← Chapters

အခန်း (၅၂)

Vol. 6 Ch. 52

အခန်း (၅၂)

Vol. 6 Ch. 52

သူတို့ စကားပြောပြီးသည်နှင့် ရုတ်တရက် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသည်။

“အဖေ၊ အမေ၊ အဖွား၊ နေ့ခင်းဘက်ကြီးကို ဘာလို့ တံခါးပိတ်ထားတာလဲ၊ ကျွန်တော့်ကို တံခါးဖွင့်ပေးဦး!”

ဤအသံက အလွန်ပင်ရင်းနှီးလွန်းသည်။ လင်းရန် ထိုအသံကို မနက်ခင်းတွင် ကြားခဲ့ရပြီးဖြစ်၍ တစ်ဖက်လူမှာ သူမ၏ ဒုတိယအစ်ကိုလင်းကွမ်းရှန်ဖြစ်ကြောင်း ချက်ချင်းပင် သိရှိခဲ့သည်။

“ဟေး၊ ဒီကလေးက အခုထိ ပြန်မရောက်လာသေးဘူးလား”

အဘွားအိုက စကားပြောနေလျက်နှင့်ပင် အခန်းထဲတွင် မတ်တပ်ရပ်နေကြသော လူများကို လှည့်ပတ်ကြည့်လိုက်ပြီး သူမ၏ ဒုတိယမြေးဖြစ်သူမှာ အမှန်တကယ်ပင် အိမ်မှာမရှိနေကြောင်းကို ရှက်ရွံ့စွာ သိလိုက်ရသည်။

သူမက ချောင်းအသာဆိုးလိုက်ပြီး ဘေးဘက်မှ တစ်ယောက်ဆီကို လှမ်းပြောလိုက်သည်။

“ကွမ်းချင်း ၊ မင်းညီလေးအတွက် တံခါးသွားဖွင့်ပေးလိုက်ဦး၊ ဒီလို အသံကျယ်ကြီးအော်နေတာက ငါ့ကို ခေါင်းကိုက်စေတယ်”

လင်းကွမ်းချင်းမှာ သူ၏ တုံးအ,မိုက်မဲလွန်းသော ညီဖြစ်သူအတွက် တိတ်တဆိတ်ဝမ်းနည်းပေးလိုက်ပြီး ခြံဝင်းတံခါးအဝင်ပေါက်ဆီသို့ လျင်မြန်စွာ လျှောက်သွားခဲ့သည်။

သူ တံခါးဖွင့်လိုက်သည်နှင့် လင်းကွမ်းရှန်က သူ့ကို ဗလာဖြစ်စွာ စိုက်ကြည့်လာသည်ကို တွေ့လိုက်ရလေ၏။

“အစ်ကိုကြီး၊ အစ်ကို ဘာလို့ တံခါးကို ချက်ချင်း ပြန်ပိတ်လိုက်တာလဲ”

  လင်းကွမ်းချင်းက ညီဖြစ်သူအား အိမ်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို အတိုချုပ်ပြီး ပြောပြခဲ့ကာ လင်းကွမ်းရှန်၏ အံသြတကြီးအော်ဟစ်လာသည့် အာမေဋိတ် စကားကို အောင်မြင်စွာ ကြားလိုက်ရသည်။

“အဲဒီလူအိုကြီး ဝူတာ့ကျစ်က အခုချုန်ထိ မပြီးသေးဘူးလား! အတိတ်တုန်းက ဖြစ်ခဲ့တဲ့ အဲဒီဆိုးရွားတဲ့ ကိစ္စတွေက နှစ်ပေါင်းများစွာတောင် ကြာမြင့်ပြီးသွားခဲ့ပြီ၊ သူက အခုချိန်ထိ အဲဒါတွေကို တွေးတောနေတုန်းပဲ!”

ထိုစကားကိုကြားလျှင် လင်းကွမ်းချင်းက မျက်မှောင်ကြုတ်ပြီး သူ၏စကားများကို လျှင်မြန်စွာ ဖြတ်တောက်လိုက်သည်။

“ကောင်းပြီ ၊ ရန်ရန်က အခန်းထဲမှာ ရှိနေတုန်းပဲ၊ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို မပြောနဲ့!”

လင်းကွမ်းရှန်မှာ ဝူတာ့ကျစ်ကို ထပ်မံပြီး ကြိမ်းမောင်းချင်နေသော်လည်း အစ်ကိုဖြစ်သူ၏ ထိုစကားကြားလျှင် ချက်ချင်းပင် သူ၏ပါးစပ်ကို ပြန်ပိတ်လိုက်လေသည်။

သို့သော် သူက ရုတ်တရက် စကားကိုရပ်လိုက်သော်လည်း လင်းရန်အနေနဲ့ မတိုင်ခင်က သူပြောသည့်စကားကို ကြားလိုက်ရသေးသည်ပင်။

အကြီးဆုံးအစ်ကို လင်းကွမ်းချင်းက သူမ၏နာမည်ကို အခုလေးတင် ထုတ်ပြောသွားသည်ကို ပြန်တွေးကြည့်ပါက ဝူတာ့ကျစ်နှင့် အဖေလင်းကြားမှ ပဋိပက္ခက သူမနဲ့ ဆက်စပ်နေသည်လား။

သူ နောက်ထပ် ဆက်ပြောလာမည့်စကားများကို နားမထောင်နိုင်သည်ကတော့ စိတ်မကောင်းစရာပင်။ လင်းရန်တစ်ယောက် လက်ရှိအချိန်အတွက် ထိုအကြောင်းကို ဘေးဖယ်ထားဖို့ ဆုံးဖြတ်လိုက်သည်။

**

လင်းကွမ်းရှန် ပြန်ရောက်ပြီးနောက်နောက် လူတိုင်းက စားသောက်ဖွယ်ရာများကို ခင်းကျင်းထားပြီးဖြစ်ကာ နေ့လည်စာစားရန် အဆင်သင့်ဖြစ်နေခဲ့ကြပြီ။

အဘွားလင်းက ဝက်ပေါင်ခြောက်ကိုအာလူး ၊ပဲကြီးများဖြင့် စတူးချက်ကာ၊ ပဲစေ့များကိုနှပ်ထားပြီး အိမ်ထွက် ငရုတ်ပွသီး နှင့် ငါးကိုလည်း ကြော်ထားခဲ့တယ်။

နောက်ဆုံးတွင် လတ်ဆတ်သော ရာသီစာ ဟင်းသီးဟင်းရွက်များဖြစ်သည့် သခွားသီးအအေးသုတ်၊ အစိမ်းကြော်၊ ကြက်ဟင်းခါးသီးကြော်နှင့် အရွက်ချဥ်ပန်းကန် ကဲ့သို့သော ဟင်းသီးဟင်းရွက်များ ရှိနေခဲ့သည်။ အရွက်ချဥ်မှာ သူတို့မိသားစုမှ ကိုယ်တိုင်စိမ်ထားခြင်းဖြစ်ကာ အလွန်လတ်ဆတ်ပေသည်။

စားပွဲကြီးပေါ်တွင် ဟင်းပွဲများ၊ အထူးသဖြင့် အသားနှင့်ငါးများဖြင့် ပြည့်နေခဲ့သည်။ ဆိုရလျှင် ဤကဲ့သို့ ဟင်းပွဲမျိုးမှာ နှစ်သစ်ကူး အားလပ်ရက်များတွင်သာ စားသောက်နိုင်သည့် စံနှုန်းတစ်ခုလောက်ဖြစ်နေခဲ့သည်။

သို့သော် စားပွဲပေါ်တွင် ဟင်းပွဲများ အများအပြားရှိနေသကဲ့သို့ ယနေ့ လင်းမိသားစုဝင်များကလည်း အများကြီးရှိနေခဲ့သည်ပင်။

ကံကောင်းထောက်မစွာဖြင့် ဝက်ပေါင်ခြောက်စတူးတွင် ပဲနှင့် အာလူးတို့က များစွာ ပါရှိနေပြီး အလျံအပယ်ရှိနေခဲ့သည်။

လူတစ်ဦးလျှင် အသားနှစ်တုံးသာ အများဆုံးရနိုင်သော်လည်း အဆီအနှစ်အဆိမ့်ဖြင့် ဖုံးလွှမ်းထားသော အာလူးနှင့်ပဲအနည်းငယ်ကို စားသုံးခြင်းက လူများကို စိတ်ကျေနပ်စေလိမ့်မည်။

မကြာခင်အချိန်တွင် ယနေ့ရောက်ရှိလာသည့် လင်းရန် အပါအဝင် မိသားစုတစ်စုလုံးနှင့် စုန့်ရှီးယန်၊ တခြားသောရဲဘော်တစ်ယောက်တို့ အားလုံးက ထမင်းစားဝိုင်းတွင် အတူတကွ ဝိုင်းရံလိုက်ကြလေ၏။

ညစာစားပွဲတွင် အဘွားလင်းက လူတိုင်းကို ထိုင်ခိုင်းလိုက်ပြီးနောက် အဝေးကလာသည့် ဧည့်သည်နှစ်ယောက်ဖြစ်သည့် စုန့်ရှီးယန်နှင့် ရဲဘာ်တို့အား ကြင်နာမှုကိုပြသကာ သူတို့၏ ပန်းကန်လုံးထဲသို့ အသားတုံးကြီးတစ်တုံးစီထည့်ပေးလိုက်သည်။

လင်းမိသားစုထဲတွင် အဘွားလင်းက အိမ်ထောင်ဦးစီးဖြစ်ပေသည်။ သူမက တခြားလူများကို တူကိုင်ဖို့ မပြောခဲ့ပါလျှင် တခြား မည်သူကမျှ တူကို ကောက်ကိုင်ရဲကြလိမ့်မည်မဟုတ်ပေ။

ဤသည်မှာ သူတို့က အဘွားလင်းကို ကြောက်ရွံ့၍ မဟုတ်ဘဲ လင်းမိသားစုမှ သားများမှာ ငယ်စဥ်ကတည်းက ထိုကဲ့သို့ မွေးမြူခံခဲ့ရခြင်းကြောင့်သာ ဖြစ်လေ၏။

ဆယ်စုနှစ်များစွာကြာအောင် ထိုကဲ့သို့ ကျင့်သုံးလာပြီးသည့်နောက်တွင် သူတို့၌ ဤအပြုအမူကအလေ့အကျင့်တစ်ခု ဖြစ်လာခဲ့သည်။

“ရှောင်စုန့် ၊နောက်ပြီး ဒီဘက်က ရှောင်လီ၊ မင်းတို့တွေ လမ်းတစ်လျောက်မှာ ပင်ပန်းလာခဲ့ကြမှာပဲ၊ များများစားလိုက်ကြ၊ ငါတို့ရဲ့ အိမ်မှာ စားကောင်းသောက်ဖွယ်တွေတော့ အများကြီးရှိနေမှာမဟုတ်ဘူး၊ ဒါကြောင့် ငါတို့ တတ်နိုင်သလောက်နှင့်ပဲ စားလိုက်ကြဖို့ တောင်းပန်ရဦးမယ်”

စုန့်ရှီးယန်က အလျှင်အမြန် ပြန်ပြောလိုက်သည်။

“အဘွား၊ ကျွန်တော်တို့ကသာ အနှောင့်အယှက်ပေးမိလို့ တောင်းပန်ရမဲ့သူတွေပါ၊ အခုလို ကျွေးမွေးပေတဲ့အတွက် ကျေးဇူးတင်ပါတယ်”

သူ့ဘေးနားရှိ ရှောင်လီကလည်း သူမကို ကျေးဇူးတင်ကြောင်း ပြောလာခဲ့သည်။

အဘွားအိုက ပြုံးရုံသာပြုံးပြီး ထပ်မပြောခဲ့တော့ချေ။

စုန့်ရှီးယန် နှင့် တခြားရဲဘော်တို့ နှစ်ယောက်ကို ဧည့်ခံပေးပြီးနောက် အဘွားလင်း၏ အမူအရာမှာ ပို၍ သဘာဝကျပြီး ကြင်နာမှုများ ပြည့်လာခဲ့သည်။

သူမက သူမ၏ လက်ထဲမှ တူများကို ဆန့်ထုတ်ကာ အကြီးဆုံးဖြစ်သည့် နောက်ထပ် အသားတစ်ပိုင်းကို ကောက်ယူလိုက်သည်။ ထိုအသားပိုင်းမှာ အားစိုက်ထုတ်၍ကြည့်စရာပင်မလိုဘဲ အလွန်ကြီးမားကြောင်း တွေ့မြင်နိုင်သည်။

ထိုအသားတုံး၏ ပုံပန်းသဏ္ဍာန်ကို ကြည့်ရုံနဲ့ တစ်ကိုက်ကိုက်လိုက်လျှင် အလွန်စိတ်ကျေနပ်စရာကောင်းလိမ့်မည်ဖြစ်ကြောင်း သိရှိနိုင်ပဆသည်။

အနီးအနားရှိ လူပေါင်းများစွာ၏ တောက်လောင်နေသော အကြည့်များက အဘွားလင်း၏ တူသွားရာ လမ်းတစ်လျောက်ဆီကို လိုက်နေခဲ့ကာ အဘွားလင်း၏ ပါးလွှာလွန်းသော နားရွက်များက တစ်စုံတစ်ယောက်၏ တံတွေးမျိုချသံကိုပင် ကြားလိုက်ရလေ၏။

သူမ မျက်လုံးထောင့်ကနေ လှမ်းကြည့်လိုက်တော့ မျကာလုံးတစ်စုံက အသားပိုင်းဆီကို တည့်တည့်မတ်မတ်စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

သူမက ထိုအသံကို မကြားယောင်ဆောင်လိုက်ပြီး လင်းရန်၏ ပန်းကန်ထဲသို့ အသားပိုင်းကိုထည့်ပေးလိုက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“ရန်ရန်က ဒီနေ့မှ ပြန်ရောက်လာတာ၊ ပြီးတော့ သူမက ငါတို့ မိသားစုအတွက် ပစ္စည်းတွေ အများကြီး ယူလာပေးထားတယ်၊ ဒီတော့အားလုံးကိုယ်စား ငါ သူ့ကို အသားတစ်ပိုင်း ပေးလိုက်မယ်၊ ဒါအဆင်ပြေလား”

လင်းမိသားစုထဲမှ မည်သူကမှ ဤကိစ္စကို ပြဿနာရှိကြောင်း ပြောရလောက်အောင် မိုက်မဲနေမှာ မဟုတ်သည်က သေချာပေသည်။

ဤသည်ကိုမြင်လျှင် အဘွားလင်းက သူမ၏လက်ကို မြှောက်လိုက်ပြီး ပြောလိုက်သည်။

“ကောင်းပြီ၊ အားလုံးပဲ မြန်မြန်စားလိုက်ရအောင်!”

သူမ စကားပြောပြီးသည်နှင့် စားပွဲ၏အလယ်ဗဟိုတွင် ရှိနေသာ အသားပန်းကန်ထဲသို့ တူအစုံပေါင်းများစွာက လျင်မြန်စွာရောက်ရှိလာခဲ့သည်။ ထိုအရှိန် အလွန်မြန်ဆန်လွန်းမှုက ပြင်းထန်လွန်းသောကြောင့် လင်းရန်မှာ အံ့အားသင့်သွားခဲ့မိရသည်။

သို့သော် ပြန်လည် တွေးတောကြည့်ပြီးနောက် အခြေအနေကို နားလည်သွားခဲ့လေ၏။

လင်းမိသားစုထဲတွင် အစားအစာပြတ်လပ်မှုမရှိသော်လည်း အသားကဲ့သို့သော စားစရာများကိုမူ နေ့စဉ်နေ့တိုင်း မရရှိနိုင်ပါချေ။

ထို့အပြင် ၎င်းတို့သည်ကား နေ့တိုင်း အလုပ်များ လုပ်ရသောကြောင့် ၎င်းတို့၏ စွမ်းအင်ကို ပြန်လည်ဖြည့်တင်းရန် ဆီနှင့်ရေကြွယ်ဝသော စားစရာများကို အရေးပေါ် လိုအပ်နေပေသည်။

အရွယ်ရောက်သူများပင်လျှင် ထိုကဲ့သို့ ဖြစ်နေလျှင် အစားအသောက်ကိုလောဘကြီးသည့် ကလေးများအတွက်မူ ထည့်ပြောစရာပင် မလိုအပ်တော့ပါချေ။

အသားနဲ့ရင်ဆိုင်ရသည့်အချိန်တွင် အတည်ငြိမ်ဆုံးသူတွေက လင်းရန်နှင့် သူမ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော စုန့်ရှီးယန်သာ ဖြစ်နေပေလိမ့်မည်။

လင်းရန်တစ်ယောက် ထိုသူက အဘွားလင်းထည့်ပေးသော အသားကို ဖြည်းညှင်းစွာ ကိုက်လိုက်သည်ကို တွေ့မြင်လိုက်ရပြီး မျက်မှောင်အနည်းငယ်ကြုတ်သွားခဲ့သည်ကို တွေ့လိုက်ရပေ၏။

သူ့၏အမူအရာမှာ ဟင်း၏အရသာအပေါ် သိပ်ပြီး စိတ်ကျေနပ်ပုံမရသည့်နှယ်ပင်။

လင်းရန်အနေဖြင့် ထိုလူက မတိုင်မီလေးတင်အချိန်တွင် တံခါးဝ၌ သူမ၏ မျက်လုံးမကောင်းမှုအား တမင်တကာ လှောင်ပြောင်ရယ်မောခဲ့သည်ကို မှတ်မိနေသေးသည်။ ထို့ကြောင့် ယခု သူ့၏အမူအရာကိုမြင်လျှင် မနေနိုင်ဘဲ လှောင်ရယ်လိုက်မိသည်။

အရွယ်ရောက်ပြီးအမျိုးသားတစ်ဦးဖြစ်နေပြီး ဘာကြောင့် ဒီလောက်တောင် ဟန်အမူအရာများလွန်းနေရတာလဲ!

ရလဒ်အားဖြင့် နောက်တစ်စက္ကန့်တွင် အဘွားလင်းမှ သူမအား ထည့်ပေးလာသော အသားကို ကိုက်လိုက်ပြီးနောက် သူမ၏ လှုပ်ရှားမှုများအားလုံး ရပ်တန့်သွားပြီး သူမ၏ အမူအရာမှာ အနည်းငယ် ဖော်မပြနိုင်လောက်အောင် ဖြစ်သွားရသည်။

ဒီဟင်းက အရသာမရှိတာမဟုတ်ဘူး! အရသာရှိတယ်ဆိုတဲ့စကားကိုသုံးဖို့အတွက်တောင် မနီးစပ်နေခဲ့တာပဲ!

အသားကို ပန်းကန်ထဲသို့ ထည့်လိုက်ချိန်တွင် လင်းရန်အနေဖြင့် မည်သည်ကိုမျှ ရှာမတွေ့ခဲ့ပါချေ။ လက်ရှိ သူမ ကိုက်လိုက်ပြီးမှသာ ထိုအသားက ဝက်သားဖြစ်မည့်အကြောင်းကို သိလိုက်သည် ။ အသားက မာကြောလွန်းပြီး မရိတ်ရသေးသည့် ဝက်မွေးများပင် ပါရှိသေးသည်။

ထို့အပြင် အဘွားလင်းက ဟင်းခတ်ပစ္စည်းများတွင် ဆားကိုသာ အများကြီးထည့်ထားသော်လည်း အခြားအမွှေးအကြိုင်များကိုတော့ လုံးဝထည့်ထားခြင်းမရှိခဲ့ပေ။ တောဝက်၏ ပြင်းထန်လွန်းသော အသားညှီနံ့ကိုပင် လုံးဝမဖယ်ရှားနိုင်ခဲ့ပေ။

စာကြောင်းတစ်ခုတည်းဖြင့် ခြုံငုံပြောရလျှင် ညှီနံ့ပြင်းထန်ပြီး အသားကမာလွန်းသည်။

အစားအသောက်များကို များစွာတန်ဖိုးထားတတ်သည့် လင်းရန်အတွက်တော့၊ အထူးသဖြင့် အဘွားလင်း၏ မေတ္တာဖြင့် ထည့်ပေးလာသည့် အစားအစာကို သူမက ပွင့်ပွင့်လင်းလင်း မကြိုက်နှစ်သက်ကြောင်းပြောကာ ဖြုန်းတီးလိုက်ခြင်းမျိုး မပြုလုပ်နိုင်ပါချေ။

သူမက အစားအသောက်ကို မည့်သည့်အချိန်တွင်မှ မဖြုန်းတီးရဟူသော စည်းမျဥ်းစည်းကမ်းကို လိုက်နာလျှက် နောက်ဆုံးတွင်တော့ ခေါင်းငုံ့ပြီး အသားကို ထမင်းနဲ့ ရောနှောကာမျိုချလိုက်ရသည်။

**

All Chapters