အခန်း (၄၆)
Vol. 5 Ch. 46
လယ်ကွင်းအတွင်း၌ ရရှိနေသောကျန်ရှိနေသည့်လူများမှာ လင်းရန်၏ စကားကိုကြားလျှင် ထိတ်လန့်သွားကြရသည်။
ဝမ်တာ့ကျစ်ကဲ့သို့ ကြွက်တစ်ကောင်ကြောင့် သူတို့တပာမဟာအဖွဲ့တစ်ခုလုံး၏ ဂုဏ်သတင်းကို မဖျက်ဆီးလိုက်နိုင်ပါချေ။
ထို့ကြောင့် လူတိုင်းက ဝမ်တာ့ကျစ်ကို ဒေါသတကြီးဖြင့် အပြင်းအထန် စိုက်ကြည့်လိုက်ကြပြီး သည်းမခံနိုင်စွာနှင့် လင်းရန်အား အမြန်ရှင်းပြလာခဲ့ကြသည်။
“ရဲဘော် လင်းရန်၊ ငါတို့ရဲ့တပ်မဟာမှာရှိနေတဲ့ လူတွေအားလုံးက ဧည့်ဝတ်ကျေပြီး ပြောရဆိုရလွယ်ကူပါတယ်၊ အဲဒီဝမ်တာ့ကျစ်က ခြွင်းချက်ပဲ၊ မင်း သူ့ကို အရူးတစ်ပိုင်းလို ဆက်ဆံလိုက်ရင်ရပြီ!”
“ဟုတ်တယ်၊ ငါတို့အဖွဲ့ထဲက လူတွေက ပေါင်းသင်းရလွယ်လို့ နာမည်ကြီးတယ်၊ ဒါပေမယ့် ဒီဝမ်တာ့ကျစ်တစ်ယောက်ပဲ ငါတို့ရဲ့ဂုဏ်သတင်းကို လိုက်ဖျက်နေတာ!”
ယခုအချိန်တွင် လူတိုင်းက ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် ဝမ်တာ့ကျစ်အကြောင်းနှင့်ပတ်သက်၍ မကောင်းသော စကားလုံးများကို နှမြောတသဖြစ်ခြင်းမရှိ ပြောဆိုလာခဲ့ကြသည် ။
ထို့အပြင် သူတို့က ဝူတာ့ကျစ်ကို တပ်မဟာ ခေါင်းဆောင်ဆီသို့ တိုင်တန်းဖို့အတွက်ကိုလည်း စိတ်ပိုင်းဖြတ်လိုက်ကြပြီး ထိုလူကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးခိုင်းဖို့ တွေးတောထားခဲ့ကြသည်။
ဝမ်တာ့ကျစ်မှာ လူအုပ်စုလိုက်ကြီး၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ယခုအချိန်တွင်တော့ သူ့အနေဖြင့် အမှန်တကယ်ပင် စကားမပြောနိုင်တော့ဘဲ သူ၏ လည်ပင်းကိုငုံ့ကိုင်းကာ အဝေးကို ပုန်းရှောင်ပြေးသွားခဲ့ရတော့သည်။
ဖြစ်စဉ်တစ်လျှောက်လုံးတွင် အဖေလင်းမှ စကားတစ်ခွန်းလေးပင် ဝင်မပြောခဲ့သော်လည်း သမီးဖြစ်သူ လင်းရန် ထုတ်ယူလိုက် ဂုဏ်ပြုဆုလက်မှတ်ကို မြင်တွေ့လိုက်ရချိန်တွင် တေား သူ၏မျက်လုံးများက ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သူ့ရဲ့သမီးလေးက တကယ်ကို တော်လွန်းတာပဲ!
သူမရဲ့အဖေထက်တောင် ပိုကောင်းတဲ့ တက်ကြွလှုပ်ရှားသူ ဖြစ်လာပြီ!
ဝမ်တာ့ကျစ်အတွက်တော့ မူလတုန်းက လင်းကျန်းအန်းအနေဖြင့် ထိုသူ့ကို ခွေးရူးတစ်ကောင်အဖြစ်သာ အမြဲသတ်မှတ်ထားခဲ့ပြီး ဂရုမစိုက်ချင်ခဲ့ပေ။ သို့သော်လည်း ယခုအချိန်တွင်တော့ သူ၏သမီးကို ပစ်မှတ်ထားပြီး ဆူပူကြိမ်းမောင်းရဲလာသည်လား?
လင်းကျန်းအန်းက လင်းရန်အား တပ်မဟာတစ်ခုလုံးသို့ သွားရောက်လည်ပတ်ရန်လိုက်ပါပို့ဆောင်ပေးပြီးလျှင် တပ်မဟာခေါင်းဆောင်ထံသို့သွားရန်အချိန်ရှာဖို့ စီစဥ်ခဲ့သည်။
ဘာလုပ်မလို့လဲ?
သေချာတာပေါ့။ ဝမ်တာ့ကျစ်က ကျေးလက်ဒေသကိုရောက်လာတဲ့ ပညာတတ်လူငယ်တွေကို အနိုင်ကျင့်ပြီး ပညာတတ်လူငယ်တွေနှင့် ဒေသခံပြည်သူလူထုကြားမှ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေခဲ့ကြောင်း တပ်မဟာခေါင်းဆောင်ကို တင်ပြချင်လို့ပဲလေ!
ဒီစွဲချက်ကို အတည်ပြုပြီသွားရင် အနာဂတ်မှာ ပါးစပ်ဆိုးဖို့ သတ္တိရှိရှိသေးလားဆိုတာကို ကြည့်ကြတာပေါ့!
ဤသို့ဖြင့် ဝူတာ့ကျစ်နှင့် ရှင်းလင်းပြီးနောက်တွင် လင်းကျန်းအန်းက လင်းရန်နှင့် စုန့်ရှီးယန်တို့အား ကောက်နှံစိုက်ခင်းများမှ အဝေးသို့ ခေါ်ဆောင်သွားကာ တခြားနေရာများကို လိုက်လံပြသခဲ့သည်။
သူတို့ မသိရှိခဲ့သည်ကတော့ သူတို့သုံးယောက် ထွက်သွားပြီးသည်နှင့် တစ်ဖက်မှ တပ်မဟာ အဖွဲ့ဝင်များက လင်းရန်မှာ ကျေးလက်ဒေသကို လာပြီး တည်ဆောက်ရေးများတွင် ပါဝင်ရန် သူမဘက်မှ ကိုယ်တိုင် အစပျိုး လုပ်ဆောင်ခဲ့ပြီး တက်ကြွလှုပ်ရှားသူပင် ဖြစ်နေသည်ဟူသော သတင်းအား နေရာတိုင်းတွင် လိုက်လံဖြန့်ဝေနေခဲ့ကြသည်ကိုပင်။
မူလက တပ်မဟာမှလူများမှာ ပညာတတ်လူငယ်များအပေါ် ကောင်းမွန်သော အထင်အမြင်မရှိခဲ့ကြပေ။
အဘယ်ကြောင့်ဆိုသော် ဤနှစ်များအတွင်း ပထမဆုံး ထွက်လာသော ပညာတတ်လူငယ်အဖွဲ့မှလွဲ၍ နောက်ဆက်တွဲ မည်သူကမျှ ကျေးလက်သို့သွားရန် မိမိ၏စိတ်သဘောထားဖြင့် ရောက်လာကြခြင်း မရှိခဲ့ကြပေ။
သူတို့အားလုံးမှာ မြို့ထဲတွင် အလုပ်အကိုင်မရှာနိုင်သည့်အတွက် အသက်မွေးဝမ်းကြောင်းပြုဖို့ အတင်းအကြပ် ခိုင်းစေခြင်းကို ခံခဲ့သူများနှင့် ကျေးလက်သို့ ဖိအားပေးစေလွှတ်ခံရသူများသာဖြစ်ပေသည်။
အဆုံးတွင်တော့ ကျေးလက်ဒေသကို သွားသည်ဟူသည်မှာ ကျေးလက်ဒေသကိုသွားပြီး သူတို့နဲ့အတူ ရိုးသားစွာအလုပ်လုပ်ကိုင်ရလိမ့်မည်။ သို့မဟုတ် သူတို့ မြို့ထဲတွင် သင်ယူခဲ့သည့် ဗဟုသုတ တချို့ကို ပျေးလက်ဒေသတွင် ပြန်လည်သင်ကြားပို့ချပေးရလိမ့်မည်။
ထိုမှသာလျှင် သူတို့၏အလုပ်များက ပိုမိုလွယ်ကူပြီး ထိရောက်မှုရှိစေလိမ့်မည်။
တစ်နည်းဆိုရလျှင် ထိုရောက်ရှိလာသည့် သူများမှာ မြို့ပေါ်၌ သင်ယူခဲ့သော အသိပညာ သို့မဟုတ် အတတ်ပညာများကို သယ်ယူလာခြင်းမရှိသည့်အပြင် လယ်ယာလုပ်ငန်းကို မည်သို့လုပ်ဆောင်ရမည်ကိုပင် မသိခဲ့ကြပေ။ သူတို့က ကျေးလက်ဒေသမှလူများဆီကိုပင် ပြန်လည် အကူအညီတောင်းခဲ့ကြသည်။
ဤသို့ဆိုပါက ကျေးလက်ဒေသကို အဘယ်ကြောင့် ရောက်လာကြသည်နည်း။
တိုင်းပြည်၏ တည်ဆောက်ရေးအတွက်လည်း မည်သည့်အကျိုးကျေးဇူးကိုမှ မပေးစွမ်းနိုင် မဟုတ်ပါလား။
ထို့ကြောင့် ယခင်က တပ်မဟာအတွင်းမှ လူများက ပညာတတ်လူငယ်တိုင်းအပေါ် အထင်အမြင်မှာ အမှန်တကယ်ကို ဆိုးရွားလှသည်။
သို့သော်လည်း ယခုအချိန်တွင်တော့ လင်းရန်က သူမဘာသာသူမ ကျေးလက်ကိုသွားဖို့ အစပြုခဲ့ပြီး မြို့တွင်းရှိ ရုံးဌာနထံမှလည်း အသိအမှတ်ပြု ဂုဏ်ပြုဆုလက်မှတ်များကိုတောင် ရရှိခဲ့ကြောင်း သိလိုက်ရချိန်မှာ သူမအပေါ် စိတ်နေသဘောထားများက သဘာဝကျစွာ တိုးတက်လာခဲ့တော့သည်။
“ဒီကောင်မလေးက ပထမတစ်ချက်လှမ်းကြည့်ရုံနှင့်တင် အရမ်းတော်တယ်ဆိုတာ သိသာတယ်! တကယ်ကို ကျန်းအန်းရဲ့သမီးပဲ!”
“ဟုတ်တယ်၊ ဟုတ်တယ်၊ သူက အခုမှစပြီး ငါတို့တပ်မဟာအဖွဲ့ရဲ့အဖွဲ့ဝင်ဖြစ်လာတော့မယ်၊ တစ်ယောက်ယောက်ကများ လင်းရန်ရဲ့အကြောင်းကို မကောင်းပြောရဲရင် ငါတို့က အဖွဲ့ခေါင်းဆောင်ဆီမှာ တိုင်ကြားလိုက်မှာ!”
ထို”တစ်ယောက်ယောက်”ဆိုသူအကြောင်းကိုပြောလာသည်နှင့် လူတိုင်းက ထောင့်စွန်းသို့ရောက်နေသည့် ဝူတာ့ကျစ်ဆီသို့ သတိလက်လွတ်လှမ်းကြည့်လိုက်ကြပြီး ပြင်းပြင်းထန်ထန် စိုက်ကြည့်ကြပြန်သည်။
သို့သော် ဝမ်တာ့ကျစ်မှာတော့ သူ၏ နာကျင်မှုဝေဒနာကို မဖော်ပြနိုင်ခဲ့သကဲ့သို့ ငိုကြွေးရန်နေရာလည်းမရှိပေ။
မူလက သူသည်ကား လင်းရန်နှင့် လင်းကျန်းအန်းကို လူအများရှေ့တွင် ရှင်းထုတ်ပစ်နိုင်လိမ့်မည်ဟု ထင်ခဲ့ပြီး လင်းကျန်းအန်းမှာ သူကိုယ်တိုင်ဖြစ်စေ၊ သူ၏သမီးဖြစ်စေ စွန့်ပစ်ခံခဲ့ရကြောင်း လူတိုင်းကိုသိစေချင်ခဲ့သည်။
လင်းရန်နှင့် လင်းကျန်းအန်းတို့ အစွန့်ပစ်ခံခဲ့ရသည်ကို လူတိုင်းသိရှိပြီးသွားချိန်တွင် လင်းကျန်းအန်းကို လူတိုင်းက မကြိုက်ခြင်းကို မခံခဲ့ရဘဲ သူကိုယ်တိုင်ကသာ လူအများ၏ ဝေဖန်ရှုံ့ချမှုကို ခံခဲ့ရလိမ့်မည်ဟု မည်သူက ကြိုတင်သိရှိခဲ့ပါမည်နည်း။
ဒါက ဘယ်လိုများ ဖြစ်သွားခဲ့ရတာလဲ?
သူ စိတ်မချမ်းသာရဆုံးအရာကတော့ သူကိုယ်တိုင်က လင်းရန်ရဲ့ ဂုဏ်သတင်းကို ကြီးပွားစေရန် အခုလို ဇာတ်ကွက်မျိုးကို ဖန်တီးပေးခဲ့မိတဲ့အတွက်ကြောင့်ပဲ!
သူ အခု အလွန်အမင်း ဒေါသထွက်နေပြီ!
*
တပ်မဟာအနီးတစ်ဝိုက်ရှိ နေရာတိုင်းနီးပါးကို လမ်းလျှောက်ပြီးနောက် လင်းကျန်းအန်းနှင့် ဘယ်နှစ်ညာတွင်လိုက်ပါလာသည့် လူငယ်နှစ်ယောက်တို့အဖွဲ့မှာ တပ်မဟာခေါင်းဆောင်၏အိမ်တံခါးဝသို့ ရောက်ရှိလာခဲ့ကြသည်။
ဝမ်တာ့ကျစ်က လင်းရန်အား ရိုင်းဆိုင်းစွာ စော်ကားခဲ့ကြောင်းကို တွေးတောပြီး လင်းကျန်းအန်း၏ခြေလှမ်းက ရပ်တန့်သွားခဲ့ကာ လင်းရန်ဆီသို့ အေးဆေးတည်ငြိမ်စွာ ပြောလာခဲ့သည်။
“ရန်ရန်၊ အဖေက ခေါင်းဆောင်နှင့် ကိစ္စတစ်ခုခု ဆွေးနွေးချင်သေးတယ်၊ မင်း အိမ်အပြန်လမ်းကို မှတ်မိသေးလား၊ မှတ်မိသေးရင် အရင်ဆုံးပြန်သွားပြီး အနားယူလိုက်လေ၊ မမှတ်မိတော့ဘူးဆိုရင်တော့ အဖေကို အပြင်မှာ ခဏစောင့်နေလိုက်ဦး”
တပ်မဟာခေါင်းဆောင်၏အိမ်မှာ လင်းမိသားစု၏အိမ်နှင့် မနီးမဝေးတွင် တည်ရှိပြီး လယ်နှစ်ကွက်သာခြားသည်။ လင်းရန် အပြင်ဘက်မှ နေကို ကြည့်လိုက်ပြီးလင်းကျန်းအန်းကို အချိန်မည်မျှကြာမည်လဲဟု မေးမြန်းခဲ့သည်။
လင်းကျန်းအန်း ဝေဝေဝါးဝါးဖြင့်သာ ပြန်ပြောလာသည် ။
“ခဏလောက်တော့ ကြာနိုင်တယ်”
အဆုံးတွင် အဖေတစ်ယောက်အနေဖြင့် သူ၏သမီးဖြစ်သူက ခေါင်းဆောင်၏ အိမ်တံခါးအပြင်တွင် ရပ်နေချိန် သူက အခန်းထဲတွင် တခြားသူများအကြောင်းကို မကောင်းပြောမည်ဆိုပါက ကြံ့ခိုင်သန်မာသည့် ဖခင်တစ်ယောက်၏ ပုံရိပ်က သမီးဖြစ်သူ၏ နှလုံးသားထဲတွင် ပြိုလဲသွားနိုင်ပေသည်။
ထို့ကြောင့် ဘေးကင်းစေရန်အတွက် လင်းရန်ကို အပြင်တွင်စောင့်ခိုင်းမည့်အစား စောစောပြန်လွှတ်လိုက်မည်က ပိုကောင်းလိမ့်မည်ဟု သူတွေးတောခဲ့သည်။
လင်းကျန်းအန်းမှာ အချိန်အတော်ကြာအောင် စကားပြောနေမည့်ပုံရှိသည်ကို မြင်လိုက်ရသဖြင့် လင်းရန်လည်း ခေါင်းကိုသာငြိမ့်ပြလိုက်လေ၏။
“ကောင်းပြီ ဒါဆို သမီး အရင်ပြန်နှင့်လိုက်တော့မယ်၊ အဖေ စောစောပြန်လာဖို့ မမေ့နဲ့နော်”
အချိန်က (၁၁) နာရီခွဲခန့်ရှိနေခဲ့ပြီ။ နောက်မကြာခင်အချိန်အတွင်း အိမ်တွင် ထမင်းစားချိန်ရောက်လာလိမ့်မည်။
လင်းရန်မှာ ဤနှစ်ရက်အတွင်း လမ်းပေါ်တွင် အလုပ်များနေခဲ့ပြီး သူမအနေဖြင့် အမှန်တကယ်ပင် နွေးထွေးကောင်းမွန်လှသော ထမင်းကိုမစားရသေးပေ။
ထို့ကြောင့် အဘွားဖြစ်သူ ချက်ပြုတ်၍မပြီးသေးခင်မှာ အကြံဉာဏ်များ ပေးနိုင်လောက်မလားဟု တွေးတောမိသည်။
ဤတစ်ကြိမ်တွင် မီးဖိုချောင်ကိုကိုင်တွယ်မည့်အင်အားကို သူမ မယူနိုင်သေးသော်လည်း ချစ်စရာကောင်းအောင်ပြုမူခြင်း သို့မဟုတ် အဘွားဖြစ်သူကို စကားနည်းနည်းလောက် ချွဲကပ်၍ပြောခြင်းဖြင့် သူမ၏အကြံပြုချက်အတိုင်း ဟင်းပွဲအနည်းငယ်ချက်ခိုင်းဖို့က ပြဿနာမရှိလောက်ပေ။
ထို့ကြောင့် လင်းကျန်းအန်းနှင့် သဘောတူညီမှု ရပြီးသည်နှင့် လင်းရန်လည်း ကျောခိုင်း၍ အိမ်ပြန်ရန် စီစဉ်ခဲ့သည်။
သို့သော်ငြား သူမ ခြေလှမ်းနှစ်လှမ်းလှမ်းပြီးနောက်တွင် သူမ၏နောက်မှ အရိပ်တစ်ခုကို တွေ့လိုက်ရလေ၏။
အိုး၊ ကြည့်ရတာ လင်းကွမ်းချင်းရဲ့ စစ်တပ်ထဲကခေါင်းဆောင် စုန့်ရှီးယန် ဖြစ်ပုံရတယ်။
ယခုအချိန်တွင် လမ်းက သိပ်ပြီးတိတ်ဆိတ်ငြိမ်သက်နေခြင်းမရှိပါက လင်းရန်အနေဖြင့် သူမ၏နောက်သို့ ထိုလူ လိုက်နေသေးသည်ကို သတိထားမိမှာ မဟုတ်လောက်ချေ။
ထိုလူက စစ်သားတစ်ယောက်ဖြစ်ဖို့ အတွက် အမှန်တကယ်ပင် ထိုက်တန်လှသည်။ သူက လျှို့ဝှက်စစ်ဆင်ရေးလုပ်ဆောင်ရာတွင် အလွန်တော်လောက်သည်။
လင်းရန်မှာ စိတ်ထဲမှ တိတ်ဆိတ်စွာ ရေရွတ်လိုက်ပြီး အရှေ့ကိုသာ ဆက်လျှောက်သွားခဲ့သည်။
သူမ၏နောက်မှ လိုက်ပါလာသည့်စုန့်ရှီးယန်နှင့် စကားပြောရန်အတွက်တော့ လုံးလုံးလျားလျားပင် မစဉ်းစားခဲ့ပေ။
စုန့်ရှီးယန်ကို မြင်ရတဲ့အချိန်တိုင်း ခိုင်ခံ့သည့် သီးပင်စားပင်ကြီးကို တွေးမိလိမ့်မယ်...
ဒါကြောင့် သူ့ကို မေ့ထားပြီး ဒီလူလိုက်လာတာကို သူမ မသိခဲ့ဘူးလို့ ဟန်ဆောင်လိုက်ရအောင်။
စုန့်ရှီးယန်ကတော့ လင်းရန် တစ်ခဏမျှ ရပ်တန့်သွားသည်ကို သတိမထားမိသကဲ့သို ဟန်ဆောင်ကာ သူ့ကိုယ်သူ ဖော်ထုတ်ချင်သကဲ့သို့ သတိလက်လွတ်ဖြင့် အရှိန်မြှင့်လိုက်လေသည်။
ဒီစက္ကန့်ပိုင်းစာ အချိန်လေးအတွင်းမှာ လင်းရန် မည်သည့်အကြောင်းကို တွေးနေမှန်းမသိသော်လည်း သူကတော့ သက်ပြင်းချမိနေဆဲပင်။
ဒီမိန်းကလေးဆီမှာ စိတ်ကူးတွေ အများကြီးရှိပုံရတယ်။
ဒီအသက်အရွယ်လောက် မိန်းကလေးအားလုံးမှာ ဒီလိုတက်ကြွလွန်းတဲ့စိတ်ကူးစိတ်သန်းတွနေတာလား။ ဒါမှမဟုတ် သူမတစ်ယောက်တည်းကပဲ အတွေးတွေများလွန်းနေတာလား?
စုန့်ရှီးယန် ခေါင်းကိုခါရမ်းလိုက်မိပြီး သူမ၏နောက်သို့လိုက်ရန် အရှိန်ကိုထပ်မြှင့်တင်လိုက်ပြန်သည်။
**