← Chapters

အခန်း (၄၈)

Vol. 5 Ch. 48

အခန်း (၄၈)

Vol. 5 Ch. 48

သေတ္တာထဲမှ အသားများထဲမှ အများစုက လင်းကျန်းအန်းဆီမှရရှိခဲ့ခြင်းဖြစ်ပေသည်။

လင်းကျန်းအန်းမှာ သူ၏ အစောပိုင်းနှစ်များတွင် တပ်မဟာရှိ မုဆိုးဟောင်းတစ်ယောက်ဆီမှ လှည့်ကွက်အနည်းငယ်ကို သင်ယူခဲ့လေ၏။

ယခုမူ သူ၏ကျွမ်းကျင်မှုမှာ တပ်မဟာရှိ ထိပ်တန်းအမဲလိုက်ကျွမ်းကျင်သူအဖြစ်ပင် သတ်မှတ်သင့်နေပြီ။ သူ တောင်ပေါ်မှဆင်းလာသည့်အချိန်တိုင်း လက်ဗလာဖြင့် မည်သည့်အကြိမ်တွင်မှ ပြန်မလာခဲ့တော့ပေ။

အဆုံး၌ ဤရက်များအတွင်း အိမ်တွင် အသားပြတ်မှုမရှိရုံတင်မကဘဲ အသားလက်ကျန်များလည်း ရှိလာခဲ့တယ်!

သို့သော်လည်း ကျေးလက်ဒေသရှိလူများသည်ကား ခြွေတာခြင်းကို ကျင့်သားရကြပြီး ၎င်းတို့က လတ်ဆတ်သော အသားများကို တစ်ကြိမ်တည်းဖြင့် ကုန်စင်အောင် မစားချင်ကြသောကြောင့် ထိုအသားများမှ တစ်စိတ်တစ်ပိုင်းက အမြဲတမ်းချန်ထားခဲ့ကြသည်။

ကျန်သည့်အသားများအတွက်ကတော့ ကြာရှည်ထိန်းသိမ်းထားဖို့အတွက် လေအခြောက်ခံဖို့ကို ရွေးချယ်ခဲ့ကြလေ၏။

တစ်ကြိမ်လျှင် အသားတချို့ကို အခြောက်ခံပြီးနောက် ဤမျှကြာရှည်စွာ စုဆောင်းပြီးချိန်တွင်တော့ အဘွားလင်းဆီတွင် အံ့သြဖွယ်ကောင်းသော အသားခြောက်ပမာဏကို စုဆောင်းမိသွားခဲ့ပြီး: ကြီးမားသော သေတ္တာကြီးနှင့်တစ်လုံးကို ရရှိခဲ့တော့သည်။

အသားခြောက်၏ အရသာက လတ်ဆတ်သည့် အသားလောက် မကောင်းသော်လည်း ဒီအချက်ကြောင့်ပင် သူတို့ လင်းမိသားစုကလွဲလျှင် တပ်မဟာတခုလုံး၌ သူတို့လောက် ဤမျှအသားများများစုဆောင်းထားသည့် တခြားလူများ မရှိနိုင်ကြောင်း သူတို့ပြောရဲပေသည်။

မူလကတော့ တခြားသူများ မနာလို မဖြစ်စေရန်အတွက် လင်းမိသားစုက အိမ်တွင်းမှာသာ လူမသိသူမသိစေရန် စားသောက်ခဲ့ကြပြီး တခြားသူများကို မသိစေခဲ့ရပေ။

အဆုံး၌ တခြားလူများ လင်းညီအစ်ကိုများကဲ့သို့ အမဲလိုက်ရာတွင် မကျွမ်းကျင်ကြသည့်အတွက် သူတို့ကို မနာလိုစိတ်ဖြစ်အောင် လုပ်ခဲ့မိပြီး တိုင်ကြားခံရပါက ပြီးဆုံးသွားလိမ့်မည်။

သို့သော်လည်း ထိုခွေးကောင် ဝူတာ့ကျစ်က လင်းရန်ကို အနိုင်ကျင့်ဖို့တောင် သတ္တိရှိနေခဲ့သည်!

ထို့ကြောင့် အဘွားလင်းမှာ ဒေါသ အလွန်အမင်းထွက်သွားခဲ့ရပြီး သူမ၏ပစ္စည်းများ အားလုံးကို ထုတ်ယူလာခဲ့ခြင်းဖြစ်ပေသည်။

သူမက လင်းရန်အား မြို့တော်တွင် ပျော်ရွှင်မှုကို ခံစားနိုင်သကဲ့သို့ သူမ၏မွေးရပ်မြေတွင်လည်း အခြေအနေများ ပို၍ကောင်းကြောင်း သိစေလိုခဲ့သည်။

သူမ လင်း မိသားစုဆီသို့ ပြန်ရောက်သည့်အချိန်တွင် ဖွဲနုထမင်းနှင့် အသီးအရွက်ရိုင်းများကိုသာ စားခွင့်ရခြင်းမျိုးကို မည်သည့်အချိန်တွင်မှ ဖြစ်စေရမည်မဟုတ်ပေ!

“ရန်ရန်၊ နေ့လည်စာအတွက် မင်း စားချင်တဲ့ အသားကို ရွေးလို့ရတယ်၊ အအဘွားက မင်းအတွက် ချက်ပေးမယ်!”

အဘွားလင်းမှာ သူမ၏ တင်ပါးပေါ်တွင် လက်ကို တင်ကာ ကမ္ဘာကြီး တစ်ခုလုံးကို ပိုင်ဆိုင်ထားသကဲ့သို့လင်းရန်ကို ကြည့်လာခဲ့သည်။

လင်းရန် ခဏတာမျှ အံ့အားသင့်သွားကာ ပျော်ရွှင်စွာ ရယ်မောလိုစိတ်ကို မထိန်းနိုင်တော့ပေ။

“အဘွား! အဘွားက သမီးအပေါ် အရမ်းကောင်းတာပဲ!”

လင်းမိသားစု၏ဘဝက အလွန် ခက်ခဲလိမ့်မည်လို့ သူမ အမှန်တကယ်ထင်ခဲ့သည်ကို ဘုရားကသာ သိလိမ့်မည်။

သူမက ဤနေရာတွင် အသားကောင်းကောင်းမစားနိုင်လောက်ဟု တွေးထင်ထားခဲ့သောကြောင့် များစွာ တွေးတောပြင်ဆင်ခဲ့ပြီး ဤနေရာတွင် ကောင်းကောင်းစားနိုင်ရန် ပစ္စည်းများစွာကို ယူဆောင်လာခဲ့သည်။

သို့သော်လည်း အဘွားလင်းက သူမကို ယခုကဲ့သို့ အံ့အားသင့်စရာကိစ္စကြီးကို တိုက်ရိုက်ချပေးလာလိမမ့်မည်ဟု မည်သူက သိနိုင်မည်နည်း။

အသားများက အလွန်များပြားလွန်းလှပြီး တစ်နှစ်လုံးလုံး စားလျှင်ပင်ကုန်ခမ်းနိုင်မည်မဟုတ်ပါချေ။

တစ်ချိန်တည်းတွင် လင်းမိသားစု၏ တခြားအဖွဲ့ဝင်များကလည်း တခြားတပ်မဟာဆောက်လုပ်ရေး လုပ်ငန်းခွင်များမှ အမြန်ပြန်ရောက်လာခဲ့ကြသည်။

သူတို့က အိမ်အပြန် လမ်းလျှောက်လာရင်းဖြင့် လမ်းသွားလမ်းလာများပြောသည်ကို နားထောင်ခဲ့ကြသည်။

ဥပမာအားဖြင့်- သူတို့၏ တူမလေး ရန်ရန် ပြန်လာပြီ။ သူမက ထူးချွန်ထက်မြက်သည့် တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်နေခဲ့သည်။

ဒါက ဘာလဲ?

သို့သော် နောက်ပိုင်းကိစ္စများနှင့် နှိုင်းယှဥ်လျှင် လင်းရန် ပြန်ရောက်လာပြီဟူသောအကြောင်းအရာက လင်းမိသားစုမှလူများကို ပိုမိုစိတ်လှုပ်ရှားစေခဲ့သည်မှာ ထင်ရှားသည်။

သို့နှင့် လင်းမိသားစု၏ အကြီးဆုံးသား၊ အကြီးဆုံးသား၏ဇနီး၊ တတိယသားနှင့် ဇနီး၊ နောက်ထပ် မုန်လာဥနီခေါင်းလေး အနည်းငယ်တို့ အားလုံးက အမြန်ပြန်လာခဲ့ကြသည်။

သူတို့ တံခါးထဲသို့ ဝင်လိုက်သည်နဲ့ သူတို့နှင့်စိမ်းသက်နေသည့် အမျိုးသမီးတစ်ဦး၏ ချိုသာစွာ ပြောလာသည့် အသံကို ကြားလိုက်ရလေသည်။

“အဘွား! အဘွားက သမီးအပေါ် အရမ်းကောင်းတာပဲ!”

လင်းမိသားစု၏လူအများက တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ပြီး ထိုအသံမှာ သူတို့ နှစ်ပေါင်းများစွာ မတွေ့နိုင်ခဲ့ရသည့် သူတို့၏ တူမလေး လင်းရန်၏ အသံဖြစ်လိမ့်မည်ဟု ချက်ချင်း သဘောပေါက်သွားရသည်။

သို့နှင့် လူစုတစ်ခုလုံးက နှောင့်နှေးမနေကြတော့ဘဲ ပစ္စည်းများကို အမြန်ချပြီး ပင်မအခန်းဆီသို့ စိတ်လှုပ်ရှားစွာ လျှောက်သွားခဲ့ကြသည်။

ရလဒ်အနေဖြင့် ပင်မအခန်း၏တံခါးပေါက်သို့ လှမ်းဝင်လိုက်သည်နှင့် ပင်မအခန်း၏ ဝင်ပေါက်နားတွင် ထိုင်နေသည့် စုန့်ရှီးယန်ကို တွေ့လိုက်ရပြီး ထိတ်လန့်သွားကြလေ၏

သို့သော် ကံကောင်းထောက်မစွာဖြင့်၊ တစ်ဖက်လူက သူတို့ လမ်းတွင်ကြားခဲ့သည့် လင်းကွမ်းချင်း၏ ခေါင်းဆောင်ဖြစ်သူ ခေါင်းဆောင်စုန့် ဖြစ်လောက်ကြောင်းကို လျှင်မြန်စွာပင်သဘောပေါက်သွားခဲ့သည်။

လူတစ်စုက စုန့်ရှီးယန်ကို အမြန်နှုတ်ဆက်လိုက်ကြသော်လည်း သူတို့ နှင့်မရင်းနှီးသောကြောင့် မည်သည့်စကားကို ဆက်ပြောရမှန်းမသိ ဖြစ်နေခဲ့သည်။

စုန့်ရှီးယန်ကလည်း တစ်ဖက်လူများက မည်သူဖြစ်ကြောင်း မပြောနိုင်သောကြောင့် ခေါင်းညိတ်ပြလိုက်ရုံသာ တုံ့ပြန်ခဲ့သည်။

ကံကောင်းထောက်မစွာနှင့် ထိုအချိန်တွင် လူတိုင်း၏အာရုံက အဘွားအို၏ဘေးတွင်ရှိနေသော လင်းရန်နှင့် အဘွားအိုကြီး ကိုင်ထားသော စားပွဲပေါ်ရှိ သစ်သားသေတ္တာကြီးဆီသို့ လျင်မြန်စွာ စွဲဆောင်နိုင်သွားခဲ့ကာ အော်ပြောလာခဲ့သည်။

“အမေ၊ အမေဘာလုပ်နေတာလဲ၊ ဒီပစ္စည်းတွေအားလုံးကို ဘာလို့ ထုတ်ယူလာခဲ့ရတာလဲ!”

ထိုသေတ္တာကြီးမှာ မူလက ဘီဒိုကြီး၏ထိပ်တွင်တင်ထားခြင်းဖြစ်ပြီး အဘွားလင်းက ယခုကဲ့သို့ ရွှေ့ပြောင်းလာသည်ကိုမြင်လျှင် လင်းအစ်ကိုကြီးနှင့် ကျန်သည့်မိသားစုဝင်များအားလုံး မယုံကြည်နိုင်လောက်အောင် အံ့သြသွားခဲ့ကြသည်။

အဘွားလင်က ထိုသေတ္တာကြီးအား မည်သူ့ကိုမျှ မထိရဲစေခဲ့ကြောင်းကို ဘုရားသာ သိလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ၎င်းသည်ကာ သူတို့ လင်း မိသားစု၏ ကြွယ်ဝမှုဟု ဆိုထားသောကြောင့်ဖြစ်ကာ ၎င်းတို့အား အမှန်တကယ် မလိုအပ်ဘဲ ထိုသေတ္တာကြီးကို မထိကိုစေရပေ။

သူတို့မိသားစုထဲမှာ ဘာတွေများဖြစ်သွားခဲ့တာလဲ? သူတို့ရဲ့အမေအိုကြီးက ဒီသေတ္တာပြီးကိုတောင် ဘာလို့ ထုတ်ယူလာခဲ့ရတာလဲ?

အကြီးဆုံးသားဖြစ်သည့် လင်းအစ်ကိုကြီးက မျက်မှောင်ကြုတ်လိုက်ပြီး ကိစ္စများက မရိုးရှင်းလောက်ပြောင်းကို ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။

သားကြီးဖြစ်သူ၏ စကားကိုကြားလျှင် အဘွားလင်းက ဒေါသတကြီးနဲ့ ရှင်းပြလာခဲ့သည်။

“ငါတို့မိသားစုက အိမ်တံခါးရှေ့မှာတင် အနိုင်ကျင့်ခံထားရတယ်လေ! ငါက အစစ်အမှန်တစ်ခုခုကို ထုတ်မပြုပေးလို့ ဘယ်ဖြစ်တော့မလဲ”

ဒါက ဘာအခြေအနေလဲ?

လူတစ်စုက စိတ်ရှုပ်သွားခဲ့ကြပြန်သည်။

သူတို့ အလုပ်လုပ်သည့်နေရာက လယ်ကွင်းအပေါ်ဘက်တွင် မဟုတ်သည့်အတွက် သူတို့က ဝူတာ့ကျစ်နှင့် လင်းရန်တို့ကြားတွင် အတွက် မည်သည့်အရာများဖြစ်သွားသည်ကို မသိခဲ့ကြသေးချေ။

သူတို့၏ အသွင်အပြင်ကိုမြင်တော့ အဘွားလင်းက ဝူတာ့ကျစ် လုပ်ခဲ့သည့် ဆိုးရွားသည့်အရာများအားလုံးကို စိတ်လှုပ်ရှားပြီး ဒေါသထွက်နေသည့် လေသံနဲ့ ပြောပြခဲ့သည်။

ထိုအကြောင်းအရင်းများကိုကြားပြီးနောက် ကျန်ရှိသည့် လင်းမိသားစုတစ်ခုလုံးက ဒေါသထွက်လာခဲ့ပြီး ဝူတာ့ကျစ်အား ခွေးတစ်ကောင်အဖြစ် ကြိမ်းမောင်းခဲ့ကြသည်။

ဘယ်လိုလုပ်ပြီး သူတို့ရဲ့မိသားစုထဲမှ မိန်းကလေး ပြန်လာတာနှင့် သူတို့ရဲ့မိသားစုကို ကျိန်ဆဲပြီး သူတို့ရဲ့ မိန်းကလေးကို စိတ်ဆင်းရဲအောင် လုပ်နိုင်တာလဲ?!

ထို့ကြောင့် လူတိုင်းက အဘွားလင်း ၏သေတ္တာကြီးကိုရွှေ့လာသည့်အပေါ် မှားယွင်းသည်ဟု မထင်ခဲ့ကြဘဲ သူမ ရွှေ့လာသည်က အလွန်ကောင်းမွန်လွန်းသည်ဟု တွေးထင်ခဲ့ကြသည်။

အဆုံးတွင် သူတို့က သူတို့၏တူမလေးကို တခြားလူများမှ အထင်သေးမည်ကို မည်သို့မှ လက်မခံနိုင်ပါချေ။

သူတို့ပြန်ရောက်ပြီး ရှေ့ဆင့်နောက်ဆင့်ပင် ဝူတာ့ကျစ်အား ပြင်းပြင်းထန်ထန် စွဲချက်တင် တိုင်ကြားခဲ့သည့် လင်းကျန်းအန်းလည်း ပြန်ရောက်လာခဲ့သည်။

သူက အိမ်ထဲသို့ လှမ်းကြည့်လိုက်ချိန်တွင် မိသားစုတစ်ခုလုံးက စုရုံးနေခဲ့ပြီး စားပွဲပေါ်တွင်လည်း ပစ္စည်းများဖြင့် ပြည့်နေသည်ကို တွေ့လိုက်ရလျှင် အလွန် လန့်သွားရသည်။

သို့သော်လည်း ချက်ချင်းပင် ဝူတာ့ကျစ်ပြောခဲ့သည့် ဆိုးရွားလွန်းသောစကားများကို အဘွားအိုထံသို့ ပေါက်သွားကြောင်းကို လျင်မြန်စွာ သဘောပေါက်သွားခဲ့သည်။

သူမက ထိုကိစ္စအတွက် ဒေါသအလွန်ထွက်သွားခဲ့ကာ သူ၏သမီးလေး လင်းရန်အား မည်သည့်အချိန်တွင်မှ ဒုက္ခမပေးနိုင်ကြောင်း သိစေရန် အားလုံးကို ရွှေ့လိုက်ချင်းဖြစ်လိမ့်မည်။

လင်းကျန်းအန်း ထိုအကြောင်းကို သဘောပေါက်ပြီးနောက် အမေဖြစ်သူကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။

တစ်မိသားစုလုံး နေရာသို့ ရောက်နေပြီဖြစ်၍ တစ်ယောက်နဲ့တစ်ယောက် ပြန်မိတ်ဆက်ပေးသင့်သည်မှာ သေချာပေါက်ပင်။

အဆုံး၌ လင်းရန်က မိသားစုထဲမှ ထွက်သွားစဥ် အလွန်ငယ်ရွယ်နသေးပြီး မိသားစုဝင်များကို မေ့နေလောက်ပေပြီ။

သို့သော်လည်း အဘွားလင်းက တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်ခိုင်းပြီး လင်းရန်ကို သူတို့နှင့် အသိအမှတ်ပြုခိုင်းရန် တောင်းဆိုတော့မည့်အချိန်၌ သူမက လင်းရန်ထံတွင် ရုတ်တရက် အတားဆီးခံလိုက်ရသည်။

သူမက တစ်စုံတစ်ခုကို သတိရသွားပုံရပြီး ပြောလာခဲ့လေ၏။

“အဘွား၊ ခဏစောင့်ပေးဦး၊ သမီး တစ်ခုခု အရင်သွားယူလိုက်ဦးမယ်၊ မကြာခင် ဒီကိုပြန်လာခဲ့မယ်!”

ထိုစကားကိုပြောပြီးနောက် လင်းရန်က သူမ၏အခန်းထဲသို့ အလျင်အမြန်ပြေးဝင်သွားခဲ့သောကြောင့် လင်းမိသားစုမှ လူတိုင်းကို စိတ်ရှုပ်ထွေးသွားစေခဲ့သည်။

ဒီလိုမျိုးအလျင်စလိုဖြစ်နေတာဆိုတော့ အရေးကြီးတာ တစ်ခုခုကိုယူဖို့ မေ့လာခဲ့တာများလား။

လင်းရန်အတွက်တော့ ထိုပစ္စည်းက အမှန်တကယ်ပင် အလွန်အမင်းအရေးကြီးပေသည်။

**

All Chapters