးထဲတွင် လင်းရန်၏ ပိန်ပါးပါးပုံစံက ပိုမြင့်လာသယောင်ခံစားလာရသည်။

လင်းရန်ကိုယ်တိုင်ပင် ထိုလူကြီးများ၏ တောက်လောင်နေသော အကြည့်များကို မြင်လိုက်ရချိန်တွင် အနည်းငယ်လောက် ဂုဏ်ယူမိသွားရသည်။

ဒီလက်မှတ်က ဒီလောက် အစွမ်းထက်မယ်လို့ သူမ မမျှော်လင့်ထားဘူး။

ကံကောင်းစွာနှင့် သူမက စုန့်မိသားစုထဲမှ ထွက်လာချိန်မှာ ဒီလက်မှတ်ကို မမေ့မလျော့ဘဲ သူမနှင့်အတူ ယူဆောင်လာခဲ့တယ်။

တက်ကြွလှုပ်ရှားသူများဟူသည်မှ လူတိုင်းက ထိုလူများထံမှ သင်ယူသင့်ပြီး အမီလိုက်ရန် လိုအပ်သူများသာဖြစ်ပေသည်။ သူတို့က ဝမ်တာ့ကျစ်မှ လင်းရန်အား ထပ်မံ အနိုင်ကျင့်ရန် အဘယ်မှာ လွှတ်ထားရဲတော့မည်နည်း။

ထို့ကြောင့် သူတို့အားလုံး လင်းရန်ဘက်မှ ပြောလာကြသည်။

“ဝမ်တာ့ကျစ် ၊ မင်းမှာ အရှက်မရှိဘူးလား? ယောကျ်ားရင့်မာကြီးတစ်ယောက်ဖြစ်ရက်နှင့် ကလေးမလေးကို အနိုင်ကျင့်နေတယ်၊ မင်းက ငါတို့အဖွဲ့ကို အရှက်ရအောင်လုပ်နေတာပဲ”

“အမှန်ပဲ! မင်းက တမင်သက်သက် ပြသနာလိုက်ရှာနေတာပဲ! ခေါင်းဆောင်လာတဲ့အချိန်ကျရင် မင်းက အလုပ်ကိုသေသေချာချာမလုပ်ဘဲ ပျင်းရိပြီး လိုက်ပြသနာရှာနေတယ်ဆိုတာကို ငါပြောလိုက်မှာ!”

“ ဟုတ်တယ် ၊ ဝမ်တာ့ကျစ်လိုလူမျိုးတွေကို ကောင်းကောင်းပညာပေးသင့်တယ်!”

ဝမ်တာ့ကျစ်မှာ ထိုလူကြီးများ၏ လေသံက လျင်မြန်စွာ ပြောင်းလဲသွားလိမ့်မည်ဟု မည်သည့်အချိန်ကမှ မမျှော်လင့်ထားခဲ့ဘဲ ချက်ချင်းဆိုသလိုပင် သူ့ကို ဝိုင်းဝန်းတိုက်ခိုက်လာသည်ကို ခံလိုက်ရလေ၏။

တခြားလူများက သူ့ကို ခေါင်းဆောင်ထံသို့ သွားရောက်တိုင်တမ်းမည်ဆိုသော စကားကို ကြားလိုက်ရလျှင် ဝမ်တာ့ကျစ်တစ်ယောက် အလွန် မယုံကြည်နိုင်ဖြစ်သွားရကာ အံသြထိတ်လန့်စွာနှင့် ရှင်ပြလာသည်။

“ငါ .. ငါ .. ငါဘာလုပ်လို့လဲ၊ အဓိပ္ပါယ်မရှိတဲ့စကားတွေ မပြောစမ်းနဲ့! ငါက သူတို့ကို စကားနည်းနည်းလောက် ပြောခဲ့ရုံပဲ!”

လင်းရန် ဘေးဘက်မှ လှမ်းပြောလာသည်။

“ဒါဆို ကျွန်မတို့ရဲ့ တပ်မဟာထဲက အဖွဲ့ဝင်တွေ စကားပြောပုံက ဒီလိုမျိုးပဲလား၊ ကျွန်မက လူတိုင်းကို ဧည့်ဝတ်ကျေတယ်၊ ရိုးသားတယ်၊ ကြင်နာတတ်တယ်ဆိုပြီး တွေးတောခဲ့မိတာ”

**

All Chapters