← Chapters

အခန်း (၄၉)

Vol. 5 Ch. 49

အခန်း (၄၉)

Vol. 5 Ch. 49

လင်းရန်က လူတိုင်းကို အံ့အားသင့်စေရန်အတွက် အထဲမှ ပါဝင်ပစ္စည်းများကို ရည်ရွယ်ချက်ရှိရှိ လျို့ဝှက်ထားခဲ့သည်။

လင်းရန်မှ မဖြေပေးသည်ကိုမြင်လျှင် လင်းကျန်းအန်းကလည်း နောက်ထပ် မေးခွန်းများကို ထပ်မမေးတော့ဘဲ လင်းရန် သယ်ခိုင်းသည့် အိတ်ကြီးအိတ်ငယ်ပေါင်းများစွာကို ပင်မအခန်းထဲသို့ အမြန်ရွှေ့ပေးလိုက်လေ၏။

သူတို့ ပင်မအခန်းဆီသို့ ရောက်သည်နှင့် လင်းရန်က ထိုအထုပ်အပိုးများကို တစ်ခုပြီးတစ်ခုဖွင့်ကာ သူမ ကြိုတင်ပြင်ဆင်ထားခဲ့သည့် လက်ဆောင်မျိုးစုံကို လူတိုင်း၏ရှေ့တွင် ထုတ်ပြလိုက်လေသည်။

“အဖွား! ဒါတွေက သမီး အဖွားတို့အတွက် ပြန်သယ်လာတဲ့ လက်ဆောင်တွေပါ၊ အဖွားတို့အားလုံး ဒါတွေကို ကြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်!”

လင်းရန်က ပစ္စည်းများကို ဖွင့်လှစ်ပြသပြီးနောက်တွင် လင်းမိသားစုမှ လူတိုင်းဆီကို အပြုံးလေးနှင့် စိုက်ကြည့်လိုက်သည်။

ထို့နောက်တွင်တော့ သူမ ခေါင်းကို မော့ကြည့်လိုက်ချိန်တွင် အိမ်ခန်းထဲတွင်ရှိနေသော လင်းမိသားစုမှ လူတိုင်းမှာ ကျောက်တုံးအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။

လင်းရန် သူမ၏နှာခေါင်းကို အသာတို့ထိလိုက်မိပြီး သူမယူလာသော ပစ္စည်းများကြောင့် ထိုလူများ ထိတ်လန့်သွားလောက်သည်ဟု ခန့်မှန်းခဲ့ကာ မရယ်မောဘဲ မနေခဲ့နိုင်ပေ။

လင်းမိသားစုသည်ကား လင်းရန် ယူဆောင်လာသောပစ္စည်းများကြောင့် အမှန်တကယ်ပင် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။

ဤအခိုက်အတန့်တွင် သူတို့၏မျက်လုံးများမှာ မလှုပ်ရှားနိုင်တော့ဘဲ လင်းရန်၏ခြေထောက်အနီးရှိ ခရီးဆောင်အိတ်များပေါ်၌သာ တုံးအအဖြင့် စိုက်ကြည့်နေမိခဲ့ကြလေသည်။

သူမ၏ ဘယ်ဘက်ရှိ ခရီးဆောင်အိတ်ထဲတွင် ဘီစကစ်များ၊ အသားစည်သွပ်ဘူးများ၊ သစ်သီးစည်သွပ်ဘူးများ၊ တော်ဖီများ၊ သစ်သီးသကြားလုံးများနှင့် နို့မှုန့်အချို့ ပါရှိသည်။

ညာဘက်ရှိ ခရီးဆောင်အိတ်မှာတော့ ပါးလွှာသည့်အထည်နှင့် ထူထဲသော အထည်နှစ်မျိုးတို့ရှိပြီး နှစ်မျိုးလုံးက အရောင်အမျိုးမျိုးရှိသော အထည်အလိပ်များကို ထုပ်ပိုးထားခဲ့သည်။

ထိုအထည်အလိပ်တို့မှာ သူတို့၏မြို့တွင်းရှိ ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေးသမဝါယမတွင် ချိတ်ဆွဲ ပြသထားသည့် အထည်များထက်ပင် ပို၍များပြားနေခဲ့သည်။

လင်းကျန်းအန်းမှာ သူ အသံမထွက်လာခင် အချိန်က မည်မျှကြာခဲ့သည်လဲကိုပင် မသိနိုင်တော့ချေ။

“ရန်.. ရန်ရန်.. မင်း ဒီပစ္စည်းတွေအကုန်လုံးကို ကိုယ်တိုင်ဝယ်လာခဲ့တာလား”

လင်းကျန်းအန်းက အသိစိတ်များ ပြန်ပေါ်လာခဲ့သော်လည်း သူ၏အသံကတော့ အနည်းငယ်တုန်နေသေးပြီး သူ့ရှေ့မှ မြင်ကွင်းက လုံးဝအစစ်အမှန်မဟုတ်သကဲ့သို့ ခံစားနေခဲ့ရသည်။

ဤအထဲမှ အရာများစွာမှာ သူ တစ်ခါမှမမြင်ဖူးသော အရာများဖြစ်ပေသည်။ အဓိကသော့ချက်က ထိုပစ္စည်းများမှာ အလွန်ပင် များပြားလွန်းလှသည်။

လင်းရန်က ခဏလောက် စဉ်းစားပြီး နောက်ဆုံးတွင် ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ် သမီး အကုန်ဝယ်ခဲ့တာ!”

သူမ၏ ကိုယ်ပိုင် ပိုက်ဆံများဖြင့် ပေးချေခဲ့ရခြင်း မဟုတ်သော်လည်း စုန့်ဝေ့က သူမကို ပြုစုပျိုးထောင်ပြီး ပိုက်ဆံနဲ့ရောင်းစားဖို့ စိတ်ကူးထားသည်ဆိုမှတော့ သူမကိုယ်တိုင်အတွက် ပိုက်ဆံရသင့်သည် မဟုတ်ပါလား။

ထို့ကြောင့် သူမက ထိုပိုက်ဆံများကို ကိုယ်ပိုင်ပိုက်ဆံအဖြစ် ကျိုးကြောင်းဆီလျော်စွာ ကြိုတင်သုံးစွဲခဲ့သည်။

လင်းရန်မှ ထိုပစ္စည်းကို ကိုယ်တိုင်ဝယ်လာသည်ဟု ကြားလိုက်ရလျှင် လင်းကျန်းအန်းမှာ အလွန်ပင် စိတ်သက်သာရာ ရသွားခဲ့ပေသည်။

အကယ်၍ ထိုပစ္စည်းများကို စုန့်ဝေ့ သို့မဟုတ် လီရှို့လီက ဝယ်ပေးခဲ့ခြင်းဖြစ်မည်ဆိုပါက သူ့အနေဖြင့် ဤပစ္စည်းများကို လုံးဝလက်မခံနိုင်ပါချေ။

သို့သော်လည်း ထိုသို့ လက်မခံလျှင် သမီးဖြစ်သည့် ရန်ရန်၏ မျက်နှာပျက်သွားမည်ကိုလည်း ကြောက်ရသောကြောင့် သူ ခဏလောက် စိတ်ပူပန်နေခဲ့ရသည်။

ကံကောင်းထောက်မစွာနှင့် သူ၏သမီးလေးက ပစ္စည်းများအားလုံးကို သူမဘာသာသူမ ဝယ်ယူခဲ့သည်။

သူ့ရဲ့သမီးလေးက တကယ့်ကို တော်လွန်းတယ်!

ထိုအခိုက်တွင် ကျန်ရှိနေသည့် လင်းမိသားစုဝင်များသည်လည်း အာရုံများ ပြန်ဝင်လာကြကာ လင်းရန်ဆီတွင် ဆွဲဆောင်ခံလိုက်ရပြီး သူမ၏အနီးသို့ ပို၍ တိုးကပ်သွားမိခဲ့ကြသည်။

သူတို့၏ တူမလေးက ဤပစ္စည်းတွေက သူမ သူတို့အတွက် ယူလာသည့် လက်ဆောင်များဖြစ်ကြောင်း ပြောလိုက်သည်။

သို့ဆိုလျှင် သူတို့အားလုံး ဤအစ္စည်းကောင်းများဆီမှ ဝေစုရလောက်သည်မလား?

အံ့အားသင့်စရာကိစ္စက ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး သူတို့၏ ခေါင်းထဲတွင် တဝီဝီမြည်နေသလို ခံစားနေခဲ့ရသည်။

“အိုး ပေါင်ပေ့၊ မင်း ဘာလို့ ဒီလိုပစ္စည်းတွေကိုပြန်သယ်လာရတာလဲ၊ အိမ်မှာက အကုန်ရှိတယ်၊ မင်းကိုယ်တိုင်ပဲ သိမ်းထားလိုက်ပါ၊ ဘာလို့ ငါတို့အတွက် ထုတ်ယူလာရတာလဲ”

အဘွားလင်းက လင်းရန်ထံသို့ လျှောက်သွားခဲ့ကာ သူမအတွက် စိတ်မကောင်းဖြစ်နေခဲ့သည်။

“ဒီပစ္စည်းတွေ သယ်လာရတာက မင်းကို ပင်ပန်းစေမှာပဲ”

လင်းရန်က ပြုံးပြီး ခေါင်းခါလိုက်သည်။

“မပင်ပန်းပါဘူး အဘွား၊ ဒီပစ္စည်းတွေအားလုံးက အဘွားတို့အတွက် ယူလာပေးတာပါ၊ သမီးက ဘယ်လိုလုပ်ပြီး ပင်ပန်းရမှာလဲ၊ အားလုံး ဒီကိုရောက်နေပြီဆိုတော့ ပစ္စည်းတွေကို ခွဲကြရအောင်လေ”

လင်းမိသားစုက ပစ္စည်းများကိုဝေငှတော့မည် ဆိုသည်ကိုကြားလျှင် စုန့်ရှီးယန်နှင့် တခြားရဲဘော်တို့က မီးဖိုချောင်ရှိ ဟင်းအိုးကို စစ်ဆေးရန်ဟု ဆင်ခြေပေးကာ ထွက်သွားခဲ့ကြကြသည်။

အဘွားလင်းကလည်း ဤသည်ကိုမြင်လျှင် မငြင်းဆန်ခဲ့ဘဲ စိတ်ထဲမှ တိတ်တဆိတ်ကျေးဇူးတင်ခဲ့သည်။

အပြင်လူနှစ်ယောက် ပျောက်ကွယ်သွားပြီးနောက် အဘွားအိုက လင်းရန်ကို ထပ်မံ မမေးဘဲ မနေနိုင်ခဲ့ချေ။

လင်းရန်က သူမ၏စိတ်ကို ပြင်ဆင်ထားပြီးဖြစ်ကာ သူမဘာသာအတွက် သုံးစွဲရန် မချန်ထားချင်ကြောင်း သေချာနေသည်ကိုတွေ့လျှင် ခေါင်းညိတ်ပြလိုက်ပြီး ရွေးချယ်စရာမရှိတော့ဘဲ ပစ္စည်းများကို စတင်ခွဲဝေခဲ့ကြသည်။

သူမက မိသားစုဝင်များဘက်ကို ကျန်မိသားစုဝင်များကို လှမ်းပြောလိုက်သည်။

“ကောင်းပြီ၊ တစ်ယောက်ပြီးတစ်ယောက် ဒီကိုလာပြီး ရန်ရန် မင်းတို့အပေါ် ဘယ်လောက်ကြင်နာလဲဆိုတာ ကြည့်လိုက်ကြ!”

သူမက ထိုသို့ပြောလိုက်ပြီးနောက် လင်းရန် အိမ်သို့ပြန်မလာနိုင်သည်က နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ကြောင်း အမှတ်တမဲ့သတိရသွားခဲ့သည်။

လင်းရန်က သူမ၏ မိသားစုဝင်များကို မမှတ်မိတော့မည်ကို ကြောက်သည့်အတွက် အမြန်ထပ်ပေါင်းပြောလိုက်ပြန်သည်။

“ရန်ရန်ကို မင်းတို့ဘယ်သူလဲဆိုတာကိုပါ ပြောပြလိုက်ကြဦး”

လင်းအစ်ကိုကြီးနှင့်သူ့၏ဇနီးသည်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး အရှေ့ကို လှမ်းလာခဲ့ကြသည်။

“ကောင်းပြီ ရန်ရန်၊ ငါက မင်းရဲ့အကြီးဆုံးဦးလေး လင်းကျန်းဖင်းပါ၊ ဒါကတော့ မင်းရဲ့ အကြီးဆုံးအဒေါ် ဝမ်ရှို့ကျီတဲ့”

ထိုစကားကိုကြားလျှင် လင်းရန်က သူမ၏ရှေ့မှ စုံတွဲကို ချက်ချင်းမော့ကြည့်လိုက်သည်။

အကြီးဆုံးဦးလေးလင်း၊ လင်းကျန်းဖင်း နှင့် ဝမ်ရှို့ကျီတို့မှာ ကျေးလက်ဒေသရှိ သာမန်လူများဖြစ်ပြီး အလွန်ရိုးသားပြီး ကြင်နာပုံရသည်။ သူတို့၏ အသွင်အပြင်များထဲမှ သူမ၏အစ်ကိုအကြီးဆုံး လင်းကွမ်းချင်း နှင့် သူမ၏ ဒုတိယအစ်ကို လင်းကွမ်းရှန်တို့၏ အရိပ်များကို သူမ မြင်လိုက်ရသည်။

အကြီးဆုံးဦးလေး မိတ်ဆက်ပြီးနောက် ဘေးတွင်ရှိနေသည့် တတိယဦးလေးကလည်း ရောက်လာခဲ့သည်။

“ဟေး ရန်ရန်၊ ငါက မင်းရဲ့ တတိယဦးလေး လင်းကျန်းရှီ ပါ၊ ဒါက မင်းရဲ့ တတိယအဒေါ် ယင်းဖန်တဲ့၊ ဒါကတော့ မင်းရဲ့ဝမ်းကွဲနှစ်ယောက်ဖြစ်တဲ့ လင်းကွမ်းဟိုင် နဲ့ လင်းကွမ်းယန်၊ သူတို့က ဒီနှစ် ဆယ်နှစ်ရှိပြီလေ”

လင်းရန်လည်း သူတို့ဘက်သို့ အမြန်ကြည့်လိုက်သည်။ တတိယဦးလေးမှာ ပထမတစ်ချက်ကြည့်လိုက်သည်နှင့် ထူးချွန်ထက်မြက်သူ ဖြစ်ပုံရသည်။ တတိယအဒေါ်သည်လည်း သူမ၏မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခုရှိသော်လည်း မကောင်းသော ရည်ရွယ်ချက်မျိုးမရှိနေခဲ့ပေ။

ဝမ်းကွဲကလေးနှစ်ယောက်အတွက်ကတော့ သူတို့တွင် တူညီသော မျက်နှာလေးနှစ်ခုရှိပြီး အမြွှာလေးများဖြစ်ပေသည်။

လင်းရန် အနည်းငယ် အံ့သြသွားရသည်။

ကောင်လေးနှစ်ယောက်ထဲမှ တစ်ယောက်က သတ္တိရှိသည့်ပုံရပြီး သူမကို စူးစမ်းကြည့်နေခဲ့ကာ ကျန်တစ်ယောက်ကတော့ တတိယအဒေါ်ကို ဖက်ထားရင်း လင်းရန်ကို သတိကြီးကြီးနဲ့ကြည့်နေခဲ့သည်။

သူက သူမ ပြန်ကြည့်လိုက်သည်ကိုမြင်လျှင် နောက်တစ်ကြိမ်ကြည့်ပြီးနောက် အနောက်သို့ပြန်ဆုတ်သွားခဲ့သည်။

လင်းရန် ဤကလေးနှစ်ယောက်၏ လက္ခဏာနှင့် ရှင်းလင်းစွာ ခွဲခြားနိုင်ခဲ့သည်။

“စကားမစပ်၊ မင်းထက်ဆယ်နှစ်လောက်ကြီးတဲ့ လင်းကျန်းဖူ ဆိုတဲ့ အငယ်ဆုံးအန်တီတစ်ယောက်လည်း ရှိသေးတယ်၊ သူက မြို့ထဲက အရောင်းမြှင့်တင်ရေးနဲ့ စျေးကွက်ရှာဖွေရေး သမဝါယမဌာနမှာ အလုပ်လုပ်နေတယ်၊ နောက်နှစ်ရက်နေရင် ငါ မင်းကို သူမဆီအလည်ခေါ်သွားပေးမယ်၊ မင်းလိုအပ်တာတွေရှိရင်လည်း သူမဆီက ဂရုမစိုက်ဘဲ ကောင်းကောင်းမှာလို့ရတယ်!”

လင်းရန် နာမည်များကို နားထောင်ပြီး လင်းမိသားစု၏ အမည်ပေးရာတွင် ဥာဏ်ပညာများပါဝင်မှုကြောင့် သဘောကျသွားခဲ့သည်။

အကြီးတန်းမိသားစုဝင်တို့၏ နာမည်များကိုပေါင်းစပ်လိုက်လျှင် ဖင်းအန်းရှီးဖူဟု ဖြစ်သွားခဲ့ပြီး ‘ငြိမ်းချမ်းရေးဆိုသည်မှာ ကောင်းချီးမင်္ဂလာ ဖြစ်သည်’ဟု အဓိပ္ပါယ်ရသည်။

အငယ်တန်းမိသားစုဝင်များအတွက်ကတော့ အကြီးဆုံး ဦးလေး၏ မိသားစုက “စိမ်းလန်းခြင်း” နဲ့ “တောတောင်” ဟု အဓိပ္ပါယ်ရပြီး၊ တတိယ ဦးလေး၏မိသားစုမှ နှစ်ယောက်က “ပင်လယ်” နဲ့ “နေ”ဟု အသီးသီး အဓိပ္ပါယ်ရကြသည်။

သူမအတွက်ကတော့ လင်းမိသားစု၏ တစ်ဦးတည်းသောသမီးဖြစ်သောကြောင့် သူမ၏အမည်မှာ အထူးခြားဆုံးဖြစ်နေခဲ့သည်။

အဘွားအိုက မိသားစု၏ နောက်ဆုံးမှလူကို မိတ်ဆက်ပေးပြီးနောက် သူမနှင့် လင်းရန်တို့က ပစ္စည်းများကို ခွဲဝေဖို့လုပ်ကြသည်။

ခွဲဝေခြင်းကိစ္စအတွက်က မူလက လင်းရန်၏ အစီအစဉ်အတိုင်းဆိုလျှင် ဒုက္ခများချင်း မရှိပေ။

သူမက ကလေးများအတွက် သရေစာအစားအစာများကို ပေးမည်ဖြစ်ကာ လူကြီးများအတွက်တော့ အဝတ်အစားများကို ခွဲဝေပေးလိမ့်မည်။

အသားစည်သွပ်ဘူးကဲ့သို့ စားစရာများကိုမူ အလယ်ခန်းမတွင် ထားကာ အချိန်ကျလာလျှင် အတူတကွ စားသောက်သင့်သည်။

သို့ရာတွင် မမျှော်လင့်ဘဲ သူမ၏စကားကိုကြားသည်နှင့် အဘွားလင်းက သူမ၏ ခွဲဝေမှုကို သဘောမတူခဲ့ဘဲ မျက်စောင်းထိုးကာ ပြောလာခဲ့လေ၏။

“ ဒီမိန်းကလေးကတော့၊ ဘယ်လိုလုပ်ပြီး ဒီလိုမျိုးတွေ ငါတို့ကို ပေးလို ဖြစ်မှာလဲ!”

သူမ ခက်ခက်ခဲခဲ ပြန်သယ်လာသည့် အရာများကို လေပြင်းတိုက်ခိုက်မှုကြောင့် လွင့်သွားသကဲ့သို့ ခံစားရစေသည်။

ထို့အပြင် အရာအားလုံးကို တစ်ခါတည်းနဲ့ ဖြန့်ဝေလိုက်သည့်အတွက် လူတွေ၏ လိုချင်လောဘကို ပို၍တိုးလာစေနိုင်လိမ့်မည်။

**

All Chapters